tgindex
MSM Vip English Series ( 4000 + )

MSM Vip English Series ( 4000 + )

Статистика

@MCinemaTV_Bot

Последний пост
27 мая
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Языки
В каталоге с
15 авг.
Подписчики
16 920
+150 за 3 дн.
Сутки
+81
+0,48%
Неделя
 
Месяц
 
Просмотров на пост
14,7 тыс
20 постов
Вовлечённость
87,0%
к подписчикам
Постов в день
0,0
всего 20
Упоминаний
22
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 27 мая24,7 тыс2336

    (463) Spider-Noir (2026) S1 +++++++++++ Spider-Man ပရိသတ်တွေအတွက် တကယ့်ကို မိုက်မယ့် "Spider-Noir" live-action စီးရီးအသစ် ထွက်လာပါပြီ။ ၂၀၁၈ တုန်းက Spider-Man: Into the Spider-Verse ကာတွန်းကားမှာ အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသားကြီး Nicolas Cage ကပဲ ဒီစီးရီးမှာ လူကိုယ်တိုင် ပြန်လည်ပါဝင်လာတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောနေတဲ့ ပုံမှန် Spider-Man ကားတွေနဲ့မတူဘဲ ၁၉၃၀ ပြည့်လွန်နှစ်တွေက နယူးယောက်မြို့ကြီးရဲ့ မှောင်မိုက်ပြီး စုံထောက်ဆန်ဆန် (Noir aesthetic) အရသာကို အပြည့်အဝ ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းက ပုံမှန် Peter Parker အကြောင်း မဟုတ်ပါဘူး။ ဒီစကြဝဠာမှာ သူ့နာမည်က Ben Reilly ပါ။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ Ben ဟာ အတိတ်က နယူးယောက်မြို့ရဲ့ တစ်ဦးတည်းသော စူပါဟီးရိုး (The Spider) အဖြစ်ကနေ အနားယူထားပြီး သာမန် ပုဂ္ဂလိက အလွတ်စုံထောက်ကြီးအဖြစ် အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့ရပြီးနောက်မှာတော့ သူ့ရဲ့ အတိတ်က ဟီးရိုးဘဝကို မလွှဲမရှောင်သာ ပြန်လည်ရင်ဆိုင်ရမယ့် အကြောင်းကို လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားစတိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Spider-Man Noir ဆိုတဲ့ ကာရိုက်တာက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel ရဲ့ Noir Universe (Earth-90214) ကနေ စတင်မွေးဖွားလာတာပါ။ ကောမစ်ထဲမှာတော့ ပင့်ကူကိုက်ခံရတာက သာမန် ဓာတ်ရောင်ခြည်သင့် ပင့်ကူမဟုတ်ဘဲ ရှေးဟောင်း ပင့်ကူနတ်ဘုရား ရုပ်တုကနေတစ်ဆင့် အစွမ်းရလာတာမျိုးပါ။ ရိုးရိုး Spider-Man တွေလို မဟုတ်ဘဲ သေနတ်တွေလည်း သုံးတယ်၊ လူဆိုးတွေကို နှိမ်နှင်းတဲ့နေရာမှာလည်း ပိုပြီး ကြမ်းတမ်းပါတယ်။ ကောမစ်ထဲမှာ Uncle Ben ကို သတ်သွားတဲ့ လူသတ်ကောင်က The Vulture ပါ (ကော်မစ်ထဲက Vulture က လူသားစားတဲ့ ဘီလူးတစ်ကောင်လို ပုံစံမျိုးပါ)။ စီးရီးထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဗီလိန်တွေဖြစ်တဲ့ Sandman (Flint Marko), Tombstone (Lonnie Lincoln) နဲ့ Silvermane တို့လို လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ပါဝင်လာပါတယ်။ မင်းသားကြီး Nicolas Cage က သူ့ရဲ့ သရုပ်ဆောင်ပုံကို နာမည်ကြီး ဂန္ထဝင်မင်းသား Humphrey Bogart ရဲ့ စုံထောက်စတိုင် ၇၀ ရာခိုင်နှုန်းနဲ့ ကာတွန်းဇာတ်ကောင် Bugs Bunny ရဲ့ နောက်ပြောင်တတ်တဲ့စတိုင် ၃၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ် Showrunner ဖြစ်တဲ့ Oren Uziel က ငယ်ငယ်တုန်းက Sam Raimi ရိုက်ခဲ့တဲ့ Tobey Maguire ရဲ့ Spider-Man ကားတွေကို အရမ်းကြိုက်ခဲ့တာမို့ အဲဒီကားတွေရဲ့ အငွေ့အသက်တချို့ကိုလည်း ဒီစီးရီးထဲမှာ ဂါရဝပြု ထည့်သွင်းထားပါတယ်။ ဒီစီးရီးရဲ့ အထူးခြားဆုံး အချက်ကတော့ Prime Video မှာ "Authentic Black & White" (အဖြူအမည်းစစ်စစ်) ရော "True-Hue Full Color" (အရောင်အပြည့်) ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လွှင့်တင်ထားတာပါ။ ကိုယ်ကြိုက်တဲ့ ဖီလင်နဲ့ ရွေးကြည့်လို့ ရပါတယ်။ ဒီဇာတ်ကောင်က Spider-Verse ကားတွေနဲ့ ဆက်စပ်မနေဘဲ သီးသန့်ရပ်တည်နေတဲ့ စကြဝဠာတစ်ခုကပါ။ ပြီးတော့ မူပိုင်ခွင့်တွေနဲ့ ဇာတ်လမ်းကွဲပြားမှုတွေကြောင့် Peter Parker လို့ နာမည်မပေးဘဲ Ben Reilly လို့ နာမည်ပေးထားတာပါ။ အပိုင်း ၈ ပိုင်းပါဝင်မယ့် ဒီစီးရီးကတော့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကား ကြိုက်တဲ့သူတွေရော၊ ခပ်ကြမ်းကြမ်း ဟီးရိုးကား ကြိုက်တဲ့သူတွေပါ သဘောကျမယ့် ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲဗျာ။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 19 апр.11,5 тыс172из MSMVipEnglishSeries

