Nay Zin Latt We Love
Статистикаဒေါက်တာနေဇင်လတ် ရေးသော အွန်လိုင်းစာများ မျှဝေသည်
- Последний пост
- 3 янв. 2024 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မျှဝေဆွေးနွေး အနာဂတ်အရေး " ဒေါက်တာ နေဇင်လတ် "
မျှဝေဆွေးနွေး အနာဂတ်အရေး " ဒေါက်တာ နေဇင်လတ် "
■ သြဂုတ်လ ၂၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) ■ သထုံမြိုနယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်းတို ပူးပေါင်းကာ ဧည့်မထ ဆန်တစ်ပြည် ကျပ် ၂၅၀၀ နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပြည်မှသုံးပြည်အထိ ရောင်းချပေးလျက်ရှိ ■ ထိုင်းနိုင်ငံသိုတရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား (၁၃) ဦးနှင့် ခေါ်ဆောင်လာသူများပါ ဖမ်းဆီးခံရ ■ ပြင်ဦးလွင်မြိုနယ်၊ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး ■လေယာဉ်ပျက်ကျရာတွင် သေဆုံးသွားသော မရိန်းတပ်သားများ၏ မိသားစုများကို သမ္မတဂျိုးဘိုင်ဒင် ဝမ်းနည်းစကား ပြောကြား ■ အမေရိကန်နှင့်တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို ပေကျင်းတွင် တွေ့ဆုံ ■ ရုရှားတပ်များကိုဆင်နွှနေသည့် ယူကရိန်းတန်ပြန်ထိုးစစ် အောင်မြင်မှုနှေးကွေးနေသော်လည်း တောင်ပိုင်းစစ်မျက်နှာရှိ ရွာကို ယူကရိန်းတပ်များ ပြန်လည်သိမ်းပိုက် ■ နည်းဗျူဟာစမ်းသပ်မှုများ ရပ်တန့်သင့်ပြီဟု အာတီတာကို ဂယ်ရီနဗီးလ်သတိပေး
သြဂုတ် ၂၇ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ ဘီးလင်းမြိုနယ်၊ ဒေါက်ရပ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ဒေါက်ရပ်) ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ ■ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲမင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနား ရန်ကုန်မြို တိုင်ရင်းသားကျေးရွာတွင် ပြုလုပ် ■ ထိုင်းနိုင်ငံ၊ ရနှောင်းမြိုတွင် မြန်မာအလုပ်သမားများ မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးအရေးယူလျက်ရှိ ■ တရုတ်နှင့် ရုရှားသည် မြောက်ကိုရီးယားကို ကာကွယ်ပေးနေကြောင်း အမေရိကန် စွပ်စွဲ ■ ၄၈ နာရီအတွင်း နိုင်ငံထဲမှထွက်ခွာရန် ပြင်သစ်သံအမတ်ကို နိုက်ဂျာစစ်ခေါင်းဆောင်များ ညွှန်ကြား
