- Последний пост
- 10 сент. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အလှမ်းကျယ် အလယ်လပ် ======================== '' ငမျိုးရေ UEC ရဲ့ ကြေညာချက်က ပွက်လောညံကုန်ပြီဟေ့ '' '' ပါတီ ၄ ခု ဖြတ်သိမ်းလိုက်လို့လား '' '' အေးပေါ့ အထူးသဖြင့် NDF ဖြတ်သိမ်းခံရတာပေါ့ '' '' UEC စည်းမျဥ်းက နဂိုထဲက ပြဌာန်းပြီးသားလေ ဒါတောင် ခေါက်ချိုးချထားပေးပြီးသားလေ ''. '' ဘယ်လို ထက်ဝက်ချပေးထားတာလဲ '' '' တနိုင်ငံလုံးပြိုင်ဖို့ စာရင်းပေးထားရင် ပါတီဝင်အင်အား ၁ သိန်း ပြရမယ် ၊ မပြနိုင်ကြလို့ ၅၀၀၀၀ ပြရမယ်ဆိုပြီး ပြင်ပေးထားတာလေ '' '' ဒါဆို ပါတီဝင် ၅၀၀၀၀ မပြည့်ရင်လည်း တိုင်း ၇ ခု ဒါမှမဟုတ် ပြည်နယ် ၇ ခု စာရင်းပေးရင် ရတာပေါ့ '' '' မှန်တယ်လေ ကိုယ့်အင်အားကို မသုံးသပ်ပဲ တနိုင်ငံလုံးပြိုင်ဖို့ စာရင်းပေးမိတာပေါ့ အလှမ်းကျယ်လို့ အလယ်လပ်တာပေါ့ '' '' အဲလို ဘာလို့ သတ်မှတ်ရတာလဲ ကွ '' '' အစိုးရဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်ဖို့အထိ ရည်ရွယ်ထားတဲ့ ပါတီကြီး တခုအနေနဲ့ ပါတီဝင်ဦးရေ ၅ သောင်း တသိန်းလောက်မှ မစည်းရုံးနိုင်ရင် မထိုက်တန်လို့ နေမှာပေါ့ဗျာ '' '' အေးကွ ရုံးအဆောက်အအုံ သတ်မှတ်ချက်ကလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်ကွ '' '' အမှန်ပဲ ကဲ ဥပဒေနဲ့အညီ မလုပ်နိုင်သူကို မတရားခံရပါတယ် ပြောပြီး ဥပဒေနဲ့အညီဆောင်ရွက်သူကို အပစ်ပြောမှာကတော့ မြန်မာ့နိုင်ငံရေးလောကရဲ့ မျက်ချေးပိတ်အမြင်တွေအရ ရှိနေမှာပဲ လုပ်စရာရှိတာသာ ဆက်လုပ်ရဲဘော်ပဲ '' ကိုရွှေမျိုးဝင်း
အမြဲတမ်း ဖြစ်ကြပါစေ ===================== ဒီနေ့ ( 9 - 9 - 2025 ) မှာ ဖုန်းမဆက်တာကြာပြီ ဖြစ်တဲ့ ၅၅၀ ဆရာတော်ထံမှ ဖုန်းဝင်လာပါတယ် ။ ဒကာကြီးရေ မန္တလေး ရွှေဘို မြစ်ကြီးနား လမ်းပိုင်းက ပြည်သူကို ဒုက္ခပေးနေတဲ့ PDF တွေရဲ့ လမ်းပိတ်ပြီး ကွင်းလမ်းက သွားခိုင်းခဲ့တာ ဒကာကြီးသိမှာပါ ။ အခု အဲဒီလမ်းပိုင်းကို ဆရာတော်တို့ ပြည်သူ့စစ်နဲ့ တပ်မတော် ပူးပေါင်းပြီး မဟာဗျူဟာလမ်းပွင့်အောင် တိုက်ခိုက်ရှင်းလင်းပေးရတယ် ။ လမ်းပိတ်ထားစဥ်က ကွင်းလမ်းဖြစ်တဲ့ ရွံ့တော ဗွက်တောထဲမှာ ရက်များစွာ ဒုက္ခခံသွားခဲ့ကြရတဲ့ ကုန်စည်တင်ကားတွေ ခရီးသည်တွေ အင်မတန်ဒုက္ခရောက်ခဲ့ကြရပါတယ် ။ အချို့လူနာတွေဆို လမ်းမှာပဲ အသက်ဆုံးရှုံးရသူတွေ မနည်းမနော ရှိခဲ့ကြတာပါ ။ အခုတော့ မဟာဗျူဟာလမ်းကြီးကနေ လုံလုံခြုံခြုံ သက်တောင့်သက်သာ သွားလာနေရလို့ အားလုံးစိတ်ချမ်းသာနေကြရပါပြီ ။ ဆရာတော့်ထံကိုလည်း ဝင်ရောက်လာကြရင်း ကျေးဇူးတင်စကားပြောကြပါတယ် ။ ဆရာတော်လည်း ပီတိများစွာ ဖြစ်ရပါတယ် ။ ဆရာတော်ပြောချင်တာက အခုလို ခရီးသွားပြည်သူတွေအတွက် မဟာဗျူဟာလမ်းမကြီး ပွင့်အောင် လုပ်ဆောင်ပေးတဲ့ တိုင်းမှူး နဲ့ ဝန်ကြီးချုပ် တပ်မတော်သားများပြည်သူ့ရဲများ ဌာနေပြည်သူ့စစ်များ အား ပြည်သူတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ။ လမ်းပန့်းသာအောင် ဆောင်ရွက်ပေးနေတာ တပ်မတော် နဲ့ ပြည်သူ့စစ် ၊ ပြည်သူတွေ ဒုက္ခရောက်အောင် လမ်းပိတ်တာ PDF ဆိုတာ ပြည်သူအများ နားလည်သွားကြပြီမို့ ဒီဒေသက ပြည်သူအများစုကတော့ PDF အပေါ် စက်ဆုပ်နေကြပါပြီ ။ မြန်မာပြည်တခုလုံး လမ်းပန်းဆက်ဆွယ်ရေး ချောမွေ့လွယ်စွာ သွားလာနိုင်ကြပါစေ ၊ မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆရာတော်က ဆုတောင်းပါကြောင်း ဒကာကြီးချန်နယ်ကနေ ရေးပေးပါအုံး........ အင်မတန် စကားနည်းပြီး ရိုးရိုးစင်းစင်း ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့တဲ့ ၅၅၀ ဆရာတော်ရဲ့ ဆန္ဒအရ ယခုလို အများပြည်သူသိရှိအောင် တင်ပြလိုက်ရပါတယ် ။ ၅၅၀ ဆရာတော် အပေါ်မှာလည်း ပြည်သူအပေါင်းက လေးစားကြည်ညိုစိတ် ရှိပြီးသားမို့ အထူးမိတ်ဆက်စရာ လိုမယ်မထင်ပါဘူး ။ ပြည်သူ့စစ် အစောဆုံး စတင်ဖွဲ့စည်းခဲ့တဲ့ ဆရာတော် ၊ လူ ၂၅ ယောက်လောက်နဲ့ စတင်ခဲ့ပြီး ယခုအခါ သင်တန်းဆင်းအင်အား ၁၅၀၀၀ ခန့်နဲ့ တိုင်းပြည်အေးချမ်းသာယာရေးအတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆရာတော်ပါပဲ ။ ဒီလို မင်္ဂလာသတင်းမျိုး အမြဲတမ်းဖြစ်နေပါစေ ကြားနေရပါစေလို့ ဆုတောင်းလျှက်...ဆရာတော် သက်တော်ရာကျော် ရှည်ပါစေဘုရား..... ကိုရွှေမျိုးဝင်း
လွန်ခဲ့တဲ့ တလခန့်က ( 8 - 8 - 2025 ခန့်) ဥက္ကဌ ကျော်ကျော်၀င်းအိမ်ထဲ PDF တွေရောက်လာပြီး ထမင်းစားကြပါတယ် ။ ရွာသားတွေက ဝိုင်းဖမ်းတဲ့အခါ ထွက်ပြေးလွတ်မြောက်သွားကြပါတယ် ။ ဒါတွေကို တိုင်မယ်ဆိုတဲ့ ယခင်ဥက္ကဟောင်း ဦးခင်မောင်ရွှေအား ဒါးနှင့်ထိုးသတ်ရာ ဒဏ်ရာများစွာ ရရှိထားပါတယ် ။ ဒါးနဲ့ထိုးသူလည်း ယခုအချုပ်ထဲမှာ ရှိနေဆဲပါပဲ ။ မောင်ဝင်းဆိုတဲ့ PDF နဲ့ အခြားတယောက်ကို မိုင်းခွဲနေတုန်း မိကြပါတယ် ( ယခုထိ အချုပ်ထဲမှာပါ) ယင်းတို့အား ဖမ်းဆီးအချုပ်ဆီပို့တော့ လက်ထိပ်မခပ်ရန် ကျော်ကျော်ဝင်းက ပြောခဲ့ပါတယ် ။ ( သူ့အပေါင်းအသင်းမို့ ဒီလိုပြောတာပါ) ယခုအခါ ကျော်ကျော်လင်းရဲ့ ညီ PDF မျိုးမြင့်ကျော်အား အလင်းဝင်လာပြီဟု ဆိုကာ ပြန်ခေါ်ထားပါတယ် ( ပုသိမ်မှာရှိတဲ့ အလင်းဝင်စာရင်းထဲမှာ မပါဘူးလို့ ပြောကြပါတယ် ) ။ ဒီထက်ဆိုးတာက ယခုမျိုးမြင့်ကျော်သည် ခစဖ ဗိုလ်မှူးကြီး အောင်ဘုန်းဟန်ရဲ့ တာ၀န်ကျရိပ်သာမှာနေပါသတဲ့ ။ ကဲ လပွတ္တာမြို့နယ် သစ်ပုတ်အုပ်စုက ဥက္ကဌကျော်ကျော်ဝင်း နဲ့ ဝေစားမျှစားတွေ အကြောင်း သိရသလောက်ပါပဲ ။ ဘယ်လိုသိလည်း မမေးနဲ့ ကျော်ကျော်ဝင်းကို တိုင်ကြားလို့ဆိုပြီး လပွတ္တာအာဏာပိုင်တွေက ခြိမ်းခြောက်ထားလို့ ရွာမပြန်ရဲတဲ့ သစ်ပုတ်ရွာသားတွေကိုယ်တိုင် ခဲရာခဲဆစ် ရန်ကုန်ထိ ရောက်လာပြီး သက်သေတွေနဲ့ တကွ နိုင်ငံတော်လူကြီးမင်းတွေဆီ တိုင်ပေးပါလို့ အကူညီတောင်းလာလို့ပဲ ။ ( အသံဖိုင် သက်သေတွေပါပူးတွဲ ပေးပို့ တိုင်ကြားပြီးပါပြီ ၊ ဘာဆက်ဖြစ်မလဲတော့ ကိုယ်တွေလည်း သာမန်ပြည်သူ အရပ်သားမို့ မပြောနိုင်ပါဘူး ) ကိုရွှေမျိုးဝင်း
နယ်စွန်နယ်ဖျား ပြဿနာများ =========================== မြန်မာပြည်အစွန်အဖျား လပွတ္တာ မြို့နယ်ထဲမှာ သစ်ပုတ်အုပ်စုဆိုတဲ့ ပင်လယ်ကမ်းခြေက ရွာပေါင်း ၁၂ ရွာ စုပေါင်းထားတဲ့ နေရာရှိပါတယ် ။ နိုင်ငံတော်ကနေ အိမ်ခြေ ၄၀၀၀ ခန့် ရှိတဲ့ ရွာ ၁၂ အုပ်စုအတွက် ၁၅ ရက်လျှင်တကြိမ် စားအုံးဆီ ၅၀ ကျပ်သားအား ( တပိဿာ ၁၁၀၀၀ိ / နှုံး) ရောင်းချပေးစေခဲ့ပါတယ် ။ အုပ်ချုပ်ရေးမှူးက အုပ်စုတခုလုံးမှ တဦးပဲ ရှိပါတယ် ။ အင်မတန်တော်တဲ့ အုပ်ချုပ်ရေးမှူးဆိုတော့ 2024 မှာ ၂ ကြိမ် ၊ ယခု 2025 မှာ တကြိမ်ပဲ ရောင်းချပေးခဲ့သတဲ့ ။ ၁၆ လ အတွင်း ၃ ကြိမ်သာ ရောင်းချပေးခဲ့လို့ ရွာသူရွာသားများက မကျေနပ်ကြပါဘူး ။ နိုင်ငံတော်က တအိမ်ထောင် ဆီထုတ်ခွင့်စာအုပ် ၁ အုပ်စီ စနစ်တကျလုပ်ပေးခဲ့ပေမယ့် ၃၂ ကြိမ် ရောင်းချပေးရမှာကို ၃ ကြိမ်သာ ရောင်းချခဲ့ပါတယ် ။ ထို့ကြောင့် အပေါ်လူကြီးများထံ လက်မှတ်ရေးထိုးတိုင်ကြားကြပါတယ် ။ ယင်းအပေါ် လပွတ္တာမြို့နယ် မစဖ ဗိုလ်မှူးမှ တိုင်ကြားသူများအား ခေါ်ယူစစ်ဆေးပါတယ် ။ စစ်ဆေးရာမှာ စားပွဲအား တပြန်းပြန်းရိုက်ပြီး ကြမ်းတမ်းစွာပြောဆိုမေးမြန်းပါတယ် ။ အမျိုးသမီး ၄ ဦးမှ သွားရောက်အစစ်ခံရာ ၂ ဦးအား အိမ်ထောင်ဦးစီးမဟုတ်လို့ ထွက်ဆိုချက်မပေးရဘူးတဲ့ ။ ဒါဆိုကျမကိုယ်တိုင် ထပ်တိုင်မယ် မီဒီယာနဲ့ အင်တာဗျူးတာလည်း ကျမပါတယ်လို့ ပြောသော်လည်း လက်မခံပဲ... - အခု ဦးစီးပြီးတိုင်တဲ့ နိုင် ဆိုတဲ့ အဖိုးကြီးလည်းထောင်ကျမယ်... - အင်တာဗျူးတဲ့ ကောင်မလည်း ထောင်ကျမယ်...