- Последний пост
- 12 янв.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
လင်းရီ စာစဉ် (၁၅၅) မနက်ဖြန် ရပါမယ်ဗျ။
https://youtu.be/qTo62zPG4Bg?si=PCljH70Npkrjh97Z ဟလို မင်္ဂလာပါ ရောင်းရင်းတို့။ ဒီတစ်ခါကတော့ ရောင်းရင်းတို့အတွက် သိထားလို့ မမှားတဲ့ ဗွီဒီယိုလေးတစ်ပုဒ်ကို ပြန်လည် ဝေမျှချင်ပါတယ်ဗျ။ ကြည့်မိလို့ အကျိုးမယုတ်ပါဘူး။ နောက်ပြီး ... ဒီအစ်ကိုရဲ့ ချာနယ်မှာ ကမ္ဘာ့နိုင်ငံရေးကို စိတ်၀င်စားတဲ့ ရောင်းရင်းတွေ၊ သမိုင်းအကြောင်းအရာကို စိတ်၀င်စားသူတွေ၊ ကြည့်ကိုကြည့်သင့်တဲ့ ချာနယ်တစ်ခုအဖြစ် အကြံပြုပေးချင်ပါတယ်။ တကယ့်ကို ဗဟုသုတ ဟင်းအိုးကြီးလိုပါပဲ။ ရောင်းရင်းတို့ထဲ သိသူတစ်ချို့တောင် ပါမယ်ထင်တယ်။ My Notes channel လေ။ ပြီးတော့ ကမ္ဘာ့နိုင်ငံရေး အကြောင်း၊ သမိုင်းကြောင်းတွေ သိထားရင် ရောင်းရင်းတို့အတွက် နေရာတော်တော်များများမှာ အသုံး၀င်ပါတယ်။ သတင်းတွေ ကြည့်တဲ့အချိန်၊ လူတွေက သူတို့ထင်ရာ ပြောနေတဲ့အချိန် ကိုယ်က စဉ်းစားချင့်ချိန်နိုင်ပြီး မအတော့ဘူးပေါ့။ သူတို့ရဲ့ သမိုင်းဖြစ်ရပ်တွေကနေ အတုယူစရာတွေလည်း အများကြီးပါပဲ။ နိုဗယ်ဖတ်တယ်ဆိုရင်လည်း ... လင်းရီဖတ်ရင်းနဲ့၊ ဒါမှမဟုတ် တစ်ချို့ ခေတ်နိုဗယ်တွေ ဖတ်ရင်းနဲ့၊ ဒီနေရာမှာ ဒီလိုအကြောင်းအရာတွေ ပါရင် ဒါတွေကြောင့်ပါလားဆိုပြီး သိလာပါလိမ့်မယ်။ ( ဘာကြောင့် ဂျပန်ကို ဗီလိန်ထားတယ်။ မြို့ပြ နိုဗယ်တွေထဲ ဂျပန်ဆိုရင် ဘာကြောင့် သေလောက်အောင် မုန်းတီးနေရလဲ၊ အမေရိကန်တို့လို နိုင်ငံခြားသားတွေဆိုရင် ဘာကြောင့် အမြဲတမ်း ဗီလိန်ဖြစ်နေလဲ။ ဒါတွေက သူတို့ရဲ့ အတိတ်သမိုင်းတွေ၊ နိုင်ငံရေး လှည့်ကွက်တွေ၊ အားပြိုင်မှုတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဒါတွေ သိထားရင် သူ့အလိုလို နားလည်သွားပါလိမ့်မယ်။ ) ပြီးတော့ 'ကမ္ဘာ့နိုင်ငံရေး'ဆိုတာ အတော်လေးလည်း စိတ်၀င်စားဖို့ကောင်းတဲ့အရာပါပဲ။ ( ဘက်မစွဲပဲ လေ့လာကြည့်မယ်ဆိုရင်ပေါ့နော်။ ရောင်းရင်းတို့လည်း ကြည့်မယ်ဆို စိတ်ကို ဖွင့်ထားပြီး ဘက်အစွဲ မထားဘဲ ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။) ကျနော်တို့လို ရှန်းရှဖတ်ရတာ ကြိုက်တဲ့ ရောင်းရင်းတွေ။ နိုဗယ်ဖတ်ရတာ ကြိုက်ရတဲ့ ရောင်းရင်းတွေ။ လက်တွေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခင်းအကျင်းတွေကို နိုဗယ်တစ်ပုဒ် ဖတ်ရှုသလို လေ့လာကြည့်လိုက်ပါ။ အင်မတန် စိတ်၀င်စားဖို့ကောင်းပါတယ်။ သူတို့ရဲ့ နှုတ်ထွက်စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခုက ကမ္ဘာနဲ့ချီပြီးကို ပြောင်းလဲသွားစေနိုင်တဲ့အထိ ဩဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေ၊ ကမ္ဘာကြီးတစ်ခုလုံးကို စစ်တုရင်ခုံလို သဘောထားပြီး စစ်တုရင်ထိုးနေကြတဲ့ ကစားသမားတွေ၊ စိတ်၀င်စားဖို့ ကောင်းတဲ့ နိုင်ငံရေးအားပြိုင်မှုတွေ၊ ရက်စက်မှုတွေ၊ သူတို့ရဲ့ လှည့်ကွက်တွေ၊ မြှုပ်ကွက်တွေ၊ အကျိုးရလဒ်တွေက နိုဗယ်တွေ ဖတ်ရတာထက်ကို ပိုပြီး စိတ်လှုပ်ရှား ရင်ဖိုချင်စရာ ကောင်းလွန်းလှပါတယ်။ ဒါပေမယ့် လက်တွေ့ကမ္ဘာဆိုတော့ မကောင်းတာတွေ ဖြစ်ရင် စိုးရိမ်ဖို့လည်း ကောင်းတာပေါ့နော်။ ရှန်းရှထဲက နိုင်ငံရေး လှည့်ကွက်တွေ၊ ရက်စက်မှုတွေ ဆိုတာ ဒီလူတွေ အိပ်နေသလောက်ပဲ ရှိမယ်။ ကျနော်ကတော့ အဲ့လိုခံစားရတယ်။ နောက်ပြီး ကျနော်တို့ နိုဗယ်ဖတ်သူတွေအဖို့ တရုတ်နဲ့ ဂျပန်ဆိုတာ စိမ်းတဲ့အရာတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင် တရုတ်က ဂျပန်ကို ဘာကြောင့် ဒီလိုတွေ လုပ်တယ်။ ဂျပန်ကရော အဲ့လိုလုပ်တဲ့ အချိန်မှာ သူကျရောက်နေတဲ့ အခြေအနေတွေ၊ တရုတ်ရဲ့ နိုင်ငံရေး အာရုံလွှဲမှုတွေ၊ မျိုးချစ်စိတ် ရိုက်သွင်းပေးမှုတွေ၊ ချစ်ပ်လောကအတွက် ထိုင်၀မ်ရဲ့ အရေးပါမှုတွေ၊ ပြီးရင် ထိုင်၀မ်ရဲ့ သမိုင်း၊ ဘယ်သူတွေကြောင့် ဘယ်လိုတွေ ဖြစ်လာတယ်။ ဒါတွေက အတော်လေး စိတ်၀င်စားဖို့ကောင်းပါတယ်။ လင်းရီထဲမှာလည်း ဒီအကြောင်းအရာ 'တစ်ချို့' ပါပါတယ်။ ဒါကြောင့်မို့ အလုပ်အားလို့ အနားယူတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ထမင်းစားရင်းပဲ ဖြစ်ဖြစ် ၊ စိတ်အပန်းဖြေလို့ရအောင် ကျနော် နှစ်သက်တဲ့ ချာနယ်တစ်ခုကို ကျနော့်ရဲ့ ရောင်းရင်းတွေနဲ့အတူ ဝေမျှလိုက်ရပါတယ်ဗျ။ တစ်ခါတည်း ဦးနှောက် အာဟာရ ကျွေးပြီးသားလည်း ဖြစ်တာပေါ့။ ဖြည်းဖြည်းချင်း ကြည့်ကြည့်ကြပါဗျ။ 🥰 (စာကြွင်း- အခု ဗွီဒီယိုလေးကို ကြည့်ပြီးလို့ စိတ်၀င်စားတယ်ဆိုရင် တရုတ်နဲ့ ထိုင်၀မ် သမိုင်းကို ချာနယ်ရဲ့ ဟိုးအောက်ဆုံး ပထမမှာ ကြည့်ရှုလို့ရပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးဆိုတာ ရောင်းရင်းတို့ သိထားတဲ့ အတိုင်းပဲ၊ အမြဲပြောင်းလဲနေတာလေ။ ဒီနေ့ရန်သူတွေဖြစ်လို့ သတ်ရင်းက မနက်ဖြန် ပခုံးဖက် ပေါင်းချင်ပေါင်းနေမှာ။ ဒါကြောင့် ကျနော်တို့လို အပြင်ကနေ ကြည့်ရှုသူတွေက ကိုယ်သိထားတဲ့ အရာတိုင်းကို တစ်သမှတ်တည်း မထားဘဲ ချင့်ချိန်ကြဖို့ တစ်လက်စတည်း အကြံပေးပါရစေ။ ) ( နောက်စာကြွင်း - ဒီလိုတွေ ပြောနေလို့ မင်းက ဆရာကြီးလားဆိုရင်တော့ အဲ့လို အထင်မလွဲစေချင်ပါဘူးဗျာ။ ကျနော်က နိုဗယ်ဖတ်ရတာ နှစ်သက်သူတစ်ဦးပါပဲဗျ။ ကျနော်နှစ်သက်တဲ့အရာ၊ လူတိုင်းအတွက် အကျိုးရှိမယ် ထင်တာလေးကို ဝေမျှချင်ရုံ သပ်သပ်ပါပဲ။ )
စာစဉ် (၁၅၂) ရပါပြီဗျ။ Wunzin, Mmxianxia ပို့ထားပါတယ်။
လင်းရီ စာစဉ် (၁၅၂) မနက်ဖြန် ရပါမယ် ရောင်းရင်းတို့။
လင်းရီရေးလိုက်၊ ချန်ယွီ့ ရေးလိုက်နဲ့ဆိုတော့ အချိန်တွေက ခဏလေးလိုပဲ။ လင်းရီဆို ကျနော့်စိတ်ထဲ လေးရက်လောက်ပဲ ကြာဦးမယ် ထင်တာ တကယ့်လက်တွေကျတော့ ခုနစ်ရက်ဖြစ်သွားတယ်။ 🤭🤭 ကျနော်ကတော့ နှစ်အုပ်လုံး ရေးနေရတာ ပျော်ပျော်ပါပဲ။ လင်းရီရေးလည်းပျော်။ ချန်ယွီ့ ရေးလည်းပျော်။ အို ကောင်းလိုက်တာ။ စာဖတ်သူတွေလည်း ဖတ်ပျော်ကြမယ်လို့ ထင်ပါတယ်။ လင်းရီဆို စာစဉ် (၁၅၁)မှာ ကျီချင်းရန်နဲ့ အဟိဟိ။ 👻👻 ချန်ယွီ့ စာစဉ်ကလည်း အပိုင်း ၁၄၀ ထိ ဖတ်လို့ရနေပါပြီ။ ရောင်းရင်းတို့ မြည်းစမ်း ဖတ်ကြည့်ချင်တယ်ဆိုရင် Mmxianxia မှာ ဖတ်လို့ရပါတယ်။ ကျနော် အောက်မှာလည်း Link ပေးထားပါတယ်။ စာကြွင်း - ( Mmxianxia မှာပဲ တင်ပါတယ်နော်။ ကျနော် paid Gp တွေလည်း မလုပ်ပါဘူးဗျ။) https://mmxianxia.com/novels/shocking-the-whole-internet-you-are-not-a-psychologist-at-all/
ကဲ စာစဉ် (၁၅၁) ရပါပြီဗျာ။ ပလတ်ဖောင်းတွေဆီလည်း ပို့ထားပါပြီ။
လင်းရီ စာစဉ် (၁၅၁) မနက်ဖြန်ညနေ ရပါမယ်ရောင်းရင်းတို့။ သုံးပိုင်းပဲ လိုပါတော့တယ်။
