N
NORHS Basic Education Students & Youths Association
описание
နွေဦးတော်လှန်ရေးအထက်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ( NORHS _BESYA ) ရဲ့ တရား၀င်သတင်းပြန်ကြားရေး ချယ်နယ် ဖြစ်ပါတယ်။
471
подписчиков
Охват к подписчикам
36,7%
ERR
Реакции к просмотрам
1,19%
166 на 27 постов
Пересылки к просмотрам
0,84%
117
Постов в день
0,0
всего 27
Где отзываются чаще
доля реакций к просмотрам- 8 авг.မြန်မာသက္ကရာဇ် ဝါဆိုလပြည့်ကျော်(၁၀)ရက်၊၂၀၂၆ခုနှစ် ခရစ်နှစ် ၈.၈.၂၀၂၆ခုနှစ် "မယုံလျှင် ပုံပြင်ဟုသာ မှတ်ကြလော့" မြန်မာနိုင်ငံတွင် ပုံပြင်မဟုတ်သည့် အဖြစ်အပျက်တစ်ခုသည် ၈.၈.၁၉၈၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည်။ ယခုနေ့ရက်နှင့်တွက်ချက်လျှင် ထိုအဖြစ်အပျက်သည် ၃၈နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကနဦး အနေဖြင့် အထက်ပါအဖြစ်အပျက်၏ မြစ်ဖျားခံရာကိုသွားရလျှင် ၁၉၆၂ခုနှစ်၊မတ်လ၂ရက်နေ့တွင် အာဏာသိမ်းယူရရှိခဲ့သော ဗိုလ်ချုပ်နေဝင်းအစိုးရသည် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ထိုသို့အုပ်ချုပ်နေစဉ်အတွင်း ကျောင်းသားထုဖိနှိပ်ခံရခြင်း၊ စီးပွားရေးလုပ်ဆောင်ချက်ကျဆင်း၍ မြန်မာနိုင်ငံရှိပြည်သူပြည်သားများ ဆင်းရဲနွမ်းပါးမှုများကိုခံစားရခြင်း၊ သတင်းလွတ်လပ်မှုမရရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ငွေကြေးတန်ဖိုးကျဆင်းခြင်းတို့ကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးခြင်း စသည့်ဆိုးကျိုးများခံစားခဲ့ရသည်။၎င်းအကျိုးဆက်များ ခံစားရခြင်းသည် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စီးပွားရေးလမ်းစဉ် အလွဲအမှားတွေကြောင့်ဖြစ်ခဲ့သည်။ အထက်ပါဆိုးကျိုးများဧ။် ဒဏ်ကို အံတုမခံနိုင်တော့သော ပြည်သူလူထုတစ်ရပ်လုံးက ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက် (၈.၈.၈၈) နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်ကြီး စတင်ခဲ့သည်။ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ၊ စက်ရုံအလုပ်သမားများနှင့် ပြည်သူအလွှာပေါင်းစုံ သန်းပေါင်းများစွာ က လမ်းပေါ်ထွက်ကာ ""ဒီမိုကရေစီရရှိရေး - ဒို့အရေး" "တစ်ပါတီစနစ် ဖျက်သိမ်းရေး - ဒို့အရေး" "ပါတီစုံ ဒီမိုကရေစီစနစ် - ချက်ချင်းပေး" "မဆလ အစိုးရ - အလိုမရှိ" "ကြားဖြတ်အစိုးရ - ချက်ချင်းဖွဲ့" "ပြည်သူ့အာဏာ - ပြည်သူ့ထံ ပြန်ပေး" အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ ဤအဖြစ်အပျက်သည် ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် ပထမဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ မြန်မာပြည်သူတို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း မြန်မာစစ်တပ်နှင့်လုံထိန်းများက ရန်ကုန်မန္တလေးနှင့်အခြားမြို့ကြီးများကို အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် လူထောင်ပေါင်းများစွာကျဆုံးခဲ့ရသည်။ ထိုသို့ကျဆုံးခဲ့ရသော်လည်း မြန်မာစစ်တပ်သည် သတင်းမှန်ကို ဖော်ပြခြင်းမရှိဘဲ ၎င်းတို့၏ န်ိုင်ငံပိုင် သတင်းစာများ၊ အသံလွှင့်စက်များမှ ကျွန်ုပ်တို့ လူထုတစ်ရပ်လုံးကို ဆူပူ သောင်းကျန်းသူများအဖြစ်၊ ကျဆုံးသူများမှာလည်း ရာဂဏန်းမျှသာရှိသည်ဟု လိမ်လည်ကာ လူထုတစ်ရပ်လုံး ၏ ဒီမိုကရေစီအရေးတော်ပုံကို "မယုံလျှင် ပုံပြင်သာမှတ်ကြ လော့" ဆိုသည့် အဖြစ်ဖြစ်ရန် ကြိုးပမ်းခဲ့လေသည်။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ၎င်းအဖြစ်အပျက်များကို ပုံပြင်အဖြစ်မမြင်ဘဲ တကယ့်အမှန်ဟုသိနေကြခြင်းသည် ပြည်ပမီဒီယာများကြောင့်သာဖြစ်ခဲ့သည်။ တစ်ခေတ်တစ်ခါက စာရေးဆရာနှင့်သတင်းစာဆရာဖြစ်သော လူထုဦးလှပြောခဲ့သည့်စကားတစ်ခွန်းရှိသည်။ "သတင်းစာများသည် သမိုင်းကိုပြောနေကြသည်။" ဆိုသည့်စကားဖြစ်သည်။ သိူ့သော်လည်း မြန်မာ့ပထမဆုံး ဒီမိုကရေစီတိုက်ပွဲတွင် မြန်မာ့သတင်းစာများသည် စစ်တပ်၏ထိန်းချုပ်ခြင်းခံရပြီး သတင်းမှားကိုသာရေး၍ သမိုင်းမှားတွေသာဖြစ်သည်။ ကျွန်ုပ်တို့သည် သမိုင်းမှားများနှင့် ကျွန်ုပ်တို့၏ မျိုးဆက်ကို မသတ်သင့်ပေ ။ နိဂုံးချုပ်အ နေဖြင့် မြန်မာ့ဒီမိုကရေစီအုတ်မြစ်ဖြစ်သော ၈၈၈၈အရေးတော်ပုံမှရရှိလာသင်ခန်းစာများနှင့်ရလဒ်များအဖြစ် မဆလ တစ်ပါတီအာဏာရှင်စနစ် ၂၆ နှစ်ကြာ ဆုပ်ကိုင်ထားသော တစ်ပါတီစနစ်နှင့် ဆိုရှယ်လစ်စီးပွားရေးစနစ် လုံးဝ ပျက်စီးသွားခဲ့သည်။စစ်အစိုးရသည် ပါတီစုံစနစ်ကို လက်ခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မျိုးဆက်သစ်များကို သမိုင်းမှန်များကို လက်ဆင့်ကမ်းနိုင်ရန်ကြိုးစားကြရမည်။ သည့်အပြင် သွေးနှင့်ရင်း၍ အခြေတည်ခဲ့ရသည့် ဒီမိုကရေစီအုတ်မြစ်မှသည် စစ်အာဏာရှင်အမြစ်ပြတ်ရန် ယခုနွေဦးတော်လှန်ရေးတွင် ဆက်လက်၍ တော်လှန်ကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ နွေဦးတော်လှန်ရေးအထက်တန်း ကျောင်း အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး (အကလ)အနေဖြင့် ယနေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ ဒီမိုကရေစီတိုက်ပွဲတွင် သွေးနှင့်ပေးဆပ်ခဲ့ရသော ရဲဘော်များနှင့် တိုက်ပွဲဝင်ခဲ့သော ပြည်သူလူထုတစ်ရပ်လုံးကို လေးစားဦးညွှတ်ရင်း ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရင်း သမိုင်းမှန်များကို လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုလိုက်ရပါသည်။ #၈၈၈၈ #NORHSBESYA_Offical9,86%
