tgindex
Excerpts from the Poems of Apocalypse

Excerpts from the Poems of Apocalypse

Статистика

ကမ္ဘာပျက်ကိန်းများမှ ကဗျာအပိုင်းစများ ။

Последний пост
13 авг.
Последнее чтение
14 авг.
Постов за неделю
3
Всего постов
21
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
1 238
+6 за 3 дн.
Сутки
+2
+0,16%
Неделя
 
Месяц
 
Просмотров на пост
369
21 постов
Вовлечённость
29,8%
к подписчикам
Постов в день
0,4
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
83
1/48двое суток
95
1/72трое суток
102

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • တခါ တလေ တချို့တောင်ပေါ်ရွာလေးတွေမှာ တဆောင်း တနွေ ကျတော်ပျော်သလောက် နေပစ်လိုက်တာပဲ သူတို့ဘာသာစကားနဲ့ ထိကရုန်းပင်လေးကို "ရှက်တတ်မ"တဲ့။ ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆို လူတခြား အိမ်မက်တခြားပဲ ။ - သန်းတင့်

  • အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်း မဖြစ်ဘူး ငွေပြီးငွေ ဖြစ်နေလို့ကလည်း မဖြစ်ဘူး ကိုယ့်ကိုယ်ကိုယ် ပုံချလိုက်လို့ကလည်း မဖြစ် ခေတ်ကို ပုံချလိုက်လို့ကလည်း မဖြစ် မဖြစ်တာတွေချည်းပဲ ရင်ဆိုင်နေရ။ - မောင်ချောနွယ်

  • လူတစ်ယောက်ကို တားဆီးနိုင်တာ နှစ်ခုပဲရှိတယ် ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။ ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ချစ်စိတ်သာ ရှိရင်လည်း ထိန်းချုပ် ချည်နှောင်နေစရာမလို သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ် ပြင်ဆင်လိမ့်မယ် ဆင်ခြင်လိမ့်မယ် ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ။ - LionelSn

  • ငါ အခုတစ်လော အရမ်းလမ်းပျောက်နေတယ်။ ဒါကိုလည်း ငါကိုယ်တိုင်ပဲ သိတယ်။ ဒီခံစားချက်ကို ငါရှင်းပြလို့မရဘူး။ ငါဟာ ဦးတည်ရာမဲ့တဲ့ ရထားတစ်စီးလိုပဲ။ မရပ်ပဲ သွားနေပေမယ့် ဘယ်သွားနေတယ်ဆိုတာ ငါ ကိုယ်တိုင်မသိဘူး။ သေချာတာကတော့ ငါအရမ်းလမ်းပျောက်နေတယ်။ ဒါကိုလည်း ငါကိုယ်တိုင်ပဲ သိတယ်။ - Avalanche

  • 7 авг.218103

    ထီးနန်းကိုတောင်စွန့်လာတဲ့ ဗုဒ္ဓကို ရွှေတွေနင်းကန်ချနေတဲ့သူတွေကို မြင်တိုင်း လူတွေဟာ ကိုယ့်အတ္တကို ကိုယ် ပြန်ရွှေချနေတာပါလားလို့ ငါ သဘောပေါက်လိုက်တယ် ... ဆာဆာလောင်လောင် ငိုကြွေးသံတွေကို ဥပက္ခာ ပြုရင်း ဂေါပကရဲ့ ငွေဖလားထဲကို ငွေစက္ကူတွေ ထည့်လိုက်ရင် ကုသိုလ်တွေ ရမယ်လို့ အခုထိ ထင်နေကြတုန်းလား ... ဗုဒ္ဓသာ သက်တော်ထင်ရှားရှိနေသေးရင် ဒုက္ခရောက်နေသူတွေကို မြသပိတ်နဲ့ တောင် ဆွမ်းခံကျွေးလိမ့်မယ်ဆိုတာ ငါသိနေတယ် ... ဘုရားပိုင် ငွေတွေနဲ့ ငတ်ပြတ်နေသူတွေကို ကျွေးမွေးလိုက်ရင် ဗုဒ္ဓက သာဓုခေါ်,မခေါ် မင်းနဲ့ငါ လောင်းကြေးထပ်ကြမလား ...။ - ရာပျော်ငေး

  • 4 авг.22822из ethiaby

    အကြောင်းအရာ တိုက်ဆိုင်လာတိုင်း ငါတို့စိတ်ကို ဆစ်ကနဲနေအောင် ကိုက်သွားတတ်တဲ့ အင်းဆက်တွေကို အမှတ်တရလို့ ခေါ်တယ် ။ ။ - ဆပ်ရိပ်

