Poem for quiet moment
Статистика[16.4.2024] အပိုင်ရခဲ့ပြီ ထင်သောနေ့စွဲများအား ပြန်လည်သတိရလျက်။ -ဂန္ဓမာ
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 10
- Всего постов
- 187
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 172
- 1/48двое суток
- 197
- 1/72трое суток
- 212
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
"နိဗ္ဗာန်ဆိုတာ ကျွန်မမရှာဘဲ တွေ့ခဲ့တဲ့ကဗျာပဲ ကိုသော်သျှင်ယွန်း" ကမ္ဘာဟာ လက်ာနဲ့တူရမယ် အချစ်ဟာ အနှစ်နဲ့ချိုရမယ် ဦးနှောက်ဟာအလုပ်မလုပ်တဲ့အခါ တွေးမိလေခြင်းဟာ သော်သျှင်ယွန်းကဗျာ အိမ်မပြန်နိုင်တဲ့ ဆော်လမွန်တွေကို ကြည့်ရင်း ဘဝဟာထင်တာထက် ခက်မှာသိလာတဲ့အခါ ကျွန်မ တွေးမိတာဟာ ရှင့်ရင်ခွင်ပဲ အနမ်းတွေနွေးမယ် အချစ်တွေ ထွေးမယ် ပြီးတော့ အလွမ်းတွေ ပေးမယ်ပေါ့..... ဘဝတစ်ခုဟာ တစ်ဦးပိုင်နာမ်သာ ရှိသင့်နေရင် သော်သျှင်ယွန်းဟာ ကျွန်မ နယ်မြေပဲ ပန်းတွေစိုက်မယ် ကဗျာတွေလှိုက်မယ် ဒီလိုပဲပေါ့ သော်သျှင်ယွန်းရယ်.... အချစ်ဆိုတာ ဒီဂရီစောင်းနေတဲ့ ကမ္ဘာကြီးပဲ တစ်ခါတစ်ခါ စီးကရက်ရှိုက်ရင်တောင် လဲပြိုနိုင်တဲ့အသက် ကျွန်မ မမက်ပါဘူးကွယ်.... -လရောင်မေ -သော်သျှင်ယွန်းကဗျာ
တကယ်ချစ်တဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အကြာကြီး စိတ်မကောက်နေနိုင်ပါဘူး။ ကိုယ့်တုန်းကတော့ တစ်ညလုံး ချော့ခဲ့တာတောင် စာမပြန်ခဲ့ဘူး။ - ညဉ့်နက်မေ
ထိမိသမျှဟာအငွေ့ပဲ ဒီလိုမို့ကျွန်မငိုခဲ့တယ်။ -လရောင်မေ
ညီလေး -------- ညီလေး ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး ထွက်မပြေးဘူး ဒါဟာ ငါတို့ရဲ့ သစ္စာ။ ညီလေး ခုဆို မင်းက အတွင်းကြေ ငါတို့က အပြင်ကြေ သွေးဟာ သွေးပဲ ဘယ်တော့မှ ရေ မျဖစ္ဘူး ညီလေး ညီညီလွင်က ပြောတယ် မင်းအတွက် နေ့စဉ် မောရသုတ် ရွတ်မယ်တဲ့။ ညီလေး သိန်းသိန်းက ပြောတယ် ပျော်လို့ ခုန်ချကြတာပဲ ဒုက္ခတော့ ခံကြရမှာပေါ့တဲ့။ ညီလေး ရဲဌေးက ပြောတယ် ငါတို့တွေ ရှင်ကွဲပါကွာ မကြာခင် ပြန်တွေ့ကြရမှာပါတဲ့ ဟုတ်တယ် ညီလေးရေ သေကွဲပေါင်း မ်ားစြာ ငါတို့ တွေ့ခဲ့ပြီးပါပြီ။ ညီလေးရေ အဆင်ပြေတော့လည်း ' ဟိုက်ကော်မရှင်နာ ' အဆင်မပြေတော့လည်း ' ဇေ ' တို့တွေ ' ဇေ ' သောက်လိုက် ' ဘေ ' ဝတ်လိုက်နဲ့ မိုက်မိုက်မဲမဲ ပျော်ရွှင်ခဲ့ကြတာ။ ညီလေးရေ မင်း မရှိတော့ ငါတို့ရဲ့ မယ်ဇလီပင်တွေလည်း ခြောက်သွေ့ပါတယ်ကွာ။ ညီလေး မင်းက အစားကောင်း အသောက်ကောင်း ကြိုက်တယ် အချက်အပြုတ် ဝါသနာပါတယ်။ မင်းနဲ့ ငါ မနက်တိုင်း ဈေးအတူသွားခဲ့ကြတာ ခုတော့လည်း လွမ်းစရာ ညီလေး လက်ဖက်ရည်ဆိုင်က စားပွဲထိုးတွေက မေးတယ် သူငယ်ချင်း မပါဘူးလားတဲ့။ ညီလေး ကုန်စိမ်းသည်တွေ ငါးစိမ်းသည်တွေက မေးတယ် ဗိုက္ပူ မပါဘူးလားတဲ့ ။ ညီလေး မမိုးက မေးတယ် လုံးချော ဘယ်ပျောက်နေလဲတဲ့။ ညီလေး ထပ်ပြောဦးမယ် ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး။ ထွက်မပြေးဘူး ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှု ငါတို့ရဲ့ သွေးအမျိုးအစား ငါတို့ရဲ့ တရားအမှန်..... ညီလေး ငှက်တစ်သောင်း နားနိုင်ဖို့ သစ်ကောင်းတစ်ပင် ဖြစ်ခဲ့ရင် မင်း တာဝန်ကျေပါတယ်ကွာ ။ ။ -လှသန်း
"အိမ့်"သို့မဟုတ်"အိမ်" တိမ်တွေလို လွင့်မျောခဲ့တဲ့ ကိုယ့်ဘဝထဲ ဝင်လာတဲ့ "အိမ့်" ကွဲကြေမိသည်အထိ စွဲခဲ့သည့် မီးစ အသက်ကြီးမ စောက်ရူးထမိတာပါ ဒီတက်တူးတွေ ဘာလုပ်မှာလဲ အသားပေါ်တင်ထားတဲ့ အလှတရား နတ်ဘုရားမအမည် ငါကရူးမိုက်တဲ့ ကျွန်တစ်ကောင်ပဲ "အိမ့်" ဘာမှမသိတဲ့ အတွေးထဲ ပန်းချီတွေ ရှိနေတယ်ဆို ယုံမလား ကဗျာတွေရှိနေတယ်ဆို ယုံမလား ဒီလိုလက်ကြမ်းကြမ်း လူကြမ်းတွေက အနုပညာဆန်ချင််တယ်ဆို ယုံမလား ပုံပြင်တွေကို ယုံမလား အကိုယုံခဲ့တဲ့ ပုံပြင်တွေတော့ရှိတယ် ဒီလိုနဲ့ကလေးလေး အိပ်ယာဝင် ပုံပြင်ထလူကြမ်းတွေက နိုင်သွားပါတယ် ပန်းမဝင်ခဲ့တဲ့ ယုန်တွေ ဆန္ဒမပြကြဘူး အိမ့် သူတို့ဆန္ဒမပြကြဘူး ကိုယ့်မျက်ရည်တွေပဲ ခမ်းကုန်တယ် ကိုယ့်ရောဂါအတွက် ကုထုံးဟာ ဇာတ်ဆုံးခန်းအထိ မရှိဘူး အိမ့်...။ -ရာသီ
