- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 7
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 108
- 1/48двое суток
- 123
- 1/72трое суток
- 133
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အိမ်လှေကား အတက်အဆင်း ပခုံးချင်း ဝင်တိုက်ချင်လို့ ခေါင်းအုံးတစ်လုံး နှစ်ယောက်အုံးပြီး အိမ်မက်တစ်ခုကိုနှစ်ယောက်ခွဲပြီး မက်ကြရအောင် ဘဝမှာ ကျွန်တော့်တီရှပ်တွေ မတော်ပဲယူဝတ်မယ့် မိန်းကလေးတစ်ဦး လိုအပ်ပါတယ်။ -ဆန်းကျော်စွာဝင်း
အချစ်ကိုအသက်အရွယ်နဲ့ ဖော်ပြခိုင်းမယ်ဆိုရင် "ကျွန်တော်အူဝဲလို့ အော်နေချိန်မှာ" သူက အရာရာကို စဉ်းစားနားလည်တတ်နေပြီ။ -လွန်းသန့်
(၁) ညတွေကို မှတ်မိတယ် အတိတ်တွေကို တွေးမိတယ် သီချင်းသံတွေ ကြားရတယ် ငါ့ ကမ္ဘာရဲ့ တဖက်ခြမ်းမှာ ငါ ကလွဲရင် ကျန်သူအားလုံး ပျော်စရာကောင်းနေ ပုံရတယ် ။ (၂) ဘယ်သွားသွား လက်သီးဆုပ်ထားတယ်ဆိုတာ ဘဝကို ရင်ဆိုင်ဖို့ပါပဲ ဘာမှတော့ မပိုင်ပါဘူး ။ "တရစ်ပြီးတရစ် တိုးနေတဲ့ရက်တွေက အချိန်တွေ ပုတ်လာတာ သတိထားမိလား"။ (၃) ရေကန်သင့်ကြာသင့် လမ်းကြောင်းကို ဖယ်ကျဥ်ချင်ခဲ့တာ နောင်တရခဲ့ပါပြီ ။ နောက်ဆို လွယ်တဲ့လမ်းမှာ လျှောက်ပြီး ကြမ်းတဲ့လမ်းတွေ အကြောင်း သင်ယူပါ့မယ် ။ (၄) စည်းစိမ်ထူးတဲ့ ညတွေကို သိလား အရက်တပုလင်း ဆေးလိပ်တဗူးနဲ့ ဘယ်လူလာလာ စောက်ဂရုမစိုက်တဲ့အထာ အဲ့တာ သူ့ကမ္ဘာ သူ့နိဗ္ဗာန် လာထိပါးရင် ပုလင်းနဲ့ရိုက်ချင်ရိုက်မယ် ချော့မော့ပြောရင် ပြန်ထိုင်သောက်မယ် ဒါဟာ သူတို့ထုံးစံ ။ (၅) ကိုယ့်ကိုကိုယ် သတ်သေတာဟာ အရူးလုပ်ရပ်တဲ့၊ ဘဝဟာ ကြမ်းတယ်ဆိုပြီး ပင်လယ်ပြာထဲ ခုန်ချသူတွေဟာ ရေငတ်ပြေမယ် ထင်ခဲ့ကြယုံ ။ (၆) ရေခိုးရေငွေ့လေ တက်လိုက် ပြန်ကျလိုက် တက်သွားလိုက် ပြန်ကျလာလိုက် နဲ့ အလုပ်ဆင်းကြသလို တိတိကျကျ ရှိလှတယ် ။ ပြေးနေလဲ အပို ရပ်နေလဲ မထူး လှုပ်မရ တိုးမရ လူပုံအလယ်မှာ အရူးတစ်ယောက် ရေပေါ်ဆီလူ့အဖွဲ့အစည်းကို မုန်းတီးနေတယ် ။ (၇) ခများ မှတ်မိသလား ဘဝမှာ ပထမဆုံး သူငယ်ချင်း ဘဝမှာ ပထမဆုံး အမှတ်တရ ဘဝမှာ ပထမဆုံး ချစ်သူ ဘဝမှာ ပထမဆုံး အမှား အဲ့တိအချိန်တွေ ခများ မှတ်မိသလား ။ ကျွနိုပ်ပြောတာ မကြားရရင် မေ့ထားလိုက်တာ ကောင်းပါလိမ့်မယ် ။ (၈) လူတစ်ယောက်ပြောဖူးတယ် "အချစ်ဟာ ဝဋ်လို့ သတ်မှတ်ထားရင် အတိတ်မှာ ခများကုသိုလ် နည်းခဲ့လို့ပဲ" ။ (၉) ငြိမ်ငြိမ်ကလေးပေါ့ ပြဿနာကို မီးမွှေးမရှာပေမယ့် သူ့အလိုလို မီးထတောက်တဲ့အခါ ငြိမ်ငြိမ်ကလေး နေလိုက်ပေါ့ ။ (၁၀) မြေပြင်ဟာ အန္တရာယ်များတယ် ကောင်းကင်မှာ ဒါမှမဟုတ် တိမ်တွေပေါ်မှာ နေထိုင်ခွင့်ရဖို့ ဘယ်ကို ဗီဇာတင်ရမလဲ ။ (၁၁) ယောက်ျားတန်မဲ့ ချုံးပွဲချ ငိုခဲ့မိတာတွေလဲ ရှိခဲ့ပါရဲ့ ။ အပ်ကျသံကအစ နားထောင်တတ်တဲ့ နှလုံးသားဟာ ဘယ်နေရာမှာမဆို အထိနာပါတယ် ။ (၁၂) အဆင်မပြေဘူးဆို စီးကရက်တွေကို ခပ်ရဲရဲခြေမွလိုက်ပါ ။ ရေးပြလို့မှ လက်ရေးမလှရင် ဒီလူတွေ အပြစ်တင်ကြတာ ဆန်းသလား ။ (၁၃) နိုင်ငံနဲ့အပြိုင် ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ငါခြေလှမ်းတွေ ။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါ့တသက်တာ ခရီးဟာ ခပ်ဝေးဝေးမှာ၊ ငါးလှမ်း၊ ခြောက်လှမ်း ။ (၁၄) ပန်းတွေ ပွင့်တဲ့ရက်တွေလေ ငါ့ဘဝမှာ မရှိဘူး အရာရာဟာ ပုံမှန်လိုပါပဲ ဆင်တူယိုးမှား နေ့တွေကို ပြက္ခဒိန်မှာ မှတ်ထားတယ် ။ (၁၅) ပန်းတွေမှာ ရနံ့ရှိသလို မှတ်ဥာဏ်တွေမှာ အလွမ်းရှိသလို အရိပ်မှာလဲ ခံစားချက်တွေ ရှိနိုင်တယ် ။ Bar ဆိုင်ဘေးက အရက်သမားအပေါ် ခများတို့လူတွေ စာနာစိတ်ရှိကြသလား ။ (၁၆) ဒီနေ့ ဖန်ဆင်းရှင်နဲ့ ရန်ဖြစ်ထားတယ် သူ့အလိုကျ ငါ နေရပြီး ငါ့ အလိုကျ သူ မပေးဘူး ။ မတရားပေမယ့် ငါ ဟားတိုက်ရယ်မောခဲ့တယ် ။ (၁၇) ခပ်မြင့်မြင့်တိုက်ကြီးတွေက ငါ့ဘဝရဲ့ နေရောင်တွေကို နေ့တဝက်လောက် ဖုံးအုပ်ထားတတ်တယ် ။ ပုန်းရှိုးကွယ်ရှိုးနဲ့ ညနေခင်းတွေကို ငါ့မှာ ချစ်ရတာပေါ့ ။ (၁၈) အဆက်မပြတ် ရွေ့နေရတဲ့ ဘဝတွေမှာ လမ်းဘေးက သွေးကွက်တွေအပေါ် ကြောက်လန့်ခွင့်မရှိဘူး ။ ပုတ်သိုးနေတဲ့ခေတ်ထဲ ခပ်တိုးတိုးလေး တစ်နှစ်ထပ်တိုး ကြီးပျင်းရတာ ဘဝမှာ အရသာမို့လား ။ -ဟီဒရာ ငါ့ဘဝရဲ့ကဗျာသေများ
လူတော့လူ အိမ်မက်တွေထဲမှာ နစ်မြုပ်နေတဲ့လူ -တာရီ
