tgindex
Sint Nyi

အားလုံးနဲ့အဆက်သွယ်မပြတ်အောင်ထောင်ထားတဲ့ Telegram Link လေးပါ။ ကျွန်တော်ရေးတဲ့စာလေးတွေလည်း ဒီပေ့ချ်မှာတင်ပေးသွားပါမယ်။

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
4
Всего постов
20
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
2 507
−6 за 3 дн.
Сутки
−3
−0,12%
Неделя
 
Месяц
 
Просмотров на пост
296
20 постов
Вовлечённость
11,8%
к подписчикам
Постов в день
0,6
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
183
1/48двое суток
209
1/72трое суток
226

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • https://www.tiktok.com/@sint.nyi1?_r=1&_t=ZS-98qIshYvrNq

  • ကျွန်တော့ရဲ့ စာအုပ်တွေနဲ့ အတွေးအမြင်တွေကို Tiktok မှာလည်း Sharing လုပ်ပေးတော့မှာဖြစ်လို့ အဆင်ပြေရင် Tik tok အကောင့်လေးကိုလည်း Follow ပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ။

  • အခုတလော " ဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲ" လာလာ တိုင်ပင်ကြလို့ ဘာလုပ်ရမှန်း မသိသေးရင် ဒီကာလအတွင်း ဘာမှမလုပ်နဲ့လို့ပဲ အကြံပေးဖြစ်တယ်။ ရွဲ့ပြောတာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ဒီနှစ်ထဲမှာ ဆုံးရှုံးတာ ပိုင်ဆိုင်မှု တစ်ဝက်ကျော်ရှိတယ်။ သုံးလေးနှစ် ကြိုးကြိုးစားစား ရှာခဲ့တဲ့ငွေတွေက ခေတ်ပျက်တာနဲ့ တစ်နှစ်ထဲနဲ့ ပြန်ပါသွားတာပဲ။ တကယ်က ကိုယ့်ဘက်က ဘာအမှားမှ မလုပ်မိဘဲနဲ့ အလုပ်လုပ်နေရင်းနဲ့ကို ပြန်ရှုံးနေတာ။ တရားဝင် သစ်လုပ်ငန်းလုပ်တယ်။ ပြည်ပ Export ပို့တယ်။ ကိုယ် ကွန်တိန်နာ ခက်ခက်ခဲခဲနဲ့ ရအောင် ကြိုးစားပြီး ပို့တဲ့အလှည့်မှ ဝယ်မယ့်နိုင်ငံတွေက စစ်ထဖြစ်တယ်။ ဘယ်တော့ပြီးမလဲမသိဘဲ လမ်းမှာ တဝဲလည်လည်မဖြစ်အောင် နီးနီးနားနား ထိုင်းကိုပဲ ရတဲ့စျေးနဲ့အရှုံးခံပြီး ရောင်းလိုက်ရတယ်။ Ebike တွေ သိန်းထောင်ကျော်ဖိုး သွင်းပြီးရောင်းတယ်။ လမ်းမှာ စစ်ဖြစ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပိတ်မိပြီး အစနပျောက်သွားတယ်။ ကိုယ်လို တက်လိုက်ကျလိုက် ဘဝနဲ့ အသားကျနေတဲ့လူမလို့သာ ခံနိုင်နေတာ။ တော်ရုံစိတ်ဓာ်ကျတတ်တဲ့လူဆို ရူးသွားနိုင်တဲ့ဆုံးရှုံးမှုမျိုးတွေ။ ရေးပြရင်စာအုပ်တစ်အုပ် ထပ်ရနိုင်တယ်။ အရည်ချင်းရှိရင် ငွေကပြန်ရှာလို့ရတယ်လို့ ခံယူထားတဲ့ အကြောတင်းတဲ့လူမလို့သာ ရှေ့ဆက်နေနိုင်နေတာ။ ပြောရရင် ဒီနှစ်တွေက ကိုယ့်ဖက်ကမမှားရင်တောင် ဘယ်သူမဆို ဆုံးရှုံးမှုတွေ ကြုံရနိုင်တဲ့နှစ်တွေဗျ။ ကိုယ်မှမဟုတ်ဘူး ကိုယ့်ညီမလည်း လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက ကလောလို တောင်ပေါ်မြို့မှာ မွေ့ယာ ခေါင်းအုံးနဲ့ Furniture ဆိုင်ဖွင့်ထားတာ.. ရုတ်တရက် ညဘက်ကြီးရေတက်လာလို့ တစ်ဆိုင်လုံးနီးပါး ရေမြုပ်ပြီး ရှုံးသွားတာ အရင်းပါပြုတ်တယ်။ ကလောလို တောင်ပေါ်မြို့မှာ (၃) နှစ်ဆက်တိုက် ရေကြီးမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ပြောချင်တာက ကပ်ရောဂါတွေဖြစ်၊ ငလျင်တွေလှုပ်၊ ရေတွေကြီး၊ မီးတွေလောင်လိုက်တွေ ကြားထဲကကို အလုပ်လုပ်နေကြရတာ ဖြစ်တဲ့အတွက်လုပ်ရကိုင်ရတာ အရင်ထက်ပိုပြီးတော့ ခက်လာတာတော့ အမှန်ပဲ။ လုပ်စရာရှိတာတွေ ကြိုးစားပြီး လုပ်နေရင်းနဲ့ကို ကိုယ်လည်းမမှားဘဲနဲ့ ကြံဖန်ပြီးရှုံးနေတဲ့ကာလကြီးမလို့ လက်ထဲ ငွေပိုရှိနေရင် ... ဘာလုပ်ရမှန်းမသိရင် ... ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေဖို့ကိုပဲ အကြံပေးချင်တာ။ လက်ထဲ သိန်း (၁၀၀၀) ရှိနေရင် တစ်ရက် (၁) သိန်းသုံးရင်တောင် (၂)နှစ်ကျော်လောက် ထိုင်စားလို့ရနိုင်သေးတယ်။ စမ်းတဝါးဝါး အလုပ်ထလုပ်မှ အလုပ်မတော်ရင် သိန်း ၁၀၀၀ ဆိုတာက တစ်လနှစ်လအတွင်း လစ်သွားနိုင်သေးတယ်။ ဒီကာလ ငွေပိုလေးရှိလို့ ကိုယ်ပိုင်လုပ်ငန်း စလုပ်ဖို့လာတိုင်ပင်တဲ့ သူတွေဆိုရင် အရှုံးခံနိုင်မှပဲ လုပ်တော့လို့ ပြောဖြစ်နေတာ။ ဘာလို့ဆို အရင်ထက်ကို ရှုံးနိုင်ချေက တော်တော်များနေလို့ပါ။ အထူးသဖြင့် သမ္မာအာဇီဝသမားတွေ အတွက်က ပိုလို့တောင် ခက်ပါတယ်။ ဒီစာရေးတာလည်း စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း ရှုံးနေပေမယ့်လည်း ဆက်လုပ်နေဦးမှာပဲ။ ရပ်ပြီး ထိုင်စားနေရတာထက် တစ်ခုမဟုတ် တစ်ခုလုပ်နေရတာကို ပိုကြိုက်လို့ ရှုံးနေလည်း မြတ်မလား ဆိုတဲ့ အလုပ်ကို လိုက်လုပ်ကြည့်နေတာ။ အခုမှ ပိုပြီး သေချာချာသိလာတာက ဝင်ငွေတိုးချင်လို့ သူများကိုအားကိုးပြီး အလုပ်အသစ်တွေ လျောက်လုပ်နေတာထက် ... ကိုယ်ကျွမ်းကျင်တာကိုပဲ ဇောက်ချလုပ်ရမယ် ဆိုတဲ့ အသိတစ်ခုရလာတာပဲ။ အခုတော့ ကွန်ဒိုဝယ်ရောင်းပဲ ပြန်လုပ်ဖြစ်နေတယ်။ ဒီတော့ ကိုယ့်ရဲ့လက်ရှိအတွေ့အကြုံအရ ပြောရရင် ပိုက်ဆံပေါမနေရင် လုပ်ငန်းသစ်လုပ်ဖို့ထက် ရှိနေတဲ့ ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းကိုပဲ အာရုံစိုက်ဖို့ အကြံပေးချင်တယ်။ ထိုင်နေတာအကောင်း ထသွားမှကျိုးတယ်ဆိုတာ အခုလို စပ်ကူးမတ်ကူးကာလပဲဗျ။ Sint Nyi 13.8.26

  • 29 мая997617

    မခံချင်စိတ်နဲ့ ပြန်ချေနိုင်အောင်ကြိုးစားပါ ဘောင်မဝင်ဘူးလား။ မခံချင်စိတ်နဲ့ ဘောင်ဝင်လာအောင် ကြိုးစားပါ။ မခံချင်စိတ်ဆိုတာ Nuclear လိုပဲ သုံးတတ်ရင် ဘဝအတွက် အထောက်အကူဖြစ်စေတဲ့ အားတစ်ခု ဖြစ်တယ်ဆိုတာရယ်။ အဲဒီအားကို ကောင်းမွန်ဲ့နေရာတွေမှာ ကောင်းမွန်တဲ့နည်းနဲ့အသုံးချဖို့ရယ်ကို ဒီစာလေးနဲ့ သိသလောက်လေး Sharing လုပ်ပေးလိုက်ပါတယ်ဗျာ။ မခံချင်စိတ်ကို အသုံးချပြီး ပိုမိုမြင့်မားတဲ့ဘဝတွေမှာ လျှောက်လှမ်းနိုင်ကြပါစေနော်။ Sint Nyi

