tgindex
Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
20
Тип
открытый
Язык
my
Категория
Видео (по похожим)
В каталоге с
15 авг.
Подписчики
8 542
−28 за 3 дн.
Сутки
−8
−0,09%
Неделя
 
Месяц
 
Просмотров на пост
593
20 постов
Вовлечённость
6,9%
к подписчикам
Постов в день
0,4
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
86
1/48двое суток
98
1/72трое суток
106

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 47 Ronin (2013) ရှေးခေတ် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သမိုင်းဝင် ဒဏ္ဍာရီတစ်ခုကို အခြေခံပြီး သစ္စာတရားနဲ့ ကလဲ့စားချေခြင်း အစဉ်အလာကို အသားပေးထားတဲ့ အက်ရှင်၊ စွန့်စားခန်းနဲ့ မှော်ဆန်ဆန် Fantasy ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.... ငြိမ်းချမ်းတဲ့ နယ်မြေတစ်ခုမှာ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံဖျက်ဆီးမှုတွေ၊ သစ္စာဖောက်ဖျက်မှုတွေကြောင့် မိမိတို့ရဲ့ အရှင်သခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဆာမူရိုင်းတစ်စုအကြောင်း ဖြစ်ပါတယ်။ အရှင်သခင်မဲ့ပြီး နယ်နှင်ဒဏ်ခတ်ခံလိုက်ရတဲ့ အဲဒီဆာမူရိုင်းတွေဟာ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ဖို့နဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ဖို့အတွက် လျှို့ဝှက်စွာ ပြန်လည်ပူးပေါင်းကြပါတယ်။ သူတို့နဲ့အတူ ထူးခြားတဲ့ နောက်ခံသမိုင်းကြောင်းရှိတဲ့ ကနဦး မျက်နှာစိမ်းလူသားတစ်ယောက်လည်း ပါဝင်လာပြီး ခက်ခဲတဲ့ ခရီးကြမ်းကို အတူတူ ဖြတ်သန်းကြရမှာပါ။ အမှောင်ထု အင်အားစုတွေ၊ မှော်ဆန်တဲ့ သတ္တဝါတွေနဲ့ ပြည့်နှက်နေတဲ့ လောကထဲမှာ သစ္စာရှိ ဆာမူရိုင်း ၄၇ ယောက်က မိမိတို့ရဲ့ ရည်မှန်းချက်ကို ဘယ်လို စွမ်းဆောင်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တာကတော့အေတီချန်နယ်မှဖြစ်ပါတယ်

  • The Matrix (1999) သာမန်ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်လိုလို၊ ညဘက်ဆို "Neo" ဆိုတဲ့အမည်နဲ့ ဟက်ကာတစ်ယောက်လိုလို နေထိုင်တဲ့ သောမတ်စ်အန်ဒါဆန် (Thomas Anderson) ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းကို အခြေခံထားပါတယ်။။ သူက မိမိနေထိုင်တဲ့ ကမ္ဘာကြီးအပေါ် တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူးလို့ သံသယဝင်နေသူပါ။ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့တစ်ဖွဲ့က သူ့ကို လာရောက်ဆက်သွယ်ပြီး သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီအဖွဲ့နဲ့ လိုက်သွားပြီးတဲ့နောက်မှာတော့ သူ ယုံကြည်ထားတဲ့ ကမ္ဘာကြီးရဲ့ နောက်ကွယ်က ဆိုးရွားလွန်းတဲ့ လျှို့ဝှက်ချက်အမှန်တရားတစ်ခုကို စတင်သိရှိသွားပါတော့တယ်။ "သူ သိရှိသွားတဲ့ လျှို့ဝှက်ချက်က ဘာလဲ" ဆိုတာရယ်၊ "သူ့ရှေ့မှာ ပေါ်လာတဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းထဲက ဘယ်လမ်းကို ရွေးမလဲ" ဆိုတာကို ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တာကတော့ အေတီချန်နယ်မှဖြစ်ပါတယ်

