နရီမိုး
Статистика- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 33
- Всего постов
- 39
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 4 604
- 1/48двое суток
- 6 562
- 1/72трое суток
- 7 077
Медиана по постам, которые мы застали свежими и померили через сутки.
Посты
မြိုင်ကို တပ်က စစ်ကြောင်းထိုးတယ် ဆိုတဲ့ သတင်းအောက်မှာ...ဗိုလ်လက်ယာ အပါအဝင် ပပပ၊ ပအဖ ၊ ပကဖ တွေရဲ့ သတင်းမွှေးမွှေးလေးတွေ ဖတ်ရတယ်။ မြိုင်ကို ၂ နှစ်ကျော် အုပ်ချုပ်ပြီး အခွန်ဆက်ကြေးကောက်နေပေမယ့် လောက်လောက်လားလား လက်နက်ခဲယမ်း ဖြည့်တင်းတာ မရှိဘူး။ အညာဒူဘိုင်းလို့ ဆိုလို့ရနိုင်သည်အထိ ရေနံတွင်း တတွင်းကို ကျပ်သိန်းရာချီကောက်၊ ဆီပီပါ တပီပါကို ဖြတ်သန်းခက သိန်းချီ၊ လက်ယက်တွင်းပေါင်း ရာနဲ့ချီဆိုတော့...ဒီမောင်တွေမှ မချမ်းသာရင် ဘယ်သူတွေ ချမ်းသာတော့မလဲ။ ပိုက်ဆံတွေရှိပြီး သာယာလာတော့ အနှိပ်ခန်းနဲ့ KTV တွေ အပြိုင်ပေါ်လာတယ်။ တပ်ကလည်း စစ်ကြောင်းချီပြီး နယ်မြေမရှင်းသေးတော့ မြိုင် ဟာ သူပုန် PDF နဲ့ အသားကျသွားသလို ဖြစ်ခဲ့ပုံပဲ။ ခုလည်း စစ်ကြောင်းထိုးတော့ လောက်လောက်လားလား ခုခံ ပစ်တာတွေ မရှိဘူး။ တပ်ပြေးအဆင့် ခေါင်းဆောင်ရဲ့ ကွပ်ကဲမှုကို ပဲဘော်သုံးကျိပ်လိုမျိုး မျှော်လင့်ထားကြလေသလားတော့ မသိဘူး။ အညာ ရေနံမြေရရင်...NUG ရဲ့ ဝင်ငွေရလမ်း တပေါက်ကို ပိတ်နိုင်ပြီလို့ ပြောလို့ရပါပြီ။ ဒီ ၂ နှစ်အတွင်းရှာခဲ့ကြတဲ့ အခွန်ဆက်ကြေးတွေက သိန်း ထောင်ချီ ဆိုပေမယ့် ပုဂ္ဂိုလ်က ဆိုတဲ့ ကိုယ်ကျိုး အတ္တတွေ အတွက်ပဲ ဦးတည်ခဲ့ကြမယ် ထင်ပါတယ်။ ဒီလိုနဲ့...ခေါင်၌ကိုယ်က မိုးမလုံခဲ့လေတော့ ...ဒီအိမ်မိုး မလုံတာ ဆန်းသလား။ ကြာ့်ရတာ....နွေဦးတော်လှန်ရေးက အချိန်ကြာလေလေ ပရုပ်လုံးသာသာ ဆိုတဲ့ အဆင့်ကို ရောက်မှန်း မသိရောက်နေခဲ့ပါပြီ။ (နရီမိုး)
“ကြိုးစားတဲ့သူက အနိုင်ရစမြဲပဲ” ကံမကောင်းဘူး ဆိုရင် ဘုရားရှိခိုရမယ်။ ဗုဒ္ဓဂုဏ်တော်ပွားရမယ်။ ပုတီးစိတ်ရမယ်။ မေတ္တာပို့ရမယ်။ သမထ_ဝိပဿနာ_ကမ္မဌာန်းအားထုတ်တာ အကောင်းဆုံးပဲဖြစ်တယ်။ မနက်,နေ့ ,ည ဘုရားရှိခိုးရင် ကံကောင်းလာမယ်။ အဆောင်ပစ္စည်းက အားကိုးမရဘူး။ ဘုရား၊ တရား၊ သံဃာ ဂုဏ်တွေကသာ အားကိုးရတာ။ မေတ္တာ များများပွား ဒါတွေကို “ပရောဂသမ္ပတ္တိ”လို့ ခေါ်တယ်။ ကောင်းတာများများလုပ်ရင် ကံကောင်းလာမယ်။ မိမိသည်သာလျင် မိမိရဲ့ကိုးကွယ်ရာပဲ။ ကံ,မကောင်းရင် စိတ်ဓာတ် မကျနဲ့။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုးစားရမယ်။ ကြိုးစားတဲ့သူက အနိုင်ရစမြဲပဲ။ အဓိကကတော့ စိတ်ဓာတ်မကျဖို့ပဲ။ 🪷🪷🪔🪔🪔🪷🪷 ကျေးဇူးရှင် ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
ပြီးခဲ့တဲ့ ၅ နှစ်တာကာလမှာ ကျန်းမာရေးက ဝန်ထမ်းတွေ ၃/၁၊ ပညာရေးဝန်ထမ်းတွေ ၊ မီးရထား ဝန်ထမ်းတွေ စသဖြင့် လုပ်ငန်းခွင်က စွန့်ခွာပြီး အစိုးရပြုတ်ကျအောင် လုပ်ခဲ့ဖူးတယ်။ တဖက်မှာလည်း ၇၂ နာရီ စောင့်ကြည့်ပါတို့၊ UN တပ်တွေ လာရင် သပြေပန်းနဲ့ကြိုမှာတို့၊ အိုးခွက်တွေ တီးရင် မကောင်းဆိုးဝါးတွေ တောထဲ ရောက်မှာတို့၊ တော်လှန်ရေးက ၃ လ မကြာဘူးတို့၊ အစိုးရမှာ ပိုက်ဆံပြတ်နေလို့ ဝန်ထမ်းတွေတောင် ရွှေတိဂုံ ဘုရားက ရွှေတွေ ခွာပြီး ပေးနေရတယ်လို့ ဂျင်း သတင်းတွေ ဝေဝေဖြာဖြာ ပြောခဲ့ဖူးတယ်။ နယ်သာလန် သည်ဟိဂ်မှာ ဘင် အရေး ရင်ဆိုင်တော့...တိုင်းပြည်အပြင်ထွက်ရင် အင်တာပိုက ဖမ်းခံရမှာတို့၊ ရွေးကောက်ပွဲက အပိုင်း ခွဲလုပ်လည်း ရအောင် ဖျက်မှာတို့၊ ရွေးကောက်ပွဲ ပြီးလည်း ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတဲ့ False Hope တွေကြားမှာလည်း ပျော်ခဲ့ဖူးတယ်။ ၁၀၂၇ စဖြစ်တော့...