- 7 июл.ကျောင်းသားလူထုရဲ့သွေးချောင်းစီးခဲ့သောနေ့ ယနေ့ ၇.၇.၂၀၂၆ ရက်နေ့သည် ကျောင်းသားလူထုတွေ မေ့မရနိုင်ခဲ့သော နေ့တနေ့ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီးနောက်မှာ ပထမဦးဆုံး ကျောင်းသားထု၏သွေးများ စတင်မြေခခဲ့ရသောနေ့တနေ့ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် တက္ကသိုလ်ကျောင်းသားများကို ဖိနှိပ်ခြင်းကြောင့် ကျောင်းသားများကဦးဆောင်ပြီးစတင် ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ်၊ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မြေ၌ စုဝေးဆန္ဒပြနေသော ကျောင်းသားများကို စစ်တပ်က ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားများ ကျရှုံးခဲ့ပါသည်။ ထိုသို့ ကျရှုံးခဲ့သည်မှာ ယနေ့ ၂၀၂၆ခုနှစ် ဂျူလိုင်လ၇ ရက်နေ့တွင် ၆၄နှစ် တိတိပြည့်မြောက် ခဲ့ပြီးဖြစ်သော်လည်း ကျောင်းသားပြည်သူများရဲ့ ရင်ထဲမှာ မမေ့ပျောက်နိုင်၍ သတိတရ အမှတ်ရနေကြပါသည်။ ကျွန်ုပ်တို့ NORHS-BESYA အနေဖြင့်လည်း ကျရှုံးသွားခဲ့သော ကျောင်းသားရဲဘော်များကို မမေ့မေလျာ့ကာ နှလုံးသားထဲတွင် အမှတ်ရနေကြလျက်ရှိပါသည်။ @NORHS_BESYA_Official6,97%
- 28 июн."ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" _ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ.... ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ....အစွမ်းထက်ဆုံးလက်နက် " #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #BESYA4,69%
- 18 июл.без подписи4,35%
- 30 окт. 2024 г."ကျွန်တော်တို့၏နေထိုင်မှုဘဝအတွက် Social Media နှင့်ပက်သက်သမျှ..." စကားဝိုင်းဖိတ်ကြားခြင်း နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ social media ဟာလည်း လူတွေရဲ့နေထိုင်မှုဘဝမှာ အရေးပါလာပါတယ်။ အချင်းချင်းဆက်သွယ်တာကစလို့ ဈေးဝယ်တာ၊ သင်တန်းတက်တာတွေအဆုံး အင်တာနက်, social media တို့နဲ့ မကင်းတော့ပါဘူး။ မြန်မာနိုင်ငံမှာတော့ Facebook, Youtube နဲ့ Tiktok တို့ဟာ လူသုံးအများဆုံးေတွပေါ့ေနာ်။ Entertainment အတွက်ဖြစ်စေ၊ သတင်းအချက်အလက် စီးဆင်းမှုနဲ့ education အတွက်ဖြစ်စေ အသုံးပြုတတ်ရင် ပြုတတ်သလောက် အကျိုးရှိစေမယ့် platform တွေပါပဲ။ ဒါ့အပြင် ဒီလို platform တွေမှာ သူ့နယ်ပယ်အလိုက် ကျွမ်းကျင်မှုတူရာသူတွေ စုဖွဲ့ထားတဲ့ community လေးတွေ ရှိတတ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကိုချပြနိုင်ပြီးအခွင့်အလမ်းကောင်းတွေနဲ့ ချိတ်ဆက်မိလာနိုင်စေပါတယ်။ ဒီလိုမျိုး Social media ဟာ ကောင်းမွန်တဲ့အရာဆိုပေမယ့် တစ်ဖက်မှာလည်း သတိပြုရမယ့် အန္တရာယ်ေတွ သိပ်ကိုများပါတယ်။ click တစ်ချက်နှိပ်လိုက်ရုံနဲ့ ဘယ်သူမဆို ရှာချင်သမျှ ရှာနိုင်၊ ဝေမျှချင်သမျှ ဝေမျှနိုင်ေနတာဖြစ်လို့ social media ပေါ်က အကြောင်းအရာတွေဟာ အတုအယောင်နဲ့အစစ်အမှန် ခွဲခြားနိုင်ဖို့ မလွယ်ပါဘူး။ လူငယ်အများစုခံစားရလေ့ရှိတဲ့ peer pressure တွေ၊ လိမ်လည်ခံရတာတွေ၊ အလွယ်တကူပြောဆိုလိုက်တဲ့ အပြစ်တင်ဝေဖန်မှု၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာသိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းေတွဟာလည်း social mediaကနေ အစပြုခြင်းမျိုးဖြစ်နေတတ်ပြန်ပါတယ်။ အရာရာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း အင်တာနက်နဲ့ social media တို့ဟာလည်း အသွားနှစ်ဖက်ရှိတဲ့ဓားတစ်လက်လိုပဲေပါ့ေနာ်။ အသုံးပြုတတ်ရင် ကိုယ့်ကို စိတ်အပန်းပြေေစ၊အကျိုးရှိစေသလောက် အသုံးမပြုတတ်တဲ့အခါမှာတော့ ကျွန်တော်တို့ကို ပြန်ပြီးထိခိုက်စေတတ်ပါတယ်။ ဒါ့ကြောင့် ဒီစကားဝိုင်းလေးမှာတော့..... _ ကျွန်တော်တို့ရဲ့နေထိုင်မှုဘဝအတွင်း social media ရဲ့အခန်းကဏ္ဍ _ Social media နဲ့ social mediaထက်က communityတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ _ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပေါ် အကျိုးသက်ရောက်မှုတွေ _ social media အသုံးပြုသူအချင်းချင်းကြား ethics ဟာ ဘယ်လောက်အရေးပါသလဲ _ ကိုယ့်လုံခြုံရေးနဲ့ ပက်သက်ပြီး သတိပြုစရာအချက်တွေကို ဘယ်လိုလေ့လာနိုင်သလဲ _ ကျွန်ေတာ်တို့ရဲ့ daily lifestyle အတွင်း social media ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အတိုင်းအတာခန့် ပါဝင်သင့်သလဲ .... စတဲ့အကြောင်းအရာလေးတွေနဲ့ပက်သက်ပြီး မိမိရဲ့အမြင်တွေ၊ အတွေ့အကြုံလေးတွေကို ဆွေးနွေးဖလှယ်သွားမှာ ဖြစ်တဲ့အတွက် 3.11.24(Sunday) ည 7နာရီ အချိန်မှာ ပြုလုပ်မယ့်စကားဝိုင်းကို စိတ်ဝင်စားပါက တက်ရောက်ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်ဗျ။ #စကားဝိုင်း #NORHS-BESYA #YVU3,68%
- 28 июн.Minority Of Revolution Essence - MORE MyaYar Knowledge Tree New Myanmar Foundation New Ramonya Federated Force - NRFF Progressive Labor Community Politics For Women Myanmar Revolutionary Education Phaungbyin Shwe Pyi Thar Strike Committee Sitt Nyein Pann Foundation Sister2Sister -S2S Spring Revolution Myanmar Muslim Community_SRMMC Support Group for Democracy in Myanmar (the Netherlands) Synergy Social Harmony Organization Volunteers in Myanmar Women Lead Resource Center Yangon Deaf Group Youth Empowerment 33 Society ကျောင်းသားအင်အားစုများကွန်ယက် - NSF ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် - SF/SAF ကျောင်းသားတော်လှန်ရေးတပ်တော် - SRF ကြားကာလအခြေခံပညာကျောင်းသားသမဂ္ဂများကိုယ်စားပြုကောင်စီ ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - GGWDO စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - SDP တာမွေမြို့နယ်သပိတ်ကော်မတီ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA တောင်သူ့လွတ်မြောက်ရေးအင်အားစု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒတကသ ဒို့မြေကွန်ရက် - LIOH ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး) နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် - SRIN နွေဦးတော်လှန်ရေး