tgindex
Последний пост
18 мая
Последнее чтение
14 авг.
Постов за неделю
0
Всего постов
122
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
4 363
−9 за 4 дн.
Сутки
−8
−0,18%
Неделя
 
Месяц
 
Просмотров на пост
3 140
40 постов
Вовлечённость
72,0%
к подписчикам
Постов в день
0,0
всего 122
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 18 мая2 625149

    📍စစ်ကောင်စီအသုံးပြုနေတဲ့ ဂျက်ဖိုက်တာတွေကို အသံကြားရုံနဲ့အမျိုးအစားသိစေဖို့... https://youtu.be/yVktiL3-AoU?si=i9abe_oLMZr0jMfi

  • 3 мая1 425116

    စစ်ကောင်စီတပ်မှ အသုံးပြုလျက်ရှိသော ဂျက်ဖိုက်တာများအား အသံဖြင့်ခွဲခြား သောအခါ လွယ်ကူစေရန် ဂျက်ဖိုက်တာ အမျိုးအစားနှင့် အသံအား ဝေဟင်(WaiHin) မှ ဖော်ပြပေးလိုက်ပါသည်။ #WaiHin 📬သတင်းပို့ရန် @WaiHinAirScout_Bot

  • 3 мая1 70554

    စစ်ကောင်စီတပ်မှ အသုံးပြုလျက်ရှိသော ဂျက်ဖိုက်တာများအား အသံဖြင့်ခွဲခြား သောအခါ လွယ်ကူစေရန် ဂျက်ဖိုက်တာ အမျိုးအစားနှင့် အသံအား ဝေဟင်(WaiHin) မှ ဖော်ပြပေးလိုက်ပါသည်။ #WaiHin 📬သတင်းပို့ရန် @WaiHinAirScout_Bot

  • 19 апр.3 136115

    𓆩 အရှုံးမပေးနဲ့မိငယ်ရေ ရဲရင့်မှကျော်ဖြတ်သွား အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုးစွန့်နိုင်မှ 𓆪

  • 19 апр.2 56941

    🙇‍♀️ Telegram SMS သတင်းပို့ ဝန်ဆောင်မှု့ရယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးလွှာ🙇‍♀️ မြေပြင်ပြည်သူနှင့်ရဲဘော်များ၊ အဖွဲ့အစည်းအားလုံးမှ တာဝန်ရှိသူများရှင် ဝေဟင်ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်ကွန်ယက်မှ မြေပြင်ပြည်သူနှင့်ရဲဘော်များ telegram sms ရယူလိုသည်ဟု တောင်းဆိုထားခဲ့မှု့များ​ကြောင့် မိမိတို့ ဝေဟင် မှ Telegram sms ပေးပို့စနစ် အား စတင်ပေးနေပြီ ​ဖြစ်ပါကြောင်း ​စေတနာရှေ့ထား အသိပေးအပ်ပါတယ်ရှင့် မိဘပြည်သူ၊ ရဲဘော်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဝန်ဆောင်မှု့ ရယူလိုပါက { @WaiHinAirScout_Bot } ဆီသို့ ဆက်သွယ်ပြီး မိမိနေထိုင်ရာ၊ ပြည်နယ်/တိုင်း နှင့် မြို့နယ် တို့ကို ပြောကြားရင်း ရယူနိုင်ပါပြီရှင် လေးစားစွာဖြင့် ဝေဟင် ပြည်သူမှ ပြည်သူ ဝေဟင်နှင့်ကူ