လမ်းများအားလုံး နေပြည်တော်သို့ ဆိုပြီး နေပြည်တော်အထိ တက်သိမ်း တော့မှာလိုလို၊ တစ်ခုခု လာနေပြီ တို့၊ အဆုံးသတ်တိုက်ပွဲ လာတော့မယ်တို့၊ တပ်ပေါင်းစုကြီး ဖွဲ့လိုက်ပြီတို့၊ နွေဦး အွန်လိုင်းထီက အရောင်းရဆုံးတို့၊ ငွေတိုက်စာချုပ်တွေက အမြတ်များများ ရတယ်တို့....စသဖြင့် ဒီလို စကားသံတွေကြားမှာလည်း ရောပျော်ခဲ့ကြဖူးမှာပဲ။ ခုက သူတို့ မဖြစ်စေချင်တဲ့ ရွေးကောက်ပွဲကလည်း ပြီးသွားပြီ။ နိုင်ငံတကာက လက်မခံဘူးလို့ ဇွတ်ကြီး မျှော်လင့်ထားပေမယ့် ရက် ၁၀၀ အတွင်းမှာ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်း တွေဆီပါ ကမ္ဘာ ပတ်ပြီးပြီ။ အာဆီယံ ကိုလည်း ပြည်တွင်းရေး လာမရှုပ်နဲ့၊ အာဆီယံ Envoy လည်း မလိုဘူးလို့ ခပ်မာမာ ပြောလာပြီ။ CDM လုပ်ရင် အစိုးရပြုတ်ကျမယ်လို့ ထင်ခဲ့ကြသူတွေလည်း ဘဝပျက်သူ အများစု ဖြစ်နေပြီ။ CDM လုပ်ဖို့ ဆော်ဩ ခဲ့ကြသူတွေကလည်း သူ့ဘဝနဲ့သူ ၊ ရုပ်ရှင်တွေ ရိုက်ပြီး နေမြဲ ဘဝရောက်နေပြီ။ ငါတို့မရှိရင် မဖြစ်ပါဘူး ဆိုတဲ့ စက်ခေါင်းမောင်းသူတွေက ဘဝပျက်နေချိန်၊ DEMU ရထားတွေလည်း တခေတ်စနေပြီ။ ဒီ ၅ နှစ်မှာ အပေါ်က ပြောသမျှ တစ်ခုမှ ဖြစ်မလာပေမယ့် NUG ကဝန်ကြီးတွေကတော့ ပြည်ပနိုင်ငံတွေမှာ ကျည်မထိ၊ မိသားစု ဘဝမပျက်ဘဲ နေနိုင်ခဲ့ကြပြီ။ ဒါတောင်....သမ္မတက အခြေအနေမကောင်းလို့ ပြေးတော့မယ်လို့ ရေးရဲတဲ့ သတ္တိကတော့ တော်ရုံ မျက်နှာပြောင်တဲ့ အဆင့် မဟုတ်တော့ဘူး။ အင်းပေါ့လေ။ ဒီလို ပိန်းတဲ့သူတွေ များခဲ့လို့လည်း ဒီတော်လှန်ရေးက ဒီလောက်ကြာပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့တာပေါ့။ (နရီမိုး)
без подписи
ဘီလာရုဇ် ပါတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်လာတာ ၊ ဗီယမ်နမ်သံအမတ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံတာတွေရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။ (နရီမိုး)
အိမ်သုံးမီတာတွေအတွက် ဝန်ကြီးဌာနရဲ့ website ထဲကနေ လျှောက်ထားရယူနိုင်တဲ့ အကြောင်းနဲ့ ဈေးနှုန်းတွေပါ ထုတ်ပြန်လာခဲ့တယ်။ ကြေညာချက်ထဲမှာကိုက လျင်လျင်မြန်မြန် ရရှိဖို့နဲ့ တဆင့်ပွဲစားကြားခံမှု မရှိရေး ဆိုတဲ့ ရည်ရွယ်ချက်က အတော်လေး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ပြောင်းလဲမှု လုပ်နေတာ မြင်ရတယ်။ ဝန်ကြီးဌာန တစ်ခုအပေါ် ပြည်သူတွေရဲ့ မှတ်ချက်ကောင်းရဖို့ဆိုတာက....ခုလို Digital Transformation လုပ်မှကို ရလိမ့်မယ်။ ဥပမာ မီးရထားဆိုရင်လည်း အရင် လက်မှတ်မှောင်ခိုပြဿနာကို Digital နည်းနဲ့ ဖြေရှင်းသွားတယ်။ ဒါတောင် ကနဦး အစဆိုတော့... Digital မှာလည်း ဝယ်ရခက်တာ၊ တချို့error လေးတွေ ရှိတုန်းပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခြေလှမ်းစဖြစ်ဖို့ အရေးကြီးတယ်။ တခြားဝန်ကြီးဌာနတွေအနေနဲ့လည်း မဖြစ်မနေ လူကိုယ်တိုင် လာရတဲ့ ကိစ္စကလွဲရင်၊ ဒီလို Digital Transformation လုပ်ပေးလိုက်ရင် ...ပထမဆုံး ဝန်ကြီးဌာနရုံးတွေရဲ့ ရှုပ်ထွေးတဲ့ ရုံးတွင်း ပရောဆက်ကို ကျော်ဖြတ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ဒုတိယ အချက်က မလိုလားအပ်တဲ့ ဆက်ဆံရေး ပြဿနာနဲ့ အဂတိပြဿနာကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်။ နောက်ဆုံးကတော့ ပွင့်လင်းမြင်သာမှုပဲ။ ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်နိုင်ပါစေလို့ မျှော်လင့်ရမယ်။ (နရီမိုး)