သြဂုတ် ၂၆ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ ဝိုင်းမော်မြို့ အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဓားပြ တိုက်ခံရမှု ဖြစ်ပွားပြီး ငွေနှင့် ရွှေထည် ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်း ငါးထောင်ကျော် ယူဆောင်သွား ■ ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီး ရေး - သံဖြူဇရပ်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ ■ ဘုရားသုံးဆူမြို့တွင် နယ်ခြားစောင့်တပ်အရန်အင်အားအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ■ ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ ■ ၂၀၂၄ တွင် ဘရစ် (BRICS) က အဖွဲ့ဝင်သစ် ခြောက်နိုင်ငံကို ဝင်ခွင့်ပြုမည် ■ မက်ဆီ၏ မေဂျာလိဂ်ပွဲဦးထွက် လက်မှတ်ဈေးနှုန်း ဒေါ်လာ(၂၀၀၀၀)အထက် မြင့်တက်
သြဂုတ် ၂၄ ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု) ■ လောင်စာဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ငါးဖမ်းလှေများ အထွက်စားရိတ် ပိုမိုအခက်အခဲ ဖြစ်လာနေ ■ ကချင်ပြည်နယ်၊ မိုးကောင်း - ဖားကန့် လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွား ■ တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောများက ဖိလစ်ပိုင် သင်္ဘောများကို ပိတ်ဆို့ ■ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်မှ ဆေးရုံသို့ ရွှေ့ပြောင်း ■ ဘိုင်ယန်တွင် ဟာရီကိန်း အောင်မြင်လိမ့်မည်ဟု လီဝန်ဒေါစကီး မှတ်ချက်ပြု
► သြဂုတ် ၂၃ ရက် ညနေခင်း သတင်း အစီအစဉ် ◄ ■ အမရပူရမြို့နယ်တွင် မီးလောင်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး လူနေအိမ် ၂ လုံးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ဆုံးရှုံးဆိုတဲ့ နောက်ဆုံးရညနေခင်းသတင်း (တိုက်ရိုက်ထုတ်လွှင့်မှု ) ■ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူ လစဉ်များပြားလျက်ရှိပြီး ပြည်တွင်း၌ ပျောက်ဆုံးသူ များ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာပါရှိပြီး ၆ လအကြာမှ အသစ်ပြန်လည်လျှောက်ထားရမည် ■ ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ထိုင်းရွေးကောက်ခံ ဝန်ကြီးချုပ်သစ် ကတိပြု ■ အယ်လစ္စတာ၏ အနီကတ်ပြစ်ဒဏ် အယူခံအောင်သဖြင့် နယူးကာဆယ်နှင့်ပွဲတွင် ပါဝင်ကစားမည်
သြဂုတ် ၂၂ ရက် မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်မံသတိပေး ■ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိ ■ မိမိတို၏အစိုးရဖွဲရန် ကြိုးပမ်းမှုကို ပါတီ ၁၄ ပါတီကထောက်ခံကြောင်း ဖြူထိုင်းပါတီ ကြေညာ ■ ကနေဒါနိုင်ငံ အနောက်ပိုင်းတွင် တောမီးများ ပြင်းထန်စွာလောင်နေသောကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင် ■ ပိုကောင်းသည့်အသင်း ရှုးပွဲတွေ့ခဲ့ကြောင်း ပိုချက်တီနို ညည်းတွား
