Just Read The Poem
Статистика- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Книги (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 81
- 1/48двое суток
- 92
- 1/72трое суток
- 100
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဘဝနဲ့ရင်းပြီး မြဲအောင်ချည်ခဲ့သော်လည်း သို့ပေမဲ့ ပင့်ကူကြိုးလေး ဖြစ်သွားတယ်ထင်ပါရဲ့ သူအတွက်တော့ နောက်နှောင်များ "ချည်သောကြိုး မြဲရပါလို၏" လူသားတိုင်း။ _ဦးခက်ဂုဏ်{ပုဂံ}📖
အချစ်ရေ... ကမ္ဘာတစ်ပတ် ပတ်ပြီး ရှာမယ် ဆိုရင်တောင်... ကိုယ့်လောက် မင်းကို ချစ်တဲ့သူ ရှာတွေ့မယ် မထင်ဘူးကွယ်...။ -လောင်ချိတ်
ဘုရားမမေ့ တရားမမေ့ သူမကိုလည်းမမေ့ မမေ့ခြင်းတရားနဲ့နေပြီး အနိစ္စမေ့ ဒုက္ခမေ့ ကိုယ်ဘဝကိုယ်မေ့ ဒီလူဟာအ့လိုချစ်ဖူးခဲ့ ဘဝဟာဒဏ်ခတ်တတ်တယ် ချောင်းကိုပစ် မြစ်ကိုရှာ အချစ်ဟာတဏှာတဲ့ အသပြာမပါရင် အရှုံးကြီးပဲကွယ် အချစ်ရယ် ။ မင်းဧကရာဇ်
မျှော်လင့်တယ်ဆိုတာ ချစ်စရာလောဘလေးတစ်ခု စိုက်ပျိုးသလိုပါပဲ ဉာဏ်မမှီတဲ့သူပီပီ ကိုယ့်လောဘလေးနဲ့ကိုယ် ရောင့်ရဲနေတတ်ခဲ့။ -ဂန္ဓမာ (၂၀၁၇)
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ပန်းလောင် ညအလှ 夜晚的景色
မင်းပုံရိပ်ကို သူ့မျက်၀န်းတွေမှာ မတွေ့တဲ့အခါ ကိုယ့်မျက်၀န်းတွေကို ကြည့်ပါ ။ -ပိတောက်ဦး
တစ်ဘဝစာ ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံတင်လေးပါပဲ ။ ဒီ့အပြင် ဘာမှမပိုခဲ့ပါဘူး ။ ▪️မင်းခိုက်စိုးစန်
သီးသန့် ခွဲထုတ်လိုက်ခံလိုက်ရတဲ့ ကျွန်မရဲ့နံနက်ခင်းတွေဟာ Blacklist ထဲမှာ ငေးမှိုင်လို့ ရှင်မရှိတဲ့ စိတ်ကူးတွေကတော့ မပြီးဆုံးနိုင်တဲ့ Unknown Code တစ်ခုလို ခဏခဏ Error တက်နေတုန်း ။ ရှင်နဲ့ကျွန်မကြား အမှတ်တရတွေဟာ ကလစ်တစ်ချက်နဲ့ ဖျက်ပစ်လို့မရတဲ့ Cache Data တွေလေ ။ လေထဲမှာ လွင့်နေတဲ့ ရှင့်ရေမွှေးနံ့တွေ အသက်ရှူလမ်းကြောင်းကို လာလာ Hack ရင် နည်းနည်းတော့ အထိနာတယ် ။ အနက်ရောင်အိပ်မက်တွေ ။ အခိုးအငွေ့ဖြစ်သွားတဲ့ ကတိတွေ ။ အရောင်မဲ့သွားတဲ့ ရှင့်အသံတွေ ။ ပြီးတော့ ပုံရိပ်ယောင်ပဲကျန်ခဲ့တဲ့ နွေးထွေးမှုတွေ ။ ဟင်နရီရေ.. ကျွန်မ ဆိုတာ ရှင်နဲ့အဝေးဆုံးက ကွန်နက်ရှင် မမိတော့တဲ့ အထီးကျန်ဂြိုဟ်တု တစ်ခုပါပဲ ။ -နေရည်မင်းလွင် -ဟင်နရီသို့
