tgindex
Myawady&Maesot Media

Myawady&Maesot Media

Статистика

မြဝတီ&မဲဆောက်မီဒီယာကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
12
Всего постов
29
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
5 778
−23 за 5 дн.
Сутки
−4
−0,07%
Неделя
 
Месяц
 
Просмотров на пост
332
29 постов
Вовлечённость
5,7%
к подписчикам
Постов в день
1,7
всего 29
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
203
1/48двое суток
232
1/72трое суток
250

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • "မြဝတီမြို့၌ ပြည့်တန်ဆာရုံများက ရဲကို လစဉ်ကြေးပေးနေရ" ဟု သတင်းဖော်ပြပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး ◾၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် မြဝတီ&မဲဆောက်မီဒီယာသတင်းဌာနက "မြဝတီမြို့၌ ပြည့်တန်ဆာရုံများက ရဲကို လစဉ်ကြေး‌ပေးနေရ"ခေါင်း စီးဖြင့် သတင်းဖော်ပြပြီးနောက် မြဝတီရဲတပ်ဖွဲ့က ပြည့်တန်ဆာရုံ (၂) ဆိုင်ကို ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်းအချိန်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ပြည့်တန်ဆာရုံ (၄၀) ခန့် ဖွင့်လှစ်ထား‌ကြောင်း၊ အဆိုပါ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ၎င်းတို့၏ ဆိုင်များ အဖမ်းမခံရစေရန်အတွက် တစ်လလျှင် လစဉ်ကြေး မြန်မာငွေကျပ် (၁) သိန်းစီ မြဝတီရဲတပ်ဖွဲ့ထံသို့ ပေးဆောင်နေရကြောင်း၊ ယင်းသို့ လစဉ်ဆက်‌ကြေးငွေများ ကောက်ခံရရှိနေသဖြင့် ရဲတပ်ဖွဲ့က အဆိုပါ ပြည့်တန်ဆာရုံများကို ဖမ်းဆီးခြင်းမရှိကြောင်း မြဝတီ&မဲဆောက်မီဒီယာက ဓါတ်ပုံမှတ်တမ်းများဖြင့် ပူးတွဲဖော်ပြခဲ့သည်။ အဆိုပါ သတင်းဖော်ပြပြီးနောက် ယနေ့ ညပိုင်းတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ပြည်သာယာလမ်းတွင် ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာရုံ (၂) ဆိုင်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၌ ပြည့်တန် ဆာရုံ (၄၀) ခန့်ရှိသည့်အနက် (၂) ဆိုင်သာ ဖမ်းဆီးနိုင်ခဲ့ သည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုအပေါ် မြို့ခံပြည်သူများအကြား ဝေဖန်မှုများရှိနေသည်။ "ကျွန်တော်တို့ အမှတ် (၄) ရပ်ကွက်ထဲမှာ ပြည့်တန်ဆာရုံတွေ အများကြီးဖွင့်ထားတယ်။ ဒါကို (၂) ရုံလောက်ပဲ ဖမ်းနိုင်တယ်ဆိုတော့ မြဝတီရဲတပ်ဖွဲ့က အရမ်းကိုတော်တာပေါ့" ဟု အမှတ် (၄) ရပ်ကွက်နေ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။ #မြဝတီမဲဆောက်မီဒီယာ