  • 18 апр.1 8017

    🙇‍♀️ ကျေးဇူးအထူးတင်လွှာ🙇‍♀️ မြေပြင်ပြည်သူနှင့်ရဲဘော်များရှင် ဝေဟင်ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်ကွန်ယက်၏ လုပ်ငန်းဆောင်တာအခက်အခဲဖြစ်ခဲ့မှု့ကြောင့် မြေပြင်ပြည်သူနှင့်ရဲဘော်များ အခက်အခဲတချို့ ဖြစ်ခဲ့ရသည်ကို မိမိတို့ ဝေဟင် မှ နားလည်သိရှိပါကြောင်းနှင့် အားနာမိပါကြောင်း ဦးစွာပြောကြားပါရစေရှင် ယခုအခါ မိဘပြည်သူနှင့်ရဲဘော်များ၏ ကျေးဇူးမေတ္တာဖြင့် အောက်ပါ ဝေဟင်ဘော့အသစ် {@WaiHinAirScout_Bot } ဆီသို့ ဆက်သွယ်သတင်းပေးပို့ ခဲ့မှု့ကြောင့် ၅၀% ခန့် ပိုမိုတင်ဆက်လာနိုင်နေပြီဖြစ်ပါတယ်ရှင်။ ကျေးဇူးအထူးတင်ရှိကြောင်း ထပ်လောင်းပြောကြားပါရစေရှင် ဆက်လက်ပြီး မိမိတို့ ဝေဟင်အဖွဲ့မှ ဘော့နည်းပညာနှင့် လူအင်အား အချိတ်အဆက်မိမိ တင်ဆက်ပေးနိုင်စေရန် ကြိုးစားနေပါကြောင်းနှင့် အဆင်မပြေမှု့အတွက် ထပ်လောင်း အားနာမိပါကြောင်း၊ ဘော့နှင့် သတင်းပေးအခိုးခံရအောင် ပေါ့ဆမိသည်အတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါကြောင်းနှင့် နောက်ခါထပ်မံမဖြစ်အောင် ပိုမိုကြိုးစားနေပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ရှင် မြေပြင်ပြည်သူ နှင့် ရဲဘော်များ လေကြောင်းရန်မှ ဘေးအန္တရာယ် ကင်းစွာ နေနိုင်ဖို့မိမိတို့ ဝေဟင်မှ အကောင်းဆုံးကြိုးစားနေပါကြောင်းနှင့် မိဘပြည်သူရဲဘော်များ အစစအရာရာအဆင်ပြေကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင် လေးစားစွာဖြင့် ဝေဟင် ပြည်သူမှ ပြည်သူ ဝေဟင်နှင့်ကူ

  • 17 апр.1 3805

    ​မြန်မာ့ရိုးရာ နှစ်သစ်ကူးအချိန်အခါသမယမှ စတင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းဝေးကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ယနေ့ နှစ်သစ်ကူးမှစ၍ စစ်အာဏာရှင်စနစ်ဆိုးကြောင့် အဖက်ဖက်မှ ချွတ်ချုံကျနေပြီး ဆင်းရဲတွင်းနက်နေရသော မြန်မာနိုင်ငံသားအားလုံး ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်တွန်လှန်ချေမှုန်းနိုင်ပြီး လိုလားတောင့်တလျက်ရှိသော အေးချမ်းသာယာသည့် ဖက်ဒရယ်နိုင်ငံတော်သစ်ကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိအောင်မြင်နိုင်ပါစေကြောင်း ထပ်မံဆုမွန်ကောင်းတောင်းအပ်ပါသည်။ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ထုတ်ရင်း အသက်ပေးဆပ်ခဲ့ရသော ရဲဘော်သူရဲကောင်းများအားလုံးလည်း ကိုးကွယ်ရာဘာသာတရား၏ ချီးမြှောက်မှုကိုရရှိပြီး ကောင်းမွန်ရာသုဂတိဘုံသို့ ရောက်ရှိနိုင်ကြပါစေ။ ထို့ပြင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပြီး ချစ်ခင်ရသော မိသားစုနှင့် အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ကြပါစေ။ ဝေဟင်ချန်နယ်၏ အားကိုးအားထားရပါသော သတင်းပေး တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ #WaiHin