  • The Containment (2025) စိတ်ပညာပိုင်းဆိုင်ရာ ခြောက်ခြားမှုတွေနဲ့ သရဲပူးတဲ့ဖြစ်ရပ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို သဘာဝလွန် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီးနောက်မှာ စိတ်ဒဏ်ရာအပြင်းအထန်ရကာ လမ်းမှားရောက်နေတဲ့ Caroline ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးရဲ့အကြောင်းပါ သူမဟာ တစ်ရက်မှာတော့ အမှောင်ထုထဲက လျှို့ဝှက်ဆန်းပြားပြီး မကောင်းဆိုးဝါးဆန်တဲ့ စွမ်းအားတစ်ခုရဲ့ ပူးကပ်ခြင်းကို ခံလိုက်ရပါတယ်။ သမီးဖြစ်သူရဲ့ ထူးဆန်းဖောက်ပြန်လာတဲ့ အပြုအမူတွေကြောင့် မိခင်ဖြစ်သူဟာ ဆရာဝန်တွေ၊ သာမန်ဆေးကုသမှုတွေအပြင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ကယ်တင်ရှင်တွေကိုပါ အကူအညီတောင်းခဲ့ပေမဲ့ ဘယ်အရာကမှ ထိရောက်မှုမရှိဘဲ အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။ အဲဒီမကောင်းဆိုးဝါးပူးကပ်မှုရဲ့ နောက်ကွယ်မှာ ထင်မှတ်မထားတဲ့ ပိုမိုကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်ကဘာလဲ. မိသားစုတွင်းက ဖုံးကွယ်ထားတဲ့ အမှောင်ကမ္ဘာ အမှန်တရားတွေက ဘာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke Layက ဘာသာပြန်တယ်

  • The Penance (2026) ဇာတ်လမ်းကတော့ စိတ်လှုပ်ရှားစရာ အက်ရှင်သဲထိတ်ရင်ဖို ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အတိတ်က ဒဏ်ရာဒဏ်ချက်တွေနဲ့ ဘဝကို ဖြတ်သန်းနေကြတဲ့ ကြေးစားစစ်သားဟောင်း ညီအစ်ကိုနှစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ အချစ်ရဆုံး ညီမငယ်လေးဟာ လူမှောင်ခိုဂိုဏ်းတစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ညီမဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားရင်း မမျှော်လင့်ဘဲ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ ဒေါသနဲ့ နာကျည်းမှုတွေ ပေါက်ကွဲသွားပါတော့တယ်။ သူတို့မိသားစုကို ဖျက်ဆီးခဲ့တဲ့ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ တရားမျှတမှုအတွက် အသက်နဲ့လဲပြီး ကလဲ့စားချေဖို့ သွေးချောင်းစီးစစ်ပွဲတစ်ခုကို ဆင်နွှဲရပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်က ဒီလူမှောင်ခိုဂိုဏ်းကို ဘယ်လိုဗျူဟာတွေ၊ အက်ရှင်ခန်းတွေနဲ့ လက်တုံ့ပြန်မလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke layက ဘာသာပြန်ပါတယ်

  • Lockbox 2026 ဇာတ်လမ်းကတော့ မိခင်ကွယ်လွန်သွားပြီးနောက် စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းရွှေ့အခြေချခဲ့တဲ့ အမ်လင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းနဲ့ စတင်ထားပါတယ်။ သူမဟာ အဲဒီမြို့လေးမှာ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရတဲ့ ဝင်းသရော့ပ်ဆိုသူ မောင်လေးကို ခေါ်ယူစောင့်ရှောက်ပြီး အေးအေးချမ်းချမ်း နေထိုင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ တည်ငြိမ်စပြုနေတဲ့ လူနေမှုဘဝဟာ ထူးဆန်းတဲ့ အိမ်နီးနားချင်းအမျိုးသမီး ရောက်လာပြီး မောင်လေးဖြစ်သူက အရမ်းအန္တရာယ်များတဲ့လူ ဖြစ်တယ်လို့ သတိပေးလိုက်တဲ့အချိန်ကစပြီး ရိုက်ခတ်လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ သူတို့အိမ်ထဲမှာ သဘာဝလွန် ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပြီး အခြေအနေတွေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ သူမရဲ့ အသက်အပါအဝင် အရာအားလုံးကို ရင်းပြီး ဘယ်လိုမျိုး အသည်းအသန် ကြိုးစားတိုက်ခိုက်သွားမလဲ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အမှောင်ထုရန်ကနေ မိမိရဲ့ မောင်လေးကို ကာကွယ်ဖို့ အသက်နဲ့ရင်းပြီး ကြိုးစားရမလဲ ဆိုတာကို ကြည့်ရမယ့် သဘာဝလွန် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke layက ဘာသာပြန်တယ်

  • Spider-Man: Brand New Day 2026 လုံးဝအကြည်ဗားရှင်း.. Action/Adventure ‧ 2h 25m ဇာတ်လမ်းကတော့ No Way Home အပြီး လူတိုင်းက Peter Parker ဘယ်သူလဲဆိုတာ မေ့သွားတဲ့အချိန်ကနေ စထားတာဖြစ်ပြီး ပီတာဟာ Stark Tech အကူအညီတွေမပါဘဲ ပတ်ဝန်းကျင်က အဟောင်းအပျက်တွေကို ကိုယ်တိုင်ပြန်ပြင်ချုပ်လုပ်ထားတဲ့ ဝတ်စုံအသစ်နဲ့ New York မြို့ထဲမှာ အချိန်ပြည့် Spider-Man အဖြစ် တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရတာပါ။ အချစ်ဆုံးသူငယ်ချင်း Ned နဲ့ ကောင်မလေး MJ တို့ကလည်း သူ့ကိုမမှတ်မိဘဲ ဘဝသစ်တွေနဲ့ ရှေ့ဆက်သွားကြပြီမို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထီးကျန်မှုတွေကို အကြီးအကျယ် ခံစားနေရတာပေါ့။ ဒီလို ဖိအားတွေကြားထဲမှာတင် မထင်မှတ်ထားတဲ့ ရန်သူအသစ်တွေ မြို့ထဲ ရောက်လာတဲ့အပြင်၊ သူ့ရဲ့ စွမ်းအားတွေကလည်း ထိန်းချုပ်ရခက်အောင် မျိုးဗီဇပြောင်းလဲမှုတွေ စဖြစ်လာပါတယ်။ အဲဒီ ပြောင်းလဲမှုတွေက သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပေမဲ့ တစ်ဖက်မှာလည်း မြို့တော်ကြီးနဲ့ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာမလားဆိုတာ ရင်သပ်ရှုမော တွေ့ရမှာပါ။ အဓိကကတော့ အရင်လို ကလေးဆန်တဲ့ကျောင်းသားဘဝမဟုတ်တော့ဘဲ ရာဇဝတ်မှုတွေကို ကိုယ်တိုင်နှိမ်နင်းရတဲ့ Hero စစ်စစ် အဖြစ် ပိုပြီးရင့်ကျက် တည်ငြိမ်လာတဲ့ Spider-Man ရဲ့ အလှည့်အပြောင်းသစ်ကို စိတ်လှုပ်ရှားစရာ မြင်တွေ့ရမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke Layက ဘာသာပြန်ပေးထားပါတယ်

  • Behind Enemy Lines: Colombia 2009 ဒီဇာတ်ကားက ကိုလံဘီယာနိုင်ငံရဲ့ တောနက်ထဲကို လျှို့ဝှက်မစ်ရှင်တစ်ခုနဲ့ ရောက်သွားတဲ့ အမေရိကန် Navy SEALs အထူးတပ်ဖွဲ့ဝင်တွေအကြောင်း ဖြစ်ပါတယ်။ သူတို့ တာဝန်ထမ်းဆောင်နေတုန်း မမျှော်လင့်ဘဲ အခြေအနေတစ်ခု ဖြစ်ပျက်သွားပြီး အကွက်ဆင် ခံလိုက်ရပါတယ်။ ဒါကြောင့် ဘယ်သူ့အကူအညီမှမရဘဲ ရန်သူ့နယ်မြေထဲမှာတင် ပိတ်မိသွားပါတော့တယ်။ ရန်သူတွေဝိုင်းထားတဲ့ကြားကနေ သူတို့အဖွဲ့ အသက်ရှင်အောင် ဘယ်လိုရုန်းကန်မလဲ၊ နောက်ကွယ်က လျှို့ဝှက်ချက်ကိုရော ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စရာ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အညွှန်းကို​အေတီချန်နယ်ကရေးပြီးKit Toke Layက ဘာသာပြန်တယ်

