tgindex
ကိုထင် (ခ) လင်းမြတ်

ကိုထင် (ခ) လင်းမြတ်

Статистика

ဟိုဟို သည်သည် ဒီမှာပွါးတော့မယ်။

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
2
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
4 165
−5 за 3 дн.
Сутки
−2
−0,05%
Неделя
 
Месяц
 
Просмотров на пост
1 253
20 постов
Вовлечённость
30,1%
к подписчикам
Постов в день
0,3
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
529
1/48двое суток
606
1/72трое суток
653

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • အချည််းနှီးများကိုအာရုံမရ ******************** ဘယ် သဘင်သည် ဘာဖြစ်တယ် တို့ ဘယ် ဖက်ခွက်စား ဘာလုပ်သွား တို့ ဘယ် လိုင်းပေါ်ဆယ်လီ ဘာပြောပြီ တို့ ဘယ် အဆိုသမား ဘာပြသွား တို့ ကိုယ်တွေကတော့ စိတ်မဝင်စားအား။ တော်လှန်ရေးကာလမှာ “New normal" ဖြစ်အောင်ကြံစည်ဆောင်ရွက်ပါဝင်ပူးပေါင်းသူမှန်သမျှ “အောက်တန်းစားစာရင်း” ထဲတန်းသွင်းပြီးသား။ နောင်အခါကျမှ Undercover မှာဘာတွေလုပ်ခဲ့ပါတယ်ထုတ်ပြောရင်တော့ တမျိုးစဉ်းစားမယ်ပေါ့လေ။ တော်လှန်ရေးအတွက်သုံးစားမရတဲ့ သက်ရှိ-သက်မဲ့-ဖြစ်ရပ် မှန်သမျှကို အကုန်လျစ်လျူရှုပါတယ်။ ဘာတွေကိုအာရုံစိုက်နေသတုန်းလို့မေးရင် (၁) တပ်ပေါင်းစုရဲ့ CoC ရုပ်လုံးပေါ်လာနေတာ (၂) AA က တောင်မော်ဦးရေတပ်စခန်းကို ဆော်နေတာ (၃) မြစ်ဝကျွန်းပေါ်စစ်ရေး အားဆက်ကောင်းနေတာ (၄) ကချင်ဒေသမှာ ဖက်ဆစ်တပ်တွေအထိနာနေတာ (၅) ပဲခူးရိုးမ ရှေ့-နောက်မှာ PDF တွေဆက်သွားနေတာ … … … စသဖြင့် စသဖြင့် ပေါ့လေ။ အရပ်အနားမရှိဘဲ တစိုက်မတ်မတ်ဆက်သွားနေသော နွေဦးတော်လှန်ရေးရဲ့စစ်ရေးလက်တံတွေ၊ နိုင်ငံရေးလက်တံတွေ၊ သံတမန်ရေးလက်တံတွေ ပိုမိုအားကောင်းစေဖို့ကိုသာ ကိုယ်နိုင်ရာဝန်ကိုထမ်းနေမိပါတယ်။ နီးရာစပ်ရာနဲ့ မြန်မာပြည်ဖွါးအားလုံးကိုလည်း အဲသလိုမျိုး စွမ်းသမျှထမ်းကြဖို့ကိုသာတိုက်တွန်းပါရစေလေ … ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • ၂၀၂၆ ဩဂက်ဇ် အထူး ***************** ဒီလတော့ အပြင်ကလည်းဝယ်၊ ကိုယ်တိုင်လည်းပြင်၊ အဖွဲ့အတွင်းလည်းထုတ် အလုပ်သုံးမျိုးလုပ်နေပြီး တော်လှန်ရေးကိုအားဖြည့်နေတာကြာပြီဖြစ်သော “အမှတ် ၁၈၀၈ ဒြုန်းတပ်ဖွဲ့” ကို Activists Burma ကနေ “သိန်းတရာ” ရှာပေးမယ်လို့ ကတိပြုထားပါတယ်။ ကိုင်း AB ဝိုင်းတော်သားများ ရုန်းကြဦးစို့ရဲ့ ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • ခြွင်းချက်မရှိ !!! ********** အမေရီကန်ပြည်ထောင်စု နဲ့ အေဆီယမ်ဥက္ကဋ္ဌများက “ဒေါ်အောင်ဆန်းစုကြည်အားခြွင်းချက်မရှိလွှတ်ပေးရန်” တောင်းဆိုကြကြောင်း The Nation ကရေးသားတင်ပြထားပါတယ်။ အဆစ်တို-ထာဝရမဧဠိုးအတွက်ကတော့ “အေဆီယမ်ဟာရေမြွေ” လို့သာသဘောထားမှာပါ။ ကန်ကိုယ်စား နိုင်ငံခြားရေးဝန်မာကိုရူဘီယို ဒါမှမဟုတ် သမ္မတထရမ့်ပ်တို့က စကားတခွန်းနှစ်ခွန်းထုတ်ပြောလာခဲ့ရင်တော့ နည်းနည်းထူးခြားနိုင်မယ်။ ဒါတောင် အဆစ်တို-ထာဝရမဧဠိုးတကောင်ဟာ လူစကားနားမလည်တာမို့ လူလိုပြောရုံနဲ့လိုက်လုပ်မှာမဟုတ်ဘူး။ အသားနာမှအမှတ်ရှိမယ့်အတန်းအစားပါလေ။ ဒီအချက်ကို တောင်းဆိုသူတွေသိဖို့၊ သိတဲ့အတိုင်းကျင့်သုံးကြဖို့လိုတယ် ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 6 авг.1 6336