ထွက်မသွားဘူးလို့ ကျနော်ပြောတဲ့အခါ စိတ်ချလက်ချယုံပေးပါ... ကိုယ်အချစ်ဆုံးတစ်ယောက်ကို ထားသွားနိုင်လောက်တဲ့ နှလုံးသားမျိုး ကျနော့်မှာတကယ်မရှိပါဘူး... - မိုးနေ့
ရယ်နေတာ မြင်တိုင်း မငိုဘူးလို့ ပြောလို့မှ မရတာအချစ်ရဲ့.. မျက်ရည်ဟာ ရယ်လဲ ရွဲတတ်တာပဲ။ -လရောင်မေ
သုံးခါရယ်တာတောင် နှလုံးသားတွေ အဖမ်းခံရတဲ့ခေတ်မှာ အပြုံးအလီလီကို ငါခိုးယူဖူးတယ် ဘာဆန်းသလဲ။ အချစ်ကဗျာ တစ်ပုဒ်ဖတ်ဖို့ လက်ညှိုးကွေးရတဲ့ သင်ခန်းစာကို ငါကျရင်ကျမယ် မင်းဘာပြောချင်လဲ။ လူ့ဂွစာဘဝနဲ့ ဘေးထိုင်ဘုပြောဖို့ ဖြေရတဲ့ စာမေးပွဲမှာ ငါအမှတ်နည်းရင်နည်းမယ် မင်းဘာဆက်လုပ်ဦးမလဲ။ ဓားသွားထက်က ပုလဲနဲ့ နှင်းဆီပွင့်နဲ့ဟာ ဂုဏ်ရည်တူပဲ။ သီရိ...မင်းမှတ်ထားရမှာက မျက်လုံးနဲ့မျက်ရည်ကို ဘယ်တော့မှ သူများကို အပိုင်မပေးပစ်ရဘူး။ စောဝဏ္ဏ
ဆေးလိပ် မတို နေလည်း မညို ငါအိမ်မပြန်ချင်သော်လည်း ဆေးလိပ်ကို ချိုး နေရောင်ဖြိုလို့ ငါ့ကို အိမ်ပြန်ပို့ကြတယ်။ -ကဗျာငြိမ်းချမ်း
ချွတ် ဦးနှောက် ဦးနှောက်တစ်လုံးကို ညနေစောင်းထိ ထိုင်ကြည့်နေဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘာကိစ္စ ဘီယာဆိုင်လာတာ ဦးနှောက်ကို သယ်လာတာလဲကွာ။ မင်းဟာကြီး ချွတ်ထားလိုက်စမ်းပါ။ ဘော်ဒါ အချင်းချင်းမို့ ပြောတာ၊ စိတ်တော့ မဆိုးစေချင်ဘူး။ မင်းဦးနှောက်ကြီးက လူမြင်ကောင်းတာလည်း မဟုတ်ဘူး။ မူးတော့ စိတ်ကူးက ဥ ဥစရာမလိုပဲ ပေါက်လာတယ်။ အဲဒါနဲ့ ကျနော်တို့ အိုးလုပ်ရပ်ကို သွားတယ်။ အဲဒီမှာ ဦးနှောက်တွေကို ရွံံ့နဲ့ကိုင်ပြီး ထုနေကြတယ်။ ဦးနှောက်ထည့်လို့ ဆန့်မယ့် အိုးတစ်လုံး ကျနော်တို့ ရွေးဝယ်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ သုံးယောက် ကမျှောကင်း တံတားမှာ မတ်တပ်သွားရပ်တယ်။ မကြဘူး မိုးရွာလာတယ်။ တံတားအောက်မှာ မြစ်ရေက စီးနေတာကို မြင်ပြီး