11:11✨ ချစ်လှစွာသော လောကဓံတရားရေ... ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။ ▪️မောင်ချောနွယ်
ထွက်မသွားဘူးလို့ ကျနော်ပြောတဲ့အခါ စိတ်ချလက်ချယုံပေးပါ... ကိုယ်အချစ်ဆုံးတစ်ယောက်ကို ထားသွားနိုင်လောက်တဲ့ နှလုံးသားမျိုး ကျနော့်မှာတကယ်မရှိပါဘူး... - မိုးနေ့
အဆင်ပြေရဲ့လား။ သတိရနေသေးလား။ မေ့ပြစ်ချင်လောက်စရာ အကြောင်းရာတွေရှိတာ ငါသိပါတယ်။ နွေမိုးဆောင်း ရာသီတွေသာ အလီလီပြောင်းတယ်။ ငါ့မှာ ညမနက်တိုင်း အသဲကလဲ အခါခါကွဲရသေးတယ်။ -ရွက်လှေ
တစ်ယောက်ယောက်ကြောင့် ချစ်ရသူ ပျော်နေရင်လည်း ကိုယ့်အတွက်တော့ နိဗ္ဗာန်ပါပဲ။ -ကြည်နူးမေ
ပိုင်ဆိုင်လိုစိတ်မရှိပါဘူးကွယ် ကျန်ရစ်ခဲ့မှာချင်း အတူတူ မြင်နေရုံလေးနဲ့တင် ကျေနပ်လှပါပြီ ။ -ဟာရီ -ပန်း
အပြာရောင်တွေဟာ... မခင်နီလာနဲ့ သိပ်ကိုလိုက်တယ်။ ကျွန်တော်အပြာရောင်တွေကို ချစ်တယ်...။ ရယ်လိုက်တိုင်းမှေးစင်းသွားတဲ့ မျက်လုံးအိမ်ကလေးရယ် ပြုံးလိုက်တိုင်း ပေါ်လာတဲ့ သွားတန်းကလေးတွေရယ်... အို...မခင်နီလာ...မခင်နီလာ... ဘယ်လိုတောင်ပြောရပါ့ဘိ သိပ်သိပ်ကိုလှရက်ပါတယ်လေ။ -လွန်းသန့်(သို့မခင်နီလာ)
"ဟေ့လူ သေမလို့လား"တဲ့ မဟုတ်ပါဘူး လေး၊ ငါး၊ ခြောက်မိနစ် ကိုးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ် တရေး တမှေး တမှိတ် ခေတ်ကြီးနဲ့ ဝေးသွားသလို အိပ်ချင်လို့ပါ။ - အောင်ချိမ့်(၁၉၄၈-၂၀၂၁)
ခွင့်လွတ်ပါ ... လေထဲဆောက်ခဲ့မိတဲ့ အိမ်တွေအတွက် တိမ်တွေကို အားနာရပါတယ် ။ - မောင်ခက်လူ
ချစ်တယ်ဆိုတာ လွတ်လပ်ခွင့်ကို မကျူးကျော်ခြင်းပါ ။ ဘယ်တော့မှ မလေးလံစေခြင်းပါ ။ တကယ်တော့ ချစ်တယ်ဆိုတာ အသက်ရှူပေးနေရုံနဲ့တင် ကျေးဇူးတင်နေရခြင်းပါ ။ - မြကျေး
နင်နဲ့ဝေးရင် သေမှာ အဲ့တာ အလကားပြောတာ ၁၀နှစ်သာကြာတယ် အခုထိငါအသက်ရှင်နေတုန်း တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့ အသက်ရှူကြပ်တာကလွဲရင် ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ။ -ဆန်းကျော်စွာဝင်း
ကဗျာစစ်စစ် ဖတ်ချင်တယ် ဒီမိုကရေစီစစ်စစ် ရချင်တယ် အိပ်ရေးဝဝ အိပ်ချင်တယ် မေတ္တာစစ်စစ် ရချင်တယ်။ -ဥသုဏ်နီ