    အားပေးကြ !!!!! *********** အမေရီကန်ပြည်ထောင်စုအထက်လွှတ်တော်မှာ “နိုင်ငံတကာဆက်ဆံရေးကော်မတီ” ဆိုတာရှိတယ်။ Mr. Risch ဆိုတာကတော့ အဆိုပါကော်မတီရဲ့ဥက္ကဋ္ဌ ပါ။ သူပြောခဲ့တဲ့စကားရဲ့လိုရင်းက သိပ်ပြောင်မြောက်တယ်။ “စစ်အုပ်စုဟာ (ဒေါ်အောင်ဆန်းစုကြည်ကို) မိသားစုနဲ့တွေ့ခွင့်ပေးရမယ်၊ သူ့ကျန်းမာရေးအခြေအနေကိုထုတ်ပြန်ရမယ်၊ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ရမယ်” တဲ့။ ဘယ်လောက်အားရစရာကောင်းတုန်း။ အားရကြရင် ပြောပေးတဲ့သူကိုအားပေးရမှာပေါ့။ အောက်မှာပေးထားတဲ့လင့်ခ်ထဲကိုနှိပ်ပြီးဝင်၊ ပြီးရင် သူ့စကားကို “အသဲ (အသည်း)” ပေးခဲ့ကြ။ ကျေးဇူးတင်ပါတယ်ဗျာ့ ….. ။ ။ https://x.com/SenateForeign လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • без подписи

  • အကြမ်းပတမ်းအဆက်ဆံခံရသူ၏ဒေါသ ********************************** အေဆီယမ်ရဲ့ဘုံသဘောတူညီချက် (၅) ချက်ကြောင့် ထာဝရမဧဠိုးတကောင် မျောက်ငယ်ပါ-ငါးပိထိသလို ဖျပ်ဖျပ်လူးနေတော့တယ်။ ဒါနဲ့ဘဲ ရက် (၁၀၀) ကျဆုံးခန်းမှာ အဲဒီအကြောင်းတွေကိုထည့်ပြောတော့တာပါဘဲ။ ဘယ်လိုဘဲစကားတန်ဆာတွေဆင်ထားဆင်ထား သူတကယ်ပြောချင်တာက ဒီလို … “အေဆီယမ်ကကျနော်တို့ကိုအခုလိုဆက်ဆံနေတာမျိုးကတော့ ကျနော်တို့အတွက်အဆင်မပြေဘူး၊ နာတယ် မခံနိုင်ဘူးပေါ့။ ကျနော်ဆို ဟိုးငယ်ငယ်တပ်ထဲမှာကတည်းက အထက်အရာရှိတွေနဲ့တသက်လုံးဆက်ဆံခဲ့ရတာ ခုလိုမနာကျင်ရပါဘူးဗျာ၊ ဆယ်ကျော်သက်ဘဝကတည်းကအထက်အရာရှိတွေနဲ့ဆက်ဆံကျင့်ရနေလို့ဖြစ်မလားတော့မသိဘူးဗျာ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုဆိုလည်း အင်မတန်ကြောက်ရွံ့ခဲ့ရပေမယ့် သူကျနော့ကိုဆက်ဆံပုံကညင်သာသိမ်မွေ့တယ်၊ သားသမီးတွေအများကြီးရှိထားတော့ ငယ်သားကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ ကျင်လည်တဲ့သဘောဘဲ။ နောက်ပြီးအမေရီကန်မှာထရမ့်ကြီးတက်လာတော့ သူ့ကို “ကြမ်းတမ်းတဲ့သမ္မတကြီးဘဲ” ဆိုပြီးကြောက်ရွံ့ခဲ့မိပေမယ့် သူတို့တဖွဲ့လုံးက ကျနော့ကိုရက်ရက်စက်စက်ကြီးမဆက်ဆံကြဘူး၊ ဟက်ဟက်ပက်ပက်တောင်မဆက်ဆံကြလို့ ကျနော့အနေနဲ့တခါတလေအားမလိုအားမရဖြစ်မိပါတယ်ဗျာ။ EU တိုင်းပြည်ခေါင်းဆောင်တွေဆို ကျနော့ကိုသူတို့အိမ်ခေါ်ပြီးတောင်မဆက်ဆံကြဘူး၊ ဒါကလည်းပြဿနာမဟုတ်ပါဘူး။ မဆက်ဆံချင်နေပေါ့၊ မဟုတ်ဘူးလား၊ ကိုယ်ကအဆက်ဆံခံချင်ပေမယ့် သူတို့ကိုယ်တိုင်က ဆက်ဆံလိုစိတ်ပေါ်မှအဆင်ပြေနိုင်မှာလေ။ စိနကသာကောနဲ့ကျတော့အဆင်ပိုပြေတယ်၊ ကျနော့ကိုဆက်ဆံနေလို့ဆက်ဆံနေမှန်းတောင်မသိအောင်ကို သူ့ဆက်ဆံပုံထဲစီးမြောသွားတော့တာ၊ “နှစ်-၅၀၀၀ ယဉ်ကျေးမှု”လို့သူတို့ပြောပြောနေတဲ့အတိုင်းပါဘဲ။ သမိုင်းစဉ်ဆက် ဆက်ဆံပုံအသားသေနေတဲ့သဘောပေါ့ဗျာ။ ကိုကြီးပူတင်းလည်း ကျနော့ကိုတခါသားကအတော်ကလေး ထဲထဲဝင်ဝင်ဆက်ဆံခဲ့ဖူးတယ်၊ နိုင်ငံကြီးတခုရဲ့ခေါင်းဆောင်ကိုယ်တိုင်ကမကထလုပ်ပြီး ကျနော်တို့တဖွဲ့လုံးကိုဝိုင်းဆက်ဆံကြတာဆိုတော့လည်း၊ ကျနော့သည်းခြေကြိုက်ပေါ့ဗျာ။ ကုန်ကုန်ပြောမယ်ဗျာ ဟိုဂမ်ဘီယာနီဂရိုးတွေက ကျနော့ကို ICC ပို့ခဲ့တာတောင် သူတို့ဆက်ဆံပုံကတထစ်ပြီးတထစ်သွားကြတာဆိုတော့ ကျနော်အသက်ကောင်းကောင်းရှူလို့ရတယ်၊ အေဆီယမ်လို ခံရခက်အောင်လူအုပ်အားကိုးပြီး ဝိုင်းမလုပ်ကြဘူး … “ တဲ့ ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 28 июл.1 0701