  • 29 мая878256

    " မခံချင်စိတ် " ၁၉၀၀ ခုနှစ် ဝန်းကျင်တုန်းက Austria နိုင်ငံမှာ ပန်းချီဆရာ အရမ်းဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့မိဘတွေက သာမန် လူလတ်တန်းစား မိဘတွေဆိုပေမယ့် သူငယ်ငယ်ရွယ်ရွယ် အချိန်မှာပဲ ကွယ်လွန်ခဲ့ကြတာဆိုတော့ သူ့ရဲ့ လူငယ်ဘဝကလည်း ကြမ်းတယ်လို့ဆိုရမယ်။ အဲဒီခေတ်က သူအရမ်း တက်ချင်ခဲ့တဲ့ ကျောင်းက Austria နိုင်ငံမှာ အမြင့်ဆုံးအနုပညာ တက္ကသိုလ်ဖြစ်တဲ့ Academy of Fine Arts Vienna ဆိုတဲ့ အနုပညာကျောင်းပေါ့။ အဲဒီကျောင်းက အရည်အချင်း ပြည့်မှီတဲ့ ဘယ်သူ့ကိုမဆို လက်ခံပေးတဲ့ကျောင်းပေမယ့် ဒီလူငယ်လေး ကတော့ ဝင်ခွင့် (၂) ခါသွားဖြေတာ (၂) ခါလုံး မအောင်ခဲ့ပါဘူး။ ကောင်လေးက သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲတဲ့စိတ်ရှိတော့ အငြင်းခံရတာက သူအရည်အချင်းမမှီလို့မဟုတ်ဘဲ စနစ်ကြီးတစ်ခုလုံးက မတရားလို့၊ ချမ်းသာတဲ့သူတွေကိုပဲ နေရာပေးတာလို့ မြင်သွားခဲ့တယ်။ အဲဒီခေတ်ကာလက ဗီယင်နာရဲ့ အနုပညာနဲ့ စီးပွားရေးလောကမှာ ချမ်းသာတဲ့ ဂျူးလူမျိုးတွေ နေရာရနေတာဆိုတော့ ကျောင်းကိုကော၊ အဆင်ပြေနေတဲ့ လူတန်းစား တစ်ရပ်လုံးကိုပါ သူအမြင်မကြည်တော့ဘူး။ ဒီလိုနဲ့ လမ်းဘေးမှာ ကိုယ်တိုင်ဆွဲတဲ့ ပန်းချီကတ်လေးတွေ လိုက်ရောင်းလိုက်၊ ပေတေလေလွင့်လိုက်၊ မိဘမဲ့ဂေဟာတွေမှာ နေလိုက်နဲ့ ဘဝကိုခါးသီးစွာ ဖြတ်သန်းရင်း ပထမကမ္ဘာစစ် ဖြစ်လာတယ်။ အဲဒီစစ်မှာက အားလုံးသိကြတဲ့အတိုင်း ဂျာမန်တွေ စစ်ရှုံးသွားတယ်ပေါ့။ အဲဒီလိုစစ်ရှုံးတာက သူတို့စစ်တိုက်တာ ညံ့လို့မဟုတ်ဘဲ ပြည်တွင်းက ဂျူးတွေနဲ့ ကွန်မြူနစ်တွေက သစ္စာဖောက်လို့ဆိုပြီးတော့ သူတို့ရဲ့အရှုံးကို ချမ်းသာတဲ့သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်ကို အပြစ်ပုံချတဲ့ ဝါဒက ပြန့်နှံ့နေပြီးတော့ အဲဒီဝါဒကို ဒီလူငယ်လေးကလည်း တကယ်လို့ ယုံကြည်နေခဲ့တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ အငြင်းခံခဲ့ရတဲ့ Trauma ရယ်၊ ချမိးသာတဲ့ ဂျူးတွေကိုကြည့်မရတဲ့ Traumaရယ် ၊ ဝါဒမှိုင်းတွေရယ် အကုန်ပေါင်းလိုက်တဲ့အခါမှာတော့ မခံချင်စိတ်ဖြစ်လာပြီးတော့ အဲဒီမခံချင်စိတ်ကို လောင်စာအဖြစ်နဲ့ အသုံးချခဲ့တဲ့လူငယ်လေးက ၁၉၁၉ ခုနှစ်မှာ German Worker's Party ကို ဝင်ခဲ့ပြီးတော့ နိုင်ငံရေးလောကထဲကို ဝင်ခဲ့တယ်။ သူ့ရဲ့ မခံချင်စိတ်နဲ့ အမုန်းတရားတွေနဲ့ကြိုးစားလိုက်တာ ၁၉၂၁ မှာ အဲဒီပါတီမှာ သူခေါင်းဆောင် ဖြစ်လာပြီးတော့ ပါတီနာမည်ကို နာဇီ ပါတီလို့ နာမည်ပြောင်းခဲ့တယ်။ အဲကစပြီး ဟစ်တလာနဲ့ နာဇီပါတီက ကမ္ဘာကို စပြီး ဒုက္ခပေးတော့တာပဲ။ ------------------------------ ၂၀၁၁ လောက်က အိမ်ဖြူတော် ညစာစားပွဲ တစ်ခုမှာ အိုဘားမားက ထရန့်ကို ဖိတ်ပြီး လူပုံအလယ်မှာ အရှက်ခွဲခဲ့ဖူးတယ်။ ဘယ်လောက်အထိ သမခဲ့လဲဆိုရင် ထရန့် သာ သမ္မတ ဖြစ်ခဲ့ရင် အိမ်ဖြူတော်က ကာစီနိုမီးဆိုင်းတွေ၊ ရေကူးကန်တွေနဲ့ Red light လို နေရာမျိုးဖြစ်သွားမယ်ဆိုတဲ့သဘောကို ပြောသွားခဲ့တာ။ ထရန့် ကလည်း ထရန့်ပဲ။ အချိန်တုန်းက လူထုထောက်ခံမှု အများဆုံးရနေတဲ့ ကမ္ဘာ့ပထမဆုံး လူမဲသမ္မတ အိုဘားမားကို အမေရိကားမှာ မွေးတာ မဟုတ်ဘူးဆိုပြီး ပွဲတွေလုပ်ပြီး ဆက်တိုက်စွပ်စွဲနေလို့ ဟိုကတင်းပြီး Dinner ဖိတ်ကျွေးပြီး လူပုံအလယ်မှာ ပြန်အရှက်ခွဲတဲ့ သဘောပေါ့။ ဂုဏ်သရေရှိတဲ့လူတွေ အရှေ့မှာ သမ္မတက သူ့ကို ငပေါတစ်ကောင်လို ဖုတ်တာဆိုတော့ သူလည်းတော်တော်အရှက်ရသွားသလို မခံချင်စိတ်လည်း တော်တော် ဖြစ်သွားပုံရတယ်။ တကယ်တော့ အဲဒီညက ကမ္ဘာ့သမိုင်းကို ပြောင်းလဲသွားစေမယ့် ညတစ်ည ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ လူပုံအလည်မှာ အရှက်ခွဲခံရတဲ့ ထရန့်က အဲဒီနောက်ပိုင်းကနေ စပြီး မခံချင်စိတ်နဲ့ လွှတ်တော်အမတ်ဖြစ်ဖို့ စပြီးကြိုးစားတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်တယ်။ နောက်ထပ် (၅) နှစ်အကြာမှာတော့ သူ့ပါတီက သူ့ထက်တော်တဲ့ နိုင်ငံရေးသမားတွေကိုကော ပြိုင်ဘက်ပါတီက ပြိုင်ဘက်တွေကော အားလုံးကိုဖြတ်ကျော်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ (၄၅) ဆက်မြောက် သမ္မတ ဖြစ်လာတယ်။ သမ္မတ ဖြစ်လာပြီး နောက်ပိုင်း သူ့နိုင်ငံအတွက် ကောင်းတာတွေကော ဆိုးတာတွေကော အများကြီး လုပ်ခဲ့သော်ငြားလည်း .. လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးအပေါ်လွှမ်းမိုးထားနိုင်တဲ့ ကမ္ဘာ့သြဇာ အရှိဆုံးလူ ဖြစ်နေစဲပါပဲ။ ပေါက်ကရတွေလုပ်လို့ ကိုယ်တိုင်လည်း သူ့ကို သဘောမကျပေမယ့် သူ့ရဲ့ မခံချင်စိတ်ကို လောင်စာအနေနဲ့ ကောင်းတဲ့ဘက်မှာ အသုံးချသွားတာကိုတော့ ရေးမပြဘဲ မနေနိုင်ဘူးပေါ့။ ------------- ဒီလူနှစ်ယောက်အကြောင်းကို ရေးပြတာက မခံချင်စိတ်ဆိုတာက သုံးတတ်ရင် ဘဝတိုးတက်ဖို့အတွက် အရမ်းအရေးပါတယ်ဆိုတာ ပြောပြချင်တာပါ။ မခံချင်စိတ်ဆိုတာက ဓားတလက်လိုပဲ ကောင်းတဲ့နေရာမှာ သုံးရင် ဆရာဝန်လက်ထဲက ဓားလိုပဲ လူ့အသက်တွေကို ကယ်နိုင်သလို ... မကောင်းတဲ့နေရာမှာ သုံးမိရင်လည်း လူသတ်သမားလက်ထဲက ဓားလိုပဲ လူတွေ ဒုက္ခရောက်ကုန်ကြရတာပေါ့။ မခံချင်စိတ်ဆိုတာမျိုးက အရှက်ရစရာတွေ၊ စိတ်ပျက်ဝမ်းနည်းစရာတွေ၊ ဆင်းရဲပင်ပန်းမှုတွေကြုံလာရတဲ့အခါမျိုးမှ ပေါ်လာတတ်တာပါ။ အဲဒီလို မခံချင်စိတ်ပေါ်လာမှလည်း ဘဝကိုပိုကြိုးစားလာတတ်ကြတာပါ။ ဒါကြောင့်မလို့ အခုဆင်းရဲနေလား။ မခံချင်စိတ်နဲ့ ချမ်းသာအောင်ကြိုးစားပါ။ အနှိမ်ခံနေရလား။