ဦးနှောက်ပါလာတဲ့ကောင်က ထအော်တယ်။ ဟေ့ရောင်တွေ.. အနှစ်တွေချည်းပဲဟ၊ မျောလာပြီ၊ မျောလာပြီ။ ဒီကောင့်အနားကို ကျနော်တို့ ပြေးကပ်သွားလိုက်တယ်။ မြန်မြန်ချွတ်၊ မြန်မြန်ချွတ် ဆိုပြီး သူ့ဦးနှောက်ကို ကျနော်တို့ ဝိုင်းချွတ်ကြ။ ဝယ်လာတဲ့ အိုးထဲကို ထည့်ပြီးတော့ တံတားပေါ်က အိုးကို အဝေးဆုံးမှ အဝေးဆုံး ရောက်အောင်ထိ အအားကုန်လွှဲပြီး လွှတ်ပစ်လိုက်တယ်။ နေမျိုးဆက်လူ ၂၀၂၃
လူငယ်တွေလုပ်ဆောင်နေတဲ့ The Sparkရဲ့ဒါနလေးတစ်ခုလာပါပြီ။ ရေဘေးသင့်တဲ့နေရာတွေကို သွားရောက်လှူဒါန်းမှာဖြစ်လို့ သဒ္ဓါတရားအနည်းအများမဆို ပါဝင်ကူညီပေးကြပါဦးရှင်။🐾 ✅ 09681836207 Daw Au 💳 09681836207 Yoon Wint Nadi လှူဒါန်းပြီးတဲ့ ssနဲ့ နာမည်ကို ✈️ @chocozcandy မှာလာပြောပြပေးရင် donation certificateလေးထုတ်ပေးမှာဖြစ်ပါတယ်ရှင်။ အခုတင်ထားတဲ့ TSမှာပဲဖြစ်ဖြစ် အခြားလူမှုကယ်ဆယ်ရေးတွေမှာဖြစ်ဖြစ် လှူဒါန်းပြီးကြောင်း certificate or slipပြနိုင်ရင်လည်း မေတ္တာတုံ့ပြန်အနေနဲ့ စီစဉ်ထားပါတယ်ရှင်။ဒါလေးကတော့ နောက်ပိုစ့်မှာရှင်းပြပေးပါမယ်။ -CT by Mura
❝ အသည်းကွဲခြင်း ❞ မင်း မရှိတော့ ငါဟာ လူမိုက် မင်း ရှိတော့ ငါဟာ လူညံ့ မင်းဟာ ငါ့ဘေးနား ရှိတုန်းက ငါ ကြည့်မရဆုံး မိန်းမ အခု ငါ့ဘေးနား မင်း မရှိတော့ ငါအချစ်ဆုံး မိန်းမတစ်ယောက် ဒီလို ကြောက်မက်ဖွယ်အာရုံနဲ့ ငါ ကြေကွဲလို့ မင်းမရှိတော့ တံတားပျက်တယ် လမ်းပိတ်တယ် မကောင်းတဲ့ အိပ်မက်တွေလည်း မက်တယ်။ ငါ့အိပ်ရာပေါ်က မင်းထားခဲ့တဲ့ စောင် မင်းဝတ်ခဲ့တဲ့ အဝတ်အစား ငါ့မှာ ပြာကျစိတ်နဲ့ မီးလောင်လို့ မကောင်းဘူး။ မင်းတို့နှစ်ယောက် သဘောတူပါတယ် ပြောလိုက်ရပေမယ့် ငါ သဘောမတူဘူး အချစ်မှာ ငါက တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ အချစ်မှာ ငါက ခွင့်ပြုချက်မရသေးပဲ ဆေးရုံက ဆင်းပြေးတဲ့ လူနာ။ ရန်ကုန်ဟာ ကျဉ်းပါတယ်၊ ဒါပေမယ့် မဆုံနိုင်တော့ဘူး။ ဘဝဟာ ❝ ကျွန်မ မရှိမှ သိမယ် ❞ ဒီစကားဟာ မှန်ပါတယ်။ သံပန်းတွေဟာ လှပေမယ့် မာကျောမှန်း ငါသိပါတယ်။ မင်းနှုတ်ခမ်းတွေဟာ ခုနှစ်ရက်အတွင်း အရည်ပျော်လို့ ငါ့အော်သံဟာ လုံခြုံရေးမရှိ ပွင့်ထွက်လို့ ပိန်သွားတယ်။ ငါဟာ ရူးသွပ်နေတဲ့ မျက်နှာကျက် ငါဟာ ကပ်စေးနှဲတဲ့ ယောင်္ကျား။ ငါဟာ မင်းရှိတော့လည်း တစ်ယောက်တည်း မင်း မရှိတော့လည်း တစ်ယောက်တည်းသမား။ နောက်ဆုံးနေ့ တို့ တွေ့မယ် `၁ဝနာရီခွဲ´ တဲ့။ မိန်းမတစ်ယောက်ရဲ့ အလိုဆန္ဒ အဲဒီအထိ ငါ့အလုပ်က လွဲပြီး ကျန်တာ ငါဘာမှ မငဲ့သူ ညနေ ၆ နာရီ မင်းမရှိတော့ဘူး။ မင်းမရှိတော့ဘူး။ မင်းအဒေါ်တွေက မဲ့လို့ မင်းအခန်းလွတ်က ထစ်ချုန်းလို့။ ။ - ဝင်းမြင့်
ဘာမှမသိချင် မျက်မှန်ကလေးပဲ ပြေး"မြင်ပါတယ်။ -လရောင်မေ
မင်းရှိတော့ ငါကပန်းလိုကဗျာဆရာ မင်းမရှိတော့ ငါကစိတ်ကြမ်းတဲ့ဟစ်တလာ။ အချစ်ရေ … ငါဟာစစ်မှာရော အချစ်မှာပါ ရှုံးနိမ့်ခဲ့သူပါ ။ ။ • ခါလေး ချစ်ကြသူများ ( ၂၀၁၈ ) အထက်ပါကဗျာနှင့်ပတ်သတ်၍ ကျွန်မမူရာချိုနှင့်ကျွန်မမိတ်ဆွေ copyrightမိတယ်လို့ပြောလိုက်မိပါတယ်။ ကာယကံရှင်ခါလေးမှ publicမှာတင်ပေးပါပြောသည့်အတွက်လာရောက်တင်ပေးခြင်းပါ။ ကလောင်နှင့်ကဗျာအားအသုံးပြု၍ ပြောဆိုမိသည့်အတွက် တောင်းပန်ပါတယ်။ -မူရာချို
ကောင်းသော ညလေးပါရှင့်🍓
ကိုယ်လဲ ပျော်အောင်နေနေတာပဲ မပျော်နိုင်တာတော့ ဘယ်တတ်နိုင်မလဲ။ - ညဉ့်နက်မေ
ပြန်စာမလာတဲ့နေ့။ အဝင် call တွေမရှိတဲ့နေ့။ ဒီလိုနေ့ဆို ငါလည်း ကော်ဖီခွက်ထဲ သကြားထည့်ဖို့မေ့၊ အပြင်ထွက်တိုင်း ထီးယူဖို့မေ့။ ချမ်းတယ်ပြောပြီး အနွေးထည်ဝတ်ဖို့မေ့တာပဲ အချစ်ရေ။ ဒီလောက်ဆို ငါ့ကမ္ဘာဟာ ဘယ်အရာကို ဗဟိုပြုပြီး လည်ပတ်နေလဲ မင်းသိလောက်ရောပေါ့။ ငါကော်ဖီခါးတွေမုန်းတာလည်း မင်းသိမှာပါပဲ။ - hsulubeaindray
ကမ္ဘာကြီးက ငါတို့ကို ကြည့်ပြီး အရှုံးသမားလို့ သမုတ်လည်း၊ ငါတို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲဆိုတာ ငါတို့အသိဆုံးပဲ။ ◾လွန်းတိမ်ညို
