ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
Статистика- Последний пост
- 6 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 239
- 1/48двое суток
- 273
- 1/72трое суток
- 295
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အများသိစေရန် ကန့်ကွက်နိုင်ကြောင်း ကြေညာချက် ==================================
ဂရန်အမည်ပေါက် သက်ရှိထင်ရှားရှိသော်လည်း ဂရန်ဂတုံး ဖြစ်ခဲ့ရတဲ့အမှု ============================================== လက်တွေ့အမှုဖြစ်စဥ်အကျဥ်း- လွန်ခဲ့သည့် (၂၀၁၆)ခုနှစ်က ဂရန်အမည်ပေါက်သူ (A) က အရပ်စာချုပ်ဖြင့် ကိုယ်စားလှယ်လွှဲစာပေး ၍ ရောင်းချရာ ဝယ်ယူလက်ရှိဖြစ်သူ (B) က (၂၀၂၁) ခုနှစ်တွင် ထပ်မံရောင်းချလိုက်သဖြင့် နောက်ဆုံးဝယ်သူ (C) က လက်ရှိဝယ်ယူပိုင်ဆိုင်ရာမှ- ၂၀၂၃ ခုနှစ်တွင် (C) က အမည်ပေါက်ပြုလုပ်လိုသဖြင့် ကိုယ်စားလှယ်ရရှိသူ ( B)က လိုက်လံဆောင်ရွက်နေစဥ် ကိုယ်စားလှယ်လွှဲစာနှင့်ပတ်သတ်၍ ယာယီရပ်ဆိုင်းလိုက်သဖြင့် အမည်ပေါက်ပြုလုပ်နေသည့် လုပ်ငန်းစဥ်က ရပ်ဆိုင်သွားရ။ ဒါကြောင့် အမည်ပေါက်ဖြစ်သူ (A) ထံ လိုက်လံဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့ရာ (A) က ရောင်းခွန်ပေးဆောင်ရမည်ကတကြောင်း၊ ရောင်းခဲ့တာလည်း နှစ်ပေါင်းကြာညောင်းနေပြီးဖြစ်၍ကတကြောင်း၊ လိုက်လံဆောင်ရွက်ပေးရန် ဆန္ဒမရှိလို့ ကိုယ်စားလှယ်လွှဲပြီး (B) ထံ အပြီးအပိုင်လွှဲပြောင်းရောင်းချပြီးဖြစ်၍ မိမိနှင့် မသက်ဆိုင်ကြောင်း စသည့်အကြောင်းအမျိုးပြကာ ငြင်းဆန်နေ။ ထိုသို့ ငြင်းဆန်နေသဖြင့် (C) က (A) နှင့် (B) အပေါ် ဤအမှုကို စွဲဆိုလာရခြင်း ဖြစ်။ ဥပဒေ အကြောင်းအချင်းရာ- တင်ပြ/သုံးသပ်ချက် ၁။ ဂရန်အမည်ပေါက်သူ (A)က အရပ်စာချုပ်ဖြင့်ကိုယ် စားလှယ်လွှဲစာပေး၍ ရောင်းချရာ ဝယ်သူလက်ရှိဖြစ်သူ (B) က ထပ်မံရောင်းချလိုက်သဖြင့် နောက် ဆုံးဝယ်သူ (C) က A နှင့် B အပေါ် ပဋိညာဥ်အတိုင်း တရားစွဲဆိုလို့ ရ၊ မရ။ - အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ- ၁၂ အရ တ ရားစွဲဆိုခွင့် ရှိ။ ၂။ (A) က (B) ထံသို့ အချင်းဖြစ်အိမ်နှင့် မြေကို ကိုယ်စားလှယ်လွှဲစာပေး၍ လွှဲပြောင်းရောင်းချပြီးဖြစ်ပါသဖြင့် မိမိနှင့်မသက်ဆိုင်ဟု (A) က (C) အ ပေါ် ငြင်းဆိုခွင့် ရှိ၊ မရှိ။ - (A) က (B) ထံသိုရောင်းချခဲ့သော အရပ်စာချုပ်မှာ ဥပဒေအရ မှတ်ပုံတင်စာချုပ် မဟုတ်သဖြင့် ပစ္စည်းပိုင်ရေးပိုင်ခွင့်မှာ (B) ထံသို့ တရားဝင်လွှဲပြောင်းရောက်ရှိသွားမည် မဟုတ်ပေ။ ( A) တွင်သာ ပိုင်ရေးပိုင်ခွင့် ရှိနေမည် ဖြစ် သည်။ - မူလပိုင်ရှင် (A) ထံမှ လွှဲအပ်ပေးသော စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လွှဲစာဖြင့် ဝယ်ယူခဲ့သော (B) ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူခဲ့သူ (C) က ဥပစာကို ဝယ်ယူလက်ရှိဖြစ်ခြင်းမှာ ပဋိညာဥ်အက်ဥပ ဒေပုဒ်မ -၂၂၆ အရ (A) ၏ ကိုယ်စားလှယ်ရရှိသူ (B) ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်၍ ( မူလပိုင်ရှင် A ကိုယ်တိုင်က ရောင်းချရာရောက်၍) တရားဝင်ပါသည်။ - (C) အနေဖြင့် ဝယ်ယူကတည်းကပင် ဥပစာလက်ရှိနေသူဖြစ်သဖြင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ - ၅၃-က အရလည်း မူလပိုင်ရှင် (A) အပေါ် တုပ်နှောင်စွမ်းအားလည်းရှိသည်။ စာဖတ်ပရိတ်သတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ🙏 🚫 Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 #ဂရန် #ဂရန်ဂတုံး #အိမ်ခြံမြေ
без подписи
без подписи
ပါမစ်မြေကို တရားဝင် စာချုပ်ချုပ်ပြီး ရောင်းဝယ်လို့ ရ/မရ- အပိုင်း (၃) ============================================== ဆရာခင်ဗျာ ပါမစ်မြေကို တစ်ဆင့်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း မပြုရဟု ဘာကိုရည်ညွှန်းပါသလဲ ဆိုပြီး မေးလာတဲ့ မေးခွန်းပေါ် ပြန်ရှင်းပြပါမယ် ခင်ဗျာ- ပါမစ်ရသူဟာ မြေကွက်မှာနေနိုင်တယ်အကြောင်း ချထားခံရသူသာဖြစ်ပြီး အစိုး ရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပါမစ်ရသူက မိမိအမည်နဲ့ မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် မြေငှားဂရန် ထပ်ပြီး လျှောက်ရမှာ ဖြစ်ပါတယ်။ တရားရုံးကဆုံးဖြတ်ထားတဲ့ စီရင်ထုံးလေးတစ်ခုနဲ့ ကိုးကားဖြေပေးပါရစေ--- ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ (၈၇)မှာ ဖော်ပြခဲ့တဲ့ တောင်ဥက္ကလာမြို့နယ်က အိုးအိမ်ကချထားတဲ့ အစိုးရမြေကို ဒေါ်မြိုင်ဆိုသူက ပါမစ်ရခဲ့ပြီး ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ဒေါ်မြိုင်ရဲ့ အမွေစား အမွေခံတွေက အမွေဆက်ခံခွင့်တောင်းတဲ့အခါ----------- အဲ့ဒီမြေကွက်ဟာ နေထိုင်ခွင့်လက်မှတ် ( Permit) နဲ့ ရရှိထားတဲ့ မြေသာဖြစ်တဲ့အတွက် အမွေဆက်ခံခွင့်မရှိလို့ စီရင်ဆုံးဖြတ်ခဲ့တာ တွေ့ရှိထားပါတယ်။ အဲ့စီရင်ထုံးအရ ပြောရရင် ပါမစ်ရရှိသူကို မြေပိုင် ဆိုင်ခွင့်ပေးထားတယ်လို့ ဆုံး ဖြတ်ထားခြင်းမရှိပါဘူး။ ဒါကြောင့် ပါမြစ်မြေကို ရောင်းဝယ် ပေးကမ်း လွှဲပြောင်းရင် တရားဝင်စာချုပ်ချုပ်ဆိုခွင့် ပေးမထားလို့ အရပ်ကတိသာချုပ်များနဲ့ လွှဲပြောင်း ရောင်းချနေကြတာကို တွေ့နေရပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ🙏 🚫Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 #အိမ်ခြံမြေ #ပါမစ် #ဂရန်