မိုးကလည်း ဒီရက်ပိုင်း ဆက်တိုက်နီးပါးရွာတယ်။ မိုးဇလကလည်း စိုးရိမ် ရေမှတ်ရောက်နိုင်ခြေရှိတဲ့ ဒေသတွေကို အသိပေးကြေညာထားတယ်။ ဒီတော့ ဒီရက်ပိုင်းအတွင်းမှာ မိုးဆက်များသရွေ့ ရေကြီး၊ ရေလျှံမှုက လျော့မှာ မဟုတ်သေးဘူး။ ဒါနဲ့ပတ်သက်ပြီး တွေးမိတာက...အညာမှာဆို PDF တွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်စခန်း လုပ်လေ့ရှိတတ်ကြတယ်။ မဟုတ်ရင်လည်း တင်းကုပ်တဲတွေနဲ့ စခန်းဆောက်ကြတယ်။ ဒီလို သဘာဝဘေးဖြစ်တော့...ရိက္ခာတွေလည်း ဆုံးရှုံးမယ့်သဘောပဲ။ ဒီရိက္ခာတွေဆိုတာက ခွက်ခေါက်ပြီး အလှူခံတာထက် ဒေသခံ ပြည်သူတွေရဲ့ အခွန်ဆက်ကြေးကနေ ဖြစ်လာတာများတယ်။ ပြေလည်ချိန်တုန်းကတော့ ကိစ္စ မရှိဘူးပေါ့။ ခု ရေဘေးမှာ ချမ်းသာပါတယ် ဆိုတဲ့ တောင်သူလည်း အနည်းအများ ထိမှာပဲ။ သဖန်းဆိပ်ဆည်အထက်ပိုင်းက လုပ်ကွက်တွေလည်း တော်တော်များများ ရေမြုပ်ကုန်တာ မြင်ရတယ်။ ပြေလည်တုန်းကတော့ ပြည်သူတွေလည်း ပေးကမ်းပြီး လုပ်ခဲ့ကြမှာပါပဲ။ ရေဘေး အလွန်ကာလမှာ ...စစ်တိုက်ဖို့ ဆိုတာ ခဏထား၊ မငတ်ဖို့အတွက်တောင် မနည်း ရုန်းကန်ရဖို့များတယ်။ နောက်အရေးကြီးတာက မိုင်း အန္တရာယ်ပဲ။ PDF တွေ ထောင်ထားတဲ့ မိုင်းတွေက ရေစီးနဲ့ မျောတာလည်း ရှိနိုင်သလို နေရာရွေ့တာလည်း ရှိနိုင်တယ်။ ရေပြန်ကျရင်...ဘယ်နေရာမှာ ဘယ်သူတွေ မဲပေါက်ကြဦးမလဲ မသိ။ PDF တွေကို လက်ခံပြီး တကိုယ်စာ ကိုယ်ကျိုးအတ္တတွေနဲ့ ဒီလိုပဲ ဆက်ပြီး လည်ပတ်နေကြဦးမယ်ဆိုရင်.... သားသမီးတွေလည်း ပညာမတတ်၊ ဒေသကလည်း တည်ငြိမ်အေးချမ်းမှုမရှိဆိုတဲ့ ခေတ်ဆိုးကြီးကိုပဲ ဖြတ်သန်းနေကြရဦးမှာပဲ။ ဘာပဲဖြစ်ဖြစ်...တချို့အကျိုးတရားတွေက အကြောင်းတရားတွေ ရှိထားခဲ့ကြလို့ ဖြစ်လာတာမျိုးပါ။ ဘယ်သူမပြု၊ မိမိမှု ဆိုတာကိုပဲ လက်ကိုင်ထား ကျင့်ထုံး မူနိုင်ကြပါစေပေါ့။ (နရီမိုး)
ရေဘေးက မိုးများတော့ တစ်နိုင်ငံလုံးနီးပါးဖြစ်တယ်။ ပြဿနာက အပေါ်မှာဖြစ်တဲ့ သစ်တောပြုန်းတဲ့ ပြဿနာကို အောက်ဒေသတွေ လည်စင်းခံရတာပဲ။ သစ်တောတွေမရှိ၊ ရွှေဖောင်တွေကြောင့် မြစ်ရေလမ်းကြောင်းတွေက တိမ်ကောလာတဲ့အခါ...မြစ်တာဘောင်တွေကိုကျော်ပြီး ထစ်ကနဲဆို...ရေကြီးတာမျိုး အဖြစ်များလာနိုင်တယ်။ အပေါ်မှာလည်း မူးမြစ်ရေကြီးတော့ သဖန်းဆိပ်က လက်ခံနိုင်သလောက် လက်ခံပေးထားတယ်။ ဒါတောင် ဆည်ဆောက်လို့ ခုလို ရေပိုလွှဲက ရေတွေ လွှတ်ခံရတာဆိုတဲ့ စကားမျိုး ပြောထွက်ကြသေးတယ်။ အမြင့် ပေ ၁၀၈၊ အလျား ၃ မိုင်လောက်ကျယ်တဲ့ ဒီဆည်သာ မရှိရင်...မိုးတွင်းရောက်တိုင်း သဘာဝဘေးကို ခုထက်ပိုခံစားရမှာဆိုတာတောင် မတွေးနိုင်ကြတော့ဘူး။ အဓိကကတော့ အစိုးရကိုလည်း တခြားပြည်သူတွေက မုန်းစေချင်တယ်။ ဆိုတော့...NUG ဆိုတဲ့ အဖွဲ့ရှိနေလည်း NUG က အဝေးရောက် ဆိုတော့ တကယ် မကူညီနိုင်မှန်းလည်း သူတို့သိတယ်။ အစိုးရကို မုန်းစေချင်တော့ စစ်ကိုင်းတံတားမှာ ရေဘေးကယ်ဆယ်ရေးဆို၊ ပေးမဖြတ်ဘူးဆိုတဲ့ ကောလာဟလတွေ လွှတ်ရော။ သိပ်ကို ရိုးသားပါတယ်ဆိုတဲ့ ဒီအညာက...ဘုန်းကြီးလည်းသတ်၊ မုံရွာမှာ ဗိုက်ကြီးသည်လည်း သတ်၊ လယ်ကွင်းထဲထိတောင် အုပ်ကြီးတွေကို လိုက်သတ်ကြ၊ CDM လုပ်ရင် ဒလန်ခေါင်းစဉ်နဲ့ အမျိုးမျိုးသတ်ခဲ့ကြတဲ့ PDF တွေ ကြီးစိုးတဲ့ ဒေသမှာ အစိုးရအတွက်လည်း လုံခြုံရေးပေးနိုင်မှာ မဟုတ်သလို ဘယ် ပရဟိတသမားမှလည်း သွားရဲလာရဲ ရှိမှာ မဟုတ်ဘူး။ တစ်ခုတော့ ရှိတာပေါ့။ မြေပြင် PDF နဲ့ချိတ်ပြီး လုံခြုံရေး အာမခံပါတယ် ပြောရင်တော့ မပြောတတ်ဘူး။ ဒါလည်း တနယ်တဗိုလ်ဖြစ်နေတဲ့ အညာမှာ...ဘယ်ဘုရားက တန်ခိုးပိုကြီးသလဲ မသေချာဘူး။ တကယ်လို့ ပါလာတာ မလှူရဘဲ အချင်းချင်း အဝေမတည့်လို့ အရှင်းခံရရင်လည်း ခံ ရမှာပဲ။ ဒီလိုနေရာမှာ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့တရားတွေ ဟောလို့ ရမှာ မဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ဒီလောက် သဘာဝဘေးဖြစ်နေချိန်မှာတောင် မသွားရဲ၊ မလှူရဲတာကိုကြည့်ရင်.... PDF တွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပြီလို့ပဲ ပြောရမှာပဲ။ (နရီမိုး)
