tgindex
Dawei Watch

Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
40
Всего постов
40
Тип
открытый
Язык
my
Категория
Видео
В каталоге с
13 авг.
Подписчики
11 243
−32 за 4 дн.
Сутки
−8
−0,07%
Неделя
 
Месяц
 
Просмотров на пост
592
40 постов
Вовлечённость
5,3%
к подписчикам
Постов в день
5,7
всего 40
Упоминаний
2
каналов
Охват размещения
по 3 постам
1/24сутки в ленте
837
1/48двое суток
959
1/72трое суток
1 034

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • ဩဂုတ်လ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ———— Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့   - ထားဝယ်မြို့ပေါ် မှာ လူဟောင်းအများစုကိုပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် စစ်အုပ်စုက ပြန်ခန့်တဲ့သတင်း - သရက်ချောင်းမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ရွာ ၁၀ ရွာလောက်က ဒေသခံတွေ ‌ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ - ထားဝယ်အရှေ့တော ကျေးရွာတချို့မှာ ခဲမဖြူနဲ့ သံသတ္တု ယာယီအဝယ်ရပ်တဲ့သတင်း - ပုလောမြို့နယ် ပင်လယ်ဘက်မှာရှိတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့မှုလိုအပ်နေတဲ့အကြောင်း - ထားဝယ်မြို့အနီးနားမှာရှိတဲ့ မောင်မယ်ရေတံခွန်ကို လာရောက်လည်ပတ်သူ နည်းတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/im4MqP9uz_M

  • မော်ရင်ညို ဟာ သူ့ကိုတော့ မတောင်းပန်ဘဲ ငွေထပ်ရှာသွားပြန်ပြီလို့ဆိုတဲ့ ဒေါက်တာ အီဗာ ကာနီရို “ဟိုဆေးနဲ့ဆိုရင်တော့ ဘယ်ကိစ္စမဆို သေးသေးလေးဖြစ်နေရင်တောင် ပိုပြီး ကြီးသွားတတ်ပါတယ်” သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135222/

  • အိမ်ထောင်ရေးပိုင်ဆိုင်မှုတွေကိုသီးသန့်စီ ခွဲထားဖို့ ဆုံးဖြတ်ထားတဲ့ စီရော်နယ်ဒို နဲ့ သူ့ဇနီး မင်္ဂလာပွဲကို ကက်စကိုအစ်မြို့ အဆင့်မြင့်ရပ်ကွက်မှာရှိတဲ့ စီရော်နယ်ဒိုရဲ့ ကြီးမားလှတဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135219/

  • ထားဝယ်မြို့အနီးက မောင်မယ်ရေတံခွန် လာရောက်လည်ပတ်သူ နည်း လမ်းမှာ စစ်မှုထမ်းဖမ်းတဲ့ ဂိတ်ရှိနေပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/0TmbK6Y2Sh0

  • ထားဝယ်မှာ လူဟောင်းအများစုကို အုပ်ချုပ်ရေးမှူး ပြန်ခန့် ဘယ်လိုရွေးချယ်တယ်ဆိုတာကို ရပ်ကွက်က ရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ရုပ်သံကြည့်ရန် > https://youtu.be/Zs3V1iW8Wh0

  • စစ်ကြောင်းဝင်ချိန် တောင်မင်းပြောင်ရွာတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံး အဲဒီအမျိုးသားဟာ မိသားစုကို ဘေးလွတ်ရာ တိမ်းရှောင်စေပြီး မွေးမြူရေးခြံကို စောင့်ကျန်နေခဲ့တာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135207/

  • ထားဝယ်အရှေ့တော ကျေးရွာတချို့မှာ ခဲမဖြူနဲ့ သံသတ္တု အဝယ်ရပ် မြို့ပေါ်က အဝယ်ဒိုင်ကြီးတွေကို စစ်အုပ်စုက ဖမ်းဆီးထားပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/iE8updx9JKs

  • ရေးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင် “ရွာထဲ (ဗုံး) ကြဲချရင် သေကုန်မှာ။ ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘူး” (ဒေသခံတစ်ဦး) သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135201/

  • ဖူးခက်တွင် ထိုင်းလူငယ်များကို လေသေနတ်ဖြင့်ခြိမ်းခြောက်သည်ဆိုကာ မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရ မြန်မာလူငယ်တွေဟာ ဆိုင်ကယ်နဲ့ ဖူးခက်မြို့ကိုလာချိန် လမ်းမှာ ထိုင်းလူငယ်တွေနဲ့ ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135201/

  • ကျိုက္ခမီတွင် ရန်ကုန်က ပြန်လာသည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ လူနာအမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်ကိုးဦးကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ Quarantine ထားရှိပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135198/

  • ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန် လာရောက်လည်ပတ်သူနည်း စစ်မှုထမ်းဆွဲရာမှာ နာမည်ကြီးတဲ့ ကမြောကင်းတံတားကို ဖြတ်သန်းသွားရမှာဖြစ်တာကြောင့် မသွားရဲကြတော့တာလို့ ဆိုပါတယ်။ ပုံစာ - မောင်မယ်ရေတံခွန်တွင် ရေကစားနေကြသူများ။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135195/

