Охват к подписчикам
57,9%
ERR
Реакции к просмотрам
0,86%
168 на 38 постов
Пересылки к просмотрам
0,00%
0
Постов в день
0,0
всего 38
Где отзываются чаще
доля реакций к просмотрам- 18 мая 2024 г.ဟိုက်ဒရိုဂျင်လောင်စာအား စျေးချိုချိုနဲ့ ထုတ်လုပ်နိုင်မည့်နည်းလမ်းကို ဂျပန်နိုင်ငံ RIKEN Center က သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ RIKEN Center ကတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်ဆိုင်ရာ သိပ္ပံပညာရပ်တွေမှာ ထိပ်ပိုင်းရောက်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ သမာရိုးကျ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးလုပ်ငန်းတွေ စျေးကြီးမြင့်သွားရတာက Iridium လို ရှားပါးပြီး စျေးကြီးတဲ့သတ္ထုကို ပမာဏတစ်ခုအထိ ထုတ်လုပ်ရေးပိုင်းမှာ ထည့်သွင်းအသုံးပြုရလို့ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂျပန်သိပ္ပံပညာရှင်တွေက Manganese ကို Iridium နဲ့တွဲသုံးခြင်းအားဖြင့် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ Iridium သတ္ထုလိုအပ်ချက်ကို 95% အထိ လျှော့ချနိုင်ခဲ့တာပါ။ ၎င်းရှာဖွေတွေ့ရှိမှုကြောင့် ကမ္ဘာပေါ်မှာရှားပါးပြီး ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးပိုင်းမှာ အရေးကြီးတဲ့ Iridium သတ္ထုပြ_ဿ_နာကို ဖြေရှင်းပြီးသားဖြစ်သလို ဟိုက်ဒရိုဂျင်လောင်စာကိုလည်း သက်သာတဲ့စျေးပမာဏတစ်ခုနဲ့ ဝယ်ယူရရှိနိုင်ဖွယ် ရှိလာပါတယ်။ ယခုတွေ့ရှိထားသည့်နည်းလမ်းသာ သေချာဖွံ့ဖြိုးတိုးတက်လာပါက ဟိုက်ဒရိုဂျင်လောင်စာကို ကမ္ဘာပေါ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးလာနိုင်တော့မှာပါ။ ကာဗွန်အခြေပြုတဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေကို ထိထိရောက်ရောက်လျှော့ချလာနိုင်မယ့်အပြင် ရေလိုပေါများတဲ့အရင်းအမြစ်တွေကို များများစားစား အသုံးပြုလာနိုင်မှာ ဖြစ်တဲ့အတွက် ယခုတွေ့ရှိထားတဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့်နည်းလမ်း ဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီးကြောင်းပါဗျာ။ Ref: Hydrogen Fuel News, Fossbytes #HydrogenFuel #Iridium #Manganese #RIKENCenter #Japan #SustainableAlternatives #KRTech2,47%
- 14 окт. 2024 г.အီလွန်မတ်ရဲ့ SpaceX ကတော့ မနေ့ကပဲ သမိုင်းသစ်တစ်ရပ် ရေးထိုးလိုက်ပြန်ပါပြီ။ 232 ပေမြင့်တဲ့ Rocket Booster (ဒုံးပျံယာဥ်) ပေါ်မှာ Starship အာကာယာဥ်ကို တင်ကာ လွှတ်တင်ခဲ့ပြီးနောက် ၎င်း Rocket Booster ကြီးကို လေထဲမှာတင် ပြန်လည်ဖမ်းယူနိုင်ခဲ့တာပါ။ SpaceX အခေါ် "chopsticks" ဆိုတဲ့ သတ္ထုညှပ်ကြီးတွေနဲ့ Rocket Booster ကြီးကို ဖမ်းယူခဲ့တာဖြစ်ပြီး အပျက်အစီးမရှိ စနစ်တကျဖမ်းယူနိုင်ခဲ့ပါတယ်။ အရင်တုန်းကတော့ Rocket Booster ကြီးတွေကို သမုဒ္ဒရာကြီးတွေထဲ ဆင်းသက်စေတာနဲ့ ဆင်းသက်စင်ကြီးတွေပေါ်ကို ဒေါင်လိုက်ဆင်းသက်ခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့တာပါ။ ထိုသို့ဆင်းသက်စေတာတွေက ပြန်လည်ပြင်ဆင်မွမ်းမံတာတွေ အများကြီးပြုလုပ်ဖို့လိုတာကြောင့် Rocket Booster ကြီးတွေကို အချိန်တစ်ခုကြာပြီးမှ ပြန်လည်အသုံးပြုနိုင်ပါတယ်။ ယခုလို လေထဲမှာတင် Rocket Booster ကြီးတွေကို ဖမ်းယူနိုင်ခဲ့တာကြောင့် ပြန်လည်မွမ်းမံတာ၊ လောင်စာဖြည့်တာနဲ့ နောက်တစ်ခါက်လွှတ်တင်ဖို့တွေကို အချိန်ကုန် သက်သာစွာနဲ့ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Starship အာကာသယာဥ်နဲ့ Rocket Booster ကြီးကိုတော့ တက္ကဆက်ပြည်နယ်၊ Boca Chica မှ လွှတ်တင်ခဲ့တာပါ။ တစ်နေ့ကျရင် လူသားတွေအား Starship အာကာသယာဥ်ကြီးက လပေါ်နဲ့ မားစ်ဂြိုလ်ပေါ်သို့ ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ဆိုထားကြောင်းပါဗျာ။ Ref: SpaceX #SpaceX #Starship #SuperHeavy #ChopsticksCatch #SpaceExploration #KRTech2,23%
- 29 июн. 2024 г.တ_ရု_တ်ကြီးရဲ့ Chang'e 6 လကမ္ဘာစူးစမ်းလေ့လာရေးယာဥ်ကတော့ မကြာခင်ရက်ပိုင်းကပဲ ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာပြီ ဖြစ်ပါတယ်။ ထူးခြားတာကတော့ Chang'e 6 နဲ့အတူတူ လူတွေရောက်ရှိဖို့ခက်ခဲတဲ့ ကမ္ဘာနဲ့အဝေးဆုံး လကမ္ဘာဘက်ခြမ်း (Moon Far Side) ကနေ မီးတောင်ကျောက်နမူနာတွေ ရရှိလာတာပါ။ ၎င်းစူးစမ်းလေ့လာရေးယာဥ်က တ_ရု_တ်နိုင်ငံ၊ အတွင်းပိုင်းမွန်ဂိုလီးယားပြည်နယ်အတွင်းသို့ ဇွန်လ 25 ရက်နေ့က နှစ်သန်းပေါင်း 2.5 သန်းလောက်သက်တမ်းရှိတဲ့ ရှားပါးမီးတောင်ကျောက်တွေနဲ့အတူတူ ဆင်းသက်တာပါ။ Chang'e 6 ကိုတော့ မေလ 6 ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်ပြီး လကမ္ဘာပေါ်မှာ 48 နာရီလောက် ကြာမြင့်ခဲ့တာပါ။ 48 နာရီအတွင်း လမျက်နှာပြင်ကို လွန်သွား (Drill) နဲ့ တူးယူခဲ့တာဖြစ်ပြီး အပြန်ခရီးမှာတော့ တူးထားတဲ့ကျောက်တွေကို ယာဥ်ပေါ်မှာ တင်ယူလာတာပါ။ ယခုအောင်မြင်မှုကတော့ တ_ရု_တ်_ကြီးရဲ့ အာကာသနည်းပညာပိုင်းမှာ အဆင်မြင့်တိုးတက်လာပုံတွေကို မီးမောင်းထိုးပြနေပါတယ်။ လကမ္ဘာပေါ်က ယူလာတဲ့ မီးတောင်ကျောက် 4 ပေါင်လောက်ကို စူးစမ်းလေ့လာဖို့ သိပ္ပံပညာရှင်တွေက စိတ်ဝင်စားနေကြပြီး ၎င်းစူးစမ်းလေ့လာမှုကနေ လမျက်နှာပြင်ရဲ့ဖွဲ့စည်းပုံတွေနဲ့ လကမ္ဘာရဲ့ ဆင့်ကဲပြောင်းလဲလာပုံတွေကို ပိုမိုသိရှိလာနိုင်မယ်လို့ တာဝန်ရှိသူတွေက ဆိုထားကြောင်းပါဗျာ။ Ref: CNN, Fossbytes #Chang'e6 #LunarMission #VolcanicRocks #China #KRTech2,08%