တစ်ခါတစ်လေ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထင်ရာစိုင်းပြစ်ချင်တယ် ဆူညံတဲ့ မိဘတွေရယ် ဆူညံတဲ့ ပတ်ဝန်းကျင်ရယ် ဆူညံတဲ့ ဘဝရယ် နေ့ရက်တိုင်းကို အရမ်းစိတ်ကုန်တာပဲ အေးချမ်းတဲ့လူတစ်ယောက်ပါ ငြိမ်းချမ်းမှုကိုလိုလားပါတယ် ဆူဆူညံညံတွေက ငရဲလိုပဲလို့ပြောရင် အဲ့လူတွေ ဟားတိုက်နေမှာ သေချာတယ်။ - ညဉ့်နက်မေ
""ဆယ့်ကိုးနှစ်လက်မှတ်"" ဘဝကကြီးကြီးမားမား မဖြစ်လာသေးတဲ့အခါအားလျော့နေတဲ့ ဆယ့်ကိုးနှစ်လက်မှတ်ကိုငါ ထုတ်ထုတ်ပြတတ်တယ်။ တစ်ခါကပေါက်တူးလေးက ငါ့ကို လှောင်လို့အမိန့်ရ အပေါင်ဆိုင်ထဲအမေသင်ပေးခဲ့သလိုငါ့ကိုယ်ငါသွားရောင်းခဲ့ဖူးတယ်။ ငါ လွန်ဆန်လို့မရတဲ့ ဒိန်ခဲတွေကြားမှာဒိုင်ပင်ထိုးဆင်းပြီးဝက်ပေါင်ခြောက်အမှီးတွေနဲ့အများသူငါရဲ့ အမြင်တွေကို လက်ခုပ်တီးပေးခဲ့တယ်။ ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တော့ပုန်ကန်သူ တစ်ယောက်ရဲ့ နာမည်ဟာတဖြည်းဖြည်းနဲ့ဆယ့်ကိုးနှစ်လက်မှတ် ဖြစ်လာတယ်။ ငါ ရချင်ခဲ့တဲ့ဘဝက ကမ္ဘာ့အကောင်းဆုံးတွေ။ ငါ ရခဲ့သင့်တဲ့ဘဝက ကမ္ဘာ့အဆိုးဆုံးတွေ။ ငါ ရခဲ့တဲ့တစ်ပတ်ရစ်အရက်ဝိုင်းဟာလည်းမူပိုင်ခွင့်နဲ့ ရခဲ့တဲ့အကြွေးစာရင်းတစ်စောင်ပဲ။ အော်ငိုတိုင်း ကစားရတဲ့အခါကစားတိုင်း အော်ငိုရတဲ့အခါငါဟာအတော်ဆုံးကစားသမား ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ငါ ရချင်ခဲ့တဲ့ဘဝနဲ့ ငါ ရခဲ့တဲ့ဘဝဟာငါပိုင်ဆိုင်တဲ့တန်ဖိုးနည်းပစ္စည်းနှစ်ခုအဖြစ်အပေါင်ဆိုင်ရဲ့ စင်ပေါ်မှာနေရာယူသွားတယ်။ ငယ်တုန်းကတော့ ငါ့စိတ်ဟာ မော့စ်ဆန်တယ်။ အက်ရှင်နဲ့ မောဖီးယက်စ် ပါဝင်တဲ့ခပ်ပိန်ပိန် မုန့်ဖိုးတွေဟာငါ့လက်ဖဝါးထဲမှာချွေးတွေရွဲနေတတ်တယ်။ လုပ်ချင်တာလုပ်ဖို့ခွင့်ပြုချက်မလိုတဲ့အိမ်ပြတင်းငယ်လေးရဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ ချိတ်ဟောင်းလေးတွေကိုငေးရတယ်။ သေနေတဲ့ အရုပ်ဟောင်းလေးတွေကငါ့ကို စိတ်ဆိုးလို့ စကားမပြောတာလို့ထင်ခဲ့ဖူးတယ်။ ဆယ့်ကိုးနှစ်လက်မှတ်ဟာကြောင်အိမ်လေးကနေငါ့ကို ချောင်းကြည့်နေခဲ့တယ်။ ဆယ့်ခြောက်နှစ်ရောက်တော့ဘာသာစကားမျိုးစုံကိုအရည်ကျိုသောက်တတ်လာတယ်။ Pron ။Poem။Love။ Depression။ တကယ်ကို အမျိုးစုံပါပဲ။ ဆန်းကျော်စွာဝင်းရဲ့“ဇွန်းတပ်ထားတဲ့နိုင်ငံတော်” နဲ့လည်းဖက်လဲတကင်း။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ဒွန်တော်လီဒို” နဲ့လည်း ညဘက်တွေ စကားပြောလာတယ်။ မီးမလင်းတဲ့ ညဘက်တွေမှာ စိတ်ကူးယဉ်မမနဲ့ဖက်အိပ်တတ်လာခဲ့တယ်။ အရွယ်ရောက်ဖို့လက်တစ်လုံးခြားအလိုမှာငါ သေနှင့်ခဲ့ပြီ။ ငါ့အထီးကျန်ငွေ့တွေအမေ့ဆီ လွှင့်လွှင့်သွားတိုင်း“လူဖျင်းသွားရာလမ်း” ဆိုတဲ့ စာအုပ်နဲ့ငါ့ကို အမြဲချော့သိပ်လေ့ရှိတယ်။ အဖေမရှိတဲ့ ငယ်ဘဝဟာမိုးရွာပြီး ခြောက်ကပ်သလို၊ဆီမီးအိမ် မီးစာကုန်သလို၊လမ်းမဟာခြောက်ကပ်မှောင်မိုက်တဲ့ရက်တွေကြီးပဲ။ “ခေတ်ကြီးကကျွန်တော်တို့ကို စိမ်းကားလွန်းတယ်”ပြောတိုင်း “ရွှေမျိုးတွေကို မှီလို့လား” ဆိုတဲ့အထေ့အငေါ့ဟာအမေ့ထွက်သက်အထိရယ်ဖို့တော့ မစွမ်းနိုင်ခဲ့ဖူး။ လက်မောင်းထဲကဆယ့်ကိုးနှစ်လက်မှတ်ကို စမ်းပြီးတာဝင်တဲ့အထိမနားစတမ်း ပြေးရတယ်။ ၂၂ နှစ်အရွယ်ရောက်တော့ ဆယ့်ကိုးနှစ်လက်မှတ်ကို ငါ ရှက်လာတယ်။ ငါ ဖြစ်မလာခဲ့တဲ့ နာမည်တွေ၊အပေါစားယဉ်ကျေးမှုတွေဖောသောနေခဲ့တာ။ စွန့်စားခန်းလို့မဖြစ်လာသေးခင် ငါရရှိတဲ့ မီးခြစ်ဆံနဲ့တစ်ကမ္ဘာလုံးရှေ့မှာမှော်ပညာ ဖန်တီးပြမယ်။ ရှန်ဟိုင်းကနေ ဒူဘိုင်းအထိစက္ကူလေယာဉ်လေးဟာလှလှပပမြောင်းထဲကို ထိုးဆင်းသွားခဲ့တယ်။ The Truman Show ထဲကခပ်ထေ့ထေ့အပြုံးနဲ့Jim Carrey လိုမျိုး “Good morning.In case I don't see ya,good afternoon,good evening,and good night.” ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တဲ့ကောင်ဟာ နောက်ဆုံးတော့ကိုယ့်ဘဝကိုယ်အပေါင်ဆိုင်မှာ အပ်ထားပြီး ကမ္ဘာကြီးကိုပြုံးပြရင်း တံခါးပိတ်ထွက်လာခဲ့တယ်။ -ရိမ်း -ဆယ့်ကိုးနှစ်လက်မှတ်