တစ်ကယ်တော့ငါက တစ်ကောင်ကြွက်မဟုတ်တဲ့ တစ်ကောင်ကြွက် တစ်ယောက်။ အသိုက်ကို စွန့်တဲ့ငှက်တို့ရဲ့ ထုံတမ်းစဥ်လာအတိုင်း ပျံနေရင်းပဲ မိုးမိခဲ့တဲ့ကောင်။ ဘယ်အပင်မှလည်း အပိုင်စားမရသလို ဘယ်အရိပ်အောက်ရောက်ရောက် မအေးချမ်းနိုင်သူ။ ငှက်လွှတ်ဓလေ့တွေ ထွန်းကားတဲ့ နိုင်ငံမှာမှ ငါဟာ သေဆုံးဖို့ ရှင်သန်ထမြောက်ခဲ့သူပါ။ -ရွက်လှေ
ဒီလောက်... မွန်းကျပ်မယ်မှန်း သိခဲ့ရင် အစ က တည်းက အသက်ရှူတတ်အောင် မသင်ခဲ့ပါဘူး ။ ▪️မင်းခိုက်စိုးစန်
အခြားလူကို ပန်းပေးရင် အရင်ဆုံး ကိုယ့်လက်မှာ ရနံ့တွေ ကျန်ရစ်သတဲ့... ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ် ။ -နိုင်းနိုင်းစနေ
သူက ကြယ်တွေ ကို ချစ်တာ ကျွန်တော် က စက္ကူငှက် ကိုယ့်တောင်ပံကိုယ် ဖြဲပြီး ကြယ်တွေ ခေါက်ပေးနေရတာ အသက်ရှူကြပ်တယ် သိပ်ဝမ်းနည်းဖို့ကောင်းတယ် ကိုမိုး "အချို့လူတွေ ဖြစ်တည်မှုက တစ်ဖက်လူ အတွက်ပဲ" - မြတ်ခိုင်
❝ အိမ်ကလေး ❞ အိမ်ရှေ့မှာ သစ်ရွက်ခြောက်တွေ မလှည်းမကျင်း မြောင်းကလေးကလည်း စွန့်ပစ် အမှိုက်တွေနဲ့ ကျဉ်းမြောင်းလာလို့ သစ်ကိုင်းတွေနဲ့ မြင်ကွင်းကို ပိတ်လာပြီဆို ကျိန်းသေတယ် မင်း ပြန်မရောက်သေးတဲ့ အိမ်ကလေး ငါတို့တွေလည်း ကျောခိုင်းပြေးနေရတုန်း မိုးတစ်တန် နေတစ်တန် လေကို ဆန်လို့ ... ။ - ၀င်းမြင့်
တစ်နေရာကို ငိုင်ငိုင်ကြီးစိုက်ကြည့်ရင်း.. ဘာတွေတွေးလို့တွေးနေမှန်းလည်း ငါ့ကိုယ်ငါမသိဘူး... ငါ သိတဲ့ အရာ နှစ်ခုတော့ ချွင်းချက် အနေနဲ့ ရှိတယ်... ပထမ တစ်ခု ငါအရမ်းပင်ပန်းနေတာရယ်... ဒုတိယ တစ်ခု ငါ စိတ်ဓာတ်ကျနေတာရယ်.......💔🥀 - သုတ 🎧
ပေးဖို့မတန်ရင် မပေးပါဘူး ပေးမိပြီး မတန်ဘူးလို့ ခံစားလာရင်လည်း ပြန်ရုတ်သိမ်းပါတယ် စျေးမပေါလို့ပါ.... 🍃 - သုတ 🎧
"Jul 19 " -မြန်မာသမိုင်းမှာ ဘယ်တော့မှ မသေခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ် နေ့တစ်ရက် ။ ဘယ်တော့မှ ပြန်မရတော့မယ့် မြန်မာနိုင်ငံကြီးရဲ့ ကယ်တယ်ရှင် နတ်ဘုရားများ လုပ်ကြံခံလိုက်ရတဲ့ ရက်...။ ရက်တစ်ရက်ဟာ နှစ်ပတ်လည်ပြီး ပြန်ရောက်လာခဲ့ပါပြီ... ကျနော်တော်တို့တွေ ဝမ်းနည်းပူဆွေးကြရပေါ့...။ - လောင်ချိတ်