. #အဘယ့်ကြောင့်ဆိုသော်.... ဗုဒ္ဓတရားတော်အပြီး ရှင်မောဂ္ဂလန်က ချက်ခြင်း သောတာပန်တည်ပြီး ပညာအရာ ဧတဒင်္ဂဖြစ်သည့် ရှင်သာရိပုတ္တရာက တပါတ်အကြာ နောက်ကျပြီးမှ သောတာပန်တည်ရတာ ဘာကြောင့်ပါလဲ ဘုရား လို့ မန်လည်ဆရာတော်ဘုရားကြီးကို ကျည်းကန်ရှင်က လျှောက်ထားရာ... ဗုဒ္ဓ၏တရားကို ပညာကြီးသော ရှင်သာရိပုတ္တရာက ဘက်ပေါင်းစုံက စဉ်းစားဆင်ခြင်ခြင်းကြောင့် နောက်ကျသွားခဲ့ကြောင်း၊ ရှင်မောဂ္ဂလန်က ရှင်သာရိပုတ္တရာလောက် ပညာမထက်မြက်ပဲ သဒ္ဓါကြီးသောကြောင့် ချက်ခြင်း သောတာပန်တည်သွားကြောင်း မန်လည်ဆရာတော်ကြီးက ဖြေကြားခဲ့သည်။ #Nay ( 22.8.22 )
သြဂုတ် ၂၁ ရက် ညပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ ပြည်ပသို့ ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကို AD လိုင်စင်ရ ဘဏ်များက အသေးသုံး နိုင်ငံခြားငွေသား ရောင်းချပေးမည် ■ မြဝတီမြို့ ၊ညဈေးအနီး ဘုရင့်နောင်လမ်းမကြီးတွင် ငွေလဲလုပ်သူတစ်ဦး ဓားထိုးလုယက်ခံရသဖြင့် သေဆုံးခဲ့ပြီး တစ်ပတ်အတွင်း လုယက်သတ်ဖြတ်မှုဖြစ်စဉ်နှစ်မှုရှိလာ ■ အမေရိကန်လုပ် အဆင့်မြင့် အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များ ပံ့ပိုးရန် နယ်သာလန်နှင့် ဒိန်းမတ်တို့၏ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ယူကရိန်းသမ္မတ ကြိုဆို ■ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ချိန်တွင် မြောက်ကိုရီးယား၏ ခရုစ်ဒုံးကျည် စမ်းသပ်မှုကို ကင်ဂျုံအွန် ကြီးကြပ်ကွပ်ကဲ ■ ကန်ဆယ်လိုကို ဘာစီလိုနာ ခေါ်ယူနိုင်ရန် နီးစပ်နေ
သြဂုတ် ၂၀ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း အီနာဂါ (ရိုင်ဖယ်ဗုံးသီး) ထိပ်ဖူးပေါက်ကွဲရာမှ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ ■ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောက်လုပ်သည့် ပုဂ္ဂလိကအဆောက်အဦများအပေါ် ဒဏ်ကြေးအား မြေပြင် တွင် ဆောက်လုပ်ပြီးစီးမှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း သတ်မှတ် ■ နိုက်ဂျာတွင် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၂၈ ဦးရှိလာ ■ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းသို့ သြဂုတ် ၂၂ ရက်တွင် ပြန်လာမည်ဟု ၎င်း၏ သမီးဖြစ်သူ ပြောကြား
သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) ■ ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝအနီး ရေး - သံဖြူဇရပ်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီးပစ်ခတ်ခံရပြီး အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိခဲ့ ■ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများရှိသဖြင့် အရေးကြီးသည့် ပုပ်သိုးလွယ်ပစ္စည်းများအား