tgindex
POETRY

ကဗျာဆိုတာ မေတ္တာတရား အုတ်မြစ်ပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ အဆင့်မြင့်အနုပညာဖြစ်ပါတယ် ကဗျာနဲ့ မေတ္တာဟာ အရာရာကိုလှပစေနိုင်ပါတယ်။

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
24
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
4 956
+16 за 5 дн.
Сутки
+8
+0,16%
Неделя
 
Месяц
 
Просмотров на пост
1 217
24 постов
Вовлечённость
24,6%
к подписчикам
Постов в день
0,4
всего 24
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
320
1/48двое суток
366
1/72трое суток
395

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • လူတစ်ယောက်ကို တားဆီးနိုင်တာ နှစ်ခုပဲရှိတယ် ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။ ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ချစ်စိတ်သာ ရှိရင်လည်း ထိန်းချုပ် ချည်နှောင်နေစရာမလို သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ် ပြင်ဆင်လိမ့်မယ် ဆင်ခြင်လိမ့်မယ် ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ။ - LionelSn

  • 13 авг.3613218

    ဝေးချင်ပြီဆိုမှဖြင့် မနီးအောင်နေပေးရုံပေါ့ အချစ်ရယ် ဆန္ဒတွေမပါတဲ့အခါ အသံကုန်ခြစ်အော်လည်း မကြားနိုင်တော့ဘူး မဟုတ်လား တိတ်ဆိတ်ခြင်းဖြင့် မြတ်နိုးကြောင်းပြပါ့မယ်။ -ရိပ်ငြိမ်

  • 11 авг.6464317

    ငရဲ ဆိုတာ ဘာလဲ မောင် ငါ ရခဲ့ပြီးမှ သူများကိုပေးလိုက်ရတာမျိုးလား။ -မယ်ညို

  • 10 авг.8942417

    မင်းတို့ကိုမထိခိုက်ဘူးဆိုရင် ကိုယ့်မှာသတိရခွင့်ရှိတယ် မဟုတ်လား ဒီတိုင်းလေးပဲလေ ပျော်ခဲ့ဘူးတဲ့အမှတ်တရတွေဖြစ်ရင်ဖြစ််မယ် အတူရှိဖူးတဲ့ နေ့ရက်တွေဖြစ်ချင်ဖြစ်မယ် ပျက်စီးစေကြောင်းဆန္ဒကင်းပါတယ် သွေးရိုးသားရိုး ငေးမောလွမ်းစွတ်ရုံပဲ။ -ရိပ်ငြိမ်

  • 8 авг.9173621

    လူဘယ်လောက်ဘေးမှာရှိရှိ ကမ္ဘာကြီးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ အေးစက်နေတယ်။ ဖြစ်နိုင်ရင် တစ်ယောက်ထဲ မနေခဲ့ပါနဲ့ တစ်ယောက်ထဲ မထားခဲ့ပါနဲ့။ - ဆပ်ရိပ်

  • 7 авг.1 0672710

    ‎အဆင်ပြေရဲ့လား။ ‎သတိရနေသေးလား။ ‎မေ့ပြစ်ချင်လောက်စရာ ‎အကြောင်းရာတွေရှိတာ ငါသိပါတယ်။ ‎ ‎နွေမိုးဆောင်း ‎ရာသီတွေသာ အလီလီပြောင်းတယ်။ ‎ငါ့မှာ ညမနက်တိုင်း အသဲကလဲ ‎အခါခါကွဲရသေးတယ်။ ‎ ‎-ရွက်လှေ

  • 6 авг.1 106202

    တစ်ခါတစ်ရံ ပြင်သစ် စားသောက်ဆိုင်က မီနူးကတ်လို ကျွန်တော်တို့ နားမလည်နိုင်တာတွေ။ ပြာမရခင် ဘာရလိုက်သလဲ ဝက်သားဟင်းတစ်ခွက်၊ ကဗျာဗေဒ အဖေ့ကြိမ်လုံး၊ အဆုတ်ရောဂါနဲ့ ကိုယ့်ကိုမချစ်တဲ့ ကောင်မလေး။ ရည်းစားဦးနဲ့ လွဲခဲ့တယ် စီးမဲ့ရထားနဲ့ လွဲခဲ့တယ် ဘဝနဲ့ မလွဲစေနဲ့။ -သစ္စာနီ

  • 5 авг.1 1093620

    "တလောကလုံး အဆင်မပြေဖြစ်နေတဲ့အချိန်.. ကိုယ်အဆင်မပြေတဲ့ အကြောင်းကို ပြောမထွက်ခဲ့ဘူး။ တလောကလုံး အဆင်ပြေနေပြန်တော့ ကိုယ်အဆင်မပြေတဲ့ အကြောင်းကို မပြောရက်တော့ဘူး။ စိတ်ရဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့ဆိုတာ ဒီကမ္ဘာရဲ့ အကျယ်အဝန်းနဲ့ မဆန့်ဘူး။ ။" -ညံလင်း

  • 4 авг.1 2184028

    ဉာဏ်ရည်ထက်မြက်တဲ့လူနှစ်ယောက် မေတ္တာမျှလို့မရနိုင်ဘူး၊ စစ်မှန်တဲ့အချစ်က အရူးတစ်ယောက်လိုအပ်တယ်။ -Fyodor Dostoevsky

