- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 14
- Всего постов
- 79
- Тип
- открытый
- Язык
- my
- Категория
- Музыка
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 685
- 1/48двое суток
- 904
- 1/72трое суток
- 974
Медиана по постам, которые мы застали свежими и померили через сутки.
Посты
လွမ်းလို့ ပြေးတွေ့ခွင့်မရှိတာ ၊ လက်ဖျားလေး ထိထားလို့မရတာ တစ်ယောက် မျက်ဝန်းလေးထဲ တစ်ယောက် ထည့်ထားလို့ မရတာ ၊ ဝမ်းနည်းစရာ ဖြစ်ရပ်တွေ ကြုံရတိုင်း တစ်ယောက်နဲ့ တစ်ယောက်ကြားနိုင်လောက်တဲ့ အကွာအဝေးတွေမှာ မရှိနေတာ ။ ဘယ်လောက်များ ဝမ်းနည်းစရာ ကောင်းလိုက်လဲ ။ - ခက်နှောင်
ပြန်လာချိန်လေး - Fb page https://www.facebook.com/share/v/1LneRP2sbq/
ကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် -မောင်ဆောင်းခ ကြယ်ပန်းလေးနှင့်ချစ်ခြင်းရဲ့positiveများ || Adjustor
29 story - ZiGdgafxxk
လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို မေ့ဖျောက်လေ့မရှိကြဘူး မင်းက ကိုယ်မမေ့ချင်တဲ့ ပန်းကလေးတစ်ပွင့် ပါပဲ ။ ဒီထက်ပိုရင်တော့ ကိုယ့်ဥယျာဉ်ထဲ ရှားရှားပါးပါး ပွင့်ခဲ့တဲ့ပန်းကလေးပေါ့ ကိုယ်အရူးတယောက်လို တသသဖြစ်ခဲ့တာလည်း မဆန်းပါဘူး ။ #ဂန္ဓမာ #ဖူးပွင့်ဒေလီယာ
တချို့လူတွေ ဘဝထဲ ဝင်လာတာက အတူတူရှိနေဖို့ မဟုတ်ဘူး ။ မှတ်မိနေဖို့ပါ ။ - အောင်ချိမ့်
သေအောင်ကြိုးစားလည်း သေသာသွားမယ် မရတဲ့ အရာတွေရှိတယ်။ -တာရာမင်းဝေ
တစ်ယောက်ယောက်မရှိလို့ မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး ၊ ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး ။ #ခွန်းညိုသွေး
စကားပြောရင် "အဲ့ဒီတုန်းက"လို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး ။ -စိုးခိုင်ညိန်း
အဆုံးရှူံးမခံနိုင်တဲ့လူအပေါ်ဆို ဝေးသွားဖို့မဖြစ်နိုင်ကြောင်း ပြရတယ်။ ဝေးသွားလည်း ပြသာနာ မရှိသလိုလို ရှိသလိုလို မလုပ်ရဘူး။ ကိုယ်တန်ဖိုးထားရတဲ့လူအပေါ်ဆို သူ့တန်ဖိုးအကြောင်းပြရတယ်ဗျ။ ပြသလိုလိုမပြသလိုလို မလုပ်ရဘူး။ ဒီလိုပဲ ခင်ဗျားချစ်တဲ့လူတစ်ယောက်အပေါ်ဆိုလည်း သူ့ကိုချစ်တဲ့အကြောင်း ပြောရတယ်ဗျ။ ကျနော့်ကိုချစ်သလိုလို မချစ်သလိုလို မလုပ်ပါနဲ့ မနှင်းဆီ။ ကျနော်တော့ ခင်ဗျားကို သိပ်ချစ်တာပဲ။ ▪️စစ်ငြိမ်း
အရူးတွေက ကောင်းပါတယ်ဆရာ သူတို့မှာ ထပ်ရူးစရာမရှိတော့ဘူး။ - ရိပ်ငြိမ်
တစ်ဘဝလုံးရင်းပြီး တစ်ဘဝလုံးရှုံးခဲ့ပါတယ် ။ #ဂန္ဓမာ ကမ္ဘာတစ်ခုလုံး ဆုံးရှုံးဖူးသူသာ ကမ္ဘာတစ်ခုလုံး ပြန်ရလိမ့် ။ #မောင်ချောနွယ်
မင်းနဲ့လွဲပြီး ကတည်းက တစ်ကမ္ဘာလုံးနဲ့ လွဲချော်လာခဲ့တာ အခုထိလည်း တစ်ယောက်တည်း ဖြစ်နေတုန်း ။ - ဂန္ဓမာ
ကမ္ဘာမှာ ငါမရခဲ့တဲ့ အနာတရတွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ -ဂန္ဓမာ
ဝေးသွားပြီဆိုရင်လည်း ဘယ်တော့မှ ပြန်မတွေ့နိုင်အောင် ဝေးချင်တယ် အကယ်၍ ကံမကုန်လို့ ပြန်တွေ့အခါ သူနဲ့ ပါလာတဲ့ လူက ကိုယ့်ကို မသတ်ပဲ သေ သွား နိုင် တယ် ။ -လောင်ချိတ်
လူတွေဟာ အနည်းနဲ့အများ နာကျင်နေကြ ခက်ခဲနေကြတာချည်း ပဲဆိုတော့ ယုံကြည်လို့ မရကောင်းလားလို့ လိုက်အပြစ်တင်မနေသင့်တော့ဘူး ။ အဲ့အစား ယုံယုံကြည်ကြည် ကျောပေးထားလို့ရတဲ့သူတွေရဲ့ စားပွဲထောင့်စွန်းမှာ ကြောင်တစ်ကောင်လို ခွေအိပ်ပြီး ဘဝကို မထိပ်မလန့် ခပ်အေးအေး ဖြတ်ကျော်ချင်တော့တာပါပဲ ။ ။ ▪️ပြည့်စုံဝင်း
မေတ္တာတရားဟာ ကိုယ့်ဆီကလာပြီး မင်းဆီမှာဆုံးမယ် အိပ်မက်တွေကအစ ကျန်းမာပါစေကွယ် ။ ▪️ခွန်းညိုသွေး
ချစ်ခြင်းမေတ္တာ ဆိုတာ ရုပ်ရည်၊ဂုဏ်ပကာသနတွေမှမဟုတ်ဘဲအချစ်ရယ်။ နွေးထွေးလုံခြုံမှုရှိတဲ့ ရပ်ဝန်းမှာသာ ရနိုင်တဲ့အဖိုးတန်ပစ္စည်းမျိုး။ -ခင်ချောမေ
နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို တစ်ယောက်ထဲ ဆက်လက်သိမ်းဆည်းထားဖို့ ခံနိုင်ရည် မရှိခဲ့သူတွေ။ ▪️ ဂန္ဓမာ
ငါ့သေတော့မယ်လို့ လူတွေကို နှုတ်ဆက်တိုင်း တားမယ့်သူ မရှိဘူး အဲ့သလောက်အထိ ကမ္ဘာမှာ ငါ့အထီးကျန်နေခဲ့တာ ။ - လောင်ချိတ်