- Последний пост
- 23 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 106
- 1/48двое суток
- 121
- 1/72трое суток
- 131
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကျွန်မတို့ရဲဘော် တစ်ဦးချင်းစီ၊ ကျွန်မတို့ပြည်သူ တစ်ဦးချင်းစီ တွေ့ကြုံခံစားခဲ့ရတဲ့ မတရားမှုအားလုံးအတွက် တရားမျှတမှု ရရှိတဲ့အထိ ကျွန်မတို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေ ကတိပြုပါတယ်။ (မနီလာသိန်း) တရားတဲ့သူသာနိုင်ကြေးဟေ့! သူရဲကောင်းတို့ ကြိုးမိန့်ပေးခံရတဲ့နှစ်ပတ်လည်နေ့မှာ ၈၈ ကျောင်းသားခေါင်းဆောင် “မနီလာသိန်း” ဘာတွေသတင်းစကားပါးထားပါသလဲ ? ဒီVideo လေးကို သက်ဆိုင်ရာ Page များ အတွက်တော်လှ လွတ်လပ်စွာ ဖြန့်ဝေပေးနိုင်ပါတယ်။ မနီလာသိန်းရဲ့ အင်တာဗျူး video Clipလေးပါ Video Link - https://drive.google.com/file/d/1hpq1kqM2EoSAGoueetdKjKDKu8zJRkYu/view?usp=sharing #စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
видео или голосовое, без подписи
လွတ်လပ်ခြင်းနှင်းဆီ🌹 ဒီနေ့ကတော့ အထူးတလည် လွမ်းရတဲ့နေ့ပေါ့ လွတ်လွတ်လပ်လပ်နှင်းဆီပန်းတွေ ပန်ရမယ့်နေ့ ခွန်အားဖြည့်မိငယ်သီချင်းကို လမ်းဘေးတီးဝိုင်းမှာ လူငယ်တွေဆိုနိုင်မယ့်နေ့ ဇွန်လ ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး ပန်းတွေဝေဝေဆာဆာတွေ့ရမယ့် နေ့တွေအတွက် အမေ့ကိုချစ်တဲ့ သားသမီးတွေကြိုးစားနေကြတယ်။ မတရားအချုပ်အနှောင်က အမြန်ဆုံးကင်းလွတ်ပြီး အမေချစ်တဲ့ ပြည်သူပြည်သားတွေဆီကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လာနိုင်ပါစေ။🙏🏻 #RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi #peoplemovementmyanmar
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
“တစ်ခါကရန်ကုန်လို စိတ်လှုပ်ရှားမှုနဲ့ ဘန်ကောက်မြန်မာသံရုံးရှေ့မှာ နှင်းဆီတွေဝေ ” လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် အရပ်သားပြည်သူများအား ဘန်ကောက်မြို့၊မြန်မာသံရုံရှေ့တွင် နှင်းဆီပန်းဝေခြင်းဖြင့် အမေစု ဘေးကင်းကျန်းမာပြီး၊မတရားအချုပ်အနှောင်ခံနေရခြင်းမှ အမြန်ဆုံးလွတ်မြောက်ရန် ရည်ရွယ်၍ ကိုနေရိုင်း( မရှိခဏ မုဆိုး ) နှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် နှင့် အမေသား/သမီးတချို့က မေတ္တာဖြင့် နှင်းဆီနီပန်းများဝေခဲ့ပါသည်။ ဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမှုနှင့်သီးခြားအခက်အခဲအချို့ရှိခဲ့သော်လည်း ထိုင်းနိုင်ငံသည် တရားဥပဒေနဲ့အညီဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အားလုံးပြန်လည်လွတ်မြောက်ခဲ့ပါသည်။လွတ်မြောက်ခဲ့ရုံသာမက သက်ဆိုင်ရာစခန်းတစ်ခုလုံးပါ နှင်းဆီပန်းနီတွေ ဝေခဲ့ပါသည် ။ အားရှိရပါလေစွ။ အမိမြန်မာနိုင်ငံတွင်သာ ဖမ်းဆီးခံရပါက မိမိတို့အားလုံး အခုအချိန်တွင် ပန်းဝေဖို့မပြောနဲ့ အသက်ပင်ရှိတော့မည် မဟုတ်ပါ။ ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ “ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာပြသပေးခြင်း “ နှင့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး” တို့ကို ပြည်သူလူထုတစ်ရပ်လုံးကိုယ်စား တောင်းဆိုပါသည်။ လူထုအသံ နှင့် လူထုဆန္ဒကို ဘယ်သောအခါမှ ဖိနှိပ်၍ မရစေရ ။ #RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi #peoplemovementmyanmar
အုပ်ကြီးဇော်ဝင်းရဲ့ ရှင်စောပုရပ်ကွက်ကြီးကလဲ လာဒ်ပေး၊လာဒ်ယူနဲ့ ဘီယာဆိုင် နဲ့ အရက်ဆိုင်တွေ ကြီးထွားလာနေတာ ပြည်သူတွေ အိပ်မရတဲ့အထိ ဆူညံပွက်လောရိုက်နေတာပဲ ။ အရင်က ပဒုမ္ဓာကွင်းကြီးက မာဆက်တွေ ၊ ဖျာဘိတွေနဲ့ ကြီးပပြင်းနေတဲ့ ရက်ကွက်ကြီး ၊ အမေစု အစိုးရလက်ထက်မှ ရှင်စောပုရက်ကွက်က သန့်သွားတာ ။ အခု အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ကြီးဇော်ဝင်းအကြိုက် လာဒ်ပေး၊လာဒ်ယူပြီး ကိုယ်ကျိုးစီးပွါးအတွက် ရှင်စောပုရက်ကွက်ကို မာဆက်တွေ ၊ ဖျာဘိ တင်မကဘဲ မူးရစ်ဆေးရောင်းတဲ့နေရာအဖြစ်ပါ လုပ်လာကြပြီ။ လူငယ်တွေကတော့ ဓားစားခံပေါ့ဗျာ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဘဝင်း ကတော့ ဒီကောင်တွေရဲ့ ဂေါင်ပေါ့ဗျာ ။ ငွေရဖို့ဘဲ သိတယ် ငွေသာရရင် အောက်ကကောင်တွေ ကြိုက်တာသာလုပ်ဆိုပြီး လွှတ်ပေးထားတာ ။ ဖျာ-ခေါင်း အထက်က ဖျာခေါင်းချုပ်ပေါ့ ။ ဖျာ-ဘိ၊မာဆက်၊လောင်းကစား၊မူးယစ်ဆေး အကုန်လုပ်သမျှထဲကနေ ပိုက်ဆံကို သူက ဝေဆုယူနေတာ ။ ဒါကြောင့်ပြောတာပေါ့ စမ်းချောင်းထဲ စစ်ခွေးမိစ္ဆာများ လွတ်နေပါသည်လို့ ။ အားလုံးပဲ သတိနဲ့သတ္တိရှိကြပါစေဗျာ ။ ပြည်သူအားလုံး စစ်ခွေးရန်ကနေ ကင်းဝေးကြပါစေလို့ မေတ္တာပို့ပါတယ် ။
စမ်းချောင်းထဲ စစ်ခွေးမိစ္ဆာများ လွတ်နေသည် အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူမထောက်ခံတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ဘော*မပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ မျိုးမြင့်ရဲ့ ရာဇဝင်ကလဲ မသေးဘူးနော် ခေတ်အဆက်ဆက် မာဆက်အခန်းတွေ ဖွင့်လာတဲ့ ဖ-ခေါင်း ၊ အမြဲလဲ စမ်း/တောင် အုပ်ချုပ်ရေးမှုးလုပ်လာပြီး ဖ-ခေါင်းလုပ် ၊ ဒါအပြင် မူးယစ်ဆေးရောင်းတဲ့သူတွေဆီက ရဲနဲ့ပေါင်းပြီး ဆက်ကြေးယူလာခဲ့တဲ့ကောင် ၊ အခုတော့ ဖျာခေါင်းက လွတ်တော်ကိုယ်စားလှယ်ဆိုတော့ လွတ်တော်ကြီးကလဲ ဖျာလွတ်တော်ကြီးဖြစ်သွားပြီ 😁😁😁 အခု Ballမပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့ မျိုးသန့်ဆိုရင်လဲ ၂၀၂၀ရွေးကောက်ပွဲမဲပေးနေတဲ့ ကာလမှာ လှိုင်သာယာက လူမိုက်တွေခေါ်ပြီး မဲရလဒ်ကို မကြေညာခင် မဲခိုးဖို့ လုပ်ခဲ့တဲ့ကောင် ၊ ဘယ်လောက်ခိုးခိုး ပြည်သူချစ်တဲ့ အမေစု ပါတီရဲ့ကိုယ်စားလှယ်ကိုတော့ မနိုင်ခဲ့ပါဘူး။ ဖဲနဲ့မိန်းမကိစ္စလဲ မကင်းဘူးဆိုပဲ 😂။ အဲ့နောက်ပိုင်း ခေတ်အဆက်ဆက် က ခိုးလာတဲ့ ပိုက်ဆံတွေနဲ့ စမ်းချောင်းမှာ MEC ကိုယ်ပိုင်ကျောင်းထောင်ပြီး လုပ်စားတော့တာပဲ ။ စမ်းချောင်း MEC က စစ်တပ်ရဲ့ ဒလန်ကျောင်းနော် Boycott လုပ်ရမှာနော် စမ်းချောင်းသူ/စမ်းချောင်းသားတွေ သိအောင် မျှဝေလိုက်တာ ။ ဝေါင်ဝေါင်ရှေးကြပါ ညီကိုတို့ ။
видео или голосовое, без подписи
"တော်လှန်မျိုးဆက် ရန်ကုန်သံချပ်" အပိုင်း(၂) #တော်လှန်မျိုးဆက်ရန်ကုန်သံချပ် #စမ်းချောင်းပင်မသပိတ်စစ်ကြောင်း #CTUM #yangon4brothers #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #MayangoneDemocraticFront_MDF #owlcommunity
“ နိုဝင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်မှ ကျူးလွန်သော စစ်ရာဇဝတ်မှုမှတ်တမ်းများ (၂၀၂၅)" https://www.facebook.com/share/v/1BrgUy2akY/?mibextid=wwXIfr
“ ဆဲနေတယ်ဟ … ဘယ်ကဆဲနေတာလဲ ….. ဒီထဲကလား “ Sတပ်ကကောင်တွေ စာမတက် ပေမတက်ချက်ကတော့ ဩချလောက်တယ် … 🤣🤣🤣 "ငါတို့အသံ.. ငါတို့တိုက်ပွဲ.. ငါတို့အခွင့်အရေး.." "Our Voice, Our Fight, Our Rights" Video အပြည့်အစုံ https://www.facebook.com/share/v/1C28TkReYF/?mibextid=wwXIfr #10D #SilentStrike #RejectShamElection #SayNoJustTrap #Y4B #Yangon4Brothers
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ စစ်ရာဇ၀တ်မှုကျူးလွန်မှုများကို ကျွန်တော်တို့စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှစုစည်းတင်ပြလိုက်ပါသည်။
“ချောင်းဦးတစ်လပြည့်ခဲ့ပြီ” တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့တစ်ယောက်စီတိုင်းကို ကျွန်တော်/ကျွန်မတို့ လေးစားဂုဏ်ယူလျှက်ပါ ဆက်လက်ပြီးတော်လှန်နေတဲ့လူတွေ ၊ အသက်ပေးခဲ့ရတဲ့လူတွေ ၊ မတရားအကျဉ်းချခံထားရတဲ့လူတွေ ၊ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ ၊ တော်လှန်ပြည်သူများအားလုံးနှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ကျွန်တော်ကျွန်မတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဆက်လက်တိုက်ပွဲ၀င်မည်ဖြစ်ကြောင်း သစ္စာအဓိဌာန်ပြုပါသည်။
"ခဝါသည်ကရေစီ ရွေးကောက်ပွဲ" by Lynn Lynn Composed and music arranged by Lynn Lynn "Based on the people. Came from the people. Feel the truth." #LynnLynn #LaunderercracyElection #RejectShamElection #SayNoJustTrap #GSCB #ScStrike