  • 1 мая888213

    လူတိုင်းကတော့ အမြတ်လိုချင်လို့ အလုပ်တွေ လုပ်နေကြတာပါပဲ။ ဒါပေမယ့် အလုပ်တွေ လုပ်နေရင်းနဲ့ " မမြတ်ရင်တောင် မစိုက်ရရင်တော်ပါပြီလေ" ဆိုပြီး ရုန်းကန်နေကြတဲ့ လုပ်ငန်းရှင်တွေ ပိုပြီးများလာတာတော့ အမှန်ပဲ။ မလေးရှားမှာ စားသောက်ဆိုင် သေးသေးလေး ဖွင့်လိုက်သေးတယ်။ ကိုယ်က ငွေအရင်းအနှီးစိုက်၊ စိတ်ချရတဲ့ Partner က လူနဲ့ပညာစိုက်ပေါ့။ ဒါနဲ့ အဲ့ဆိုင်လေးက (၆) ကျော်ကြာတဲ့အထိ အမြတ်မပြောနဲ့ အရင်းတောင် တစ်ကျပ်မှကို ပြန်မရဘူး။ ကိုယ်လည်း မြတ်နေတဲ့အလုပ်တွေထဲက အချိန်ကိုဖဲ့ပေးပြီး အဲဒီဘက်ကို အာရုံမစိုက်အားတော့ သူ့ကို သိသလောက်လေးပဲအဝေးကနေ အကြံပေးဖြစ်ပေမယ့် မထူးဘူးပေါ့။ ဒီတော့ ကိုယ့် Partner က ကိုယ့်ကိုအားနာပြီး ဆိုင်ပိတ်လိုက်မလားဆိုပြီး တိုင်ပင်လာတယ်။ ကျွန်တော်ကတော့ စိတ်အေးအေးနဲ့ ဆက်ဖွင့်ဖို့ပဲ ပြောဖြစ်လိုက်တယ်။ အခုထိလည်း အမြတ်လည်း မပေါ်တဲ့အပြင် အရင်းလည်း ပြန်မရပါဘူး။ ဘာလို့ ဆက်ဖွင့်နေဖြစ်လဲဆိုတော့ ငွေရင်းတဲ့ ကိုယ့်အတွက် ငွေကြေးအားဖြင့် အရင်းကော အမြတ်ကော ပြန်မရသော်ငြားလည်း .. ✅ အဲဒီဆိုင်လေး ရှိနေခြင်းအားဖြင့် ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ စားဝတ်နေရေး ပြေလည် နေတယ်။ ✅ပြီးတော့ ဆိုင်အနီးနားကလူတွေ မနက်စာ စားရတာ အဆင်ပြေနေတယ်။ ✅တစ်နေ့စာ ချက်ထားတာတွေ ရောင်းမကုန်ရင် အနီးအနားက Homeless တွေကိုကျွေးတော့ သူတို့လည်း နည်းနည်း အဆင်ပြေတယ်။ ဒီဆိုင်ဖွင့်တာ ငွေရင်းတဲ့ကိုယ့်အတွက်ပဲ အဆင်မပြေပေမယ့် ဒီဆိုင်ရှိနေလို့ လူတချို့ အဆင်ပြေနေတော့လည်း ကောင်းတာပါပဲဆိုပြီး ငွေတော့ ထပ်မထည့်ဖြစ်ပေမယ့် ပိတ်တော့လည်း မပိတ်ဖြစ်ဘူးပေါ့။ အစကတည်းက အရှုံးကိုလက်ခံနိုင်လို့ စမ်းလုပ်ကြည့်တဲ့ အလုပ်ဆိုတော့ ရှုံးတော့လည်း ရှုံးပေါ့။ ရှမ်းကုန်းလမ်း က TMX Hair Artists ဆိုတဲ့ ကျွန်တော့ ဆံပင်ညှပ်ဆိုင်လည်း အဲဒီလိုပဲ။ ဒါလေးကတော့ ဖွင့်ထားတာ (၃) နှစ်ကျော်ဆိုတော့ အရင်းတော့ ပြန်ကျေသွားပေမယ့် စီးပွါးဖြစ်ကြီး မြတ်နေလားဆိုတော့ မမြတ်ဘူး။ တစ်နှစ် တစ်နှစ် တက်လာတဲ့ ဆိုင်ခန်းငှားခ ၊ ဝန်ထမ်းစားရိတ်၊ ပေးရတဲ့ အချိန်တွေနဲ့ ပြန်ရတဲ့ဝင်ငွေ နဲ့ တွက်ကြည့်ရင် ROI လုံးဝ မကိုက်ဘူး။ ဒါပေမယ့် ဒီဆိုင်ရှိနေလို့လည်း ဝန်ထမ်း ဆယ်ယောက်ကျော် လစာရနေတယ်၊ နေစရာရှိနေတာ ဆိုတော့လည်း ခေါင်းရှုပ်ရပေမယ့် ဆက်ပြီး လည်ပတ်နေတာပါပဲ။ တချို့အလုပ်တွေက ပိုင်ရှင်အတွက် ငွေကြေးအားဖြင့် အကျိုးအမြတ် သိပ်မရှိပေမယ့် .. ဒီလုပ်ငန်း ဆက်လက်လည်ပတ် နေခြင်းအားဖြင့် လူတချို့ အဆင်ပြေနေ ကြပြန်တော့လည်း တခြားအမြတ်တော့ ထွက်တာပဲလေ လို့ပဲ တွေးရတာပေါ့။ ဒီလိုပြောလို့ မမြတ်ဘဲနဲ့ ဘာလို့ ခေါင်းအစားခံ ဆက်လုပ်နေလဲမေးရင် ဒီအလုပ်တစ်ခုတည်း လုပ်နေတာ မဟုတ်လို့ပေါ့။ ဒီခေတ်ကြီးမှာ အလုပ်တစ်ခုတည်း လုပ်နေတာ Risk များလို့ တခြား မြတ်မယ့် အလုပ်တွေလည်း လုပ်နေလို့ ဒီအလုပ်က မမြတ်ရင်တောင် ထပ်မစိုက်ရရင် ပြီးပြီဆိုပြီး ထားထားဖြစ်တာပါ။ ရှုံးပြီး လစဥ်စိုက်နေရရင်တော့ ပိတ်ပစ်လိုက်မှာပေါ့။ ထပ်မစိုက်ရသရွေ့တော့ လူတချို့ အဆင်ပြေနေဖို့ ဆက် Run ထားဖြစ်တဲ့ သဘောပါပဲ။ စီးပွါးရေးလုပ်တာ ဘယ်သူမဆို မြတ်ချင်ကြ ပေမယ့်လည်း ဒီခေတ် ဒီအချိန် ဒီကာလမျိုးမှာ မမြတ်ရင်ရတယ်။ လည်ပတ်ရင် တော်ပါပြီဆိုပြီး Run နေကြတဲ့ လုပ်ငန်းရှင်တွေ တော်တော်ကို များလာပါတယ်။ ဒီကာလကြီးမှာ အဆင်မပြေတာက သင်တယောက်ထည်း တော့လည်း မဟုတ်ဘူးဆိုတာ ပြောပြချင်တာ။ ကျွန်တော်တို့လို့ အသေးစားလုပ်ငန်းရှင်တွေ မှာလည်း အခုလို တိုင်ပတ်နေတဲ့ လုပ်ငန်းတွေ ရှိနေကြပါတယ်။ တော်သေးတာက လုပ်ငန်းတစ်ခုထဲမှာ Invest မလုပ်ထားဘဲ လုပ်ငန်းသေးသေး လေးတွေအများကြီး လျောက်လုပ်ထားတော့ တစ်ခုရှုံးနေပေမယ့် တခြားတစ်ခုခုက အဆင်ပြေနေလို့သာ ခံသာနေတာပါ။ ဒီခေတ်ကြီးမှာ လုပ်ငန်းတစ်ခုထဲနဲ့ ရပ်တည်ရတာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ခက်ခဲလာပြီဆိုတော့ ဖြစ်နိုင်ရင် အလုပ်တစ်ခုထဲမှာ ရပ်တည်တာထက် နှစ်ခု၊ သုံးခု မှာ ခြေလှမ်းလှမ်းထားနိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးချင်တာပါ။ ကိုယ်တွေလို အရင်းအနှီးသိပ်မနိုင်တဲ့ အသေးစားလုပ်ငန်းရှင်တွေအတွက်က အလုပ်တစ်ခုထဲမှာပဲ မှီခိုမိရင် Risk များနိုင်တယ်ဆိုတာရယ် စီးပွါးရေးလုပ်ကြတာ မြတ်ချင်လို့ လုပ်ကြတာမှန်ပေမယ့် တခါတလေကျပြန်တော့လည်း ကိုယ့်အတွက် စီးပွါးမဖြစ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က လူတချို့ အဆင်ပြေသွားကြရင်လည်း အမြတ်ပါပဲ ဆိုတာလေးကို ကိုယ်တွေ့လေးနဲ့ သိသလောက်လေး Sharing ပြန်လုပ်ပေးလိုက်ပါတယ်။ လုပ်ငန်းကိုင်ခန်းများ အခုထက်ပိုမို အဆင်ပြေနိုင်ကြပါစေဗျား။ Sint Nyi 12.11.24 Memory

  • " ငွေရှာပြီး အချစ်ကိုရှာပါ ဒါမှမဟုတ် ငွေရှာရင်းနဲ့ အချစ်ကို ရှာပါ။ " " ရုပ်ရှင်တွေထဲမှာသာ မင်းသားနဲ့ မင်းသမီး ညားသွားရင် ဇာတ်ကားက ပြီးသွားတာဆိုပေမယ့် အပြင်မှာက ညားပြီးမှပဲ ဘဝက တကယ်စတာပါ။ ညားပြီးသွားတဲ့နေ့ကစပြီး ဘဝရဲ့တကယ်အရေးကြီးတဲ့ Chapter က စတာ။ ချစ်ကြတာကလွဲရင် ကျန်တာ ဘာမှမတူညီကြတဲ့ လူနှစ်ယောက် တစ်အိမ်ထဲနေပြီး ဘဝကို တည်ဆောက် ကြတဲ့အခါ အခက်အခဲ မျိုးစုံက ရှယ်ပလန်နဲ့ လာမှာမလို့ ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ်။ ကျွန်တော့အမြင်အရတော့ အိမ်ထောင်မိသားစုတစ်ခု သာယာဖို့ ပိုက်ဆံကလည်း အရေးကြီးပါတယ်။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြပါစေ ဘယ်လောက်ပဲ သစ္စာရှိနေပါစေ ဘယ် ေလာက်ပဲ နားလည်မှုတွေ ရှိနေကြပါစေ။ ရောဂါတစ်ခုခု ဖြစ်လာရင် ချစ်ရုံနဲ့မပြီး၊ နားလည်မှုရှိနေရုံနဲ့လည်း မပြီးဘူးဆိုတော့ ကိုယ်ချစ်တဲ့လူကို ကုသပေးနိုင်ဖို့ ငွေ လိုအပ်ပါပြီ။ တသက်လုံး ကျန်းမာနေကြရင်တော့ အကောင်းဆုံးဆိုပေမယ့် " အကယ်၍ " ဖြစ်သာဖြစ်ခဲ့ရင်ပေါ့ ဆိုပြီး တွေးထားစေချင်တာပါ။ သူများတွေအတွက် ဘယ်လိုအရာက ရှင်လျှက်နဲ့ငရဲလဲ ဆိုတာမသိပေမယ့် ကျွန်တော့ အတွက်တော့ ၊ ကိုယ်ချစ်ရတဲ့သူတွေ ရောဂါဝေဒနာခံစားနေရတာကို ငွေမရှိလို့ ဘာမှမလုပ်ပေးနိုင်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေရတာမျိုးက တကယ့်ကို ရှင်လျှက်နဲ့ ကျနေတဲ့ ငရဲပါဘဲ။ မယုံရင်ဆေးရုံတွေကိုသွားကြည့်ပါ။ ဆေးမကုပေးနိုင်လို့ ထိုင်ကြည့်နေရတဲ့ ဘဝတွေအများကြီးပါ။ ဒီလိုအချိန်တွေမှာ ငွေက သိပ်ပြီး စကားပြောတတ်ပါတယ်။ ချစ်ခြင်းမေတ္တာက လူတွေအတွက် အရေးကြီးသလို ငွေကလည်း အချစ်နဲ့ တန်းတူ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ချစ်ရင် ငွေရှာပါ။ ကိုယ့်မိသားစုကို ချစ်ရင်ငွေရှာပါ။ ကိုယ်ချစ်ရတဲ့သူတွေကို မျက်နှာမငယ်စေချင်ရင် ငွေရှာပါ။ " ငွေရှာပြီး အချစ်ကိုရှာပါ ဒါမှမဟုတ် ငွေရှာရင်းနဲ့အချစ်ကို ရှာပါ။ " ဘာမှမလုပ် ၊ ဘာဝင်ငွေမှမရှိဘဲနဲ့ အချစ်ကိုရှာရင် မျက်နှာငယ်တတ်ပါတယ်။ ချစ်မိကြတာချင်း အတူတူဆိုရင်တောင် ငွေရှိတဲ့ဘက်က ချိန်ခွင်လျှာက အမြဲ ပိုသာတတ်တာကို မမေ့ပါနဲ့။ ဒါက အမှန်တရားမို့ ခါးပါတယ်။ ချစ်ခြင်းမေတ္တာက အရမ်းကောင်းပါတယ်။ ချစ်ပါ၊ ချစ်တဲ့သူတွေအတွက် ငွေလည်းရှာပါ။ အနာဂတ် အတွက်လည်း စုပါလို့ ချစ်တဲ့စိတ်နဲ့ Sharing လုပ်ပေးလိုက်ပါတယ် ညီအကိုမောင်နှမတို့။ Sint Nyi Love စာအုပ် 30.11.25