  • 16 апр.1 4374

    🙇‍♀️Bot လိပ်စာ ပြောင်းလဲကြောင်း ညိုးငယ်စွာအသိပေးခြင်း🙇‍♀️ ဝေဟင် လေကြောင်းကင်းထောက်ချန်နယ်၏ အားထားရပါသော သတင်းပေး တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများခင်ဗျာ .... ယခင်က မိမိတို့ ဝေဟင်ချန်နယ်မှ သတင်းရယူခဲ့သော Telegram Bot (@WaiHinScout_Bot) မှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် ထိန်းချုပ်နိုင်မှု့ အခက်အခဲ ရှိပါသောကြောင့် မိမိတို့မှ သတင်းရယူရန် Telegram Bot အသစ်တစ်ခု ထပ်မံတည်ဆောက်ထားပြီး ထို Bot အသစ်တွင်သာ သတင်းများ ဆက်လက်ရယူသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ထံ သတင်းများ ပေးပို့လိုပါက Telegram Bot အသစ်ဖြစ်သော @Yaypyin0bot @WaiHinNetwork_Bot ထံသို့ လုံခြုံစိတ်ချစွာဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Bot အဟောင်း = @WaiHinScout_Bot ❌️ Bot အသစ် = @WaiHinNetwork_Bot ✅ ယခင်ဘော့အဟောင်း ကို လုံးဝအသုံးမပြုတော့ပဲ ဘော့အသစ် @WaiHinNetwork_Bot ကို ယခုပဲ စတင်မိတ်ဆက်အသုံးပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အပြောင်းအလဲအတွက် နားလည်ပေးနိုင်ပါရန် ညိုးငယ်စွာ မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့် ဝေဟင် ပြည်သူမှ ပြည်သူ ဝေဟင်နှင့်ကူ စုစည်းမှုဖြင့်သာ အောင်ကြောင်းဖြာ။

  • 14 апр.1 5149

    Blue Shirt Campaign (၁၂) ရက်တာ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ် ပြည့်သည့် နေ့ရက်ဖြစ်ပါသည်။ ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်သည့်နေ့တွင် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် ဧပြီလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ Blue Shirt Campaign လူထုလှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုများမှအွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဖြစ်ရာ SSN မိသားစုများမှလည်း ယနေ့ ဧပြီ ၁၃ရက် အကြိုနေ့မှ စတင်၍ လှုပ်ရှားမှု ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်🙏 ။ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊ ပြည်သူတရပ်လုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတရပ်ဖြစ်သည့်အတွက် ဒီလှုပ်ရှားမှုမှာ လည်း တော်လှန်ပြည်သူနှင့် တော်လှန်ရဲဘော်တို့ရဲ့ ပါဝင်မှုက တတပ်တအားပဲဖြစ်ပါတယ်။ ကမ်ပိန်းတွင်ပါဝင်ရန်... ၁။ အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ရိုက်ကူးထားသည့်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို  လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မျှဝေခြင်း၊ SSN ရဲ့  @SagaingSNetworkbot သို့ ပေးပို့၍ အဖွဲ့လှုပ်ရှားမှုအဖြစ် ပါဝင်ခြင်း ၂။  မျှဝေရာတွင် ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသော Campaign Hashtag များ(#blueshirt4politicalprisoners #FreeAllPoliticalPrisoners #blueshirtmovementmyanmar ) အသုံးပြုခြင်း၊ ၃။ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ခေါ်၍ ကမ်ပိန်းတွင် ပါဝင်စေခြင်းတို့ဖြင့် SSN နှင့်အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ #SSN Apr 14, 8:23AM   📫သတင်းပို့ရန် @SagaingSNetworkbot

  • 15 февр.3 2331518

    ❗လေယာဉ်တွေလာရင် ဖုန်းကနေ အသံထမြည်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီမှာ တချက်ကြည့်ပေးပါ https://youtu.be/wY8kn_i-6QM?si=3dGBSKL3lQFkxk1H