    (411) From (2022-2026) ============= Season 1 to 4 Update +++++++++++++++++ ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီ နိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့ လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီး ပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲ ပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကို တဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့် ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါ အဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့ တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှ နုရတော့တာပါပဲ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့ စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီး သူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့ နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ် ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့ အဲဒီမြို့ကြီးထဲကနေ ထွက်လို့ရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ် ဒါပေမဲ့ တကယ့်ပြဿနာက မြို့ကြီးလား မကောင်းဆိုးဝါးတွေလား သူတို့သေပြီးလို့ ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကို ဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့ ခံစားလို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ 💢MSM Vip Series Channel တွင်တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရတယ်နော် 👑 @MSMVMM_bot

  • 9 апр.11 тыс153из MSMVipEnglishSeries

    (385) The Boys 2024 Season 1 to 5 Update ( Lifetime Vip ) The Boys တွေရဲ့ နောက်ဆုံးစီစန် လာပါပြီ.... ဇာတ်လမ်းက Season 4 ပြီးသွားတဲ့ အချိန်ကနေ တစ်နှစ်လောက် အကြာကို အခြေခံထားတာပါ။ ဟျူဝီတို့အဖမ်းခံထားရတာကို စတားလိုက်နဲ့ဘတ်ချာတို့ ကယ်ထုတ်ဖို့ ကြိုးစားတာကနေ စမှာပါ။ ဟုမ်းလန်ဒါအနေနဲ့တော့ သမ္မတကို ကြိုးကိုင်တဲ့နေရာကိုယူထားပြီး တစ်နိုင်ငံလုံးကို အေအိုင် နဲ့ သတင်းအတုတွေ ဝါဒဖြန့်၊ အမေရိကအဓိကတို့ ခရစ်ယာန်နိုင်ငံတော်ကြီးဖြစ်ရေးတို့နဲ့ စည်းရုံး၊ DEI ကို ဖျက် တရားရေးအဖွဲ့တွေကို ချုပ်ကိုင်ပြီး အာဏာရှင်လုပ်နေပါပြီ။ စတားလိုက်အဖွဲ့တွေကို ကွန်မြူနစ်အဖြစ်စွပ်စွဲတာ၊ ချွေးတပ်စခန်းလုပ်ပြီးဖမ်းတာမျိုးတွေလုပ်နေတဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ ပို့စ်တင်တဲ့သူ လိုက်ခ်ပေးတဲ့သူတွေကအစ ဖမ်းဖို့ ပြင်နေပါပြီ။ ဘတ်ချာကလည် ဟုမ်းလန်ဒါရော စူပါတွေအကုန်လုံးကိုရော သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကိုရဖို့ ဆက်ကြိုးစားနေဆဲမို့ ဒီစီစန်မှာ အကြီးအကျယ် ကြမ်းကြတော့မှာ သေချာပါတယ်။ ကြည့်လိုက်ကြပါဦး။ 💢MSM Vip Series Channel တွင်တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရတယ်နော် 👑 @MSMVMM_bot