  • без подписи

  • ထိုင်းတွင် (၁၀) ဘီးကားတိုက်ခံရပြီး သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏ ကျန်ရစ်သူ မိသားစု နစ်နာကြေးငွေမရ ◾၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် (၁၀)ဘီးကားတိုက်ခံရပြီး သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသား ကိုခန့်၏ ကျန်ရစ်သူမိသားစုမှာ နစ်နာကြေးငွေ မရရှိသေးကြောင်း အဆိုပါအမှုအား ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်သူစိုးက ပြောကြားသည်။ ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီအချိန်က မြန်မာအလုပ်သမား ကိုခန့် အသက် ၂၃ နှစ်သည် သူငယ်ချင်း ဖြစ်သူ ကိုထိုက်နှင့်အတူ အလုပ်ကိစ္စရှိသဖြင့် အပြင်သို့ ဆိုင်ကယ်စီးနင်းသွားစဉ် ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် (၁၀)ဘီးကားက အရှေ့မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ကိုခန့်မှာ အခင်းဖြစ်ပွားရာ‌နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုထိုက်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့နောက် ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသား ယာဉ်မောင်းအား ဖမ်းဆီး၍ အမှုဖွင့်လှစ်ခဲ့သော်လည်း ကားအာမခံကုမ္ပဏီနှင့် ယာဉ်မောင်းဖြစ်သူတို့က (၄) လပြည့်သည်အထိ သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုကို နစ်နာကြေးငွေ တစ်စုံတစ်ရာပေးအပ်ခြင်းမရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုခန့်၏ မိသားစုဝင်များက သေဆုံးသူအတွက် တရားမျှတမှုရရှိစေရန် အမှုကို ကူညီဆောင်ရွက်ပေးပါရန် ကိုအောင်သူစိုးထံ အကူ အညီတောင်းခံခဲ့ကြကြောင်း သိရသည်။ ထိုသို့ အကူအညီတောင်းခံလာမှုအပေါ် ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်သူစိုးက အချက်အလက်များ စိစစ်ကာ ကျန်ရစ်သူမိသားစုအား ထိုက်သင့်သည့် နစ်နာကြေးငွေရရှိနိုင်ရန်နှင့် တရားမျှတမှုရရှိစေရန်အတွက် ထိုင်းဥပဒေနှင့်အညီ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ #မြဝတီမဲဆောက်မီဒီယာ

  • без подписи

  • без подписи

  • без подписи

  • ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား (၂၀၀) နီးပါးကို နေရပ်ပြန်ပို့ ◾၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီ လွတ်ရက်စေ့သူ မြန်မာနိုင်ငံသား (၂၀၀) နီးပါးကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ နေရပ် ပြန်လည်ပို့ဆောင်ခံရသူတွေထဲမှာ အမျိုးသား ၁၅၉ ဦးနဲ့ အမျိုးသမီး ၂၅ ဦးပါဝင်ပြီး သူတို့ကို ဒီကနေ့ ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာ ရနောင်းလူဝင်မှုကြီး ကြပ်ရေးဌာနတာဝန်ရှိသူတွေက ရေလမ်းကြောင်းကနေတဆင့် ကော့သောင်းဘက်ကို လွှဲပြောင်းပေးခဲ့တာပါ။ အခုလို နေရပ်ပြန်ပို့ခံရသူတွေကို ကော့သောင်းအာဏာ ပိုင်တွေက စစ်ဆေးမှုတွေပြုလုပ်ကာ အသက်ကြီးတွေ၊ အမျိုးသမီးတွေနဲ့ကျန်းမာရေးမကောင်းသူတွေကိုတော့ ပြန်လွတ်‌ပေးပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေကို‌ ဖမ်းဆီးကာ စစ်မှုထမ်းဖို့ ကော့သောင်းအခြေစိုက် (၂၆၂) တပ်ရင်းကို ပို့ဆောင်ပေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်စေ့လွတ်မြောက်လာသူ မြန်မာနိုင်ငံသား‌ တွေကို ထိုင်းအာဏာပိုင်တွေက နီးစပ်ရာ နယ်စပ်ဂိတ်တွေကနေတဆင့် မြန်မာဘက်ကို လစဉ် ပြန်လည်လွှဲ‌ပြောင်းပေးနေတယ်လို့ သိရပါတယ်။ #မြဝတီမဲဆောက်မီဒီယာ ဓါတ်ပုံ- Wadi Lwin