    без подписи

  • 28 июл.1 2011

    ကျင်စံကြောင့် ********** စိတ်ထဲကလိကလိဖြစ်လာလို့နည်းနည်းပြောပါဦးမယ်။ ဘာမှမပြောခင် ဖက်ဆစ်တပ်ဖက်က အင်မတန်ဂုဏ်ယူပြီးရေးတင်ဖူးတဲ့ဇာတ်လမ်းလေးတခုကို ကူးထားပေးပါတယ်၊ အရင်ဖတ်ကြည့်ပေးပါဗျာ့။ ဇာတ်လမ်း ဗိုလ်ကျင်စံ (သို့မဟုတ် ဗိုလ်ကျင်စွမ်) ၏ အရပ်သားဟန်ဆောင် “ပြောက်ကျားစစ်ဗျူဟာ”သည် ၎င်းအား မြန်မာ့တပ်မတော် သမိုင်းတွင် လက်သံအပြောင်ဆုံး ကွန်မန်ဒိုခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်စေခဲ့သည့် အဓိကသော့ချက် ဖြစ်သည်။ ရန်သူက ထင်မှတ်မထားသော နည်းလမ်းမျိုးစုံကို အသုံးပြု၍ အရပ်သားများကြား စိမ့်ဝင်လှုပ်ရှားခဲ့သည့် ၎င်း၏ ဗျူဟာမြောက် လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၁။ ခြေညှပ်ဖိနပ်နှင့် တောင်သူဟန်ဆောင်မှု ပုံဖျက်ခြင်း - ဗိုလ်ကျင်စံသည် စစ်မြေပြင်တွင် စစ်ဖိနပ်ကြီးများကို စီးလေ့မရှိဘဲ ခြေညှပ်ဖိနပ် (ကတ္တီပါ သို့မဟုတ် ရော်ဘာဖိနပ်) ကိုသာ စီးလေ့ရှိသည်။ ဗျူဟာ - ၎င်း၏ စစ်သည်များကိုလည်း အလားတူ စီးနင်းစေပြီး၊ တောလမ်းများတွင် စစ်တပ်၏ ဖိနပ်ရာများ မကျန်ရစ်စေဘဲ သာမန်ဒေသခံ တောင်သူများ သွားလာထားသည့် လမ်းကြောင်းအတိုင်း ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့သည်။ ၂။ အဝတ်အစားနှင့် ဒေသခံစရိုက် တူညီအောင် နေထိုင်ခြင်း၊ စိမ့်ဝင်ခြင်း - စစ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်မည့်အစား ဒေသခံတိုင်းရင်းသားများ၏ လုံချည် သို့မဟုတ် ဘောင်းဘီတို များ ဝတ်ဆင်ကာ ရွာသားများကဲ့သို့ သွားလာလှုပ်ရှားသည်။ ရလဒ် - ရန်သူ့သူလျှိုများနှင့် ကင်းထောက်များအနေဖြင့် သာမန်အရပ်သားနှင့် ဗိုလ်ကျင်စံ၏ ကွန်မန်ဒိုတပ်ဖွဲ့ကို ခွဲခြားရခက်ခဲစေပြီး၊ ရုတ်တရက် အနီးကပ် ခြုံခိုတိုက်ခိုက်ခြင်း (Ambush) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ၃။ ဘာသာစကားနှင့် ယဉ်ကျေးမှု အရည်ဖျော်ခြင်း နည်းဗျူဟာ - ၎င်းကိုယ်တိုင်နှင့် ၎င်း၏ တပ်ဖွဲ့ဝင်များကို ကရင်နှင့် ပအိုဝ်းဘာသာစကားများ အပါအဝင် ဒေသန္တရစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ အားသာချက် - ဒေသခံရွာသားများအသွင် ဟန်ဆောင်ကာ ရန်သူ့နယ်မြေအတွင်း လွတ်လပ်စွာ သတင်းစုံစမ်းနိုင်ခဲ့ပြီး၊ ရန်သူက တပ်မတော်စစ်ကြောင်း ရောက်နေမှန်း မသိရှိစေရန် အသံတိတ် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်ခဲ့သည်။ ၄။ ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်ခြင်း လုပ်ဆောင်ချက် - အရပ်သား လှည်းသမား၊ ကုန်သည်များအသွင် ဖန်တီး၍ ရန်သူ့စခန်းများအနီးအထိ ချဉ်းကပ်ကာ သတင်းရယူခြင်းနှင့် ရန်သူ့ထောက်ပို့လမ်းကြောင်းများကို ကြားဖြတ်စီးနင်းခြင်းများ ပြုလုပ်ခဲ့သည်။ တရက်သားက ပျူတကောင်ကိုတော်လှန်ရေးရဲဘော်က အရပ်သားအယောင်ဆောင်ပြီး “ကွမ်းစားမလား” မေး၊ နေရာမှာတင်ဖျောင်လိုက်တဲ့သတင်းနဲ့ဗီဒျိုအပေါ် ဖက်ဆစ်တပ်နဲ့ ထာဝရမဧဠိုးရဲ့ဂိုဏ်းဝင်တွေ လောင်နေလိုက်တာများမြင်မကောင်းဘူး။ ဖျပ်ဖျပ်လူးနေပုံက ဗမာဆိုရိုးတခုဖြစ်တဲ့ “မျောက်ဠီးသမန်းရှ” ဆိုတာအတိုင်းဘဲ။ တကယ့်ကိုရိုးသားဖြူစင်တဲ့တိုင်းရင်းသားတွေကိုမင်းတို့လုပ်ခဲ့တုန်းက ကျေနပ်ခဲ့ကြတယ်မဟုတ်လား။ အခုတော့ ကျင်စံ့နည်းနဲ့ မင်းတို့ဖျင်ခံရမယ့်အလှည့်ဘဲ။ ဖက်ဆစ်တပ်အတွက်တော့ ခြေလှမ်းလိုက်တိုင်းရှေ့တန်းပါဘဲ။ စစ်တိုက်တယ်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းကျင့်နေတာမှမဟုတ်တာ။ ပြည်သူလူထုကိုခင်းတဲ့စစ် ဒီတသက်မနိုင်စေရဘူး။ ဆိတ်လစိတွေ၊ အောက်တန်းစားတွေ၊ စောက်ပေါတွေ၊ အချောင်သမားတွေ၊ ဘောမတွေကြောင့်တော့ ကာလတခုစာ အသက်ရှူချောင်ချင်ချောင်လိမ့်မပေါ့….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 16 июл.1 6103

    တွေးစရာ … ******* စားအုံးဆီတင်မှမဟုတ်ပါဘူး၊ ဘယ်ဆီမဆို ခံတွင်းကတဆင့်သုံးဆောင်ခံစားရတာမျိုးပါ။ ဒါနဲ့တင် “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတော့ အခြားဘယ်ဒွါရပေါက်ကနေတဆင့်ထည့်သွင်းတာပါလိမ့်လို့ တွေးမိလာတယ်။ တကယ်တော့ ဗမာစစ်တပ်ဟာ ယုတ်မာခြင်း အောက်တန်းကျခြင်းတွေမှာ အမြဲ Pioneer မို့ ဒီလို “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတာကိုလည်း သူတို့ရှာဖွေဖြတ်သန်းထားတာနေမယ်။ အထူးသဖြင့် ရှီကျင့်ဖျင် တို့ ပူတင် တို့နဲ့အတွေ့ ဂျပုတကောင် “ပုံမှန်မဟုတ်တဲ့နည်းလမ်း” နဲ့ စားအုံးဆီကိုအသုံးပြုခဲ့ပုံဘဲ။ ဒါကြောင့် အသည်းအသန်လိုက်တားတာဖြစ်မယ် … ။ ။ တွေးနေမိတဲ့ ကိုထင် (ခ) လင်းမြတ်