без подписи
ဝယ်သူများ မြေချပါမစ်အတုနဲ့ လွဲပါစေ - အပိုင်း (၂) ================================== ပါမစ်မြေ/ မြေချပါမစ်အကြောင်းကိုတော့ အပိုင်း (၁) တွင် ရှင်းလင်းဖော်ပြထားပြီးပါပြီ- အခုတော့ ပါမစ်မြေ ဝယ်ယူတော့မည်ဆိုပါက ပါမစ်မြေ/ မြေချပါမစ်အတုနဲ့ လွဲစေရန် ပါမစ်စာရွက်တွင် ပါဝင်ရမည့်အချက်များကိုတော့ သိရှိနားလည်းဖို့တော့လိုအပ်ပါတယ်။ ရန်ကုန်မြို့တော်တွင် ပါမစ်မြေဝယ်ယူမည်ဆိုပါက မြေချပါမစ်စာရွက်ဟာဘယ် နှယ်ရွက် ပါရှိရမလဲ၊ ယင်းစာရွက်တွေပေါ်မှာ စည်းကမ်းချက်တွေက ဘာတွေပါလဲဆိုတာ သိရှိထားသင့်ပါတယ်။ ဒါဆို ဆက်လက်လေ့လာဖတ်ရှု့လေ့လာကြပါစို့။ (က) မြေချပါမစ်ဟာ စာရွက် (၄) ရွက်ပါရှိရပြီး၊ ရွေ့ပြောင်းမည့်သူများ၏ ရာဇ ဝင်အကျဉ်း နောက်ကျောတွင် ပါမစ်ရရှိသူ၏ စည်းကမ်း သတ်မှတ်ချက်များ ဖော်ပြပါရှိပါသည်- ၁။ အိုးအိမ်ဌာန၏ ရုံးတံဆိပ်အဝိုင်းရိုက်နှိပ်ထားသည့် မြေကွက်အမည်ပေါက် (သို့) ၎င်း၏ မိသားစု ဓာတ်ပုံမူရင်း၊ ဓာတ်ပုံနောက်ကျောတွင် အိုးအိမ်ဦးစီးဌာ န၏အရာရှိ လက်မှတ်ပါရှိရမည်။ ၂။ ရွေ့ပြောင်းမည့်သူများ၏ ရာဇဝင်အကျဉ်းစာရွက် ( ယင်းနောက်ကျောတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များနှင့် ပတ်သတ်၍ အောက်တွင်ဖော်ပြထားပါမည်။) ၃။ အိမ်ယာဆောက်လုပ်နေထိုင်ခွင့်စာရွက် ၄။ မြေနေရာချထားပေးခံရသူ၏ မှိခိုသူများစာရင်းစာရွက်---- စသည့်တို့ပါရှိပါ သည်။ (ခ) ရွေ့ပြောင်းမည့်သူများ၏ ရာဇဝင်အကျဉ်းစာရွက်၏ နောက်ကျောတွင် အောက်ပါစည်းကမ်းချက်များကို ဖော်ပြခဲ့ပါတယ်- - မြေရရှိသူသည် (၇) ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦး စီးဌာန၊ မြေခွန်နှင့် အခွန်ဌာနခွဲ၊ ဦးစီးအရာရှိရုံးတွင် သွားရောက်၍ မှတ်ပုံတင်ပြီး မြေကို လက်ခံရပါမည်။ - မြေကို လက်ခံပြီး (၃) နှစ်အတွင်း မြေပေါ်တွင် အိမ်ဆောက်လုပ်ပြီး ဖြစ်ရပါမည်။ - ချထားပေးသော မြေကွက်ပေါ်တွင် လူနေအိမ်တစ်ခုသာဆောက်လုပ်ပြီး ဖြစ်ရပါမည်။ - အိမ်ဆောက်လုပ်ပြီး နေထိုင်သည့်အခါ အိမ်ဆောက်ပြီးစီးကြောင်း ဖော်ပြ၍ မြေပေါ်တွင် နေထိုင်ခွင့်အမိန့်ကို မြေချထားရေးရုံးတွင် သွားရောက်ထုတ်ယူရမည်။ ဤ စည်းကမ်းချက်များကို လေ့လာကြည့်လျှင် မြေနေရာကွက်သတ်မှတ်ချထားပေးသည့် ပါမစ်ဆိုသည်ပင် မြေပေါ်တွင် နေထိုင်ခွင့်အမိန့်အဆင့်မရှိသေးသည့်ကို တွေ့ရမည် ဖြစ်ပါသည်။ 🚫Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 #ဂရန် #အိမ်ခြံမြေ #ပါမစ်