လမ်းအတူတူ ဖြတ်ကူးရင်းတောင် တစ်ယောက်ယောက်က ရူးသွားနိုင်တဲ့ခေတ်လေ မီးလောင်နေတာကတော့ လမ်းတွေအားလုံးပါပဲ။ - ကြည်ဇော်အေး
မခင်ပျိုကို ကျွန်တော်ချစ်တယ် “ဘယ်လိုလဲရှင်” လို့ မေးမလို့လား။ မမေးနဲ့မခင်ပျို၊ ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး သက်သေထူဖို့ မဟုတ်ဘူး ရှင်းပြလို့လည်း ရချင်မှရမယ် ထူစရာသက်သေလည်း ရှိချင်မှရှိမယ် ရှိတယ်ထားဦး၊ယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲ၊ ချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။ ။ -ဇော်ဇော်အောင်
မျက်ရည်များဖြင့်ရေးခဲ့ပါတယ်။
အခန်းကျဉ်းတွေရဲ့ထရော်မာ _ တံခါးဘောင်အပြင်ဘက်မှာ အဖေပြင်ပေးတဲ့ မနက်စာ ဆောင်းလေဖြစ်ဖြစ် နွေနေဖြစ်ဖြစ် အေးခနဲ့ နွေးခနဲ့ ကျွန်တော် အသင့်စားသုံးချင်တယ်။ အိမ်ခေါင်မိုးလေး ပြိုကျတုန်းက ကျားကန်ဒေါက်တွေ တဝုန်းဝုန်း လောကကြီးကို မုန်းတဲ့မိုးတွေ တရကြမ်းရွာသွန်းလို့။ သုညကစတဲ့ ဘဝတွေမှာ အဆုံးမှာလည်း သုညပဲ၊ ဖေဖေဟာ ထားခဲ့တယ် ဖေဖေဟာ ကဗျာဆရာတစ်ယောက်ကို ထားခဲ့တယ်။ ပြုံးပြုံးပြီး ကျတတ်တဲ့ မျက်ရည် အဖေလိုခေါ်ရင်တောင် မထူးတော့တဲ့ အဖေ၊ တခြားမိသားစုတွေ မြင်ရင် အတွင်းစိတ်မှာ စိတ်အပုပ်ပွနဲ့ တချိူ့အချိန်တွေတော့ မနာလိုတယ် အဖေ။ ဒို့တတွေ သားအဖ နောက်ဘဝ ထပ်ဆုံဖြစ်ရင် မည်မျှချစ်ကြောင်းနဲ့ ဒီဘဝကြုံရစုံရ မိန်းကလေးတွေကြောင့် စောက်သဲတွေကွဲ လူတွေကိုကြောက်စိတ်နဲ့ တစ်ယောက်ထဲနေခဲ့ကြောင်း၊ အသက်ရှူရတာ မောလွန်းလို့ မလွတ်လပ်တဲ့နှိုးထခြင်းတွေပါ ဖေဖေရယ်။ ရက်လည်ည၊ ဖေဖေနှုတ်ဆက်တုန်းက ပွေ့ဖက်ထားခဲ့ရမှာဆိုတာ နောင်မှရတဲ့ သားနောင်တ။ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာ ကျောက်စရစ်ခဲလို နင်းသမျှကျိတ်ခံရင်း မြက်ရိုင်းတွေလို သန်မာရင်း တစ်ခါတစ်လေ ငိုရင်း တစ်ခါတစ်လေ ရယ်ရင်း၊ ဘဝဟာ ဖေဖေထွက်သွားတဲ့ ၂၁နှစ်လို သိပ်မရိုးရှင်းဘူး ဖေဖေရဲ့၊ အခုကြည့် သား၂၃တော့မယ် ဖေဖေ့ထက် လူ့ဘဝအကြောင်း သားပိုသိတယ်ဆို ဖေဖေမရယ်နဲ့။ - တာရာညို - ကြားရအရပ်မှ သာဓုခေါ်ပါ ဖေဖေ
ဘယ်သူ့ဆီ ခေါင်းထိုးငိုရမှန်း မသိတဲ့နေ့တွေမှာ ငါမင်းကိုသိပ်သတိရတာပဲ ငါတောင်းပန်ပါတယ် ။ -ယဥ်ဝယ်ထက်