( တရားဝင် မီဒီယာဖြစ်တဲ့ Union voice မှ ဝန်ထမ်းဖြစ်ပါတယ်) - နင်လည်းထောင်ကျမယ်... လို့ ခြိမ်းခြောက်ပါတယ် ။ ထို့နောက် ကျန်အမျိုးသမီး ၂ ဦးအား စစ်ဆေးရာမှာလည်း နိုင်ငံတော်ခွဲတမ်းအား မျှမျှတတ ပေးပါ မပေးရင် အရေးယူပေးပါလို့ ခပ်တင်းတင်းပြောတော့ ပြန်မပြောပဲ နောက်ဖေးပေါက်က ထွက်သွားသတဲ့.... ဒါက စားဆီ ပြဿနာပါ ။ ( ယခု တအိမ်ထောင်ခြင်း ပေးထားသော စားဆီစာအုပ်များအား ပြန်လည်သိမ်းယူထားလိုက်ပါပြီ ဘာအကြံအဖန်လုပ်မယ် မသိပါဘူး) နောက်..မြေယာပြဿနာ ။ သစ်ပုတ်က ပင်လယ်ကမ်းစပ်က ရွာဆိုတော့ နှုံးမြေပို့ချပြီး လယ်မြေသစ်တွေ အနည်းငယ် ဖြစ်ထွန်းတတ်ပါတယ် ။ တသီးစားတော့ စိုက်ပျိုးလို့ရပါတယ် ။ အဲဒီ လယ်မြေကျဥ်းကျဥ်းလေးကို ကပ်သီးကပ်သပ် စိုက်ပျိုးကြရတဲ့ဆင်းရဲသားတွေ ရှိပါတယ် ။ သီးစားခဆိုပြီး ၅၀၀၀၀ ကျပ်ပေးရသတဲ့ ။ အဲဒါကိုပဲ အခုဖယ်ရှားခိုင်းနေပါတယ် ။ ဖယ်ခိုင်းနေတဲ့ ဥက္ကဌကျော်ကျော်ဝင်းကတော့ အစိုးရပိုင် သစ်တောမြေထဲက အပင်တွေခုတ်ပစ်ပြီး စိုက်ပျိုးနေတာ ဧက ၂၀၀ မှ ၃၀၀ ကြားရှိသတဲ့ ။ ဘက်ဖိုး ၃ စီးဝယ်ပြီး လုပ်နေတာလို့ သိရပါတယ် ။ ဒါက မြေပြဿနာပါ.... နောက်တခုက စစ်မှုထမ်းပြဿနာ.. ရွာပေါင်း ၁၂ ရွာအတွက် ပြည်သူ့စစ် ၃ လ တကြိမ် တာဝန်ကျပါသတဲ့ ။ အဲဒါ လစဥ် တအိမ်ထောင် ၁၅၀၀၀ိ / နှုံးကောက်တယ် ။ အိမ်ခြေ ၄၀၀၀ ဆိုရင် တလ သိန်း ၆၀၀ ရသတဲ့ ။ ၃ လ တကြိမ် လူထည့်ရပြီဆိုရင် ကာယကံရှင်ကို သိန်း ၅၀ အပေးပြသတဲ့ ။ စရိတ်နှုတ် အမြှီးဖြတ် ခေါင်းဖြတ်နဲ့ ကာယကံရှင်က သိန်း ၃၀ တောင် အပြည့်မရဘူးတဲ့ ။ လစဥ်ကောက်ထားတဲ့ ငွေတွေများလွန်းနေလို့ လျော့ကောက်ပါဆိုလည်း မရဘူးလို့ သိရပါတယ် ။ ( ဒီအချက်က မိန်းကျလာပါလိမ့်မယ် ဆက်ဖတ်ကြည့်ပါ) ဒါက စစ်မှုထမ်းပြဿနာ.... အရေးကြီးက PDF ပြဿနာပါပဲ ။ အေးချမ်းနေတဲ့ ဧရာဝတီတိုင်းထဲမှာ PDF ပြဿနာစဖြစ် လာတာ အဲဒီ သစ်ပုတ်အုပ်စု ဥက္ကဌ ကျော်ကျော်ဝင်းရဲ့ညီ မျိုးမြင့်ကျော် ကြောင့်ပါပဲ ။ မျိုးမြင့်ကျော်ကို မြောင်းမြမြို့နယ်က အမှုဖွင့်ထားတယ်လို့လည်း ကြားသိရပါတယ် ။ PDF တွေ သစ့်ပုတ်ကို ဝင်ထွက်သွားလာနေတော့ စက်လှေသမားကို သေနတ်နဲ့ချိန်ပြီး မောင်းပို့ခိုင်းတတ်ပါတယ် ။ ကျော်ကျော်ဝင်းက တလ ၁၀ သိန်းထောက်ပံ့တယ် ။ ရွာသားတွေက နယ်မြေခံ တပ် ၊ ရဲ ၊ စရဖ တို့ထံ သတင်းပို့ တိုင်ကြားသော်လည်း အားလုံး ဖုံးဖိထားကြပါတယ် ။ စက်လှေသမားလေးကို ငွေကြေးများအား ဘယ်သူ့ဆီသွားပေး ဆိုပြီး ခိုင်းလေ့ရှိလာပါတယ် ။ ကောင်လေးက ကြောက်လာပြီး ကျနော့်ကို ပုသိမ်လိုက်ပို့ပါ လပွတ္တာက တိုင်လို့မရဘူး ၊ ဖမ်းချင်လည်းဖမ်းပါစေ ပုသိမ်ထိ ထွက်ဆိုချက်ပေးပါမယ်လို့ တောင်းဆိုခဲ့ပါတယ် ။ ဒီတော့ ပုသိမ် စရဖ ဆီလိုက်ပို့ပြီး ထွက်ဆိုစေခဲ့ပါတယ် ။ ပုသိမ် စရဖ မှ မှတ်တမ်းယူထားပြီး သတင်းက update မဖြစ်လို့ ဆိုပြီး အရေးမယူပါဘူး ( ပြစ်မှုက ဆွေးတယ်မရှိလို့ပဲ ကြားဖူးပါတယ်) PDF တွေဟာ ကျော်ကျော်ဝင်း အချိတ်အဆက်နဲ့ ရွာဝန်းကျင်က နေရာတွေမှာ ၁၅ ရက် တလ ခိုအောင်းပြီး တာဝါတိုင်တွေ ဖောက်ခွဲကြပါတယ် ။ ရွာသားတွေက သိရှိပြီး တပ်ကိုသတင်းပေးရင် ( ခရီးက ၇ နာရီကြာ စက်လှေမောင်းရပါတယ် ) တပ်ကလိုက်လာချိန်မှာ စားစရာနဲ့ ရေပုလင်းပဲ တွေ့ရပါတယ် လူတွေ မရှိတော့ပါဘူး ။ ဥက္ကဌ ကျော်ကျော်လင်းထံမှ သတင်းကြိုရလို့ တိမ်းရှောင်နိုင်ကြတာလို့ ဆိုပါတယ် ။
နဲနဲတော့ ပြောချင်ပါတယ် ======================= ပြည်သူ့စစ်မှုထမ်း ကိစ္စပါ ။ အမှန်က ရပ်ကျေး အဆင့်က စာရင်းတင်ပြ ၊ စစ်မှုထမ်းဗဟိုသည် အသက်အပိုင်းအခြားအရ ဦးစားပေးအဆင့် အမည်တွေ ကြေညာ ။ အခုဒီလိုမလုပ်တော့ ရပ်ကြေးတွေကလည်း ဂွင်တွေ့ အထက်နဲ့ပေါင်းစားကြတယ် ။ ဒါဆို ပြည်သူတွေကရော တာဝန်ကျေကြသလားကြည့်ပါ ။ ကျိုယျ့သားသမီး ပါသွားရင် ( တွေ့သမျှ ဖမ်းခေါ်လို့ပဲ ဖြစ်ဖြစ်) အိမ်ပေါင် ခြံရောင်း သိန်းရာချီပေး လိုက်ရွေးကြတယ် ( လာဘ်စားကောင်တွေ အကြိုက်ပေါ့) တိုင်းပြည်ကာကွယ်ဖို့ တာဝန်ရှိတယ် လိုက်သာသွားလို့ သဘောမထားနိုင်ကြပါဘူး ။ နိုင်ငံသားတာဝန်မဲ့နေကြတာလည်း အရှိတရားပဲ ။ လစဥ်ကြေးကောက်တယ် ၊ ငွေပေးရွေးတယ် ဆိုတာ ဥပဒေနဲ့ မညီဘူး ။ စနစ်တကျတိုင်ကြပါဆိုတော့.... ? မီဒီယာသမားတွေဆီ ငိုပြကြဖို့ပဲ သိတယ် ကိုယ်တိုင်အားမထုတ်ကြဘူး ။ ဒါတွေက လက်ရှိဖြစ်နေကြတဲ့ အမှန်တရားတွေပဲ ။ - အင်မတန်ရှင်းလင်းအောင် စီမံဆောင်ရွက်လို့ ရနေပါလျှက် မှေးနေကြတဲ့ စစ်မှုထမ်းဗဟိုအဆင့်မှ ရပ်ကျေးအထိ...... - တိုင်းပြည်တာဝန်အား ထမ်းဆောင်ရမယ့်တာဝန်အပေါ် ငွေကြေးလာဘ်ထိုး တိမ်းရှောင်ချင်သော တာဝန်မဲ့ မိဘပြည်သူ.... ပုံပြင်ဟောင်းလေး ပြန်ပြောခွင့် ပြုပါ ။ " ငမျိုးရေ အခုတလော အသံကျယ်လာတဲ့ ပြည်သူ့စစ်မှုထမ်း လူဖမ်း ငွေတောင်းပြဿနာလေး မေးချင်လို့ကွ '' " နေအုံး ကျုပ်အရင်ပြောမယ် ၁၉၉၈ လောက်တုန်းက မြွေအရှင်တွေ အရောင်းအဝယ် ဖြစ်ကြတာ မှတ်မိသေးလား '' "အေး သိတာပေါ့ ဟ တပိဿာ ၃၀၀၀ ကျပ်အထိ စျေးကောင်းခဲ့တာပဲ ကွ '' "ဟုတ်တယ် ကျောင်းဆရာ တယောက် တလ လစာ ၉၅၀ ခေတ်က မြွေတပိဿာ ၃၀၀၀ ကျပ်ဆိုတာ အခု လစာနှုံးနဲ့ ပြန်တွက်ရက် တပိဿာကို ခြောက်သိန်းလောက် ပေးဝယ်တဲ့ သဘောပဲ ဗျ '' "အေး ဟ ဒီလို တွက်ကြည့်တော့ ဟုတ်တာပဲ ကဲ ဆက်ပါအုံး '' "ဒီတော့ မြွေဖမ်းရောင်းစားသူတွေ များလာသလို မြွေဝယ်သူဒေသခံ လူလည်တွေလည်း များလာရောဗျို့ '' "အေး ဒီတော့... '' "မြွေက မြွေပွေး ၊ မြွေဟောက် ၊ လင်းမြွေ အဲဒီ သုံးမျိုးပဲ ဝယ်တာဗျ '' "အေး ဟုတ်ပါ့ မှတ်မိတယ် ကွ'' "လင်းမြွေမှာ ပြဿနာ ရှိတာက လင်းမြွေ ၂ ထဲက တမျိုးဝယ်ပြီး နောက်တမျိုး မဝယ်ဖူး ဗျ ''. "ဟေ အဲဒါတော့ မသိဖူး ကွ ရှင်းပြအုံးကွ '' "လင်းမြွေ အနက်ကို ဝယ်ကြတယ် ၊ ဘေးက အဝါစင်း ပါတဲ့ ဒေသအခေါ် လင်းဝါနံကြောင် ကို မဝယ်ဖူး ဗျ '' "အေး မျက်စီထဲ မြင်ပြီ ဒီတော့ '' "တရက်မှာ စခန်းမှူးဆီကို မြွေဝယ်တဲ့ သူက လာတိုင်တယ် ဗျ '' "အင်း ရဲ ပါလာပြီ ဘာဆက်ဖြစ်လဲ ကွ '' "ဘာလို့ တိုင်တာလဲ ဆိုတော့ လင်းမြွေကို လိမ်ရောင်း သွားလို့တဲ့ '' "ဟမ်.... မြွေကို ဘယ်လို လိမ်ရောင်းသလဲ ကွ '' "အစောက ပြောထားတဲ့ မဝယ်ဖူး ဆိုတဲ့ လင်းဝါနံကြောင်ကြီးကို အဝါစင်းပျောက်သွားအောင် ဆံပင်နက်ဆေးတွေ နဲ့ အရောင်ဆိုးပြီး လာရောင်းတာတဲ့ ဗျ '' "ကြံကြံ ဖန်ဖန် ကွာ ဝယ်သူက ဘယ်လို သိသွားတာလဲ ကွ '' "မြွေတွေကို ဖျင်အိတ်ထဲ ထည့်ပြီး ဖမ်းသိမ်းကြတဲ့အခါ အဲဒီနေ့က ဖျင်အိတ်ကုန်နေလို့ ဆိုပြီး မြူအိုးအသစ်ထဲ ထည့်ထားသတဲ့ '' "အေး ဟုတ်ပြီ '' "မြူအိုးကျဥ်းလေးထဲ မြွေက တွန့်လိမ်ပွတ်သပ် ထွက်ပေါက်ရှာမှာပေါ့ ဗျာ အဲဒါ မနက်လင်းတော့ အိတ်ထဲ ထည့်ဖို့ သွားကြည့်လိုက်တာ မြူအိုးတခုလုံး မဲနေတာနဲ့ မြွေကို မသင်္ကာလို့ ဆပ်ပြာနဲ့ ဆေးကြည့်လို့ သိရတာတဲ့ '' "ရှာရှာဖွေဖွေကွာ အဲဒီလိမ်တဲ့ကောင် ဖမ်းရောလား '' "နေအုံး စခန်းမှုးက ထပ်မေးတာပေါ့ ဒါဆို လိမ်တဲ့ကောင်က ဘယ်သူလဲ ပေါ့ '' "အေး ဘယ်သူတဲ့လဲ ကွ '' "လာပြီးရောင်းတဲ့ အချိန်က နေဝင်ဖြိုးဖျလေး တဲ့ နောက်ပြီး သူကလည်း မြွေကိုအလေးချိန် တဆယ်သားလောက် ခိုးချိန်ထားလို့ ပိုင်ရှင်ကို မကြည့်ရဲတာနဲ့ ဘယ်သူမှန်း မသိဖူး တဲ့ '' "ကောင်းရော ကွာ စခန်းမှူးက ဘယ်လိုလုပ် ဖမ်းမလဲ ကွ '' "စခန်းမှူးက ပြောတယ် ဗျ အေး သူခိုးနဲ့ လူလိမ် နှစ်ယောက်လုံး ဖမ်းမယ် မင်းကို အရင်ဖမ်းရမယ် ဆိုတော့ လာတိုင်တဲ့ မြွေပွဲစားလည်း မနည်းတောင်းပန်ပြီး ပြန်ပြေးပါရောလား ဗျာ '' "ပေါက်တီးပေါက်ရှာ ကွာ အဲဒါ ထားစမ်းပါအုံး ကွာ အခု ငါတို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း ပြဿနာကို ပြောကြည့်အုံး '' "ကြီးကြီးကျယ်ကျယ် ဗျာ တိုင်းရေး ပြည်ရေး တွေးဆရအောင် ခင်ဗျားရော ကျနော်ကော ဘာကောင်တွေမှ မဟုတ်ဖူး အသာထားစမ်းပါ ဗျာ အခုလောလောဆယ် ခင်ဗျား ဒီလိုမေးလာတော့ ကျုပ်မျက်စိထဲ ဘာမြင်နေသလဲ သိလား ဗျ '' "သိဖူးလေ ဘာမြင်နေလို့ လဲ '' "ဆေးဆိုးပန်းရိုက်မြွေကြီး တွန့်လိမ် တွန့်လိမ် ဖြစ်နေတာ ပြန်မြင်နေတယ် ဗျို့ '' "လစ်ပြီ ငမျိုးရေ မင်းဘာသာ အဲဒီမြွေကြီး လည်ပင်းပတ်ပြီး နေခဲ့တော့ ခွေးကောင် ငပိကျော်နံ့ မပါရင် ပြောကို မပြောတတ်တော့ဖူး '' ......ဟမ်..ကိုကြီးစိုးတယောက် ဘာတွေ အတွေးပေါက်ပြီး ကပျာကယာ ထပြေးသွားတယ် မသိဖူး ဗျာ ၊ ကျနော်က ကိုယ့်ဘာသာ ဆေးဆိုးထားတဲ့ မြွေကြီး တကယ်သတိရလို့ ပြောမိတာကို ပြေးတာ တန်းနေတာ ပဲ ၊ ကဲ ခင်ဗျားတို့ရော ကိုကြီးစိုး ဘာကြောင့် ထွက်ပြေးသွားလဲ သိကြရဲ့လား ဗျ 😁😁😁 ကိုရွှေမျိုးဝင်း