  • 15 июл.1 4641

    без подписи

  • 15 июл.1 5301

    ပစ္စန္တရာဇ် (သို့) ပဥ္စမမြောက်အပါယ်ဘုံ ******************************* (ဝန်ခံချက် ။ ။ ကျနော်ဟာနိုင်ငံရေးသမားလည်းမဟုတ်၊ စစ်တပ်ထောက်ခံသူလည်းမဟုတ်ပါ။ ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းထားတဲ့ နိုင်ငံတကာအတွေ့အကြုံတွေအရ ကိုယ်မွေးခဲ့တဲ့နိုင်ငံ့ကောင်းကျိုးကိုသာရှေးရှုရေးသားပါတယ်။ ဒီအတွက် ရေးတဲ့သားတဲ့နေရာမှာ ဘယ်သူ့ကိုမှမြှောက်ပင့်ရေးသားမှာလည်းမဟုတ်သလို၊ ဘယ်မျက်နှာတခုခုကိုမှလည်းထောက်ထားလိမ့်မှာမဟုတ်ကြောင်း တင်ကူးအသိပေးထားရပါတယ်။) အဲဒီမြေပေါ်မှာပေါ့ “ငတ်သေတဲ့မသာမရှိဘူး …” တဲ့ ဟော … အာဟာရချို့တဲ့ပြီး ဆိုက္ကားဆရာတယောက် ရန်ကုန်မြို့လည်ခေါင်မှာတိမ်းပါးပါရောလား၊ သမုဒ္ဒရာရေတွေငံမှန်း တဇွန်းသောက်ရုံနဲ့သိနိုင်ပါသတဲ့။ တကယ်က “ငတ်ခြင်း” ဆိုတာဖြစ်မလာရအောင်ကို အစကတည်းကကာကွယ်ခဲ့ကြရမှာမဟုတ်လား။ လိမ်ကောင်းကောင်းနဲ့လိမ်ခဲ့ကြတာ အခုတော့အရှိန်တွေလွန်လို့ … ။ အဲဒီမြေပေါ်မှာပေါ့ “ဓမ္မကအမြဲအနိုင်ရတယ် …” တဲ့ ဟော … အနှစ် (၇၀) နီးပါး အဓမ္မဝါဒကြီးထွန်းကားခဲ့ပါရောလား၊ မစင်ဟာဘယ်လိုအရသာရှိမှန်း အမတ်ဦးပေါ်ဦးတယောက် ခပ်မမြည်းဘဲနဲ့သိနိုင်ခဲ့သတဲ့။ တကယ်က “အ-ဓမ္မ” ဆိုတာဖြစ်မလာရအောင်ကို အစကတည်း ကာကွယ်ခဲ့ကြရမှာမဟုတ်လား။ မြောလို့ကောင်းကောင်းနဲ့မြောလိုက်ခဲ့ကြတာ အခုတော့ရေစုန်တွေမြောလို့ … ။ အဲဒီမြေပေါ်မှာပေါ့ “ဒီတိုင်းပြည်မှာလူဖြစ်ရတာကံကောင်းတယ် …” တဲ့ ဟော … ရေကြီးလည်းသူများထက်ပိုသေ၊ မုန်တိုင်းဝင်လည်းသူများထက်ပိုသေ၊ ကန်ဆာမျိုးစုံကြောင့်လည်းသူများထက်ပိုသေ၊ ငလျင်ကြောင့်လည်းသူများထက်ပိုသေ၊ ဗုံးအကြဲခံရလို့လည်းသူများထက်ပိုသေ၊ အဓမ္မစစ်မှုထမ်းဆင့်အခေါ်ခံရလို့လည်း သူများထက်ပိုသေ၊ “Seeing is believing” ဟာ ဘာသက်သေပြချက်မှထပ်မလိုအောင်သိနိုင်သွားခဲ့သတဲ့။ တကယ်က “ကံဆိုတာအလုပ်” မှန်းနားလည်အောင်သင်ပေးခဲ့ကြရမှာမဟုတ်လား။ ဂျင်းထည့်လို့ကောင်းကောင်းနဲ့ ကဏ္ဍပေါင်းစုံကနေဂျင်းထည့်ခဲ့လိုက်ကြတာများ အခုဆို ပဥ္မမြောက်အပါယ်ဘုံအဖြစ်ကိုတောင်ဦးတည်နေခဲ့ပြီ။ “ဓမ္မတွေရှိတယ်” လို့ကြွေးကြော်နေရင်းက တရားမဲ့ခြင်းတွေပြည့်ချင်တိုင်းပြည့်နေတဲ့တိုင်းပြည် … “ဇာတိမာန်” တွေပြနေရင်းက အလုပ်ကြမ်းသမားတွေတင်ပို့နေရတဲ့တိုင်းပြည် … “မင်းကျင့်တရား” အကြောင်းတွင်တွင်ပြောရင်း သူပုန်ကနိုင်ငံ့အာဏာယူထားတဲ့တိုင်းပြည် … ပျော်ကြပါ ပျော်ကြပါ၊ စင်တင်ဂီတသံတွေကြားပျော်ကြပါ၊ သဘင်သံတွေကြားပျော်ကြပါ၊ ရုပ်ရှင်တီးလုံးသံတွေကြားပျော်ကြပါ၊ ကိုယ့်ကိုဆင်းရဲနိမ့်ကျစေသူတွေရဲ့လက်စွမ်းပြသံတွေကြားပျော်ကြပါ။ တခုပါဘဲ၊ အပျော်များရင်တော့ အပျက်ဖြစ်တတ်သတဲ့။ အခုက ပျက်ရုံမကလို့ အဖတ်တောင်ဆည်လို့ရပါတော့မလားဘဲ။ လုပ်ကြပေါ့လေ၊ “နိုင်ငံတနိုင်ငံကိုပိုင်ဆိုင်တာဟာ နိုင်ငံသားတွေ” ဆိုမှတော့ ဆိုင်ရာနိုင်ငံဟာ နိုင်ငံသားအများစုပုံဖော်သလိုသာရုပ်ထွက်တော့မပေါ့။ အာဇာနည်တွေသေပေးရကျိုးနပ်အောင်မရုန်းကြလို့ကတော့ တန်ရာရတဲ့ဘဝကိုကျေနပ်ကြပေတော့။ ပျော်ကြတယ်မဟုတ်လား၊ ခံနိုင်ရည်တော့ရှိရမှာပေါ့။ ဟုတ်ဝူးလား ????? လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 12 июл.1 3206