မြန်မာမွတ်စ်လင်မ်ကွန်ရက် - SRMMN နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ - FPPS ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ - FPPN-EB ပွင့်ဖြူလယ်ယာမြေကွန်ရက် ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - PDO ပြည်သူ့လွတ်လပ်ရေးအဖွဲ့ - PIO ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော် - PDO/PDA ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFFU ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် - SYCB မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM မြန်မာမွတ်စလင် အစည်းအရုံး - BMA မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု - MMRF မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ - MGTNGSC မျိုးဆက်-Generations မင်းလှတောင်သူများအစုအဖွဲ့ မင်းဘူးတောင်သူများအစုအဖွဲ့ ယိမ်းနွဲ့ပါး - Yain Nweh Par (Rainbow Win The Storm - RIS) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS လူ့ဘောင်သစ်လူငယ် - YNS လီဆူလူငယ်အစည်းအရုံး - LYC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု - GSCN လွတ်လပ်သောလူငယ်များအစည်းအရုံး သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ သမိုင်းသယ်ဆောင်သူများ သံလွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် - TEDN အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ အညာတောအိမ် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ - IDNSC ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊မကွေးတိုင်း - AWDO ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ငဖဲ - AWDO ၁၉၇၄/၇၅/၇၆နိုင်ငံရေးအင်အားစု (အဝေးရောက်) အမည်မဖော် - ၁ ဖွဲ့ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး3,37%
- 18 июл.၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့သည် နိုင်ငံအတွက် မေ့မရသော ”အထိမ်းအမှတ်"နေ့ဖြစ်ပါသည်။၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၀နာရီ၃၇မိနစ်၊ ရန်ကုန်မြို့လယ် ဝန်ကြီးများရုံးတွင် အစည်းအဝေး ကျင်းပနေချိန် ဖြစ်ပါသည်။ ထိုအချိန် အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်အစုံနှင့်လူတစ်စုသည် ဝင်ရောက်လာကာ အရေးပါသော ခေါင်းဆောင်(၈)ဦးနှင့် ကိုယ်ရံတော် တစ်ဦးအား ပစ်ခတ်လုပ်ကြံခံခဲ့ရပါသည်။ ထိုသို့ ကြွေလွင့်သွားခဲ့ရသော ဇူလိုင်၁၉ရက်နေ့ကို ”အာဇာနည်နေ့" ဟု သတ်မှတ်ခဲ့ကြပါသည်။ အာဇာနည် ဟူသည် ထောက်ခံအားပေးခြင်း၊စွန့်လွှတ်ဖယ်ခွာခြင်း၊စွန့်လွှတ်ဖယ်ခွာရန် ငြင်းဆိုခြင်း၊လူပုဂ္ဂိုလ်တဦး၊တစုကတောင်းဆိုသည့်အတိုင်း ယုံကြည်ချက်တစ်ခု(သို့မဟုတ်)တောင်းဆိုချက်တစ်ခုအား ထောက်ခံအားပေးရန် ငြင်းဆိုခြင်းတို့ကြောင့် နှိပ်စက်ညှင်းပန်းခံရခြင်း၊လုပ်ကြံခံရသော