- 5 дек. 2024 г.ပါရာဂွေးနိုင်ငံ၊ Asunción မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် (Intangible cultural heritage) အဖြစ် တရားဝင်စာရင်းသွင်းကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ယခုနှစ် အောက်တိုဘာလကတည်းက ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါဝင်နေတဲ့ မြန်မာ့သင်္ကြန်ပွဲတော်ကို ဒီလထဲမှာ တရားဝင်ကြေညာပြီး အမွေအနှစ် စာရင်းသွင်းလိုက်တာပါ။ မြန်မာ့အတာ သင်္ကြန်ပွဲတော်နဲ့ဆင်တူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ဆုန်ကရမ်ရေသဘင်ပွဲတော်ကိုတော့ အရင်နှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းထဲကို ယူနက်စကိုက ထည့်သွင်းထားတာပါ။ မြန်မာ့သနပ်ခါးကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း (ICH) စာရင်းဝင်ဖြစ်လာဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မြန်မာလူမျိုးတွေ နေ့စဥ်လိမ်းချယ်လေ့ရှိကြတဲ့ သနပ်ခါးကိုတော့ အချို့သောနိုင်ငံတွေနဲ့ ယှဥ်စရာမလိုပဲ မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်စေလိုကြောင်းပါဗျာ။ Ref: BBC Burmese #ThingyanFestival #WaterFestival #UNESCO #IntangibleCulturalHeritage #Thanaka #Myanmar #KRTech1,71%
- 2 авг. 2024 г.ဘီလျံနာသူဌေးကြီးဖြစ်သူ Jared Isaacman ကတော့ အာကာသထဲမှာ လမ်းလျှောက်မယ့် ကမ္ဘာ့ပထမဆုံး ဘီလျံနာကြီး ဖြစ်လာတော့မှာပါ။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ လာမယ့်သြဂုတ်လ 29 ရက်နေ့မှာ Jared Isaacman ကို အာကာသထဲ စေလွှတ်တော့မည်ဖြစ်ကြောင်း အီလွန်မတ်စ်ပိုင် SpaceX က အတည်ပြုလိုက်ပါပြီ။ Draken International ကုမ္ပဏီ တည်ထောင်သူနဲ့ Shift4 Payment ကုမ္ပဏီတို့ရဲ့ CEO ဖြစ်သူ Jared Isaacman ကတော့ 2022 ခုနှစ်ကတည်းက Polaris Dawn မစ်ရှင်နဲ့ အာကာသထဲ သွားရောက်ဖို့ စီစဥ်ထားတာပါ။ ထိုအချိန်တုန်းက Falcon 9 ဒုံးပျံယာဥ် ပေါ_က်ပျ_က်_စီးမှုနဲ့ ISS မှာ အာကာယာဥ်ကြပ်သိပ်မှုတွေဖြစ်နေတာကြောင့် Issacman အနေနဲ့ အာကာသထဲ သွားမယ့်အချိန် နောက်ကျနှောင့်နှေးခဲ့ရတာပါ။ Issacman ကတော့ 2021 ခုနှစ်ကတည်းက SpaceX ရဲ့ Dragon အာကာသယာဥ်နဲ့အတူတူ ကမ္ဘာပတ်ခရီးစဥ်တစ်ခု လိုက်ပါခဲ့ဖူးတာပါ။ အခုတစ်ခေါက်မှာတော့ အရင်ခရီးစဥ်တွေထက် ပိုမိုကွာဝေးတဲ့နေရာတွေအထိ သွားရောက်လမ်းလျှောက်နိုင်ဖွယ် ရှိနေပါတယ်။ ၎င်းမစ်ရှင်ကြီးသာ အောင်မြင်ခဲ့ပါက Issacman အနေနဲ့ အာကာသထဲမှာလမ်းလျှောက်တဲ့ ပထမဆုံးခရီးသည် (Space Tourist) ဖြစ်လာဖို့ရှိနေပါ တယ်။ အဆုံးမဲ့လှပတဲ့ အာကာသကြီးထဲသွားရောက်လည််ပတ်လိုတဲ့ ကျွန်တော်တို့လို လေ့လာသူတွေအတွက်တော့ ဒီမစ်ရှင်ကြီးဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမယ့်မစ်ရှင်ကြီး ဖြစ်ကြောင်းပါဗျာ။ Ref: CNN News, Fossbytes #SpaceX #JaredIssacman #SpaceWalk #ISS #KRTech1,30%
- 5 дек. 2024 г.без подписи1,29%
- 9 июл. 2024 г.Nividia ကုမ္ပဏီကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အစောပိုင်းဝန်ထမ်း တော်တော်များများကတော့ အခုချိန်မှာ ဘီလီယံနာသူဌေးကြီးတွေ ဖြစ်ကုန်ကြပါပြီ။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း Nividia ရဲ့ စတော့စျေးနှုန်းတွေက 3,450% အထိ မြင့်တက်လာတာကြောင့် ဝန်ထမ်းတော်တော်များများ ချမ်းသာကြွယ်ဝသွားတာဖြစ်ပြီး အလယ်အလတ်အဆင့် မန်နေဂျာတွေတောင်မှ တစ်နှစ်ကို ဒေါ်လာ 1 သန်းလောက်အထိ ဝင်ငွေရရှိနေတာပါ။ ငွေကြေးပိုင်ဆိုင်မှုပိုင်းမှာ လုံခြုံစိတ်ချလာရတာကြောင့် Nividia ရဲ့ အလုပ်အမှုဆောင်တော်တော်များများအနေနဲ့ အလုပ်မှ တစ်စိတ်တစ်ပိုင်း အနားယူမှု (Semi retirement) ပုံစံတွေပါ လုပ်ဆောင်လာကြပါပြီ။ Nividia CEO ဖြစ်သူ Jensen Huang ကတော့ သူရဲ့ဝန်ထမ်းတွေကို အနားယူတာ မစောဖို့နဲ့ ဝန်ထမ်းကျင့်ဝတ်သိက္ခါနဲ့အညီ တာဝန်တွေကျေပွန်အောင် ထမ်းဆောင်ကျဖို့ တိုက်တွန်းထားတာပါ။ လစာတွေအများအပြားရရှိနေပေမယ့် Nividia ရဲ့ ဝန်ထမ်းတော်တော်များများကတော့ ချမ်းသာတယ်လို့ မခံစားကြရဘူးလို့ စစ်တမ်းတစ်ခုမှာ ပြန်ဖြေထားကြပါတယ်။ "ကျွန်တော်တို့ရဲ့ ဝင်ငွေတော်တော်များများက ကန့်သတ်ထားတဲ့စတော့ယူနစ် (Restricted Stock Units (RSUs)) တွေက လာတာပါ။ အသုံးစရိတ်နဲ့ အခွန်ငွေအတွက် RSUs တွေကို မကြာခဏ ထုတ်ရောင်းရလေ့ ရှိပါတယ်" လို့ Nividia အင်ဂျင်နီယာတစ်ယောက်က ပြောဆိုထားပါတယ်။ လူဆိုတာမျိုးကလည်း "ရလေလိုလေ အိုတစ္ဆေ" ဖြစ်တဲ့အတွက် ဘယ်လောက်ပဲငွေဝင်နေပါစေ ကျေနပ်မယ့်အမျိုးတော့ မဟုတ်ကြောင်းပါဗျာ။ Ref: Fossbytes, Yahoo Finance #Nividia #Billionaires #JensenHuang #StockPriceSurge #KRTech1,27%
- 26 мая 2024 г.без подписи1,24%
- 1 окт. 2024 г.ထိုင်းမှာ ဒေါ်လာ 1 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမယ့် Google -------------------------------------------- ထိုင်းနိုင်ငံမှာ Data Center နဲ့ Cloud Region တွေ တည်ဆောက်ဖို့အတွက် Alphabet Inc's ရဲ့ လက်အောက်ခံကုမ္ပဏီကြီးဖြစ်တဲ့ Google က ဒေါ်လာ 1 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမှာပါ။ လွန်ခဲ့တဲ့မေလကလည်း နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Microsoft က Regional Data Center တည်ဆောက်ဖို့အတွက် ထိုင်းမှာ ဒေါ်လာ 1.7 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုထားပါတယ်။ ဘန်ကောက်မြို့နဲ့ ချွန်ဘူရီမြို့တွေမှာ ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်သွားမှာဖြစ်ပြီး Google ရဲ့ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်ပေါင်း 14,000 ကျော် ဖန်တီးပေးသွားနိုင်မှာပါ။ Cloud လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်ဆည်းရန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ AI နည်းပညာပိုင်း တိုးတက်ရေးအတွက် ရည်ရွယ်ကာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ ဖြစ်တယ် Google က ဆိုထားတယ်။ ၎င်းရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် Google Search ၊ Map နဲ့ Workplace တွေကို အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ထားတယ်လို့လည်းစက်တင်ဘာလ 30 ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ဖွင့်တာဖြစ်တဲ့အတွက် ထိုင်းလူမျိုး % ဘယ်လောက်အထိ ခန့်အပ်သွားရမယ်ဆိုတာမျိုး ရှိနိုင်ပေမယ့်လည်း ထိုင်းနိုင်ငံတွင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးလည်း အများအပြားရှိနေတဲ့အတွက် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးမှာ လုပ်ရမယ့်အခွင့်အရေးကို မြန်မာနည်းပညာသမားတွေ အမိအရရယူနိုင်အောင် ကြိုးစားကြစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံတွင်း လာဖွင့်ခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဘယ်သူနဲ့မှလုစရာမလိုပဲ မြန်မာလူမျိုး % ဘယ်လောက်အထိ ခန့်ရမယ်ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့...။ Ref: Reuter #Google #Thailand #DataCenter #CloudRegion #AI #Investment #KRTech1,20%
- 8 дек. 2024 г.အီလွန်မတ်စ်ရဲ့ AI Chatbot ကြီးဖြစ်တဲ့ Grok ကိုတော့ X(Twitter) ပေါ်ကသူတိုင်း free အသုံးပြုခွင့်ရရှိသွားပါပြီ။ အရင်တုန်းက Premium Subscribers တွေသာ အသုံးပြုခွင့်ရှိတဲ့ ၎င်း AI Chatbot ကြီးကို လွန်ခဲ့တဲ့ရက်ပိုင်းကစလို့ free users တွေကိုပါ ပေးသုံးလာတာဖြစ်ပြီး free users တွေအနေနဲ့ 2 နာရီတိုင်း မက်ဆေ့ 10 ခုကို Grok ဆီပေးပို့ခွင့်ရလာတာပါ။ မိတ်ဆွေတို့ရော X(Twitter) သုံးတယ်ဆိုရင် Grok ကို သွားရောက်စမ်းသပ်အသုံးပြုကြည့်လိုက်ကြပါဦး။ Grok ကိုတော့ xAI ကုမ္ပဏီကြီးက လွန်ခဲ့တဲ့နှစ်ကတည်းက "Humorous AI Assistant" ဆိုပြီး စတင်မိတ်ဆက်ခဲ့တာပါ။ ယခုနှစ် ဩဂုတ်လအတွင်းမှာလည်း Image Generation Feature ကိုတော့ Grok အတွင်းမှာ ထည့်သွင်းပေးလာပေမယ့် ထွက်လာတဲ့ image တွေကတော့ မေးခွန်းထုတ်ချင်စရာတွေပါ။ AI Chatbot ကြီးတွေဖြစ်တဲ့ OpenAI ရဲ့ ChatGPT ၊ Google ရဲ့ Gemini၊ Microsoft ရဲ့ Copilot၊ Anthropic ရဲ့ Claude တို့နဲ့ ယှဥ်ပြိုင်နိုင်ရန်အတွက် xAI အနေနဲ့ ကြိုးပမ်းလာတာဖြစ်ပြီး မကြာခင်မှာလည်း Grok AI အတွက် app တစ်ခုထွက်လာမယ်လို့ တာဝန်ရှိသူတွေက ဆိုထားကြပါတယ်။ AI လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရန်ပုံတွေရှာဖွေရာမှာလည်း နောက်ဆုံးအခေါက်အတွင်း $6 ဘီလီယံလောက်အထိ xAI အနေနဲ့ ရှာဖွေနိုင်ခဲ့ကြောင်းပါဗျာ။ Ref: The Verge #GrokAI #AIChatbot #xAI #X #ElonMusk #KRTech1,11%