  • " ရှေ့နေခကို သူပေးပေးမယ် " လို့ ပြောခဲ့ရင် ကျွန်တော် ဒီနေ့ ဒီလို ကိုယ့်အား ကိုယ်ကိုးပြီး ဘဝကို ရင်ဆိုင်နိုင်ဦးမယ် မထင်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် လုပ်နိုင်မယ်လို့ မယုံကြည်နိုင်တောတဲ့ အချိန်မျိုးတွေမှာ ငွေရေးကြေးရေးထက် စိတ်ခွန်အားက ပိုပြီးအရေးကြီးတယ်ဆိုတာ အဲဒီအချိန်မှာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ အဲဒီက စိတ်ခွန်အားတွေနဲ့ ကျွန်တော် ဘဝကို အစကပြန်စခဲ့ပါတယ်။ ဘဝပြန်စပုံ အဆင့်ဆင့်ကိုရေးပြရရင်တော့ စာအုပ်(၄)အုပ်စာ ဖြစ်သွားမှာမလို့ အသေးစိတ်ကို ကျွန်တော်ရေးပြီးသား စာအုပ်(၄) အုပ်မှာပဲ ဖတ်ကြည့်လိုက်ပါ။ အကြွေးမရှိတဲ့ လူတွေအတွက်တောင် ပြေလည်တဲ့ဘဝကို ရဖို့ခက်ခဲတာ အကြွေးရှိတဲ့ လူတွေအတွက် ပြေလည်လာဖို့က ပိုလို့တောင်ခက်ပါတယ်။ ဘဝက ရုပ်ရှင်တွေထဲကလို ငါးနှစ်ခန့်ကြာသော်ဆိုပြီး ကျော်ပစ်လို့ ရတာမဟုတ်တော့လည်း အကြွေးကြေဖို့ အမှုပြီးဖို့ ကြုံရာအလုပ်မျိုးစုံလုပ်ရပါတယ်။ ဒရိုင်ဘာလုပ်ရတယ်၊ လမ်းဘေးမှာ ကော်ဖီရောင်းရတယ်၊ လမ်းဘေးမှာ ပန်းဖလက် ဝေရတယ်။ အဲဒီကာလတွေက ဘယ်တော့မှ ပြန်မလိုချင်တော့တဲ့ ဘဝရဲ့အခက်ခဲဆုံး အပင်ပန်းဆုံးအချိန်တွေပဲ။ ကလိမ်ကကျစ်လုပ်ရင်းရတဲ့ငွေက အပူစာမလို့ တာရှည်မခံဘဲ ပြန်ကုန်တတ်တယ်ဆိုတာကို သိသွားတော့ အရင်လို ကလိမ်ကကျစ်မလုပ်ဘဲ သမ္မာအာဇီဝနဲ့ ငွေပြန်ရှာပါတယ်။ ပင်ပန်းမှာစိုးလို့ အပူစာ စားတဲ့ဘဝထက် အပူစာမစားချင်လို့ အပင်ပန်းခံတဲ့ဘဝကို ရွေးချယ်ဖြစ်ခဲ့တယ်။ လူဆိုတာ အောက်ဆုံးကိုရောက်ဖူးမှ အောက်ခြေလူတန်းစားရဲ့ဘဝကို ကိုယ်ချင်းစာတတ်တာ။ အဲဒီကာလက အောက်ခြေလူတန်းစားဘဝကို မရောက်ဖူးခဲ့ရင် စားဝတ်နေရေးအတွက် ရုန်းကန်ကြတဲ့ စားပွဲထိုးလေးတွေကို ညီလေး ညီမလေးလို့ခေါ်ဖြစ်ဦးမှာ မဟုတ်ဘူး။ တက်စီမောင်းနေတဲ့ ညီအကိုတွေကို ကျသင့်ငွေရှင်းတဲ့အခါတိုင်း ပြနိမအမ်းနဲ့နော်လို့ပြောပြီး အပိုငွေ ပေးဖြစ်မှာမဟုတ်ဘူး။ သက်ကြီးရွယ်အိုတွေ စျေးလာရောင်းရင် လိုလို မလိုလို ဝယ်ဖြစ်ဦးမှာလည်း မဟုတ်ဘူး။ စင်တာတွေမှာ ပန်းဖလက်တို့၊ ရေမွှေး sample စာရွက်လေးတို့ ဝေနေတဲ့ ညီလေး ညီမလေးတွေတွေ့ရင် စိတ်လိုလက်ရနဲ့ လက်နှစ်ဖက်နဲ့ ယူဖြစ်ဦးမှာမဟုတ်ဘူး။ တကယ်က ဘဝရဲ့ခက်ခဲတဲ့ကာလတွေက လူတွေကို ပိုပြီး ကြမ်းတမ်းစေတာ မဟုတ်ပါဘူး။ လူတွေကိုပိုပြီး ကိုယ်ချင်းစာတတ်စေတာပါ။ ဒါကြောင့်လည်း မွဲဖူးမှ လူတွေအကြောင်း သိမယ်။မွဲဖူးမှ ဘဝအကြောင်း သိလာမယ်လို့အမြဲရေးဖြစ်နေတာ။ ကျွန်တော်သာလွန်ခဲ့တဲ့ (၉) နှစ်လောက်က ဒုက္ခတွေ မရောက်ခဲ့ရင်၊ အကြွေးတွေ မတင်ခဲ့ရင်၊ တရားတွေ အစွဲမခံခဲ့ရရင်၊ ဒီနေ့ ဒီလိုဘဝမျိုးရနေမှာ မဟုတ်ပါဘူး။ ဒီလိုပြောလို့ အခုကောအရမ်းချမ်းသာနေလား အရမ်းကောင်းတဲ့လူဖြစ်နေလားဆိုတော့ မချမ်းသာပါဘူး ဒါပေမယ့် ဆင်းလည်း မဆင်းရဲတော့ပါဘူး။ လူကောင်းလည်း မဖြစ်သေးပေမယ့် မယုတ်မာဖြစ်တော့ပါဘူး။ သေချာတာတစ်ခုကတော့ အရင်ကထက်တော့ လူပီသအောင် ပိုပြီးနေဖြစ်လာတာပါပဲ။ အရင်က ဘဝကို အရှုံးပေးတော့မယ်လို့ ကြံစည်ဖူးတဲ့ကျွန်တော် အခုတော့ ကိုယ့်ဘဝကိုယ် ပြန်ကယ်နိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်အယောက် (၂၀၀၀) ရဲ့ ကလေးပေါင်းယောက် (၂၀၀၀)ကို အခမဲ့မွေးပေးနိုင်ခဲ့ပါတယ်။ အရင်က သိန်းရာဂဏန်း အကြွေးမဆပ်နိုင်လို့ ဘဝကိုအရှုံးပေးတော့မယ့်ကျွန်တော် အခု သိန်းထောင်ဂဏန်းအထိလှူနိုင်ခဲ့ပါတယ်။ ဒါတွေကလည်း ဝါကြွားချင်လို့ ပြောပြနေတာမဟုတ်ပေမယ့် ဒီလိုတွေရေးပြမှလည်း ဒီဘဲတောင် ဒီလို ကျော်ဖြတ်နိုင်တာ ငါတို့လည်း ကျော်ဖြတ်နိုင်မှာပါဆိုတဲ့စိတ်ခွန်အားတွေ ရစေချင်လို့ရေးပြတာပါ။ ကျွန်တော်တော့ စိတ်ဓာတ်ကျ၊ လမ်းပျောက်ပြီး ကူရာကယ်ရာမဲ့နေတဲ့အချိန် သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားတစ်ခွန်းကနေ စိတ်ခွန်အားရပြီး ပြန်ကြိုးစားဖြစ်ခဲ့လို့ အခု အကြွေးတင်၊ အမှုဖြစ် စိတ်ဓာတ်ကျ လမ်းပျောက်နေတဲ့ ညီအကိုမောင်နှမတွေအတွက် ဒီစာလေးနဲ့ပြန်ပြီး စိတ်ခွန်အားပေးချင်တာပါ။ အခုအခက်အခဲတွေကြုံနေရတာက တချိန်မှာ ပိုကောင်းတဲ့ ဘဝကို ရလာဖို့အတွက်စာမေးပွဲဆိုတာကို ဒီစာလေးနဲ့ Sharing လုပ်ပေးလိုက်ပါတယ်။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ညီအကိုမောင်နှမတို့ အားလုံး အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘဝစာမေးပွဲတွေကို ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်နိုင်ကြပါစေဗျာ။ Sint Nyi 4.12.25