  • 16 февр.35 тыс3019

    (462) A-Knight-of-the-Seven-Kingdoms (2026) S01 စဆုံး ++++++++++++++ IMDb Rating (8.7) / Rotten Tomatoes (87%) HBO ကနေ အသစ်ထွက်ရှိလာတဲ့ A Knight of the Seven Kingdoms ဇာတ်လမ်းတွဲဟာ နာမည်ကျော် Game of Thrones နဲ့ House of the Dragon တို့ရဲ့ အဆက်ဖြစ်ပြီး George R.R. Martin ရဲ့ "Tales of Dunk and Egg" ဝတ္ထုတိုများကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Game of Thrones ထဲက အဖြစ်အပျက်တွေမတိုင်မီ နှစ်ပေါင်း ၁၀၀ ခန့်အလို (သို့မဟုတ်) House of the Dragon အပြီး နှစ်ပေါင်း ၇၀ ကျော်အကြာမှာ အခြေတည်ထားပါတယ်။ Targaryen မင်းဆက်တွေ Iron Throne ပေါ်မှာ စိုးစံနေဆဲကာလဖြစ်ပြီး နဂါးတွေ ပျောက်ကွယ်သွားတာ သိပ်မကြာသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဇာတ်လမ်းဟာ Ser Duncan the Tall (Dunk) လို့ခေါ်တဲ့ အရပ်ရှည်ရှည်၊ ရိုးသားဖြူစင်ပြီး နာမည်မရှိသေးတဲ့ လေလွင့်သူရဲကောင်း (Hedge Knight) တစ်ယောက်အကြောင်းကို အဓိကထားထားပါတယ်။ သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့အတွက် Westeros ပြည်အနှံ့ ခရီးနှင်နေသူပါ။ သူဟာ အရပ် ၇ ပေနီးပါး မြင့်ပါတယ်။ သူဟာ တခြားသူရဲကောင်းတွေလို မင်းစိုးရာဇာမျိုးနွယ် မဟုတ်တဲ့အတွက် အရမ်းရိုးသားပြီး သာမန်လူတန်းစားတွေအပေါ် စာနာစိတ်ရှိပါတယ်။ နောက်ပိုင်း Westeros သမိုင်းမှာ အတော်ဆုံး Lord Commander of the Kingsguard တစ်ယောက် ဖြစ်လာမယ့်သူပါ။ တစ်နေ့မှာ သူဟာ Egg လို့ခေါ်တဲ့ ထူးဆန်းတဲ့ ကတုံးလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ Egg ဟာ Dunk ရဲ့ လက်ထောက် (Squire) အဖြစ် လိုက်ပါလာခဲ့ပေမဲ့ တကယ်တော့ Egg ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Egg ဟာ Targaryen မင်းသားတစ်ပါး ဖြစ်နေတာပါပဲ။ Egg ရဲ့ နာမည်အရင်းက Aegon Targaryen ဖြစ်ပြီး နောင်တစ်ချိန်မှာ Aegon V (မင်းကောင်းမင်းမြတ်) အဖြစ် နန်းတက်မယ့်သူပါ။ Targaryen တွေရဲ့ ထူးခြားချက်ဖြစ်တဲ့ "ငွေရောင်ဆံပင်" ကို ဖုံးကွယ်ထားဖို့ ဆံပင်ကို အမြဲရိတ်ထားရတာကြောင့် ဥ လို့ ခေါ်ကြတာပါ။ ဒီဇာတ်လမ်းဟာ Blackfyre Rebellion (ထီးနန်းလုတဲ့ ပြည်တွင်းစစ်) ပြီးဆုံးပြီးနောက်ပိုင်းမှာ ဖြစ်ပွားတာပါ။ House of the Dragon ခေတ်ကလို နဂါးတွေ မရှိတော့ပါဘူး။ နဂါးတွေ သေကုန်ကြလို့ Targaryen တွေဟာ နဂါးမရှိဘဲ သူတို့ရဲ့ အာဏာကို ထိန်းထားရတဲ့ ခေတ်ပါ။ ပြည်တွင်းစစ်ပြီးစ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး အနည်းငယ် ငြိမ်သက်နေပေမဲ့ မှူးမတ်တွေကြားမှာ "ဘယ်သူက သစ္စာရှိလဲ၊ ဘယ်သူက သူပုန်လဲ" ဆိုတဲ့ သံသယတွေ ရှိနေဆဲကာလ ဖြစ်ပါတယ်။ ဒီမတူညီတဲ့ လူနှစ်ယောက်ရဲ့ ခရီးစဉ်တစ်လျှောက်မှာ Westeros ရဲ့ နိုင်ငံရေး ကစားကွက်တွေ၊ သူရဲကောင်းပြိုင်ပွဲတွေနဲ့ မမျှော်လင့်ထားတဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ GoT လို စစ်ပွဲကြီးတွေ၊ နဂါးကြီးတွေထက် လူသားဆန်တဲ့ ဆက်ဆံရေးနဲ့ သူရဲကောင်းပီသမှုကို ပိုဦးစားပေးထားပါတယ်။ အရပ် ၇ ပေနီးပါးရှိတဲ့ Dunk နဲ့ သေးသေးကွေးကွေး Egg တို့ရဲ့ ညီအစ်ကိုလို၊ ဆရာတပည့်လို သံယောဇဉ်က ဇာတ်လမ်းရဲ့ အသက်ပါ။ တခြား GoT စီးရီးတွေလောက် အမှောင်မကျဘဲ နည်းနည်းပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ စွန့်စားခန်းဆန်တဲ့ ရသကို ပေးစွမ်းမယ်လို့ ထင်ရပါတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere Vip တစ်သက်တာ Group တွင် Game of throne , House of the dragon Series များ အားလည်း Up to date ပြန်လည်ကြည့်ရှုနိုင်ပါသည်။

  • 5 дек.30,3 тыс3417

    (461) Spartacus: House of Ashur (2025) S1 စဆုံး ++++++++++++++ ရောမခေတ် ကော်လီစီယံသတ်ကွင်းကြီးထဲက အကြမ်းဆုံး ဂလက်ဒီရိတ်တာတွေ တိုက်ခိုက်သတ်ဖြတ်ကြတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်... ထွက်ရှိပြီးသား Gladitor ကားတွေရဲ့ မတိုင်ခင်အချိန်ကို ဇာတ်လမ်းတည်ထားပြီး ပုန်ကန်သူ စပါတာကတ်စ်အဖွဲ့သေဆုံးပြီး ရီပါ့ဘလစ် ရောမသားတွေ အားကောင်းလာတဲ့အချိန်ကို စထားပါတယ်.. သူတို့ရဲ့ ထုံးစံအရ သဲကွင်းကြီးထဲမှာသတ်ဖြတ်ပြီး အနိုင်ယူနိုင်သူဟာ ကျွန်ဘဝကလွတ်လပ်ပြီး Free man တစ်ယောက်ဖြစ်လာစေပါတယ်.. ဒီအတွက် Gladitor ဟာ အားကစားတစ်ခုဆိုတာထက် အိမ်တော်တွေရဲ့ ဂုဏ်ကိုလည်း ဆောင်နေတဲ့ ယဉ်ကျေးမှုဖြစ်လာတယ်.. ဒီထဲမှာမှာ ဘာတီးယက်စ်အိမ်တော်ကျရှုံးပြီး တက်လာတဲ့ အာရှာဟာ အိမ်တော်တွေထဲမှာ အင်အားအနည်းဆုံးဖြစ်နေတယ်.. သူကိုယ်တိုင်လည်းစစ်သည်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဒီသတ်ကွင်းတွေထဲမှာ အိမ်တော်ရဲ့ နာမည်ကို အဖက်ဆယ်ဖို့ကြိုးစားနေပေမဲ့ သူ့ကိုယ် ကိုစားပြုတဲ့ချန်ပီယံတိုက်ခိုက်ရေးသမားတွေက မအောင်မြင်ခဲ့ပါဘူး.. တစ်နေ့တော့ ယောက်ျားတွေသတ်ဖြတ်ကြီးစိုးတဲ့ အားကစားမှာ..နေပယ်ကလာတဲ့ အာဂအမျိုးသမီးတစ်ယောက်ကို တွေ့သွားပြီး သူ့ရဲ့ ချန်ပီယံဖြစ်ပေးဖို့ ကြိုးစားပါတော့တယ်.... 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere Vip တစ်သက်တာ Group တွင် Spartacus Old Version Season 1 to 3 စဆုံးကိုပါ No Ads Quility ဖြင့်ကြည့်ရှုနိုင်ပါသည်။