  • без подписи

  • без подписи

  • без подписи

  • မြဝတီမြို့၌ ပြည့်တန်ဆာရုံများက ရဲကို လစဉ်ကြေးပေးနေရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ကရင်ပြည်နယ်၊ မြဝတီမြို့၌ တရားမဝင် ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာရုံများက ရဲကို လစဉ်ကြေးပေးနေရကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ၎င်းတို့၏ ဆိုင်များအား ဖမ်းဆီးခြင်းမခံရစေရန် လစဉ်ကြေး တစ်လလျှင် မြန်မာကျပ်ငွေ (၁) သိန်းစီ သက်ဆိုင်ရာ အပိုင်နယ်မြေမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များထံ ပေးဆောင်နေရကြောင်း သိရှိရသည်။ ယင်းသို့ ရဲတပ်ဖွဲ့က လစဉ်ဆက်ကြေးငွေကောက်ခံ၍ ဥပဒေအရ ဖမ်းဆီးအရေးယူခြင်းမရှိသဖြင့် မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။ အဆိုပါ ပြည့်တန်ဆာရုံများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် အများဆုံးဖွင့်လှစ်ထားပြီး စုစုပေါင်း ရုံ (၄၀) ခန့်ရှိကာ အများစုမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ခံ၍ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ကြောင်း မြဝတီ&မဲဆောက် မီဒီယာက စုံစမ်းသိရှိရသည်။ လက်ရှိတွင် မြဝတီမြို့၌ HIV ရောဂါပိုး ကူးစက်ခံထားရသူ စုစုပေါင်း (၂၄၀၀) ဦးကျော်ရှိပြီး ရောဂါကူးစက်ခံရမှုနှုန်းသည် တစ်လလျှင် ပျမ်းမျှ (၁၀) ဦးထက်မနည်းရှိကြောင်း သိရသည်။ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးဝင်းက မြဝတီမြို့ရှိ ပြည့်တန်ဆာလုပ်ငန်းများ ကင်းရှင်းပပျောက်စေရန် ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ပြောကြားခဲ့သော်လည်း မြေပြင်တွင် ရဲတပ်ဖွဲ့က ပြည့်တန်ဆာရုံပိုင်ရှင်များထံမှ လစဉ်ကြေးကောက်ခံကာ ဖမ်းဆီးခြင်းမရှိကြောင်း မြို့ခံများထံမှ သိရသည်။ #မြဝတီမဲဆောက်မီဒီယာ ဓါတ်ပုံ- မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်အပိုင် အဓိဌာန်အောင်ဘုရားလမ်းမှ ဟေမာန်ဦးဘုန်းကြီးကျောင်းဘက်သွားသည့် လမ်းညာဘက်ခြမ်းတွင် ဖွင့်လှစ်ထားသော ပြည့် တန်ဆာရုံများကို ဩဂုတ်လ ၁၂ ရက် ညပိုင်းက တွေ့မြင်ရစဉ်-

  • без подписи

  • စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ ကိုကြီး (ပရဟိတ) မန္တလေးမှ သွားရောက်လှူဒါန်းမှုများပြုလုပ်နေကြောင်း သိရှိရသည်။ အခြားသော ပရဟိတအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းလိုပါက ကိုကြီး (ပရဟိတ) မန္တလေး ဖုန်းနံပါတ် 09259064558 သို့ဆက်သွယ်၍အကြံဉာဏ်တောင်းခံနိုင်ကြောင်း သိရသည်။ #မြဝတီမဲဆောက်မီဒီယာ Video- ကိုကြီး (ပရဟိတ) မန္တလေး

  • без подписи

  • ◾အားတင်းထားပါ အညာရေ့... စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ တည့်ဆန်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်၊ ခင်ဦး၊ စတဲ့ မြို့နယ်တွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေရတဲ့အပြင် အဆိုးရွားဆုံး ရေကြီးမှုနဲ့ရင်ဆိုင်နေရပါတယ်။ ရေကြီးမှုအတွင်း ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ရေစီးထဲမျောပါပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရင်ဆိုင်ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ကို မြဝတီ&မဲဆောက်မီဒီယာက ဖော်ပြပေးလိုက်ပါတယ်။ #မြဝတီမဲဆောက်မီဒီယာ

  • без подписи

  • без подписи

  • без подписи

  • без подписи