  • Fireflies at El Mozote (2025) ဒီဇာတ်ကားက ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အယ်ဆာဗေးဒိုးနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ စိတ်မကောင်းစရာ သမိုင်းဝင်ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ စစ်ပွဲဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ ရွာငယ်လေးတစ်ရွာကနေ စတင်ပါတယ်။ အစိုးရစစ်တပ်ရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ပျက်စီးသွားပြီး မိသားစုဝင်အားလုံး ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ မာတီယို ဆိုတဲ့ အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ကျန်ရစ်ခဲ့ပါတယ်။ အရာအားလုံးကို ဆုံးရှုံးပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ အဲဒီကောင်လေးကို အစိုးရဆန့်ကျင်ရေး အဖွဲ့က ကယ်တင် စောင့်ရှောက်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ဟာ မြေအောက်ရေဒီယို အသံလွှင့်ဌာနတစ်ခု၊ ပြီးတော့ အမေရိကန် သတင်းထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေ ဖုံးကွယ်ထားတဲ့ ဒီလူမျိုးတုံး သတ်ဖြတ်မှုကြီးကို ကမ္ဘာကြီးက သိအောင် ဖွင့်ချဖို့ အသက်နဲ့လဲပြီး ကြိုးပမ်းကြပါတော့တယ်။ ဒီလိုနဲ့ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးဟာလည်း ရင်ထဲက နာကျည်းမှုတွေကို ခံနိုင်ရည်အဖြစ် ပြောင်းလဲပြီး တရားမျှတမှုအတွက် ဘယ်လိုရှေ့ဆက် တော်လှန်သွားမလဲဆိုတာကို စစ်ပွဲရဲ့ ရက်စက်မှုတွေ၊ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေနဲ့ ရင်နင့်စရာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပေးပြီး Kit Toke Layက ဘာသာပြန်ပါတယ်

  • Evil Dead Burn (2026) ကိုယ်ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဆုံးရှုံးသွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရိုက်ပြထားတာပါ။ သူဟာ စိတ်အပန်းပြေဖို့နဲ့ အားကိုးရာရှာဖို့အတွက် သူ့ရဲ့ ယောက္ခမတွေရှိရာ အိမ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်မှာပဲ သူထင်မှတ်မထားတဲ့ ကြောက်စရာကောင်းတဲ့ အမှောင်ထု စုန်းကဝေအတတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အိမ်သားတွေဟာ တစ်ယောက်ပြီးတစ်ယောက် Deadites လို့ခေါ်တဲ့ နတ်ဆိုးပူးကပ်ခြင်းကို ခံရပြီး သွေးပျက်စရာ ကောင်းအောင် ပြောင်းလဲသွားကြပါတယ်။ အဓိကဇာတ်ဆောင် အမျိုးသမီးအနေနဲ့ ဒီငရဲခန်းလို အိမ်ကြီးထဲကနေ အသက်ဘေးကလွတ်အောင် ဘယ်လိုရုန်းကန်မလဲ၊ မိသားစုရဲ့ ကတိကဝတ်တွေနောက်ကွယ်က ကြောက်မက်ဖွယ် လျှို့ဝှက်ချက်က ဘာလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ထိတ်လန့်စရာပြကွက်​တွေပါဝင်လို့ အသည်းငယ်ရင်တော့ အဖော်နဲ့ကြည့်သင့်တယ် အညွှန်းကိုအေတီရေးပြီး ကြောက်ကြောက်နဲ့ ဘာသာပြန်တာကတော့ Kit toke lay ဖြစ်ပါတယ်..

  • Gemini Man (2019) ဇာတ်လိုက်ကြီး ဟင်နရီက ကမ္ဘာမှာ အတော်ဆုံး အေးဂျင့်ကြီးတစ်ယောက်ဗျ။ သူက အသက်ကြီးလာလို့ အလုပ်ကနားပြီး အေးအေးဆေးဆေး နေတော့မလို့ပဲ။ ဒါပေမဲ့ မတော်တဆ အစိုးရရဲ့ လျှို့ဝှက်ချက်တစ်ခုကို သွားသိမိပြီး သတ်မယ့်စာရင်းထဲ ပါသွားတယ် ဟင်နီရီကို သတ်ဖို့ လွှတ်လိုက်တဲ့သူက ရေကုန်ရေခမ်းနဲ့ အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့အခါမှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူက ဘယ်သူလဲ" ဆိုတာကို အက်ရှင်ခန်းအလန်းစားနဲ့ ကြည့်ရမှာမို့ ခုပဲကြည့်လိုက်နော် အညွှန်းနဲ့ဘာသာပြန်တာကတော့အေတီချန်နယ်မှဖြစ်ပါတယ်