  • 27 нояб.13 тыс95из MSMVipEnglishSeries

    (207) Stranger things Stranger Things ( 2016 - 2025 ) Season 1 to Season 5 Update Stranger Things Season 5 (2025) ဖန်တွေအားလုံး မျှော်နေကြမဲ့ နောက်ဆုံးစီစန် လာပါပြီ။ စီးရီးအပိုင်းတွေက တစ်နာရီကျော်တွေရှည်သလို ကြမ်းလည်းအရမ်းကြမ်းပါလိမ့်မယ်။ စီစန် ၄ မှာတုန်းက ပြောင်းပြန်ကမ္ဘာနဲ့ လူတွေကြားက တံခါးတွေ ပွင့်သွားတာနဲ့ အဆုံးသတ်သွားတာမို့ ဒီစီစန်မှာတော့ အလဗင်းတို့ သူငယ်ချင်းတစ်စု အစွမ်းကုန်ကြမ်းရတော့မှာပါ။ နောက်ဆုံးမှာတော့ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲ ဘယ်သူတွေအတွက် ငိုရမလဲဆိုတာ သိရပါလိမ့်မယ်။ ပထမဆုံး ၄ ပိုင်းကို နိုဝင်ဘာ ၂၆ မှာ စတင်ပြသမှာဖြစ်ပြီး ခရစ္စမတ်မှာတော့ နောက်ထပ်သုံးပိုင်းကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆုံးဇာတ်သိမ်းကိုတော့ ၂ နာရီကြာ ရုပ်ရှင်တစ်ကားစာအဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ အားလုံးအတူကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 17 нояб.11,4 тыс101

    (460) Pluribus (TV Series 2025 ) Breaking Bad နဲ့ Better Call Saul တို့ရဲ့ ဖန်တီးရှင် Vince Gilliganရဲ့ လက်ရာအသစ်ဖြစ်ပါတယ်။ Pluribusဆိုတာ လက်တင်ဘာသာစကားကနေ ယူထားတဲ့စကားလုံးဖြစ်ပြီး “အများနဲ့တစ်ယောက်”ဆိုတဲ့ အဓိပ္ပါယ်ပါ။ လူသားအားလုံးကို စိတ်ချင်းဆက်စပ်ပေါင်းစည်းသွားအောင် ထိန်းချုပ်နိုင်တဲ့ ဗိုင်းရပ်တစ်မျိုးဟာ ကမ္ဘာအနှံ့မှာ ပျံ့နှံ့သွားပါတယ်။ ဒီဗိုင်းရပ်ဟာ ကမ္ဘာ့ပြင်ပကနေ‌ရောက်လာတဲ့ နည်းပညာတစ်ခုဖြစ်ပြီး စမ်းသပ်နေစဉ်မှာပဲ ပျံ့နှံ့သွားခဲ့တာပါ။ ဒါပေမဲ့လည်း ဒီဗိုင်းရပ်ရဲ့ သက်ရောက်မှုမရှိတဲ့ ထူးခြားတဲ့အခြေအနေကလည်း ရှိနေခဲ့ပြန်ပါတယ်။ ကာရိုး စတာကာ(Rhea Seehorn) လို့ခေါ်တဲ့ စာရေးဆရာမဟာ ဒီလိုပျံ့နှံ့လာတဲ့ ပရမ်းပတာအခြေအနေကနေ ရှင်ကျန်ခဲ့သူပါ။ ကမ္ဘာအနှံ့မှာ သူအပါအဝင် လူနည်းစုသာ အထိန်းအချုပ်မခံရပဲ ကျန်ရစ်ခဲ့ကြောင်းနဲ့ တစ်ဖက်က ထိန်းချုပ်ခံရသူ လူအများစုကလည်း သူ့ကို အများနည်းတူဖြစ်အောင် ကြိုးပမ်းကြမှာဖြစ်ကြောင်းကို သူသိလာရပါတော့တယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 27 окт.25,5 тыс1838

    (459) IT: Welcome To Derry 2025 Season 1 720p/1080p/4K IMDb Rating (8.3) / Rotten Tomatoes (77%) Horror လောကရဲ့ ဆရာကြီး Stephen King ရဲ့အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ IT ဇာတ်လမ်းဆိုရင် လူတိုင်းကြည့်ဖူးကြမှာပါ.... ဒီ Welcome to Derry ဆိုတာက IT ရဲ့ အဓိက ဗီလိန်ကြီး လူပြက်သရဲ ပန်နီဝိုက်စ်ရဲ့ စတင်ပေါ်လာတဲ့ အချိန် ၁၉၆၀ ကာလကို အခြေခံထားတယ် ပန်နီဝိုက်စ်က ဘယ်သူလဲ ဘာကြောင့် ဒယ်ရီမြို့လေးမှာ ၂၇ နှစ်တစ်ခါ ပေါ်လာပြီး ဒုက္ခပေးနေရတာလဲဆိုတာကို ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သိသွားပါလိမ့်မယ်.. IT 1 ကားထဲကလို ကလေးတစ်သိုက်နဲ့ သွားထားတဲ့ vibe မျိုးကို ဒီ ဇာတ်လမ်းတွဲမှာ ပြန်ခံစားရလိမ့်မယ်.. အရာအားလုံးက ဒီကလေးတစ်သိုက်ကပဲ စတင်ထားပြီး..ပန်နီဝိုက်စ်ကြီး ဒယ်ရီမြို့လေးမှာ ဘယ်လိုသောင်းကြမ်းဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါ..... 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere Vip တစ်သက်တာ Group တွင် IT Movies 1 + 2 စဆုံးကိုပါ ကြည့်ရှုနိုင်ပါသည်။