  • လူတွေဟာ ဘဝတစ်လျှောက် ပျော်ရမယ်ထင်တဲ့အရာတွေနောက်ကို အသည်းအသန်လိုက်ကြတယ် တကယ်ရတော့လည်း ထင်သလောက်ပျော်စရာကောင်းမနေတဲ့အချက်ကို ကိုယ်တိုင်ရော ဘေးကလူတွေပါမသိအောင် ဖုံးကွယ်ကြရပြန်တယ် အချိန်တွေက ကုန်ခဲ့ပြီမဟုတ်လား။ ။ - ပြည့်စုံဝင်း

  • မြက်ရိတ်သမားကို ကြောက်လန့်ပြီး ပြန်မထွက်တဲ့မြက် မြင်ဖူးလား အများကြီးမလိုဘူး မြက်ပင်လေးလောက် ရဲရင့်ရင် ရပြီ။ - တာရာမင်းဝေ

  • နိဗ္ဗာန်တွေဘာတွေ မမှန်းပါဘူး ဖြစ်ပျက်သံသရာထဲ က ပန်းတစ်ပွင့် ဖြစ်ရင်ပဲ တော်ပါပြီ ။ ကမ္ဘာမပျက်သရွေ့ ပန်းဖြစ်ရင်းနဲ့ပဲ သံသရာကို လည်ပစ်လိုက်မယ်... ။ - မြကျေး

  • ထီးရှိတဲ့လူက ‘ဒီနေ့ မိုးရွာလိမ့်မယ်” လို့ ပြောသလို အောင်မြင်ပြီးသားသူတွေကတော့ “ဘဝဆိုတာ ရည်မှန်းချက် ရှိရမယ်”လို့ ပြောတတ်ကြတာပဲ။ သူတို့ ကံကောင်းတာက မိုးဥတု မကုန်သေးတာပဲ။ - သစ္စာနီ

  • ပြန်ပြေးသွားချင်တဲ့ ရပ်ဝန်းတွေကို ထပ်မသွားမိဖို့ ကိုယ့်အသားကိုယ် ဆိတ်ထားသင့်ရင်လည်း ဆိတ်ထားရမှာပဲ။ ဘဝမှာ ကိုယ့်ကို သေးသိမ် ကျုံ့ဝင်သွားစေတဲ့ ရပ်ဝန်းတွေကို နှစ်ခါ ခြေမချမိဖို့ လိုတယ်။ - Lionel Sn

  • လိုအပ်ရင် ရွှေနန်းပြဿဒ်တွေထိ ဇိမ်ပြေနပြေ မီးတင်ရှို့လို့ရပါတယ် ကိုယ်ဟာ အမှိုက်တစ်စ ။ - လင်းမာအို

  • မင်းချစ်တာ ငါကြောက်တယ် မိုးစက်ပွင့်လေးတွေကိုချစ်တယ်လို့ မင်းပြောတယ် ဒါပေမယ့် မိုးလည်းရွာရော မင်းက ထီးဆောင်းသွားတယ်။ နေခြည်နွေးနွေးကိုချစ်တယ်လို့ မင်းပြောတယ် ဒါပေမယ့် နေလည်းပူရော မင်း အမိုးအောက်သွားနေတယ်။ လေနုအေးကို ချစ်တယ်လို့ မင်းပြောတယ် ဒါပေမယ့်... လေလည်းတိုက်ရော မင်း ပြတင်းပေါက်တွေထပိတ် တယ်။ အဲ့ဒီတော့... မင်း ငါ့ကိုချစ်တယ်ပြောတော့ ငါ ကြောက်တာပေါ့...။ ။ - BobMarley

  • နာလွန်းရင်လည်း ငိုလို့မရတော့ဘူးတဲ့ အင်း အဲ့တာနှုတ်ဆိတ်တာမဟုတ်ဘူး အံကြိတ်တာ ။ တိတ်တိတိဆိတ်ဆိတ်နဲ့ဆူညံနေတာမျိုး ဖြစ်မှာပေါ့ ။ ။ - ရိပ်ငြိမ်

  • ကမ္ဘာဖျက်သတ္တဝါကြီးတွေ မြို့ထဲ၀င်လာရင် ဘယ်လိုလုပ်ရမလဲလို့ တွေးတတ်တဲ့ အသက်အရွယ်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ်သေရင် အသက်သာဆုံးဖြစ်မလဲဆိုတာ တွေးတတ်တဲ့ အသက်အရွယ် ရောက်လာတာပဲမဟုတ်လား။ - ဏေသစ်