ရွှေဖလားနဲ့ သူတောင်းစား ======================= တခါတုန်းက အင်မတန်ဥာဏ်တုံးတဲ့ သူတောင်းစားတယောက်ရှိတယ် ။ သူ့ကို သနားတဲ့ သူဌေးကြီးတယောက်က... '' မင်းကို ငါက ရွှေ ၁ ပိဿာပေးရင် မင်းဘာလုပ် စားမလဲ '' '' ဟာ...သူဌေးကြီးကလည်း '' အ ''ပါ့ဗျာ ရွှေ ၁ ပိဿာတောင် ရှိနေမှပဲ ရွှေဖလားကြီး လုပ်ပြီး တောင်းစားမှာပေါ့ '' သူဌေးကြီးလည်း တွေးသတဲ့... အင်း.. ဒီလို ငတုံးမျိုးကို ရွှေပေးလည်း ရွှေဆုံးရုံထက်မပိုဘူး.. ဆိုပြီး ငွေတကျပ်ပေးပြီး ပြန်ခဲ့ရသတဲ့ ။ ********** ၈၈ အရေးအခင်း စဖြစ်တော့ သူများယောင်လို့သာ လိုက်ယောင်ရတဲ့ ၈ ပူးတွေရော ပြည်သူတွေကော ဘာအော်လို့ အော်ရမှန်းတောင်မသိဘူး ။ ဒီမိုကရေစီ ဆိုတာ အဲဒီ ၈ ပူးတွေ ကြားတောင် မကြားဖူးကြသေးဘူး ။ ဦးနေဝင်းက သူ့မိန့်ခွန်းမှာ ပြည်သူတွေ တပါတီစနစ်ကို မကြိုက်ဘူးဆိုရင် ပါတီစုံဒီမိုကရေစီ စနစ်ကို ပြောင်းပေးရမယ် ဆိုပြီး ထည့်ပြောမှ ဂယောင်ခြောက်ခြား ဒီမိုကရေစီ ချက်ခြင်းပေး ထအော်ရတာ မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် မသေသေးဘူး မေးကြည့်ကြ ။ မဆလ ပါတီက ပါတီစုံရွေးကောက်ပွဲလုပ်ပေးမယ် ဆိုပြီး ကြေညာတော့လည်း ကြားဖြတ်အစိုးရတဲ့ ။ ငပိရလို့ ဆားတက်ကြယ်တဲ့ နိုင်ငံရေးလောဘအိုးတွေကြောင့် ဦးစောမောင်က အာဏာသိမ်းတယ် ။ ၁၉၉၀ မှာ ရွေးကောက်ပွဲကျင်းပပေးမယ် ။ အနိုင်ရအမတ်တွေ နဲ့ ပြည်သူယုံကြည်ရတဲ့သူတွေက ခြေ / ဥ ရေးဆွဲပါ ။ ခြေ / ဥ ဆွဲပြီးရင် အာဏာလွှဲပေးမယ် တဲ့ ။ NLD လည်း ရွေးကောက်ပွဲနိုင်ရော အာဏာချက်ခြင်းလွှဲပေးလို့တောင်းပြန်ရော ။ မဟုတ်ဖူး ခြေ / ဥ အရင်ဆွဲ ။ NLD က ခြေဥကို ကျုပ်တို့ ၂ နာရီအတွင်း ရေးဆွဲနိုင်သတဲ့ ။ ဟ.. ဒီလို မဟုတ်ဖူး ခင်ဗျားတို့ချည်း ဆွဲရင် ခင်ဗျားတို့ပါတီပဲ တသက်လုံးနိုင်အောင် တဖက်သပ်ရေးဆွဲသွားမှာပေါ့ ။ ဒီလိုနဲ့ မျမျတတ သာသာယာယာ ရေးဆွဲကြရင် ၂ နှစ်ထက် မကြာနိုင်ပေမယ့် ငြင်းကြ ခုန်ကြရင်း အကန်ဇယားခင်းနေလို့ ဦးသန်းရွှေက ပြောမရ ဆိုမရ အာဏာရူးတွေကို နပန်ကျင်းပြီး ၁၉၉၂ ကနေ ၂၀၀၈ အထိ စိန်ပြေနပြေ ခြေ / ဥ ရေးဆွဲခဲ့ပြန်တယ် ။ ကဲ နောက်ဆုံးတော့ ၂၀၀၈ အောက်မှာပဲ ကျမ်းသစ္စာဆိုပြီး NLD အာဏာရလာပါပြီ ။ ကျမ်းသစ္စာဆိုခဲ့ပေမယ့် သစ္စာဖောက်ပြီး ခြေ / ဥ ကို ဖျက်ဖို့အထိ အားထုတ်ကြတယ် ( ပြင်စရာရှိတာ လက်ခံကြပေမယ့် ဖျက်ဖို့လုပ်လာတာတော့ ဘယ်လက်ခံမလဲ) နောက် ဖျက်မရ ပြင်မရတော့ မဲခိုးတယ် ။ မဲ မသမာမှုလုပ်တော့မယ်ဆိုတာ သိသာနေလို့ တပ်မတော်က သတိထားစောင့်ကြည့်တယ် ။ ရှင်းခိုင်းတော့ မရှင်းပေးပဲ လူမိုက်စတိုင် လွှတ်တော်ဇွတ်ခေါ်ပြီး မတရားနည်းနဲ့ အာဏာရယူဖို့ အားထုတ်တယ် ။ တပ်ချုပ်ကြီးက အာဏာထိမ်းတယ် ။ ရွေးကောက်ပွဲ ပြန်လုပ်မယ် ၁ နှစ်ပဲစောင့်တဲ့ ။ အာဏာရူးတွေက လက်နက်ကိုင်တော်လှန်ကြတယ် ။ ပြည်သူတွေ ဘဝပျက်ကြရတယ် ။ ပြည်သူတွေသာ ဘဝပျက်ကြရတာ တပ်ချုပ်ကြီးက အေးအေးဆေးဆေးပဲ ၆ အလီရွတ်ရင်း စောင့်တယ် ။ ၅ နှစ်အကြာ အခု ရွေးကောက်ပွဲ ကာလ သတ်မှတ်ပြီး ကမ္ဘာသိကြေညာတယ် ။ အာဏာရူး နီတုံးတွေက လက်မခံဘူးတဲ့ ၊ ဘုရင်ရူး သူပုန်တွေက ပျက်အောင်ဖျက်မယ်တဲ့.... - ၈၈ တုန်းက ဦးနေဝင်း ပေးတဲ့ အခွင့်အရေး ရအောင်မယူခဲ့ဘူး.. တပ်မတော်က အာဏာသိမ်းတယ်... - ၁၉၉၀ ဦးစောမောင် ပေးတဲ့ အခွင့်အရေး ရအောင်မယူဘူး နေ့ခြင်းညခြင်း အာဏာလောဘဇောတိုက်ပြီး အာဏာယူဖို့ အားထုတ်ရင်း လိုတာထက် နှစ်ပေါင်း ၂၀ လောက် နောက်ကျသွားတယ်... - 2021 တပ််ချုပ်ကြီးမင်းအောင်လှိုင်က ၁ နှစ်ပဲစောင့်ပါဆိုတာ မဲသူခိုးတွေ လက်မခံဘူး လက်နက်ကိုင်တော်လှန်တယ်.. ၅ နှစ်အကြာ ရွေးကောက်ပွဲကျင်းပဖို့ စီမံတယ် လက်မခံဘူးဆိုပဲ.... မင်းတို့ဟာက အပေါ်ဆုံးက ငတုံး သူတောင်းစားထက် ဆိုးနေပြီနော် ။ ဘယ်လောက်တန်ဖိုးကြီးတာ ပေးနေပါစေ တောင်းစားဖို့ပဲ အသိဥာဏ်ရှိတဲ့ အဆင့်တွေလက်ထဲ အာဏာရသွားရင်လည်း... ရွှေဖလားနဲ့သူတောင်းစားတိုင်းပြည် ဖြစ်နေမှာပါပဲ ။ ကိုရွှေမျိုးဝင်း
အားမရဘူး ဆိုလို့ ================== တပ်မတော်က မြဝတီထိ ရှင်းပြီးသွားပြီ ထပ်ရေးပေးပါအုံးတဲ့ ။ ကွင်းကလေးရွာ သိမ်းပြီးတဲ့ သတင်းတင်ပြီး KNU နဲ့ PDF အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ကြိုရေးခဲ့ပါတယ် ။ တပ်မတော်ရဲ့ ဒေါသအမျက်က ကြောက်စရာပါပဲ ။ အမှန်က လက်နက်ကြီးတွေ ထိရောက်ချက်က အင်မတန်လန့်စရာကောင်းလှပါတယ် ။ ရန်သူတွေအတွက် အနည်းငယ် စုဖွဲ့မိတာနဲ့ '' ဂျိမ်းကနဲ '' ကျလာတဲ့ လက်နက်ကြီးကျည်က တစု တဖွဲ့လုံး ကားကနဲ ဖြစ်ကုန်ကြတယ် ။ စုဖွဲ့ မနေရဲလို့ သတ်မှတ်ထားတဲ့ ဆုတ်လမ်းအတိုင်းပြေးကြတယ် ။ ဒါလည်း အများအားဖြင့် ပြေးမလွတ်ဖူး ပြေးလမ်းအတိုင်း အဆော်ခံရတာပါပဲ ။ ဒီတော့ အပြေးမြန်တဲ့ ကပ်ခွာ စောချစ်သူရဲ့ KNA လိုလို BGF လိုလို မာရသွန်အဖွဲ့က သစ္စာဖောက်လို့ ဆိုပြီး ဂယောင်ခြောက်ခြား စွပ်စွဲကြပြန်တယ် ။ တကယ်တန်းကျတော့ ကရင်ဒေသဖွား ငယ်မွေးခြံပေါက် မူလ DKBA ဘိုဘိရဲ့ တပ်သားတွေက စစ်ကြောင်းတိုင်းမှာ ပါတယ် ။ ပြေးလမ်း ဆုတ်လမ်း စုဖွဲ့နေရာတွေကို သူတို့က ခန့်မှန်းတင်ပြတယ် ။ အဆင့်မြင့်ဒရုန်းတွေက ထောက်လှမ်းတယ် ။ အတည်ပြုပြီး ဆော်တယ် ဒီတော့ သေခြင်းဆိုးနဲ့ သေကုန်တယ် အဖြေက ဒါပဲ ။ တပ်မတော်မီဒီယာတခုက တင်ထားတာ တွေ့လိုက်တယ် ။ ရုရှားက ထောက်လှမ်းရေးဒရုန်းသည် နာရီ ၃၀ မရပ်မနား ထောက်လှမ်းနိုင်သတဲ့ ။ သတ္တုပါရင် ထောက်လှမ်းနိုင်သတဲ့ ။ အဲဒါ နမူနာအစီးရေ အနည်းငယ် တပ်ချုပ်ကြီး ပြန်လာတော့ ပါလာတယ်လို့ ရေးသားထားပါတယ် ။ အဲဒါမှန်ရင်တော့ KNU သာမက သူပုန်အပေါင်းအတွက် ဇတ်သိမ်းခန်း နီးလာပါပြီ ။ နောက်လေကြောင်းတိုက်ခိုက်မှုကလည်း အရမ်းအဆင့်မြင့်လာပါပြီ ။ လေယာဥ်သံကြားရချိန်မှာ ကြဲချတဲ့ ဗုံးက အောက်မှာ ဝုန်ဒိုငိးကြဲနေပါပြီ ။ လေယာဥ်တွေက အသံထက်မြန်တဲ့ အတွက် ရှောင်တိမ်းချိန်မရသလောက်ပါပဲ ။ ဒါက ပေါင် ၅၀၀ မို့လို့ပါ ။ အကယ်၍ အဆင့်မြင့်ဒုံးကျည်နဲ့ ပစ်ခတ်မယ်ဆိုရင် ဘာသံမျှ မကြားလိုက်ရပဲ အဝီစိရောက်ရပါ့မယ် ။ SU 30 မှာ တပ်ဆင်ထားတဲ့ ဒုံးတွေက ကီလိုမီတာ ထောင်နဲ့ချီသော အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ် ။ အေလာ လေဆိပ်ကနေ အပေါ်ပျံတက် လေယာဥ်ကွင်းပေါ်ပဲ ပတ်ဝဲပြီး ပစ်မှတ်ကို ရွတ်ကနဲ ပစ်ပြီး လေယာဥ်ကွင်းထဲပြန်ဆင်း.... လေယာဥ်မှူး ကော်ဖီသောက်နေချိန် ပစ်မှတ်က ပြာကျနေပြီ ။ သဘောပြောတာပါ အဲဒီ စနစ်နဲ့ မတန်လို့ မပစ်ကြပါဘူး ။ မိမိခြေလျှင် ချေမှုံးရေး တပ်တွေကလည်း ဘယ်လောက်တောင် သရဲမရဲ စီးသလို ရဲရဲရင့်ရင့် တိုက်ခိုက်တယ် မသိဘူး ။ ရန်သူကတော့ သွေးလေခြောက်ပြီး စစ်သည်တွေက မူးယစ်ဆေးသုံး တရကြမ်းတိုက်ကြလို့ ထွက်ပြေးကြရသတဲ့ ဝါဒဖြန့်နေကြပုံ ပြောပါတယ် ။ ရန်သူတွေက သင်္ကန်းညီနောင်ကနေ ခွေးပြေးဝက်ပြေး ပြေးကြတယ် ။ BGF တွေလည်း သူတို့နယ်ထဲ ဝင်လာရင် ရောအကြိတ်ခံမှာ ကြောက်လို့ ပိတ်ဆို့ထားတယ် ။ ဟိုရွာ ဒီရွာထဲကို ဝင်ပြီး ယူနီဖောင်းချွတ် အရပ်ဝတ်နဲ့ ရွာသားဟန်ဆောင်ကြတယ် ။ KNU ကတော့ ကရင်စကားတတ်လို့ အတော်အသင့် ဟန်ကျပေမယ့် ဗမာပဒက်တွေ တိုင်ပတ်ရပြီ ။ စစ်ကြောင်းတွေဝင်စစ်တော့ အကုန်ပေါ်ပဲ ။ ယခု နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပါတယ် ။ စစ်ရေးရည်မှန်းချက်ကို မသိရသေးပေမယ့် လတ်တလော လေးကေကော်နဲ့ စွယ်တော်ကုန်းကို ပြန်သိမ်းပေးရင်တော့ အတော်ပျော်စရာကောင်းမှာပါပဲ ။ စွယ်တော်ကုန်းက အင်မတန်အချက်အခြာကျလွန်းပါတယ် ။ နယ်စပ်စခန်းတွေအတွက် စွယ်တော်ကုန်းက နံရံကြီးလို ပစ်ကူပေးနိုင်ပါတယ် ။ အာရှလမ်းမကြီးက ရန်သူဖြတ်ဆီးသွားတဲ့ တံတားအချို့ နဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရှင်းလင်းရပါအုံးမယ် ။ တပ်မတော်ရဲ့ တိုက်စစ်စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့ အာရှလမ်းမကြီးတိုက်ပွဲက သမိုင်းဝင်ပါပဲ ။ တချိန်တုန်းက ရေးခဲ့ဖူးတဲ့ နွားခြံကုန်းရွာ တိုက်ပွဲ အရေးကြီးကြောင်း ၊ ဒီလမ်းကြောင်း ကော့ကရိတ်ရောက်မှ ထောက်ပို့စနစ် ထိရောက်ပြီး နယ်စပ်မျဥ်းထိ ကူညီနိုင်မယ်လို့ သုံးသပ်စဥ်က ဘာဆိုင်လဲ ဝေဖန်ခဲ့သူတွေ အခုလို ဆိုင်နေတာ သက်သေပြနိုင်လို့ ကျေနပ်မိပါတယ်ဗျာ ။ ကိုရွှေမျိုးဝင်း
အမေရိကန်နဲ့ ဥရောပတခွင် ပြဲပြဲစင်အောင် လျှောက်သွားပြီး ဟိုနိုင်ငံကိုကယ်တင်ပါအုံး ဒီနိုင်ငံကို ကူညီပါအုံး နဲ့ ဖင်ပေးပေါင်းပြီး အဝေးရောက်ပြည်ဖျက် လုပ်နေကြတာမှ ပြည်ပအားကိုး မအေလိုး အစစ် ။ မဲဆောက်ကနေ လိုင်းပေါ်တက် တောင်ပြော မြောက်ပြောနဲ့ အလှူခံ မြှောက်ပေး ခွက်ခေါက်နေတဲ့ နီတုံးတွေကမှ ယိုးဒယားအားကိုး မအေလိုး အစစ် ။ ကဲ ဘယ်သူက ပြည်ပအားကိိုးလည်း မြင်ကြပြီလား....? ကိုရွှေမျိုးဝင်း
ပြည်ပအားကိုး ================ ကဲ တချိန်တုန်းက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတဲ့ ဒီစကားလုံးက ဒီနေ့ခေတ်မှာ အတော်လေး ပြန်လည် ခေတ်စားနေရပါပြီ ။ နဝတခေတ်တုန်းက ဘရွှေကြီး မြိုင်မြိုင်ဆိုင်ဆိုင် သုံးခဲ့တာပေါ့ ။ ဒီနေ့တော့ ဘရွှေကြီးရဲ့ အလုံးကြီးက နီတုံးတွေရဲ့ ပါးစပ်ထဲ အပြည့်ရောက်သွားရပါပြီ ။ တပ်ချုပ်ကြီးရဲ့ ရုရှားခရီးစဥ်တွေ ၊ တရုတ်ပြည်ခရီးစဥ်တွေ ရှိလာတိုင်း ဘရွှေကြီးရဲ့ အလုံး ပြေးပြေးငုံနေရတဲ့ နီတုံးတွေ သိဖို့ '' ပြည်ပအားကိုး '' ဆိုတဲ့ စကားလုံးကို ရှင်းပြချင်ပါတယ် ။ တပ်ချုပ်ကြီး ရုရှားကိုသွားတယ် ။ ဘယ်လိုသွားသလဲ.... ? တိုင်းပြည်ခေါင်းဆောင်တယောက် မိတ်ဆွေနိုင်ငံအကြီးအကဲတယောက်ကို ဖိတ်ခေါ်တဲ့ အဆင့်နဲ့ ကျကျနန လေးလေးစားစား ဖိတ်ခေါ်ကမ်းလှမ်းကြတယ် ။ ရောက်တာတော့လည်း အကြီးအကဲဂုဏ်ရည်နဲ့ ထိုက်တန်စွာ ခမ်းခမ်းနားနား လေးလေးစားစား ကြိုဆိုကြတယ် ။ ယုံကြည်မှုအပြည့်နဲ့ စီးပွားရေး နိုင်ငံရေး စစ်ဘက်ဆက်ဆံရေးတွေ ဆွေးနွေးကြတယ် ။ နှစ်နိုင်ငံအကျိုးအတွက် အပြန်အလှန် သဘောတူညီချက်တွေကို အမျှတဆုံး စဥ်းစား ညှိနှိုင်းကြပြီး သဘောတူလက်မှတ်ရေးထိုးကြတယ် ။ ဒီလုပ်ငန်းစဥ်က ရုရှား ၊ ဘီလာရု ၊ တရုတ် အိန္ဒိယ အားလုံးအတူတူ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဥ်တွေချည်းပဲ ။ ဒီနေရာမှာ ရုရှားက လက်နက်ရောင်းချသူ ၊ မြန်မာက ရုရှားဆီမှာ အဆင့်မြင့်နည်းပညာတွေ သင်ကြားဖို့ သင်တန်းသားတွေ စေလွှတ်ထားတဲ့ တိုင်းပြည် ။ ပြည်တွင်းစစ်ဖြစ်နေတယ် ၊ လိုအပ်တဲ့ အဆင့်မြင့်လက်နက်တွေ ဝယ်တယ် ဘယ်နေရာမှ ပြည်ပအားကိုးတာ တွေ့ရပါသလဲ....? နည်းပညာသင်ယူတာ နဲ့ လက်နက်ဝယ်တာသာ ပြည်ပအားကိုး အမည်တပ်ရရင် အမေရိကန်နဲ့ နေတိုးတဖွဲ့လုံးကို တယောက်တည်းနဲ့ စိန်ခေါ်နေတဲ့ ပူတင်လည်း ပြည်ပအားကိုးပဲ ( မြောက်ကိုးရီးယားဆီကနေ လူသူနဲ့ လက်နက်တွေဝယ်တယ် ၊ အီရန်ဆီက ဒရုန်းနဲ့ ဒုံး ဝယ်တယ် ၊ မြန်မာပြည်က 155 mm ကျည်ဆံတောင် ဝယ်လိုက်သေး) ပြောချင်တာက လက်ရှိ မြန်မာ့တပ်မတော်ရဲ့ မိတ်ဖက်ရှာခြင်း ၊ လက်နက်ဝယ်ခြင်း ၊ နည်းပညာသင်ယူခြင်းတို့ ဆိုတာ နိုင်ငံတိုင်း လုပ်နေကြတဲ့ သမရိုးကျအလုပ်တွေဆိုတာ သိဖို့ပါပဲ ။ ဒါဆို လားရှိုးကို စစ်မတိုက်ပဲ ဘာကြောင့် ပြန်ရခဲ့သလဲ...? တရုတ်အားကိုးပြီး ရတာမဟုတ်လား... ? UWSA ၊ TNLAA ၊ MNDAA တို့ကို တရုတ်က ဖိအားပေးဖို့ တိုက်တွန်းနေတာ တရုတ်အားကိုး မဟုတ်လားလို့ ပြောချင်နေကြတာပါ, ..။ OK ပြောကြည့်စမ်းပါ လားရှိုးအထိ မင်းတို့ချည်း သီးသန့်တိုက်လို့ နိုင်ခဲ့တာလား...? လိပ်ပြာသန့်သန့် မဖြေနိုင်မယ့် မေးခွန်းမို့ ကိုယ်ပဲ ဖြေပေးလိုက်ပါ့မယ် ။ တရုတ်ပါတီရဲ့ သြဇာကြီးတဲ့ ပေါလစ်ဗျူရို တချို့ နဲ့ ကျိုယျပိုငျအုပျခြုပျခှငျ့ရ ယူနန်ပြည်နယ်တို့က ကူတိုက်ပေးလို့ ( လူအင်အား ၊ လက်နက်အင်အား ၊ နည်းပညာ ၊ ငွေကြေး) မင်းတို့ ယာယီနိုင်ခဲ့ကြတာပါ ။ ဒီအခြေအနေကို သိနေတဲ့ တပ်မတော်က ဘရွှေကြီးရယ် ၊ ဦးခင်ညွှန့်ရဲ့ တပည့် နိုင်ငံ့သားကောင်း ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်းကြီးတွေရယ် ပူးပေါင်းပြီ တရုတ်သမ္မတထိ နားပေါက်အောင် သက်သေအခိုင်အမာတွေနဲ့ ဆောင်ရွက်ခဲ့ကြတယ် ။ တရုတ်ဗဟိုကော်မတီထိ သတင်းမှန်ရောက်သွားပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည် ချက်ခြင်းရောက်လာတယ် ။ မှတ်မိအုံးမှာပါ ဝမ်ယိက ဘရွှေကြီးအိမ်သွားပြီး တရုတ်သမ္မတ ရှိီက လူကြုံ စာပေးလိုက်ပါတယ်ဆိုပြီး သူကိုယ်တိုင် တလေးတစား အိမ်တိုင်ရာရောက် လာပေးခဲ့တာကိုလေ ။ အဲဒီနောက် မင်းတို့ မြောက်ပိုင်း ၃ ဖော် ဘဝစပြီး ပျက်ခဲ့ကြတာပါပဲ ။ တပ်မတော်က တရုတ်ကို အားကိုးပြီး လက်နက် လူသူတောင်း ပြန်တိုက်နေတာ မဟုတ်ဖူးလေ ။ နိုင်ငံရေး နည်းအရ ခင်ဗျားလူတွေ ကျုပ်တို့ ပြည်တွင်းရေးဝင်စွက်နေပြီ ထိမ်းသိမ်းပေးပါဆိုပြီး နိုင်ငံရေးနည်းနဲ့ အချက်ကျကျ တောင်းဆိုခဲ့တာပဲ ရှိတယ်နော်.... လက်နက်ဝယ်တာကတော့ ဝယ်ရမှာပဲလေ ၊ ခွေးရူးကို ဘယ်သူက နဘမ်းသတ် ပြန်ကိုက်ပြီးမှ အနိုင်ယူမလဲကွ တုတ်ရှိ တုတ်နဲ့ရိုက်သတ်မယ် ၊ သေနတ်ဝယ်နိုင်ရင် သေနတ်ဝယ်ပြီး ပစ်သတ်ရမှာပဲလေ ။ အခု ပြည်တွင်းစစ်တိုက်ပွဲတိုင်းကို ကိုယ်လူမျိုး စစ်သည်တွေနဲ့ချည်း တိုက်နေတာ တွေ့တယ်မဟုတ်လား... ? တပ်မတော်က နိုင်ငံရေးနည်းအရ ဖိအားပေးမယ် ၊ စီးပွားရေးနည်းလမ်းအရ အပေးအယူလုပ်မယ် ၊ စစ်ရေးနည်းလမ်းအရ တရားဝင်အစိုးရမို့ တရားဝင်လမ်းကြောင်းကနေ အပ် ကနေ ဂြိုလ်တုအထိ ဝယ်သုံးမယ် အဲဒါ ပြည်ပအားကိုးဆိုရင်တော့ တကမ္ဘာလုံး ပြည်ပအားကိုးပဲ ။ နီတုံးတွေ ကိုယ့်ကိုကိုယ်ပြန်ကြည့်အုံး....ရှမ်းမြောက်အတွက် ယူနန်ပြည်နယ်က တရုတ်တွေကို ဘုရားပင့်သလို ပင့်လာပြီး ဒေသတခုလုံးကို ဖျက်ဆီးပစ်တာ ဘယ်မအေလိုးတွေလည်း...အဲဒါမှ တရုတ်အားကိုး မအေလိုး အစစ် ။ ယိုးဒယားနယ်စပ်ဖြစ်တဲ့ ကရင် နဲ့ ကယားသူပုန်တွေ ၊ ဘင်္ဂလားနယ်စပ်ဖြစ်တဲ့ ရခိုင်သူပုန်တွေ အနောက်တိုင်းသားကြေးစားတွေခေါ်ပြီး ပြည်ဖျက်နေတာမှ ပြည်ပအားကိုး မအေလိုး အစစ် ။
