- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 9
- Всего постов
- 25
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 388
- 1/48двое суток
- 444
- 1/72трое суток
- 479
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အဆင်ပြေတယ်ဆိုတဲ့ သတင်းလေးပဲ ကြားချင်ပါတယ် မင်းစိတ်ပြိုရင် ငါကငိုရတယ် မင်းမငိုခင်က ငါကပြိုရတယ် ချစ်သောစကားတွေနဲ့ ချစ်လှစွာသောအကြောင်းတရားလေးတွေနဲ့ မင်းချစ်တဲ့သူနဲ့ မင်းကအမှတ်တရလေးတွေ ဖန်တီးပေါ့ ငါနေတဲ့ကောင်းကင်ကြီးက မင်းပြုံးနေရင် စိမ်းလန်းသောဥယျာဥ် မင်းပျော်ရွှင်နေရင် ငါနေတဲ့ငါ့ကမ္ဘာဘက်ခြမ်းက သာယာလှပနေတော့တာ ကောင်မလေးရဲ့ တွဲသောလက်တွေ အဓွန့်ရှည်ပါစေကွယ် #ခန့်ထည် #ဘဒ္ဒကမ္ဘာမင်းကိုဘဲချစ်တယ်
ဗုံးခိုကျင်းထဲက လွမ်းလိုက် ရမ်းငွေ့တွေကြား ပြေးရင် သတိရလိုက် ဒဏ်ရာတွေရလိုက် အသည်းမာတွေတက်လိုက် တစ်စိတ်ရှိ မင်းကိုချစ်လိုက် #သောသျှန်ခ
လူငယ် ကြယ်လိုလည်း ကြွေရ သစ်ရွက်ခြောက်လိုလည်း လောင်ကျွမ်းရ ပန်းလိုလည်း မဝေခင်ကြွေရ ငှက်လိုလည်း အတောင်ပံတွေ ရိုက်ချိုးခံရ အိမ်ပြန်လမ်းတွေလည်း ဝေးရ #ခန့်ထည်
ငါ့တစ်ကိုယ်ထဲအတွက်တော့ သူတို့နှစ်ကိုယ်မဝေးစေရပါ။ - နေညို။။။
ချစ်ခြင်းမေတ္တာဆိုတာ ကိုယ့်အတွက်မဟုတ်ဘဲ သူ့အတွက်ပဲအမြဲ ဖြည့်တွေး အမြဲတစေကြည့်ပေးပြီး ကိုယ်ဘာလိုအပ်တာထပ်သူဘာလိုအပ်လည်းဆိုပြီး ဖြည့်ဆည်းပေးတာလို့ ကျွန်တော်ကဒီလိုမြင်တယ် အချစ်ကိုခုတုံးလုပ်တဲ့သူတွေကိုတော့ ဘာမှမပြောလိုပါဘူး... #ခန့်ထည်
လူ့ဘုံမှာ မင်းရှိသ၍ ကိုယ့်အတွက်တော့ လောကနိဗ္ဓာငယ်။ -နွေဦးလေပြေ Crd
ရင်ခုန်သံသတင်းကောင်း ချစ်တယ် လူကြီး ဆိုပဲ အသက်လိုအကြားချင်ဆုံးစကား အဲဒီ ကလေးလေးဆိုခဲ့တယ် ဒါဟာဆုလာဘ်တစ်ခုပဲလို့ အဲဒီညက စိတ်အမှောင်နဲ့ဒီလူကို နာကျင်ခြင်းကျပ်ခိုးတွေကပ်တွယ်နေတဲ့ ဟောဒီကောင်ကို ရူးစေခဲ့တယ်လိုဆိုရင် ပိုတယ်ထင်ဦးမယ်... ချစ်ခြင်းဆိုတဲ့အလင်းရောင်လေးလက်ခဲ့ပြီ အဲဒီအချိန်ကြားလိုက်ရတဲ့အသံတွေက သိပ်ချိုမြိန်တဲ့အကြောင်း ကလေးလေးနဲ့တွေ့ရင်ပြောပြမယ် အိမ်မက်တွေဒီညလှနေတော့မယ် ချစ်လားလို့မမေးပဲဖြေပေးခဲ့တဲ့အတွက် ကျေးဇူးကမ္ဘာပါ ကလေးရယ်... ကိုယ့်မှာမျက်ရည်တောင်ကျတယ် တ ကယ် ပါ ကွယ်... အထိအခိုက်များနေတဲ့နှလုံးသားဟာ ကလေးရဲ့အချစ်တွေနဲ့ ကုမှပျောက်မှာပါကွယ် သံသရာဘယ်လောက်ရှည်ရှည် လောကဓံဘယ်လောက်ကြမ်းကြမ်း အဲဒီ ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ ဒုက္ခကိုလက်ခမောင်းခတ်စိန်ခေါ်မိမယ့်ကောင်ကွဲ့ ရင်ခုန်သံတိုင်းအချစ်မဟုတ်ကြောင်း ကလေးလေးနဲ့တွေ့ရင်ရှင်းပြမယ်... မင်းနာမည်နဲ့ မင်းရဲ့သက်စေ့ကိုပဲ သိပ်ချစ်တယ်ဆိုတဲ့အကြောင်း ဂါထာလိုမမောနိုင်မပန်းနိုင် ကလေးအနားထိုင်ပြီးရွတ်ပြချင်မိတာ ရောဂါပါပဲ... ရောဂါကကျွမ်းနေပြီ ကလေးရဲ့ ကလေးအပြုံးတွေနဲ့ ကလေးမျက်ဝန်းတွေနဲ့ ကလေးစကားသံလေးတွေနဲ့ ရူးအောင်ချစ်နေရသူဟာ လူကြီး ပါပဲကွယ် ချစ်တယ်ဆိုတဲ့စကားဆိုပြီး ချစ်ပြဖို့မေ့နေတဲ့အထဲ ကိုယ်မပါကြောင်း ကလေးကိုသက်သေပြဖို့ အားမွေးထားပါတယ် ကလေးရဲ့လက်သွယ်သွယ်လေးဆွဲပြီး အိုမင်းရင့်ရော်တဲ့အထိသွားချင်မိသေးတာမို့ ကျန်းမာရေးလည်းဂရုစိုက် စိတ်မချတက်သူမို့ အစားလေးပုံမာန်စားစေချင်တယ် ကလေးနေမကောင်းတဲ့အသံများကြားရင် ဒီကောင်ကြီးလေ နှလုံးသားတွေရောက်ယက်ခတ်နေတာ အပိုစကားဆိုခြင်းမဟုတ်ပါ လောကမှာကိုယ်ဂရုစိုက်ဆုံးသူဟာ ကိုယ့် အမေ ပြီးရင် ကလေး ပဲပါကွယ် ဒီကဗျာကို အကြင်နာပေါင်းရှစ်သောင်းလေးထောင် မြတ်နိုးမှုအပေါင်းရှစ်သောင်းလေးထောင် အချစ်တက်ဆုံးရှစ်သောင်းလေးထောင်အပြည့်နဲ့ အရှေ့တောင်အာရှမှာ အချစ်တက်ဆုံးလူသားဟာ လူကြီးဖြစ်ကြောင်း ကလေးကိုအိပ်ယာဝင် အိပ်ယာထပြောပြရဦးမယ်... ပြီးတော့... ဘဒ္ဒကမ္ဘာမှာမင်းကိုပဲချစ်တယ်... #ခန့်ထည် ရင်ခုန်သံသတင်းကောင်း ၁၁.၈.၂၀၂၆ ၁၀:၄၂ pm ဘဒ္ဒကမ္ဘာမှာမင်းကိုပဲချစ်တယ်
