ကဗျာ ဗိမ္မာန်
Статистикаကဗျာဗိမ္မာန်မှ လူကြီးမင်းတို့အတွက် နေ့စဥ်မပျက် ကဗျာတွေမထပ်စေရန် ကြိုးစားပေးနေပါတယ်ဗျ။ ဘာလိုပါသလဲ၊ ဘာရှာပါသလဲ မိတ်ဆွေ ၊ ကဗျာတွေသာရပါမည်။ Channel date...18.10.2023
- Последний пост
- 21 июн. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကိုယ့်ကောင်းကင်မှာ မဟုတ်လည်း သက်တန့်ကြီးလှနေရင် ကျေနပ်တယ် ဘယ်အကိုင်းမှာပွင့်ပွင့် ရနံ့မွှေးနေရင်ကျေနပ်ပါတယ်...။ - ဆန်းကျော်စွာ၀င်း
နေရထိုင်ရကျပ်တည်းလာလေ ချစ်မြတ်နိုးရသူတွေကို မပွန်းမပဲ့စေချင်လေပါပဲ။ - မြကျေး
မင်းရယ် ကိုယ်ရယ် သားလေးရယ် သမီးကြီးရယ် အချစ်ရေ..... လောကဓံဆိုတာ ခြေတစ်ပေါင်ကျိုးနေတဲ့ ပန်းကိုက် ပိုးဖလံအဆင့်လောက် သဘောထားပြီး " နောင်တမရကြေး " ဖူးပွင့်ကြမယ်လေ ။ -ဆန်းကျော်စွာဝင်း
၃၁ဘုံက ဘယ်မှာလဲ မမ မမကို ငေးကြည့်တဲ့ခဏ။ - လူညိုချော
မင်းအဆင်ပြေပါ့မလားတွေးရင်း ကိုယ့်အဆင်မပြေခြင်းတွေကို မေ့ထားခဲ့တယ် ။ ။ - ဂန္ဓမာ
သီချင်းတွေ ဆက်နားမထောင်ဖြစ်တော့ဘူး။ အရင်လို ဘယ်သူတီးတီး ဘယ်ပြဇာတ်မှာမှ ဇာတ်လိုက်ကျော်ကြီး မလုပ်တော့ဘူး။ နာကျင်ရတဲ့ ဒုက္ခဟာ စေ၊က်မှတ်မရှိတာနဲ့ ဝေးပြီဆိုတဲ့ ရထားတွေ ငါ့ အိပ်ခန်းတံခါးရှေ့ ခဏခဏ ခလုတ်တိုက်ပြန်ပြီ။ ။ -ယိမ်းခက်သွင်
နေတတ်ရင် ပျော်စရာကြီးတော့ ဘယ်ဟုတ် မလဲ.. တစ်ချို့ ပျော်ရွှင်မှုတွေက လက်လှမ်းမှီသလောက်ပေါ့။ -ဖြူ
ပိုချစ်ရတဲ့သူ ကျွန်မပဲဖြစ်ပါစေဆိုတော့၊ ညီမအနားမှာ သက်ဆုံးတိုင် ပါရမီဖြည့်ရသူဟာ အကိုပဲဖြစ်ပါရစေတဲ့။ နှစ်ဦးစလုံးတောင်းခဲ့တဲ့ဆုတွေ ဒီဘ၀ကစ ပြည့်ပါစေလေ ။ -နှင်းသရသွင်
အသက်ကိုနောက်မှရှူမယ် ကော်ဖီကိုအရင်သောက်မယ် ငါ့ကိုယ်ငါအရင်ချစ်လည်း မင်းကို ချစ်တာအရင်ဖြစ်ခဲ့တယ် ။ -စိုင်းဝင်းမြင့်
မျက်နှာချင်းဆိုင်တောင် ကပ်လွဲခဲ့တယ် ဆိုကတည်း တော်ရုံလွဲချော်ခြင်းမှ မဟုတ်ဘဲကွယ် အရာရာ အဆင်ပြေနေအောင် ဘေးကပ်နေရတော့တာပဲ -ခန့်သွေးနီ ကမ္ဘာလွဲကြသူများ/၁
မမက မူးယစ်ဆေးဝါးဆိုရင် ကျွန်တော်က ဆေးသမားလည်း ဖြစ်ချင်တယ်။ - လူညိုချော
တစ်ယောက်တည်းနဲ့မလုံလောက်နိုင်ရင် ငါ့လက်တွေကိုမထိနဲ့အချစ်ရေ... ငါ့မှာက နှလုံးသားအပိုမပါဘူး ။ -လွန်း
အရူးတွေက ကောင်းပါတယ်ဆရာ သူတို့မှာ ထပ်ရူးစရာမရှိတော့ဘူး။ - ရိပ်ငြိမ်
မမဆိုတာ ဖွဲ့သီလို့မကုန်နိုင်တဲ့ ငါတို့ရဲ့ ကဗျာ ငါတို့ပြောတဲ့ ငါတို့ရဲ့ မမ မမဟာ ငါတို့ရဲ့ အသက်ရှူလမ်းကြောင်း ငါတို့က ငါတို့ဖြစ်နေလို့ အဲ့ဒီ မမကို လိုအပ်နေတာပဲ မဟုတ်လား မမတွေ ကလေးဆန်ရင် ဘယ်ကလေးမှ ကလေးမဖြစ်တော့ဘူး မမကသာ ကလေးပဲ ။ မဲ့ရွဲ့နေတဲ့ နှုတ်ခမ်းပါးကိုလေ ချစ်တယ် ဝေ့ဝဲနေတဲ့ ဆံပင်ရှည်ရှည်တွေ မင်းကများ ငါ့ကို ဆိုတဲ့အကြည့်တွေ သိတယ်မလား (ဆရာ လာမလုပ်နဲ့ဆိုတဲ့ အကြည့်တွေ) ချစ်တာထက် ပိုခဲ့ရ မမ ဆိုတဲ့ မြစ်မှာ လာပျော်တဲ့ ပင်လယ်ဖျံတွေက ငါတို့ပဲ ငါတို့က အပူကိုမကြောက်လို့ မီးပုံကို စွတ်တိုးခဲ့တဲ့ ပိုးဖလံတွေ ပျော်စရာတွေကို မမနဲ့မှ ပျော်ချင်တဲ့ ဒြပ်စင်တွေ "မောင်" လို့ခေါ်တာနဲ့ ငေါက်ခနဲ ထ ပွင့်မယ့် ပိတောက်ပန်းတွေ မိုးရေကို စောင့်နေစရာမလို ချစ်ခြင်းမေတ္တာမှာ မမ မရှိရင် သေတော့မဲ့ အထာတွေနဲ့ ။ အဖွားကြီး လို့ စနောက်ပြီးခေါ်ရင် စိတ်ဆိုးတယ် ကလေး လို့ ခေါ်ရင် "အမယ်" လို့ ပြန်ပြောတယ် မမက ဘာလဲ ငါတို့ကတော့ မမပါပဲ ။ -ဗာဂို
• နောက်ဆုံးဆန္ဒ • ------------------- ကမ္ဘာပျက်ဟောကိန်းတွေထဲ မမကို အသည်းအသန်ချစ်မယ် နိဗ္ဗာန်က လက်ကမ်းရင်တောင် မမ နှုတ်ခမ်းတွေကိုပဲ အငမ်းမရ နမ်းမယ် - လူညိုချော
ခြေလှမ်း တစ်ရာရှိရင် ကိုးဆယ့်ကိုး လှမ်းဟာ ကိုယ့်ခြေလှမ်းတွေဖြစ်ခဲ့တာပါ။ မင်းဘက်က တစ်လှမ်းလောက်လေးတောင် လှမ်းမလာချင်ခဲ့ရင်တော့ ကိုယ့် ခြေလှမ်းအားလုံးကို အရှုံးခံလိုက်ပါ့မယ် ။ တုံ့ပြန်မှုမရှိတဲ့ အချစ်ဇာတ်လမ်းတွေအတွက် ကိုယ်မကြိုးစားချင်တော့ဘူးလေ ။ - မေဘယ်လ်ညို
ရှင်သန်ရတာဟာ ဘုရားသခင်ရဲ့ ဆုဆိုရင်တောင် ငါ့မှာ မာန်နတ်ရဲ့ ထီလက်မှတ်လေး အခုထိလွှတ်မပြစ်ရက်သေးဘူး။ ။ -ယိမ်းခက်သွင်
မပျော်ရာလမ်း ခြေလှမ်းလိုက်တိုင်း ပန်းတွေပွင့်တဲ့ သိဒ္ဓတ္ထတောင် တောခိုသွားတဲ့ ကမ္ဘာပါကွယ် ။ ပြည်သူဖြစ်ရတာ မပျော်လည်း ဘာစောက်ရေးလဲအချစ်ရယ် ပျော်ပျော်ကြီး မပျော်ကြရုံပေါ့။ -အန်နိုလာ
နောက်ဆို ... ကျွန်တော်တို့ တွေ့ဖြစ်ချင်မှတွေ့ဖြစ်ကြတော့မှာ ကျေးဇူးပြုပြီး ကျွန်တော်မှာတာတွေနားထောင်ပါ ... ကျွန်တော်တို့က ဘဝကို တစ်ကပြန်စရမှာ မဟုတ်ဘူး ... ပြန်စဖို့ တစ်ကိုတောင် အသည်းအသန်လိုက်ရှာရဦးမှာ ။ -ချောနကျယ်
မောင်ရယ်..." ကျွန်မစကားတိုင်းကိုမယုံပါနဲ့ ကျွန်မကိုလည်း မချစ်ပါနဲ့ အသက်ရှူတိုင်း ရှူတိုင်းမှာ မောင့် မေတ္တာတွေစူးမဲ့ မိန်းကလေးက ကျွန်မပါ မောင်...။ -ဖြူ