    အေဆီယံနိုင်ငံခြားရေးဝန်များတွေ့ဆုံ ****************************** လွန်ခဲ့တဲ့တနာရီလောက်က စင်္ဂပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က အေဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကနေ “အေဆီယမ်ဘုံသဘောတူညီချက် ငါးခုကိုထပ်လောင်းအတည်ပြုကြောင်း” ထုတ်ပြန်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရမတရားဖမ်းဆီးထားသူအားလုံးလွှတ်ဖို့” ကိုပါ Highlight လုပ်ပြောဆိုသွားခဲ့ပါတယ်။ ရွေးတုလုပ်၊ သမ္မတုတက်၊ လွှတ်တုခေါ်ပြီး ဘာတွေဘဲအာချောင်နေ အာချောင်နေ၊ အေဆီယံဟာ သူ့သဘောထားကိုပြတ်ပြတ်သားသားပြလိုက်ခြင်းဖြစ်ပါတယ်။ သမ္မတုနဲ့လွှတ်တုအနေနဲ့လည်း မကျေနပ်ရင် အေဆီယံကထွက်ဖို့တိုက်တွန်းပါတယ်။ အေဆီယံရှိနေလို့ ကမ္ဘာမှာအတိုင်းအတာတရပ်အထိအကာအကွယ်ရနေတာပါ။ ကြေးမုံဦးသောင်းဆိုခဲ့သလိုပါဘဲ “အေဆီယမ်ထဲဗမာပြည်ရောက်သွားခြင်းဟာ ချီးထုပ်ကြီးပစ်ထည့်လိုက်သလိုမျိုး” ဖြစ်တာမို့ အဖွဲ့ထဲကထွက်မယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြလိမ့်မှာဖြစ်ပါကြောင်း မှတ်ချက်ပေးလိုက်ရပါတယ် ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 8 июл.1 6301

    ကနေ့ကမ္ဘာ ******* “တနေ့မှာ ဓမ္မ (သို့) တရားမျှတမှုကအနိုင်ရတယ် !!!” (စောက်ပေါဝါဒ သို့တည်းမဟုတ် ဂျင်း) “အင်အားကသာ အရာရာကိုအဖြေပေးတယ် !!!” (တလောကလုံးကဏ္ဍစုံမှာတွေ့နေရတဲ့ ပကတိအရှိတရား) မှတ်ချက် ။ ။ ပြိုင်ငြင်းလိမ့်မည်မဟုတ်၊ ပျင်းလို့ ရော အချိန်မပေးနိုင်လို့ရော တကယ့်အရှိတရားကို အဖန်ဖန်အထပ်ထပ်ပေါ်တင်ကြီးမြင်နေရလို့ရော … ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 6 июл.1 4902