ဘုရားလက်ထက်တော်အခါက အိမ်မှာနေရင်း အလုပ်လုပ်ရင်း ဝိပဿနာရှုလိုက်တာ သောတာပန် သကဒါဂါမ် အနာဂါမ်အဆင့်ထိ ဖြစ်သွားကြသူတွေ မနည်းဘူးတဲ့။ တစ်ချို့က ချက်ရင်းပြုတ်ရင်း အိမ်အလုပ်လုပ်ရင်း အရိယာတွေဖြစ်သွားကြတာ။ အခုခေတ်ပုဂ္ဂိုလ်တွေ ဘာလို့တရားမရကြတာလဲဆိုတော့... ပျင်းလို့... အေး.. ပျင်းလို့ပဲပြောစရာရှိတယ်။ နောက်တစ်ခုက ဆန္ဒအာသီသတွေ မပြင်းထန်ဘူး။ နေ့စဉ်မပြတ် နိဗ္ဗာန် ရပါလို၏လို့တော့ တောင်းကြရှာတယ်။အခုနိဗ္ဗာန်ပို့ပေးမယ် လိုက်မလားမေးကြည့်ပါလား။ ဘယ် လိုက်မလဲ... အိမ်စိတ်မချတဲ့သူနဲ့ သားသမီးစိတ်မချတဲ့သူနဲ့။ နေမကောင်းဖြစ်လို့ အနိစ္စဆိုပြီး ပါးစပ်ကရွတ်ကြတယ်။ခေါင်းကိုက်လို့ဆိုပြီး အနိစ္စ ဒုက္ခ အနတ္တဆိုပြီး ပါးစပ်ကရွတ်ကြတယ်မလား။တစ်ချို့ဆို ပုတီးကြီးတဂျောက်ဂျောက်နဲ့ အနိစ္စဆိုပြီး ရွတ်လိုက်ကြသေး။ အေး.. အဲ့ဒီ အနိစ္စက လုပ်အနိစ္စ... ရွတ်အနိစ္စ။တကယ့်အနိစ္စအစစ်က ဝိပဿနာအနိစ္စ၊ သံဝေဂအနိစ္စ၊ သမ္မသနအနိစ္စ။ ပါချုပ်ဆရာတော်ကြီး
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
◾ AA နဲ့ပတ်သက်ပြီး Bay of Bengal Post မှာ အကြမ်းဖက် AA အနေနဲ့ ဘင်္ဂလီ ၁၅၀၀ ကျော်ကို သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ အတင်းအကြပ် နယ်မြေပြောင်းရွှေ့မှုတွေ လုပ်ခဲ့တာ ဆိုပြီး အသေးစိတ် ဖော်ပြလာတယ်။ ဒီကိန်းဂဏန်းက ဘယ်လောက်တိကျသလဲဆိုတာ ထက်…အရင် ၂၀၂၆ ခုနှစ် မေလမှာ Human Rights Watch က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ အနည်းဆုံး ဘင်္ဂလီ ၂၀၀ နီးပါး AA က သတ်ဖြတ်ခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြု ချက်ထုတ်နိုင်ခဲ့တာရှိတယ်။ ----- ◾ OHCHR ကို ကိုးကားပြီး ဗြိတိန်အစိုးရရဲ့ ၂၀၂၆ ခုနှစ် သတင်းထုတ်ပြန်ရေးအစီရင်ခံစာ တစ်ခုမှာလည်း အကြမ်းဖက် AA ရဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်း ထုတ်ပြန်ထားတာ ရှိခဲ့ဖူးတယ်။ ဒီထုတ်ပြန် ချက်မှာဆိုရင်…ဘင်္ဂလီတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်စုဆောင်းတာနဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေ ခံခဲ့ရတဲ့အကြောင်း အသေးစိတ်ဖော်ပြထားခဲ့တယ်။ ရိုက်တာ ရဲ့ သီးခြားစုံစမ်းချက် အစီရင်ခံစာတစ်ခုမှာလည်း ၂၀၂၄ မေလ ၁၇ ရက်နေ့တုန်းက ဘူးသီးတောင်မြို့ကို မီးရှို့ဖျက်ဆီးခဲ့ချိန်မှာ အကြမ်းဖက် AA က အနည်းဆုံး ၄၅ ဦးလောက် သတ်ဖြတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ----------- ◾ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကိုယ်တွေစိတ်ဝင်စားတာက… အစိုးရအနေနဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ…ဒီပြစ်မှုတွေကို ဦးဆောင်နေတဲ့ ထွန်းမြတ်နိုင်နဲ့ ဘယ်လို ဆွေးနွေးကြမလဲဆိုတာပါပဲ။ နိုင်ငံတကာရဲ့ အစီရင်ခံစာတွေမှာ ပြစ်မှူကျူးလွန်ကြောင်း သက်သေရှိနေတဲ့ ထွန်းမြတ်နိုင်က… အနာဂတ်မှာ ဘယ်လို အခန်းကဏ္ဍ ဆက်ရှိနိုင်မလဲဆိုတာ…စိတ်ဝင်စားစရာကောင်း တယ်။ ယုတ္တိရှိရှိတွေးရင်တော့…ဒီလိုသတ်ဖြတ်မှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်နေတဲ့ AA ရဲ့ လုပ်ဆောင်ချက်က…ရခိုင်ပြည်သူလူထုလိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့တော့ တဖြည်းဖြည်း အလှမ်း ဝေးနေသလိုပဲ။ ခုလည်း ရခိုင်မှာ…နယ်မြေသိမ်းထားတယ်လို့ပြောရုံပဲတတ်နိုင် တယ်။ သတင်းရရင်ရသလို နေရာအနှံ့ …လေကြောင်းတိုက်ခိုက်မှု လုပ်နေတဲ့ တပ်မ တော်ရဲ့ ဗုံးဒဏ်တွေကို အကြမ်းဖက် AA ဘယ်လောက်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ပဲ။ (နရီမိုး)