  • Moana 2026 မိုအာနာကို လူတွေနဲ့ရိုက်ထားတဲ့ live action ရုံတင်ကားသစ်ကြီးရပါပြီ....... မိုတိုနူအီကျွန်းရဲ့ အကြီးအကဲသမီးလေး မိုအာနာဟာ သူမတို့ကျွန်းလေး ပျက်စီးငတ်မွတ်မယ့် ဘေးကနေ ကယ်တင်ဖို့အတွက် တားမြစ်ထားတဲ့ ပင်လယ်ပြင်ကြီးထဲကို ပထမဆုံးအကြိမ် စွန့်စားထွက်ခွာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တေဖီတီရဲ့ နှလုံးသားကျောက်တုံးကို ခိုးယူခဲ့တဲ့၊ ရုပ်ဖျက်နိုင်စွမ်းရှိတဲ့ နတ်ဘုရား မော်ဝီကို ရှာဖွေပြီး အဲဒီကျောက်တုံးကို နေရာပြန်ထားဖို့ပါပဲ။ ဒီခရီးစဉ်မှာ မိုအာနာဟာ ပင်လယ်ကြီးရဲ့ ရွေးချယ်ခြင်းကို ခံရသူပီပီ အန္တရာယ်များတဲ့ ပင်လယ်ရေဆိုးတွေ၊ ကုန်းကောင်ကြီးတွေကို ဖြတ်ကျော်ပြီး မော်ဝီနဲ့အတူ သူမရဲ့ လူမျိုးစုတွေကို ကယ်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်း ဖြစ်ပါတယ်။ မော်ဝီနေရာမှာတော့ မူရင်းအတိုင်း မင်းသားကြီး Dwayne Johnson (The Rock) က ကိုယ်တိုင်သရုပ်ဆောင်ထားပြီး၊ မိုအာနာနေရာမှာတော့ မျက်နှာသစ်မင်းသမီးချောလေး Catherine Lagaʻaia က ပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်းကိုအေတီချန်နယ်ကရေးပေးပြီး kit toke lay ဘာသာပြန်တယ်

  • ပြည်သူ့တရားရှင် ပေါင်ချိန်ဇာတ်လမ်းတွဲ ဟိုးအရင် ၁၉၉၃ ခုနှစ်က တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်ခဲ့တဲ့ ပင်တိုင်(ပေါင်ချိန်)မင်းသားကြီး ပေါင်ချိန်ဇာတ်ကောင် (Jin Chao-chun)၊နဲ့ ကျန်ကျောင်း (Kenny Ho) နဲ့ ကုန်းစွန်းချဲ့ (Fan Hung-hsuan) တို့က ၁၅ နှစ်ကြာမှာ ပြန်ဆုံပြီး ရိုက်ထားတဲ့ ကားကြီးပါ။ ဇာတ်လမ်းအကျဉ်း ဆုန့်မင်းဆက်ခေတ်က ခိုင်ဖုန်းမြို့တရားသူကြီးသုခမိန်ပေါင်ချိန်၊ သူရဲ့ အကြံပေး ကုန်းစွန်းချဲ့နဲ့ ကိုယ်ရံတော် ဓားသမား ကျန်ကျောင်းတို့ သုံးယောက်ပေါင်းပြီး ဆင်းရဲသား ပြည်သူတွေကို နှိပ်စက်နေတဲ့ အာဏာပိုင်တွေ၊ မင်းညီမင်းသားတွေနဲ့ ဒေသခံလူမိုက်တွေကို တရားဥပဒေအတိုင်း အပြစ်ပေးဖို့ ကြိုးစားကြတဲ့အကြောင်းပါ။ ဒီဗားရှင်းမှာ အပိုင်း ၆၁ ပိုင်း ပါဝင်ပါတယ် အညွှန်းကိုတော့ အေတီချန်နယ်ကရေးပြီး ဘာသာပြန်တာက Kit Toke Lay မှဖြစ်ပါတယ်