    без подписи

  • 6 июл.1 7343

    သင်ခန်းစာ ****** ကိုယ်ဟာ ရိုနယ်လ်ဒိုရဲ့ဘဝတသက်တာရုန်းကန်ပြီးတိုးတက်အောင်ဆောင်ရွက်နိုင်မှုတွေကြောင့် သူရောပေါ်တူဂီကိုရောအားပေးခဲ့တဲ့ကောင်ပါ။ ဒီနေ့ စပိန်နဲ့ပွဲမှာတော့ ပုံမလာတဲ့ကစားနည်း၊ အောက်တောင်ဘောလုံးဆင်းမယူတဲ့ရိုနယ်လ်ဒို၊ ဆရာကြီးဖြစ်ချင်နေတဲ့ ဘရူနိုဖာနန်းဒတ်ဇ့်တို့ကြောင့် ပေါ်တူဂီရော ရော်နယ်လ်ဒိုရောဟာ စုစည်းညီညွတ်တဲ့စပိန်အသင်းကို ထိုက်ထိုက်တန်တန်ရှုံးနိမ့်ခဲ့ပါပြီ။ တကယ်က ဒီကစားပုံနဲ့က ခရိုအေးရှားနဲ့တွေ့ကတည်းရှုံးရမှာပါ။ ကိုယ်အားပေးတဲ့အသင်းဂိန်သွားပေမယ့် တစက်မှဝမ်းမနည်းမိပါဘူး၊ သုံးစားရအောင်မှမကြိုးစားရင် အကျိုးဆက်ခါးခါးကိုပေးဆပ်ရမှာက လောက ဓမ္မတာပါဘဲလေ။ အင်္ဂလန် နဲ့ မက္ကဆီကိုပွဲက ဂျုဒ်ဘယ်လင်ဂန်နဲ့ ဆီနဲ့ရေလို့ကွာတဲ့ ရော်နယ်လ်ဒိုပါဘဲ၊ အရှုံးနဲ့ထိုက်တန်လှပါတယ်။ တဆက်ထဲမှာ နေ့စဉ်ဘဝရှင်သန်ရေးရော ပြည်တွင်းဖြစ်စဉ် နိုင်ငံတကာဖြစ်စဉ်တွေမှာရော မပြောင်းလဲတဲ့ဒီသဘောကိုတွေ့လိုက်ရပါတယ်။ တကယ်တော့ “လောကမှာ ဓမ္မကအနိုင်ရတယ်” တွေဘာတွေလျှောက်ပြောနေတာဟာ ရူးနေလို့ပါဘဲ။ အ-ဓမ္မတင်ဖြစ်လင့်ကစား ကိုယ့်ပန်းတိုင်နဲ့ကိုယ့်လမ်းစဉ်တွေကို အထိအခိုက်အစွန်းအထင်းမခံဘဲ တစိုက်မတ်မတ်အားစိုက်အကောင်အထည်ဖော်နေရင် ရလာဒ်တွေဟာပြေးမလွတ်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ အာဏာရှင်တွေနေမဝင်သေးတာပေါ့။ ကိုယ်က “ငါမှန်တာဘဲ တို့၊ ငါ့ Status ကဒါဘဲ တို့၊ အမှန်တရားကအနိုင်ရမှာ တို့၊ ငါ မျက်နှာသာအပေးခံရမှာ တို့” လို့ရူးရူးမိုက်မိုက်ယုံကြည်မျှော်ကိုးမိရင်တော့ အကျိုးဆက်ဟာ လှပမှာတော့မဟုတ်ပါဘူး။ မနားမရပ်ဒလစပ်ကြိုးပမ်းမှုကသာ အောင်ပွဲအတွက်စိတ်ချရတဲ့လုပ်ရပ်ဖြစ်ပါတယ် လို့ ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 5 июл.1 2921