PPP ရဲ့ ဝှက်ထားတဲ့ လက်နက် ========================== PPP ပါတီမှာ ဥက္ကဌ ဒေါ်သက်သက်ခိုင် ပြီးရင် ပြည်သူလူထုကြား လူသိအများဆုံးက ဒေါက်တာမျိုးဆက်သွေးပါပဲ ။ မျိုးရိုးစဥ်ဆက် နိုင်ငံရေးလုပ်တဲ့ အတွက် သူ့ကို နိုင်ငံရေးလောကသားတွေ သိကြပါတယ် ။ PPP ပါတီရဲ့ အဓိက ကျောရိုးလို့တောင် ဆိုရနိုင််တဲ့အထိ လုပ်ရည်ကိုင်ရည် ရှိတဲ့သူပေါ့ ။ ရေးခဲ့ဖူးသလိုပါပဲ သူရဲ့အားနည်းချက်ဖြစ်တဲ့ အရက် အလွန်အကျွံ သောက်သုံးမှုကြောင့် ပါတီတွင်းမှာ လူပြောစရာဖြစ်ခဲ့ရပြီး NDF ပါတီကို ကူးပြောင်းသွ့ားခဲ့ပါတယ် ။ PPP ပါတီထဲမှာ ဒေါက်တာ မျိုးဆက်သွေးကို အပြိုင်ငြင်းခုန်နိုင်တဲ့ ပညာရှင်တယောက်ရှိနေသေးတာ လူသိနည်းလှပါတယ် ။ သူ့နာမည်က ဘကြီးအောင် ( ခ) ဒေါက်တာအောင်သူစိုး တဲ့ ။ ဒေါက်တာမျိုးဆက်သွေးနဲ့ ဒေါက်တာအောင်သူစိုးတို့ အဓိက ငြင်းခုန်ကြလေ့ရှိတာက ပါတီတွင်း ဗဟိုချုပ်ကိုင်မှုလိုတယ် မလိုဘူး ဆိုတဲ့ ကိစ္စက များပါတယ် ။ ဒေါက်တာအောင်သူစိုးကလည်း စိတ်ဝင်စားစရာကောင်းတယ် ။ သူ့ဖခင်က တပ်မတော်အရာရှိကြီးတဦးဖြစ်ပြီး မဲသဝေါတိုက်ပွဲမှာ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရတယ် ။ မိခင်က အရိုးပါရဂူ ဒေါက်တာခင်အေးဝင်းတဲ့ ။ သူမကတော့ ၈၈ အရေးအခင်းမှာ အစိုးရကို ဆန့်ကျင်ပြီး ပြည်ပကို ထွက်ခွာသွားခဲ့တယ် ။ ယခုလက်ရှိ သြဇီမှာ နေထိုင်ဆဲပဲ ဖြစ်ပါတယ် ။ ရပ်တည်ချက် မတူသော မိဘ ၂ ဦးရဲ့ ရင်သွေး ဒေါက်တာအောင်သူစိုးကိုတော့ ငယ်စဥ်ကတည်းက သူ့ရဲ့ ဦးကြီးတော်သူ အစိုးရအရာရှိကြီးက ပြုစုစောင့်ရှောက်ခဲ့ရတယ် ။ 2010 မှာ နိုင်ငံရေးသိပ္ပံဘွဲ့ကို အိန္ဒိယနိုင်ငံမှာ ရယူခဲ့ပါတယ် ။ 2012 မှာ ဥရောပမှနိုင်ငံရေးသိပ္ပံ ( မဟာဘွဲ့) ထပ်ရခဲ့တယ် ။ 2013 မှာ အိန္ဒိယမှ ပါရဂူဘွဲ့ထပ်ယူခဲ့ပါတယ် ။ သူက PPP ပါတွင်းမှာ နိုင်ငံရေးသိပ္ပံကို မျှဝေသင်ကြားပေးသူဖြစ်ပါတယ် ။ သို့သော် မီဒီယာများ ပြည်သူများရှေ့မှောက် ထွက်မလာတဲ့သူမို့ သူ့ကို ပါတီဝင်တွေ သိပေမယ့် ပြည်သူတွေ မကြားဖူးကြပါဘူး ။ ပြည်ပမှာ နှစ်ပေါင်း ၂၀ လောက်နေထိုင်ခဲ့ပြီး ဘယ်အချိန်က PPP ပါတီဝင်ဖြစ်နေမှန်း မသိရပါဘူး ။ အလွန်သိုသိပ်စွာ နေတတ်သူမို့ သူသည် နိုင်ငံခြားသားခံယူထားသူလား... ? ဒီနိုင်ငံသား ဖြစ်နေသူလား စိတ်ဝင်စားစရာပါပဲ ။ ( ရွေးကော်ဥပဒေနဲ့ ညီညွတ်လို့သာ အမတ်လောင်းစာရင်းသွင်းတာလားဆိုတဲ့အချက်ကလည်း တွေးစရာပေါ့) ဒီအချက်ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူသည် ဖခင် နဲ့ မွေးစားဦးကြီးလို တပ်မတော်ထောက်ခံသူလား...? သူ့မိခင်လို တပ်မတော် ဆန့်ကျင်သူလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ ။ မြန်မာ့နိုင်ငံရေး စာမျက်နှာမှာ ပညာတတ်လူငယ်တဦးလို့ ဆိုနိုင်ပေမယ့် တပ်မတောနဲ့ စိတ်တူကိုယ်တူ ပူးပေါင်းပြီး တိုင်းပြည်ထူထောင်မယ့်သူလား..? ယုံကြည်ဖွယ်မရှိလောက်တဲ့ ပြည်ပသြဇာခံ ပညာတတ်လူငယ်ဖြစ်လေမလား..? သူ့အကြောင်း စိတ်ဝင်တစား တင်ပြရတာက သူသည် လာမယ့်ရွေးကောက်ပွဲမှာ NDF ပါတီရဲ့ နာမည်ကျော် ဒေါ်စန္ဒာမင်းနဲ့ ဒဂုံမြို့နယ်မှာ ယှဥ်ပြိုင်အရွေးခံမယ့်သူ ဖြစ်နေလို့ပါပဲ ။ ရွေးကောက်ပွဲရောက်ခါနီးမှ သူ့ကို ပွဲထုတ်ပြီး ပြိုင်ဘက်ပါတီရဲ့ အမာဆုံးအမတ်လောင်းနဲ့ ယှဥ်ပြိုင်ခိုင်းတဲ့ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ လှို့ဝှက်လက်နက်အဖြစ် အောင်မြင်မလားဆိုတာတော့ စောင့်ကြည့်ကြရအုံးမှာပါပဲ ။ ကိုရွှေမျိုးဝင်း
ပေါက်ကွဲမှုတို့ စွမ်းဆောင်ရည် ========================= ဒရုန်းတွေကနေ အများဆုံး အသုံးပြုနေတဲ့ 120 mm ဗုံးသီးတလုံးက ပစ်မှတ်ကို ၁၀ မီတာအတွင်း တိတိကျကျ ထိမှန်ပါတယ် ။ ပေ 30 - 40 ပတ်လည်အတွင်း အတွင်း သေစေနိုင်ပါတယ် ။ ပေ ၁၀၀ ပတ်လည် အတွင်း ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ် ။ နောက်တမျိုးက လေယာဥ်ကနေ ကြဲချတဲ့ ပေါင် ၅၀၀ ဗုံး ။ သူက ပေ 150 - 200 ပတ်လည် သေချင်းဆိုးနဲ့ သေနိုင်တယ် ။ ပေ ၄၀၀ ပတ်လည်အတွင်း ကြီးမားတဲ့ ပျက်စီးမှု ဖြစ်စေမယ် ။ ပေ ၈၀၀ ပတ်လည်အတွင်း အသေးစားထိခိုက်မှုတွေ သသက်ရောက်မယ် ။ နောက်တမျိုးက 155 mm ဟောင်ဝစ်ဇာအမြှောက် ။ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက အမြှောက်နဲ့ အမြှောက်ကျည်ဆံ အမျိုးအစားအပေါ် မူတည်ပြီး ၁၂ မိုင် ကနေ ၃၃ မိုင်အထိ ရောက်တယ် ။ သူကလည်းကျည်အမျိုးအစားပေါ် မူတည်ပြီး ထိခိုက်သေကျေနိုင်တဲ့ အဝန်းအဝိုင်းကွာခြားချက်ရှိတယ် ။ အနိမ့်ဆုံးနဲ့ပဲ တွက်ပြမယ် ၁၆၅ ပေ ပတ်လည် သေရင်သေ မသေရင် သေလုမျှောပါး ဒဏ်ရာပြင်းထန်မယ် ။ ပေ 330 - 500 ပတ်လည်ထိ အသေးစားဒဏ်ရာရမယ် ။ အဲဒါနဲ့ မပြီးသေးဘူး ခြံရံပစ်ခတ်ရတဲ့ ကျည်ကြဲ ( ICM - Improved Conventional Munition) ဆိုတာ ရှိသေးတယ် ။ သူက မိုးရွာချသလိုမျိုး ကျည်ဆံ 40 / 60 ကျလာမယ် ။ ကျည်ကြဲ တဆံက ကားတစီးပြာကျမယ် ။ သူက ဧရိယာ ၃ ဧက ကနေ ၆ ဧက အတွင်း ငရဲပြည် ပို့နိုင်တယ် ။ ကဲ နောက်တခုနဲ့ မိတ်ဆက်ပေးအုံးမယ် ယာဥ်တင် အတွဲလိုက်ပစ်ဒုံးလို့ သိထားကြတဲ့ 122 mm (MLRS - Multiple Launch Rocket System) တွေပေါ့ ။ သူက ယာဥ်တစီးမှာ အများအားဖြင့် ကျည် 40 ပါတယ် ။ ကျည် 40 ကို အတွဲလိုက်ပစ်မယ်ဆိုရင် စက္ကန့် 20 ပဲ ကြာမယ် ။ အဲဒီ ကျည် 40 ရဲ့ ထိရောက်မှုက ဧက 40 ကနေ ဧက 60 အထိ အပြည့်အဝ ကိစ္စပြတ်သွားနိုင်တယ် ။ ( ဧက မသိတဲ့ နီတုံးတွေ နားလည်အောင်ပြောရရင်တော့ ဘောလုံးကွင်း ၁၀ ကွင်း စာကို စက္ကန့် ၂၀ အတွင်း အမှုံ့ဖြစ်စေနိုင်တယ် ။ သုဘရာဇာ ကျော်သူရဲ့ သမီးထက် ၁၀ ဆ အပြေးသန်ပါစေ မလွတ်ဘူး) အဲဒါထက် ပိုဆိုးတာက သူ့မှာလည်း ခြံရံပစ်ခတ်တဲ့ ကျည်ကြဲ (ICM - Improved Conventional Munition) စနစ် ပါဝင်တာပဲ ။ ဒုံးတွေက မိုးပေါ်ပျံသွားပြီး ကျည်ကြဲက မိုးရွာသလို ပြန်ကျလာမယ် ။ သူလည်း ပေါက်ကွဲအားက ကျည်ကြဲတခုခြင်းကိုပဲ ကားတစီး အစပျောက်တယ် ဆိုတော့ လူဆိုရင် တစစီကောက်ရုံပဲ ။ ဒါတွေက လှို့ဝှက်ချက်တွေ မဟုတ်ပါဘူး ။ ကမ္ဘာ့စစ်လက်တွေရဲ့ စွမ်းဆောင်ရည်တွေကို သိချင်ရင် အလွယ်တကူပဲ ရိုက်ရှာလို့ ရနေတဲ့ အချက်တွေပါပဲ ။ ( လျှို့ဝှက်ချက်တွေ ဘာလို့ ပြောတာလဲ ဘာညာကွိကွ လာမန့်မယ့် မအေလိုးတွေ သိအောင်ရေးပြတာ) အခုပြောတဲ့ လက်နက်တွေက သူပုန် နဲ့ ပဒက်အပေါင်းတို့ရဲ့ အိပ်မက်ထဲက လက်နက်တွေပဲ ။ တပ်မတော်ကတော့ အဲဒီလက်နက်တွေ ဖောခြင်း သောခြင်းပါပဲ ။ ပေါဆို ကိုယ်တိုင်ထုတ်နေတာ ဘရွှေကြီး လက်ထက်ထဲကလေ ။ တပ်မတော်က ဆင့်ပွား တီထွင်ပြီး ထုတ်လုပ်တတ်တဲ့ အကျင့်ရှိလေတော့ အင်တာနက်က ရှာတွေ့ထားတဲ့ စွမ်းဆောင်ရည်တွေထက် ပိုပြီး ထိရောက်ဖို့ပဲ ရှိတယ်လေ ။ ဒီလက်နက်တွေက ထိုးစစ်သုံးဖို့ ထုတ်ထားတဲ့ လက်နက်တွေပဲ ။ မင်းတို့ ရွှေထီးဆောင်းခဲ့တုန်းက တပ်မတော်က ခုခံစစ် ဆင်နွဲနေလို့ သိပ်အသုံးမဝင်ဘူးကွ ။ အခုလို ထိုးစစ်ကာလဆိုရင်တော့ '' တိုင်းယက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် '' ဆိုသလိုပေါ့ကွာ ။ လတ်တလောတော့ ကရင်ဘက်မှာ လက်နက်ကြီးအင်အား အရေအတွက် ဘယ်လောက်ပါပြီး ဘယ်လိုတွေ ပစ်ခတ်နေတယ် မသိဘူး တခါတခါ စုပြုံပစ်လိုက်ရင် ပတ်ဝန်းကျင် တခုလုံးရဲ့ တောတောင် လျှိုမြှောင်တွေ သိမ့်သိမ့်တုန်ကုန်သတဲ့ ။ လိုင်းပေါ်ကနေ ကိုယ်တွေ တင်နေတဲ့ စစ်သတင်း ၄၀ % လောက်ကို မယုံဘူး ပြောနေတဲ့ နီတုံးတွေ ခုတော့ ငိုသံပါကြီးတွေ ဟိုလူ့ အပြစ်တင် ၊ ဒီလူ့လွဲချ လုပ်နေကြရပြီလေ ။ ဘာတဲ့ ဒေါနတောင် ရအောင်ကျော်ကြည့်တို့ ၊ သင်္ကန်းညီနောင် စိတ်ကူးမယဥ်နဲ့တို့ အော်ကြပါအုံး ဟ ။ တပ်မတော်က စိတ်ကူးမယဥ်ဘူး သင်္ကန်းညီနောင်ကို လက်တွေ့ အိတ်ထဲထည့်ပြလိုက်ပြီ ။ အင်းးးးး ဒီပုံစံဆိုရင်တော့ ကရင်ဂွင်ထဲမှာ သူပုန်မပြောနဲ့ ရုက္ခစိုးတောင် ကျန်ပါ့မလားမသိဘူး ။ အဲဒါကြောင့် ရာသက်ပန် လူလည်လုပ်နေတဲ့ စောချစ်သူတောင် ရွေးကောက်ပွဲ အောင်မြင်အောင် ပံ့ပိုးရမယ် ဘာညာနဲ့ ဖောရှောလုပ်နေပြီလေ 😂😂 အူကြောင်ကြောင် ဗမာပဒက်တွေ တပ်မတော်က စစ်သည်တွေ မမြင်ဘူးလိုက်ပဲ ဘဝကူးရမယ့်ကိန်းဆိုက်နေပြီနော..... ( သနားလို့ ပေါင် ၁၀၀၀ တို့ ပေါင် ၂၀၀၀ တို့ တာတိုပစ် ၊ တာလတ်ပစ် မစ်ဇိုင်းတွေအကြောင်း မပြောတော့ပါဘူးလေ...တော်ကြာ သွေးတက်ပြီး သေးပါထွက်ကျကုန်ပါ့မယ်) ကိုရွှေမျိုးဝင်း
