ကဗျာပျိုးဥယျာဥ်
Статистикаကျွန်တော်တို့ရဲ့ နေ့စဉ်ရက်များဟာ ဒဏ်ရာနဲ့ ရက်များချည်းပါပဲ။ ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ ဘာများရှိပါသလဲ။ - မောင်ချောနွယ် - Owner- @ZoeLixx0
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 9
- Всего постов
- 34
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 29
- 1/48двое суток
- 33
- 1/72трое суток
- 35
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ချစ်ဖူးသူဟာ တစ်ယောက်တည်းပါ။ ငါကြည့်မိတဲ့ မိန်းမတွေအထဲ မင်းအလှဆုံးလို့ ပြောရင် သံသယမရှိ ယုံကြည်ပါကွယ်။ -အံ့လွန်းပျို
ကဗျာအမည် - ကျောက်သားအဖြစ် ရေးသားသူ - ခင်ဇော်မြင့် ရွတ်ဖတ်သူ - လင်းဧနူ #A_poetryhub #literary_club
တစ်ချို့ချစ်ခြင်းတွေက လွယ်ပါတယ်ကမ္မလီယာရယ် ချစ်တယ်လို့ပြောရုံနဲ့ အတူတူချစ်နိုင်ကြတာမျိုးလေ ငါ့အတွက်တော့မလွယ်ခဲ့ဘူး ငါကအမေပြောတဲ့ ဒုက္ခလှလှ လေးကိုမှပိုင်ဆိုင်ချင်မိတာမျိုးလေ ဒီလိုနဲ့ပဲ စောင့်နေရတာ ဘဝသက်တမ်းရဲ့ တစ်ဝက်စာခန့်ရှိနေပါပြီ ။ -ညိုပြာရီ
မလွမ်းချင်ယုံပါခိုင် ပန်းမြင်လျက် ပန်ခွင့်မသာ နမ်းခွင့်မရှိ အဝေးကြည့်ရတယ်ခိုင်။ ခူယူနမ်းမွှေး ပန်းလေးညှိုးမှာလည်း စိုးရွံ့ဗျာပါများလှတယ်ခိုင်။ ပင်မြင့်စံဖျားပန်းလေးကများ မမှီမကမ်းမြေပြင်ကလှမ်းသူကို မတူမတန်ငြင်းဆန်မှာလည်း တွေးကြောက်တယ်ခိုင်။ ပန်းမြင်ပေမဲ့ မလွမ်းချင်လို့ လှမ်းလို့မခြူတော့ဘူးခိုင်။ #လွမ်းသူမကွေး
без подписи
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ
ကမ္မလီမရှိတဲ့ကမ္ဘာ ဒီညနေခင်းက သိပ်တိတ်ဆိတ်လွန်းတာပဲနော် ရထားလမ်းဘေးကသစ်ရွက်ခြောက်တွေ ကြွေကျသွားတာတောင် ငါ့ရင်ဘတ်ထဲအထိအသံကျယ်ကျယ်နဲ့ လာရိုက်ခတ်နေသလိုပဲ အေးစက်စက် လေတိုးသံ ခပ်ပါးပါးလေးကလွဲရင် ငါ့ခေါင်းထဲမှာ ဘာသံမှလည်း နားမထောင်ချင်တော့ဘူး အစကတည်းက ငါတို့ဟာ လမ်းမှားခဲ့ကြတာလားကမ္မလီ ဒါမှမဟုတ် လမ်းဆုံးကိုပဲ မြန်မြန်ရောက်သွားခဲ့ကြတာလား ငါဘာကိုမှသေသေချာချာ ရေရေရာရာမသိတော့ပါဘူး ခါတိုင်းဆို ဒီလိုအချိန်မျိုးမှာ ငါတို့ကော်ဖီဆိုင်လေးမှာ ထိုင်နေကြနော်ကမ္မလီ မင်းက စကားတွေကို တိုးတိုးလေးပြောတတ်ပြီး ငါကတော့ မင်းမျက်နှာလေးကို မငြီးတမ်း ငေးနေခဲ့တာလေ မင်းမှတ်မိသေးလား အခုတော့ ငါ့ရှေ့မှာအေးစက်သွားတဲ့ ကော်ဖီတစ်ခွက်ရယ် မင်း မထိုင်တော့တဲ့လွတ်နေတဲ့ ခုံအလွတ်လေးတစ်ခုံရယ်ပဲ ရှိတော့တယ် ဝေးသွားကြပြီနော်ကမ္မလီ ငါတို့ဘယ်ရထားစီးစီး မနီးနိုင်တော့တာ အတည်ပြုလို့ရပါပြီလေ မင်းကတော့ မြို့သစ်တစ်ခုမှာ ကော်ဖီပူပူလေး သောက်ရင်း ဒီအချိန်ဆို ငါ့အကြောင်းတွေကိုတောင် မေ့နေလောက်ပြီ မဟုတ်လား အဟောင်းမဟုတ်တဲ့လမ်းမတွေ ပတ်ဝန်းကျင်အသစ်တွေနဲ့ မင်းရဲ့နေ့ရက်တွေက ပေါ့ပါးရွှင်လန်းနေမှာပါကွာ ငါကတော့ ဒီအိတ်ကပ်ထဲက သက်တမ်းလွန် ရထားလက်မှတ် အဟောင်းလေးကို ဆုပ်ထားတုန်း ဘယ်တော့မှ ပြန်မလာတော့မယ့် ရထားတစ်စီးကိုဘူတာရုံဟောင်းမှာ တစ်ယောက်တည်းထိုင်စောင့်နေရတာ ပင်ပန်းပါတယ်ကမ္မလီရယ် ဖုန်းမျက်နှာပြင်ပေါ်မှာ မင်းနာမည်လေးကို ရိုက်လိုက် ပြန်ဖျက်လိုက်နဲ့ စာစောင်အသစ်တွေ ရေးကြည့်မိသေးတယ် "အဆင်ပြေရဲ့လားကမ္မလီ" ဆိုတဲ့ စာလေးတစ်စောင်တောင်မှ မင်းဆီအရောက်ပို့ဖို့ ငါ့မှာအခွင့်အရေး မရှိတော့ဘူးလေ မပို့ဖြစ်လိုက်တဲ့ စာတွေဟာ ငါ့ရင်ဘတ်ထဲမှာတင် အလွမ်းရဲ့ သချိုင်းဂူတွေလို အထပ်ထပ် အစီအရီ ဖြစ်သွားခဲ့ပြီ အမှန်တော့ အချစ်ဆိုတာ သူများတွေ ပြောသလို သိပ်ပြီး ဆန်းကြယ်မနေပါဘူး ကမ္မလီထွက်သွားတယ် ငါကျန်ခဲ့တယ် ဒါပေမဲ့ ဒီရိုးရိုးရှင်းရှင်းလမ်းခွဲမှုကြီးက ငါ့ကမ္ဘာတစ်ခုလုံးကိုတော့ နည်းနည်း မဟုတ်ပဲအတော်လေးကို လေးလံစေတယ် ကမ္မလီ မင်းမရှိတော့တဲ့နောက်ပိုင်း ငါ့ရဲ့ စက္ကန့်တွေဟာ အရင်ကထက် ပိုရှည်လျားနေသလိုပဲ ညဉ့်နက်လာရင် မြို့ပြရဲ့မီးရောင်စုံတွေက မှိန်သွားလိမ့်မယ် လူတွေလည်း အိမ်ပြန်သွားကြလိမ့်မယ် ငါကတော့ ဘယ်မှမပြန်ချင်တော့တဲ့ အိမ်ပြန်ချိန်မရှိသူပဲ အမှတ်တရဆိုတာ ငါတို့ အတူဆွဲခဲ့ဖူးတဲ့ ပန်းချီကားတစ်ချပ်လား ယနေ့မှာငါတစ်ယောက်တည်း စက္ကူစပေါ်မှာထပ်မံသုတ်လိမ်းနေရတဲ့ အမှောင်ထုသက်သက်ပဲ ဖြစ်သွားခဲ့ပြီ ငါအများကြီးတွေးမနေတော့ပါဘူး ဒါလည်း ပြီးသွားတာပါပဲလေ ကမ္မလီမခံစားဖူးတဲ့ခံစားချက်တွေဟာ ငါ့ရင်မှာပြည့်နှက်လို့ပါပဲကမ္မလီရယ် သိပ်ကိုပင်ပန်းရပါတယ် ကျန်နေခဲ့တဲ့ အလွမ်းတွေကို ခပ်ပါးပါးလေး ရေရွတ်ရင်းနဲ့ပဲ ငါတို့ဒီလိုကြီးပြီးဆုံးသွားတာလားလို့ ပြန်ပြီးမေးရင်း ငါရှင်သန်နေရတဲ့ သက်တမ်းတစ်ဝက်လောက်က ကမ္မလီနဲ့အတူရှိခဲ့ဖူးတဲ့ အတိတ်ဟောင်းတွေထဲ လွင့်ကာပါသွားတယ် ။ -ညိုပြာရီ
သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို
ကမ္ဘာကြီးက ငါတို့ကို ကြည့်ပြီး အရှုံးသမားလို့ သမုတ်လည်း၊ ငါတို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲဆိုတာ ငါတို့အသိဆုံးပဲ။ ◾လွန်းတိမ်ညို
လောကဓံကိုအံတုဖို့ အမေ့မှာခွန်အားမှ မရှိတော့တာသားရယ်တဲ့ ငါသိတယ် ငါမှတ်မိတယ် အဲ့နေ့ကစငါ့ကမ္ဘာဟာ အရပ်ရပ်ကကပ်စိုက်တော့တာပဲ ။ -ညိုပြာရီ _crd photo
без подписи
“ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ
""ဆယ့်ကိုးနှစ်လက်မှတ်"" ဘဝကကြီးကြီးမားမား မဖြစ်လာသေးတဲ့အခါအားလျော့နေတဲ့ ဆယ့်ကိုးနှစ်လက်မှတ်ကိုငါ ထုတ်ထုတ်ပြတတ်တယ်။ တစ်ခါကပေါက်တူးလေးက ငါ့ကို လှောင်လို့အမိန့်ရ အပေါင်ဆိုင်ထဲအမေသင်ပေးခဲ့သလိုငါ့ကိုယ်ငါသွားရောင်းခဲ့ဖူးတယ်။ ငါ လွန်ဆန်လို့မရတဲ့ ဒိန်ခဲတွေကြားမှာဒိုင်ပင်ထိုးဆင်းပြီးဝက်ပေါင်ခြောက်အမှီးတွေနဲ့အများသူငါရဲ့ အမြင်တွေကို လက်ခုပ်တီးပေးခဲ့တယ်။ ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တော့ပုန်ကန်သူ တစ်ယောက်ရဲ့ နာမည်ဟာတဖြည်းဖြည်းနဲ့ဆယ့်ကိုးနှစ်လက်မှတ် ဖြစ်လာတယ်။ ငါ ရချင်ခဲ့တဲ့ဘဝက ကမ္ဘာ့အကောင်းဆုံးတွေ။ ငါ ရခဲ့သင့်တဲ့ဘဝက ကမ္ဘာ့အဆိုးဆုံးတွေ။ ငါ ရခဲ့တဲ့တစ်ပတ်ရစ်အရက်ဝိုင်းဟာလည်းမူပိုင်ခွင့်နဲ့ ရခဲ့တဲ့အကြွေးစာရင်းတစ်စောင်ပဲ။ အော်ငိုတိုင်း ကစားရတဲ့အခါကစားတိုင်း အော်ငိုရတဲ့အခါငါဟာအတော်ဆုံးကစားသမား ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ငါ ရချင်ခဲ့တဲ့ဘဝနဲ့ ငါ ရခဲ့တဲ့ဘဝဟာငါပိုင်ဆိုင်တဲ့တန်ဖိုးနည်းပစ္စည်းနှစ်ခုအဖြစ်အပေါင်ဆိုင်ရဲ့ စင်ပေါ်မှာနေရာယူသွားတယ်။ ငယ်တုန်းကတော့ ငါ့စိတ်ဟာ မော့စ်ဆန်တယ်။ အက်ရှင်နဲ့ မောဖီးယက်စ် ပါဝင်တဲ့ခပ်ပိန်ပိန် မုန့်ဖိုးတွေဟာငါ့လက်ဖဝါးထဲမှာချွေးတွေရွဲနေတတ်တယ်။ လုပ်ချင်တာလုပ်ဖို့ခွင့်ပြုချက်မလိုတဲ့အိမ်ပြတင်းငယ်လေးရဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ ချိတ်ဟောင်းလေးတွေကိုငေးရတယ်။ သေနေတဲ့ အရုပ်ဟောင်းလေးတွေကငါ့ကို စိတ်ဆိုးလို့ စကားမပြောတာလို့ထင်ခဲ့ဖူးတယ်။ ဆယ့်ကိုးနှစ်လက်မှတ်ဟာကြောင်အိမ်လေးကနေငါ့ကို ချောင်းကြည့်နေခဲ့တယ်။ ဆယ့်ခြောက်နှစ်ရောက်တော့ဘာသာစကားမျိုးစုံကိုအရည်ကျိုသောက်တတ်လာတယ်။ Pron ။Poem။Love။ Depression။ တကယ်ကို အမျိုးစုံပါပဲ။ ဆန်းကျော်စွာဝင်းရဲ့“ဇွန်းတပ်ထားတဲ့နိုင်ငံတော်” နဲ့လည်းဖက်လဲတကင်း။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ဒွန်တော်လီဒို” နဲ့လည်း ညဘက်တွေ စကားပြောလာတယ်။ မီးမလင်းတဲ့ ညဘက်တွေမှာ စိတ်ကူးယဉ်မမနဲ့ဖက်အိပ်တတ်လာခဲ့တယ်။ အရွယ်ရောက်ဖို့လက်တစ်လုံးခြားအလိုမှာငါ သေနှင့်ခဲ့ပြီ။ ငါ့အထီးကျန်ငွေ့တွေအမေ့ဆီ လွှင့်လွှင့်သွားတိုင်း“လူဖျင်းသွားရာလမ်း” ဆိုတဲ့ စာအုပ်နဲ့ငါ့ကို အမြဲချော့သိပ်လေ့ရှိတယ်။ အဖေမရှိတဲ့ ငယ်ဘဝဟာမိုးရွာပြီး ခြောက်ကပ်သလို၊ဆီမီးအိမ် မီးစာကုန်သလို၊လမ်းမဟာခြောက်ကပ်မှောင်မိုက်တဲ့ရက်တွေကြီးပဲ။ “ခေတ်ကြီးကကျွန်တော်တို့ကို စိမ်းကားလွန်းတယ်”ပြောတိုင်း “ရွှေမျိုးတွေကို မှီလို့လား” ဆိုတဲ့အထေ့အငေါ့ဟာအမေ့ထွက်သက်အထိရယ်ဖို့တော့ မစွမ်းနိုင်ခဲ့ဖူး။ လက်မောင်းထဲကဆယ့်ကိုးနှစ်လက်မှတ်ကို စမ်းပြီးတာဝင်တဲ့အထိမနားစတမ်း ပြေးရတယ်။ ၂၂ နှစ်အရွယ်ရောက်တော့ ဆယ့်ကိုးနှစ်လက်မှတ်ကို ငါ ရှက်လာတယ်။ ငါ ဖြစ်မလာခဲ့တဲ့ နာမည်တွေ၊အပေါစားယဉ်ကျေးမှုတွေဖောသောနေခဲ့တာ။ စွန့်စားခန်းလို့မဖြစ်လာသေးခင် ငါရရှိတဲ့ မီးခြစ်ဆံနဲ့တစ်ကမ္ဘာလုံးရှေ့မှာမှော်ပညာ ဖန်တီးပြမယ်။ ရှန်ဟိုင်းကနေ ဒူဘိုင်းအထိစက္ကူလေယာဉ်လေးဟာလှလှပပမြောင်းထဲကို ထိုးဆင်းသွားခဲ့တယ်။ The Truman Show ထဲကခပ်ထေ့ထေ့အပြုံးနဲ့Jim Carrey လိုမျိုး “Good morning.In case I don't see ya,good afternoon,good evening,and good night.” ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တဲ့ကောင်ဟာ နောက်ဆုံးတော့ကိုယ့်ဘဝကိုယ်အပေါင်ဆိုင်မှာ အပ်ထားပြီး ကမ္ဘာကြီးကိုပြုံးပြရင်း တံခါးပိတ်ထွက်လာခဲ့တယ်။ -ရိမ်း -ဆယ့်ကိုးနှစ်လက်မှတ်
စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို
ကမ္ဘာဖျက်မည့် “ဥက္ကာပျံမီးခဲများ” Ebook 9 August 2026, 8:00 PM အချိန်တွင်ထုတ်ဝေမည်။ Free verse ကဗျာ(18)ပုဒ် ပါဝင်မည်ဖြစ်ပါသည်။
ရှင်ဘုရင် မဖြစ်လိုက်တဲ့ အိမ်ရှေ့စံတွေ နန်းကျဘုရင်တွေ သူလိုငါလို။ -တိမ်စိုင်း စိတ္တဇကဗျာ
ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို
ကိုယ် အမှန်တိုင်း ဝန်ခံရရင်လေ မင်းကို စချစ်တဲ့နေ့ကစပြီး အခုချိန်ထိ ခတ္တခနလေးတောင်မှ မင်းအပေါ် ချစ်ခြင်းမေတ္တာတွေ တစ်စက်လေးမျှ လျော့မသွားခဲ့ပါဘူး အချစ်ရယ် _နှောင်း
без подписи