  • Fun with Dick and Jane 2005 ဇာတ်ကားက တကယ့်ကို ကမောက်ကမနဲ့ ရယ်ရမယ့် ကားလေးပါဗျာ။ ဒစ်ခ်က ကုမ္ပဏီမှာ ရာထူးတက်လို့ ဆိုပြီး အိမ်ပြန်လာတော့ ဇနီးဖြစ်သူ ဂျိန်းကလည်း ဝမ်းသာအားရနဲ့ အလုပ်ကထွက်လိုက်တာပေါ့။ ဒါပေမဲ့ အလှည့်အပြောင်းက နောက်တစ်နေ့မှာတင် ကုမ္ပဏီကြီး ဂျောက်ထဲကျပြီး ဒေဝါလီခံလိုက်ရတော့ တက်ပြီးသားရာထူးက ရေစုန်မျောပြီး လင်မယားနှစ်ယောက်စလုံး ပြိုင်တူ အလုပ်လက်မဲ့ ဖြစ်သွားရော.. ပိုက်ဆံတွေပြတ်၊ အကြွေးတွေပိပြီး အိမ်ရှေ့က မြက်ခင်းတုတွေကိုတောင် အသိမ်းခံရတဲ့အထိ ဒုက္ခရောက်လာတော့ သူတို့ခမျာ အလုပ်မျိုးစုံ လျှောက်ကြသေးတာပေါ့။ နောက်ဆုံး ဘာမှလုပ်လို့မရတော့တဲ့အဆုံး "အေးလေ... အေးအေးဆေးဆေး အလုပ်လုပ်စားလို့ မရမှတော့ ငါတို့လည်း လူဆိုးပဲ လုပ်တော့မယ်" အပြစ်ကင်းစင်တဲ့ အထက်တန်းလွှာ လင်မယားနှစ်ယောက် ကြုံရတဲ့ အလွဲအချော်တွေကိုကြည့်ရင်း အူတက်အောင် ရယ်ရမှာ ဖြစ်လို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားလေးပါဗျာ။ အညွှန်းကိုအေတီချန်နယ်ကရေးပြီး ဘာသာပြန်တာကတော့ kit toke lay မှဖြစ်ပါတယ်

  • The Furious (2025) သမီးဖြစ်သူကို ပြန်ကယ်ဖို့အတွက် ရာဇဝတ်ဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်း ဒေါသတကြီး ဝင်မွှေပြီးရှယ်ဗျင်းရှယ်ဖိုက်တဲ့ ဖခင်တစ်ယောက်ရဲ့ သမီးကို ကယ်ရမယ့် သိုင်းအက်ရှင် ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လူမိုက်တွေ၊ မြားပစ်သမားတွေနဲ့ Sledgehammer တူကြီးကိုင်ထားတဲ့ လူသန်ကြီးတွေကို သွေးပျက်စရာ သိုင်းကွက်တွေနဲ့ ဘယ်လိုမျိုး အပတ်တကုတ် တိုက်ခိုက်ပြီး သမီးလေးကို ပြန်ကယ်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရမှာပါ။ ဒီဇာတ်ကားက Action ကွက်တွေ တကယ်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတာမို့လို့ အက်ရှင်ဝါသနာအိုးတွေ သဘောကျမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke lay က ဘာသာပြန်တယ်

  • Furie (2019) ဖိုက်ခန်းတိုက်ခန်းရှယ်ကြမ်းလို့ လက်မလွှတ်တမ်းကြည့်ရမဲ့ကား ဗီယက်နမ်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးအက်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရွာငယ်လေးတစ်ရွာမှာ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေး နေထိုင်နေတဲ့ ဖူးအန်း (Hai Phuong) ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူက အကြွေးတောင်းတဲ့အလုပ်နဲ့ အသက်မွေးပြီး သမီးလေးကို ရှာကျွေးနေတာပါ။ တစ်ရက်မှာတော့ သူ့သမီးလေးဟာ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဖူးအန်းဟာ ဆိုင်ဂုံ (ဟိုချီမင်း) မြို့ပြကြီးဆီကို နောက်ကနေ မဆုတ်မနစ် လိုက်လံစုံစမ်းပါတော့တယ်။ တကယ်တော့ ဖူးအန်းဟာ အတိတ်က နာမည်ကြီး လူမိုက်ဂိုဏ်းဝင်ဟောင်းတစ်ယောက် ဖြစ်ခဲ့တာမို့ သမီးလေးကို ပြန်ရဖို့အတွက် သူ့ရဲ့ပုန်းကွယ်နေတဲ့ ကိုယ်ခံပညာတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တွေကို ပြန်ထုတ်ပြီး လူကုန်ကူးတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရမယ့် မိခင်တစ်ယောက်ရဲ့ အသည်းယားစရာ စွန့်စားခန်းကို မြင်တွေ့ရမှာပါ။ မိခင်မေတ္တာနဲ့ အက်ရှင်တိုက်ခိုက်ခန်းတွေကို အလန်းစား ရိုက်ပြထားတာမို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပြီးဘာသာပြန်ပေးတာကတော့ Kit Toke Lay မှဖြစ်ပါနယ်