စီးပွားရေး နဲ့ စစ်ရေး =================== ပထမဆုံး မြဝတီလမ်းကြောင်းက စီးဝင်လာတဲ့ ကုန်တွေကို မြန်မာပြည်တွင်းကနေ စစ်ဆေးပိတ်ဆို့တယ် ။ လာဘ်စားကောင်တွေကြောင့် မထိရောက်ဖူး ။ အာရှလမ်း မပွင်ံ့တော့ သူပုန်တွေအတွက် ဝင်ငွေစီးကြောင်းကြီးက အရှိန်မပျက်ဘူး ။ ဒီတော့ ပထမဆုံး လာဘ်စားကောင်တွေကို ရှင်းထုတ်လိုက်တယ် ။ နောက်တဆင့်က ယိုးဒယားအဝင်ကို လုံးဝ ပိတ်ပစ်လိုက်တယ် ။ တာ့ခ်ခရိုင်ရဲ့ စက်မှုဇုံ လုပ်ငန်းတွေ စျေးကွက်ပျောက်ကုန်ပြီ ။ မိမိအလွန် မဖြစ်ဖို့ ရေလမ်းက လာပါ ခွင့်ပြုပါတယ် လုပ်ချလိုက်တယ် ။ ထိုင်းလုပ်ငန်းရှင်တွေ ငိုကြရပြီ ။ ပေးကားပေး၏ မရ ဆိုသလို ဖြစ်နေတာကိုး ။ တာ့ခ်ခရိုင် မဲဆောက် စက်မှုဇုံ နဲ့ မြဝတီက 6 ကီလိုမီတာ ( 3.7 မိုင်) လောက်ပဲ ဝေးတယ် ။ ဘန်ကောက်သွားရင် 420 ကီလိုမီတာ ( 260 မိုင်) ဝေးပါတယ် ။ လောင်စာဆီ ၊ လမ်းကြေး အဆပေါင်းများစွာ ကုန်ပါမယ် ။ အထူးသဖြင့် စားသောက်ကုန်များရဲ့ သက်တမ်းအရ အဆုံးအရှုံး များစွာ ဖြစ်ကြရပါပြီ ။ တရက်ကို ဘတ်သန်း ၅၀၀၀ လောက် ဆုံးရှုံးနေရကြောင်း ထိုင်းလုပ်ငန်းရှင်တွေ အော်နေကြတယ် ။ ကိုယ်တွေရဲ့ တပ်မတော်က အေးဆေးပဲ တံတားကို ပိတ်ထားတယ် ။ KNU ကို အာရှလမ်းကနေ မောင်းထုတ်မယ် ။ အာရှလမ်းပွင့်ရင် တံတားဖွင့်ပေးမယ် မပွင့်ရင် ကြိုက်သလောက်အော် ဖွင့်မပေးဘူး ။ ကဲ ယိုးဒယားသားတွေ ဘာလုပ်ကြမလဲ...? KNU ကို အရင်တုန်းကလို ပံ့ပိုးပြီး တပ်မတော်ကို ဒုက္ခပေးမလား...? တပ်မတော်ကို ကူညီပြီး KNU ကို အာရှလမ်းက မောင်းထုတ်မလား..? ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ ယိုးဒယားတို့ ဘာလုပ်ကြမလဲ... ? OK....State power ဆိုတာ မြင်အောင်ကြည့်နော် ။ နောက်ထပ် တရုတ်ပြည်ခရီးစဥ်မှာ ရွေ့တဲ့အတွက် ကြည့်ပါ ။ BRI လမ်းကြောင်း ဖောက်ကြစို့ ၊ မြစ်ဆုံပြန်စမယ် ၊ မြေရှားကိစ္စ G TO G သိက္ခာရှိရှိ ပူးပေါင်းလုပ်ကြစို့ ၊ အခြားသယံဇာတတွေကို အကျိုးရှိရှိ ကုန်ချောအဆင့်ထိ ပူးပေါင်း တူးဖော်ကြစို့..... ကဲ တရုတ်ကြီး ဘာဆက်လုပ်မယ် ထင်လဲဗျ.... ? အိန္ဒိယကိုတချက်ရှိုး....သူတို့အတွက် အသဲအသန်လိုအပ်နေတဲ့ မြေရှားကိစ္စ OK စေရမယ် ။ နယ်စပ်တည်ငြိမ်မှ နိုင်ငံဖြတ်ကူးလမ်းမကြီးတွေ ဖောက်နိုင်ပြီး အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ အကောင်အထည်ဖော်နိုင်မယ် ဒါတွေကြောင့် ဒေသတည်ငြိမ်ရေးအတွက် ကျုပ်တို့လုပ်သင့်တာ လုပ်မယ် တိတ်တိတ်နေပေး.... ဒါတွေ အောင်မြင်ဖို့ ( တပ်မတော်က စစ်ရေးကို အာရုံအပြည့် စိုက်နိုင်ဖို့) ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရ. တင်မြှောက်မယ် ။ ရွေးကောက်ပွဲ အောင်မြင်ဖို့ နဲ့ အသိအမှတ်ပြုဖို့က သင်တို့တာဝန် ဆိုတော့ကား..... ဒီလိုမျိုး စီးပွားရေးအကြောင်းပြုပြီး အိမ်နီးခြင်းတိုင်းပြည်တွေကို ချုပ်ပြတဲ့ အကွက်က အရမ်းသပ်ရပ်တယ် ။ ဒါက သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိစေတဲ့ Win - Win ပေါ်လစီလို့ ခေါ်တယ် ။ { အာဏာရူး အနောက်ကျွန် ၊ OIC နောက်မှီးဆွဲ NUG လို ကျုပ်တို့အာဏာရရင် ဘင်္ဂလီတွေကို တိုင်းရင်းသားပေးပါ့မယ် ဆိုတဲ့ ကတိစကားနဲ့ တိုင်းပြည်ပျက်အောင် အာဏာငမ်းဖမ်း အပေးအယူလုပ်ခဲ့တာနဲ့ ယှဥ်ကြည့်လေ } ကဲ နိဂုံးချုပ်ချင်တာက နိုင်ငံတော်ကတော့ သူ့အဆင့်နဲ့ ထိုက်တန်သော G TO G အပေးအယူတွေနဲ့ အိမ်နီးခြင်းတွေကို အပိုင်ချုပ်ထားပြီနော် ။ တိုက်စစ်ဆိုတာ ဘယ်လို.. လက်နက်ကြီးဆိုတာ ဒါမျိုး.... ချေမှုံးရေး စစ်ဦးဘီလူးဆိုတာ ဒီလိုပါလားလို့ မောင်ရင်တို့ သိနေပါပြီ ။ စီးပွားရေး မရှိရင် စစ်ဆက်တိုက်မရပါဘူး ။ လက်နက်ခြင်းလည်း မယှဥ်နိုင်ကြဘူး ၊ စစ်သည် အရည်အချင်း ကလည်း ဘာမှမဆိုင်ဘူး ၊ စီးပွားရေးက ခွက်ခေါက်နေရသူတွေနဲ့ ယှဥ်ပြရမှာတောင် အားနာစရာကောင်းလေး ၊ စစ်သည်အင်အားကရော ဒီဘက်က တနေ့တခြား တိုးပွားလွန်းလို့ ရှေ့တန်းပြန်တပ်တွေတောင် အများကြီးတွေ့နေရပြီ ။ မင်းတို့က မသာချလို့ကို လက်မလည်တဲ့ အနေအထား ကဲ အသေထွက် နဲ့ အရှင်ထွက် ဘယ်လမ်းကြိုက်လဲ ရွေးပေတော့ကွာ... ကိုရွှေမျိုးဝင်း
ကား နဲ့ မြွေ =========== ၂၀၀၀ ခုနှစ် ပတ်လည်တုန်းက မြင်းခြံ နဲ့ မန္တလေး အမြန်ကားလိုင်း ၄ လိုင်းရှိတာ မှတ်မိပါတယ် ။ သမစိတ္တကတော့ ဟိုင်းလပ်လေးတွေပါ ။ ကျန်တဲ့ ၃ လိုင်းက ကားကြီးတွေပေါ့ ဗျာ ။ အခုခေတ် အဝေးပြေးခရီးသည်တင်ကားတွေလို ခန်းညားတဲ့ ကားကြီးတွေ မသုံးနိုင်ကြသေးပါဘူး ။ ကားခေါင်မိုးပေါ်မှာ လူနဲ့ ပစ္စည်းတွေ တင်ပြီး ပြေးဆွဲနေရတဲ့ အချိန်ကပေါ့ ဗျာ ။ ကျောင်းဆရာ / ဆရာမ တွေက အဲဒီ ကားလိုင်းတွေမှာ တလ ၅၀ ကျပ် နဲ့ စာအုပ်လုပ်ထားပြီး စီးကြရပါတယ် ။ ကြည်ဖြူတဲ့ကား မကြည်ဖြူတဲ့ကား အမျိုးမျိုး ရှိတာပေါ့လေ ၊ ငြင်းတော့ မငြင်းရဲဖူး မတင်ဖူးငြင်းလို့ တိုင်လိုက်ရင် အဲဒီကားဆရာ ခေါ်ပြီး ပါးရိုက်တဲ့ ခေတ်ဗျ ။ ကျနော်တို့လည်း ကားစီးပြီ ဆိုရင် အမိုးပေါ်က ကပ်ခြံပေါ် တက်စီးပြီး ပစ္စည်းတွေ ဘာတွေ ကူချ ကူတင် လုပ်ပေးပါတယ် ။ အဲသလို ကူလုပ်ပေးတော့ ကားဆရာတွေကလည်း ကြည်ဖြူပါတယ် ဗျာ ။ ကားလိုင်းတွေက အပြိုင်မောင်းပြီး ခရီးသည် လုတင်ရတော့ မြန်မြန်တင် ၊ မြန်မြန်ချ ၊ မြန်မြန်မောင်း စနစ်နဲ့ သွားကြရပါတယ် ။ တနေ့ ခက်လန်းဆိုတဲ့ ရွာကနေ လူတယောက်က ဆွဲခြင်းလေးထဲ ပုဆိုးထုပ်လေး ထဲ့ပြီး ကားတားပါတယ် ။ အပေါ်တက်ဆိုပြီး သူ့ကို တက်ခိုင်းကာ ဆွဲခြင်းကို အောက်ကစပယ်ယာက ကျနော့်ဆီ မြှောက်ပေးပါတယ် ။ လှမ်းယူပြီး ဘေးနားချထားလိုက်ပါတယ် ။ ခြင်းပိုင်ရှင် အနားလာထိုင်တော့ ကားက သိမ့်ကနဲ ထွက်ပါရော ၊ သူ့ဆွဲခြင်းထဲက ပုဆိုးထုပ်ကြီးက လှုပ်တုပ်လှုပ်တုပ် မြင်လိုက်ရပါတယ် ၊ ကားလှုပ်လို့ပဲ ထင်ပြီး ဟေ့လူ အမဲ သား တွေလား ဆိုတော့ အင်းးးတဲ့ ။ (တောအမဲပေါ့ ဗျာ လိုင်စင်မရှိပဲ ရွာမှာ ကိုယ့်ဖာသာ သတ်ပြီး ခိုးရောင်းကြတာပေါ့) အဲလိုနဲ့ ကားက အရှိန် နဲ့ ရှေ့ကားကို လိုက်အဖိုက် လမ်းအကွေ့ တခုမှာ ယိမ်းယိုင်သွားပြီး ဘေးနားက အမဲသားပါ ဆိုတဲ့ ခြင်းကြီးက မှောက်ကျပါရော ။ ပုဆိုးထုပ်က သေချာမချည်ထားတော့ ပွင့်သွားပြီး ထွက်ကျလာတာ အမဲသား မဟုတ်ပဲ မြွေတွေ ဗျာ ။ မြွေပွေး ၊ မြွေဟောက် လင်းမြွေ အစုံပဲ ဗျို့ ။ အောက်က ကားဆရာက မသိပဲ နားထဲလေတဝှီးဝှီးတိုးအောင် အသားကုန်မောင်း ၊အပေါ်က မြွေတွေက ထွက်လာပြီး လူတွေကြားထဲ တောင်ပြေး မြောက်ပြေး လူတွေက ငယ်သံပါအောင် အော်ဟစ်နဲ့ ဗရုတ်သုတ်ခ ဖြစ်နေတာများ မပြောချင်ဖူး ဗျာ ။ အသံတွေ ဆူညံလွန်းမှ ကားဆရာက လမ်းဘေးချရပ်ပြီး ဘာဖြစ်တာလည်း တဲ့ ။ ကားအမိုးပေါ်က အလုအယက် ဆင်းပြေးပြီးမှ မြွေတွေ အကြောင်း ပြောပြလိုက်တယ် ။ အံမယ် မြွေဖမ်းသမားတွေ ပါလာတော့လည်း ဟန်ကျသားပဲ ဗျ ၊ ခဏပဲ တက်ဖမ်းကြတာ ပြန်ဖမ်းမိကြပါတယ် ၊ တချို့လည်း လမ်းမှာ ကျခဲ့မှာပေါ့ လေ ။ သတိတရ ဖြစ်စဥ်လေးပါ ဗျာ ၊ မြွေကကြောက်ရ ကားကအတင်းမောင်း ဆင်းမရ နဲ့ ချွေးကို ပြန်နေရောဗျို့ ။ စကားမစပ် ကျုပ်တို့ နိုင်ငံတော် ကားဆရာကြီးကိုလည်း သတိပေးလိုက်ကြပါအုံး ၊ ခေါင်မိုးပေါ်မှာ မြွေတွေထွက်လာနေပြီ ကားရပ်ပြီး မြွေပြန်ဖမ်းအုံးလို့ အန္တရာယ်ကင်းနေတဲ့ ကားခေါင်းခန်းထဲကနေ စွတ်မောင်းမနေနဲ့လို့......... ကိုရွှေမျိုးဝင်း { 2021 တုန်းက ရေးခဲ့ဖူးတဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံလေးပါ ဒီနေ့တော့ ကျုပ်တို့ကားဆရာကြီး ကားရပ်ပြီး မြွေဖမ်းနေတဲ့ သတင်းတွေကြားနေရပါပြီလေ....ဖမ်းရမယ့် မြွေတွေက အမျိုးစုံလေတော့ ကဏ္ဍများစွာအတွက် အားထုတ်ဖို့တော့ ကြိုးစားရအုံးမှာပါပဲ ..}
လောဘတင်းတောင်း လောင်းတိုင်းမပြည့် =============================== ၁ ။ လွတ်လပ်ရေး ရပြီးတော့ မင်္ဂလာဒုံ လေယာဥ်ကွင်းကို ဂျပန်အင်ဂျင်နီယာတွေနဲ့ တိုးချဲ့ပြုပြင်ကြတယ် ။ မြန်မာအလုပ်သမားတွေ ဝတ်တာ စားတာကြည့်ပြီး ဂျပန်တွေက ပြောတယ် '' မြန်မာပြည်သူတွေကို သနားတယ် ''.... တဲ့ ။ လုပ်ငန်းလုပ်နေတုန်း လုပ်ငန်းခွင်ထဲက ခဏခဏပျောက်တယ် ။ လုံခြုံရေး ဘယ်လောက်ပဲ တင်းကြပ်ပါစေ ပျောက်နေတာပဲ ။ ဂျစ်ကား ၂ စီး နဲ့ ကင်းလှည့်စောင့်နေတာလဲ ပျောက်တာပဲ ။ လုပ်ငန်းပြီးလို့ ပြန်ခါနီးမှာ ဂျပန်တွေက ပြောသွားတယ် ဒီလိုလူတွေနဲ့တော့ '' မြန်မာအစိုးရကို သနားတယ် ''......တဲ့ ။ ၂ ။ ဦးနေဝင်းလက်ထက်မှာ ကုန်စျေးနှုံးတွေ အဆမတန် တက်လာတယ် ။ စျေးတက်ခြင်းအကြောင်း စုံစမ်းတော့ ကုန်စည်တွေကို စျေးကွက်ထဲ မရောက်အောင် ဂိုဒေါင်တွေထဲ သိမ်းထားပြီး စျေးကစား အမြတ်ကြီးစားနေတာ သိသွားတယ် ။ ကုန်သည်တွေကို ဦးနေဝင်းက ခေါ်တွေ့ပြီး ကုန်စျေးနှုံးတွေ တက်နေရတဲ့အကြောင်းရင်း သိရပြီ ။ မတက်သင့်ပဲ တက်နေတာဖြစ်လို့ ခင်ဗျားတို့ ပုံမှန်စျေးနဲ့ ချရောင်းမလား ကျုပ်လက်နဲ့ ဂိုဒေါင်တွေဖွင့်ပြီး ပြည်သူတွေကို ဝေပေးလိုက်ရမလား ဆိုပြီး ပြောလိုက်တယ် ။ နောက်ရက်ကျ ပုံမှန်စျေးနှုံး တန်းဖြစ်သွားတယ် ။ ၃ ။ ပေါက်မြို့ကို လမ်းကြောင်းပိတ်ထားလို့ တပ်မတော်က အသက်သွေးချွေးပေးဆပ်ပြီး လမ်းကြောင်းဖွင့်ပေးခဲ့တယ် ။ ကားသမားတွေက ဝယ်ခိုင်းတဲ့ ပစ္စည်းတွေ သယ်လာကြတယ် ၊ လမ်းတလျှောက်မှာ စျေးကြီးပေးဝယ်လို့ အချို့ကို ရောင်းစားကြတယ် ။ ပေါက်မြို့ရောက်တော့ ငွေပြန်အမ်းပြီး စစ်သည်တွေက လမ်းမှာ ဝယ်လို့ ကြောက်ပြီး ရောင်းပေးရကြောင်း လိမ်ပြောကြတယ် ။ စစ်သည်တွေက ကိုယ့်ရိက္ခာနဲ့ကိုယ် လာကြတာ ဘယ်သူမှ ဝယ်မစားကြဘူး ဒါက ကားသမားတွေ တပ်မတော်ကို ခုတုံးလုပ် လိမ်ညာခဲ့ကြတာပါ ။ နောက်မြို့ကို ရောက်လာတဲ့ ကုန်စည်တွေကို အုပ်ချုပ်သူတွေက စျေးနှုံးသတ်မှတ်ပေးတယ် ။ ဥပမာ ဓာတ်ဆီ တလီတာ ၁၅၀၀၀ ၊ ဆား ၅၀ိ / သား တထုပ် ၅၀၀၀ ( ပုံမှန်စျေး ၅၀၀) အဲသလို သတ်မှတ်ထားတယ် ။ ရောင်းချတဲ့ စျေးနှုံး ၊ ရေးင်းရတဲ့ အရေအတွက် နေ့စဥ်စာရင်းတင်ခိုင်းထားတယ် ။ ဝိဿမသမား ကုန်သည်တွေက ဓာတ်ဆီတလီတာ ၃၀၀၀၀ိ / အထက် ၊ ဆားတပိဿာ ၅၀၀၀၀ိ လောက်နဲ့ ရောင်းချင်ကြတယ် ။ ပေါက်မြို့တောင်ဘက်က ရွာတွေကို ရောင်းချဖို့ ချိတ်ဆက်နေကြတယ် ။ မြေသြဇာတအိတ် ၉ သိန်းတဲ့ ၊ ဆေးပေါ့လိပ် တလိပ် 1700 တဲ့ ၊ မှတ်မိသမျှ စျေးနှုံးတွေပါ ။ ကုန်သည်တွေကလည်း အဲသလို ကလိမ်ကကျစ် လုပ်နေကြသေးတယ် ။ ကဲ ဖြစ်စဥ်တွေကြည့်လိုက် ပေါက်အာဏာပိုင်တွေ လုပ်တာ အမှန်တရားပဲ ( ဖြစ်စဥ် ၂ ကို ပြန်ကြည့် ပြည်သူ့အတွက် တည့်တည့်ကြည့်ပြီး လုပ်ကြတာ) လူလိမ်ကားသမားတွေက တပ်မတော်သားတွေရဲ့ အသက် သွေး ချွေးနဲ့ စွန့်စွန့်စားစား သယ်လာကြရတာကို နာမည်ဖျက်ပြီး ဖျံကျတယ် ။ ဝိဿမလောဘသား ကုန်သည်တွေက ကိုယ့်မြို့ရွာသားခြင်း မစာမနာ အမြတ်ကြီးစားဖို့ပဲ လောဘဇောတိုက်နေကြတယ် ။ ဖြစ်စဥ် ၁ ထဲက ဂျပန်တွေလိုပဲ အပြင်ပန်းကြည့်ပြီး အလုပ်သမားတွေကို သနားတယ် တဲ့ ။ နောက်တော့ ထိမ်းမရတဲ့ အလုပ်သမားသူခိုးအချို့ကြောင့် မြန်မာအစိုးရကို သနားတယ် ဖြစ်သွားပြန်ရော ။ ကျုပ်တို့လည်း ထစ်ကနဲရှိ အစိုးရ ကလော်လိုက် ၊ ဝေဖန်လိုက်သာ လုပ်နေကြရတာ ပေါက်မြို့က လူယုတ်မာတချို့ကြည့်ပြီး '' တပ်မတော်ကို သနားတယ် '' ပြောင်းအော်ရမလို ဖြစ်နေပြီ ။ '' လောဘတင်းတောင်း လောင်းတိုင်းမပြည့်'' တယ်မှန်တဲ့ စကားပုံပါပဲလား ။ ကိုရွှေမျိုးဝင်း
ကရင် ဂွင် ထိုးစစ် ( ၂) ===================== တပ်မတော်ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့တာက ဝေါလေဗျူဟာဆီကို စစ်ကူ စစ်ကြောင်းပို့သလိုပဲ မြဝတီ မြို့ထဲကို မိမိစစ်ကြောင်းများ ရောက်နှင့်အောင် အရင်ပို့ထားပါတယ် ။ ထိုင်း သတင်းစာတွေမှာ ပါတဲ့ အမှတ် ၂ တံတားမှာ တပ်မတော် စစ်ကြောင်းကြီး နေရာယူထားပြီဆိုတဲ့ သတင်းဟာ အမှန်ပါပဲ ။ စစ်ကြောင်းများက မိမိတာဝန်ကျရာ စစ်ရေးရည်မှန်းချက်များ အတိုင်း မြိုင်မြိုင်ဆိုင်ဆိုင်် တိတိကျကျ ပွဲကနေကြပါပြီ ။ နယ်မြေခံတပ်လည်း ဖြစ်ပြန် ဒေသခံ မူလ DKBA တို့ကလည်း ပူးပေါင်းတယ် ၊ စောချစ်သူနဲ့ သဘောထားမတူတဲ့ BGF တွေကလည်း တပ်မတော်နဲ့ အတူ အားဖြည့်ပေးတယ် ။ တဖက်က ရန်သူတွေကလည်း KNU ၊ PDF ၊ အကျိုးပြု DKBA ၊ PC. တို့ နဲ့ ကပ်ခွာ စောချစ်သူရဲ့ BGF တို့နဲ့ အာရှလမ်း လက်မလွှတ်ရရေး တိုက်ခိုက်ကြပါတယ် ။ တပ်မတော်ရဲ့ ပြီးပြည့်စုံတဲ့ လက်နက်ကြီး ဒရုန်း လေကြောင်းပစ်ကူ တို့ကြောင့် ရန်သူအများအပြား အလောင်းကို မနည်းနိုင်အောင် သယ်ပြီး ပြေးကြရပါတယ် ။ ဘယ်ကို ပြေးသလဲဆိုရင် ကျောက်ခတ်ရွာကို ပြေးကြပါတယ် ။ ကျောက်ခတ်ရွာသည် အကျိုးပြု DKBA ရွာ ဖြစ်ပြီး ဆေးရုံပြုလုပ်ကာ သူပုန် လူနာများအား ကုသပေးနေတာဖြစ်ပါတယ် ။ ဗမာ ပဒက် ခွက်ခေါက်ငဇွဲ တို့ နေတဲ့နေရာလို့လဲ သိရပါတယ် ။ အဲဒီ ကျောက်ခတ်ဆေးရုံမှာ လူနာစုံအောင် စောင့်ပြီး တပ်မတော်က ဗုံးကြဲလိုက်တာ ဗီဇာမလိုပဲ ယောရုဝ တိုက်ရိုက် ရောက်ကုန်ပါတယ် ။ မြဝတီလမ်းဟောင်း နဲ့ လမ်းသစ်ကြားက ရန်သူတွေသည် တပ်မတော် ထိုးစစ်ကြောင့် သေကြေ ဒဏ်ရာ ရရှိသူများအား ကွင်းကလေး ၊ လေးကေကော် လမ်းကြောင်းမှ တဆင့် သယ်ယူကြရပါတယ် ။ ရိက္ခာ ခဲယမ်းများ သယ်ယူတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ် ။ သတင်းများအရ ယခု ကွင်းကလေးအား တပ်မတော်မှ သိမ်းပိုက်ပြီးပြီလို့ ကြားသိရပါတယ် ။ ဒါဆိုရင်တော့ ရန်သူရဲ့ LOC လမ်းကြောင်း ပြတ်တောက်သွားပါပြီ ။ တပ်မတော်အတွက် အနီးကပ်ကြီးကြပ်နိုင်ရန် တိုင်းမှူးကြီးကိုယ်တိုင် ကော့ကရိတ်မှ ကွပ်ကဲနေပါတယ် ။ နိုင်ငံတော်အဆင့် ထိုးစစ်ကြီးဖြစ်လို့ ကစထမှူးကြီးလည်း မော်လမြိုင်ထိ ဆင်းလာပြီး ကွပ်ကဲနေပါတယ် ။ ကျန်အရာရှိကြီးများလည်း ရှေ့တန်းထိ ကိုယ်တိုင် ကြပ်မတ်ညွှန်ကြား တိုက်ပွဲဝင်နေကြလို့ တပ်မတော်စစ်ကြောင်းတွေသည် ရန်သူ့အသဲစိုက်မယ့် မျှားဦးပမာ တရွှေ့ရွှေ့ တိုးဝင်နေပါတယ် ။ ပြင်းထန်လှတဲ့ တပ်မတော်ရဲ့ တိုက်စစ်အဟုန်ကြောင့် ရန်သူတို့ ကွောကျဒူးတုနျနကွေပွီလျို့ ဒေသခံတွေဆီက သတင်းရပါတယ် ။ အဲဒါကြောင့် ရန်သူတွေက သူတို့ရှုံးနေတာ ကြောက်နေတာကို ဖုံးဖိကြရန် သတင်းတု သတင်းဟောင်းများနဲ့ ဝါဒဖြန့်ချီနေပါတယ် ။ ယနေ့ ကြားရသော သတင်းအရဆိုရင် စောချစ်သူရဲ့ ကပ်ခွာ BGF တွေ KNU နဲ့ ပူးပေါင်းနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြပါပြီ ။ ကော့ကရိတ်မှ တိုးလာသော စစ်ကြောင်းများ မြဝတီမှ စစ်ကြောင်းများ နဲ့ ကွင်းကလေးကို ထိမ်းချုပ်ပြီးဖြစ်တဲ့အတွက် KNU နဲ့ ကျွန်ပဒက်လေးတွေ အတွက်တော့ မျှော်လင့်ချက် မရှိတော့ပါဘူး ။ ရန်သူ့အပေါ် အသာစီးရတိုင်း ရန်သူမှ NCA နဲ့ ချူဆီထည့်လိုက် ၊ ငြိမ်းချမ်းရေးနဲ့ မျက်ရည်ထိုးခံလိုက် လုပ်လေ့ရှိပါတယ် ။ အဲဒါကို လူကြီးလူကောင်းဆန်ပြရင်း အကြိမ်ကြိမ် မှားခဲ့ကြပြီးပါပြီ ။ ဒီတကြိမ်တော့ဖြင့် ကျဆုံးလေပြီးသော မိမိစစ်သည်တို့ရဲ့ သွေးမျက်ရည်များ အတွက် နောက်မဆုတ်တမ်း ထိထိရောက်ရောက် အမြစ်ဖြတ် ချေမှုံးပေးဖို့ တောင်းဆိုချင်ပါတယ် ။ ကိုရွှေမျိုးဝင်း { ရေးသင့်သလောက်သာ ရေးနေရတဲ့ စစ်သတင်းအတွက် လတ်တလော ထိန်ချန်ထားရတဲ့ အချက်တွေ ကျန်နေပါသေးတယ် ၊ တိုက်ပွဲများပြီးဆုံး၍ အောင်ပွဲခံမှသာ အပြည့်အစုံ ထပ်မံဖြည့်စွက် တင်ပြချင်ပါတယ် }