ပါမစ်မြေနဲ့ပတ်သတ်ပြီး အပိုင်း (၂) အနေဖြင့် မကြာမီ ဆက်လက်တင်ပြသွားပါမည်... ရန်ကုန်မြို့မှာ ပါမစ်မြေဝယ်ယူမည့်ဆိုပါက- စာရွက်အနေဖြင့် (၄) ရွက်ပါမှ ပြည့်စုံပါမည်။
ပါမစ်မြေအကြောင်း အပိုင်း [၁] ==================== ရန်ကုန်မြို့တော်မှာ ပါမစ်မြေဝယ်တော့မည် (သို့) ဝယ်ယူပြီးသူတိုင်း ပါမစ်မြေအကြောင်းကိုတော့ သိရှိနားလည်းထားဖို့ လိုအပ်ပါတယ်--- ပါမစ်မြေဆိုတာ ရှင်းရှင်းပြောရရင် အာဏာပိုင်အဖွဲ့အစည်းများ၏စီမံမှုဖြင့် မြို့သစ်ကွက်များ ဖော်ထုတ်ကာ နိုင်ငံဝန်ထမ်းနှင့် အိမ်ရာမဲ့ပြည်သူများ/ မြေသိမ်းအက်ဥပဒေနှင့်အညီ မြေသက်ဆိုင်သူများက နိုင်ငံတော်ထံ မြေကို ပြန်လည်စွန့်လွှတ်ပြီး လျှော်ကြေးငွေအစား မြေကွက်အစားထိုးရရှိသူများ အတွက် မြေအ သုံးချရန် ခွင့်ပြုချက် (Permit)ပင် ဖြစ်ပါတယ်။ ဒေသအလိုက် မြေပေးမိန့်၊မြေချပါမစ် စသည့် အခေါ်အဝေါ်များ မတူညီကြပါ။ ရန်ကုန်မြို့တော်မှာ မြို့သစ်ကွက်များ ဖော်ထုတ်၍ မြေနေရာ ချထားပေးခြင်းလုပ်ငန်းများကိုတော့ အိုးအိမ်ဦးစီးဌာနက ဆောင်ရွက်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုကလည်းဆောင်ရွက်ပေးပါတယ်။ အခြားနယ်မြို့များမှာတော့ အိုးအိမ်ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဌာနဆိုင်ရာ အရာရှိအချို့နှင့် မြို့မိမြို့ဖအ ချို့တို့ဖြင့် မြို့ကွက်သစ်ဖော်ထုတ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အကောင် အထည်ဖော်ဆောင်ရွက်စေခဲ့ကြပါတယ်။ ရန်ကုန်မြို့တော်မှာ မြို့သစ်ကွက်ဖော်ထားသည့် ဥပမာ-ဒဂုံ (၄) မြို့နယ်- မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်တွေဟာ ( ၁၉၉၀ ) ခုနှစ်နောက်ပိုင်းမှ ထုတ်ပေးသည့် ပါမစ်များတွေ့ရှိရတတ်ပါတယ်။ ပါမစ် ဆိုတာဟာ မြေနေရာချထားတဲ့အမိန့်သာ ဖြစ်ပါတယ်၊ တရားဝင် မြေအ သုံးပြုခွင့်အမိန့်၊ မြေပိုင် ဆိုင်ခွင့်အမိန့် မဟုတ်ပါဘူး။ ပါမစ်မြေကို မြေငှားဂရန်လျှောက်ယူထားခြင်းမပြုဘဲ အသုံးပြုထားပါက ယင်းမြေသည် စနစ်တကျကျူးကျော်မြေ/ ယာယီအသုံးပြုရန် အသိအမှတ်ပြုထားသည့်မြေ (Recognize Squatter) ပါပဲ။ ဂရန်လျှောက်ဖို့ဆိုရင်လည်း မိမိရရှိသည့်ပါမစ်မြေက မြို့ နယ် နယ်နမိတ်အတွင်းသို့ ထည့်သွင်းထားပြီး၊ မြို့မြေပုံနှင့် မြို့မြေစာရင်းများ ပေါ်လာမှသာ (စီမံခန့်ခွဲပိုင်ခွင့်မြေ/ Disposal Land) အဖြစ်ရောက်ရှိလာပါမည်။ ဒါဖြင့်ရင် ပါမစ်မြေဟာ ရောင်းခြင်း ဝယ်ခြင်း ပြု လုပ်လို့မရဘူးလားလို့ မေးရင်..... ရပါတယ်။ အရပ်ကတိစာချုပ်နဲ့ ရောင်း ဝယ်နေကြပါတယ်။ ဒီလိုတွေ လုပ်နေကြတော့ အစိုးရအနေနဲ့ရရှိမယ့် အခွန်အခ (ဝယ်ခွန်၊ ရောင်းခွန်၊ တံဆိပ် ခေါင်းခွန်) များစွာ ဆုံးရှုံးရပါတယ်။ ------------------------------------------------------------------------------------------------------- (၂၀၂၄ ခုနှစ် (၇)လပိုင်း (၂၉) ရက် နောက်ပိုင်းမှစ၍ ရန်ကုန်မြို့မှာကတော့ ပါ မစ်ကနေ ဂရန်လျှောက်မည်ဆိုပါက ပါမစ်အမည်ပေါက်သူမှ အပ အရပ်ကတိ စာချုပ်တွေနဲ့ ဝယ်ယူသူတွေအနေဖြင့် ဂရန်လျှောက်ထားခြင်းအား ယနေ့အချိန်ထိ ရပ်ဆိုင်းထားပါတယ်။) 🚫Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 #ပါမစ် #အိမ်ခြံမြေ #ဂရန်
без подписи
Struckoff အဆင့်ရောက်ရှိနေသော company များအားမြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၁ ( စ )အရကင်းလွတ်ခွင့်ပြန်လည်လျှောက်ထားခြင်း.. ================================================== DICAတွင်နှစ်စဉ်အစီရင်ခံစာ (AnnualReturn) တင်ပြရန် ပျက်ကွက်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် Struck Off အခြေအနေမှRegistered ပြန်လည်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အောက်ပါအတိုင်းဖြစ်ပါသည်။ မိမိတို့ DICA Accountမှ Z2 formလိုအပ်ပါမည်။ Z2form ရရှိပါက ကုမ္ပဏီလိပ်စာတည်ရှိသောသက်ဆိုင်ရာခရိုင်တရားရုံးတွင် တရားမ အထွေထွေမှု -ကုမ္ပဏီများ ဥပဒေပုဒ်မ -၄၃၁(စ) အရ ကင်းလွတ်ခွင့်လျှောက်ထားရပါမည်။ တရားရုံးမှအမိန့်ရပါက Myco DICAတွင် အမိန့်စာပူးတွဲတင်ပြကာRegistered company အဖြစ်သို့ပြန် လည်ရရှိနိုင်ပါမည်။ #Struck-off ဆိုတာက ဘာလဲ အောက်ပါလင့်မှာ အသေစိတ်👇 https://www.facebook.com/share/p/18LPBxex1z/ ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417
без подписи
ဂရန်ခွဲစိတ်ဝယ်ယူမည့်သူများ သတိထားရမည့် အချက်[ ၁ ] ချက် ========================================= ဂရန်မြေ ခွဲစိတ် ပေ (၄၀×၆၀) မှ ပေ (၂၀×၆၀) ခွဲစိတ်ဝယ်ယူမည့်သူများ- မိတ်ဆွေတစ်ဦးက ဂရန်ခွဲစိတ်ဝယ်ယူမှာမို့ ဆရာရေ လာရောက်ဆောင်ရွက်ပေးရန် ဖုန်းဆက်လာပါသဖြင့် အရောင်းအဝယ်ပြုလုပ်မည့် ဝင်းမြေဆီသို့ ပုဂံလုံးစီး ၍ အမြန်ဆုံး နှင်းမောင်းလိုက်ပါတော့တယ်။ အဲ့ရောက်တော့ ရောင်းသူ/ဝယ်သူ နှင့် အကျိုးဆောင်များမှ ခရီးစီးကြိုကြကာ စကားစမြည်းလေးတွေပြော၍ စာရွက်စာတမ်းများ စစ်လိုက်ပါတော့တယ်။ ပြသနာက အခုမှစတွေ့တော့တယ် ဂရန်စာရွက်ပေါ်မှာက ပေ (၄၀×၆၀) စတုရန်ပေ (၂၄၀၀) ပေါ့။ သို့သော် မြေပြင်မှာက ပေ (၄၃× ၆၀) ဖြစ်နေပြီး အဲ့ထဲမှ ပေ (၂၀× ၆၀) ခွဲရောင်းပါမည်။ ပိုနေတဲ့ ၃ ပေ သည် BDS ခေါ် လမ်းကြားမြေ (စည် ပင်ပိုင်) မြေဖြစ်နေပါတယ်။ ယင်း ၃ ပေ အပါအဝင် ပေ (၂၃ × ၆၀) ပေါ်မှာ ခိုင် မာတဲ့ အဆောက်အဦ ဆောက်ထားတာ တွေ့ရှိထားပြီး တစ်ခြမ်းဖြစ်သည့် ပေ (၂၀ × ၆၀) အား အရောင်းအဝယ်ပြုလုပ်ကြပါမည်။ စာရွက်စာတမ်းနှင့် ပိုင်ဆိုင်မူကလည်း ကင်းရှင်းပါသော်လည်း အရောင်းအဝယ်တော့ အထ မမြောက်ဖြစ်၊ ပွဲပျက်သွားတယ် ခေါ်ပါတော့။ ဘာကြောင့်လဲ ဆိုတော့------ BDS လမ်းကြားမြေ/ စည်ပင်ပိုင်မြေ ၃ ပေပေါ်မှာ ခိုင်မှာသည့် အဆောက်အဦ ဆောက်လုပ်ထားသဖြင့် မိမိအမည်ပေါက်ရရှိဖို့ရန် ဂရန်ခွဲပြုလုပ်သည့်အချိန်မှာ အရမ်းခက်ခဲသွားပါမည်။ - ယင်း ၃ ပေအား ရောင်းချသူမှ မြေပိုအနေဖြင့် လျှောက်မှာလား။ (သို့မဟုတ်) - ၃ ပေပေါ်တွင် ဆောက်ထားတဲ့ အဆောက်အဦကို ဖျက်ပေးမှာလား။ အထက်ပါ အချက် ၂ ချက်အား ရောင်းသူက မဆောင်ရွက်ပေးနိုင်ရင် ဂရန်ခွဲစိတ်ပြုလုပ်ရန်အတွက် တိုင်းခွဲ/ ဦးပိုင်ခွဲစိတ်အဆင့်မှာပင် ရပ်စဲနေလိမ့်မည့် ရှေ့ဆက် ရန် အလားအလားမရှိတော့ပါ။ စာဖတ်မိတ်ဆွေများ ကျန်းမာရွှင်လန်းကြပါစေ🙏 🚫Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 #ဂရန်မြေ #အိမ်ခြံမြေ #ဂရန်ခွဲစိတ်
без подписи
နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား- =========================== (၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ်ကြပြီး တစ်ဖက် သတ် ဂရန်ခွဲထွက်သွားမည်ဆိုပါက ကျန်တဲ့အခြမ်းသည် "နူတ်ကျန်ဂရန်"လို့ ဆို ရပေမည်။ ပေ (၄၀×၆၀) ဂရန်မြေအား A နှင့် B သည် ပူးတွဲပိုင်ဆိုင်ထားပါစို့။ ပေ (၂၀×၆၀) စီ ခွဲကြမည်ဆိုပါက A ကလည်း B ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ထိုနည်းတူစွာ B ကလည်း A ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ဒါ့ကြောင့် အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ဆိုရမည်။ ယင်းစွန့်လွှတ်စာချုပ် ချုပ်ဆိုပြီးနောက် A နှင့် B (၂) ဦးတစ်ပြိုင်တည်း ဂရန်ခွဲထွက်မပြုလုပ်ဘဲ A ဆိုတဲ့ တစ်ဦးက ဂရန်ခွဲထွက်မည်ဆိုပါက ယင်းလူသည် ပေ (၂၀×၆၀) ဆိုတဲ့ ဂရန်ခွဲ စာအုပ်အသစ် တစ်အုပ်ရရှိသွားပါမည်။ ကျန်ရှိ B မှာတော့ မူလဂရန်စာအုပ်ပဲကျန်ရှိခဲ့ပြီး ယင်းစာအုပ်၏ ပထမစာမျက် နှာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်ရေးသားမှတ်သားထားသည်မှာ--- [ A၊ B နှစ်ဦးတို့အနက်မှ အမည်ပေါက်တစ်ဦးဖြစ်သည့် B ထံမှ စွန့်လွှတ်စာချူပ်ကို့ အထောက်အထားပြု၍ A အမည်ဖြင့် ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ က) ဖြင့် ဂရန်ခွဲထုတ်ပေးပြီး ဖြစ်ပါသဖြင့်...