- 21 июн. 2024 г.မဝေးတော့တဲ့အနာဂတ်မှာ ဖုန်းတွေဒိတ်အောက်သွားပြီး ဖုန်းတွေရဲ့နေရာမှာ Neuralink ဝင်လာမယ်လို့ အီလွန်မတ်စ်က ဆိုလာတာပါ။ Neuralink ကတော့ သူတို့ရဲ့ Brain Chip ကို ပထမဆုံးအကြိမ်အဖြစ် Noland Arbaugh ဆိုတဲ့ အကြောေ_သနေတဲ့ လူရဲ့ဦးနှောက်ထဲသို့ ထည့်သွင်းစမ်းသပ်ခဲ့တာဖြစ်ပြီး အောင်မြင်မှုလည်း ရရှိခဲ့တာပါ။ Arbaugh ရဲ့ဦးနှောက်ထဲသို့ Brain Chip အား ဒီနှစ်၊ ဇန်နဝါရီလကလည်းက ထည့်သွင်းပေးခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ အချို့သောစက်ပစ္စည်းတွေကို Arbaugh က စိတ်နဲ့ပင် ထိန်းချုပ်အသုံးပြုလာနိုင်နေပြီဖြစ်ပါတယ်။ အနာဂတ်ကာလတွေကိုတော့ Neuralink အသုံးပြုတဲ့သူတွေကသာ စိုးမိုးထိန်းချုပ်ထားနိုင်မှာဖြစ်တယ်လို့ မတ်စ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ကြေညာခဲ့တာပါ။ နောက်ထပ် Brain Chip ထည့်သွင်းစမ်းသပ်မှုတွေပြုလုပ်ရန်အတွက် စမ်းသပ်ကုသရေးကိစ္စတွေမှာ ပါဝင်လိုသူတွေကို Neuralink က ရှာဖွေနေတာဖြစ်ပြီး စိတ်ပါဝင်ဝင်စားသူတွေအနေနဲ့ Neuralink ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ သွားရောက်စာရင်းပေးနိုင်ကြောင်းပါဗျာ။ Ref: Fossbytes #Neuralink #ElonMusk #Smartphones #NolandArbaugh #KRTech1,01%
- 30 июл. 2024 г.မီးအားအဝင်မြန်စေရန်အတွက် Supercharger ကို အဝတ်စိုပတ်ပြီး အသုံးပြုနေတာတွေ မလုပ်ကြဖို့ Tesla က သတိပေးချက် ထုတ်ပြန်လိုက်တာပါ။ အချို့သော Tesla ကားအသုံးပြုသူတွေက ၎င်းနည်းကိုအသုံးပြုနေကြပြီး အဝတ်စိုပတ်လိုက်ပါက မီးအားဝင်နှုန်း 58 kW ကနေ 119 kW အထိ တိုးမြင့်လာတယ်လို့ ဆိုထားကြပါတယ်။ ထိုသို့ Supercharger ကို အဝတ်စိုပတ်လိုက်ပါက အပူချိန်ထိန်းဆင်ဆာတွေ ပုံမှန်အလုပ်မလုပ်နိုင်တော့ပဲ အပူချိန်လွန်ကဲမှုတွေနဲ့ ကားပျ_က်_စီးမှုတွေအထိ ဖြစ်သွားနိုင်တယ်လို့ Tesla က သတိပေးချက် ထုတ်ထားပါတယ်။ EV ကားတွေကို လုံခြုံစိတ်ချစွာနဲ့ ထိထိရောက်ရောက်မီးအားသွင်းနိုင်ဖို့ဆိုရင် သင့်တော်တဲ့အပူချိန်ထိန်းစနစ်တွေ လိုအပ်တာပါ။ Tesla ကားတွေမှာ ၎င်းစနစ်တွေ ပါဝင်ပြီးသားဖြစ်ပါတယ်။ မီးအားသွင်းရာက ထွက်လာတဲ့အပူကို အဝတ်စိုလောက်နဲ့က ထိရောက်စွာမထိန်းချုပ်နိုင်တဲ့အပြင် အပူချိန်ထိန်းစနစ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ အ_နှောင့်_အ_ယှက်ဖြစ်သွားစေနိုင်တာပါ။ ဖြစ်လာနိုင်မယ့် အ_န္တ_ရာယ်တွေကို ရှောင်ရှားဖို့အတွက် စနစ်မကျတဲ့အလေ့အကျင့်တွေ မလုပ်ကြဖို့ Tesla အနေနဲ့ တိုက်တွန်းထားပါတယ်။ တိကျမှန်ကန်ပြီး ကြာရှည်ခံတဲ့ ဘက်ထရီအရည်အသွေးရဖို့ဆိုရင်တော့ EV ကားကုမ္ပဏီတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ လိုကြောင်းပါဗျာ။ Ref: Business Insider, Fossbytes #Tesla #SuperCharger #EV #WetTowel #KRTech1,01%