  • 11 окт. 2025 г.17,1 тыс126

    (458) 9-1-1 Season 9 2025 (Season 1 to 9 Update) ============================== 9-1-1 ရဲ့ စီစင်အသစ် ပြန်စပါပြီ.. အရင်စီစင်တွေလိုပဲ Rating ကောင်းတွေရထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်း မရိုးနိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ အခက်အခဲပြဿနာတွေကို Dispatch 118 အဖွဲ့ကဘယ်လိုဖြေရှင်းသွားမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် Teasersကြည့်ထားတဲ့လူတွေ သိကြသလို Season 9မှာတော့ ဟန်းနဲ့အသီနာတို့ အာကာသခရီးထွက်မှာတို့ ဥက္ကာပျံတွေကျလာတာတဲ့ ပြဿနာကို ဖြေရှင်းရတာတို့ အစရှိသဖြင့် ပါလာမှာပါ။ ပထမပိုင်းမှာတော့ အရင်အတွဲရဲ့နောက်ဆုံးပိုင်းကနေ အချိန်ခြောက်လအကြာမှာ အာကာသခရီးထွက်ရမယ့်ကိစ္စကို အပျိုးပြပြီး ဘော်ဘီမရှိတော့တဲ့နောက်ပိုင်း သူမရှိတော့တဲ့အခြေအနေနဲ့ အသားမကျနိုင်သေးတဲ့ အသီနာ့အခြေအနေ, နောက် ဘော်ဘီ့နေရာကို ယူထားတဲ့ ဟောင်းဝတ်ဟန်ရဲ့ အခြေအနေတွေနဲ့ အစပျိုးထားတယ်။ ဒီအပိုင်းမှာတော့ အပျိုးသဘောပဲ နောက်အတွက် ပျိုးထားတဲ့ ပြဿနာပေါင်းစုံကိုရော ကာရိုက်တာတွေရဲ့ စိတ်အခြေအနေကို ကူးလူးပေးနိုင်မယ့် ပြဿနာတွေကိုရော တစ်ပိုင်းတည်း ပြသွားပြီး နောက်၂ပိုင်းမှာတော့ အာကာသခရီးနဲ့ ဘေးအန္တရာယ်ကြီးကို အသားပေးပြသွားမှာပါ။ ဒီရှိုးကြီးက ဘော်ဘီ့ကို မမေ့သေးကြောင်းကိုလည်း ပြထားတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • (457) Monster: The Ed Gein Story (2025) Season 1+2 (Update Season 3) IMDb Rating (7.8) ဒီစီးရီးကတော့ Ryan Murphy နဲ့ Ian Brennan တို့ ဖန်တီးတဲ့ Monster အမည်ရ American biological crime drama ရဲ့ သုံးခုမြောက် စီးရီးခွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အလှည့်ကျသူကတော့ အမေရိကန် serial killer Ed Gein ရဲ့အကြောင်းပါ။ Ed Gein ဟာ ငယ်ငယ်ကတိုင် ဘာသာရေးအစွန်းရောက်တဲ့ မိခင်ဖြစ်သူရဲ့ brainwash ခြင်းကို ခံထားရပြီး အများနဲ့မတူ ထူးဆန်းတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေတွေကပဲ သူ့ကို တစ်ချိန်မှာ Plainfield Ghoul ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ လူသတ်သမားကြီး ဖြစ်လာစေခဲ့ပါတယ်။ သင်္ချိုင်းက အလောင်းတွေကိုတူးဖော်ပြီး လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်း၊ ပရိဘောဂတွေအဖြစ် ဖန်တီး၊ အလောင်းတွေရဲ့ အရေပြားတွေကို ချုပ်ပြီး သေဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ ပုံစံအတိုင်း နေထိုင်နိုင်အောင်ထိပါ လုပ်ခဲ့တဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကြီးရဲ့ ဇာတ်လမ်းကို အပိုင်း ၈ ပိုင်းနဲ့ အဝကြည့်နိုင်မှာ ဖြစ်ပြီး Ed Gein အဖြစ် Son of Anarchy က မင်းသားချော Charlie Hunnam က ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 22 сент. 2025 г.7 691102из MSMVipEnglishSeries

    (273) Tulsa King (2022+2024) S1+S2 [ Complete ] Tulsa King (2025) S3 ( Ongoing Series ) ============== IMDb Rating (7.9) / Rotten Tomatoes (89%) မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီး အသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Paramount+က​နေ အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77% ရထားပါတယ်။ ​Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအို​သေးဆိုတဲ့ လက်သီးစွမ်း​တွေကို တဝကြီး​တွေ့ရဦးမှာပါ။ Dwight Manfrediဆိုတဲ့ နယူး​ယောက်မြို့က မာဖီးယားဘဲကြီးဟာ ​ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့​အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ​ ခေါ်မထားချင်​တော့ဘဲ နယ်ဘက်​ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့​လေးကို နှင်ထုတ် ခံလိုက်ရတဲ့ Dwightတစ်​ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့က​​နေ တစ်ကတဖန်ပြန်စပြီး တစ်စင်​ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု ဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယား ဖြစ်တာနဲ့အညီ အ​ပြောကလည်း ​သွေး​အေးသလို လက်သံကလည်း အ​တော်​ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်​တွေရော၊ Crime စီးရီး ကြိုက်သူ​တွေ​ရော သ​ဘောကျကြမှာပါ။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 21 сент. 2025 г.16,8 тыс1112

    (456) Peacemaker (2022 - 2025 Season(1)+(2)) IMDb Rating (8.3) / Rotten Tomatoes (95%) Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေးရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။ PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 21 сент. 2025 г.15,4 тыс73

    (455) Chief of War (2025) Season 1 အပိုင်း ( ၁ မှ ၉ ) အထိ စ / ဆုံး ++++++++++ အကွာမန်းမင်းသားကြီး ဂျေဆင်မိုမိုအာ ပါဝင်ထားတဲ့ ဟာဝိုင်အီ မျိုးနွယ်စု စစ်ပွဲတွေအကြောင်း ဇာတ်လမ်းတွဲကြီးလာပါပြီ။ Apple TV ကနေ ရိုက်ချက်ကောင်းကောင်းကြမ်းကြမ်းတွေနဲ့ တင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၈ ရာစု အဆုံးမှာ ဟာဝိုင်အီကျွန်းစုတွေရဲ့ အဓိက တိုင်းပြည်လေးခုဖြစ်တဲ့ အိုအာဟူ၊ ဘစ်အိုင်းလန်း၊ မာဝီ နဲ့ ခါဝိုင်အီ စစ်ပွဲတွေအကြောင်း အခြေခံထားပါတယ်။ ဇာတ်လိုက်ကတော့ ကာအီရားနာဆိုတဲ့ မာဝီမင်းသားပါပဲ။ ဒီမျိုးနွယ်စုတွေရဲ့ ဟောကိန်းအရ ငှက်မွေးဝတ်ရုံနဲ့ ‌တောက်ပနေတဲ့ကြယ်နဲ့အတူ ထွက်ပေါ်လာတဲ့ ဘုရင်ဟာ တိုင်းပြည်အားလုံးကို စုစည်းပြီး ငြိမ်းချမ်းစေလိမ့်မယ်လို့ပါပါတယ်။ ဒီဟောကိန်းဟာ သူ့ကိုပြောတာပဲလို့ ယုံကြည်ထားတဲ့ ဘုရင်ကာဟယ်ကီလီဟာ တိုင်းပြည်တွေကို သိမ်းဖို့ကြိုးစားပါတော့တယ်။ ဒါကို သွေးမြေကျရတာတွေမကြိုက်တဲ့ ကာအီရားနာက ကူညီမလား ဘယ်လိုတားဆီးဖို့ ကြိုးစားမလဲဆိုတာ ဆက်ကြည့်သွားရမှာပါ။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 17 сент. 2025 г.17,8 тыс1014

    (454) Gen V (2023 - 2025) Season (1) + (2) Update (The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ) ~ IMDb - 7.9 /10, Rotten Tomatoes - 97% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ဟန်ဆောင်တာတွေ ကို ပြောတာပါ။ စူပါပါဝါတွေရလာတာ ဘာလုပ်ဖို့လဲ၊ ကိုယ်လုပ်ချင်တာလုပ်ဖို့ပဲ ဆိုတာမျိုးပါ။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီဇာတ်လမ်းကတော့ The Boys စီးရီး နောက်ဆုံးထွက်ထားတဲ့ ကျောရိုးအတိုင်း ဆက်သွားတာပါ။ အရင်ခေတ်ကိုပြန်ပြတာမဟုတ်ပါဘူး။ မေ့ဗ်သေသွားတာ၊ စတားလိုက်ထွက်သွားတာ၊ ဟုမ်းလန်ဒါကို တရားစွဲတာ ဒါတွေဖြစ်နေတဲ့ကာလပါ။ နေရာကတော့ ဂဒေါကင်းတက္ကသိုလ်၊ နတ်ဘုရားတက္ကသိုလ်လို့လည်းခေါ်တဲ့ စူပါဟီးရိုးလူငယ်ကျောင်းမှာပါပဲ။ အဲဒီကျောင်းမှာလည်း မေဂျာတွေရှိတဲ့ထဲက အယူအများဆုံးကတော့ ဖျော်ဖြေရေးမေဂျာပါ။ စူပါဟီးရိုးဆိုတာ နာမည်ကြီးဖို့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ရဖို့အဓိကပေါ့။ အဲဒီထဲက အဆင့်အများဆုံး လူနည်းစုလေးကတော့ ရာဇဝတ်မှုတိုက်ဖျက်ရေး မေဂျာယူလို့ရပြီး မြို့ကြီးတွေကနေ ကာကွယ်ရေးစူပါဟီးရိုးအဖြစ် စာချုပ်ချုပ်ခံရပါတယ်။ ဒါကိုလည်း ကိုယ်ကျိုးအတွက်လိုချင်ကြတာပါ။ အဲဒီ စူပါဟီးရိုးကျောင်းရဲ့နောက်ကွယ်က ရက်စက်တဲ့လျှို့ဝှက်ချက်တွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တိုက်ပွဲတွေကို ပြသထားတာပဲဖြစ်ပါတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere Vip တစ်သက်တာ Group တွင် The Boys Series စဆုံးကိုပါ ကြည့်ရှုနိုင်ပါသည်။

  • (453) Smoke (2025) Season [ 1 ] IMDb Rating (8.0) လက်ရှိနာမည်ကြီးနေပြီး Rating 8 အထိရထားတဲ့ Apple Tv+ ရဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။ နာမည်ကြီးမင်းသား Taron Egerton ဦးဆောင် ပါဝင်ထားပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ ဆန်းတယ် ပုံမှန်ဆို ကွင်းဆက်လူသတ်သမား Serial killer တွေကို လိုက်ဖမ်းကြပေမယ့်။ ဒီထဲမှာတော့ နိုင်ငံအနှံ့ မီးဆက်တိုက်လိုက်ရှို့နေတဲ့ ကွင်းဆက်မီးရှို့သမားတွေကို လိုက်ဖမ်းတာပါ။ ဒီလိုရှို့မီးတွေကြောင့် လူတွေသေ ပစ္စည်းတွေဆုံးရှံးနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကုမ္ပဏီကြီးတွေအထိပါ ထိခိုက်လာပါတယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နှစ်ရှည်လများ မီးသတ်သမားလုပ်ပြီး စိတ်ဒဏ်ရာတွေရခဲ့တဲ့ ဒေ့ဂက်ဆင်က မီးကျွမ်းကျင်အဖြစ်အထူးကိုင်တွယ်ပြီး မက်ထရိုရဲစခန်းကစုံထောက်မလေး ကယ်ရွန်ပါ ရောက်လာပါတယ်။ သဘာဝအတိုင်းလောင်တဲ့မီး၊ မတော်တဆမီး၊ ပေါ့ဆမှုကြောင့်လောင်တဲ့မီး၊ ရှို့မီးဆိုပြီး ၄ မျိုးရှိတဲ့အထဲက ဒီဇာတ်လမ်းမှာ မီးလိုက်ရှို့နေတဲ့ကောင်တွေကို လိုက်ဖမ်းရတာက လူသတ်သမားကိုဖမ်းရတာထက်ပိုခက်ပါတယ်။ ဒါကိုစုံထောက်ကယ်ရွန်နဲ့ ဒေ့ဂက်ဆင်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • 3 июл. 2025 г.10,1 тыс86