  • 30 дек.4 227201

    "တစ်ယောက်တည်းဆိုရင်တော့ ဘာလုပ်နိုင်မှာလဲ?" လို့ တွေးမိနေသလား။ အမှန်တော့... မိုးရေစက်လေးတွေ စုပေါင်းလိုက်တဲ့အခါ မြစ်ကြီးတွေ ဖြစ်လာသလို၊ မိတ်ဆွေတို့တယောက်ချင်းစီရဲ့ ပါဝင်မှုကနေ ဧရာမ အပြောင်းအလဲကြီးတစ်ခုကို ဖန်တီးနိုင်ပါတယ်။ 🌊 ✊ ၁။ တစ်ဦးချင်းစီရဲ့အသံတွေ စုစည်းလိုက်တဲ့အခါမှာတော့ ဘယ်သူမှ လျစ်လျူရှုလို့မရတဲ့ "ပြည်သူ့အသံ" ဖြစ်လာပါတယ်။ ၂။ စုပေါင်းအင်အားဟာ အခက်အခဲမှန်သမျှကို တွန်းလှန်နိုင်တဲ့ စွမ်းအားတခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ True Choice Myanmar စစ်တမ်းမှာ ပါဝင်ဖြေဆိုခြင်းဟာ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ မတရားမှုတွေကို တွန်းလှန်ဖို့ ​ရှေ့သို့  ခြေလှမ်း လှမ်းလိုက်ခြင်းပဲ  ဖြစ်ပါတယ်။ 📢 တဦးတယောက်ချင်း ပါဝင်လိုက်တာနဲ့ လူ့အသိုင်းအဝိုင်းကို ပိုမိုအင်အားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အခွင့်အရေးဖြစ်သလို သင့်ရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုရန် ➡️ www.truechoicemyanmar.org #TrueChoiceMyanmar #YourVoice #YourChoice #YourFuture #SSN

  • 23 дек.4 07323

    ❗လေကြောင်းအန္တရာယ်များမှ ကင်းဝေစေရန် မိဘပြည်သူများ သိထားသင့်သော ဆောင်ရန် ရှောင်ရန်များကို ဝေဟင် You Tube Channel တွင် ကြည့်ရှု့နိုင်ပါပြီရှင်။ မိဘပြည်သူများအားလုံး ဘေးကင်းလုံခြုံကြပါစေရှင်။ https://youtu.be/qoYKkp5FOvs?si=QCQO_JBpGimcRxgE

  • 20 дек.3 45652

    စစ်အတွင်း မိဘပြည်သူများ လိုက်နာသင့်သည်များ #SSN Dec 20 ,3:38 PM 📫သတင်းပို့ရန် @SagaingSNetworkbot

  • 14 нояб.4 142172

    သက်ဆိုင်ရာမြို့နယ်များ ဆက်သွယ်ခေါ်ယူပါရန် ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကန့်ဘလူမြို့နယ် ဇီးကုန်း–မလယ်လမ်းဆုံစစ်ခွေးဂိတ်၊ဘူးကုန်းစစ်ခွေးဂိတ်နဲ့ ကျီကျင်းစစ်ခွေးဂိတ်တို့မှာ အောက်တိုဘာလလယ်ပိုင်းနဲ့ နိုဝင်ဘာလ ယခုရက်ပိုင်းများအတွင်း အဓမ္မတပ်သားစုဆောင်းခံရပြီး ကျွန်းလှမြို့သို့ ပို့ဆောင်ခံရသော ခရီးသွားပြည်သူ အမျိုးသား (၄) ဦးဟာ ၁၃.၁၁.၂၅ ရက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကန့်ဘလူတော်လှန်ရေးအဖွဲ့အစည်းများမှ ကောင်းမွန်စွာ ထိန်းသိမ်းထားလျှက်ရှိပါတယ်။ ကျွန်းလှမြို့စစ်ခွေးပျူခွေးများထံမှ ထွက်ပြေးလွတ်မြောက်လာသူများမှာ (၁)အောင်သူမြင့် မိဘများ–ဦးစိုးဆွေ + ဒေါ်လှပု ဇာတိ–ပိတောက်ကုန်း(တ)၊ ပုလဲမြို့နယ် (၂)စိုးလင်းအောင် မိဘများ–ဦးဖိုးပု + ဒေါ်စန်းမော် ဇာတိ–ဂွေးကုန်း၊ ရေစကြိုမြို့နယ် (၃) နေလင်းဦး မိဘများ–ဦးသက်နိုင်လင်း + ဒေါ်စန်းစန်းခိုင်(ခ) မဦးကြည် ဇာတိ–အင်ချောင်၊ ကနီမြို့နယ် (၄) သန့်ဇင်ဖြိုး မိဘများ–ဦးတင်အေး + ဒေါ်သီတာလင်း ဇာတိ–ချမ်းသာကျွန်း၊ မုံရွာမြို့နယ် #InfinityGroup #SSN Nov 14, 11:02 AM 📫သတင်းပို့ရန် @SagaingSNetworkbot