မြဝတီ - ကော့ကရိတ် လမ်းဟောင်း ဒေါနတောင်မှတစ်ဆင့် ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းတင်ပို့လျက်ရှိ ■ ယူကရိန်းစစ်မြေပြင်မှ သိမ်းဆည်းရရှိသော အနောက်အုပ်စု စစ်လက်နက်များကို ခင်းကျင်းပြသခြင်းဖြင့် ရုရှားက ၎င်း စစ်တပ်၏ အောင်မြင်မှုများကို ကြွားဝါ ■ နိုက်ဂျာအာဏာသိမ်းမှုကို တုံ့ပြန်မည့် ကြားဝင်စွက်ဖက်နိုင်ရေးကိစ္စအတွက် အီကိုဝက်စ်အဖွဲ့၏ စစ်တပ်အကြီးအကဲများ ဆွေးနွေး ■ တောမီးများ နီးကပ်လာသောကြောင့် ကနေဒါမြောက်ဖျားစွန်းမြို့က မြို့ခံများ အချိန်မီရွှေ့ပြောင်းရန် တာဝန်ရှိသူများ ညွှန်ကြား ■ ကိတ်ဗာဒီအနီး အတ္တလန်တိတ်သမုဒ္ဒရာတွင် ဆီနီဂေါရွှေ့ပြောင်းလှေ နစ်မြုပ်၍ လူ ၆၀ ကျော် သေဆုံး ■ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်နေသည့် တန်ဟက်ဂ်ကို ဖာဂူဆန် ချီးကျူး ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) ■ တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့နယ် ၂၀ ကို ရွေးချယ်၍ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူမည် ■ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆန်းရှိတ်ပေါ်သို့ သန့်ရှင်းရေးလုပ်ရာမှ လူလေးဦး ဓာတ်လိုက်ခဲ့ပြီး တစ်ဦး သေဆုံး ■ မြဝတီ ဒေါနတောင်ကျော်လမ်း၌ ပိတ်မိနေသော ကုန်သွယ်ယာဉ်များ ပြန်ဆင်းလာနိုင်ပြီဖြစ် ■ မလေးရှားဝန်ကြီးချုပ်ဟောင်း မူယစ်ဒင် အာဏာအလွဲသုံးစားလုပ်မှု စွဲချက်များမှ တရားသေလွတ်မြောက် ■ ရုရှား၏သတိပေးပစ်ခတ်မှုများကြောင့် တင်းမာမှုများမြင့်တက်နေစဉ် ပင်လယ်နက်ရေလမ်းကြောင်းများတွင် သဘောၤ များ နောက်ပြန်ဆုတ် ■ အိန္ဒိယတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၆၅ ဦးထက်မနည်းရှိလာ ■ ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၅၀) ကျော်သည့် ပထမဆုံးကစားသမားအဖြစ် နေမာ မှတ်တမ်းဝင် ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သြဂုတ် ၁၅ ရက် မနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု) ■ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့အတွင်း ရေပြန်ကျသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူများ နေအိမ်သို့ ပြန်လည်ရောက်ရှိ ■ မြဝတီဒေါနတောင်ကျော်လမ်း တောင်ပြိုသည့်နေရာနှင့် လမ်းပိုင်းပြတ်သည့်နေရာကြားတွင် ကုန်တင်ယာဉ် ၅၀ ကျော်ပိတ်မိနေ ■ ထိုင်ဝမ်အနေဖြင့် ခြိမ်းခြောက်မှုများကို ကြောက်ရွံ့မည်မဟုတ်ကြောင်း အမေရိကန်ခရီးစဉ်အတွင်း ထိုင်ဝမ်ဒုသမ္မတ ပြောကြား ■ အိုဒက်ဆာဒေသကို ညပိုင်းတွင် ရုရှားက တိုက်ခိုက်သော ဒုံးကျည်များနှင့် ဒရုန်းများအား ယူကရိန်းလေကြောင်းကာကွယ်ရေးက ပစ်ချ ■ မိမိတို့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးကို ဆုံးရှုံးခဲ့ရခြင်းဟု ဆွန်ဟောင်မင် ဆို