  • ဖူးခက်တွင် မြန်မာလူငယ်တစ်ဦး ဓားထိုးခံရ လမ်းဘေးမှာ ဆိုင်ကယ်နဲ့ တစ်ဦးတည်းရပ်နေချိန် လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ် နောက်တစ်စီးရောက်လာပြီး ဓားနဲ့ထိုးခဲ့တာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135192/

  • သရက်ချောင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၀ ခန့်က ဒေသခံများ ထွက်ပြေးတိမ်းရှောင် အခုလိုမျိုး စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်တာမျိုး တစ်ခါမှ မကြုံဖူးသေးဘူးလို့ ဒေသခံတွေ ဆိုပါတယ်။ ပုံစာ - သရက်ချောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ (ပုံဟောင်း) သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135189/

  • ထားဝယ်အရှေ့တော ကျေးရွာအချို့တွင် ခဲမဖြူနှင့် သံသတ္တု ယာယီအဝယ်ရပ် ဘဏ် ငွေဝင်လမ်းကြောင်းကို စောင့်ကြည့်ပြီး အဝယ်ဒိုင်တချို့ကို စစ်အုပ်စုက ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ပုံစာ - ထားဝယ်အရှေ့တောဒေသရှိ ခဲသတ္တုရှာဖွေသူများ။ ဓာတ်ပုံ - Dawei Watch သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135186/

  • အခေါက်ရွှေ ကျပြီး ထိုင်းဘတ်ဈေး ဆက်တိုက်ငြိမ် Dawei Watch | ဩဂုတ် ၁၄ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ ပြန်ကျလာပြီး ထိုင်းဘတ်ငွေလဲဈေးက ငြိမ်နေသည်။ ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ငါးသောင်းကျသွားသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် 10050000 ကျပ် ဈေးဖွင့်ထားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ 797 ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကော်မရှင် သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ငွေလဲနှုန်းက ဆက်တိုက်ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် 770 ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

  • စစ်အုပ်စုက ထားဝယ်မြို့ပေါ်တွင် လူဟောင်းအများစုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ခန့် ပိန္နဲတော၊ သင်္ဘောဆိပ်၊ ဘုမ္မော်၊ ဒေါင်းငူ-တံငါ၊ ထိန်သစ်၊ ကျောက်မော်-ရှမ္မရပ်ကွက်တွေမှာ လက်ရှိ အုပ်ချုပ်ရေးမှူးတွေပဲ ပြန်ရွေးချယ်ခဲ့တာတွေ့ရပါတယ်။ ပုံစာ - စစ်အုပ်စုခန့် ထားဝယ်မြို့ ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တွေ့ရစဉ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/14/08/2026/135176/

  • ဩဂုတ်လ ၁၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ********* Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့   - ထားဝယ်အထူးစီးပွားရေးဇုန်မှာရှိတဲ့ ကျေးရွာတချို့ကို ဖုန်းလိုင်းဖြတ်ထားလို့ စစ်ဘေးရှောင်တွေ အခက်ကြုံနေတဲ့ အခြေအနေ - မုဒုံမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ သတင်း - စစ်မှုထမ်း အဓမ္မစုဆောင်းနေလို့ ထားဝယ်အရှေ့တောကလူငယ်တွေ မြို့ပေါ်ဆေးခန်းကို မသွားရဲတဲ့အကြောင်း - သရက်ချောင်း ကင်းရှေ့ရွာကို ရောက်နေတဲ့ စစ်ကြောင်းက ဒေသခံတချို့ကို ဖမ်းဆီးထားတဲ့ သတင်း - မြန်မာ ၂၀၀ နီးပါးကို ထိုင်းအစိုးရက ကော့သောင်းကို ပြန်ပို့တဲ့ အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ https://youtu.be/9vJkoDKN1w4

  • ဘန်ကောက်တွင် မြန်မာသားအဖ စီးလာသည့်ဆိုင်ကယ် မီးနီစောင့်နေချိန် ကုန်ကားဝင်တိုက်၊ ဖခင်ဖြစ်သူသေဆုံး လူ ဖြတ်ကူးဖို့ မီးနီပြထားလို့ ဆိုင်ကယ် ရပ်တန့်စောင့်ဆိုင်းနေချိန် ဆယ်ဘီးတပ်ကားက အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/13/08/2026/135169/

  • ဖခင် ကွယ်လွန်ပြီးနောက် ကစားသမားဘဝ အဆုံးသတ်ဖို့ မက်ဆီ အလေးအနက်ထား စဉ်းစားလာ “အဖေ မရှိတော့ဘူးဆိုတော့ ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။ ကျွန်တော် သိတာဆိုလို့ ဘောလုံး ကစားတာ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဒီထက်ပိုပြီး အကြာကြီး ဆက်ကစားသွားနိုင်ပါဦးမလား ဆိုတာလည်း ကြီးမားတဲ့ သံသယတွေ ဝင်လာပါပြီ” သတင်းဖတ်ရန် > https://www.daweiwatch.com/13/08/2026/135166/

  • စစ်မှုထမ်းကြောက်လို့ ထားဝယ်အရှေ့တောလူငယ်တွေ မြို့ပေါ်ဆေးခန်း မသွားရဲ DaweiWatch | ရုပ်သံ ရောဂါတွေရှိနေပေမဲ့ မကုသဘဲ နေကြရပါတယ်။ https://youtu.be/kaCvc9vM2TA