◾ ထိုင်းမှာ…ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းတာနဲ့ပတ်သက်ပြီး မြန်မာ အစိုးရကို ဖိတ်ခေါ်လို့ဆိုတဲ့ အခြေအမြစ်မရှိတဲ့ အရာတွေနဲ့ လူပိန်းကြိုက် ပြောနေ ကြတယ်။ တကယ်တော့…လက်ရှိ ဝန်ကြီးချုပ်မှ မဟုတ်ဘူး။ ပြည်သူထောက်ခံမှုအား ကောင်းလွန်း ပါတယ်ဆိုတဲ့ သက်ဆင်မိသားစုတောင်…သက်ဆင်အလွန်ကာလမှာ …ယင်လတ်၊ ပေထုန်တန် ကာလအထိ… “ကျင့်ဝတ်ဖောက်ဖျက်မှု” ဆိုတဲ့ခေါင်းစဉ် အောက်ကနေ… တစ်ယောက်ပြီး တစ်ယောက် ထိုင်းနိုင်ငံရေးကနေ လွှင့်ထွက်ခွာ ခဲ့ဖူးတယ်။ ------ ◾ထိုင်းနိုင်ငံရေးကလည်း တကယ်တော့…ကိုရီးယားနန်းတွင်း ဇာတ်ကားတွေထက် တောင် ပိုပြီး ခပ်ရှုတ်ရှုတ်ရယ်။ ဥပမာ- နိုင်ငံသစ်ထူထောင်မယ့် အကြောင်းကို ဖွင့်ချခဲ့တဲ့ ရှိတ်ဟာစီနာတစ်ယောက်…နိုင်ငံရေးကနေ နန်းကျခဲ့ရသလို…တရုတ်နိုင်ငံကို သွားခဲ့ပြီး သဘောတူညီချက်တွေယူခဲ့ ပေထုန်တန်လည်း ဖုန်းပြောဆိုမှု Record ကို ဖွင့်ချခံရပြီး ထိုင်းနိုင်ငံရေးကနေ ရည်ရွယ်ချက်ရှိရှိ ဖြုတ်ချခံခဲ့ရတာပဲ။ ဆိုတော့… ဒါတွေက လူတွေပြောနေသလောက် မရိုးရှင်းဘူး။ နောက်…ထိုင်းမှာ ဝန်ကြီးချုပ် ပြုတ်ကျတာက အသစ်အဆန်းလည်းမဟုတ်ဘူး။ ထိုင်းနိုင်ငံရေးရဲ့အခြေခံပုံစံမှာကိုက ပါတီ၊ လွှတ်တော်၊ တရားရုံး၊ တပ်မတော်၊ နိုင်ငံရေး Elite အလွှာနဲ့ ဘုရင်ထောက်ခံမှုဆိုတဲ့ အနေအထားတွေနဲ့ တည်ဆောက်ထားတာ။ ------ ◾ တိုက်ဆိုင်မှုလို့ပဲပြောပြော…လက်ရှိ ထိုင်းဝန်ကြီးချုပ်ရင်ဆိုင်နေရတာက…အစိုးရ ဝန်ထမ်းပဲ သေနတ်ကိုင်ရမယ်ဆိုတဲ့ ဥပဒေကို ပြဌာန်းမယ်လို့ အသံလွှင့်ကာရှိသေး… သေနတ်ကိုင်ခွင့်ရထားတဲ့ ပြည်သူတွေက ဆန္ဒပြတာတွေရှိလာမလားဆိုပြီး ခန့်မှန်း လာကြတာပဲ။ ပိုဆိုးတာက…အနုတင်က တင်းပြည့်ကျပ်ပြည့်နဲ့ အာဏာရထားတာလည်း မဟုတ်။ မိတ်ဖက်ပါတီဖြစ်တဲ့ ဖွေထိုင်းက သက်ဆိုင်ရဲ့ ပါတီဆိုတာလည်း မေ့မထားသင့် ဘူး။ တကယ်လို့ ဖွေထိုင်းပါတီက အနုတင်ကို မထောက်ခံတော့ရင်…အခြေအနေ မကောင်းနိုင်ဘူး။ နိုင်ငံရေးပါတီတိုင်းကတော့…အာဏာလိုချင်ကြတာပါပဲ။ ဒါ့ကြောင့် လည်း ထိုင်းမှာ ပြည်သူထောက်ခံတဲ့ပါတီက အစိုးရဖြစ်နေပါစေဦးတော့… အကြောင်း အမျိုးမျိုးနဲ့ ရာထူးက ဆင်းရတာများတယ်။ ----- ◾ မြန်မာအစိုးရကို ဖိတ်ခေါ်လို့ အယုံအကြည်မရှိ အဆိုတင်သွင်းခံရမယ်ဆိုတာက …နီပေါကြိုက် စကားတွေပါ။ မြန်မာကို ဖိတ်ခေါ်ရတဲ့ ချစ်ကြည်ရေးခရီးစဉ်ရဲ့ ရည်ရွယ် ချက်ကိုက နိုင်ငံခြားရေး၊ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေး၊ အွန်လိုင်း လိမ်လည်မှု၊ အာဆီယံသံတမန်ရေးနဲ့ နယ်စပ်လုံခြုံရေးဆိုတဲ့ မူဝါဒ ခေါင်းစဉ်အောက်ကပါ။ အယုံအကြည်မရှိအဆို ဆိုတာက…ပြည်တွင်းအာဏာပြိုင်ဆိုင်မှု၊ တရားရုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ မဟာမိတ်ပါတီတွေရဲ့ ကြားက လွန်ဆွဲမှု ပြဿနာပါ။ ဆိုလိုတာက…ထိုင်း နိုင်ငံရေးက လူထုရွေးလိုက်ရုံနဲ့ ၅ နှစ်စာ အာဏာရသွားတာမျိုးမဟုတ်ပါဘူး။ ဥပမာ- ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံခုံရုံးက လိုအပ်ရင် ဝန်ကြီးချုပ်တွေကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ အခွင့်အာဏာတွေ ရှိထားကြလို့ပါ။ ဒါပေမယ့်…အနုတင်အတွက် လွှတ်တော်ထဲမှာ မဟာမိတ်ပါတီကို ဘယ်လောက်ဆွဲဆောင်စည်းရုံးနိုင်မလဲက အဓိက ပိုကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…၂၀၂၅ မှာ ဖွေထိုင်းပါတီက အနုတင်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ဖူးတာရှိထားခဲ့လို့ပါ။ တကယ်လို့ အနုတင် ပြုတ်ကျခဲ့ရင်တောင် နောက်ကွယ်က Agenda ၊ ဒါမှမဟုတ် တရားရုံးရဲ့ လုပ်ပိုင်ခွင့် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မဟာမိတ်ကြားက အာဏာပြိုင်ဆိုင်မှုကသာ နိုင်ငံရေးအရ ပိုပြီး ယုတ္တိရှိပါတယ်။ (နရီမိုး)