"နိဒါန်းသစ္စာ" ရာသီတစ်ခုရောက်တိုင်း သူ့ကိုယ်သင်းရနံ့လေးနဲ့ သူ့အသံလေးပြန်ကြားမိတယ် ယောက်ျားမာနမကျချင်လို့ "မေ့နိုင်ပြီပြောတာပါ" မလိမ်တက်မှန်း ဥဩလေးနဲ့ရော်ဝါရွက်တို့က သက်သေထူနေတယ်။ - နေညို။။။ -စိတ်ကမ္ဘာမှနွေ(အညွှန်းကဗျာ)
လူကြီး ခင်များပျော်ရွှင်ခြင်းတွေ ပိုတာလေးတွေရှိရင် ကျွန်တော့်ကိုမျှဝေပေးပါ လူကြီးရဲ့ မျက်ဝန်းညိုတွေနဲ့ ဆုံတိုင်း အချစ်လို့ခေါင်းစဥ်တပ်ပြီး ရင်ခုန်ကြည့်တော့ ချစ်ခြင်းမေတ္တာဟာ ရင်ထဲကိုနွေးကနဲ ချစ်ခြင်းဟာ ခင်များနဲ့စပြီး ခင်များနဲ့အဆုံးသက်ချင်ခဲ့တာ ဒါကိုရော လူကြီး သိရဲ့လား နှစ်ယောက်ထဲကမ္ဘာ သီချင်းလေးညီးတိုင်း ခင်များရင်ခွင်ထဲမှာ ခေါင်းလေးထိုးပြီး စိတ်ချလက်ချ ခိုလှုံခဲ့ချင်တာ လူကြီးရေ ကျွန်တော် စိတ်ကောက်တဲ့အခါ စိတ်ရှည်ရှည်ချော့ပေးခဲ့တာတွေအတွက် ကျေးဇူးပါနော် ကျွန်တော်က ဆိုးလို့ရလို့ လူကြီးအပေါ် ဆိုးတာမို့ ခွင့်လွတ်ပါ ကျွန်တော်က ပန်းတွေကိုချစ်တယ် ပြီးတော့ လူကြီးကိုချစ်တယ် စာအုပ်တွေ ဖတ်ရတာကြိုက်သလို လူကြီး ကိုဖက်ထားချင်တယ် ကျွန်တော့်က ကိုယ်ကိုနားလည်ပေးနိုင်တဲ့ လူနားမှာနေချင်တာမျိုးလေ စိတ်မပူရတဲ့ လူကိုပဲ ချစ်ချင်တာမျိုး ကျွန်တော်မှားရင်တောင် အပြစ်တွေမပြောဘဲ အကျိုးအကြောင်း ရှင်းပြပေးတဲ့လူမျိုးကို သိပ်လိုချင်တယ် လူကြီး သိလား ကြယ်လေးတွေခေါက်ပေးခဲ့ခြင်းတွေဟာ ကောင်းကင်ကကြယ်လေးတွေ ကြွေသလို ကျွန်တော် လူကြီးကိုသက်သေပြခြင်းတွေဆိုတာပေါ့ အဓိဌာန်ဝင်ပြီး ကုသိုလ်ပြုတာ ကျွန်တော်ဆိုပေမဲ့ တောင်းသမျှ ဆု ပြုသမျှ ကုသိုလ်တွေဟာ လူကြီးဆီသာ ပြည့်စေချင်တာ လူကြီး မျက်ဝန်းညိုတွေကို ဘယ်အရာနဲ့မှမတူဘဲ စွဲလန်းမှုတွေကို ဘယ်တရားနဲ့ဖြေဖြေ မရတော့ဘူး လူကြီးရေ ဝဋ်ဆိုတာ လူကြီးကို ချစ်မိတဲ့ အကြွေးလေးပဲဖြစ်စေပြီး ကံကောင်းခြင်းလက်ဆောင်ဟာ လူကြီးနဲ့ဆုံဆည်းစေခြင်းတွေသာ ဖြစ်ပါတယ် ကံတွေမာအောင် ဂန္ဓမာဆောင်မယ် ကံတွေကော်အောင် ကံ့ကော်ပန်းတွေဘုရားလှူမယ် လူချင်းမလွဲအောင် အလွမ်းချင်းတူပြီး