သူတို့အား အာဇာနည် ဟု အဓိပ္ပာယ် များစွာ ဖွင့်ဆိုထားကြပါသည်။ အာဇာနည်ဟူသည် အဘယ်နည်း။ အာဇာနည်ဆိုတာ (၉)ဦး ပဲရှိတာလား ဆိုတဲ့ မေးခွန်းများစွာလည်းရှိနေပြန်ပါသည်။ ထိုသို့ အကြောင်းအရာများစွာကို (၇၉)ကြိမ်မြောက် ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင် ”အာဇာနည်နေ့ နှင့် ကျွန်တော်တို့၏ အတွေးစများ" ခေါင်းစဉ်ဖြင့် မနက် ၉နာရီ အတိတွင် ဟောပြောပွဲပြုလုပ်သွားမှာဖြစ်ပါသည်။ ဟောပြောပွဲ၌ ပန်နယ်လစ်အနေနဲ့ ”ဆရာဇော်" မှ ဆွေးနွေး ပေးသွားမှာ ဖြစ်ပါသည်။ ထို့အပြင် အာဇာနည်(၉)ဦးနှင့်ဆိုင်သော အကြောင်းအရာများကို NORHS ကျောင်းသား၊သူ (၉)ဦးမှ တယောက်တမျိုးစီ မျှဝေပေးသွားမှာ ဖြစ်ပါသည်။ ထိုကြောင့် ကျောင်းသူ၊သား တို့အား လွတ်လပ်ပေါ့ပါးစွာ လာရောက် ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ Topic:“အာဇာနည်နေ့ နှင့် ကျွန်တော်တို့၏ အတွေးစများ" Time: 19.7.2026 9:00am Platform: Zoom #NORHS #နွေဦးတော်လှန်ရေးအထက်တန်း ကျောင်း အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (NORHS-BESYA) #အာဇာနည်နေ့ဟောပြောပွဲ3,37%
- 5 июл. 2025 г.ဆဲဗင်းဇူလိုင်အရေးတော်ပုံ အကြိုဟောပြောပွဲ "နေတတ်သောသူသည် ဆင်းရဲဒုက္ခကင်း၍ မနေတတ်သောသူသည် ချမ်းသာမှု အပေါင်းတို့မှ ကင်း၏" ဟုဆိုသလို မနေတတ်သောသူတို့သည် သမိုင်းတွင် ကျန်သူများဖြစ်၍ တာဝန်သိတတ်သူဟုလည်း ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံသမိုင်း ခေတ်အဆက်ဆက်တွင် မနေတတ်သောသူများ၊ တာဝန်သိတတ်သူများ သမိုင်းတွင်ကျန်ရစ်သော အဖြစ်အပျက်များစွာရှိရာမှ ဆဲဗင်းဇူလိုင်အရေးတော်ပုံသည် လွတ်လပ်ရေး အောင်မြင်စွာရပြီးနောက်မှ ပထမဦးဆုံး ကျောင်းသားထု၏သွေးများ မြေခခဲ့ရသောနေ့ဖြစ်သည်။ ဆဲဗင်းဇူလိုင် ဆိုသည့် အရေးတော်ပုံနေ့သည် မြန်မာနိုင်ငံရှိ ကျောင်းသားထုတို့အတွက် အရေးပါ၍ ခမ်းနားသော၊ ဝမ်းနည်းရသောနေ့ဖြစ်သည်။ ထိုနေ့အကြောင်းကို ကျွန်ုပ်တို့ နောင်လာနောင်သား ကျောင်းသားထုတို့က လက်ဆင့်ကမ်း၍ သမိုင်းကို အစဉ်မပြတ် ဖော်ဆောင်ရမည်။ ၎င်းသမိုင်းစာမျက်နှာ ပေါ်ပေါက်လာပုံကိုလည်း ကျွန်ုပ်တို့ ကျေညက်ကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆဲဗင်းဇူလိုင် အရေးတော်ပုံသမိုင်းနှင့်အတူ ၎င်းအရေးတော်ပုံမှ လက်ရှိ ကျောင်းသားထုတို့ ရယူသင့်သော သင်ခန်းစာများ၊ ကျောင်းသားထု၏သမဂ္ဂစိတ်ဓာတ်များ၊ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများ အားလုံးတို့ကို ချိန်းထိုးနှိုင်းဆပြီး "ဆဲဗင်းဇူလိုင်အရေးမှသည် မျက်မှောက်ကာလဆီ" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆရာသိုက်ထွန်းဦးမှ ၆. ၇. ၂၅ ရက်နေ့၊ ညနေ ၆ နာရီတွင် ဆဲဗင်းဇူလိုင် အကြိုဟောပြောပွဲအနေဖြင့် ပြောဆိုသွားမည်ဖြစ်ပါသည်။ ဟောပြောပွဲတွင်လည်း မိမိတို့၏အမြင်၊အတွေးအခေါ်များနှင့်ပတ်သက်၍လည်း ဆရာသိုက်ထွန်းဦးနှင့်အတူ ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားရဲဘော် ပြည်သူအပေါင်းတို့အား ၇.၇.၆၂ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေကို ချိန်ဆရင်း နားထောင် ဆွေးနွေးနိုင်ဖို့ရာအတွက် ဟောပြောပွဲကိုတက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။ #ဆဲဗင်းဇူလိုင်အရေးမှသည်မျက်မှောက်ကာလဆီ #7_July #NORHS @NORHSBESYA_Offical3,31%
