The sanctuary of timeless poems
Статистикаကဗျာဆိုတာ ကိုယ်ရေးကိုယ်တာတွေ မြီးကောင်ပေါက်ခြင်းတစ်မျိုးပါပဲ - သန်းတင့် Channel created - 8.5.2024(Wed)
- Последний пост
- 12 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 266
- 1/48двое суток
- 304
- 1/72трое суток
- 328
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အချိန်တွေ အများကြီးကုန်ဆုံးသွားတဲ့အခါ ကွဲပြားတဲ့ကမ္ဘာနှစ်ခုမှာ ကိုယ်စီရှင်သန်ရင်း ဘူတာရုံတစ်ဖက်ခြမ်းမှာ တစ်ယောက်ကိုတစ်ယောက် လှည့်မကြည့်နိုင်ခဲ့ကြတဲ့ ခေတ်ဆိုး။ - သွယ်မြိတ်
ဘယ်တော့မှ မခွဲဘူးနော်ဆိုပြီး ညာသွားတဲ့သူကို ငါလည်း ဘယ်တော့မှ စောင့်နေမှာမဟုတ်ဘူးလို့ ပြန်ညာခဲ့တယ် ကိုယ်မှ အကျောမခံချင်ဘဲကွယ် . . . ။ -မာရီယာလင်း
ငါခေါ်မှ ထူးတယ် ငါမေးမှ ဖြေတယ် ငါ့ဘက်က တိတ်ဆိတ်နေရင် မင်းဘဝလေးဟာ အေးချမ်းနေရော ။ -နွေသစ်ငြိမ်း
နွေတို့ မိုးတို့ ဆောင်းတို့တောင် သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ ငါ့မှာတော့ မင်းတစ်ယောက်တည်း တစ်နှစ်ပြီးတစ်နှစ် ။ -အောင်ခိုင်မြတ်
နိဗ္ဗာန်ဝင်ပေါက်က လှည့်ပြန်ပြီး သံသရာကို ဆွဲဆန့်မိတဲ့ အကြောင်းရင်းက မင်းကို မြတ်နိုးလွန်းလို့ပဲ ။ -လင်းမာအို-
ခဲမှန်ခဲ့ဖူးကြောင်း မေ့နေသည့်အခိုက်မှာ အမာရွတ်တွေဟာ အသက်ထရှူတယ် ။ - အာဒံ အတိတ်ကိုသာ ပြန်ရနိုင်မယ်ဆိုရင် အကြည့်ချင်းဆုံပြီး ပြုံးနေမိတဲ့ အခိုက်အတန့်မှာပဲ ပျော်သလောက် နေပစ်လိုက်ဦးမယ် ... ။ - သွယ်မြိတ်
သေခြင်းတရားကလွဲရင် မင်းကို အကြောက်ဆုံးပါ။ ထို့အတူ... ငါ့ကိုယ်ငါကလွဲရင် မင်းကို အချစ်ဆုံးပါကွယ်။ -မင်းလူ
" အုတ်စီရင်း သီချင်းညည်းတယ်ဆိုတာ မဆလာသယ်တဲ့ကောင်မလေးအပေါ် ပန်းရန်ဆရာရဲ့ လူပျိုလှည့်တေးပါ " -ဆန်းကျော်စွာဝင်း
ကောင်းကောင်းဆိုးဆိုး တစ်စိတ်တစ်ပိုင်းဟာ အစိတ်အပိုင်းပဲမို့ ဆုံးရှုံးသွားရင် လစ်ဟာနေမယ်ထင်တာပဲ" # နွယ်
လူတစ်ယောက်ကို ချစ်ခြင်းဟာ ပိုင်ဆိုင်ရခြင်းဆိုတဲ့ ပန်းတိုင်မှာ အဆုံးသတ်တာ မဟုတ်ပါဘူး လူတစ်ယောက်ကို ပိုင်ဆိုင်ရတိုင်းလဲ သူ့အချစ်ကို ရတယ်လို့ မဆိုသာပါဘူး ဘာကြောင့်လဲဆိုရင် ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းက တိုက်ရိုက်အချိုးကျနေတဲ့ ပုံသေနည်း တခု မဟုတ်လို့ပဲဗျာ - တက္ကသိုလ်ဘုန်းနိုင်
ငါလည်းထိုင်ခုံရချင်တယ် မင်းက ဘတ်စ်ကားပေါ်မှာ ထိုင်ခုံရတဲ့ကောင်မလေးပဲဆိုပါတော့၊ ငါလည်း မင်းဘေးကကောင် ထသွားမှာကို မျှော်နေဖို့ပဲ တတ်နိုင်တယ်။ မင်းလည်း ငါသက်သာအောင် ငါ့အိတ်ကလေး ယူထားပေးတဲ့ အဖြူထည်စိတ်ကလေးပဲ တတ်နိုင်တယ်။ -သွယ်မြိတ်
