ပခုက္ကူခရိုင်{သတင်းများ}
Статистикаပခုက္ကူခရိုင် အတွင်းရှိ သတင်းများအား အချိန်နှင့် တပြေးညီ ကြိုးစား၍ တင်ပေးနေပါသည်။ #Link - https://t.me/autagbii 📩 @PKKNewsBot
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 33
- Всего постов
- 150
- Тип
- открытый
- Язык
- my
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 511
- 1/48двое суток
- 1 731
- 1/72трое суток
- 1 867
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မင်္ဂလာရှိသော နံနက်ခင်းလေးပါ ဓမ္မဘက်တော်သားအပေါင်းတို့ခင်ဗျား... 🙏🙏🙏 သစ်လွင်တောက်ပတဲ့ နံနက်ခင်းရဲ့ အလင်းတန်းလေးတွေနဲ့အတူ ကျွန်တော်တို့ PKK News Admin Team မှ ဓမ္မမိတ်ဆွေများ၊တော်လှန်ညီအကိုမောင်နှမ အပေါင်းအသင်းများအားလုံးကို မေတ္တာရှေ့ထား၍ နှုတ်ခွန်းဆက်သအပ်ပါသည်။ လောကဓံရဲ့ အလှည့်အပြောင်းတွေ၊ မုန်တိုင်းထန်တဲ့ အခက်အခဲတွေကြားမှာ မိမိတို့ရဲ့ စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစွာ ထိန်းသိမ်းနိုင်ကြပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သပါတယ်။ လူသားတိုင်း ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေဖို့ ကျွန်တော်တို့ ဒေါင်းလေး မှလည်း အလေးအနက် ဆုတောင်းပေးနေပါတယ်။ "ဘေးရန်ကင်းကွာ၊ စိတ်သာယာ၍၊ ကောင်းကျိုးလိုရာ ပြည့်ပါစေ"🙏🏻 ၁။ ကျန်းမာချမ်းသာခြင်း ရှိပါစေ။ ကိုယ်စိတ်နှဖြာ ကျန်းမာခြင်း၊ ချမ်းသာခြင်းများဖြင့် ပြည့်စုံပြီး မိမိတို့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေး ခရီးလမ်းမှာ အဆင်ပြေချောမွေ့ကြပါစေ။ ၂။ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ။ ကြုံတွေ့လာနိုင်သမျှသော အန္တရာယ်ဟူသမျှ၊ မကောင်းသော ဘေးရန်ဟူသမျှသည် မြူတစ်မှုန်မျှတောင် မကျရောက်ဘဲ ဝေးကွာလွင့်စင်ပါစေ။ ၃။ ငြိမ်းချမ်းခြင်း အမြန်ရရှိပါစေ။ လက်ရှိ ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက် အာဏာရူး မင်းအောင်လှိုင်နှင့် ကျွန်ရူးများ၏ စစ်မီးဘေးဒုက္ခများမှ အမြန်ဆုံး လွတ်ကင်းကြပြီး အေးချမ်းသာယာသော လူနေမှုဘဝများကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေ။ မိမိတို့ တတ်စွမ်းသမျှ မေတ္တာဘာဝနာများ ပွားများရင်း၊ အမှန်တရားဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရင်း မျှော်လင့်ချက်အလင်းတန်းများကို အတူတူ ဖော်ဆောင်ကြပါစို့။ ✊🏻 ညှိုးငယ်နေတဲ့ စိတ်တွေကို ခွန်အားသစ်လောင်းပြီး ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းမှာ အောင်မြင်မှု သတင်းကောင်းများနဲ့ ပြည့်နှက်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ "ဓမ္မဘက်တော်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေ" 🙏🙏🙏 #Admin_Team #PKK_News
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာသို့ ရောက်ရှိနေသော ကားတန်းနှင့် စစ်ခွေးများသည်၊ ယနေ့မနက်ပိုင်းတွင်၊ တောင်စုံရွာမှ ထွက်ခွာလာသော ရှေ့ပြေးတစ်ချို့သည်၊ ဝဲတူးရေနံမြေ အနီးတဝိုက်သို့ ရောက်ရှိခဲ့ပြီး၊ ညနေ {၆:၀၀} နာရီခန့်တွင် ၎င်းရွာထဲသို့ ပြန်လည်းဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-14, 11:34𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
နိုင်ငံကောင်းစားဖို့ တစ်မိသားစုလုံးကို ရင်းခဲ့တဲ့ မိန်းမသားတစ်ယောက်ရဲ့ အနစ်နာခံမှုနဲ့စွန့်လွှတ်နိုင်မှုကိုလည်း နားမလည်နိုင်ခဲ့သလို..... မိသားစုကောင်းစားဖို့ တစ်နိုင်ငံလုံးကို နစ်နာစေရဲတဲ့ ယောက်ျားသားတစ်ယောက်ရဲ့ လောဘနဲ့အတ္တကိုလဲ ဘယ်လိုမှနားမလည်နိုင်ခဲ့ဘူး.... အလောဘနဲ့လောဘ ပြယုဂ်နှစ်ခု၊ မြင့်မြတ်ခြင်းနဲ့ယုတ်ညံ့ခြင်းတို့၏ ပြယုဂ်လည်းဖြစ်ပါတယ်..... crd/မူရင်းများ #PKK_News #Admin_Team
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း တောင်ဇုံရွာတွင် ကျန်ရှိနေသော ကားတန်းနှင့် နောက်ချန်စစ်ခွေးများသည်၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-14, 8:40𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
⚠️ကမ္မ ညောင်ဦးလေဆိပ်တက် Gyrocopter ဂျိုင်ရိုကော်ပတာ (3)စီး ကမ္မနယ် အရှေ့တောင်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Aug 14, 3:25PM