နေတာကြာအောင် နေကြာပန်းတွေစိုက်ကြတာပေါ့ သစ္စာတွေမြဲအောင် သစ္စာပန်းတွေဝန်းရံမယ် ဝေးရခြင်းတွေ ဖေးဗရာဝေးအောင် ဗရာကြော်တွေ ဘုရားကပ်ကြတာပေါ့ လူကြီးဆီက ချစ်တယ်ဆို့တဲ့ စကားသံကြားလိုက်ရချိန်မှာ ပင်လယ်ရေနဲ့ ခွက်စောင်းခုတ်တာ ခံလိုက်ရသလို ဖုန်းကနဲ ကျွန်တော်ရင်ကို အေးစက်စေခဲ့တယ် ပြီးတော့ လူကြီးကို ချစ်တယ် ဟုတ်တယ် ကျွန်တော် လူကြီးကို ချစ်တယ်... နဖူးစာဆိုတဲ့စကားကို ကျွန်တော်ယုံတယ် ကျွန်တော်နဖူးမှာရေးထားတဲ့ စာဟာ လူကြီးရဲ့ အမည်နာမ်မဆိုတာကိုပေါ့... အဲဒီလို အဲဒိလိုမျိုး အဲဒီလိုမျိုးပေါ့ ပန်းတွေဝေအောင်လဲ လူကြီးကို ချစ်တယ် ကမ္ဘာကြီးပိသေမလောက်လဲ ချစ်တယ် မိုးအပြည့် လေအပြည် ဟုတ်တယ် ကျွန်တော် လူကြီးကိုချစ်တယ် #ခန့်ထည်
ဗီလိန် ၁ ပျော်စရာတွေနဲ့မထိုက်တန်ပဲ ပြိုစရာတွေတိုက်တန်တဲ့ အကောင် ချစ်ခြင်းတရားတွေမထိုက်တန်ပဲ ပစ်ခြင်းတရားတွေသာတိုက်တန်တဲ့ အကောင် ပြုံးရွှင်ရယ်မောဖွယ်ရှားပါးနေတဲ့ ဝေဒနါဖန်မီးအိမ်နဲ့ နာကျင်နေတဲ့ အကောင် ဒဏ်ရာကိုဒိုင်းလိုကာရင်းနဲ့ပဲ ရှိုက်ငင်မှုကိုလူသိမခံဝံ့တဲ့ အကောင် လောင်ကျွမ်းခံ ပြာပူမကြောက် တစ်ဖတ်သက်အချစ်နဲ့ ငရဲကလူသားလို အကောင် မြဲမဲ့လက်တစ်စုံနဲ့ မထိုက်တန်ပဲ ဥပေက္ခာမျက်ဝန်းနဲ့ပဲထိုက်တန်တဲ့ အကောင် ကြွေတဲ့အသည်း မွစာကျဲလို့ လေမှာလွင့် ဝေးဝေးလွင့်လွင့် အစွန့်ပစ်ခံ အမှိုက်လို ကောင် အနမ်းတွေနဲ့မထိုက်တန်ပဲ အနွမ်းတွေနဲ့သာထိုက်တန်တဲ့ အကောင် မျက်ရည်ကျရင် အလှောင်ခံရတာ ဗီလိန် ကျန်ရစ်ကြေကွဲရတာ ဗီလိန် စာနာမှုကင်းမဲ့ခံရတာ ဗီလိန် ခေတ်အဆက်ဆက်က အမုန်းတော်ခံ ဒဿ..... ရာမမင်းသားနဲ့သီတာဒေဝီမင်းသမီးနဲ့ပေါင်းဆည်းလေသတည်း ဆိုတဲ့ အနောက်မှာ ဒဿကြီး ချစ်ခြင်းတရားကို ဘယ်သူတွေကများ စာနာနားလည်ပေးနိုင်ကြလို့လည်း.... မင်းကလည်း ငါကို စာနာနားလည်ပေးနိုင်မှုနဲ့ မထိုက်တန်တဲ့ အကောင်ဟာ ငါပါလို့ မင်းကပုံသေနည်းတွက်ပြသွားတယ် ♡ ခန့်ထည် ♡ #ဗီလိန် နာကျင်ခြင်းအနုပညာ