ငါဖြစ်ချင်တဲ့အတိုင်းသာပြောရရင် ငါဘာမှမဖြစ်ချင်ဘူး။ ငါချစ်ချင်တဲ့အတိုင်းသာချစ်ရရင် ငါဘယ်သူ့ကိုမှ မနစ်မွန်းစေချင်ဘူး။ ကလေးကာတွန်းတွေလောက်ပဲ သိတဲ့ကောင်ပါ၊ ဘလက်ဟိုးထဲခုန်ဆင်းဖို့အထိတော့ ငါ့မှာ အရောင်တွေမစုံသေးဘူး။ -သွယ်မြိတ်
ဘဝမှာ ဘာအလိုရှိရဦးမှာလဲ... ကမ္ဘာကြီးကိုလား... ချမ်းသာကြွယ်ဝမှုကိုလား... စွမ်းအားတွေကိုလား... အာဏာကိုလား... ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်သူလေးရဲ့ မေတ္တာတွေ ရရင်... ဘဝမှာ ဘာကိုထပ်ပြီး အလိုရှိရတော့မလဲ... ။ -လောင်ချိတ်
မွေးနေ့ကဗျာ ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။ ကျေးဇူးတင်လှတယ်၊ ပြေးစရာမြေလေးတစ်ကွက် ငါ့အတွက်ချန်ခဲ့ကြ၊ နောက်နေ့များမှာ အတူတူရှိရအောင် မီးစလေးတွေ ထွန်းညှိကြမယ်။ ပျော်စရာတွေကိုမျှဝေဖူးရင် ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။ လာပါ၊ ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ ဝင်ထိုင်ကြပါ။ -သွယ်မြိတ်
Happy birthdayပါ ဆရာသွယ်မြိတ်ဗျ🫧 နောက်ကျသွားတဲ့အတွက် ဆောတီးပါဗျာ မာရီယာ - ၂၀ အသက်၂၀ကျော်ခဲ့ပြီ မာရီယာ ရက်၂၀တောင် မကြာလိုက်သလိုပါပဲ ငါပဲမှတ်ဉာဏ်အားနည်းတာလား မင်းကိုပဲ အချိန်ထက်ချစ်မိတာလား ။ နောက်ထပ်ကဗျာကောင်းလေးတွေ ဖန်တီးရေးသားနိုင်ပါစေဗျ။🍓
❝ တူနှစ်ကိုယ် အချစ်ခရီး ❞ မင်းတို့မြို့ကိုသွားတဲ့ ဘယ်ရထား၊ဘယ်ကားနဲ့မဆို ဘယ်လေယာဉ်၊ ဘယ်သင်္ဘောနဲ့ပဲ ဖြစ်ဖြစ်... မင်းရင်ခွင်ကိုရောက်မဲ့လမ်းမှ ငါမတွေ့မိပဲ ။ မင်းဆီရောက်ဖို့ဆို အကွာအဝေးတွေ နီးဖို့၊ဝေးဖို့မလိုဘူး မင်းရင်ထဲမှာ ငါရှိ၊မရှိ လှမ်းမြင်ရရင်ရပြီ ။ မင်းဘာမင်း ဘယ်သွားသွား၊ဘာစားစား ဘယ်လိုပြောပြော နှလုံးသားနဲ့ ကိုယ်ပါရမီဖြည့်မယ် ။ # စာတိုငဖြူ
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရခဲ့ရင် မင်းနဲ့စတွေ့ခဲ့တဲ့အချိန်ကိုပြန်သွားချင်တယ် ဒါဆိုရင် ငါတို့ဟာ ငါတို့ပီသနေခဲ့မှာ.....။ # နွယ်
စာလေးတွေပြန်တင်မှာမို့ ဝန်းရံပေးပါဦး❣️ စာမူအပ်ချင်ရင် @yawwii ကိုလာနိုင်ပါတယ်" # နွယ် #adm
မင်းမရှိတော့ငါဟာလူမိုက် မင်းရှိတော့ငါဟာလူညံ့ ။ -၀င်းမြင့်
နှစ်ထပ်ကော်ဘောလုံးလေးတွေမြင်ဖူးလား "မမ" တစ်ဦးရဲ့ အနာတရအတွက် နောက်တစ်ဦးရဲ့ ရင်ကိုခွဲပြီး ကာကွယ်ပေးတာမျိုးလေ "မမ" ကျွန်တော့်ကို မြင်ဖူးတယ်မလား။ -ဘုန်းပြည့်စုံမင်း