  • " စိတ်ခွန်အား " အခုရက်ပိုင်း လူတွေကြားထဲ ခပ်စိတ်စိတ်လေး ကြားဖြစ်နေတဲ့စကားက " ရှင်သန်နေရတာ အဓိပ္ပာယ်မရှိဘူး " ဆိုတဲ့စကားပဲ ။ အရာရာ ခက်ခဲနေတဲ့ကာလကြီးမှာ စားဝတ်နေရေးအတွက်တောင် ရုန်းကန်နေကြရတဲ့ သူတွေအတွက် ကြီးပွါး ချမ်းသာဖို့ ဖို့ဆိုတာက အိပ်မက်တစ်ခုလိုပါပဲ။ အကြွေး မရှိရင်တောင်စားဖို့သောက်ဖို့နဲ့ လူတန်းစေ့နေနိုင်ဖို့ မနည်း ရုန်းကန်နေကြရတာ အကြွေးပါရှိနေရင်တော့ ပိုလို့တောင် ခက်ခဲကြမှာပါ။ အဲဒီလိုလူတွေအတွက် အကြောင်းအရာလေးတစ်ခုပြောပြပြီး စိတ်ခွန်အားပေးချင်တာပါ။ တချို့တွေကတော့ ဒီအကြောင်းအရာကို သိပြီးသားဖြစ်နေပေမယ့် မသိသေးတဲ့ သူတွေအတွက် ထပ်ပြီးရေးဖြစ်တာပါ။ ဒီအကြောင်းအရာပဲ ဘာလို့ခဏခဏ ရေးဖြစ်နေလဲဆိုတော့ ဒီလိုစာတစ်ပုဒ် ရေးပြီးတိုင်း ဘဝကိုအရှုံးပေးမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေထဲက တချို့ ဆုံးဖြတ်ချက်တွေ ပြင်သွားကြတယ်။ တိုက်ပေါ်က ခုန်ချမယ်ကြံနေတဲ့သူတချို့ ခုန်မချဖြစ်ကြတော့ဘူး။ တံတားပေါ်ကခုန်ဖို့ကြံနေတဲ့သူတချို့ ခုန်မချဖြစ်ကြတော့ဘူး။ အရင်က အကြွေးတွေ၊ Stress တွေနဲ့ လမ်းတွေပျောက်ပြီး ၊ ခက်ခဲလွန်းလို့ ဘဝကို အရှုံးပေးချင်နေကြတဲ့ လူတချို့၊ အခုဆို ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေ ပိုင်တဲ့သူကပိုင်၊ ပျော်ရွှင်သာယာတဲ့ မိသားစုလေး ပိုင်တဲ့သူကပိုင်နဲ့ ကျေသဇူးတင်ကြောင်း လာပြောပြကြတယ်။ တကယ်က စိတ်ဓာတ်ကျ စိတ်ပျက် လမ်းပျောက်နေတဲ့သူတွေအတွက် အဓိကလိုတာက စိတ်ခွန်အားပါ။ ပြီးမှ ငွေကြေးပေါ့။ အကြွေးတင်နေတဲ့လူကို ငွေကြေးကူညီတာက ယာယီတော့ ပြေလည်သွားနိုင်ပေမယ့် အဲဒီလူကို တစ်သက်တာ အဆင်ပြေစေချင်ရင် စိတ်ခွန်အား ပေးဖို့လိုပါတယ်။ ဒါကြောင့်လည်း သိသလောက်လေးတွေ ရေးပေးပြီး စိတ်ခွန်အားလေးတွေ အခမဲ့ပေးဖြစ်နေတာပေါ့။ အပေါ်ကစကားပြန်ဆက်ရရင် ကျွန်တော်လည်း လူဖြစ်တဲ့အတွက် အကြီးအကျယ် စိတ်ဓာတ်ကျဖူးပါတယ်။ အကြီးအကျယ် အကြွေးတင်ခဲ့ဖူးပါတယ်။ အကြီးအကျယ် တရားစွဲခံခဲ့ရဖူးပါတယ်။ ပြဿနာဆိုတာက ရောက်လာရင် အဖော်အပေါင်းနဲ့ရောက်လာတယ် ဆိုတဲ့အတိုင်း အကြွေးတင်လို့ စားစရာမရှိ ဒုက္ခရောက်နေပါတယ်ဆိုမှ တရားစွဲတဲ့သူက နှစ်ယောက်ဆိုတော့ ရှင်သန်ရတာ အရမ်းခက်ခဲတယ်ဆိုတဲ့အတွေး ဝင်လာပါတယ်။ အလုပ်တွေအကုန်ရပ် ဝင်ငွေလည်းမရှိ။ အကြွေးကတင်၊ တရားကအစွဲခံရ။ တရားရင်ဆိုင်ဖို့ ရှေ့နေငှားဖို့တောင် ပိုက်ဆံ မရှိခဲ့တဲ့ ကာလ ရှိခဲ့ပါတယ်။ ရှင်သန်စရာ အကြောင်းအရင်း မရှိတော့ပါဘူးလေလို့ ထင်ခဲ့တဲ့ ကာလတစ်ခုပေါ့။ ဒီလိုနဲ့ပဲ ငါမရှိမှပဲအေးမယ်ဆိုတဲ့စိတ်နဲ့တိုက်အမိုးပေါ်တက်သွားပြီး နှုတ်ဆက်သင့်တဲ့သူတွေကို ဖုန်းဆက် နှုတ်ဆက်ပြီးတော့ ခုန်ချဖို့ ကြံစည်ခဲ့ဖူးပေမယ့် လုပ်ခါနီးမှာမှ ငဲ့ကြည့်စရာ မျက်နှာတွေ မြင်ယောင် လာလို့ လှေခါးကနေပဲ ပြန်ဆင်းဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အမှုရင်ဆိုင်ရမယ့်ရက်နီးလာလေ စိတ်ဓာတိကျလာလေဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူကကိုယ့်အပေါ်မှာ ကောင်းခဲ့တဲ့ သူငယ်ချင်းဆိုတော့ တိုက်ပေါ်က ခုန်ချခါနီးညက သူ့ဆီကို ဖုန်းဆက်ပြီး နှုတ်ဆက်ဖြစ်ခဲ့တာ။ ဒါနဲ့ ကိုယ့်အသံမူမမှန်တာကိုသိလို့ သူနေတဲ့နိုင်ငံကနေ ကိုယ့်အတွက် ပြန်လာတာ။ ဒါနဲ့ ကျွန်တော်လည်းကိုယ့်ပြဿနာတွေ အခက်အခဲတွေ အကုန်လုံးကို ပြောပြပြိးတော့ ငိုချပစ်လိုက်မိတယ်။ သူကလည်း အဆင်ပြေနေတဲ့ လုပ်ငန်းရှင်ဆိုတော့ သူ့အနေအထားနဲ့ဆို ကျွန်တော့ ပြဿနာက ဖြေရှင်းပေးလို့ ရတဲ့အနေအထားပါ။ ဒါပေမယ့် အဲဒီအချိန်မှာ သူကျွန်တော့ပြဿနာကို ဖြေရှငိးဖို့ ငွေတစ်ကျပ်မှ ထုတ်မပေးခဲ့ဘူး။ ပေးရမယ့်တာဝန်လည်းမရှိပါဘူး။ ဘယ်သူမှ ရောက်လာမပေးတဲ့အချိန် ရောက်လာပေးတာပဲကျေးဇူးတင်လှပါပြီ။ ဒီလိုနဲ့ ကျွန်တော့ အမှုတွေကိုရင်ဆိုင်ဖို့ ရှေ့နေလိုတယ်ဆိုတော့ မြန်မာပြည်မှာ အတော်ဆုံး ရှေ့နေတွေအထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ရှေ့နေကြီးတစ်ဦးဆီ ကျွန်တော့ကို ခေါ်သွားပေးတယ်။ ရှေ့နေငှားဖို့ နေနေသာသာ ရှေ့နေဆီသွားဖို့တောငိ တက်စီခ မနည်းရှာနေရတဲ့ကိုယ့်အတွက်က ပိုလို့တောင် သိမ်ငယ်မိတာအမှန်ပါပဲ။ ဒီလိုနဲ့ ရှေ့နေကြီးဆီရောက်တော့ ဆရာကြီးက " အန်ကယ်က အမှုတွေကို ဒေါ်လာနဲ့ပဲယူတာ။ သားအမှုက ဒေါ်လာ (၅၀၀၀) ကျပါမယ်။ အခု သားဘယ်လောက် တတ်နိုင်လဲ " လို့မေးတဲ့အချိန်မှာ ကျွနိတော့မှာဖြေစရာ စကားမရှိခဲ့ပါဘူး။ အဲဒီိအချိန် ကျွန်တော့ သူငယ်ချင်း ဝင်ပြောတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် ဒီနေ့ဒီလို ပြန်ရပ်တည်နိုင်ခဲ့တာပါ။ သူဝင်ပြောတဲ့စကားက " ဒီကောင့်မှာ ပေးစရာမရှိလို့ တိုက်ပေါ်က ခုန်ချဖို့တောင်ကြံနေပါပြီ။ အမှုကိုစပြီး လိုက်ပေးပါ၊ ဆရာကြီးရဲ့ ရှေ့နေခကို သူပြန်ပေးနိုင်မယ်လို့ ကျွန်တော်ယုံတယ်တဲ့ " ထင်မှတ်မထားတဲ့ အချိန်၊ စိတ်ဓာတ်ကျ စိတ်ပျက်နေတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုတောင် မယုံကြည်နိုင်တော့တဲ့အချိန်မှာ သူများက ကိုယ်ကိုယုံတယ်လို့ပြောတဲ့စကား ကြားလိုက်တော့ စိတ်ဓာတ်ကျတာတွေ ပျောက်သွားပြီးတော့ စိတ်ခွန်အားတွေ ပြန်ပြီး ရလာခဲ့ပါတယ်။ ကျွန်တော့ ဘဝရဲ့ ရှင်သန်စရာ အကြောင်းအရင်း တစ်ခုကို ထပ်ပြီး တွေ့လိုက်သလိုပဲ အဲဒီစကားကနေမှ အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေ ရလာခဲ့ပါတယ်။ သူသာ အဲဒီနေ့က " ဒီကောင် အကြွေးတွေ ပြန်ပြီး ဆပ်လာနိုင်မယ်ဆိုတာ ငါယုံတယ် " ဆိုတဲ့ စကားမပြောခဲ့ဘဲ၊

  • အကြွေးတွေ ဘယ်လိုပဲရှိနေ ရှိနေ။ ဝန်ထမ်းဘဝနဲ့ လစာနည်းနည်းလေးနဲ့ပဲ ရုန်းကန်နေရပါစေ။ အချိန်တစ်ခုဆိုတာ ရှိပါတယ်။ အဲဒီအချိန် က လူတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ တချို့ကငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီ အောင်မြင်တဲ့အချိန်ကို ခံစားခွင့်ရကြတယ်။ တချို့က အသက်ကြီးလာမှ အဲဒီ အောင်မြင်တဲ့ အချိန်ကို ခံစားခွင့်ရကြတယ်။ လူသန်း ၇၀၀၀ ကျော်မှာ လူ တစ်ယောက်နဲ့တစ်ယောက်က လက်ဗွေရာတောင် မတူတာ။ အောင်မြင်တဲ့အချိန်တူဖို့ ပိုလို့တောင် ဝေးပါသေးတယ်။ ဒီတော့ စိတ်ဓာတ်မကျနဲ့။ ကိုယ့်ကိုယ်ကို အားမရ မဖြစ်နဲ့။ လုပ်နေတဲ့အလုပ်နဲ့ ဝင်ငွေကို အားမရ မဖြစ်နဲ့။ ငွေကိုစိစစ်ပြီးသုံး။ လောင်းကစား၊ မူးယစ်ဆေးမလုပ်ဘဲ ကိုယ်ကိုယ်ကို မပျက်စီးအောင်နေ။ လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး ပြီးမြောက်အောင်လုပ်ပါ။ အဓိကမှာချင်တာက ဘာမှမလုပ်ဘဲတော့ မနေပါနဲ့။ တစ်ခုမဟုတ်တစ်ခု လုပ်နေတဲ့ သူတွေအတွက် အောင်မြင်မှုက ရှိကိုရှိပါတယ်။ ဘယ်လောက် ကျရှုံးနေနေ အားမလျှော့ပဲ တစ်ခုမဟုတ်တစ်ခု ဆက်ကြိုးစားနေဖို့ပဲလိုတာပါ။ Fighting. U can do it. Sint Nyi PEACE 5.12.22