- 1 февр.ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့အစည်းများ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) Yangon Revolution Force (YRF) မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာမွေမြို့နယ်သပိတ်ကော််မတီ ကြည်မြင်တိုင်မြို့နယ်လူငယ်များသပိတ်ကော်မတီ သာကေတမြို့နယ်သပိတ်ကော်မတီ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ လှိုင်ဒီမိုကရက်တစ်ကွန်ရက် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ ကျောင်းသားအင်အားစုများကွန်ရက် လူ့ဘောင်သစ်လူငယ် မျိုးဆက်သစ်လူငယ်များအင်အားစု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ လီဆူလူငယ်ကွန်ဂရက် တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး #MilitaryCoupInMyanmar #Againstmilitaryjunta #besya #WhatsHappeningInMyanmar2,80%
- 28 июн.без подписи2,52%
- 19 июл. 2024 г.ခရစ်နှစ်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ရက် အမှန်တရားအတွက် အားသွန်ခွန်စိုက် တော်လှန်တိုက်ပွဲ၀င်နေပါသော ကျောင်းသား/သူ ရဲဘော်များအားလုံး မဂ်လာပါရှင် မတရားမှန်းသိလျှင် အဲ့ဒီ့မတရားမှု့ကို ငြိမ်ခံမနေပဲ တွန်းလှန်၊တော်လှန်ရမှာသည် ကျွန်မတို့ အားလုံး၏ တာ၀န်တစ်ရပ်ပင်ဖြစ်ပါသည်။ အဲ့ဒီ့အတွက်ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု့များကို နောင်တော် ရဲဘော်များပြုလုပ်လာကြသည်မှာ အရှိန်အဟုန်မြင့်လာပြီဖြစ်ပြီး ယခုဆိုရင် အခြေအနေတစ်ခုထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထိုသို့ တော်လှန်ရေးအရှိန်အဟုန် ပိုမိုမြှင့်တင်နိုင်ဖို့အတွက်ဆိုလျှင် ကျောင်းသား/သူ လူငယ်များလည်း မိမိတို့တတ်နိုင်ရာ တထောင့်တနေရာကနေ ပါ၀င်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ မိမိတို့လုပ်နိုင်သည်ကို မလုပ်ခဲ့ဘဲ နောင်တချိန်မှ နောင်တရနေလို့လည်း အကျိုးဖြစ်လာမည်မဟုတ်ပါ။ " တော်လှန်ရေးဆိုသည် မှာ လက်နက်စွဲကိုင်တော်လှန်ခြင်းကိုမှ တော်လှန်ရေးဟု သတ်မှတ်ခြင်း မဟုတ်ပါ ” နည်းမျိုးစုံဖြင့်၊ကဏ္ဍမျိုးစုံကနေ မိမိတို့ အဆင်ပြေသလို လွတ်လပ်စွာ ပါ၀င်တော်လှန်လို့ ရပါတယ်။ မိမိ မည်သည့်ကဏ္ဍကနေ ပါ၀င်နိုင်မလဲ ဆိုတာကို သိဖို့လည်း လိုအပ်ပါတယ်။ ထို့အတွက်ကြောင့် ကျောင်းသား/သူ ညီအကို၊မောင်နှမ များ အနေဖြင့် တော်လှန်ရေးတွင် မိမိတို့တတ်နိုင်ရာ ကဏ္ဍများတွင် ပါ၀င်ကူညီအားဖြည့်ပေးပြီး