The Tanintharyi Times
СтатистикаThe Tanintharyi Times သည် တနင်္သာရီတိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
- Последний пост
- 2 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
The owner of this channel has been inactive for the last 17 months. If they remain inactive for the next 28 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
စိတ်ဟာ ဆန်းတယ် တခါတလေကျတော့ စိတ်လိုလက်ရ အနာဖေးကို တစိမ့်စိမ့်ခွာ ကိုယ့်အနာ ကိုယ်လျက်။ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အလွမ်းတွေ တစ်ဆုပ်ပြီး တစ်ဆုပ်။ အရင်က မကြိုက်တဲ့ သီချင်းတွေ အခုချိန် ထဖွင့်ရင်တောင် စိတ်က အိမ်ဆီ တန်းရောက်။ နိဗ္ပာန်လည်း မဟုတ်။ ငရဲလည်း မဟုတ်။ အိမ်။ ရွာ။ ငါ။ ဒီမြေ ဒီရေ။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/20/02/2023/13030/
ဗစ်တာဟာ ယူကရိန်းနိုင်ငံရဲ့ထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်တဲ့အပြင် နိုင်ငံတကာအဆင့်မှာလည်း ကျော်ကြားသူဖြစ်ပါတယ်။ တကယ်တော့ သူဟာဇလန်းစကီးနဲ့ စိမ်းသူတစ်ယောက်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်၂၀ကတည်းက တစ်ချိန်မှာသမ္မတဖြစ်လာမယ့်သူအတွက် ဖက်ရှင်ဒီဇိုင်းတွေပြုလုပ်ပေးခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ဇလန်းစကီးဟာရုပ်သံမှာ ရယ်ရွှင်ဖွယ်အစီအစဉ်တွေတင်ဆက်နေခဲ့သူပါ။ “အဲဒီတုန်းကကျွန်တော်က အသက်၄၀၊ သူက၂၀ကျော်ပေါ့” လို့ ဗစ်တာကဆိုတယ်။ “သူတို့အဖွဲ့စတိုင်က မမိုက်ဘူးဖြစ်နေတာ။ ဒါနဲ့သူနဲ့ကျွန်တော်ဖုန်းပြောကြတယ်။ နောက်နေ့မှာသူနဲ့ လူချင်းတွေ့ကြတယ်။ တော်တော်ရီစရာကောင်းပါတယ်။ ၂နှစ်လောက် သူတို့စတိုင်အတွက်ကျွန်တော် လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ကျွန်တော်တို့ ခင်မင်မှုကစတင်ခဲ့တာပါ”လို့ Vanity Fair မဂ္ဂဇင်းကို ဗစ်တာက ပြန်ပြောပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/31/10/2025/46982/
ရေသောက်နည်းခြင်းရဲ့ ဆိုးကျိုးများစွာထဲမှာ ဆီးကျောက်တည်တာက ထိပ်ဆုံးကပါဝင်ပါတယ်။ ဆီးကျောက်တည်တယ်ဆိုတာက ကျောက်ကပ်အတွင်းမှာ သတ္ထုဓာတ်တွေ အနည်ကျလာတာဖြစ်ပါတယ်။ ဆီးကျောက်တည်တာမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးပါမယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/31/07/2025/46094/
ဒေသစားစရာတစ်မျိုးဖြစ်တဲ့ ကင်ပွန်းချဥ်ဟင်းနဲ့ ငါးကြော်နည်းကို တင်ဆက်ထားပါတယ်။ ဒေသအစားစာ လွမ်းနေသူတွေအတွက် အိမ်အလွမ်းပြေကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ် ပြန်ဆုံကြမယ်နော်။ (အပြည့်အစုံကို YouTube မှာ ကြည့်ရှုနိုင်ပါတယ်) https://youtu.be/eyUdTXlyDVU
တော်လှန်ရေး ဘယ်တော့ပြီးမလဲတဲ့ ကိုယ်စီရင်ထဲမှာ အမှန်တရားကို ဘယ်လောက်အထိ ချစ်မြတ်နိုးသလဲ အမှောင်တံတိုင်း လှဲဖြိုပွဲမှာ ဘယ်နေရာက ပါဝင်ခဲ့သလဲ ယုံကြည်မှုမျဉ်းကြောင်း ဘယ်လောက်အထိ ဖြောင့်စင်းသလဲ ရှေ့ဆက်ခြေလှမ်းတွေ ဘယ်လောက်အထိ အားမာန်ပြင်းသလဲ မေးခွန်းတွေရဲ့အဖြေဟာ မေးခွန်းတွေပါပဲ။ သဲတစ်ပွင့်လား အုတ်တစ်ချပ်လား သွေးတစ်စက်လား အသက်တစ်ခုလား ကိုယ်…ထည့်ဝင်လိုက်တဲ့ အင်အားဟာ ကိုယ့်မျိုးဆက် ခံစားရမယ့် အကျိုးတရားပဲ။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/07/10/2025/46748/
‘တော်လှန်ရေး’ တဲ့ လေးလံလွန်းတဲ့ ဝန်ထုပ်ကြီးကို ထမ်းလို့ အိမ်နဲ့ ဝေးကြရ ချစ်သူခင်သူနဲ့ ဝေးကြရ ရှင်သန်ခြင်း ဖြစ်စဉ်နဲ့ ဝေးကြရ ဝေးကွာမှုပေါင်းများစွာကိုပဲ တသသ ထွေးပွေ့ကြရ။ လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ လိပ်ပြာလုံလုံနဲ့ သေဆုံးဖို့ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာ ခေတ်ဝန်ထမ်းသူတို့ရဲ့ အုတ်ဂူထဲက စိတ်နှလုံးသား ဝိဉာဏ်တွေဟာ သက်သေထူနေရှာလေရဲ့။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/07/05/2025/45241/
ရွေးချယ်ခွင့်မရဘဲ ခေတ်ကြီးထဲ ပစ်ချခံလိုက်ရတဲ့ မျိုးဆက်တွေဟာ မျိုးစုံသောနည်းလမ်းမှာ ရှင်သန်ဖြစ်တည်ဖို့ အညှောင့်ထွက်ခဲ့ရသလို အာဏာရှင်ခေတ်ကြီးထဲ အရာရာကို ဆုံးရှုံးရင်း အသက်ရှင်နေထိုင်ရခြင်း သက်သက်မှာ ဘဝတွေ ပြီးဆုံးခဲ့ကြရတာပါပဲ။ မျိုးစုံသော နည်းလမ်းမှာ မျိုးစုံသောအကြောင်းနဲ့ရှင်သန်ရင်း အသီးအပွင့်တွေ ဝေဆာနေတာလည်းရှိတာပဲမဟုတ်လားလို့ ဆိုချင်ဆိုနိုင်ပေမဲ့ ဒါဟာ သဘာဝလွတ်လပ်မှုဆီက ဖြစ်တည်လာတဲ့ အသီးအပွင့်မျိုးမဟုတ်ဘဲ ပြုပြင်ခံ ထားရတဲ့ ရှင်သန်ကြီးပြင်းအောင် ကျင့်ကြံခြင်းဆီက ဖြစ်ပေါ်လာခြင်းသက်သက်ပါပဲ။ ဥပမာ ကြီးမားခမ်းနားတဲ့ အဆောက်အအုံတွေရဲ့ အရှေ့မှာဖြစ်ဖြစ် ၊ လှပကျယ်ပြောတဲ့ ပြင်ဆင်မှုအပြည့် အခန်းအတွင်းမှာဖြစ်ဖြစ် ထိုးစိုက်အလှဆင်ခံထားရတဲ့ ပျိုးပင်တွေကို ကြည့်ကြည့်ပေါ့။ ကိုယ့်ရေသောက်မြစ်ကို ကိုယ်တိုင် အပြည့်အဝ ဆန့်ထုတ်ခွင့်မရဘဲ လက်တစ်ဖက်စာဧရိယာထဲ ခွေခေါက်သိမ်းဆည်းပြီး အန်ထွက်နေခဲ့ရတာ။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/31/07/2025/46088/
“ကျမအဲဒီအချိန်မှာ သေပြီလို့တွက်လိုက်တာ။ ဘာမှလုပ်လို့မရတော့ဘူး။ ကျမဘဝကပြီးသွားပြီလို့ပေါ့” လို့ မနွယ်က ဖမ်းခံရတဲ့အချိန်က ခံစားချက်ကိုပြန်ပြောပြတယ်။ မနွယ်ရဲ့ခေါင်းကို အိတ်အမဲစွပ်ပြီး လက်ထိပ်နောက်ပြန်ခတ်တယ်။ ပြီးတော့ ကားပေါ်ကိုဆွဲတင်လိုက်ပါတယ်။ ကားပေါ်မှာမှောက်ရက်အနေအထား ဖြစ်နေတဲ့အချိန်မှာကတည်းက မနွယ်ကို စစ်သားတွေဝိုင်းဝန်းဆဲဆိုပြီး နောက်ကျောနဲ့ ခေါင်းကို စစ်ဖိနပ်တွေနဲ့ နင်းခြေ ကန်ကျောက်နေခဲ့ပါတယ်။ နာရီပိုင်းအကြာ ကားပေါ်ကတွယ်ချပြီး ခေါင်းစွပ်အမဲရောင်ကို ဖယ်ပေးလိုက်တဲ့အချိန်မှာတော့ မနွယ်ဟာ အခန်းငယ်တစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/01/08/2025/46108/
ဆီးကျိတ်ရောင်တာနဲ့ပတ်သက်ပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဆီးသွားတဲ့အခါ အလျှင်စလိုသွားလိုတာ ဆီးသွားတဲ့အခါ နာကျင်တာ တခါတလေ ဗိုက်အောင့်တာ ညဘက်မှာ ဆီးပိုသွားတာ လိင်ဆက်ဆံတဲ့အခါ နာကျင်နေတာမျိုးတွေပဲဖြစ်ပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/23/05/2025/45373/
အသက်မွေးဝမ်းကျောင်းတိုင်းမှာ လိုက်နာကြရမယ့် ကျင့်ဝတ်တွေရှိတဲ့အတွက် သတင်းစာပညာမှာလည်း ဒီတာဝန်ကို လိုက်နာကြရမှာပါပဲ။ ပထမဆုံးလက်ခံကြရမှာက စာရေးတဲ့အခါ ဖန်တီးစိတ်ကူးယဉ်ရေးသားတဲ့ ဝတ္ထုဆန်တဲ့စာမျိုး (Fiction) နဲ့ အရှိတရားကိုသာ ရေးသားတဲ့ (Non-Fiction) ဟာ တစ်ခုနဲ့တစ်ခု မတူဘူးဆိုတာပါပဲ။ သတင်းစာဆရာတွေ ရေးသားတဲ့စာကတော့ Non- Fiction ဖြစ်တဲ့အတွက် ဖန်တီးစိတ်ကူးယဉ် ရေးသားခွင့်မရှိပါဘူး။ ဒါကိုသတင်းဌာနကြီးတွေက တင်းတင်းကြပ်ကြပ် တားမြစ်ကြပါတယ်။ မရှိတဲ့ သတင်းရင်းမြစ်၊ ဘယ်သူမှ မပြောတဲ့စကား၊ မဖြစ်ပွားခဲ့တဲ့အဖြစ်အပျက် တွေကိုလုပ်ကြံရေးသားတာကို Fabricationလို့ ခေါ်ကြပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/05/01/2025/43023/
နေကောင်းအောင် နေပါ အဖေ အဖေတို့ဘက်က ကြည့်တော့ သားဝေး သမီးဝေး သားတို့ ဘက်က ကြည့်တော့ မိဝေး ဖဝေး မိသားစုတွေကြား စစ်ရိပ် ယမ်းငွေ့တွေ ခြားတယ်။ ခေတ်ကြီးက အဆိုးကျော့တယ် အထားအသိုမှားတယ် ကပ် ၃ ပါးဟာ တပါးကို တပါး ပင့်ခေါ်လာတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/01/02/2025/43794/
ပထမတစ်မျိုးကတော့ Profile ဖြစ်ပါတယ်။ ဆရာဒဂုန်တာရာရဲ့ စကားကိုငှားသုံးရရင်တော့ “ရုပ်ပုံလွှာ”လို့ ပြောရမယ် ထင်ပါတယ်။ များသောအားဖြင့်တော့ ရုပ်ပုံလွှာတွေဟာ လူတစ်ယောက်အကြောင်း ဖြစ်လေ့ရှိပေမယ့် တခြားအကြောင်းအရာတွေကိုလည်း ရေးလို့ရပါ တယ်။ ဥပမာအားဖြင့် ထူးခြားတဲ့ကျေးရွာလေးတစ်ရွာရဲ့ရုပ်ပုံလွှာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရဲ့ရုပ်ပုံလွှာ၊ ပရဟိတဆေးခန်းလေးတစ်ခန်းရဲ့ ရုပ်ပုံလွှာတွေကလည်း အားကောင်းတဲ့စတိုရီတွေ ဖြစ်နိုင်ပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/10/11/2024/41421/
ဆီးချိုရောဂါရှိသူတွေဟာအစားအသောက်ကို ရှောင်ကြဥ်ကြလေ့ရှိပါတယ်။ ဆီးချိုသမားအများစုဟာ သူတို့ ဘယ်လိုအစာတွေနဲ့ တည့်သလဲ၊ စားသင့်သလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏ မေးလေ့ ရှိတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချိုသမားတွေ အစားအသောက်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/20/08/2025/46313/
မစ္စတာအန်ဟာ ၁၉၅၀ခုနှစ်မှာစတင်ခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲမှာ မြောက်ဘက်ကနေတိုက်ပွဲဝင်ခဲ့တဲ့ လူငယ်ကွန်မြူနစ်စစ်သားလေးတစ်ဦးပါ။ ခေါင်းဆောင်ကြီးကင်မ်အီဆွန်းဟောပြောခဲ့တဲ့ ကွန်မြူနစ်တရားတွေကို နှစ်နှစ်ကာကာယုံကြည်သူ၊ ကိုလိုနီနယ်ချဲ့ဝါဒကိုတိုက်ဖျက်ချင်သူ၊ အမိမြေ ကိုရီးယားကျွန်းဆွယ်ကို ကာကွယ်ချင်သူပေါ့။ ၁၉၅၃ ခုနှစ်မှာတောင်ကိုးရီးယားတပ်ဖွဲ့တွေ သူ့ကိုရှေ့တန်းမှာဖမ်းမိသွားချိန်မှာတော့ သူ့ဘဝဟာ ထင်မှတ်မထားတဲ့ အချိုးအကွေ့တွေကို ကြုံတွေ့ခဲ့ရပါတယ်။ တောင်ကိုရီးယားကအကျဉ်းထောင်ထဲမှာ ၄၂ နှစ်နဲ့လေးလကြာအောင် နေထိုင်ခဲ့ရတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးအကျဉ်းသားတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တုန်လှုပ်စရာကောင်းတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ဖြတ်သန်းခဲ့ရတယ်။ အထီးကျန်မှုနဲ့အိမ်အလွမ်းကတော့ ရင်နဲ့မဆန့်အောင်ကြီးမားခဲ့ရသူပါ။ ဒါပေမယ့် ဒီလောကဓံတရားတွေကသူ့ရဲ့ငယ်ဘဝယုံကြည်ချက်တွေကို တိုက်စားမသွားနိုင်ခဲ့ပါဘူး။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/08/09/2025/46499/
■ လက်ကောက်ဝတ်ရိုးကျိုးခြင်းလက္ခဏာတွေ ပြင်းထန်သောနာကျင်မှုတွေခံစားရခြင်း အချိန်ခဏလေးထဲမှာ ရောင်ရမ်းလာခြင်း အထိမခံနိုင်ခြင်း၊ အကိုင်မခံနိုင်ခြင်း ကျိုးတဲ့ဧရိယာမှာ ပုံပျက်နေခြင်း အချို့လူတွေမှာ ထိခိုက်ဒဏ်ရာတွေပါတွေ့ရခြင်း လက်ကောက်ဝတ်ဆစ်လုံးဝမလှုပ်နိုင်တော့ခြင်း (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/05/08/2025/46148/
ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမနီတွေက ဂျူးလူမျိုး ခြောက်သန်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ စစ်ကြီးပြီးတော့ နာဇီရာဇဝတ်ကောင်တွေကို ဖမ်းဆီး၊ နုရင်ဘတ်ခုံရုံးမှာ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးခဲ့ကြပေမယ့် ထွက်ပြေးလွတ်မြောက်သွားတဲ့ နာဇီတွေလည်း ရှိခဲ့တယ်။ ထွက်ပြေးသွားတဲ့ ရာဇဝတ်ကောင်တွေထဲမှာ “အဒေါ့ဖ်အိုက်ခ်မန်း” လည်း တစ်ယောက်အပါအဝင်ပါပဲ။ “အိုက်ခ်မန်း” ဆိုတာ ဂျူးလူမျိုး မှန်သမျှကို အမဲလိုက်သလို လိုက်လံဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့နေရာမှာ ကြိုးဆွဲချုပ်ကိုင်ခဲ့သူ။ ဂျူးလူမျိုး မျိုးသုဉ်းသတ်ဖြတ်မှုကြီးကို ဦးစီးပဲ့ကိုင်ခဲ့သူ။ “ဂျူးလူမျိုးဆိုင်ရာ ပြဿနာကို အပြီးသတ်ဖြေရှင်းရေး” ၊ “အပြီးသတ် သုတ်သင်ရှင်းလင်းရေး” လို့ နာမည်ပေးထားတဲ့ အဲဒီ သတ်ဖြတ်မှု စီမံကိန်းကြီးကို အားကြိုးမာန်တက် အကောင်အထည် ဖော်ခဲ့တဲ့ ဟစ်တလာရဲ့ နာဇီပါတီဝင်တွေထဲမှာ ‘အိုက်ခ်မန်း’ က အဓိကကျတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/31/05/2025/45432/
ဘယ်အရသာကိုမဆို တစ်ဖက်လွန်စားသောက်မိရင်တော့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ လိုတာထက် ပိုပြီး စားမိတဲ့ စားစရာတွေထဲမှာ ငရုတ်သီးကထိပ်ဆုံးက ပါဝင်ပါတယ်။ လိုတာထက် ပိုပြီး ငရုတ်သီးအစပ် စားမိရင် ဘာတွေ ဖြစ်နိုင်ပါသလဲ၊ မဖြစ်အောင် လိုက်နာရမဲ့အချက်တွေက ဘာတွေပါလဲ။ တနင်္သာရီတိုင်းမ်က စုစည်းဖော်ပြလိုက်ပါတယ်။ (အပြည့်အစုံကို YouTube မှာ ကြည့်ရှုနိုင်ပါတယ်) https://youtu.be/JyC574hgOlo
ထားဝယ်ဒေသစားစရာတစ်ခုဖြစ်တဲ့ ဘီးဝန်းကြော်နည်းလေးကို တင်ဆက်ထားပါတယ်။ ဒေသအစားစာ လွမ်းနေသူတွေအတွက် အိမ်အလွမ်း ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ (အပြည့်အစုံကို YouTube မှာ ကြည့်ရှုနိုင်ပါတယ်) https://youtu.be/QmebYFRIFnA
သုံးရက်တာမြန်မာနိုင်ငံခရီးစဉ်မှာ မစ္စထရီဆာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိင်၊ စစ်ကော်မရှင်ဝန်ကြီးချုပ် ညိုစော၊ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေတိုနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် တွေကို တွေ့ဆုံဖို တောင်းဆိုတာမျိုးထားလို လက်ရှိရွေးကောက်ပွဲဝင်နေတဲ့ပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံခဲ့တာမျိုးတောင် မရှိခဲ့ဘူးဖြစ်ပါတယ်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို လူစေလွှတ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အာ ဆီယံအထူးသံရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်အရလည်း မြန်မာ့အရေးဖြေရှင်းဖို အာဆီယံမူငါးချက်ကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ အချက်ကလွဲပြီး အတူလက်ဆွဲနှုတ်ဆက်ဓာတ်ပုံရိုက်၊ အပြန်အလှန် လက်ဆောင်ပစ္စည်းလဲလှယ်မှုသာ သမရိုးကျ ရှိခဲ့တာဖြစ်ပါတယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/18/01/2026/47265/