без подписи
မြန်မာမှာလဲ စစ်သားတွေကို အော်လိုက်ကြတာ (၅) နှစ်သမားတွေ ဘာတွေလုပ်သွားကြသလဲ ❓ သမိုင်းဆရာတွေရေးသင့်တယ်၊ ကြောသား ရင်သားမခွဲကြပါနဲ့၊ ပင်နီဝတ်အမတ်လာရင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးကတောင် ကြောက်ဒူးတွေ တုန်ပေးရတဲ့ဘဝ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတောင် ခွဲခြားမသိတဲ့ ဉာဏ်၊ ပါတီစည်းရုံးရေးမှာ " ရဟန်း ရှင်လူ " ဆိုတဲ့ အသုံးတောင် အဖျက်ခံရတဲ့ ဒီမိုကရေစီမျိုး ၊ ခေါင်းဆောင်က "ခွက်" နောက်လိုက်က "ရေ" ခွက်ပေါ်လိုက်ပြီး ရေသန္တာန်ပြောင်းတယ်၊ မင်းဆိုတာ မင်းပဲ စည်းစိမ်ခံမင်းကို အပြစ်မမြင်ဘူး ပြည်ဖျက်မင်းဆိုးမင်းညစ်ကတော့ ခွင့်လွှတ်ဖို့မကောင်းဘူး၊ ဦးနေဝင်းတုန်းကလဲ ပြောလိုက်ကြတာ ဘရွှေကျတော့လဲ ပြောလိုက်ကြတာ တကယ်ကြေးကျတော့ အပြောခံရသူတွေ အားလုံး ကျုပ်လောက်တောင်မရှိကြဘူး လက်ညှိုးထိုးသူတွေကသာ ကျုပ်ထက် ပိုချမ်းသာကြတာ ။ အဲ့ဒါ ဒီမိုကရက်တွေရဲ့ တံဆိပ်ကပ် ပုံရိပ်ဖျက်လုပ်နည်းပဲ။ ............ 🌺 #အာဂျင်ဒါ Agenda Agenda ကို သာမန်အားဖြင့် အစီအစဉ်လို့သိကြတယ် နိုင်ငံရေးမှာ " ဗျာဒိတ်" လိုသဘောထားရတယ် မဖြစ်မနေလုပ်ရမဲ့အရာ၊ တို့တာဝန်အရေး (၃)ပါးဟာ ဗျာဒိတ်ဖြစ်သလို၊ ရုပ်သေးတွေရဲ့ ဗျာဒိတ်ကလဲ " ဖျက်ဆီးရေး" ပဲ၊ ဒါကြောင့် Hidden agenda ကဘာလဲဆိုပြီး ဖေါ်ကြရတာမျိုး၊ နှုတ်က ဘာပြောပြော လုပ်ရပ်ကပေါ်တယ်၊ ဧည့်စာရင်းစစ်၊ လုံခြုံရေးစစ်တာကို ပယ်ဖျက်လိုက်ကထဲက အသားလိုလို့ အရိုးတောင်းတာ ပေါ်ပါတယ်၊ မြန်မာ နိုင်ငံရဲ့ New Agenda မှာ နိုင်ငံတော် ကြိုတင်ကာကွယ်ရေးအတွက် ပြည်နယ် / တိုင်း #နှင့် အထက် အစရ အဖွဲ့တွေ ဥပဒေပြုရေး၊ တရားစီရင်ရေးမှာ ဥပဒေနဲ့ သတ်မှတ်ကာကွယ်ဖို့လိုမယ် ပညာရေး၊ ကျန်းမာရေးတွေမှာ ဌာနမှုး ညွှန်ချုပ် အပါအဝင် အထက်အဖွဲ့အစည်းတွေမှာ Well protected ဖြစ်ရမယ်၊ CDM ကလက်တွေ့ သင်္ခန်းစာပဲ ငွေစီးလမ်းကြောင်းတွေ အမြဲစောင့်ကြည့်နေရမယ်၊ Fb ပေါ်မှာ တခုတွေ့လိုက်တယ် ပေါ်ပေါ်တင်တင်ပဲ၊ ငွေတုရောင်းဝယ်ရေးတဲ့ အတု (၁၀) သိန်းကို အစစ် (၁) သိန်းနဲ့ရောင်းနေတာ၊ ဘာကြောင့် မဖမ်းနိုင်ကြရတာလဲ ❗ တွေ့တာတွေ အများကြီးပဲ "ဟောရင်းသာ ပျံလွန်တော်မူမယ် " ဆိုတဲ့စကားကို သတိရပြီး၊ တံတွေးပြန်မြိုနေရတာများပြီ၊ လာသေးတယ် ဘမောင်ကို တရုတ်ထောက်လှမ်းရေးတဲ့ ဘယ်လိုကောင်မျိုးတွေမှရေးတတ်မျိုးကအစသိတယ်နော် မပြောချင်လို့၊ ကင်းအောင်၊ ရှင်းအောင်နေထားတယ် ကိုယ့်ကိစ္စပေါ်မှာစိုးလို့ ကြိုတင်တံဆိပ်ကပ်ခြင်း ပညာ Labelling လုပ်တာကို စပြီး မိတ်ဆက်ရေးခဲ့တဲ့သူပါ၊ CIA ကရော၊ တရုတ် MSS ကရော စည်းရုံးလို့မရလို့ " လူ့ငနွား" လို့ကင်ပွန်းတတ်သွားတာရောသိရဲ့လား ❓ ငွေလို၊ နေရာလိုတဲ့သူတွေသာ စည်းရုံးခံကြရတာ အိမ်မှာ စားစရာအပြည့်ရှိတယ် မြေးတွေအထိ ပူစရာမလိုဘူး၊ ကျားသေအသက်သွင်းတယ်ဆိုတာက ပါသေး ဖြုတ် ဦးဏှောက် မှန်းဆချက်တွေနဲ့ လာပြီး သွေးတိုးစမ်းချင်ကြသေးတယ် - ဘယ်သူတွေက အသက်သွင်းပြီး - ဘယ်သူက ခေါင်းနဲ့ကိုယ် ဖြတ်တောက်ခဲ့တာလဲ ⁉️ နိုင်ငံအဆင့်တွေမှာ အမှားကြီးတွေ မဖြစ်သင့်ဘူး ယုတ်စွအဆုံး ဖြစ်ခဲ့ရင်တောင်မှ ရိုးရိုးသားသား မှားတာမျိုးပဲရှိသင့်တယ် Hidden agenda ကိုင်ပြီး ရိုးသားသယောင် ဆိုရင်တော့ မိအေး (၁၀) ခါနာတာပဲ၊ ပြီးခဲ့တဲ့ (၅) နှစ်ရဲ့ Hidden agenda ကို ပီပီပြင်ပြင်ဖေါ်သင့် တယ်၊ မဲလိမ်တာလောက်နဲ့ ပြီးမသွားသင့်ဘူး၊ နောက်မျိုးဆက်တွေအတွက် Precedent ထားခဲ့နိုင်မှ ကြိုတင်ကာကွယ်ရာကျမှာ ဘမောင်ရေးတာ နည်းနည်းတော့ပြတ်သားလိမ့်မယ် Hard truth ပဲ၊ For the sake of our Nation. ( ပြန်တင်ပေးတဲ့ Ko Nanda Kyaw ကိုကျေးဇူးပါ ) ( ဆက်ရန် ) Ba Maung ( 9.1.23 ) 💙
. #ပွဲထဲကပွဲ Game of games. ( 2 ) 🌺 #စစ်တုရင်ထိုးနေကြတာ On the chess board. ခေါင်းဆောင်ဆိုတာ ကိုယ်တိုင် နဘန်းမသတ်ဘူး စစ်တုရင် ထိုးနေခြင်းမျိုးသာဖြစ်ပါတယ် Leader is not wrestler, just player of the chess. တဖက်ရဲ့ Psycho , behavior, Strength weaknesses , Opportunities, threats, Challenges, Potential တွေအပါ The whole game မှာ ဘယ်ပွဲ အနိုင်၊ ဘယ်ပွဲ အရှုံးပေးမလဲဆိုတာကအစ ဘက်စုံစဉ်းစားရသူပါ၊ တာဝန်အင်မတန်ကြီးပါတယ်၊ ဝန်ထမ်း ရာကျော်ရှိတဲ့ ဘမောင်တို့ လုပ်ငန်းမှာတောင် နှစ် (၃၀) ကျော် တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့ ဘယ်လောက် ခေါင်းကိုက်ခဲ့ရသလဲဆိုတဲ့ Work load ကို ကိုယ်တိုင်ကြုံဖူးလေတော့ နိုင်ငံအဆင့်ခေါင်းဆောင်တွေရဲ့ ဒုက္ခကို ကောင်းကောင်း ကိုယ်ချင်းစာတတ်တယ်၊ ဒါကြောင့် တော်ရုံဆိုရင် ဘယ်တော့မှရေးလေ့မရှိဘူး၊ နိုင်ငံအဆင့် သစ္စာပျက်တာမျိုး နိုင်ငံနဲ့ အမျိုးဘာသာပျောက်မှာမျိုး အဆင့်ရောက်မှသာရေးလေ့ရှိတယ်၊ ခေါင်းဆောင်ဆိုတာ ဉာဏ်ရည်ပြိုင်သူ၊ နှလုံးရည်ပြိုင်သူပါ ရုစ်ဗဲလ်ဟာ ခန္ဓာမစွမ်းဘူး ဉာဏ်စွမ်းလို့ သက်တမ်းလွန်အထိ တာဝန် ထမ်းဆောင်ခဲ့ရဘူးတယ်၊ Intellectual matter, not physical matter. အရေးအကြီးဆုံးတခုက အဖွဲ့အစည်းတခု၊ နိုင်ငံတခုရဲ့ခေါင်းဆောင်ဆိုတာ အဲ့ဒီအဖွဲ့အစည်း၊ နိုင်ငံရဲ့အကျိုးစီးပွားပေါ်မှာပဲ ရပ်တည်ရမယ်၊ သစ္စာကြီးရမယ်၊ ဉာဏ်ရည်ပိုင်းမှာ - - Education ( သင်စာ ) - Intelligence ( ဉာဏ်ရည် ) - Talent ( ထိုးထွင်းသိမှု ) - Intuition ( ပါရမီပါ သိမှု ) ဆိုပြီးကွာသေးတယ် ခေါင်းဆောင်တိုင်း ထပ်တူမကျကြပါ မြန်မာ့ လောလောဆယ်ခေါင်းဆောင်တွေကိုလေ့လာရင် 🪴 ဒေါ်စု Intelligent ( - ) အဆင့် သွက်လက်တာနဲ့ ထက်မြက်တာကွာတယ် 🪴 သမ္မတကြီး ဦးသိန်းစိန် ( Intel + Experience ) 🪴 ဗခမက မင်းအောင်လှိုင် ( Talent + ) 🪴 ဘရွှေ ( Intuition + ) လို့ Score ပေးနိုင်လိမ့်မယ်၊ ဘရွှေ အနေနဲ့ Intuitive ဖြစ်တဲ့အပြင် Vision က သိပ်အားကောင်းလွန်းတယ် အလွန်ထူးခြားတာက Extraordinary mgnt ကို သုံးနိုင်ပြီး Timing ကောင်းကောင်းသိ timing ကို ကိုယ်တိုင်ဖန်တီးနိုင်ပြီး အင်မတန် တည်ငြိမ်၊ Decision ပြတ် တော်ရုံခေါင်းဆောင်တွေလိုက်မလုပ်နိုင်ဘူး ( မှားချင်လဲမှားနိုင်တယ်၊ မြင်တာရေးတာ ) ရုရှားမှာသာ ဘရွှေဆိုရင် အမေရိကန် ကော့နေပြီ ပူတင်ထက် ဘရွှေက အများကြီးပိုငြိမ်တယ် ပူတင့်ကို Read လုပ်ဖို့မခက်ဘူး ဘရွှေကို Read လုပ်ရတာအတော်ခက်တယ် ဘရွှေဟာ နတ်နေကိုင်းအဆင့်ရောက်သွားပြီ နေပြည်တော်ကို ဆောက်ပေးခဲ့တယ် သူမထိုင်သွားဘူး၊ တော်ရုံလူမထားနိုင်တဲ့ ရင့်ကျက်မှု .............. 🌺 #အာဏာနဲ့ဩဇာပေါင်းစည်းရေး အာဏာ Authority ဩဇာ Influence တွေဟာ ပါဝါအကြီးစားတွေမို့ အားပြိုင်ရင် အနှုတ်လက္ခဏာထွက်တယ်၊ ပေါင်းစည်းရင် နိုင်ငံအတွက်ဆတိုး အကျိုးဖြစ်တယ် ဒါကြောင့် ဒီသဘောတရားကို မြန်မာမှာရော ကမ္ဘာမှာပါ ဘမောင်စပြီး 2009 မှာ မိတ်ဆက်ဖေါ်ထုတ်ခဲ့တယ်၊ ( ဘရွှေ အမျက်ရှမှာလဲကြောက်ကြောက်နဲ့ ) ဘရွှေရဲ့ Authority ကအစစ် ဒေါ်စု Influence က စိန်နားကပ်နဲ့ပါးပြောင်တဲ့အတု ဒါပေမဲ့ အရှိတရားကိုမေ့လို့မရပြန်ဘူး အမှိုက်ကစ ပြဿဒ်မီးလောင်ရင် တိုင်းပြည်ပျက်မှာလဲစိုးတယ်၊ ဒါကြောင့် ပေါင်းစေမဲ့ စာတွေရေးခဲ့တာ၊ ဘစိန်လက်ထက်မှာ ပေါင်းသွားတယ် Game plan အရမှန်တယ် Technical မှာလွဲသွားတယ် ဘရွှေရှိနေဆဲ ဆိုတော့ သိပ်အစိုးရိမ်ကြီးတော့လဲ မဖြစ်မိပါဘူး၊ ပြဿနာက အဖွားကြီးပဲ သမ္မတအထက်မှာနေရတာတောင် သမိုင်းကောင်းချန်ဖို့မကြိုးစားခဲ့ဘူး လုပ်ရပ်တိုင်းက တိုင်းပြည်ကို ရေတို၊ ရေရှည်ပျက်ဖို့တွေပဲ ဖြစ်လာလို့ သူ့ကာလမှာ ရက်ရက်စက်စက်တွေပဲရေးပစ်တာ၊ ( အထဲဝင်ရဖို့ တည်းတည်းလေးပဲ ) ခေါင်းဆောင်အရည်အချင်း အမှန်သာ အဖွားကြီးဆီမှာ တကယ်ရှိခဲ့ရင် လုပ်နည်းတွေ ပြောင်းသင့်တာပေါ့ ထားပါတော့၊ ပြီးတာတွေပြီးခဲ့ပါပြီ Combination of great power နဲ့ တိုင်းပြည်တိုးတက်ဖို့ အခွင့်အလန်း လွတ်သွားတာတော့ တကယ်နာတယ်၊ ဘာကြောင့် ဒါတွေရေးပြနေရသလဲဆိုတာ ဘယ်သူမှ အမှားမကင်းပေမဲ့ " အများထိခိုက်မဲ့အမှားမျိုး" ကိုတော့ ခေါင်းဆောင်ဖြစ်ရင် မမှားသင့်ဘူး ကိုယ့်နိုင်ငံအတွက်တော့ သစ္စာရှိရမယ်ဆိုတာကို ထောက်ပြချင်တာပါ၊ ............. 