တော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ဖို့အတွက် ကျွန်မတို့ နွေဦးတော်လှန်ရေးအထက်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (NORHSBESYA) မှ ကျောင်းသား/သူ ညီကိုမောင်နှမများအား ၀မ်းမြောက်စွာ ကြိုဆိုနေလျက်ရှိပါတယ် အဖွဲ့၀င်အဖြစ် လျှောက်ထားလိုပါက ယခု OFFICE သို့ ဆက်သွယ်ပေးပါရှင် ( @besyaoffice21 ) #နွေဦးတော်လှန်ရေးအထက်တန်း ကျောင်း အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (NORHS-BESYA) @NORHS_BESYA_Official2,35%
- 20 мая 2024 г."ကျောင်းသားနဲ့ပညာ၊ ပညာနဲ့ကျောင်းသား" ခွဲခြားလို့ရနိုင်ဘဲ တွဲထားရတဲ့ဒီနှစ်ခုဟာ နိုင်ငံရေးအမှောင့်ပယောဂတွေကြောင့် ကွဲရလုနီးနီးဖြစ်နေခဲ့တဲ့အချိန် အမှန်တရားကိုဆုပ်ကိုင်လို့ CDMဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထမ်းပြီး ရဲရဲကြီးလမ်းကူးခဲ့ကြတဲ့ ကျောင်းသားလူငယ်တစ်စုဟာ ဆက်သွားလို့လည်းမရ၊ ရပ်ထားလို့လည်းမဖြစ်ဘဲ ပညာရေးလမ်းကြောင်းမှာ မီးပွိုင့်မိနေကြပါတယ်။ ဒီနေရာမှာ 'ဒါဟာမီးပွိုင့်ပဲလား၊ လမ်းအဆုံးလား'ဆိုတဲ့ မေးခွန်းအပြင် Federal အမည်ခံပညာရေးစနစ်တစ်ခုဟာ တကယ်ရော federal စစ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်စရာရှိလာပြန်ပါတယ်။ ယုံကြည်ချက်တစ်ခုအတွက် အချိန်တွေရင်းပြီး ကြိုးစားခဲ့ရတာတွေနဲ့ မြေပြင်မှာ အသက်တွေရင်းပြီး ပြေးလွှားခဲ့ရတာတွေအတွက် တရားမျှတတဲ့ရလဒ်လိုအပ်ပါတယ်။ အကယ်၍ CDM ကျောင်းသားလူငယ်တွေရဲ့ ပညာရေးဟာ အခုလိုပဲ မီးပွိုင့်မှာဆက်လက်ရှိနေဦးမယ်ဆိုရင် ကျည်မကုန်ဘဲ လည်စင်းပေးရတဲ့ အနာဂတ်တွေဖြစ်သွားတော့မှာလား။ ကျောင်းသားထုအတွက် တိကျတဲ့ ပညာရေးအာမခံချက် အဖြေတစ်ခုရဖို့ "မီးပွိုင့်မိနေသော ပညာရေးလမ်းကြောင်းများ" ဆိုတဲ့ စကားဝိုင်း တစ်ခုကို ကျွန်တော်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ကနေပြီး ယူဆောင်လာခဲ့ပါပြီ။ ၂၀၂၄ခုနှစ်၊ မေလ ၂၄ရက်နေ့, မြန်မာစံတော်ချိန် ည ၇နာရီ zoom platform မှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာတော့ Guest speaker အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မရန်ဂျာထွယ်ပန် မှ ပူးပေါင်းကူညီဆွေးနွေးပေးမှာဖြစ်တာကြောင့် စိတ်၀င်စားသူ CDM ကျောင်းသား/သူတွေတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တက်ရောက်လိုသူ ကျောင်းသားလူငယ် မိဘပြည်သူများအနေနဲ့ အောက်ပါ ဖောင်ကို ဖြည့်ပြီး Telegram Channel မှ တစ်ဆင့် Zoom link ကို ရယူနိုင်ပါတယ်။ Registration form - https://surveyheart.com/form/6648158da282384f840f44da မှတ်ချက် - channel link ထဲဝင်မရချင်း၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက @MgKhant014 (Telegram acc) သို့ လာရောက်မေးမြန်းစုံစမ်း၍ အကူအညီတောင်းခံနိုင်ပါသည်။ #မီးပွိုင့်မိနေသောပညာရေးလမ်းကြောင်းများ #BESYA1,86%