  • " လူတိုင်းမှာ သူ့အချိန်နဲ့သူရှိတယ် " မနေ့က လူငယ်တစ်ယောက် စာပို့လာတယ်။ " ကျွန်တော့ အသက်က ၂၄ ဖြစ်နေပြီ အခုထိ ရေရေရာရာ ဘာမှ မရှိသေးတဲ့ ဝန်ထမ်းဘဝပဲ ရှိသေးတယ် "တဲ့။ " အကိုတို့ဆိုရင်ကော ဘယ်အရွယ်မှာ စပြီး ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ပြီး အဆင်ပြေလာတာလဲ " တဲ့။ အခုကာလ လူငယ်တော်တော်များများနဲ့ ဆုံလို့ စကားပြောဖြစ်ရင် ဒီလို အကြောင်းအရာတွေ တွေ့တွေ့နေရတာ များပါတယ်။ တချို့က ကျောင်းမပြီးလို့ ကိုယ့်ကိုယ်ကို အားမရဘူး။ တချို့က ဝန်ထမ်းလစာလေးနဲ့ ေလာက်င အောင်သုံးနေရလို့ ကိုယ့်ကိုယ်ကို အားမရဘူး။ တချို့က မိဘပိုက်ဆံနဲ့ ထိုင်စားနေရတော့ ကိုယ့်ကိုယ်ကို Guilty ဖြစ်ပြီး အားမရ ဖြစ်နေကြတယ်။ တချို့ကျပြန်တော့လည်း မိဘက တတ်နိုင်လို့ နိုင်ငံခြားမှာကျောင်းသွားတက်နေတဲ့ ရွယ်တူ သူငယ်ချင်းတွေကို ကြည့်ပြီး သွားမတက်နိုင်တဲ့ ကိုယ့်ကိုယ်ကို အားမရဖြစ်တယ်။ အမျိုးမျိုးပဲ အစုံတွေ့နေရတယ်။ အဓိက အကြောင်းအရာက အတူတူပဲ။ ကိုယ့်ကိုယ်ကို အားမရတာ။ ကျွန်တော်ပြောပြမယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေလာတဲ့အချိန်က လုံးဝ မတူကြပါဘူး။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင်ပြေလာကြပြီး တချို့က အသက်ကြီးမှအဆင်ပြေလာကြတာ။ အသက် ၂၄ ဆိုတာ တကယ်တော့ လူ့ဘဝ အစပဲရှိပါသေးတယ်။ ကျွန်တော် နဲ့သိတဲ့ အခုအဆင်ပြေနေကြတဲ့ လူ (၁၀) ယောက်ရှိရင် (၉)ယောက်လောက်က အသက် (၂၄) မှာ အဆင်မပြေကြသေးပါဘူး။ နေရာတစ်ခု မရသေးဘူးဘဲပြောရမှာပေါ့။ တချို့က အသက် (၂၄)မှာ အိမ်ထောင်ကျပြီး ဘဝစတယ်။ တချို့ကအသက် (၂၄)မှာမှ ကိုယ်ပိုင်လုပ်ငန်းလေး အစပြုတယ်။ လုပ်ငန်းအဆင်ပြေတာ မပြေတာ ခဏထား၊ လုပ်ငန်းစတင်ခဲ့ကြတဲ့ အချိန်ကိုပြောတာ။ ဟော.. ကျွန်တော်တို့လိုတချို့ကျတော့ အသက် (၂၄) မှာ အကြွေးတောင် သိန်း (၃၀၀) လောက်တင်နေပြီ။ တချို့ကျပြန်တော့လည်း အသက် (၂၄)မှာ လောကကြီးမှာ မရှိကြတော့ဘူး။ လူငယ်တွေက နှိုင်းယှဥ်တတ်ကြတာဆိုတော့ နှိုင်းယှဥ်ပြ ကြည့်တာပါ။ Justin Bieber တို့ Taylor Swift တို့က အသက် 24 မှာ ကမ္ဘာကျော်ပြီး ချမ်းသာအောင်မြင် နေပေမယ့် KFC ပိုင်ရှင် Colonel Sanders က အသက် ၄၀ မှာ တာယာကုမ္ပဏီတစ်ခုမှာ တာယာအရောင်းစာရေး ဝင်လုပ်နေတဲ့ လခစားဝန်ထမ်းဖြစ်နေတုန်းပဲ။ သူ့ဝန်ထမ်းဘဝ ထွက်ပြီး လုပ်သမျှ လုပ်ငန်းသေးသေးသေးလေးတွေ အကုန်လုံး ရှုံးတာ သူ့အသက် ၆၅ အထိပဲ။ အသက် ၆၅ မှာ အစိုးရပင်စင် လစာ တစ်လကို ၁၀၅ ဒေါ်လာ နဲ့ ရပ်တည်ခဲ့ရတယ်။ အသက် ၆၅ နှစ်နော်။ ၂၄ နှစ် မဟုတ်ပါဘူး။ သူ့အသက် ၆၉ နှစ်အရွယ်မှာ သူ့ရဲ့ ကမ္ဘာကျော်လာမယ့် ကြက်ကြော်ကို စားသောက်ဆိုင်တွေကိုလိုက်ပြီး ကြော်ငြာတယ်။ ချက်ပြတယ်။ ပြီးတော့ သူ့ဆီကနေ Fanchise စနစ်နဲ့ ယူဖို့ လိုက်ပြီး မားကတ်တင်းဆင်းတယ်။ ခရိီးဝေးတွေ သူကိုယ်တိုင်ကားမောင်းတယ်။ ကားနောက်ခန်းထဲမှာ သူအိပ်ခဲ့တဲ့ရက်တွေရှိတယ်တဲ့။ Wikipedia မှာရှာဖတ်ကြည့်လို့ရပါတယ်။ သူမွေးတဲ့ခုနှစ်က ၁၈၉၀ ခုနှစ်။ သူ့လုပ်ငန်း စပြီးအောင်မြင်တာ ၁၉၆၀ ခုနှစ်။ အသက် ၇၀ မှာမှစပြီးအောင်မြင်တာပါ။ သူသေဆုံးချိန် မှာ အသက် ၉၀။ ကျန်ရှိနေတဲ့ အနှစ်နှစ်ဆယ်လုံး ကို သူအေးအေးဆေးဆေး နေထိုင် ဖြတ်သန်းသွားနိုင်တယ်။ အခု KFC ကိုမသိတဲ့သူမရှိဘူး။ သူ့မျိုးရိုးစဥ်ဆက်ပါ ချမ်းသာနေကြပြီ။ ဒါဆို ပြောစရာရှိတာက သူနေတာက အမေရီးကားမှာမလို့လေတို့ ဘာတို့ပေါ့။ ဒီမှာနဲ့ စနစ်မတူဘူး။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ပြောချင်တာက အသက်အရမ်းကြီးလာရင် လုံးဝ မအောင်မြင်နိုင်ဘူးဆိုတာ မဟုတ်ဘူးလို့ ပြောချင်တာပါ။ မဖြစ်ထွန်းလာနိုင်ဘူးလို့လည်း ကျိန်းသေ မပြောနိုင်ဘူး။ အမေရီးကားမှာ အသက် ၆၀ ဖြစ်သွားလို့ ကိုယ့်ဟာကိုယ် အသက်ကြီးပြီဆိုပြီး ရတဲ့ ပင်စင်လေးနဲ့ အနားယူ သွားတဲ့ လူတွေလည်း သန်းနဲ့ချီရှိခဲ့ကြတာပဲ။ ငါကအိုနေတော့ ဘာမှကို ဖြစ်မလာနိုင်တော့ ပါဘူးလို့ ယုံကြည်သွားကြတဲ့သူတွေပေါ့။ ဒါပေမယ့် ကာနယ် ဆန်းဒါးကတော့ အဲလိုမခံယူထားဘူး။ သူ့အသက်က သူ့အောင်မြင်မှုရဲ့ အဆီးအတားအဖြစ်မခံဘူး။ သူ့မှာ သူများထက် ထူးခြားတာက သူ့ Biography ကိုလေ့လာ ရင် လုပ်သမျှ စီးပွားရေးတွေ ရှုံးလိုက် ။ မီးလောင်လိုက်နဲ့ တိုင်တွေပတ်ခဲ့တာ အသက် ၆၀ ကျော်အထိပဲ။ ဒါပေမယ့် သူ တစ်ခုမဟုတ်တစ်ခု ကို အမြဲ ဆက်လုပ်နေခဲ့တယ်။ Business မှာ အဲဒီစိတ်က အရေးကြီးဆုံးပဲ။ လူတစ်​ယောက် ဘာလုပ်ငန်းလုပ်လို့ အောင်မြင်လဲ ဆိုတာကို လိုက်မကြည့်နဲ့။ သူဘယ်လိုစိတ်နဲ့လုပ်ပြီး အောင်မြင်သွားလဲ ကို မြင်အောင်ကြည့်ပါ။ သူ့ဘဝအကြောင်းကို ဖတ်ပြီး သင်ယူလိုက်ရတာ.. သူက ဘယ်သူတွေ ဘာပဲပြောပြော သူလုပ်စရာရှိတာကိုဆက်လုပ်နေတာ။ ခင်ဗျားက အိုနေပြီပြောနေလည်း သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ။ လုပ်ငန်းတွေက အရှုံးပြနေလည်း သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ။ ခင်ဗျား ကြက်ကြော် ဘယ်သူမှ စားမှာမဟုတ်ဘူးလို့ ပြောကြလည်း သူလိုက်ရောင်း စရာရှိတာရောင်းနေတာပဲ။ အချိန်တန်တဲ့အချိန် သူ့ရဲ့ ဘာအကြောင်းနဲ့မှ ကြိုးစားတာကို မရပ်ချင်လိုက်တဲ့ စိတ်ကြောင့် သူက ကမ္ဘာကျော်ခဲ့တယ်။ မီလျံနာတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက အခုအချိန် သင်က အသက် ဘယ်အရွယ်ပဲ ဖြစ်နေ ဖြစ်နေ။

  • " ကိုယ့်ကိုယ်ကို အရင်သနားပါ " ပြင်ရခက်တဲ့အကျင့်တွေ အထဲမှာ သနားတတ်တဲ့ အကျင့်လဲပါတယ်ဗျ။ အရင်ကဆို အလကားနေရင်းနဲ့ကို လူတွေကို လိုက်ပြီးသနားနေခဲ့ဖူးတယ်။ တစ်ယောက် ယောက်က အိမ်ပေါင်ထားလို့ ဒီနေ့မှ မရွေးနိုင်တော့ရင် ဆုံးရပါတော့မယ်ပြောပြီး ငွေချေးရင်လည်း မရှိရှိတဲ့အထဲက ထုတ်ချေးပေးလိုက်တာပဲ။ ကိုယ့်ထက် အဆတစ်ရာလောက် ချမ်းသာတဲ့ သူက ပိုက်ဆံမရှိလို့ စိတ်ညစ်နေရပါတယ်ပြောပြီး ငွေလာချေးရင်လည်း သနားပြီး ငွေထုတ်ချေးလိုက်တာပဲ။ နှစ်လုံးထီထိုးတာရှုံးလို့ သူ့ယောက်ကျားသိရင် လင်မယား ကွဲကြပါတော့မယ်ဆိုတဲ့ သူငယ်ချင်းကိုလည်း သနားပြီး ငွေထုတ်ချေးလိုက်တာပဲ။ အဲလိုတွေ ချေးရင်း ကူညီရင်းနဲ့ ပြန်မရတာတွေ များများလာလိုက် မိတ်ပျက်လိုက်တွေ ဖြစ်လာတော့ တကယ်တမ်း သနားစရာ ကောင်းတာက ကိုယ်ကိုယ်တိုင်ပဲဖြစ်လာပြီး သူတို့ကိုကူညီရင်းနဲ့ ကိုယ်ကမွဲမွဲလာရော။ အတိုးနဲ့ ချေးတာလည်းမဟုတ်။ " သူ့ကို သနားလို့ ကူညီလိုက်ရင်းနဲ့ ကိုယ်က သနားစရာကောင်းသွားတာမျိုးပေါ့။ " ဒီလိုပြောလို့ လူတွေကိုမကူညီကြနဲ့လို့ ပြောချင်တာ မဟုတ်ဘူး။ ကူညီပါ။ ကူညီဖေးမတာကောင်းတဲ့အရာပါ။ ဒါပေမယ့် ... " ကိုယ့်ကိုယ်ကို ဒုက္ခရောက်စေလောက်တဲ့ အထိ သူများကို မကူညီဖို့ပြောချင်တာ။ " ကိုယ့်မှာ မရှိတဲ့ ကြားထဲက ကူညီချင်တယ်ဆိုရင် အဆုံးခံနိုင်မှပဲ ကူညီတာကောင်းပါတယ်။ ကျွန်တော်လည်း ခံရတာတွေ များလာတော့ အခုနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ်ပဲ အရင် သနားတတ်လာတယ်။ တစ်ယောက်ယောက်က အကူအညီ တောင်းလာရင် ကူညီနိုင်ရင် ကူညီလိုက်ပြီး မကူညီနိုင်ရင်လည်း မကူညိနိုင်ဘူးလို့ တစ်ခါတည်း ငြင်း လိုက်တယ်။ ဘယ်သူ့ကိုမှ အားမနာတော့ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက No လို့ပြောရမှာကို အင်မတန် အားနာတတ်ကြတဲ့ လူမျိုးတွေပါ။ အဆင်မပြေဘူး။ မရှိဘူး။ မသိဘူး။ မသွားဘူး။ မစားဘူး။ မချစ်ဘူး။ အစရှိတဲ့ ငြင်းတဲ့စကားတွေမှာဆို ဒဲ့ ပြောဖို့ကို အားနာတတ်ကြတယ်။ ဒီပွဲကိုမလာနိုင်ဘူးဆိုရင် မလာနိုင်ဘူးလို့ ဒဲ့မပြောဘဲ ကျွန်တော် အခြေနေကြည့်ပြီး ပြန်ပြောမယ် လို့ အားနာနာနဲ့ ငြင်းတတ်ကြတယ်။ တစ်ကယ်က မလာနိုင်လို့ ဝေ့ပတ်ပြီး ပြောလိုက်တာပဲ။ ချစ်လို့ အဖြေတောင်းတာကို ငြင်းချင်လည်း ဟဲ့ နင့်ကိုငါမကြိုက်ဘူးလို့ ပြောဖို့အားနာတော့... နင်နဲ့ငါ Type မတူလို့ အဆင်မပြေလောက်ဘူးတို့ ဘာတို့ ပြောကြသလို၊ လမ်းခွဲချင်တဲ့အခါကျရင်လည်း တစ်ယောက်တည်းပဲ နေချင်လို့ပါတို့ ဘာတို့ ဝေ့ပြီးပြောတတ်ကြတယ်။ တစ်ကယ်က No တစ်ခွန်းထဲက ပိုပြီး အဆင်ပြေပါတယ်။ တဖက်သား အတွက် ဘာမျှော်လင့်ချက်မှထပ်ပြီး မပေး ဖြစ်တော့သလို အငြင်းခံရတဲ့သူ အတွက်လည်း စိတ်ရှင်းတယ်။ ငွေလာချေးရင်လည်း မကူညီနိုင်ရင် မကူညီနိုင်ဘူး ပြောတာကောင်းပါတယ်။ တစ်ခြားအကူညီဆိုရင်လည်း ကူညီနိုင်ရင် ကူညီမယ် ၊ မကူညီနိုင်ရင် မကူညီနိုင်ဘူး ဒဲ့ပဲ ပြောတာ ပို ကောင်းပါတယ်။ ကျွန်တော်တော့ ပရဟိတတွေလုပ်ပြီး လူအများနဲ့ ဆက်ဆံကြည့်ပြီးနောက်ပိုင်း သိလာရတဲ့ အသိတစ်ခုက " You can't save everyone " ပါပဲ။ လူတိုင်းကို ဘယ်သူကမှ မကယ်နိုင်ပါဘူး။ ကိုယ်မှ မဟုတ်ဘူး ။ အမေရိကန် သမ္မတတောင် သူ့နိုင်ငံသားတိုင်းကို သူ မကူညီနိုင်သေးပါဘူး။ ဒါတွေသိလာပြီးနောက်ပိုင်း တစ်ယောက်ယောက်က အကူညီတောင်းလာရင် ပြန်ဆန်းစစ်တယ်။ သနားစရာကောင်းတာက သူလား။ ငါလား။ ကိုယ်တောင် အဆင်မပြေတဲ့ကြားကနေ သူ့ကို ကူညီလိုက်ရင် ကိုယ်က သနားစရာကောင်းသွားမှာလား။ စဥ်းစားပြီးမှ ကူညီသင့်ရင် ကူညီပြီး ငြင်းသင့်ရင် ငြင်းပါတယ်။ ဒီလိုပြောလို့ လူတွေကို မကူညီရဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကို ထိခိုက်စေလောက်တဲ့အထိ မကူညီဖို့ပြောချင်တာ။ မထိခိုက်ရင် ကူညီပါ။ ကိုယ့်ကိုယ်ကို အရင် အခြေခိုင်အောင်တည်ဆောက်ပြီးမှ သူများကို တည်ဆောက်ပေးနိုင်မှာပါ။ ကိုယ်အဆင် ပြေမှ သူများကို ကူညီနိုင်မှာ ဖြစ်လို့ ကိုယ်အဆင်မပြေ မအောင်မြင်ခင် ကာလလေးမှာ ကိုယ့်ကိုယ်ကို အရင်သနားဖို့လည်း လိုအပ်တယ်ဆိုတာ သိသလောက်လေး Sharing လုပ်ပေးလိုက်ပါတယ်။ Sint Nyi 11.12.21 Memory