◾ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တရားမဝင်လုပ်နေတဲ့ မြေရှားပြဿနာတွေနဲ့ ဥပဒေမဲ့ တူးဖော်နေတဲ့ သယံဇာတ ပြဿနာတွေကို ကိုင်တွယ်တဲ့ နေရာမှာ…ဒီလို အလွန်အကျွံတူးဖော်လုပ်ကိုင်နေတာတွေကို ပြည်ထောင်စု အစိုးရအနေနဲ့ ထိန်းချုပ်နိုင်တဲ့ အဆင့်ရှိမှပဲ…ခုလို သဘာဝဘေးကျရောက်မှုတွေကို ထိထိရောက်ရောက် လျှော့ချနိုင်ပါလိမ့်မယ်။ သမ္မတကြီးပြောသလို ရေအရင်းအမြစ်ထိန်းချုပ်ဖို့အတွက် စီမံခန့်ခွဲမှုတစ်ရပ် မဖြစ်မနေလိုအပ်သလို ဥပဒေရှိထားပြီး ပြည်ထောင်စုအစိုးရ ထိန်းချုပ် နယ်မြေ မဟုတ်ရင်လည်း ဒီဥပဒေရဲ့သက်ရောက်မှုက အကန့်အသတ်ဖြစ်နေဦးမှာပါပဲ။ ---- ◾ ဥပမာ- ကချင်ပြည်နယ်မှာ ဥပဒေမဲ့ တူးဖော်နေတဲ့ သယံဇာတပြဿနာတွေ၊ စစ်ကိုင်း တိုင်း၊ ချင်းတွင်းမြစ်ပေါ်က ရွှေဖောင်တွေ၊ ဖားကန့်ဒေသ နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း တစ်လျှောက် လုပ်ကိုင်နေတဲ့ ရွှေတူးဖော်မှုတွေရဲ့အကျိုးသက်ရောက်မှုက… မြစ်ရေ လမ်းကြောင်းပြောင်းလဲမှု ရှိလာစေတာ၊ တောင်ကုန်းတောင်တန်းတွေနဲ့ ရေဝေရေလဲ ဒေသတွေ ကွယ်ပျောက်ကုန်တာ…မြေဆီလွှာထဲ စိမ့်ဝင်ဖို့ထက် မြေပြင်ကနေ အရှိန်နဲ့ စီးဆင်းလာတဲ့အခါ…ရေကြီးရေလျှံမှုကို ပြင်းထန်စေတာ…စသဖြင့် ဒီအကျိုးဆက်တွေ ခံစားကြရတော့တာပါပဲ။ ------ ◾ လက်ရှိ သဖမ်းဆိပ်ဆည်ကြီးနဲ့ပတ်သက်ပြီး ရေပိုလွှဲက ရေထုတ်နေတဲ့အပေါ်လည်း လူတွေ အများအပြားက ဝေဖန်နေကြတာရှိတယ်။ ဒီဆည်ကြီးရှိခဲ့လို့…ရာသီမရွေး သီးနှံ စိုက်ပျိုးနိုင်ခဲ့ကြတာကိုလည်း မျက်ကွယ်မပြုသင့်ဘူး။ ဆည်တွေဆိုတာက ရေအရင်း အမြစ် စီမံခန့်ခွဲမှုရဲ့အစိတ်အပိုင်းတစ်ခုပုံစံမျိုးသာ ဖြစ်တယ်။ ဆိုလိုတာက…မိုးရာသီမှာ ရေကြီးရေလျှံမှုကို လျှော့ပေးသလို နွေရာသီမှာ မြစ်ရေစီးဆင်းမှု မပြတ်အောင်နဲ့ စိုက်ပျိုးရေးအတွက်တော့ ဆည်တွေက အသုံးဝင်တယ်။ မြစ်ကြောင်း တစ်လျှောက်မှာ ဆည်နဲ့ရေလှောင်ကန်တွေ အဆင့်ဆင့် တည်ဆောက် ထားတာမျိုး ဆိုရင်တော့… ရေစီးဆင်းမှုကို ပိုပြီးစနစ်တကျ စီမံနိုင်လိမ့်မယ်လို့ မြင်တယ်။ ဥပမာ… ရေခဏခဏ ကြီးတတ်တဲ့ဒေသတွေမှာ…ရေသိုလှောင်တဲ့ကန်တွေနဲ့ ဆည်တွေတော့ မဖြစ် မနေ ဆောက်သင့်တယ်။ ---- ◾ခက်တာက… မြန်မာနိုင်ငံ မြောက်ပိုင်းက သစ်တောထိန်းသိမ်းမှု၊ ရေဝေရေလဲ ထိန်း သိမ်းမှုနဲ့ မြေအသုံးချမှုပုံစံတွေကို မထိန်းချုပ်နိုင်သမျှတော့… ဆည်ဆောက် ထားရင်လည်း…နှုန်းတွေ တဖြည်းဖြည်းများလာတဲ့အခါ…ဆည်တွေလည်း သိုလှောင်နိုင် စွမ်း လျှော့လာမှာပဲ။ နောက်ထပ် ပြဿနာတစ်ခုက မြစ်ရဲ့သဘာဝ ရေလွှမ်းမိုးတတ်တဲ့ ဧရိယာတွေကို မြို့ပြတည်ဆောက်ရေးအတွက်…စည်းဖောက်လာကြတဲ့ စိန်ခေါ်မှုပဲ။ အနာဂတ်မှာ…မြစ်ကြီး ၄ စင်းနဲ့ မြစ်ဝှမ်းအသီးသီးအတွက် မြေအသုံးချမှု၊ သစ်တော ဖုံးလွှမ်းမှု၊ ရေသိုလှောင်နိုင်စွမ်း၊ စိုက်ပျိုးရေးနဲ့ လျှပ်စစ်အတွက် အသုံးချနိုင်မှု…ဆိုတဲ့ ခေါင်းစဉ်အောက်မှာ…စနစ်တကျ သုတေသန စစ်တမ်းတွေနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်မှပဲ…သဘာဝဘေးအန္တရာယ်ကို လျှော့ချနိုင်ပါလိမ့်မယ်။ (နရီမိုး)
без подписи
◾ တိုင်းအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ…လက်ရှိ အရေးပေါ် ရေဘေးနဲ့ပတ် သက်ပြီး ဌာနပေါင်းစုံကနေ အင်အား ၄၀၀ နီးပါးအထိ သုံးပြီး နေ့ညမပြတ် ဆောင်ရွက်နေ တာတွေ့ရတယ်။ ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေထဲမှာ နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး မနားမနေ လုပ်နေကြတယ်။ Steel Sheet Pile အတွက်လည်း လျာထား ၂၈၆ ချောင်းထဲက ၇၂ ချောင်း ကို ရိုက်သွင်းပြီးစီးထားတယ်ဆိုတော့…လုပ်ငန်းပြီးစီးမှုက ၂၅/၂၆ ရာခိုင်နှုန်းလောက် တော့ ပြီးထားတဲ့ သဘောပဲ။ ------- ◾ ပိတ်ဆို့ရေးလုပ်နေတဲ့နေရာက ပေပေါင်း ၈၉၀ လောက်ရှိတာဆိုတော့…ဘော်လုံးကွင်း