အတိုက်ခံနေရတဲ့ ဝေါလေဗျူဟာအတွက်တော့ ပြည်သူတွေ စိတ်ပူနေကြရပါတယ် ။ သို့သော် ပြည်သူတွေ မသိရတဲ့ လျှို့ဝှက်ဗျူဟာအား တပ်မတော်မှ ခြေလှမ်းသွက်သွက်နဲ့ ဆောင်ရွက်ခဲ့ပါတယ် ။ တရုတ်သိုင်းဝတ္တုထဲက စကားလုံး သုံးပါရစေ ။ တပ်မတော်သည် မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ ဝေါလေဗျူဟာကို စစ်ကူအများအပြား ဝင်ရောက်သွားခဲ့ပါပြီ ။ အချက်အချာကျလှတဲ့ တောင်ကုန်းထိပ် အပေါ်စီးနေရာ ၊ စားရေ ရိက္ခာအပြည့်အစုံ ၊ နယ်စပ်မျဥ်းပေါ်က ဆုတ်ခွာခဲ့ကြတဲ့ တပ်ပေါင်းစုအင်အား ၊ လူသူမသိပဲ ထပ်မံရောက်လာတဲ့ စစ်ကူ ၊ အဆက်မပျက် ပေးပို့နိုင်တဲ့ လေကြောင်းပစ်ကူတို့ကြောင့် ဝေါလေ ဗျူဟာသည် ကျနော်တို့ စိုးရိမ်သကဲ့သို့ မဟုတ်ပဲ သာသာယာယာပဲ ရန်သူကို ချေမှုံးနိုင်ခဲ့ကြပါတယ် ။ အာချောင်ပြီး ရွေးကောက်ပွဲကို ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်ခဲ့တဲ့ KNU အား တပ်မတော်မှ အကြမ်းဖက်အဖြစ် ကြေညာလိုက်ပါတယ် ။ KIA ကို မကြေညာပဲ KNU ကို အကြမ်းဖက်ကြေညာတာကို နားလည်သူတွေက ရိပ်စားမိကြပါပြီ ။ KNU အတွက် ထိုးစစ်စတော့မယ်ဆိုတာကိုပေါ့ ။ ရရှိထားတဲ့ တပ်တည် တပ်လှုပ်သတင်းများ ၊ ခဲယမ်း ရိက္ခာစုပုံသတင်းများ အရ တိုက်တော့မယ်လို့ ယူဆထားပေးမယ့် ထင်ထားတာထက် လျှင်မြန်စွာပဲ ထိုးစစ်စတင်ခဲ့ပါတယ် ။ 28 - 8 - 2025 မှာပဲ တပ်မတော်ရဲ့ ထိုးစစ်ကြီးကနေ လက်နက်ကြီး ပစ်သံတွေနဲ့ စတင်ကွင်းဖွင့်လိုက်ကြပါပြီ ။ အာရှလမ်းမကြီး ပွင့်ရေးသာမက KNU နဲ့ PDF တို့ကို ပပျောက်ရေးအထိ ရည်မှန်းပုံရတဲ့ တပ်မတော်ရဲ့ အင်အားစုဖွဲ့မှုနဲ့ ထိုးစစ် ချေမှုံးရေးကတော့ ဘယ်သူမှ ထင်မထားတဲ့ ဗျူဟာတွေနဲ့ စတင်လာပါတော့တယ် ။ စစ်ဆင်ရေးအရ....... ကိုရွှေမျိုးဝင်း
ကရင် ဂွင် ထိုးစစ် ( ၁) ================== ကရင် ဂွင်ဘက်က အခြေအနေကို နောက်ကြောင်းပြန်ပြီး စပြောမှ ရုပ်လုံးကြွလာပါလိမ့်မယ် ။ ပထမဆုံး ပြောချင်တာက ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ အကြောင်းပါပဲ ။ စကခ ၁၂ လက်အောက်ခံ ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ အစရှိတဲ့ တပ်တွေဟာ ရှေ့တန်းထွက်နေကြရလို့ နောက်ချန်အင်အားသာ ကျန်ရှိပြီး KNU နဲ့ ပူးပေါင်းတပ်တွေကြောင့် အလျှင်အမြန်ပဲ ရန်သူ့လက်ထဲ ကျကုန်ရပါတယ် ။ အဲဒီ အချိန်မှာ ကော့ကရိတ်မြို့စောင့်တပ်လို့ ဆိုရမယ်ံ့ ခလရ (၉၇) တပ် တခုတည်း မြို့လယ်မှာ ကျန်ပါတော့တယ် ။ မူလက မြို့ပြင်မှာ တပ်တည်ခဲ့ပေမယ့် နှစ် ၅၀ လောက်အကြာမှာ တပ်က မြို့လယ်ရောက်သွားရပါတယ် ။ ကော့ကရိတ်သည် အနီအားပေးမြို့ပီပီ သူပုန်အပေါင်းကို ပင့်ဖိတ်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သောကြောင့် ခလရ (၉၇) မှ အပ တမြို့လုံးကို သိမ်းပြီးပါပြီ ။ ခလရ (၉၇) မှ တပ်ရင်းမှူးရဲ့ စစ်သားပီသသောစိတ်ဓာတ်နဲ့ အတူ အဆင့်တူလေးစားသင်ံတာက ရဲဘော်များရဲ့ ဇနီးများနဲ့ သား သမီးများပဲ ဖြစ်ကြပါတယ် ။ အားလုံးရဲ့ စိတ်ထဲမှာ သမိုင်းကြောင်းကောင်းခဲ့တဲ့ မြို့စောင့်တပ် ခလရ ( ၉၇) ရဲ့ ဂုဏ်သိက္ခာ မကျဆင်းစေရဘူး ၊ တပ်မတေယ်ရဲ့ ဂုဏ်သရေ မညှိုးနွမ်းစေရဘူး ငါတို့ အသက်စွန့် ကာကွယ်မယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ အင်အားခြင်း မမျှတခြင်းကို မစဥ်းစားပဲ အပြင်းအထန် ခုခံကြပါတယ် ။ ဒီတော့ ရန်သူတွေဟာ တပ်ခြံစည်းရိုးထိ ရောက်ပေမယ့် အထဲကို မထိုးဖောက်နိုင်ပဲ ပြန်လန်ကြရတဲ့ အခြေအနေဖြစ်နေကြရပါပြီ ။ ဒီအချိန်မှာ စကခ ၁၂ တပ်တွေ့က ရှမ်းမြောက်မှာ ရောက်နေလို့ တပ်ကူမျှော်လင့်ချက် နည်းပါးနေပြီး အားငယ်တတ်ရင် မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ် ။ 2023 နှစ်ကုန်အထိ အပြင်းအထန် ခုခံနေတဲ့ ခလရ ( ၉၇) အတွက် မူလ DKBA ဘိုဘိတို့က ကော့ကရိတ်မြို့ထဲ ထိုးဖောက်ဝင်ရောက်ပြီး တောင့်ခံပေးနိုင်တာက 2024 ဇန္နဝါရီ ပါပဲ ။ ဘိုဘိရဲ့ တပ်တွေသည် မြို့မကျောင်း နဲ့ တောင်ပေါ်ကျောင်း မှာ တပ်ဖွဲ့ ၂ ခုနဲ့ တပ်ဝင်စွဲခဲ့ပါတယ် ။ KNU. နဲ့ PDF တွေဟာ ဘယ်အချိန်က ဝင်လာမှန်းမသိတဲ့ ဘိုဘိရဲ့ မူလ DKBA. တပ်စွဲရာ နေရာတွေကို ဒရကြမ်းဝင်လုံးကြရပြန်ပါတယ် ။ အုတ်တံတိုင်းပဲ ခြားပြီး အနီးကပ်တိုက်ပွဲ ဖော်ဆောင်ကြရပါတယ် ။ ခလရ ၉၇ ကို တိုးမရတဲ့ ရန်သူတွေအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ကြရပါပြီ ။ ရန်သူတွေဟာ ခလရ ၉၇ ကို သိမ်းပြီးရင် ကော့ကရိတ်မြို့ရပြီလို့ ကြေညာနိုင်ဖို့ အပြင်းအထန်အားထုတ်ပေမယ့် ၁၀၀ လောက်သေကြေပြီးချိန်မှာတော့ ခလရ ( ၉၇) နဲ့ မူလ DKBA တို့ လက်ချက်နဲ့ မြို့မရပဲ သေခြင်းဆိုနဲ့ အစုလိုက်အပြုံလိုက် သေကြမှာ ကြောက်ပြီး မြို့ထဲက ပြန်ဆုတ်ကာ ဝန်းရံတဲ့အနေအထား ပြန်ရောက်သွားကြရပါပြီ ။ အဲဒီနောက် ကော့ကရိတ်ကို မတိုက်တော့ပဲ ချောင်းနှစ်ခွကို တိုက်ပါတယ် ။ တပ်မတော်ရဲ့ ခုခံမှုကြောင့် ချောင်းနှစ်ခွမှလည်း ပြန်ပြေးကြရပါယ် ။ ခြောငျးနှဈခှကျို ရသွားရင် မော်လမြိုင်အတွက် စိုးရိမျဖှယျအနအေထာားပါပဲ ။ ဒီတော့ ရန်သူတွေသည် နယ်စပ်စည်းပေါ်က စခန်းတွေကို တိုက်ကြပါတယ် ။ တပ်မတော်ကလည်း အင်အားမဖြုန်းတီးစေရန် နောက်ဆုံး ဝေါလေဗျူဟာမှာ စုရပ်ထား ဆုတ်ခွာစေခဲဲ့ကြပါတယ် ။ အားးတက်လာတဲ့ ရန်သူတွေသည် ကော့ကရိတ် ကျုံဒိုးလမ်းပိုင်းကို ဖြတ်တောက်ရန် ၅ တိုင် ၇ တိုင် ၉ တိုင် ၁၁ တိုင် နွားခြံကုန်း အစရှိတဲ့ စခန်းတွေကို ဝင်တိုက်ပါတယ် ။ မူလ DKBA တပ်စွဲရာ ၉ တိုင်စခန်းမှ လွဲပြီး BGF ၊ PC ၊ အကျိုးပြု DKBA တို့ စခန်းတွေက လက်နက်ချခဲ့ကြလို့ ကျဆုံးကုန်ပါတယ် ။ မူလ DKBA မှာ ဆုတ်ခွာလာရတဲ့ စစ်သည်တွေနဲ့ ပူးပေါင်းပြီး ခုခံကြတယ် ။ KNU တို့ တိုးမရကြဘူး ၊ နွားခြံကုန်းကို အခိုင်အမာ ခံစစ်ပြင်ပြီး ကျုံဒိုး ကော့ကရိတ် လမ်းကို ပိတ်ဆို့ပြီး ကော့ကရိတ်ကို ရိက္ခာဖြတ်ထားကြတယ် ။ လေးလလောက် ရိက္ခာပြတ်ခဲ့ရတဲ့ ကော့ကရိတ်အတွက် နွားခြံကုန်းကို မူလ DKBA နဲ့ တပ်မတော်တို့ ပူးပေါင်းချေမှုံးကြတယ် ။ နောက်ဆုံးမှာ နွားခြံကုန်းကို ရရှိပြီး ကျုံဒိုးကော့ကရိတ်လမ်း ပွင့်သွားပါတယ် ။ ဒီနေရာမှာ ကရင်ပြည်နယ်အတွက် အင်မတန်အရေးကြီးတဲ့ အနမ်းကွင်း စခန်းအကြောင်းကတော့ တခမ်းတနား ရေးသားရမှာဖြစ်လို့ အနမ်းကွင်းကို သိမ်းမရတာလည်း KNU အတွက် နိဂုံးရဲ့ နိဒါန်းပါလို့ပဲ ပဏာမဂုဏ်ပြုထားလိုက်ချင်ပါတယ် ။ နယ်စပ်စခန်းငယ်တွေကို သိမ်းပိုက်ပြီး ဂြိုလ်ကြွနေတဲ့ KNU နဲ့ ပဒက်အပေါင်းတို့ဟာ သွေးနထင်ရောက်ပြီး ရွေးကောက်ပွဲက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အာချောင်လာပါတယ် ။ ဒီကာလမှာပဲ တပ်မတော်ကလည်း သူလုပ်စရာရှိတာတွေကို ဒရကြမ်းဆောင်ရွက်ပြီးပါပြီ ။ ကရင်ပြည်နယ်ကို ဆုံးမဖို့အတွက် တပ်အင်အား ၊ လက်နက်ခဲယမ်းအင်အား ၊ စားရေရိက္ခာ စုစည်းပြီးပါပြီ ။
без подписи
без подписи
без подписи