  • Minions & Monsters 2026 ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှာ ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ Minions အဝါရောင်လေးတွေရဲ့ ရယ်မောစရာ စွန့်စားခန်းရုံတင်ကားသစ်ကြီးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော် Minions လေးတွေဟာ ဟောလိဝုဒ်ကို ရောက်ရှိသွားပြီး ရုပ်ရှင်မင်းသားကြီးတွေအဖြစ် အောင်မြင်မှု အထွတ်အထိပ်ကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မဆင်မခြင် အမှားတစ်ခုကြောင့် အရာအားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရရုံတင်မကဘဲ သူတို့ကြောင့်ပဲ ကမ္ဘာပေါ်ကို ကြောက်မက်ဖွယ်ရာ ဘီလူးသတ္တဝါကြီးတွေပါ လွတ်မြောက်လာပြီး တစ်ကမ္ဘာလုံး ပရမ်းပတာ ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ မိမိတို့ကိုယ်တိုင် ဖန်တီးခဲ့မိတဲ့ အမှားကြီးကို ပြန်ပြင်ဖို့နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် Minions အဖွဲ့သားတွေအားလုံး စုပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ ဘယ်လိုတွေ ရုန်းကန်လှုပ်ရှားကြမလဲဆိုတာကို ရယ်မောစရာ၊ ရင်ခုန်စရာတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပြီးဘာသာပြန်ပေးတာက Kit Toke Lay ပါ

  • Yevadu 2014 မျက်နှာလဲတဲ့ကလဲ့စားချေ ဇာတ်ကြမ်းကား ဇာတ်လမ်းကတော့ ချစ်သူကို သတ်သွားတဲ့ လူမိုက်တွေကို ကလဲ့စားချေချင်တဲ့ အမျိုးသားတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူဟာ ရန်သူတွေလက်ချက်နဲ့ တစ်ကိုယ်လုံး မီးလောင်ပျက်စီးသွားလို့ ဆေးရုံမှာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုလုပ်ပြီး မျက်နှာအသစ် ပြောင်းလိုက်ရပါတယ်။ အဲဒီနောက် မျက်နှာအသစ်နဲ့ ကလဲ့စားချေဖို့ ပြန်လာချိန်မှာတော့ သူရရှိထားတဲ့ မျက်နှာသစ်ရဲ့ နောက်ကွယ်က အတိတ်လျှို့ဝှက်ချက်ကြောင့် တခြားလူမိုက်ဂိုဏ်းတွေနဲ့ပါ မမျှော်လင့်ဘဲ ထပ်မံရင်ဆိုင်တိုက်ခိုက်ရမယ့် အလှည့်အပြောင်းတွေ ဖြစ်လာတဲ့ အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်လမ်း ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တာကတော့အေတီချန်နယ်မှဖြစ်တယ်

  • Contorted (2022) စိတ်ဝင်စားဖွယ်ခြောက်ခြားဖွယ်ကြည့်ရမဲ့ ကိုရီးယားသရဲကား ရုပ်ရှင်က အကြွေးတွေပတ်လည်ဝိုင်းပြီး စိတ်ဒဏ်ရာတွေရထားတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ပြထားတဲ့ ကိုရီးယားသရဲကားတစ်ကားပါပဲ။ ဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့ကလေးတွေက မြို့ပြင်က အရမ်းဝေးပြီး တိတ်ဆိတ်တဲ့ အိမ်အိုကြီးတစ်လုံးဆီ ပြောင်းလာကြတယ်။ အဲဒီအိမ်က တခြားအိမ်တွေထက် ထူးထူးခြားခြား ဈေးအရမ်းပေါနေပေမဲ့ ပိုက်ဆံကျပ်တည်းနေတဲ့အတွက် အဖေဖြစ်သူက မတတ်သာဘဲ ရွေးလိုက်ရတာပါ။ အိမ်ကိုပြောင်းလာတဲ့ ပထမဆုံးရက်ကစပြီး တစ်မိသားစုလုံး ထူးဆန်းတဲ့အသံတွေ ကြားနေရတယ်ဆိုပြီး တဖြည်းဖြည်း သွေးပျက်လာတယ်။ အိမ်သားတွေကတော့ အမေဖြစ်သူ စိတ်ထင်လို့ပါဆိုပြီး လျစ်လျူရှုထားကြပေမဲ့ သရဲမြင်ရတဲ့ အမြင်အာရုံရှိတဲ့ မွေးစားသမီးငယ်လေးကတော့ ဒီအိမ်ကြီးမှာ အမှောင်ထုတစ်ခုခုရှိနေပြီဆိုတာကို စပြီးရိပ်မိလာတယ်။ အိမ်မက်ဆိုးတွေက လက်တွေ့ဘဝထဲအထိ ရောထွေးလာပြီး သူတို့မိသားစုတစ်ခုလုံး အသက်လုရမယ့် ခြောက်ခြားစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ့်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke layက ဘာသာပြန်ပေးပါတယ်