လင်းရီ စာစဉ် (၁၅၀) ရပါပြီဗျ။ အခုလေးတင်ပဲ Mmxianxia ကို ပို့ထားပြီးပါပြီ။ ညနေပိုင်းလောက် ဖတ်ရပါလိမ့်မယ်ဗျ။ ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ် စာစဉ် (၁၅၀) စာမြည်း အခန်း (၂၂၁၆) အမေနဲ့ သမီးကြားက စကားဝိုင်း စုန့်လန်၏ စကားလုံးတို့က ကျီချင်းရန်ကို ခွန်းတုံ့ပြန် စကား ကင်းမဲ့သွားစေသည်။ သူမ ထိုမေးခွန်းကို အရင်က တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ “ လုပ်လေ … ပြောလေ …. ဘာလို့ အခုကျ အသံမထွက်တော့တာ …” “ သမီး မလုပ်ချင်ဘူး ….” “ ဒါဆိုလည်း ဘာလို့ သူ့ကို ဆက်တိုက် ဖိအားပေးနေတာ … သူ လုပ်ချင်တာ လုပ်ပါစေပေါ့ … အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် လွတ်လပ်မှုပေးရတယ် …. စောင်းကြိုးဆိုတာ တင်းလွန်းရင် ပြတ်တတ်တယ် …” “ ဒါပေမယ့် သမီးက သူကောင်းဖို့အတွက် လုပ်နေတာလေ …” “ သူကောင်းဖို့ဆိုတာက ဘာပြောချင်တာ ….” စုန့်လန် လက်ချာရိုက်လိုက်၏။ “ အဲ့တာ စိတ်ဓာတ်ရေးရာ အကြပ်ကိုင်တာလို့ ခေါ်တယ် … နင်က သူကောင်းဖို့အတွက်လို့ ပြောတယ် … တကယ့်တကယ်ကျတော့ နင်က နင့်ကိုယ်နင် ပျော်ရွှင်ဖို့ အတွက် လုပ်နေတာပဲ ….” ထိုအခိုက်အတန့်တွင် အိုးထဲရှိ ရေညှိကြက်ဥစွပ်ပြုတ်က အဆင်သင့် ဖြစ်သွားပြီး စုန့်လန်က ပန်းကန်လုံးများထဲသို့ ခွဲထည့်လိုက်ရသည်။ “ ပြန်စဉ်းစားကြည့် … လင်းရီ နင့်ကို ချုပ်ချယ်ခဲ့ဖူးတာ ရှိလား … ငါ နင်တို့ နှစ်ယောက်အကြောင်းကို ယွမ်ယွမ်နဲ့ ကောင်းကျုံးယွမ်ဆီကနေ နည်းနည်းပါးပါး ကြားဖူးတယ် … လင်းရီက နင့်ကို မချုပ်ချယ်ရုံတင် မကဘူး … အမြဲတမ်းလည်း အနောက်ကနေ ပံ့ပိုးမှု အပြည့်ပေးတယ် … ဟုတ်တယ်နော်… အကြိမ်တိုင်းပဲ ၊ တကယ်လို့ သူသာ အဲ့ဒီ အရှုပ်အထွေးတွေကို နင့်ကိုယ်စား မဖြေရှင်းပေးဘူးဆိုရင် ချောင်ယွမ်အုပ်စုက ဒီနေ့လို အတိုင်းအတာအထိ တိုးတက်လာမယ်လို့ ထင်လား …” Mmxianxia web တိုက်ရိုက် link https://mmxianxia.com/novels/i-get-a-random-new-occupation-every-week/ စာစဉ်ကောင်းများ ဖတ်ရှုရန်နှင့် သိလိုရာမေးရန် Mmxianxia Facebook page link https://www.facebook.com/share/1BpuT8bi8e/
လင်းရီ စာစဉ် (၁၅၀) မနက်ဖြန် ညနေ ရပါမယ်ဗျ။ ပြီးဖို့ (၂) ပိုင်းခွဲပဲ ကျန်ပါတယ်။ 👻👻
လင်းရီ စာစဉ် (၁၄၉) ရပါပြီဗျ။ Mmxianxia ကို အခုပဲ ပို့ထားပြီးပါပြီ။ ညနေပိုင်းလောက် ဖတ်ရပါလိမ့်မယ်ဗျ။ Wunzin ၊ Dec ၁၀ ရက်ကျော်မှ စာဖိုင်ပို့ဖြစ်ပါလိမ့်မယ် ရောင်းရင်းတို့။ ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ် စာစဉ် (၁၄၉) စာမြည်း အခန်း (၂၂၀၆) သည်းထိတ်ဖွယ်ရာ “ လူတွေလည်း အကုန်စုံနေတယ်ဆိုတော့ တစ်ခါတည်း အားလုံးကို အပြတ်ရှင်းပစ်လိုက်မှနဲ့ တူတယ် …” “ အပြင်က လူတွေကိုရော ဘယ်လိုလုပ်မှာလဲ …..” “ မင်းက ဒီမှာနေပြီး ငါ မက်ဆေ့ချ်ပို့တာကို စောင့်နေလိုက် …” လင်းရီ ပြောလိုက်သည်။ “ စကားမစပ် … ဓာတ်လှေကား ဝင်ပေါက်ဝနဲ့ လှေကားနားကို သေချာ အနီးကပ် စောင့်ကြည့်ထားဦး … ဝင်လာဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို အမှောက်သိပ်ပစ်လိုက် … သူတို့ဘာသူတို့ ဘာကောင်ကြီးနေနေ ခေါင်းထဲ ထည့်မနေနဲ့ ….” “ နားလည်ပါပြီ ….” ရှောင်ပင်း ဖြေဆိုလိုက်သည်။ “ ဒါဆို အစ်ကိုရီက အခု ယွင်ရှန်း အဆောက်အဦးကို သွားတော့မလို့လား … ကျွန်မရော လိုက်ခဲ့ပေးဖို့ လိုသေးလား ….” “ ထွေထူးမဟုတ်တာကို လိုက်ခဲ့ဖို့ မလိုပါဘူး … ဒီမှာပဲ နေပြီး စောင့်ကြပ်ထားလိုက် …” ပြောပြီးနောက် … လင်းရီ သူ့အင်္ကျီ အဝတ်အစားများကို သပ်ရပ်အောင်ပြုကာ ဓာတ်လှေကားသို့ လျှောက်လှမ်းသွားသည်။ ………. ယွင်ရှန်း အဆောက်အဦးထဲရှိ လက်ဖက်ရည်ခန်းထဲ၌ ရှောင်းကျန်းရဲ့သည် မျက်မှောင်တင်းကြပ်စွာ ကြုတ်ထားလျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ တစ်ဖက်တွင် ထိုင်လျက် ရှိသည့် ကုဟိုင်ချောင်သည်လည်း စိုးရိမ်ကြောင့်ကြသည့် အမူအရာနှင့် ဖြစ်နေသည်။ “ ဘော့စ်ရှောင်း … ၊ ဘော့စ်ကု ၊ မင်းတို့နှစ်ယောက်ကလည်း စိတ်ကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် အေးအေးထားစမ်းပါ … မင်းတို့ကောင်တွေ မျက်နှာကြည့်လိုက်တာနဲ့ လူတောင် မွန်းကြပ်လာသလိုပဲ … “ ကျန်းကျားဟောက်က အမှုမထားသည့် ပုံစံအမူအရာဖြင့် ခြေထောက်ချိတ်လျက် ထိုင်နေသည်။ မနေ့ညက သူ့ရဲ့ ထိပ်တန်း လက်ပါးစေတစ်ဦး မီးထဲ ပါသွားသော်လည်း အရေးမပါသည့် ပါမွှားလူတစ်ယောက် သေဆုံးသွားသည့်နှယ် အေးအေးလူလူပဲ ရှိနေသည်။ “ မင်း နားမလည်ပါဘူးကွာ … ဒီခု အခြေအနေက မင်း စိတ်ကူးယဉ်ထားတာထက်ကို ပိုပြီးတော့ အန္တရာယ်များတယ် … ဘယ်လို အမှားအယွင်းမျိုးမဆို တွေးတောလို့ မရနိုင်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာနိုင်တယ် …” ကျန်းကျားဟောက် မည်သို့မျှ မနေပေ။ သူ့လက်တွင် သွေးတို့ စွန်းနေသည် ဆိုသော်လည်းပဲ သူ့အပေါ် ရှိနေသည့် ဖိအားက အတော်လေး နည်းသည်။ အခြားသူများ၏ သေရေးရှင်ရေးက သူနှင့် လားလားမျှ မသက်ဆိုင်ပေ။ သူ အဆင်ပြေသရွေ့ အိုကေသည်။ “ သေချာတွေးကြည့် … ငါ လူ နှစ်ဆယ်ကျော် အင်အားဖြည့်တင်းထားပေးတယ် … ပြီးတော့ မင်းတို့ မိသားစုကလည်း လူ တစ်ဒါဇင်ကျော် လွှတ်လိုက်သေးတယ် … ပြီးတော့ ဟိုတယ်ထဲ မည်းမည်းမြင် အကုန်ပစ်လို့လည်း အမိန့်ပေးထားသေးတယ် … ဘာတွေ စိတ်ပူနေတာ … သူက ကျည်ဆံတွေကို ရှောင်နိုင်မယ်လို့ မင်းတို့ကောင်တွေ တွေးနေတာလား ….” Mmxianxia web တိုက်ရိုက် link https://mmxianxia.com/novels/i-get-a-random-new-occupation-every-week/ စာစဉ်ကောင်းများ ဖတ်ရှုရန်နှင့် သိလိုရာမေးရန် Mmxianxia Facebook page link https://www.facebook.com/share/1BpuT8bi8e/ ကျနော့်ဆီ Docs ၀ယ်လည်း ရပါတယ်ဗျ။ ၅၀၀ ကျပ်ပါပဲ။ @Seraph_Zephyr
လင်းရီ စာစဉ် (၁၄၈) ရပါပြီဗျ။ Mmxianxia ကို ပို့ပြီးပါပြီ။ ညနေပိုင်းလောက် ဖတ်ရပါလိမ့်မယ်ဗျ။
လင်းရီ စာစဉ် (၁၄၈) မနက်ဖြန် ညနေရပါမယ်ဗျ။ Edit - ရေးမပြီးလိုက်လို့ နောက်တစ်နေ့ ညနေမှရပါတော့မယ်ဗျ။ အားနာနာနဲ့ပဲ စောင့်ခိုင်းပါရစေဦး ရောင်းရင်းတို့။ 🥲
ဟလို။ လင်းရီ စာစဉ် (၁၄၇)ရပါပြီဗျ။ Mmxianxia ကို အခုပဲ ပို့ထားပါပြီဗျ။ ညနေပိုင်းလောက် ဖတ်ရပါလိမ့်မယ်။ Wunzin ၊ ၂၀ ကျော်လောက်မှ စာဖိုင်ပို့ဖြစ်ပါမယ်ဗျ။ ငါ့မှာ အပတ်တိုင်း အလုပ်အသစ်ရှိတယ်။ စာစဉ် (၁၄၇) စာမြည်း အခန်း (၂၁၇၆) လူတိုင်းကို သတိထားပါ “ အမှန်ပဲ … အဲ့လိုပြောလို့ရတယ် …” ပြောပြီးနောက် လျိုဟွာရှန်း၏ မျက်နှာအမူအရာက ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး သူ သက်ပြင်းချလိုက်သည်။ “ ငါလည်း ဒီအခြေအနေအထိ ရောက်လာခဲ့ပြီဆိုမှတော့ မင်းကို အချိန်ဆွဲမနေတော့ဘူး …” လင်းရီ တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း တစ်ဖက်သူ ပြောလာမှာကိုပဲ နှုတ်ဆိတ်လျက် နားထောင်နေသည်။ “ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်း ဒီအမှုကို ဆက်ပြီး မစုံစမ်းတာ အကောင်းဆုံးပဲ … မင်းက သန်မာတဲ့ ဖိုက်တာတစ်ယောက် …. ဒါမှမဟုတ် ထူးချွန်တဲ့ ရဲသားကောင်း တစ်ယောက် ဖြစ်ရင် ဖြစ်လိမ့်မယ် … ဒါပေမယ့်လည်း မင်းက ဒီတိုင်း သာမန် ရဲတစ်ယောက်ပဲလေ … အလုပ်ပြုတ်တာက အကြောင်းမဟုတ်သေးဘူး … အသေးအမွှား ဆုံးရှုံးမှုလေးပဲ … ဒါပေမယ့် ဒီအမှုကြောင့်နဲ့ အသက်ပါ ဆုံးရှုံးသွားမယ်ဆိုရင် မင်းအတွက် မတန်ဘူး ….” “ ခင်များကတောင် ဒီလိုစကားမျိုး ပြောလာတယ်ဆိုတော့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက အတော်လေး ဖြုံလောက်တဲ့ အုပ်စုကြီး ဖြစ်မယ်ထင်တယ် …” အမှုက ဤသို့သော အခြေအနေမျိုးသို့ ရောက်လာခဲ့ပြီ ဖြစ်ရာ လင်းရီ ဘယ်လို အကြောင်းမျိုးကြောင့်နဲ့မှ လက်လျှော့မှာ မဟုတ်ချေ။ လျိုဟွာရှန်းကို သူ ဖမ်းမိပြီး ဖြစ်သော်လည်းပဲ စနစ်၏ လက်ရှိ တာဝန်က ပြီးမြောက်သွားခြင်း မရှိသေးချေ။ လင်းရီ မှန်းဆ မိသလောက်တော့ သူသာ ဖန့်ချိန် ကုန်သည်ကြီးများ နောက်ကွယ်တွင် ကြိုးကိုင်နေသည့် အဓိကလူကို ဖမ်းမိနိုင်ခြင်း မရှိသေးသရွေ့ မစ်ရှင်က ပြီးဆုံးဦးမှာ မဟုတ်ပေ။ ထို့ပြင် ဤ ယူနီဖောင်းကို ဝတ်ဆင်ထားရင်း လမ်းခုလတ်တွင် သူ လက်မလျှော့နိုင်ချေ။ အကြောင်းအမျိုးမျိုးကြောင့် ကလေးများ ပျောက်ဆုံးသွားခဲ့ရသည့် မိသားစုများကို သူ ဖြေရှင်းချက် တစ်ခုပေးရမည်။ “ မင်း စိတ်ကူးထားတာထက်ကို ပိုပြီးပါဝါကြီးတယ် … ပေါ့သေးသေး မထင်လိုက်နဲ့ …” လျိုဟွာရှန်း ပြောလိုက်သည်။ “ တကယ်လို့ ဖြစ်နိုင်မယ်ဆို အခုချက်ချင်း ရပ်တန့်လိုက် … ငါက ဖမ်းခံလိုက်ရပြီ … ဒီလောက်ဆို မင်းလည်း အမှတ်ကောင်းတွေ အများကြီး ရဖို့ လုံလောက်နေပြီ ….” ကျနော့်ဆီ docs file လာ၀ယ်ချင်လဲ ရပါတယ်ဗျ။ ၅၀၀ ကျပ်ပါပဲ။ Mmxianxia link https://mmxianxia.com/novels/i-get-a-random-new-occupation-every-week/
လင်းရီ စာစဉ် (၁၄၇) မနက်ဖြန် ညနေ ရပါမယ်ဗျ။
လင်းရီ စာစဉ် (၁၄၆)ကို ဆိုင်ရာ ပလတ်ဖောင်းတွေဆီ ပို့ထားပါပြီဗျ။
လင်းရီ စာစဉ်(၁၄၆) တစ်ရက် နောက်ကျပါမယ်ဗျ။ မနက်ဖြန် ညနေ ရပါလိမ့်မယ်။ ကျနော် ရေးမပြီးသေးလို့ပါ။ 🤧
လင်းရီ စာစဉ် (၁၄၆) မနက်ဖြန် ညနေ ရပါမယ်ဗျ။
လင်းရီ စာစဉ် (၁၄၅)ကို ဆိုင်ရာ ပလတ်ဖောင်းတွေဆီ ပို့ထားပါပြီဗျ။
စာစဉ် (၁၄၄)ကို ဆိုင်ရာ ပလတ်ဖောင်းတွေဆီ ပို့ထားပါပြီဗျ။৻ꪆ
https://t.me/Chenyu666666666 ချန်ယွီ့ စာစဉ်ထွက်ရက် ကြေညာမယ့် GPပါ။ Join ပေးထားကြပါဦးရောင်းရင်းတို့။