  • ဘာသာခြားတစ်ယောက်ရဲ့ နာရေးကို ရောက်တော့ .. ကွယ်လွန်သူအတွက် ဆုတောင်း ရွတ်ဖတ် နေကြတဲ့နေရာမှာ ဦးဇင်းတွေနဲ့ ကိုရင်လေးတွေပါ မတ်တပ်ရပ်နေတာတွေ့တော့.. ခုံနေရာဖယ်ပေးပြီး " ဦးဇင်းထိုင်ပါ " လို့ ပြောတော့ ဦးဇင်းက မထိုင်တာနဲ့ .. " ကွယ်လွန်သူနဲ့ အသိပဲလား " လို့ မေးကြည့်တော့ .. " အသိထက် ပိုပါတယ် "တဲ့။ " သူတို့မိသားစုက ဘာသာခြားတွေဆိုပေမယ့် သူတို့ အိမ်အရှေ့မှာရှိတဲ့ ဦးဇင်းတို့ကျောင်းကို နေ့တိုင်းဆွမ်းပို့သလို.. ဘုန်းကြီးကျောင်းသားလေးတွေကိုလည်း နှစ်တိုင်း ကျောင်းထားပေးနေတာဆိုတော့ ဆွေမျိုးတွေလို ဖြစ်နေကြလို့ သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးကြတာပါတဲ့။ " အဲဒီစကားကြားတော့မှ မေတ္တာ လိုချင်ရင် မေတ္တာအရင်ပေးရတယ် ဆိုတဲ့စကားကို သေသေချာချာ သဘောပေါက်သွားတယ်။ လူအချင်းချင်းမေတ္တာပိုပြီး ထားနိုင်ကြပါစေဗျာ။ Sint Nyi 12.12.25

  • Foreigner တစ်ယောက်နဲ့ အလုပ်ကိစ္စတစ်ခု တွေ့ဖို့ မနက်ဆယ်နာရီ တွေ့မယ်ဆိုပြီး ချိန်းတော့ သူ့ဘက်ကနေ စသလိုနောက်သလိုနဲ့ ... " Is that a burmese time ?" " မြန်မာအချိန်ကို ပြောတာလား" ဆိုပြီး စပ်ဖြဲဖြဲနဲ့ ပြန်မေးတော့ ... " မြန်မာပြည်မှာ နေပြီး မနက်ဆယ်နာရီ ချိန်းတာဆိုမှတော့ မြန်မာပြည်က မနက်ဆယ်နာရီပေါ့ဟ " လို့ ပြန်ပြောတော့ ... " ဒီကလူ" တချို့ " ချိန်းတဲ့ ဆယ်နာရီနဲ့ ငါတို့တွေချိန်းတဲ့ ဆယ်နာရီက မတူဘူးလေ " တဲ့။ " ငါတို့က ဆယ်နာရီဆိုရင် ဆယ်နာရီ အတိအကျ ရောက်ပေမယ့် .. ဒီကလူတချို့က ဆယ်နာရီဆိုရင် ဆယ်နာရီခွဲ၊ ဆယ့်တစ်နာရီ လောက်မှ ရောက်တတ်ကြလို့ Burmese time လားလို့ စပြီး မေးတာပါ " ဆိုပြီး ပြုံးစိစိနဲ့ စနောက်ပြီးပြောတာ ဆိုပေမယ့် ကိုယ့်အတွက်ကျတော့ မရယ်ရတဲ့ အမှန်တရားဖြစ်နေပြန်တော့ တကယ်လည်း မရယ်နိုင်ခဲ့ပါဘူး။ တွေးကြည့်ပြန်တော့လည်း အားလုံး မဟုတ်ကြပေမယ့် ကျွန်တော်အပါအဝင် လူတချို့က အချိန်နဲ့ပတ်သက်ရင် သိပ်ပြီးတော့ မလေးမထားကြဘူး။ ကိုယ်တိုင်လည်း အရင်ကဆိုအချိန်နဲ့ ပတ်သက်ရင် ပေါ့ပေါ့ပါးပါးလေးပဲ တွေးခဲ့ဖူးတယ်။ ဒီလူနဲ့ဆိုရင်တော့ အေးဆေးပါ။ နောက်ကျလည်းရတယ်။ နာရီဝက်လေးပဲကို။ ၄၅ မိနစ်လေးကို ဆိုပြီးပေါ့ပေါ့ပါးပါးပဲ တွေးဖြစ်ခဲ့တာ။ သူများတွေအပေါ် ပေါ့ပေါ့ပါးပါး ဆက်ဆံခဲ့တော့ ကိုယ့်ကိုလည်းသူများက ပေါ့ပေါ့ပါးပါး ပြန်ပြီး ဆက်ဆံကြတာပေါ့။ တကယ်ကအဲလို အချိန် မတိကျဘဲ ပေါ့ပေါ့ပါးပါးတွေးတာမျိုးက တဖက်သားကို စော်ကားရာကျတယ်။ Respect မရှိရာကျတယ်ဆိုတာကို နားလည်သွားတဲ့ အချိန်ကျမှ... ဘော်ဒါအကန့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲ ဖြစ်ဖြစ် အချိန်ကို တိကျဖို့ စောရောက်ဖို့ကို အလေးထား ဖြစ်လာသလို နောက်ကျမယ်ဆိုရင်လည်း ကြိုတင်အကြောင်းကြားဖို့ ပိုပြီးသတိထားဖြစ်သွားတယ်။ ကိုယ်လည်း သူများအချိန်ကို စပြီး လေးစားဖြစ်သွားကတည်းက ကိုယ့်အချိန်ကို မလေးစားရင်လည်း ဘယ်လို အကန့်ဖြစ်ဖြစ် အားမနာဖြစ်တော့ဘူး။ ချိန်းထားပြီး တစ်နာရီလောက် နောက်ကျတာတို့၊ နောက်ကျမှာကို ဖုန်းကြိုမဆက် Respect မထားတာမျိုးတွေပေါ့။ တစ်ခါဆို အပျော်ခရီးသွားဖို့ အသိတွေနဲ့ချိန်းတာ ၊ တစ်ယောက်က ချိန်းထားတဲ့ အချိန်ထက် တစ်နာရီနောက်ကျနေတာတောင် ရောက်မလာလို့ ဖုန်းဆက်ကြည့်တော့ နောက်ထပ် နာရီဝက်နေရင် ရောက်ပါမယ်ပြောတာနဲ့ နောက်ထပ် နာရီဝက်ထပ်စောင့်တော့လည်း ပေါ်မလာတာနဲ့ ခရီးစဥ်ကို ဖျက်ခဲ့ဖူးတယ်။ အပျော်ခရီးပေမယ့်လည်း Respect မရှိတဲ့သူတွေနဲ့သွားရင် ပျော်ရမှာလည်း မဟုတ်လို့ ဖျက်လိုက်တော့တာ။ ဘယ်လောက်ပဲ အလုပ်ကြိုးစား ကြိုးစား။ ဘယ်နေရာမှာပဲ တော်နေ တော်နေ။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ။ တဖက်သားရဲ့ အချိန်ကိုမလေးစား တတ်ရင်လည်း အာပလာပါပဲ။ ကိုယ်တိုင်လည်း သူများရဲ့အချိန်ကို မလေးစားခဲ့ဖူးတဲ့ အာပလာကောင် ဖြစ်ခဲ့ဖူးပေမယ့် .. Respect လိုချင်ရင် Respect အရင်ပေးရတယ်ဆိုတာကို သဘောပေါက်သွားတဲ့အချိန်ကျတော့ အချိန်နဲ့ပတ်သက်ရင် လုံးဝ နောက်မကျဖို့ ပထမဦးစားပေး သတိထားဖြစ်လာတယ်။ အဲဒီလို သူများအချိန်ကို လေးစားဖို့ သတိထားဖြစ်ပြိီး နောက်ပိုင်း သိသာလာတာတစ်ခုက ကိုယ်နဲ့ တွေ့ဖို့ချိန်းတဲ့လူတိုင်း ချိန်းတဲ့အချိန်ထက် စောပြီး ရောက်လာတတ်ကြတော့တာပဲ။ လူမှုရေးကိစ္စမှာ ဖြစ်ဖြစ် လုပ်ငန်းကိစ္စမှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ နှုတ်ထွက်စကားက အရမ်းအရေးကြီးတာဖြစ်လို့ .. ကိုယ့်နှုတ်က ထွက်တဲ့စကားကို ကိုယ်တာဝန်ယူဖို့ လိုတယ်ဆိုတဲ့အထဲမှာ " ကတိ " တွေ လည်းပါသလို .. ကိုယ့်နှုတ်နဲ့ သူများကို ချိန်းတဲ့ " အချိန် "တွေလည်း ပါတယ်ဆိုတာကို မမေ့ဖို့ သိသလောက်လေး Sharing ပြန်လုပ်ပေးလိုက်ပါတယ်။ နှစ်သစ်မှာ အရင်နှစ်ကထက် ပိုပြီး အချိန်တိကျနိုင်ကြပါစေဗျာ။ Sint Nyi 26.12.25