    без подписи

  • 5 июл.1 2141

    ပေါက်ဖော်မပါမဖြစ်တဲ့ ကန် လွတ်လပ်ရေးပွဲ ************************************ ၁၇၇၆ ဂျူလိုင် (၄) ရက်နေ့မှာနိုင်ငံ့လွတ်လပ်ရေးကြေငြာခဲ့တဲ့အမေရီကန်ပြည်ထောင်စုဟာ ၂၀၂၆ ဂျူလိုင် (၄) မှာ နှစ်ပေါင်း ၂၅၀ ပြည်ခဲ့ပါပြီ။ အမေရီကန်ပြည်ထောင်စုတနံတလျားမှာ လွတ်လပ်ရေးနှစ်ပတ်လည်ပွဲခြိမ့်ခြိမ့်သဲဆင်နွှဲရင်း၊ ညဖက်ကျတော့ ဖောက်လိုက်တဲ့မီးရှူးမီးပန်းတွေ ကောင်းကင်အပြည့်၊ မိုးယံတခုလုံးကွဲထွက်တော့မတတ်ပါဘဲ။ ဒါနဲ့ဘဲ “ဒီမီးရှူးမီးပန်းတွေဘယ်ကရပါလိမ့်” လို့တွေးမိတာနဲ့ဟိုဟိုဒီဒီရှာကြည့်လိုက်တော့ … (၁) ကန်နိုင်ငံသားတွေဝယ်ဖောက်သမျှသောမီးရှူးမီးပန်းအားလုံးရဲ့ ၉၉% ဟာ ပေါက်ဖော်ဆီကလာပါသတဲ့။ (၂) ကန်တနံတလျားက မြို့အာဏာပိုင်တွေကကြီးမှူးပစ်လွတ်ကြတဲ့မီးရှူးမီးပန်းများရဲ့ ၇၅ ကနေ ၉၀% သည်လည်း ပေါက်ဖော်ဆီကဘဲလာတာပါတဲ့။ (၃) ကန်ပြည်တွင်းမီးရှူးမီးပန်းထုတ်လုပ်မှုဟာ စုစုပေါင်းအသုံးပြုမှုရဲ့ ၅% သာရှိပါသတဲ့။ ပေါက်ဖော်ဆီကအပြင် ဂျပန်၊ အီတလီ၊ စပိန်၊ ဂျာမဏီ အစရှိတဲ့တိုင်းပြည်များဆီကလည်းဝယ်ပါသတဲ့။ (၄) ကန်နိုင်ငံလုံးဆိုင်ရာ APA အဖွဲ့ကြီးရဲ့အချက်အလက်တွေအရ ၂၀၂၅ တနှစ်ထဲမှာတင် အမေရီကန်နိုင်ငံတွင်းကို ပေါက်ဖော်ရဲ့ မီးရှူးမီးပန်းဗျောက်အိုးတင်ပို့မှုတခုထဲတင် ဒေါ်လာသန်း (၃၈၀) ရှိပါသတဲ့။ ကိုင်း … ကန်လွတ်လပ်ရေးပွဲနွှဲဖို့ ပေါက်ဖော်ဟာမရှိမဖြစ်လိုအပ်သွားတဲ့အနေအထားဖြစ်မနေဘူးလား။ ဒါနဲ့တောင်မှ ပေါက်ဖော်ဆန့်ကျင်ရေးတို့ ပေါက်ဖော်ကန့်သတ်ရေးတို့ကြွေးကြော်နေကြတာဟာ ရယ်စရာကောင်းလှပါတယ်။ ပေါက်ဖော်က သူ့ပစ္စည်းတွေရောင်းချင်နေလို့သာ ခံသာနေတဲ့သဘောပါ။ ပေါက်ဖော်က ဒီနေ့ပို့ကုန်ရပ်တာနဲ့ ကန်တပြည်လုံးရဲ့စားသုံးသူစျေးကွက်ဟာ ချက်ခြင်းကိုတိုင်ပတ်မှာပါ။ ဒီကြားထဲ ပေါက်ဖော်ရဲ့သူလျှိုတွေဟာ တကမ္ဘာလုံးအနှံ့၊ ကန်ထဲမှာလည်းတပုံတပင်။ တလောကတောင် လော့ဇ်အန်းဂျလစ်ဇ်နားကမြို့လေးတခုရဲ့မြို့ဝန်က ပေါက်ဖော်သူလျှိုဖြစ်နေပါရောတဲ့။ ကန်နိုင်ငံရေးသမားတွေထဲဟိုးသမ္မတအထိ ‘ပေါက်ဖော်ဆန့်ကျင်ရေး’ အာပေါင်အာရင်းသန်သန်နဲ့ထထပြောရင် “စောက်ပေါတွေ” လို့ဘဲစိတ်ထဲထင်မှတ်မိတယ်၊ အသံသာရှိပြီးအဆံမရှိတဲ့သင်္ကြန်အမြောက်တွေကိုး။ များမကြာခင်မှာတော့ ကွန်မြူနစ်ပေါက်ဖော်နဲ့သူ့ရဲ့မိတ်ဆွေမိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေဟာ ကမ္ဘာကိုချုပ်ကိုင်တော့မှာမြင်ယောင်မိပါရဲ့။ အချုပ်ကိုင်မခံချင်လို့ထချကြရင်တော့ဖြင့် တတိယကမ္ဘာစစ်ပါဘဲလေ။ ကိုယ်တွေဖက်က နိုင်-မနိုင်ကတော့ဖြင့်မသေချာ။ အင်အားကြီးပါတယ်ဆိုတဲ့ကန်ဟာ အီရန်တနိုင်ငံကိုတောင်မနိုင်လို့ တွေ့ဆုံရေးတွေဆွေးနွေးရေးတွေလုပ်နေရပြီမဟုတ်လား။ ကန်ရဲ့ နှစ် (၂၅၀) ပြည့်တဲ့တရက်ထဲမှာ အီရန်က ခါမေနီ့မသာခမ်းခမ်းနားနားချပြပြီး ကန်သမ္မတထရမ့်ကို “ဒါဘဲထင်တယ်” လို့လှန်ပြနေလေရဲ့၊ ဒါ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကိုတော့ ချီးစားမနေရင်ကောင်းကောင်းတွေးလို့ရပါတယ်လေ။ စိတ်ထဲတော့ “သဗ္ဗေသတ္တာ ကမ္မဿကာ” လို့ဘဲ ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ်

  • 2 июл.1 283

    без подписи

  • 2 июл.1 362

    без подписи