🌺 #မင်းဆိုတာ_မင်းပဲ King is the king. ကိုယ်ကသာ အဖြစ်ရှိအောင်မကြိုးစားကြတာ လက်ညှိုးထိုးတဲ့နေရာမှာ မြန်မာဟာ စံပြပဲ၊ ဘုရင်ဆိုတာ ဘုရင်ပဲ၊ ဒါဟာအရှိတရား သူ့စည်းစိမ် သူအပြည့်ယူပစေ တိုင်းပြည်ကောင်းရင်တော်ပြီ မင်းတုန်းမင်းမှာ မိဘုရား "ရာ" ကျော်တယ် သာသနာပြုမင်း အနော်ရထာတောင် မောင်းမ မိဿံ ဆိုတာရှိတယ် ဘုရင်ဆိုတာ ကုန်းကြမ်းထမ်းသမားလိုတော့ နေလို့မရဘူး၊ ဒီမိုကရက်တွေလဲ ပါးစပ်ကသာအော်နေတာ မဟုတ္တာအလုပ္ဆုံးက သူတို့ပဲ ရီပါတ်ဘလစ်ကင်ထက်ယုတ်မာတယ်၊ နိုင်ငံရေးနဲ့ပဲ ချမ်းသာသွားကြတာပဲ ဘိုင်ဒင်တောင် ပြဿနာတွေအများကြီး ရှင်းရဦးမယ်၊
သြဂုတ် ၁၃ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ ပဲခူးမြို့အတွင်း ရေကြီးမှုဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာများတွင်ဆက်လက်ရှိနေသူများအား နေ့စဉ် ထမင်းဘူးနှစ်ထောင်ကျော် ပို့ဆောင်နေရ ■ ကရင်ပြည်နယ် ဖာပွန်မြို့ရှိ မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံများ မိုင်းခွဲဖျက်ဆီးခံခဲ့ရ ■ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆိုးရွားသည့် ရာသီဥတုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဆက်လက်မြင့်တက်နေ ■ ရာသီဥတုနှင့် မော်တော်ယာဉ်များကြောင့် ဂျကာတာတွင် လေထုညစ်ညမ်းမှုများမြင့်တက်ဟု အင်ဒိုနီးရှားအစိုးရပြောကြား ■ ထပ်ဆင့်မျိးကွဲအသစ်များ မြင့်တက်နေချိန်တွင် ကမ္ဘာတစ်ဝန်း Covid – 19 ကူးစက်မှုဖြစ်စဉ် ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်
သြဂုတ် ၁၂ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ မြဝတီ - ကော့ကရိတ် အာရှလမ်းတွင် ယာယီဘေလီတံတားထိုးမည့်လုပ်ငန်းခွင်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ် ခတ်မှု ဖြစ်ပွား ■ ပူတာအိုမြို့နယ်တွင် ကျွဲ၊နွားများ လည်ချောင်းကွဲ ရောဂါဖြင့် သေဆုံးမှုများရှိနေ ■ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့က ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်အဖြစ် နောက်ထပ်ဒေါ်လာ ၁၃ ဘီလျံကျော်ကို ကွန်ဂရက်ထံ တောင်းခံ ■ အီကွေဒေါသမ္မတလောင်းကို လုပ်ကြံသူ များမှာ ကိုလံဘီယာနိုင်ငံသားများဖြစ်သည်ဟု အီကွေဒေါရဲတပ်ဖွဲ့ ပြောကြား