    (452) The Sandman (2025) ===================== Season 02 Update + Season (1) Complete IMDb Rating (7.7) / Rotten Tomatoes (88%) နက်ဖလစ်ရဲ့ ကမ္ဘာကျော် Sandman စီးရီး စီစန် ၂ လာပါပြီ။ နောက်ဆုံးစီစန်လည်းဖြစ်လို့ အဝကြည့်ပြီး နှုတ်ဆက်ရတော့မှာပါ။ လက်ရှိ ၆ ပိုင်းထွက်မှာဖြစ်ပြီး ဇူလိုင် ၂၄ ရက်နေ့မှာ ၅ ပိုင်း၊ ၃၁ ရက်နေ့မှာ ဘောနပ် တစ်ပိုင်းထွက်ရှိမှာ ဖြစ်ပါတယ်။ အဆုံးမဲ့ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းကို ဆက်ကြည့်နိုင်ပါပြီ။ ဒီစီစန်ကတော့ ရယ်ရတာတွေလည်းပါသလို ပိုကြမ်းပါတယ်။ အိပ်မက်သခင် မောဖီးယပ်ဟာ ကမ္ဘာဦးလူတွေရဲ့ဧကရီ နာဒါကို ကယ်ဖို့ ငရဲပြည်တစ်ပြည်လုံးနဲ့ တိုက်မယ်ဆိုပြီး လူစီဖာဆီ ဆင်းသွားပါတယ်။ လူစီဖာက စပတောင်မတိုက်ဘူး ငရဲကို စိတ်ကုန်နေပြီဆိုပြီး ငရဲတစ်ခုလုံးအကုန် လွှတ်ပေးပြီး ငရဲကိုအုပ်စိုးဖို့ သော့ကို မောဖီးယပ်ကို အပ်သွားပါတယ်။ အမြင်ကတ်လို့ သက်သက်ချောက်ချသွားတာပါ။ ဒီတော့ ငရဲကို ပိုင်ချင်တဲ့ ဘာသာပေါင်းစုံ လောကပေါင်းစုံက နတ်ဘုရားတွေအကုန် မောဖီးယပ်နောက်ကိုလိုက်ကြပါတော့တယ်။ အိုဒင်၊ သော၊ လိုကီ အပါအဝင် ဂျပန်ဘုရားတွေရော အစုံပါပဲ။ မူလ ဖန်ဆင်းရှင်ဘုရားကလည်း ငရဲကို ဘာလုပ်ရမှန်းမသိတာနဲ့ မောဖီးယပ်လုပ်တာပဲ စောင့်ကြည့်မယ်ဆိုပြီး ထိုင်ကြည့်နေပါတယ်။ ဒီအရှုပ်တော်ပုံတွေကို အိပ်မက်သခင် မောဖီးယပ်စ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot 🤒 ဆက်သွယ်ရန် Admin ClickHere

  • (451) The Survivors (2025) အပိုင်း (၁) မှ (၆) စဆုံး IMDb Rating (6.6) / Rotten Tomatoes (100%) The survivor ကတော့ crime, mystery, drama, thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ Netflix ရဲ့ mini series တစ်ခုဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကယ်ရမ်လို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ မုန်တိုင်းထဲမှာ ဂူတစ်ခုထဲမှာပိတ်မိနေခဲ့တာကြောင့် သူ့သူငယ်ချင်းနှစ်ယောက်က သူ့ကိုကယ်တင်ဖို့ရောက်ရှိလာခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ ကယ်ရမ်ကအသက်ရှင်ကျန်ခဲ့ပြီး လာကယ်တဲ့သူငယ်ချင်းနှစ်ယောက်ကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသွားတဲ့လူငယ်လေးနှစ်ယောက်အတွက် တစ်မြို့လုံးကဝိုင်းဝန်းပူဆွေးနေကြပြီး ကယ်ရမ်ဟာလဲအပြစ်ရှိစိတ်တွေနဲ့ ဆက်လက်ရှင်သန်နေခဲ့ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီနေ့မှာသေဆုံးသွားတာက နှစ်ယောက်မဟုတ်ဘဲ သုံးယောက်ဖြစ်နေခဲ့တာပါ။ အဲဒီသုံးယောက်မြောက်သေဆုံးသူအကြောင်းကို တစ်မြို့လုံးက မျက်ကွယ်ပြုထားကြပြီး မသိသလိုပဲနေနေကြပါတယ်။ ဒီအရာဟာဘာကြောင့်ဖြစ်မလဲ။ ဘာလို့ ဘယ်သူမှဒီအကြောင်းကိုမပြောကြတာလဲ။ ဒီဖြစ်ရပ်ဆိုးရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေသလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot

  • (450) Murderbot (2025) Rotten Tomato 98% အထိ ရထားတဲ့ နာမည်ကြီးစီးရီးတစ်ခုဖြစ်တဲ့ မာဒါဘော့ ထွက်လာပါပြီ။ မင်းသားကတော့ The Legend of Tarzan ထဲက Alexander Skarsgård ပါပဲ။ ဒါရိုက်တာတွေကလည်း Rogue One တို့ Golden Compass တို့လို ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းဆရာ Chris Weitz, Paul Weitz တို့ပါပဲ။ သိပ္ပံစိတ်ကူးယဉ် ဟာသ အက်ရှင် အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းကြမ်းကြမ်း ဇာတ်လမ်းမိုက်မိုက် နဲ့ ရယ်လည်းရယ်ရမှာပါ။ ဇာတ်လမ်းအကျဉ်း စက်အသိဉာဏ်သုံး လုံခြုံရေး စက်ရုပ်တစ်ရုပ်ဟာ သူ့ခေါင်းထဲက ထိန်းချုပ်စက်ကို သူ့ဘာသာ ပြန်ဟက်နိုင်သွားပြီး လွတ်လပ်သွားပါတယ်။ ဒီတော့ သူစိတ်ကုန်နေတဲ့ လူသားတွေအတွက် လုံခြုံရေး လုပ်မပေးချင်တော့ပါဘူး။ ကုမ္ပဏီက ဇာတ်လမ်းတွဲတွေကိုပဲ ဒေါင်းလုတ်ခိုးဆွဲပြီး အေးဆေးကြည့်နေချင်တာပါ၊ (ချန်နယ်မြန်မာ App ထည့်ထားပေးရမဲ့ စက်ရုပ်မျိုးပါ)။ ဒါပေမဲ့ သူထွက်မပြေးရဲပါဘူး၊ ကုမ္ပဏီက လိုက်ရှာပြီး အရေကြိုခံရမှာ ကြောက်လို့ အရင်လို ဟန်ဆောင်ပြီး အလုပ်လုပ်နေရပါတယ်။ သူ့ရဲ့တာဝန်ကတော့ အန္တရာယ်များတဲ့ ဂြိုလ်တစ်ခုပေါ်မှာ လေ့လာရေး သိပ္ပံပညာရှင်တစ်သိုက်ကို ဂြိုလ်ကောင်ကြီးတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပါပဲ။ ဒီတော့ အဖွဲ့သားတွေကြားကပြဿနာတွေ၊ အန္တရာယ်တွေကြားမှာ သူက အမိန့်မနာခံလည်း ရနေပြီဆိုတာကို မသိအောင် ဟန်ဆောင်ရင်း ဘယ်လိုရုန်းကန်သွားရမလဲဆိုတာ မြင်ရမှာပါပဲ။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot

  • (449) MobLand (2025) 1080p IMDb Rating (8.1) / Rotten Tomatoes (79%) Tom Hardy, Helen Mirren, Pierce Brosnan တို့လို ဆရာကြီးတွေ ပါထားတဲ့ ဂန်းစတား စီးရီးကြီးတစ်ခု ထွက်လာပါပြီ။ တွမ်ဟာဒီကတော့ ဟာရီဂန်စ် မိသားစုက အားကိုးရတဲ့ ပြဿနာဖြေရှင်းရေးသမားကြီးပေါ့။ လန်ဒန်မြို့ပေါ်က ဂန်းစတားမိသားစုတွေ ဈေးကွက်တွေ လုကြတာ၊ အကွက်တွေရွှေ့ကြတာကို ပြထားတဲ့ စီးရီးပါပဲ။ Gentlemen စီးရီး Gangs of London စီးရီးတွေလိုပဲ အထာကျပါတယ်။ စီးရီးဖန်တီးတဲ့ ရိုနန် ဘန်းနက်ကိုလည်း Public Enemies တို့ Day of the Jackal စီးရီးတို့နဲ့ လူသိများကြမှာပါ။ ရိုက်ထားတဲ့ ဒါရိုက်တာကလည်း the Gentlemen ဖန်တီးရှင် Guy Ritchie ပဲမို့ ဂန်းစတားစီးရီးမှာတော့ သူ့အပိုင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ဟာရီဂန် ဒုစရိုက်မိသားစုက ဘိန်းဖြူလောကမှာ အင်အားအကြီးဆုံးဖြစ်ပြီး ရစ်ချီတို့ရဲ့ ဖန်တနိုင်းဈေးကွက်ကို လုဖို့ ကြိုးစားနေတဲ့သူပါ။ ဖြစ်ချင်တော့ ဟာရီဂန်မိသားစုက သားဆိုး အက်ဒီ နဲ့ ရစ်ချီရဲ့သား တွမ်မီတို့က ညဘက်မှာထွက်လည်ရင်း ပြဿနာတွေ တက်သွားပါတယ်။ တွမ်မီပြန်မလာချိန်မှာ ရစ်ချီက ဟာရီဂန်တွေကို စစ်ကြေညာလာသလို ဟာရီဂန်တွေကလည်း ရစ်ချီ့ဆီက ဖန်တနိုင်းဈေးကွက်ကိုလုဖို့ စပြီး ကြံစည်လာတဲ့အခါ ဂိုဏ်းစစ်ပွဲကြီးတွေ ဖြစ်လာဖို့ နီးကပ်လာပါတော့တယ်။ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot

  • (448) You Season 1 to 5 Update You စီးရီးရဲ့ နောက်ဆုံးစီစန် ပရိသတ်ကြီးရှေ့ကို ရောက်ရှိလို့လာပါပြီ။ ဒီစီစန်မှာတော့ ဂျိုးတစ်ယောက် နယူးယောက်ကို ပြန်ရောက်အပြီး ၃ နှစ်ကြာကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ နာမည်ကြီးသူဌေးသမီးဖြစ်သူ ကိတ်နဲ့ လက်ထပ်ထားပြီဖြစ်ပြီး ဂျိုးရဲ့ သားဖြစ်သူ ဟန်နရီလေးဟာလည်း ကျောင်းတက်စအရွယ်ကို ရောက်နေပါပြီ။ ဂျိုးဟာ စိတ်သစ်ကိုယ်သစ် မိသားစုအသစ်နဲ့ ဘဝကို အေးအေးချမ်းချမ်းနေချင်နေပါပြီ။ ဒါပေမဲ့ အေးအေးချမ်းချမ်းက ဂျိုးနဲ့မနေချင်ခဲ့ပါဘူး။ မိန်းမဖြစ်သူ ကိတ်ဘက်က အမျိုးတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကနေ ဒီမိသားစုဆိုတဲ့ အသိုက်အမြုံလေးကို ကာကွယ်ဖို့ရာ ဂျိုးရဲ့ နဂိုဗီဇဟာ ပြန်ပေါ်လာခဲ့ရပါတယ်။ ဒီတော့ ဒီနောက်ဆုံးစီစန်မှာရော ဂျိုးဂိုးဘက်တစ်ယောက် ဘာတွေဘယ်လိုကျူးလွန်မလဲ။ အခုချိန်ထိ ပိပိရိရိ ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြိမ်ကြိမ်လွတ်မြောက်လာတဲ့ ငမိုက်သားကြီးရဲ့ အဆုံးသတ်က ဘာဖြစ်သွားမလဲဆိုတာ ကြည့်ရှုနိုင်ပါပြီ 💢MSM Vip Series Channel တွင် တင်ဆက်ထားသော Premium Series အားလုံးကို ဒီနေရာမှာအသေးစိတ်ကြည့်လို့ရပါတယ် @MCinemaTV_Bot