  • 30 окт.4 58452

    နေပြည်တော် ⚠️ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်အရပ်သို့ပျံတက်။ #WaiHin Oct 30, 11:11 PM 📫သတင်းပို့ရန် @WaiHinScout_Bot

  • 2-10-2025 တွင်စစ်ကောင်စီ၏ တစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းလှုပ်ရှားမှုများကို ဝေဟင် YouTube Channel တွင် ကြည့်ရှုနိုင်ပါပြီ နောက်ထပ် အသစ်တင်တိုင်း သိရဖို့ ဝေဟင် YouTube  (https://www.youtube.com/@WaiHin-l8v) ချန်နယ်လေးကို Subscribe လုပ်ထားပေးကြပါဦးနော် https://youtu.be/A_Z5QtMnoEc?si=kNOmRph0RiuR98Js

  • စစ်ကောင်စီ၏ တစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းလှုပ်ရှားမှုများကို ဝေဟင် YouTube Channel တွင် ကြည့်ရှုနိုင်ပါပြီ 1-10-2025 https://youtu.be/r-bJPDYaGSQ?si=YX8kzbwNG74QtEGb 30-9-2025 https://youtu.be/VrhNgvzj9nc?si=IwMt3mKqeBDJKl1A 29-9-2025 https://youtu.be/qbMxfufLZhE?si=UbyMHCvHk546otdb 28-9-2025 https://youtu.be/_8XdoJaUJwU?si=l0SB_b8Jc8N6P6c7 27-9-2025 https://youtu.be/osI8KONQT0Y?si=utFhHHUZkpoF8-4b 26-9-2025 https://youtu.be/uUe-HdeJhSI?si=P07TYrfIJluXL7Jk နောက်ထပ် အသစ်တင်တိုင်း သိရဖို့ ဝေဟင် YouTube  (https://www.youtube.com/@WaiHin-l8v) ချန်နယ်လေးကို Subscribe လုပ်ထားပေးကြပါဦးနော်

  • ⛴ချင်းတွင်း ရေပြင်⛴ အုန်းပင်ဆိပ်ကမ်းမှ စုန်လာသော စခဖလပ်သင်္ဘောအုပ်စုအနက် ရှေ့ပွိုင့်သည် ရွှေလှေသို့ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။ #Yaypyin Sep 12, 1:08PM 📫သတင်းပို့ရန် @Yaypyin0bot

  • 8-9-2025 တွင်စစ်ကောင်စီ၏ တစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းလှုပ်ရှားမှုများကို ဝေဟင် YouTube Channel တွင် ကြည့်ရှုနိုင်ပါပြီ နောက်ထပ် အသစ်တင်တိုင်း သိရဖို့ ဝေဟင် YouTube  (https://youtu.be/4z8cooc55So?si=OAcHwT9o2UjYlEdP) ချန်နယ်လေးကို Subscribe လုပ်ထားပေးကြပါဦးနော်

  • 4-9-2025 တွင်စစ်ကောင်စီ၏ တစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းလှုပ်ရှားမှုများကို ဝေဟင် YouTube Channel တွင် ကြည့်ရှုနိုင်ပါပြီ နောက်ထပ် အသစ်တင်တိုင်း သိရဖို့ ဝေဟင် YouTube  (https://youtu.be/eadWK0emXI0?si=M3UiAA0v7J-Km-3c) ချန်နယ်လေးကို Subscribe လုပ်ထားပေးကြပါဦးနော်