ဒီနေ့မှာကျိုးကြေနေပြီး သိပ်မနာတဲ့ မနက်ဖြန်ကိုတောင့်တတယ်။ - နေညို။။။
တစ်နေ့ပြန်ဆုံမှာပါဆိုတဲ့ အတွေးနဲ့ရှင်သန်ရင်း အသက်ကိုဖက်နဲ့ထုပ်ပြီးနေရ အဆင်မပြေမှုကြားပျော်အောင်နေရ မနေပျော်တဲ့ကြားက မသေအောင်နေရ တကယ်မလွယ်ဘူး တကယ်မလွယ်ဘူး.... #ခန့်ထည်
ဘဝသက်တမ်းတစ်လျှောက် အဆင်မပြေမှုတွေကြား နေထိုင်လာခဲ့... နှလုံးသားရေးလည်း အဆင်မပြေသလို.... အခုတော့ စိတ်လည်းအဆင်မပြေတော့ဘူး ဘဝက ဘာနဲ့ဖျှော်ဖျှော်မပျော်တော့ဘူး ဆိုတာမျိုး စိတ်လည်းအဆင်မပြေဘူး ဘာမှလည်းမပျော်တော့ #ခန့်ထည်
"သွားတော့ကွယ်" ဆိုတဲ့စကားကအလိမ်အညာပါ တကယ်ဆိုမင်းကို ငါ့နှလုံးသားထဲမှာပဲနေစေချင်တာ။ - နေညို
ငါသာသူ့လောက်လှခဲ့ရင်..... -နွေဦးလေပြေ -တင်စရာမရှိလို့ပါ ငါ့ရည်းစားက တုန်နေအောင်ချစ်တာ
National comeback day တဲ့မနက်ဖြန်က...ဘာမှတော့အများရီးမရေးတော့ပါဘူး....ကျွန်မရဲ့ကလေးငယ်လေးက ကျွန်မက်ို ပြစ်မထားခဲ့ဖူးလေ... -နွေဦးလေပြေ
လွမ်းစိတ်နဲ့ သွေးတဲ့ဓား ကောင်မလေးရေ စိတ်အလိုမကျတိုင်း အရင်လို နူတ်ခမ်းလေးစူပြီး လောကကို ဆောင့်ကြီးအောင့်ကြီး ညူဆူနေတုန်းလား မင်းက ဓားတစ်လက်ဆို ကိုယ်က ဓားအိမ်လေးတစ်ဖြစ်ဖန်ဆင်းပြီး မင်းစိတ်တွေကို အုပ်မိုးကာကွယ်ထားချင်တာ မင်းရဲ့ လူကို လွမ်းပါတယ်လို့ပြောရင် ကိုယ်က ဓားသွေးကျောက်အဖြစ်ဖန်ဆင်းပြီး မင်းရဲ့လွမ်းစိတ်ကို ဓားလိုသွေးပြီး အချစ်တွေနဲ့ တိကနဲ မင်းလူကို အတိအကျလွမ်းပေါ့ တစ်ခုပဲ မင်းရဲ့လွမ်းနဲ့သွေးတဲ့ဓားကို ရေနဲ့တောက်လို့ မသွေးဘဲ မင်းရဲ့မျက်ရည်နဲ့သွေးခဲ့ရတာကိုပဲ ကိုယ်က နာကျင်မှုကို ပိုးမွေးသလိုမွေးပါတယ် ကိုယ်ကိုတော့ မင်းက မချစ်ပါဘူးဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကိုယ့်ရဲ့ သတိရခြင်းကြိုးစလေးကို တိကနဲ ဖြတ်ချပစ်ခဲတယ် ချစ်လိုက်တာကွယ် ဓားသွားပေါ်ကို တရွေ့ရွေ့သွားနေတဲ့ ခရုတစ်ကောင်လို နာကျင်မှုမျိုးနဲ့ မင်းကိုငါချစ်တယ် အဲထပ်လဲ ပိုချစ်တယ် မမွှေးခင်က လေးခဲ့ရတဲ့စိတ်တွေမို့ ချစ်တယ်လို့ မပြောဘဲ တယုတယလေး ချစ်ပြချင်နေမိတာ မှားသွားလားကွယ် အမှန်ကိုမမြင်နိုင်ခြင်း အနိစ္စတရား ဟာ အတ္တဆိုတဲ့ အစွဲကြောင့်ပဲတဲ့ ငါစွဲလန်းတဲ့ အတ္တဟာ မင်းကိုချစ်မိခြင်းပါပဲကွယ် အခါခါ မင်းကိုရေးပြဖူးတဲ့ ငါ့ကဗျာလေးလိုပေါ့ နိဗ္ဗာန်ကိုမှန်းလို့ မသေချင်ဘူး မင်းအပြုံးကို ငေးလို့သေပါ့ရစေကွယ် ဆိုတာမျိုး အမှန်တော့ မင်းအပြုံး တစ်ပွင့်မြင်တွေ့ရခြင်းဟာ ငါ့ကို ဘဝကူးကောင်းစေတယ် ကောင်မလေးရေ မိုးတွေအေးတဲ့အခါ အနာဟောင်းတွေက ကိုက်သလိုမျိုး မင်းငါ့ကို မချစ်ဘူးလို့ တစ်ခါပြောတိုင်း နာကျင်မှုတွေ တဆစ်ဆစ်နဲ့ကိုက်တယ် မင်းအခုတလော ညီးဖြစ်နေတဲ့ သီချင်းစာသားက နှစ်ယောက်တည်းကမ္ဘာ ငါဆိုညီးဖြစ်တဲ့သီချင်းက ဒုတိယလူ ဒုတိယလူလို့ ပြောရအောင်လဲ ကိုယ်က မင်းနဲ့ပတ်သက်ရင် ဘယ်နေရာကမှာ ဘောင်မဝင်ခဲ့တဲ့ကောင်ပါ မင်းက တစ်ခြားသူကို ချစ်တဲ့စိတ်နဲ့ ကုသိုလ်ပြုပြီး ကိုယ်က မင်းကို ချစ်မိခြင်းနဲ့ ကုသိုလ်ပြုတဲ့အခါ မင်းက တစ်ခြားသူကို ချစ်တယ် လို့ တဖွဖွပြောပြီး သာဓုခေါ်ပါ #ခန့်ထည်
မပိုင်တဲ့ကမ္ဘာ ခင်များအဆင်ပြေတယ်ဆိုတဲ့ သတင်းကြားရုံနဲ့ ဆည်းဆာညနေဟာ အပြုံးရောင်သန်းလာတယ် ညတွေဟာ ပို၍လှလာတယ် ခင်များက ပျော်စရာတွေမပေးပဲ ပျော်စရာတွေရလိုက်သလိုပါပဲ ခင်များရဲ့ အရယ် အပြုံး ပျော်ရွှင်မှုသတင်းကြားရုံနဲ့ လောကကို အပြုံးတွေနဲ့ အရောင်ခြယ်ချင်တဲ့သူဟာ ကျွန်တော်ပါ.... #ခန့်ထည်
အိပ်ကြတော့ ဘေဘီပေါက်စတို့ -နွေဦးလေပြေ
"ချစ်တေးချို" မေတ္တာတေးကိုမောင်စပ်ရင် မမက သီဆိုပေါ့ တိမ်မျှင်တွေအလှ နေရာကျဖို့ မမခဏသွားပြုံးပြလိုက်ပါ ဇင်ယော်တွေထဲတော့ ရောပျံသန်းမသွားနဲ့ကွယ်။ မမရေ ရေလှိုင်းပုတ်သံ ဒီရေတက်ချိန်မှန်ဖို့ မမအပြုံးကို မောင်ဖုံးပေးထားမယ် မောင့်လက်ဖဝါးထဲမှာနေကွယ်။ - နေညို။။။