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ရွာသို့ ရောက်ရှိနေသော ကားတန်းနှင့် စစ်ခွေးများမှာ မနေ့ည ညဦးပိုင်းအချိန်က တောင်စုံရွာသို့ ရောက်ရှိသွားပြီး၊ လက်ရှိအချိန်ထိ ကားတန်းမှာ တောင်စုံရွာတွင် ရှိနေသေးကြောင်း သိရပြီး၊ မှန်ရင်းရွာမှ စစ်ခွေးများမှာလည်း တောင်စုံရွာကို ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ ထိုအပြင် ယနေ့မနက်ပိုင်းမှ တောင်စုံရွာမှ ထွက်ခွာလာသော စစ်ခွေးများသည်၊ ဝဲတူးရေနံမြေ အနီးတဝိုက်သို့ ရောက်နေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-14, 1:08𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း မှန်ရင်းရွာနှင့် တောင်ဇုံရွာတို့တွင် ရှောက်ရှိနေသော အကြမ်းဖက် စစ်ခွေးပျုခွေးစစ်ကြောင်းသည်၊ အနောက်အရပ်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-14, 12:54𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
♦ရေစကြိုမြို့နယ်♦ ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ထွက်လာသော ရဲကွန်မန်ဒို{၃၅}ကောင်ပါ ခရီးသယ်လိုင်းကား{၁}စီးသည်၊ ရေစကြိုမြို့နယ် ကျောက်လှေးခါး စစ်ခွေးဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-14, 9:00𝐀𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
♦️မိဘပြည်သူများနှင့် တော်လှန်ရေးညီအစ်ကိုမောင်နှမများခင်ဗျာ♦️ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ လက်တလော စစ်ရေးလှုပ်ရှားမူများကြောင့် ရှုံးမဲမဲ၍ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများရှိရာ မြို့ရွာများ/စာသင်ကျောင်းများ/ဘာသာရေးဆိုင်ရာ အဆောက်အဦးများ/ ဆေးရုံဆေးခန်းများ/လူစုလူဝေးပျော်ပွဲ ရွှင်ပွဲနေရာများသို့ ပစ်မှတ်ထား၍ ယခင်ကထက်ပိုမိုတိုက်ခိုက်မူများ ပြုလုပ်လာတာကိုတွေ့ရပါသည်။ မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရယ် ပိုမိုဂရုစိုက်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။ မိဘပြည်သူများအနေဖြင့် မိမိနယ်မြေနဲ့သက်ဆိုင်တဲ့ဒေသတွင် စစ်ခွေးလေယာဉ်ဖြတ်သန်းမှုများ၊စစ်ခွေးယာဥ်တန်းများ၊စစ်ခွေး၊ရဲခွေး၊ပျူဒလန်များ၏ တပ်တည်/တပ်လှုပ်၊လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ သတင်းပေးပို့၊သတင်းယူနိုင်ခြင်းဖြင့် ပူးပါင်းပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ မိတ်ဆွေ၏ သတင်းပေးပို့မှုကို 👉ပခုက္ကူခရိုင် (သတင်းများ)👈 ချန်နယ်အနေဖြင့် အလေးအနက် တန်ဖိုးထားပါသည်။ယုံကြည်စိတ်ချစွာသတင်းများပေးပို့နိုင်ပါသည်။ #Admin Team #PKK News 📨သတင်းများပေးပို့ရန် @PKKNewsBot # ပခုက္ကူခရိုင်{သတင်းများ} သတင်းချန်နယ်ကြည့်ရှုရန် https://t.me/autagbii
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️ ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။ 📖 ၁။ သုတမယပညာ (#Learning) သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။ 🤔 ၂။ စိန္တာမယပညာ (#Thinking) ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။ 🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation) သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။ ⚠️ "သင်လို့မရတဲ့ လူစားမျိုး" လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။ ဒါပေမဲ့... ကိုယ်ကျင့်တရား ညံ့ဖျင်းသူ ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ) ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။ ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။ ✨ ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️ ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။ "ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..." တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။ မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻 #EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း မှန်ရင်းရွာနှင့် တောင်ဇုံရွာတို့တွင် ရှောက်ရှိနေသော အကြမ်းဖက် စစ်ခွေးပျုခွေးများသည်၊ ယနေ့ညနေ {၅:၃၄}အချိန်ခန့်တွင် ၎င်းရွာနှစ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှိုနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-13, 7:58𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii
♦ရေစကြိုမြို့နယ်♦ ရေစကြိုမြို့နယ် ဖူလုံ ခလရ {၂၅၈} ခွေးတပ်မှ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည်၊ ပညှင်းရွာမှတဆင့် တောင်အရပ်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-13, 6:46𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii