Maesot Sharing မဲဆောက်ရေးရာ
Статистикаမဲဆောက်အတွင်း တက်ကြွလှုပ်ရှားသူတွေအတွက် သတင်းနဲ့ အခွင့်အလမ်းတွေ၊ သိသင့်တာတွေ မျှေ၀ဖို့
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 9
- Всего постов
- 43
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 88
- 1/48двое суток
- 100
- 1/72трое суток
- 108
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://www.facebook.com/share/p/199SUXYUz8/
https://www.facebook.com/photo/?fbid=122163341360971955&set=a.122098601408971955
🌟 Barista သင်တန်း (Batch 1) - လျှောက်လွှာခေါ်ယူခြင်း ☕ Community Partners Thailand Foundation (CPTF) ၏ New Future Youth Corner (NFYC) Project မှ မြန်မာလူငယ်များနှင့်အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လိုသူများအား Barista Course (Batch 1) သင်တန်းသို့ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ဤသင်တန်းသည် Barista လုပ်ငန်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးရန်နှင့် အနာဂတ်တွင် ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ 📅 သင်တန်းအချက်အလက် သင်တန်းကာလ – ၂ ရက် (စုစုပေါင်း ၁၆ နာရီ) သင်တန်းအချိန် – တနင်္လာနေ့နှင့် အင်္ဂါနေ့၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀ နာရီ သင်တန်းနေရာ – The Passport Restaurant, မယ်ပ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင် 👥 လျှောက်ထားနိုင်သူ 👉အသက် ၁၈ မှ ၃၅ နှစ်အတွင်း ဖြစ်ရမည် (မြန်မာလူငယ်များကို ဦးစားပေးရွေးချယ်မည်) 👉အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလိုသူ ဖြစ်ရမည် 👉အနာဂတ်တွင် Barista အဖြစ် သို့မဟုတ် Food & Beverage (F&B) လုပ်ငန်းတွင် အလုပ်လုပ်ရန် စိတ်ဝင်စားပြီး ရည်ရွယ်ချက်ရှိသူ ဖြစ်ရမည် 👉 သင်တန်း ၂ ရက်လုံး အပြည့်အဝ တက်ရောက်နိုင်ရမည် 👉ထိုင်းနိုင်ငံတွင် တရားဝင်အသုံးပြုနိုင်သော အထောက်အထား (ဥပမာ - Passport၊ Pink Card သို့မဟုတ် အခြားတရားဝင် အထောက်အထား) ရှိရမည် 👉သင်တန်းနေရာသို့ ကိုယ်တိုင်သွားရောက်နိုင်ရမည် 🎁 သင်တန်းတက်ရောက်သူများ ရရှိမည့်အကျိုးကျေးဇူးများ 👉အတွေ့အကြုံရှိ Barista Trainer များထံမှ လက်တွေ့သင်ကြားခွင့် 👉သင်တန်းအောင်မြင်စွာ ပြီးဆုံးပါက Certificate of Completion ရရှိမည် 👉သင်တန်းကြေး ၈,၅၀၀ ဘတ်ကို CPTF မှ အပြည့်အဝ ထောက်ပံ့ပေးမည် 👉အလုပ်အကိုင် သို့မဟုတ် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အသုံးချနိုင်သော လက်တွေ့ကျွမ်းကျင်မှုများ ရရှိမည် 💰 မှတ်ပုံတင်ကြေး 👉သင်တန်းတက်ရောက်ရန် အတည်ပြုခြင်းအတွက် ၁,၅၀၀ ဘတ် အပ်ငွေ ပေးသွင်းရမည်။ 👉သင်တန်းကို အောင်မြင်စွာ ပြီးဆုံးပြီး တက်ရောက်မှုစည်းကမ်းများကို ပြည့်မီပါက မှတ်ပုံတင်ကြေး ၁,၅၀၀ ဘတ် ကို အပြည့်အဝ ပြန်လည်ထုတ်ပေးမည်။ 👉စာရင်းပေးသွင်းပြီးနောက် သင်တန်းမှ နုတ်ထွက်ခြင်း သို့မဟုတ် သင်တန်း၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပျက်ကွက်ပါက မှတ်ပုံတင်ကြေးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ 📌 သင်တန်းသားများ၏ တာဝန် 👉သွားလာစရိတ်၊ အစားအသောက်စရိတ်နှင့် ကိုယ်ပိုင်အသုံးစရိတ်များကို မိမိကိုယ်တိုင် ကျခံရမည်။ 👉သင်တန်းပြီးဆုံးပြီးနောက် စီမံကိန်း၏ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring & Evaluation) လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရမည်။ 👉သင်တန်းကို အောင်မြင်စွာ ပြီးဆုံးပြီး အလုပ်အကိုင် ရရှိပါက၊ နောင်လာမည့် လူငယ်များအတွက် အလားတူ သင်တန်းအခွင့်အလမ်းများ ဆက်လက်ဖန်တီးပေးနိုင်ရန် CPTF Revolving Training Fund သို့ သင်တန်းကြေး၏ ၃၀% (၂,၅၅၀ ဘတ်) ကို ထည့်ဝင်ပံ့ပိုးပေးရန် သဘောတူရမည် ဖြစ်ပါမည်။ 📅 လျှောက်လွှာလက်ခံမည့်ကာလ လျှောက်လွှာစတင်လက်ခံမည့်နေ့ – ၁၅ ဇူလိုင် ၂၀၂၆ လျှောက်လွှာနောက်ဆုံးပိတ်မည့်နေ့ – ၃၁ ဇူလိုင် ၂၀၂၆၊ ညနေ ၅:၀၀ နာရီ 📝 လျှောက်ထားရန် – https://docs.google.com/.../1FAIpQLSeVvhA4FMp.../viewform... ⚠️ သင်တန်းသား (၅) ဦးသာ ရွေးချယ်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အမြန်လျှောက်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်သိလိုပါက NFYC Facebook page Messager မေးမြန်းနိုင်ပါတယ်....
ဂျာမဏီ ကျောင်းအတွက် စကောလာရှစ်အခွင့်အလမ်း https://www.facebook.com/naylin.tun.716/posts/pfbid02zinDSTN22AvYxBYpGUSyu6Tw6qT71Nceqk16A5pYQDHCTCTvarFJ5T42tdwsJ3Kzl
✨ 𝗛𝗜𝗣 𝗛𝗢𝗣 𝗖𝗔𝗠𝗣 𝟮𝟬𝟮𝟲: 𝗦𝘁𝗼𝗿𝗶𝗲𝘀 𝗕𝗲𝘆𝗼𝗻𝗱 𝗕𝗼𝗿𝗱𝗲𝗿𝘀 🔥 The Space နဲ့ The First Jam တို့ ပူးပေါင်းပြီး မဲဆောက်မှာရှိတဲ့ လူငယ်တွေအတွက် အချင်းချင်း ချိတ်ဆက်၊ သင်ယူပြီး မိမိတို့ရဲ့ ဖန်တီးမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်မယ့် Hip Hop Camp 2026 ကို ဖိတ်ခေါ်လိုက်ပါတယ်။ 🚀✨ ❓ Hip Hop ဆိုတာ ဘာလဲ? Hip Hop Culture က ဘယ်က အစပြုခဲ့သလဲ? 🎨 ၁၉၇၀ နှောင်းပိုင်း ကာလတွေမှာ နယူးယောက်မြို့၊ Bronx ရပ်ကွက်ကနေ စတင်ခဲ့တဲ့ Hip Hop ယဉ်ကျေးမှုဟာ လူမှုစီးပွား ခက်ခဲမှုတွေနဲ့ ဖိနှိပ်ခံရမှုတွေကို တုံ့ပြန်ဖို့၊ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့အတွက် လူငယ်တွေ (အထူးသဖြင့် ဘေးဖယ်ခံထားရတဲ့ အသိုင်းအဝိုင်းများ) ရဲ့ အသံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေ စကားပြောခွင့်မဲ့နေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်အသံကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး တစ်ခုဖြစ်ပါတယ်။ 🌐💬 💡 ဂီတအမျိုးအစားတစ်ခုဆိုတာထက် ပိုတဲ့ Hip Hop Camp မှာ ဘာတွေ သင်ယူခွင့်ရမလဲ? 🎧🕺 🤸♂️ Breakin' (aka Breakdance) |💃 Street Dance | 🎧 DJing | 🎨 Graffiti Art | 🎼 Music Production အကြောင်းအရာတွေကို လက်တွေ့ကျကျ သင်ယူခွင့်ရရှိမယ်။ 𝗗𝗮𝘁𝗲 & 𝗩𝗲𝗻𝘂𝗲 🗓️ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ – ၃၀ ရက်: (Instructors များ၏ ၃ ရက်တာ Workshop အစီအစဉ်) 🗓️ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်: (Closing Ceremony & International Youth Day Event) 📍 နေရာ: The Space - Youth Learning Center 📋ဘယ်သူတွေ လျှောက်ထားနိုင်လဲ။ 📌 အသက် ၁၇ နှစ် မှ ၂၀ နှစ် အတွင်း (အသက် ၁၈ နှစ်အောက် ပါဝင်သူများအတွက် အုပ်ထိန်းသူ၏ သဘောတူညီချက်ပုံစံ လိုအပ်ပါမည်) 📌 မဲဆောက်မြို့ (အနီးပတ်ဝန်းကျင် နေထိုင်သည့်) မြန်မာ သို့မဟုတ် ထိုင်းလူငယ်များ 📌 ဩဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ အစီအစဉ်တစ်ခုလုံးကို အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရမည်။ 📌 Hip Hop အတွေ့အကြုံ လုံးဝ မရှိသေးသူများ/အခြေခံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရန် - https://forms.cloud.microsoft/r/604NGVunfU ⏳ လျှောက်လွှာ ပိတ်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ (စုစုပေါင်း သင်တန်းသား ၆၀ ဦး လက်ခံသွားမည်) (ကျေးဇူးပြု၍ လျှောက်လွှာဖြည့်ချိန်တွင် မိမိစိတ်ဝင်စားဆုံး Class ၃ ခုကို ရွေးချယ်ပေးပါ။) 🌟 Aug 31, International Youth Day Event မှာလည်း သင်တန်းသားတွေရဲ့ အနုပညာဖန်တီးမှု ပြသခွင့်တွေနဲ့ စိတ်လှုပ်ရှားဖွယ် Hip Hop Performance တွေပါ ပါဝင်မှာဖြစ်လို့ မိမိတို့ရဲ့ Artist အိမ်မက်တွေကို “အတူဖန်တီး၊ ချိတ်ဆက်၊ ပြောင်းလဲ” သွားနိုင်ဖို့ လူငယ်များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ 🏆🔥 #HipHopCamp2026 #StoriesBeyondBorders #DifferentContextCommonAspiration #YouthHub #TheSpace #TheFirstJam
Basic Photojournalism Class 24 & 25 August 2026 【Place】Mae Sot (the detail will be provided for the selected participants) 【Date】 24 August (Monday) 1:00 PM – 5:00 PM 25 August (Tuesday) 1:00 PM – 5:00 PM The participants must attend both days.
https://www.facebook.com/photo/?fbid=1058443417157492&set=a.127946366873873
без подписи
မယ်ကုအထွက် ကုန်းအတက်အဆင်း အကုန်စစ်ဆေးပါတယ်နော် ကမ်းကူးဘာညာ ဂရုစိုက်ပါ ပုံတွေအကုန်ယူကြည့်ပီးငွေညှစ်ပါတယ်
📣 Here comes Batch 3!! 🎉 ရှေ့ Batch ၂ ခုမှာ အင်မတန် လူကြိုက်များခဲ့တဲ့ Politics 101 သင်တန်းရဲ့ အပတ်စဉ် ၃ ကို ဖွင့်လှစ်ပါတော့မယ်! ✨ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း လူငယ်များအတွက် ဦးတည်ပြီး အခြေခံနိုင်ငံရေး အတွေးအခေါ်များနဲ့ ဘာသာရပ်များကို သင်ကြားပေးမယ့် Politics 101 - Batch 3 သင်တန်းကို ဩဂုတ်လ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ စီစဉ်ဖွင့်လှစ်သွားမှာပါ။ 🗓️ သင်တန်းကာလ ၂ လကျော် ကြာမြင့်မှာဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာ၊ ဆရာမများက အခြေခံမှစတင်၍ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တက်ရောက်သူများအနေဖြင့် မိမိရောက်ရှိရာ နေရာမှ အင်တာနက်လိုင်း ကောင်းမွန်ရုံဖြင့် အွန်လိုင်းစာသင်ခန်း (Zoom) မှတစ်ဆင့် လေ့လာသင်ယူနိုင်ပါတယ်။ 💻🌐 သင်တန်းအတွင်း စာသင်ချိန်များအပြင် အဖွဲ့လိုက် ဆွေးနွေးမှုများ၊ ဖတ်စရာများနဲ့ အိမ်စာအက်ဆေးများလည်း ပါဝင်မှာဖြစ်ပါတယ်။ 📚📝 ပြီးခဲ့တဲ့ Batch တွေနဲ့ မတူဘဲ အခုတစ်ခေါက်မှာ အထူးပါဝင်လာမှာတွေကတော့ — 💡 သင်ကြားထားတဲ့ အတွေးအခေါ် အယူအဆများကို လက်တွေ့အသုံးချ ဆွေးနွေးနိုင်ဖို့ Debate Training နဲ့ Debate ပွဲများ 🤝 ရွေးချယ်ခံရသူ သင်တန်းသားများက သင်တန်းအတွင်းမှာ ထပ်ဆင့်လျှောက်ထားနိုင်တဲ့ သင်တန်းအပြီးမှာပါ ဆက်ရှိနေမယ့် Mentorship Programme တွေရယ်ကို ထည့်သွင်းထားတာပါ။ ယခုသင်တန်းကို သင်တန်းကြေး (လုံးဝ) အခမဲ့ ဖြင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေ (၄၀) ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး လျှောက်လွှာဖောင်ပါ အဖြေများအပေါ် မူတည်ကာ ရွေးချယ်သွားမှာဖြစ်တဲ့အတွက် လျှောက်လွှာကို ပြည့်ပြည့်စုံစုံ ဖြေဆိုပေးဖို့ တိုက်တွန်းချင်ပါတယ်။ ✍️🎯 👇 အောက်ပါ Link မှတစ်ဆင့် လျှောက်ထားနိုင်ပါပြီ။ 🔗 သင်တန်းလျှောက်ထားရန် Google Form: https://forms.gle/zvCtVkLs6iJD34dJ7 ⏳ လျှောက်လွှာပိတ်မည့်ရက်: 7 August 2026 (သောကြာနေ့) ည ၁၁:၅၉ နာရီ (ယခင် Batch များမှ သင်တန်းသူ/သားများရဲ့ Feedback များကိုလည်း Comment တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။) 💬
без подписи
(English Below) 📢Rays of Youth မှ မုန့်ဖုတ်နှင့်အချက်အပြုတ်ကာလတိုသင်တန်းများအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း 📢Call for Applications: Bakery and Kitchen Short Courses for Migrant Youth Rays of Youth မှအသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ထပ်မံဖွင့်လှစ်သွားမည့်သင်တန်းများမှာ 🍰 မုန့်ဖုတ်ကာလတိုသင်တန်း 🧑🍳🍳အချက်အပြုတ်ကာလတိုသင်တန်းများဖြစ်သည်။ ✅ ပါဝင်လျှောက်ထားလိုသော လူငယ်များ၏လိုအပ်ချက်များမှာ- - ထိုင်းမြန်မာနယ်စပ်တွင်နေထိုင်နေပြီး ကျောင်းပြင်ပတွင်ရောက်ရှိနေသော (သို့မဟုတ်) ကျောင်းဆက်မတက်သောလူငယ်များ လျှောက်ထားနိုင်ပါသည်။ - လျှောက်ထားလိုသောလူငယ်များအနေနှင့် အသက် ၁၇ မှ ၂၃ ကြားဖြစ်ရမည်။ - သင်တန်းအစီစဥ် အစ မှ အဆုံးထိတက်ရောက်နိုင်သူဖြစ်ရမည်။ - မိမိကိုယ်ပိုင်အစီစဥ်ဖြင့်သင်တန်းတက်ရောက် သွားလာနိုင်သူဖြစ်ရမည်။ - တက်ရောက်မည့် သင်တန်းအစီအစဉ်ပရိုဂမ်ကို စိတ်အားထက်သန်ပြီး မိမိအနာဂတ် အသက်မွေးဝမ်းကျောင်းတွင် လက်တွေ့ပြန်လည် အသုံးချလိုသူဖြစ်ရမည်။ မိမိစိတ်ဝင်စားသောသင်တန်းများ သက်ဆိုင်ရာသင်တန်းပိုစတာတွင် အသေးစိတ်ဖတ်ရှုရမည်ဖြစ်သည်။ လျှောက်လွာဖြည့်ရန်- အောက်ပါ ပိုစတာတွင်ဖော်ပြထားသော QR ကုတ်ဖြင့်လည်း scan ပြုလုပ်၍လည်း လျှောက်လွှာဖြည့်သွင်းနိုင်ပါသည်။ သက်ဆိုင်ရာသင်တန်းအလိုက်လူဦးရေအကန့်အသတ်ရှိသည့်အတွက် မိမိတက်လိုသောသင်တန်းများအား အလျင်လျှောက်ထားလိုက်ပါ။ 📅 လျှောက်လွှာပိတ်ရက်။ ။ ၁၇၊ ဩဂုတ်၊ ၂၀၂၆ 📌မှတ်ချက်။ ။ - သင်တန်းတက်ရောက်ခွင့်ရသော သင်တန်းသူ၊ သင်တန်းသားများအင်တာဗျူးဖြေဆိုရမည်။ - လူငယ်တစ်ဦးလျှင်သင်တန်းတစ်ခုသာ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ လျှောက်လွှာဖြည့်ရန်လင့်ခ် - 🍰 မုန့်ဖုတ် ကာလတိုသင်တန်း - https://forms.gle/US4yKqQt9PyuzUDs9 🧑🍳🍳 အချက်အပြုတ်ကာလတိုသင်တန်း - https://forms.gle/qFgVo7GfzmFFE8MY8 အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများအတွက် Rays of Youth နှင့်အတူဖန်တီးလိုက်ပါ။ Rays of Youth is currently offering vocational short courses for young people. The following courses will be offered in the upcoming training program: ✅Eligibility and Requirements • Be living along the Thailand–Myanmar border and be out of school or no longer attending school. • Be between 17 and 23 years old. • Be able to attend the entire training program from beginning to end. • Be able to arrange their own transportation and travel to and from the training venue. • Be highly motivated to participate in the selected training program and interested in applying the skills they learn to their future careers and livelihoods. • Please read the details carefully on the poster of the course you are interested in before applying. 📋 How to Apply You can apply by scanning the QR code shown on the relevant course poster and completing the application form. As there are limited spaces available for each course, interested young people are encouraged to apply as soon as possible. 📌 Important Notes • Selected applicants will be required to participate in an interview before being accepted into the training. • Each applicant may participate in only one course. • 📅 Application Deadline: 17 August 2026 🔗 Application Links 🍰 Bakery Short Course: https://forms.gle/US4yKqQt9PyuzUDs9 👩🍳 Kitchen Short Course: https://forms.gle/qFgVo7GfzmFFE8MY8 ✨ Build a better future with Rays of Youth by developing practical vocational skills and creating new opportunities for your career and livelihood! #RaysOfYouth #ROY #VocationalEducationTraining #VET #VETBatch-5 #shorcourse #Bakery #Kitchen #Vocationalshortcourse #YouthEmpowerment