(မူလအမည်ပေါက် A၊ B အမည်ဖြင့် ကျန်ဧရိယာ ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ခ) ဖြင့် ကျန်ရှိပါသည်)။ ] အဆိုပါ နူတ်ကျန်ဂရန် ပေ (၂၀×၆၀) သည် A၊ B အမည်ဖြင့် ဆက်လက်ကျန်ရှိနေသေးကြောင်း ထင်ရှားမြင်သာပါသည်။ ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း 09 986 252 417 🚫 Pls Do Not Copy 🚫 #နူတ်ကျန်ဂရန် #ဂရန်မြေ #အိမ်ခြံမြေ
без подписи
#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက် ============================================= အိမ်ခြံမြေအား ဘဏ်ချိတ်ဖြင့်ဝယ်ယူမည် ဆိုပါက ရောင်းချသူ၊ ဝယ်ယူသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများအား မိမိချိတ်ဆက်မည့် ဘဏ်၏ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများပြသပေးရမည်ဆိုတာ အားလုံးနားလည်းကြပြီဆိုတော့ အထူးအထွေတင်ပြစရာမလိုတော့ပါဘူး။ ယခုတင်ပြသွားမှာကတော့--- ဘဏ်ချိတ်ဖြင့် အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အောက်ပါအချက် (၃)ချက်များကိုတော့ သတိထားစေချင်ပါတယ်။ ၁။ စရန်ငွေပေးပြီးနောက် အကြောင်းကြောင်းကြောင့် ဘဏ်မှ ချေးငွေမရရှိပါက မိမိအနေဖြင့် ကျန်ငွေအား ပေးချေနိုင်ရန် အင်အားရှိပါသလား။ ၂။ ဆက်လက်ပေးချေရန်အင်းအားမရှိပါက ပေးချေထားသည့်စရန်ငွေ အဆုံးအ ရှုံးခံနိုင်ပါ့မလား။ ၃။ ဘဏ်မှ ချေးငွေခွင့်မပြုပါက ပေးချေထားသည့်စရန်ငွေအား မဆုံးရှုံးစေရန် ရောင်းသူ/ဝယ်သူကြား ဘယ်လိုကတိကဝတ်တွေ ထည့်သွင်းချုပ်ဆိုထားသင့်မလဲ။ ဘဏ်ချိတ်နဲ့ပတ်သတ်၍ ဆရာ့ကိုယ်တွေ့လေး တစ်ဆက်တည်းတင်ပြပေးလိုက်ပါ့မယ်- မိတ်ဆွေတစ်ဦးက ဂရန်မြေအမည်ပေါက်သူထံမှ ဘဏ်ချိတ်ဖြင့် ဝယ်ယူမှာမို့ ရောင်းချသူထံမှ စာရွက်စာတမ်းများ စိစစ်ပေးရန် အကူအညီတောင်းခံလာသ ဖြင့် သွားရောက်၍ စစ်ဆေးရာ- ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုပြီး စရန်စွတ်မချလိုက်ပါနဲ့။ -------------------------------------------------------------‐------ ပိုင်ဆိုင်မှုအနေဖြင့် ရောင်းသူ၏ ဂရန်အမည်ပေါက် ဖြစ်နေ၍ ပြဿနာမရှိပါ။ ပြဿနာက ဒီကစပါပြီ_ ရောင်းချသူ၏ ဂရန်မြေက ပေ (၄၀×၆၀) အနက်မှ ပေ (၁၀×၆၀) က အခြားသူအား ခွဲခြမ်းရောင်းချထားပြီး ၎င်းပိုင်ဆိုင်တဲ့ ပေ ( ၃၀ × ၆၀) ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကို ဘဏ်ချိတ်နဲ့ ဝယ်မှာပါ။ သို့သော်ဂရန်ခွဲစိတ်အနေဖြင့်ပြုလုပ်ဖို့ကလည်း မရပါတော့ မူလအမည်ပေါက်သူကပဲ ပေ (၄၀×၆၀) ဂရန်ပဲဆက်လက်ကိုင်ဆောင်ထားပါတယ်။ ယင်းအခြေအနေအရ ဘဏ်က လုံးဝလက်မခံပါ။ ဘဏ်ချိတ်အနေဖြင့်အဆင်ပြေအောင် ပေ (၄၀× ၆၀) ဂရန်အား ရောင်းချသူက ပိုင်ဆိုင်ပါတယ်ဆိုပြီး ဝယ်ယူသူအမည်ပေါက်ပြောင်းလိုက်၍ ဘဏ်အား အာမခံအနေဖြင့် ပေးထားမယ်ဆိုင်ရင် ဘဏ်က လက်ခံမယ်သော်လည်း ပေ (၁၀×၆၀) ပိုင်ဆိုင်တဲ့တစ်ဖက်က လက်ခံပါ့မလား။ အကြံပြုချက် ------------------ အထက်ပါ အခြေအနေများကြောင့် မိတ်ဆွေအား အဆိုပါ ဂရန်မြေကွက်အား မဝယ်ယူရန် အကြံပြုလိုက်ပါတယ်။ 🚫Pls Do Not Copy🚫 နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း Tele Link - https://t.me/Legalservi Viber No- 09 986 252 417 #ဘဏ်ချိတ် #homeloan #အိမ်ခြံမြေ #ဂရန်မြေ
без подписи
ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ======================================== ''ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ အကြံတောင်းခံလာပါသဖြင့်--- '' ၂ ခု စလုံးကောင်းတာချည်းပါပဲ။ ဒါပေမယ့် စာရွက်စာတမ်းခိုင်မာပြီး အရှုပ်အ ရှင်း ကင်းရှင်းဖို့က အဓိက အရေးကြီးဆုံးပေါ့ ''။ အမည်ပြောင်းတဲ့ကိစ္စ ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ --‐----------------------------------------------------------------------------------------- #ပါမစ်မြေ ကတော့ ယခင်ကာလတုန်းက အရပ်ရောင်းအဝယ်စာချုပ်အဆက် အစပ်မူရင်းများနှင့် ပါမစ်မူရင်းတင်ပြပြီး လျှောက်ထားသူ အမည်ပေါက် ဂရန် ပြုလုပ်လို့ရပါတယ်။ သို့သော်.. ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အ စည်းအဝေး အဆုံးအဖြတ်ချက်အရ (၂၉.၇.၂၀၂၄) ရက်နေ့မှစ၍ ပါမစ်အမည်ပေါက်သူမှသာလျှင် ဂရန်အမည်ပေါက် ပြုလုပ်ဆောင်ရွက်လို့ရပါတော့မည်။ ပြီးမှ ဝယ်ယူသူ အနေဖြင့် မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့် အ ခွန်များထမ်းဆောင်၍ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမည်။ #ဂရန်မြေ ကလည်း ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူပြီး မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့်အခွန်များထမ်းဆောင်၍ အရောင်းအဝယ် စာ ချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမယ်။ #ဂရန်ဂတုံး ဆိုရင်လည်း 👇 အောက်ပါ့လင့်တွင် အသေးစိတ်ဖော်ပြထား- https://m.facebook.com/story.php?story_fbid=122156025536803541&id=61574106233251&mibextid=Nif5oz အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏 🚫Pls Do Not Copy🚫 ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း https://t.me/Legalservi Viber No- 09 986 252 417
без подписи