အရွယ်အစားနဲ့တိုင်းရင် ၃ကွင်းစာလောက်ရှိမယ်။ ပုံတွေကိုကြည့်ရင်…ရေစီးအားကို ခံနိုင်အောင် ကန့်လက်ဖြတ်ပုံစံမျိုး သွားနေတာတွေ့ရတယ်။ ၅ ပေလောက် ပျှမ်းမျှ အထူရှိနိုင်မယ့် ပိတ်ဆို့ရေးနေရာမှာ… Geo bag သဲအိတ်တွေ ကို အလွှာလိုက် ဖိသိပ်ပြီး ရေဝင်ပေါက်ကို ပိတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ------ ◾ ဘယ်ချိန်ပြီးမလဲဆိုတဲ့ မေးခွန်းတွေအတွက် တကယ်မြေပြင်မှာ လုပ်နေကြတဲ့သူတွေ ကတော့…အမြန်ပြီးချင်စိတ်နဲ့ပဲ အင်တိုက်အားတိုက်လုပ်နေကြတာ မြင်ကြရမှာပါ။ ဒါပေမယ့် မြေပြင်မှာ ဖြစ်နေတဲ့ ရေစီးအားအခြေအနေ၊ မြေအောက်ကို Sheet Pile ရိုက်ရ တဲ့ စိန်ခေါ်မှုနဲ့ မိုးအဆက်မပြတ်ရွာနေတဲ့ အခက်အခဲတွေကပဲ ဒီလုပ်ငန်းပြီးစီးမှုကို သက်ရောက်မှု ရှိစေမယ် ထင်တယ်။ မိုးအဆက်မပြတ်ရွာနေသလို မြစ်ရေစိုးရိမ်ရေမှတ်တက်နိုင်ခြေကလည်း ဒီလုပ်ငန်းအတွက်ပိုပြီး ခက်ခဲစေနိုင်မလား စိုးရိမ်မိတယ်။ --------- ◾ ရေကြီးလို့ လယ်ဧက ၃ သောင်းလောက် ရေနစ်သွားတယ် ဆိုတဲ့ တောင်သူတွေရဲ့ အင်တာဗျူးတွေ မြင်လိုက်ရတယ်။ တစ်ဧကကို ၁၀ သိန်းနှုန်းနဲ့ လယ်ဧက ၃ သောင်း ဆိုတော့…သူတို့ရဲ့ဆုံးရှုံးနစ်နာမှုက နည်းမှာ မဟုတ်ဘူး။ သဘာဝဘေးအလွန် ကာလ အတွက် ဆုံးရှုံးမှုကို ကာမိအောင် မိုးစပါး မမီတော့ရင်…တခြားသီးနှံပြောင်းစိုက်ဖို့ သမ္မတ ကြီးက အားပေးတာလည်း မြင်ရတယ်။ အစိုးရနဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ တောင်သူတွေ အပေါ် ပံ့ပိုးမှုတွေ အများကြီးလုပ်ပေးနိုင်မှပဲ…ရေဘေးအလွန်မှာ ဒီပြဿနာကို ကုစားနိုင်ပါလိမ့်မယ်။ (နရီမိုး)
без подписи
သဖမ်းဆိပ်ဆည် မရှိခင်က မူးမြစ်ပေါ်မှာ ဆောက်ထားတဲ့ ကာဘိုးရေလွှဲတမံ နဲ့ ကင်းတပ်ရေလွှဲတမံ တို့ပဲ ရှိခဲ့တယ်။ အဲ့ဒီတုန်းက မူးမြစ်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ စိုက်ပျိုးရေးအတွက် သုံးနိုင်ခဲ့ကြလို့ ဒေသခံတွေအနေနဲ့ မိုးရာသီကိုပဲ အားကိုးခဲ့ကြရတယ်။ အဲ့ဒီချိန်တုန်းက နှစ်ထပ်သီးနှံလည်း မစိုက်နိုင်ခဲ့သလို မိုးခေါင်ရင် ယာခင်းတွေကို ဒီတိုင်းပစ်ထားခဲ့ကြရဖူးတယ်။ ဒီလိုပဲ...ဆည်မရှိတော့ မိုးကြီးလို့ မူးမြစ်က ရေကြီးရင်လည်း သဘာဝဘေးဒဏ် ခံခဲ့ရဖူးတာပဲ။ သဖမ်းဆိပ်ဆည်ကြီး ဆောက်ပြီးတော့ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ဝက်လက်နဲ့ ရွှေဘို စသဖြင့် မြို့နယ်ပေါင်းများစွာထဲက လယ်ယာမြေဧက ၅ သိန်း လောက်အထိ သီးနှံတွေ စိုက်နိုင်ခဲ့ကြတယ်။ တမံအလျားက ၃ မိုင်ကျော်၊ တမံအမြင့်က ၁၀၈ ပေ၊ ရေသိုလှောင်နိုင်တဲ့ပမာဏက ၂ သန်းကျော်ဆိုတော့ ပထမဆုံး စိုက်ပျိုးရေးအတွက် မိုးကို မမျှော်ရတော့ဘဲ သီးထပ်တွေ စိုက်နိုင်လာခဲ့တယ်။ ဒုတိယအချက်က မူးမြစ်ရေကြီးတာကို ခုလို ဆည်က ထိန်းမထားရင် ဒီထက် ပိုခံရမယ်။ တတိယအချက်က ဒီဆယ်ကနေ လျှပ်စစ်က ၃၀ မဂ္ဂါဝပ်အထိ ထပ်ရသေးတယ်။ သဖမ်းဆိပ်ဆည်က ၂၀၀၁ ခုနှစ်မှာ ပြီးခဲ့တာဆိုတော့...လက်ရှိဆို ၂၅ နှစ်လောက် ကြာခဲ့ပြီ။ ဒီဆည်ကို တပ်မတော်အစိုးရက ဆောက်ခဲ့သလို ဒီဆည်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းအတွက်လည်း တပ်မတော်က မလုပ်ခဲ့ဘူး။ ခုလက်ရှိ သဖမ်းဆိပ်ဆည်ရဲ့ ရေပိုလွှဲကနေ ရေတွေ ကျော်ကျနေတာကို အစိုးရက ဆည်ဖောက်ချပါတယ် ဆိုပြီး ပြောနေကြသူတွေ၊ ဆည်ကြောင့် လူတွေ ဒုက္ခ ရောက်ရပါတယ်ဆိုပြီး ပြောနေကြသူတွေက ၂၀၂၁ အလွန် ၅ နှစ်တာကာလတိုင်တိုင် ...ဒီဆည် အထက်ပိုင်းနဲ့ ပတ်ပတ်လည် တလျှောက်မှာ စိုက်ပျိုးရေးအတွက် ဆောက်ခဲ့တဲ့ဆည်ကို ရွှေဖောင်တွေနဲ့ ရွှေတူးစားခဲ့ကြသူတွေ ကိုယ်တိုင်ပါပဲ။ တကယ်လို့များ သဖမ်းဆိပ်ဆည်ကြီးက ရွှေဖောင်တွေကြောင့် အနည်နှုန်းပိုများလာပြီး ရေသိုလှောင်နိုင်စွမ်း နည်းလာရင်.....တနှစ်ထက် ၊ တနှစ် ရေပိုလွှဲကနေ ခုလိုပဲ ကျော်ကျ နေဦးမှာပါပဲ။ ဆည်ရေကို ကိုယ်ကျိုး အတ္တတွေအတွက် ဘယ်လောက်တောင် တူးထုတ်လိုက်သလဲလို့ မေးရင်....Google မှာတောင် ဆည်က ဆည်နဲ့ မတူတဲ့အထိ ပျက်စီးစ ပြုနေပါပြီ။ ၅ နှစ်စလုံး NUG က အခွန်ဆက်ကြေးကောက်၊ တရားဥပဒေမဲ့ ရွှေဖောင်တွေနဲ့တူးပြီးမှ...ရေဘေးဖြစ်တော့ အစိုးရက မကူလို့တဲ့လား။ စဉ်းစဉ်းစားစားလည်း ပြောဦးမှပေါ့။ (နရီမိုး)
"လေးမျက်နှာရေဘေးနဲ့ အာဆီယံ အရေးက အစိုးရသစ်အတွက် စမ်းသပ်မှု ဖြစ်စေသလား" #Trend News Journal ရဲ့ အတွဲ ၅ ၊ အမှတ် (၃၀)တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ (နရီမိုး)
“တရားဟာကိုယ့်ဘဝပဲ” ဒီဘ၀ ပြီးသွားရင် ဘယ်ဘဝ ရောက်မယ် ဆိုတာ သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …။ မြတ်စွာဘုရား တရားတော်တွေ တို့တတွေ နာခွင့်ရကြတယ် တရားတော်တွေ ဆိုတာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ ဆေးနဲ့အလားတူပါတယ် …။ ဆေး ဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပေါ့ ရောဂါ ပျောက်ချင်ရင် ဆေးကို မှန်မှန် သောက်ရတယ် …။ တရား ဆိုတာလည်း ဘ၀မှ လွတ်မြောက်အောင်မှန်မှန်နှလုံးသွင်းရပါတယ် ကိုယ့် စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ စိတ်ရဲ့ အညစ်အကြေးတွေဟာ တဖြည်းဖြည်း သန့်စင်ပြီးတော့ နောက်ဆုံးမှာ … ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို ရလာပါမယ် ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ကိုယ်ဘဲ လုပ်ရပါတယ် …။ အဲဒါကြောင့် … မြတ်စွာဘုရားက " အတ္တာဟိ အတ္တနော နာထော " လို့ ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …။ တရားဟာ မိမိရဲ့ ဘ၀ပဲ ကိုယ့် ဘ၀ပဲ တရားလို့ ပြောလိုက်တာနဲ့ စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွန့်ပြီး အမျိုးသမီးတွေက မယ်သီလရှင် ၀တ်ဖို့ အမျိုးသားတွေက ဘုန်းကြီး ၀တ်ဖို့ မလိုဘူးပေါ့ ။ မိသားစုနဲ့ နေရင်းလည်း တရား ရနိုင်ပါတယ် ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် …။ " နှလုံးသွင်း တရား " ဟာ အင်မတန်မှ အရေးကြီးပါတယ် …။ မြတ်စွာဘုရား လက်ထက်တုန်းက မိသားစုနဲ့ နေရင်း သောတာပန် သကဒါဂါမ် အနာဂါမ်တွေဖြစ်တာရှိပါတယ် အနာဂါမ် ဖြစ်သည် အထိအောင် တောင်မှ မိသားစု အသိုင်းအ၀န်းထဲမှာ ရှိနေသေးပါတယ် …။ နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့ သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …။ အဲဒီလို တရားဆိုတာ ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ် ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ်။ ပစ္စည်း သံယောဇဉ် သား သံယောဇဉ် သမီး သံယောဇဉ် ဆိုတော့ ပစ္စည်းကို စွန့်ရမှာလား ? သားကို စွန့်ရမှာလား ? သမီးကို စွန့်ရမှာ လားလို့ လူတွေက ထင်နေကြတယ် ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး …။ စွန့်ရမှာက ကိုယ့် စိတ်ထဲမှာ ဖြစ်နေတဲ့ " တွယ်တာမှု " ကို စွန့်ရမှာပါ အတွယ်အတာ မရှိဘဲနဲ့ နေတာ မတ်ေတာ နဲ့ နတောပါ။ အဲဒီတော့ … သား စွန့်ဖို့လည်း မလိုပါ သမီး စွန့်ဖို့လည်း မလိုပါ ရာထူး စွန့်ဖို့လည်း မလိုပါ " တွယ်တာမှု " ကိုဘဲ စွန့်ဖို့ လိုပါတယ် …။ အဲဒါကြောင့်မို့လို့ … မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာ သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီးတော့ အမှန်အကန် သိမယ်ဆိုရင် ဘ၀မှာ နေပျော်ပြီး နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ် လို့ ကိုယ်စီ ကိုယ်စီ သဘောကျကာ ကျင့်ကြံ အားထုတ် နိုင်ကြပါစေကုန်သတည်း။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