🟪မဲဆောက်မှာ ဆယ်နှစ်ခံကဒ် ၇၀၀ ကျော်ထုတ်ပေးထားသည့် ကွန်ရက်ကို ဖမ်းဆီးပြီး မြန်မာ ၁၂ ဦး ပါဝင်နေ 🟪ကတ်ပြုလုပ်ခ ဘတ်၄ သောင်းမှ ၁ သိန်းအထိ ပေးရ __________________ မဲဆောက်မြို့နယ်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ ဆယ်နှစ်ခံ မှတ်ပုံတင်ကတ်ပြား တရားမဝင် ထုတ်ပေးနေတဲ့ ကွန်ရက်ကို ထိုင်းတာဝန်ရှိသူတွေက ဒီနေ့ ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဌာန နဲ့ အခြား လုံခြုံရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး နေရာ ၂၅ ခုအထိ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။ ပြည်နယ်အရာရှိ ၃ ဦး၊ အိမ်ရှင် ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေထံ သတင်းပေးပို့ချက် ရရှိခဲ့တာကြောင့် စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးရဲ့တာဝန်ရှိသူအချို့နဲ့ ပွဲစားတွေဟာ ချိတ်ဆက်ပြီး မြန်မာအလုပ်သမားတွေကို ဆယ်နှစ်ခံ မှတ်ပုံတင်ကတ်ပြားတွေ လုပ်ဆောင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို မှတ်ပုံတင်ပြုလုပ်ပေးရာမှာ တစ်ဦးကို ဘတ် ၄၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ငွေကြေးတွေ ကောက်ခံခဲ့ကြပြီး ကတ်ပြားပေါင်း ၇၀၀ ကျော်အထိ ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးဟာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) တွေ ကိုင်ဆောင်ထားပြီးသား ဖြစ်ကြပါတယ်။ ထိုင်းအစိုးရနဲ့ ရဲတပ်ဖွဲ့ဘက်ကတော့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ချင်သူတွေအတွက် တရားဝင် လမ်းကြောင်းတွေ ရှိပြီးသားဖြစ်တာကြောင့် အခုလို မှတ်ပုံတင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သတ်ပြီး တရားမဝင် လုပ်ဆောင်နေတာတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ သတိပေးထားကြောင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။
🟥မဲဆောက်တွင် ၁၀ နှစ်ခံကတ် (ဘတ် ၀) အတုပြုလုပ်မှုများကို နှိမ်နင်းသည့် 'Operation Talay Card 10 Years Wild' စတင်။ Karen Vibes | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ၁၀ နှစ်ခံကတ် (သို့မဟုတ်) ဘတ် (၀) ဟု ခေါ်ဆိုသည့် မှတ်ပုံတင်မဲ့သူများအတွက် ထုတ်ပေးသော ကတ်ပြားများကို အဂတိလိုက်စားကာ ထုတ်ပေးနေမှုများကို နှိမ်နင်းရန်အတွက် ‘Operation Talay Card 10 Years Wild’ (Jeset M.3) စစ်ဆင်ရေးကို ယနေ့ နံနက်ပိုင်းတွင် စတင်လိုက်ပြီဖြစ်ကြောင်း ထိုင်းမီဒီယာတစ်ခုဖြစ်သည့် The Reporters ၏ သတင်းအရသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၆:၀၀ နာရီအချိန်တွင် မဲဆောက်ရဲစခန်း၌ တာ့ခ်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Sataporn Rodpho ၏ ဦးဆောင်မှုဖြင့် အင်အား ၁၃၀ ကျော်ရှိသော ပူးပေါင်းအဖွဲ့သည် စစ်ဆင်ရေးအတွက် စတင်ထွက်ခွာခဲ့ကြသည်။ အဆိုပါ ပူးပေါင်းအဖွဲ့တွင် မဲဆောက်ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (Immigration)၊ DOPA N.I.C.E အထူးလုပ်ငန်းအဖွဲ့၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့များ ပါဝင်ကြောင်း သိရသည်။ ယခုစစ်ဆင်ရေးတွင် တရားရုံးဖမ်းဝရမ်း ၁၃ ခုနှင့် အလိုရှိသူ ၂ ဦးကို ဖမ်းဆီးရန် ရည်ရွယ်ထားသည်။ အဓိကပစ်မှတ်များမှာ - ၁။ မဲဆောက်စည်ပင်သာယာရုံးမှ ဝန်ထမ်းဟောင်း (၁) ဦးနှင့် လက်ရှိဝန်ထမ်း (၂) ဦး။ ၂။ ၁၀ နှစ်ခံကတ် လိမ်လည်ပြုလုပ်မှုတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသား (၁၂) ဦး။ အဆိုပါ ဖမ်းဆီးမှုများသည် လူကုန်ကူးမှုကွန်ရက်များနှင့် ဆက်နွှယ်နေပြီး၊ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်အသားကတ်ပြား (Zero-head cards) များကို အဂတိနည်းလမ်းဖြင့် ထုတ်ပေးနေခြင်းကို အမြစ်ပြတ်ချေမှုန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ယနေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် မဲဆောက်လူဝင်မှုကြီးကြပ်ရေးရုံး၌ အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nares Thaiseth၊ အရပ်ဘက်အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Naricha Kosasivilas၊ အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် Pol. Col. Samran Nuam နှင့် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Mr. Chusak Ruengying တို့ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (PACC) မှ တာဝန်ရှိသူများနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဤစစ်ဆင်ရေးသည် နယ်စပ်ဒေသတွင် တရားမဝင် မှတ်ပုံတင်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိုဏ်းများကို ကြီးကြီးမားမား ထိုးနှက်လိုက်ခြင်းဖြစ်ပြီး၊ လူကုန်ကူးမှုနှင့် ဆက်စပ်နေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် အစိုးရ၏ အလေးထားဆောင်ရွက်မှုတစ်ခုလည်း ဖြစ်သည်။ News & Photo - The Reporters
မဲဆောက်ရှိ ၁၀ နှစ်သက်တမ်းကတ် လိမ်လည်ထုတ်ပေးမှုကို စီးနင်းဖမ်းဆီးရန် ဘန်ကောက်ရဲ ၁၃၀ ကျော်ရောက်ရှိနေ သံလွင်ခက် ဩဂုတ် ၄၊ ၂၀၂၆။ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၁၀ နှစ်သက်တမ်းကတ် တရားမဝင် ထုတ်ပေးမှုများကို နှိမ်နင်းရန် ဘန်ကောက်ရဲတပ်ဖွဲ့ဝင် ၁၃၀ ကျော် ပါဝင်သည့် စစ်ဆင်ရေးတစ်ရပ်ကို ယနေ့ စတင်လုပ်ဆောင်နေသည်ဟု ထိုင်းသတင်းဌာန The Reporters က ဖော်ပြသည်။ အဆိုပါစစ်ဆင်ရေးသည် ဤအမှုတွင် ပါဝင်ပတ်သက်နေသည့် မဲဆောက်စည်ပင်သာယာရေး အရာရှိများနှင့် နိုင်ငံခြားသားများကို ပစ်မှတ်ထား ဖမ်းဆီးခြင်း ဖြစ်ပြီး စစ်ဆင်ရေးကို ယနေ့ ဩဂုတ် ၄ ရက် နံနက် ၆ နာရီတွင် စတင်ခဲ့သည်။ မဲဆောက်ခရိုင် ရဲတပ်ဖွဲ့ ဒုတိယတပ်မှူး ဆာတာပွန် ရော့ဒ်ဖိုက ဘန်ကောက်မှ လာရောက်သည့် အရာရှိပေါင်း ၁၃၀ ကျော်ကို တာဝန်ပေး စေလွှတ်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အခြား လုံခြုံရေးတပ်ဖွဲ့ပေါင်းစုံ ပါဝင်သည်။ အဆိုပါ စစ်ဆင်ရေးသည် ဖမ်းဝရမ်း ၁၃ ခုနှင့် အလိုရှိသူစာရင်း ၂ ခုအတွက် ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်ပြီး ပစ်မှတ်များထဲတွင် မဲဆောက် စည်ပင်ဝန်ထမ်းဟောင်း တစ်ဦးနှင့် လက်ရှိ ဝန်ထမ်း နှစ်ဦး ပါဝင်သည်။ ထို့အပြင် နိုင်ငံခြားသား ၁၂ ဦးကိုလည်း အလိုရှိနေပြီး ၎င်းတို့သည် ဇီးရိုးဟက်ဒ်ဟု ခေါ်သည့် တရားမဝင် မှတ်ပုံတင်ကတ်များ လိမ်လည်ပြုလုပ်ပေးမှုနှင့် ဆက်စပ်နေသည်။ အဆိုပါလုပ်ရပ်သည် တာ့ခ်ခရိုင်အတွင်းရှိ လူကုန်ကူးမှု လုပ်ငန်းများနှင့်လည်း ဆက်စပ်မှုရှိနေကြောင်း သိရသည်။ ဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပမည် ဖြစ်ပြီး ထိုင်းပြည်ထဲရေး ဒုတိယဝန်ကြီး နာရက်စ် ထိုင်းဆက်နှင့် တာ့ခ်ခရိုင်ဝန် ချူဆပ် ရူအန်ယင်းတို့က ဦးဆောင်မည်ဟု သိရသည်။ ထို့အပြင် အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ အကြီးအကဲများလည်း ပူးပေါင်းတက်ရောက်ကြမည် ဟုသိရသည်။ သတင်းနှင့် ဓာတ်ပုံ - The Reporters #မဲဆောက် #ဖမ်းဆီး #ThanLwinKhetNews
မယ်တော်ဆေးခန်းမှ ဝန်ထမ်းခေါ်ယူခြင်း ......... 👉🏻 ခေါ်ယူသည့် ရာထူး - Skill Lab Technical Support 👉🏻 ဖော်ပြပါ သတ်မှတ်ချက်များနဲ့ ကိုက်ညီပါက Email မှတဆင့် CV နှင့် Cover Letter ကို Attach တွဲပြီး သြဂုတ်လ၊ ၇ ရက်နေ့ထက် နောက်မကျစေဘဲ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ (လူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုပါ) 🚫 📩 လျှောက်ထားရန် Email : recruitment@maetaoclinic.org 👉🏻Email Subject နေရာတွင် - 'Skill Lab Technical Support" ဟု ရေးသားပါရန်။ 👉🏻အသေးစိပ်အချက်အလက်များကို Google Link တွင် ဖတ်ရှုနိုင်ပါတယ်။ (သို့မဟုတ်) Comment မှာလည်း ပုံ တင်ပေးထားပါတယ်။ 👉🏻Google Link - https://drive.google.com/drive/folders/1qkQ7wF_2NC3nphdn4wc7fEwWJw9aonzT?usp=sharing 👉🏻စိစစ်ရွေးချယ်ခံထားရသူများကိုသာ Interview အတွက် အကြောင်းကြားပေးမှာဖြစ်ပါတယ်။ ... • မယ်တော်ဆေးခန်းက ဝန်ထမ်းခန့်အပ်မှုမှာ ခွဲခြားဆက်ဆံခြင်းမရှိစေရမူဝါဒကို လက်ခံကျင့်သုံးပါတယ်။ • ဒါ့အပြင် အသက်အရွယ်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်ခွဲခြားဆက်ဆံမှု၊ လိင်စိတ်ကွဲပြားမှု၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနှင့် မသန်စွမ်းစတဲ့အကြောင်းအရာများအပေါ်မူတည်ပြီး လုပ်ငန်းခွင် ခန့်အပ်ရေးအတွက် ဆုံးဖြတ်ချက်ချခြင်းမရှိပါ။ ... အားလုံးကျန်းမာကြပါစေ။ မယ်တော်ဆေးခန်း https://www.facebook.com/share/1Ctco2GS4A/
MWiM ၏ Adolescent Girls' Story Fellowship (ဆယ်ကျော်သက် မိန်းကလေးများ၏ အသံများကို ဖော်ထုတ်တင်ပြသည့် Story Fellowship)အစီအစဉ်တွင် လျှောက်ထားရန် ဖိတ်ခေါ်ခြင်း https://www.facebook.com/photo/?fbid=122205197234787238&set=a.122128725254787238
https://www.facebook.com/share/p/1DNrpmp4Ae/
ထိုင်းနိုင်ငံတောင်ပိုင်းကိစ္စ ဘာသာရေးအမုန်းတရားဖြန့်နေတဲ့ မြန်မာတွေကို မျှဝေပေးကြပါအုံးဗျာ။ မပြောဘဲနေလို့ မရတော့ဘူးဆိုတော့ ပြန်ပြောရပြန်ပြီ မအားဘူးဆိုမှကွယ်။ လူတွေသိအောင်မျှဝေပေးပါအုံးဗျာ့။ လူတွေဆီရောက်စေချင်ပေမယ့် ကိုယ်က ဆယ်လီမဟုတ်တော့ ခက်နေတယ်။ #ထိုင်းတောင်ပိုင်း #မြန်မာ #ပါတာနီ #Myanmar #Thailand #Muslim #Religion #Myaarmigrants https://www.facebook.com/share/v/1GZP59kQAy/
https://www.facebook.com/share/p/1KFGoGmNjR/