  • Masters of the Universe (2026) ငယ်ငယ်ကတည်းက မိဘတွေနဲ့ဝေးပြီး ကမ္ဘာမြေပေါ်မှာ သာမန်လူတစ်ယောက်လို ကြီးပြင်းလာခဲ့ရတဲ့ မင်းသား အာဒမ် (Prince Adam) အကြောင်းကို ရိုက်ကူးထားတာပါ။ သူက မိမိကိုယ်ကိုယ် ဂြိုဟ်တစ်ခုရဲ့ မင်းသားမှန်းမသိဘဲ (၁၅)နှစ်လောက် ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိခင်ဂြိုဟ် Eternia ဟာ အရမ်းကိုရက်စက်တဲ့ ဗီလိန်ကြီး စကဲလတာ (Skeletor) ရဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အတွက် အာဒမ်တစ်ယောက် မိသားစုကို ကယ်တင်ဖို့ စကြဝဠာထဲကို ပြန်သွားရပါတော့တယ်။ အဲဒီမှာ သူက စွမ်းအားကြီးမားတဲ့ မှော်ဓားမြှောင် (Sword of Power) ကို သုံးပြီး စကြဝဠာကြီးကို ကာကွယ်ပေးမယ့် He-Man ဆိုတဲ့ သူရဲကောင်းကြီးအဖြစ် ပြောင်းလဲပြီး ရန်သူတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်ခုန်စရာ စွန့်စားခန်းအက်ရှင်ပုံစံမျိုးနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းရေးတာက အေတီချန်နယ်ဖြစ်ပြီး အသေးစိတ်အသံနားထောင်ကာ အသံထွက်တလုံးချင်းဆီ အပင်ပန်းခံဘာသာပြန်ရတာကတော့ kit toke lay မှ ဖြစ်ပါတယ်ခင်ဗျာ

  • The Shadow Strays 2024 ၁၃ လို့ခေါ်တဲ့ အသက် ၁၇ နှစ်အရွယ် လူသတ်သမားမလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ သွေးဆူစရာ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ သူမဟာ The Shadows လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်သမားအဖွဲ့အစည်းမှာ သင်တန်းတက်နေရင်း ဂျပန်က မစ်ရှင်တစ်ခုအတွင်း အမှားအယွင်းဖြစ်သွားလို့ ဂျကာတာမြို့မှာ ခေတ္တအနားပေးခံလိုက်ရပါတယ်။ အဲဒီလို နားနေတဲ့အချိန်မှာပဲ သူမရဲ့ အိမ်နားက မွန်ဂျီ ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ခင်မင်သွားပါတယ်။ သူမခင်မင်တဲ့ မွန်ဂျီဆိုတဲ့ကောင်လေးကြောင့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေကြား ဝင်ပါမိရာကနေ ဂိုဏ်းစတားအဖွဲ့ကြီးတစ်ခုလုံးနဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရတဲ့အထိ အခြေအနေတွေက ပိုပြီးဆိုးဝါးလာပါတော့တယ်။ကြမ်းတာမှ ပိုးဆိုးပက်စက်ကြမ်းတဲ့ ဖိုက်ခန်းတွေမြင်ရမယ့်အပြင် ရက်စက်တဲ့ဇာတ်ဝင်ခန်းတွေများစွာပါဝင်လို့ နင်းကန်ချပြီး နင်းကန်သမမယ့် အမိုက်စား အက်ရှင်ကားလေးပါပဲ အညွှန်းရေးတာက အေတီချန်နယ်ကဖြစ်ပြီး ဘာသာပြန် kit toke lay က ခြေတညောင်းအပင်ပန်းခံဘာသာပြန်ပေးထားပါတယ်လို့ပြောရင်း .....