  • 3 авг.1 268173

    မရောက်သေးပေမယ့် ပြေးမြင်ယောင်မိတာက ကြာပိန်းရွက်ပေါ် ရေကြာကြာတင်နေထက်တောင် ရင်ခုန်တယ်။ တငွေ့ငွေ့နဲ့ ကိုယ့်ထပ်ခိုးလေးပေါ်မှာ တိမ်တွေအပြည့်တင်ထားမိခဲ့တယ် ။ ဒီတနှစ်လုံး ကိုယ့်အသက်ကို ဆောင့်ရုန်းနေရပေမယ့် " မငွေမြိုင်" ရဲ့ နှစ်ပါးသွားတေးသံများကိုကြားတော့ ခြေဖျားထောက်ပြီး ပြတင်းပေါက်က မျှော်ရပြန်တာပဲ ။ ကိုယ် ရေချိုးပြီး ရေပန်းကို မပိတ်မိခဲ့ဘူး ထင်တယ်။ ။ -ဝင်းမြင့် 14 July 2024

  • 2 авг.1 244213

    ‎ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့ ‎ကျွန်တော်ဟာ လူအဖြစ်မြည်ဟည်းလာသလား။ ‎ကိုယ့်အသံကို တပါးသူကြားသွားမှာ ‎အားနာလိုက်တာ.။ ‎စီးကရက်ကို တဟွတ်ဟွတ်သောက်မိတာလား။ ‎ချောင်းကို မီးညှိပြီးဆိုးနေတာလား။ ‎ကျွန်တော့်မှာဖြင့် စွတ်စိုဖျားနာခဲ့ရပြီ။ ‎မေမေရေ ‎ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့။ ‎ကျွန်တော်ဟာ ‎ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတပွင့်ပါပဲ။ ‎ခုတော့ ‎လေအလာကို မျှော်လင့်ရင်း ‎ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ‎-တာရာမင်းဝေ

  • 31 июл.1 3723111

    အရောင်တွေမရှိတဲ့ မြို့ပြရဲ့ကောင်းကင်အောက်မှာ ငါဟာ အမြဲတမ်း အဖြူအမဲပဲ၊ စွန်းထင်းလာတဲ့ စိတ်တွေကို နေဝင်ချိန်တွေနဲ့ ဖျော်ချနေရတယ် ။ - အီရှီတာ

  • 30 июл.1 5072316

    ကိုယ့်ကိုယ်ကို သစ်ရွက်လေးအဖြစ် ပြောင်းလဲလိုက်တော့လည်း ကြွေတာပါပဲ...။ ဒီကမ္ဘာမှာ ကိုယ်မပြိုကျဖို့ ငြမ်းဆိုတာလည်း မရှိခဲ့ပါဘူး...။ ဘယ်လိုနေထိုင်ရမလဲ.. လေတွေ တိုက်ပုံကလည်း လွှင့်လိုက်တာကွာ...။ - ဘုန်းပြည့်စုံမင်း

  • 29 июл.1 56254

    သင်ယူရမဲ့လမ်း ရေးသားသူ=စိုင်း၀င်းမြင့်

  • 29 июл.1 6112410

    ဘယ်လောက်ပဲစိတ်နာနာ ‎ဒီကမ္ဘာကို ကိုယ်တို့ ချစ်ရတာပဲ။ ‎ဘယ်လို တိုက်ပွဲမှာပဲ လဲကျလဲကျ ‎မင်းနာမည်ဟာ ငါ့ရဲ့ ငြိမ်းချမ်းရေး ဖြစ်နေမှာပဲ။ ‎အချစ်ရေ ကဗျာထဲက ကမ္ဘာမှာတော့ ‎မင်းရယ်ကိုယ်ရယ် ချစ်စရာသမီးလေးရယ်။ ‎ ‎-ရွက်လှေ

  • 28 июл.1 435247

    ကိတ်မုန့်တလုံး အငိုမျက်လုံးကိုခရင်မ်တွေနဲ့ဖုံးထားတယ် ဖယောင်းတိုင်မီးမငြိမ်းမီ ဘုရားရှင်ကိုမြင်မိ ငါ ဘယ်နှစ်ပိုင်းကွဲကွဲ မင်းပျော်ဖို့ချည်းပါပဲ ဟက်ပီးဘတ်ဒေး ညီမလေး ဓါးချက်တွေငါ့ဆီလာနေပြီ ။      ။ - ထူးညို

  • 27 июл.1 6174021

    ပြန်လိုချင်တယ်ဆိုတဲ့စိတ်ကို ဘယ်သူမှမသိအောင်ဖွပ်ထားပြီး တံခါးကို ပိတ်ထားဖို့ ကိုယ်ဘယ်လောက်တောင် သန်မာချင်ယောင်ဆောင်ခဲ့ရလဲ ။ -မာဂရက်

  • 26 июл.1 746378

    ​မွေးနေ့ကဗျာ ​လူငယ်ဘဝ အစွန်ရှည်ပါစေ ။ စီးသွားတဲ့မြစ်ရေတွေ ပြန်လာပါလေ ။ ကိုယ့်ကိုကိုယ် ပိုင်ပိုင်နိုင်နိုင်ရှိချင်စမ်းလှ အားလုံးရကြပါစေ ။ ကမ္ဘာကြီးကို စိတ်ချလက်ချ အိပ်ရာထပါရစေ ။ ။ -အောင်ချိမ့် (Happy Birthday 19+1 ကိုရွက်လှေ)

  • 25 июл.1 7363715

    "မချစ်ဘူးတဲ့'' မေမေရယ် ဝမ်းသာရပါတယ် ဘာမှ မရတာထက် စာရင် မချစ်ဘူးဆိုတဲ့ တုံ့ပြန်မှုလေးတစ်ခု ရခဲ့ပါတယ် ဝမ်းသာရပါတယ် မေမေရယ်။  ။ - မြကျေး

  • 24 июл.1 7364120

    မင်းယုံကြည်လို့ မင်းဆိုးနေတာ မင်း စိတ်ချလို့ မင်း ပြေးနေတာ ။ ထားမသွားတဲ့ လူတွေဟာ ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ မင်း သိပါတယ် ။ -မြကျေး