  • “ မသိခြင်းရဲ့ဒဏ်ရာများ ” မင်းစဉ်းစားကြည့်ကွာ ငါ့ပြဿနာအကြီးကြီးတွေကို ငါမေ့ထားတယ် ။ မင်းပေးတဲ့နာကျင်မှုဆိုတာလည်း ငါ့ဆီမှာဗလာနတ္ထိ ၊ ငါကမင်းရဲ့မကောင်းမှုတွေကို ရှင်းလင်းတဲ့နတ်ဆိုး ၊ ငါကမင်းရဲ့ဆုတောင်းတွေကို ဖြည့်ဆည်းပေးတဲ့ကြေးစည် ။ ငါက ငါ့ဒဏ်ရာငါ‌ဆေးကုပြီး ငါ့ဒဏ်ရာငါဆေးထည့်နေလို့ မင်းကိုငါ့ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် မဖတ်ထားမိတာမျိုးလည်း ရှိနိုင်တာပေါ့။ အဲ့လိုအချိန်မှာ မင်းရဲ့မယုံကြည်ခြင်းတွေနဲ့ မင်းပြောလိုက်တဲ့စကားတွေက ရင်ဝကိုဓားနဲ့ စောင့်ထိုးသလိုပဲ ။ မင်းစဉ်းစားကြည့်ကွာ အနောက်ကသွေးကမတိတ်သေးဘူး၊ ရှေ့ရောနောက်ပါသွေးကထွက်နေတာ ။ - သင်းမြတ်စံ

  • ည 11 နာရီ။ တစ်မြို့လုံး အိပ်ပျော်သွားတဲ့ အချိန် ငါ့အတွေးတွေက မင်းဆီမှာ နိုးနေတုန်းပဲ။ မလွမ်းတော့ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် လိမ်ခဲ့မိတယ်။ ဖုန်းကို ကိုင်လိုက်၊ ချလိုက် နာမည်ကို ရိုက်လိုက်၊ ဖျက်လိုက်နဲ့ ညတွေမှာ အလုပ်ရှုပ်နေခဲ့တယ်။ မာနက စာတွေ "မပို့ပါနဲ့" တဲ့။ ရင်ဘတ်ကတော့ "လွမ်းတယ်" တဲ့။ ဒီည ဘယ်သူ့အသံကို ပိုနားထောင်ရမလဲဆိုတာ ငါ မဆုံးဖြတ်နိုင်သေးဘူး။ - han_phyo

  • အဖေ့ကို စမတ်ဖုန်းသုံးနည်း သင်ပေးတော့ ဖြည်းဖြည်းနဲ့ လေးလေးနက်နက် သူသင်ယူတယ်။ ငယ်ငယ်တုန်းက ကိုယ့်ကို စာရေးတတ်အောင်၊ လမ်းလျှောက်တတ်အောင် သင်ပေးတဲ့ သူ့ပုံရိပ်ကို လှမ်းသတိရလိုက်တယ်။ အခန်းကဏ္ဍပြောင်းသွားတဲ့ အခိုက်အတန့်မှာ အချိန်ရဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ် မြင်တွေ့ရလိုက်တယ်။ - နိုင်းနိုင်းစနေ

  • 21 июн.7381310

    အချစ်ဆိုတာ ကိုယ်ပေးတိုင်းလည်း သူမရပါဘူး၊ ကိုယ်ပေးချင်တိုင်းလည်း သူမယူပါဘူး။ - တက္ကသိုလ်ဘုန်းနိုင်

  • နှစ်တွေ ကြာလာခဲ့ရင် ငါလည်း နေသားကျပြီး ပျော်နိုင်သွားမှာပါ။ ငါ့ကို တန်ဖိုးထားပြီး မြတ်နိုးပေးမယ့်သူကိုလည်း တွေ့ရဦးမှာပါ။ အဲဒီအခါကျရင် သူ့လက်ကို တင်းတင်းဆွဲထားပြီး ဘယ်တော့မှ လွတ်ထွက်မသွားအောင် ငါကြိုးစားမယ်။ ငါ့ရဲ့ ဆန္ဒအတိုင်း တောင်တန်းတွေရယ်၊ ပန်းတွေ ရှိတဲ့အရပ်မှာ ငါနေမယ်။ ငါ့ရဲ့ မနက်ခင်းတိုင်းကို သူနဲ့ စပြီး အိပ်စက်ချိန်တိုင်းလည်း သူနဲ့ပဲ ဆုံးမယ်။ သူ့ဘဝအတွက် ငါက မရှိမဖြစ် ဖြစ်ပြီး ငါ့ဘဝကလည်း သူ မရှိမဖြစ်အောင် နေမယ်။ သူတစ်ယောက်ထဲကိုပဲ တစ်ဘဝလုံးပုံအပ်ပြီး ချစ်ပေးဖို့ ငါကြိုးစားသွားမယ်။ - han_phyo