  • " ရှယ်ယာကျားဖြန့် " ကိုယ်နဲ့ရှယ်ယာ လုပ်တုန်းက ကိုယ့်ကို လိမ်သွားတဲ့ လူလိမ်က ကိုယ့်ဘော်ဒါကို လုပ်ငန်းတစ်ခုပြပြီး ရှယ်ယာလုပ်ဖို့ လာကမ်းလှမ်းတယ်တဲ့။ ဒါနဲ့ ကိုယ့်ဘော်ဒါကလည်း ဒီလူလိမ်က ကိုယ်နဲ့အလုပ်လုပ်ဖူးတာ မြင်ဖူးထားတော့ သူ့အကြောင်းတွေ လာမေးတာနဲ့ .. ရှယ်ယာလုပ်ဖို့ မပြောနဲ့၊ တစ်ဝိုင်းထဲတောင် မထိုင်သင့်တဲ့လူလိမ် ဆိုတာ သတိပေးလိုက်တာနဲ့ သူလည်း မလုပ်ဘူးလို့ ငြင်းလိုက်တယ်။ ကိုယ့်ကိုရှယ်ယာခေါ်တုန်းကလည်း ဆင်ဖမ်းမယ် ကျားဖမ်းမယ်ပြောပြီး တကယ် အလုပ်လုပ်ကြည့်မှ ခြင်တောင် အနိုင်နိုင်ဖမ်းနေတာနဲ့ အရင်းတောင် မနည်း ပြန်တောင်းလိုက်ရတယ်။ ဒါတောင်ကိုယ်လိုလူမလို့ ပြန်ပေးတာ။ သူများကိုဆို ပြန်ပေးဖို့ အစီစဥ် မရှိလောက်ဘူး။ အခုခေတ် လူလိမ်တွေက အရင်ခေတ်ကလို ပိုက်ဆံ လိုက်မချေးတော့ဘူး။ ချေးတာက ပြန်ဆပ်ရသေးတယ်။ ရှယ်ယာ ခေါင်းစဥ်တပ်ပြီး ငွေယူ။ သူများငွေနဲ့အလုပ်လုပ်။ အောင်မြင်လည်း ရှုံးတယ်ပြောပြီး ငွေကိုဘုံးမယ်။ ရှုံးသွားရင်လည်း ရှုံးသွားပြီပြောလိုက်ရုံပဲ။ အဲလို လိမ်တာက ငွေချေးတာထက် ပိုကိုက်နေတော့ အဲလိုပဲ လိုက်လိမ်နေကြတော့တာ။ အဲလိုလူလိမ်တွေကို ကြည့်လိုက်ရင် ဘယ်တော့မှလည်း တည်တည်တံ့တံ့မရှိဘူး။ အမြဲလိုလို ဟိုလူ့ဆီငွေချေး၊ ဒီလူ့ဆီငွေချေးနဲ့ အမြဲကို ငွေလိုနေတာပဲ။ သူတပါးချွေးနဲစာကို လိမ်ပြီးစားရင် အပူစာပဲ။ အပူစာ ကို သိသိကြီးနဲ့ စားတဲ့လူလိမ်ကော၊ မသိဘဲနဲ့ စားမိနေကြတဲ့ သူ့မိသားစုကော အမြဲ ပူလောင်နေကြရတာတော့အမှန်ပဲ။ သတင်းအချက်အလက် မြန်ဆန်တဲ့ အင်တာနက်ခေတ်ကြီးမှာ ဘယ်လူလိမ်မှ ကြာကြာမလိမ်နိုင်တာတော့ အမှန်ပဲ။ လူ၏သတင်းကို လူချင်း ဆောင်တယ်မဟုတ်လား။ Sint Nyi 29.12.25

  • ငွေက အရာအားလုံး မဟုတ်ပေမယ့် အရာအားလုံးနီးပါးကတော့ ငွေရှိမှ ဘောင်ဝင်တာပါ။ မိသားစုအထဲမှာ ဘောင်မဝင်ဘူးလား။ ပိုက်ဆံပဲရှာ။ ဘောင်ဝင်လာလိမ့်မယ်။ ဘော်ဒါတွေ အထဲမှာကော ဘောင်မဝင်ဘူးလား။ ပိုက်ဆံပဲရှာ။ ဘောင်ဝင်လာလိမ့်မယ်။ အချစ်ရေးမှာကော ဘောင်မဝင်ဘူးလား။ ပိုက်ဆံပဲရှာ။ ဘောင်ဝင်လာလိမ့်မယ်။ သတိထားဖို့တစ်ခုက ... ငွေရှိမှ ဘောင်ဝင်တယ်ဆိုတာ မှန်ပေမယ့် .. ငွေရှိတဲ့လူချင်း အတူတူဆိုရင်တော့ သန့်သန့်ရှင်းရှင်းနဲ့ ငွေရှာတဲ့လူက ပိုပြီး ဘောင်ဝင်တာတော့ အမှန်တရားပဲ။ ဒီတော့ ၂၀၂၆ မှာ ဘောင်ဝင်ချင်ရင် အရင်ထက်ပိုပြီး ငွေရှာပါ။ သန့်ရှင်းတဲ့ငွေဖြစ်ဖို့တော့ သတိပြုပေါ့။ Sint Nyi 2.1.26

  • လုပ်နေတဲ့ ရှားရှားပါးပါး အကျင့်ကောင်းလေး တစ်ခုရှိနေတော့ ရောက်ခါစက ပါလာတဲ့ သံသေတ္တာ တစ်လုံးထက်တော့ ပိုင်တာလေးတွေတိုးတိုးလာပြီး မွေ့ယာလေး ၊ ပန်ကာလေး ဗီဒိုလေးတွေ ဝယ်နိုင်လာတယ်ပေါ့ဗျာ။ ဒီလိုပဲ ဂျလုံးပလုံး Pro Max မဖြစ်အောင် နေထိုင်ရင်း လုပ်စရာရှိတာလေးတွေ လုပ်သွားလိုက်တာ အလုပ်စလုပ်တဲ့ အသက်(၂၀) ကနေ နောက်ထပ် (၁၃) နှစ်ကြာသွားတဲ့ အသက် (၃၃) နှစ် အရွယ်ရောက်မှ အိမ်ပိစိလေးကို အရစ်ကျနဲ့ ဝယ်နိုင်ခဲ့တာပါ။ ဒါကလည်း သူများထက် တော်နေ တတ်နေလို့လည်းမဟုတ်ဘူး။ " ရှောင်သင့်တာတွေကို ရှောင်ပြီး လုပ်သင့်တာတွေကို ဆက်လုပ်နေရင် ဖြစ်သင့်တာလေးတွေ ဖြစ်လာတတ်တယ် ဆိုတာကို ပြောပြချင်တာ " ကျွန်တော့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ အဓိက အဲဒီအချက်က အဲဒီ နှစ်ချက်ပဲရှိတယ်။ ✅ ဂျလုံးပလုံးပေမယ့် ဂျလုံးပလုံး Pro Max မဖြစ်ဖို့ ရှောင်သင့်တာတွေကိုရှောင်တယ်။ ✅ ဘာတွေပဲကြုံလာ ကြုံလာ ကိုယ်လုပ်စရာရှိတာကို တစ်ခုမဟုတ်တစ်ခု ဆက်လုပ်နေဖြစ်တယ်။ ကိုယ်က တည်ဆောက်လိုက်၊ ကိုယ်လုပ်လို့ပဲ ပြိုပျက်သွားလိုက်။ ကိုယ်ကတည်ဆောက်လိုက် သူများက လာဖြိုဖျက်သွားလိုက်နဲ့ ဘဝက လုံးလည်ချာလည်လိုက်နေရင်း အချိန်တစ်ခုကို ရောက်လာတော့လည်း လိုချင်တဲ့အိပ်မက်လေးတွေ အကောင်အထည်ပေါ်ခဲ့ပါတယ်။ ဘယ်လိုအလုပ်တွေလုပ်ခဲ့လည်းကတော့ ကျွန်တော့စာအုပ် (၄) အုပ်လုံးမှာ အသေးစိတ်ရေးပေးထားတာဖြစ်လို့ အကျယ်ချဲ့ မရေးပြတော့ပါဘူး။ ဒီတော့ အိမ်ပိုင်အိပ်မက် မက်နေကြတဲ့ ညီအကိုမောင်နှမတွေကို ပြောချင်တာက ဆိုးလို့ရပါတယ်။ ဒါပေမယ့် အဆုံးထိ မရောက်အောင်ဆိုးပါ။ အဆုံးထိဆိုးမိရင် အိပ်မက်တွေလက်တွေ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ - ✅ကိုယ့်ကိုယ်ကို မပျက်စီးအောင်နေပါ။ ✅ဘာပဲကြုံလာရ ကြုံလာရ ကိုယ်လုပ်စရာရှိတာတစ်ခုမဟုတ်တစ်ခုကို ဆက်ပြီးလုပ်နေပါ။ အချိန်တစ်ခုရောက်တဲ့အခါ မက်နေတဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာပါလိမ့်မယ်။ ကျွန်တော်လို ဆိုးတဲ့လူအတွက်သာ (၁၃) နှစ်ကြာခဲ့ပေမယ့် ပိုလိမ္မာတဲ့ တချို့အတွက်က (၁) နှစ်ပဲကြာရင်ကြာမယ် တချို့အတွက် (၂) နှစ်ပဲကြာရင်ကြာမှာပါ။ လူတိုင်းတော့ အချိန်တွေမတူကြဘူးပေါ့။ ရှောင်သင့်တာတွေကို ရှောင်ပြီး လုပ်သင့်တာတွေကို ဆက်လုပ်နေရင် ဖြစ်သင့်တာလေးတွေ ဖြစ်လာတတ်တယ် ဆိုတာကို ကိုယ်တွေ့အတွေ့အကြုံလေးနဲ့ ပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။ Sint Nyi 6.1.26

  • " လူငယ်တွေနဲ့ အိမ်ပိုင်အိပ်မက် " ရှာသမျှငွေ တစ်ဝက်လောက်က မစားရ မသောက်ရဘဲ အိမ်ငှားခအတွက်ပဲ ပေးနေရလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံး လိုချင်မိတယ်ဆိုပြီး ညီလေးတစ်ယောက် ရင်ဖွင့်လာတယ်။ နယ်ဝေးကနေ အလုပ်လာလုပ်ကြတဲ့ လူငယ်တော်တော်များ ရဲ့အဓိက ပြဿနာတွေအထဲကတစ်ခုပေါ့။ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက တိုက်ခန်းတစ်ခန်းထဲမှာ မိသားစုလိုက်ကြီး ဖြစ်သလိုစုပြီး နေခဲ့ရတော့ ဒီလူငယ်တွေလိုပဲ " အိမ်ပိုင်အိပ်မက် " မက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ အဓိက ရည်ရွယ်ချက်က နားအေးပါးအေး နေချင်မိတာ။ မိသားစုလိုက်ကြီး တိုက်ခန်းလေးတစ်ခန်းမှာ စုပြီးနေခဲ့ရတာဆိုတော့ ဆူဆူညံညံ မကြိုက်တဲ့ ကိုယ့်အတွက်က တော်တော်ကို စိတ်ညစ်ခဲ့ရပါတယ်။ ဒီတော့ ကိုယ်ပိုင်အိမ်လေးတစ်အိမ်ရဖို့က ငယ်ဘဝ အိပ်မက်ဖြစ်ခဲ့တာပေါ့။ အဲဒီ အိပ်မက်အပြင် နောက်အိပ်မက် တစ်ခုက အိပ်ယာအစောကြီး မထဘဲ အိပ်ရေးဝဝ အိပ်ချင်တဲ့ အိပ်မက်။ ဘဝမှာ ကျန်တာတွေရှိရှိမရှိရှိ။ ဖြစ်လာလာ မဖြစ်လာလာ။ အဲဒီနှစ်ချက်သာရှိနေခဲ့ရင် ငါ့ဘဝက ပြီးပြည့်စုံသွားပြီလို့ကို ခံယူခဲ့ဖူးတာ။ ဒါကလည်း ဆယ်ကျော်သက် လူငယ်တိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် Backgound မရှိ ဘာမရှိနဲ့ ဘက်စ်ကားတိုးစီး ကျောင်းတက်ပြီး အိမ်က လက်ဖြန့် တောင်းနေရတဲ့ ဘာ Talent မှမရှိထားတဲ့ ကိုယ်လို လူငယ်တစ်ယောက်အတွက်က အိမ်လိုချင်တဲ့ အိပ်မက်က လည်း အိပ်မက်သက်သက်ပါပဲ။ လက်တွေ့မှာကျတော့ အမေ့အိမ်ရှိလို့သာ နေရထိုင်ရတာ အဆင်ပြေနေတာ။ အမေ့အိမ်မှာသာ ကပ်မနေဘဲ ငှားနေရမယ်ဆို အိမ်လခနဲ့တင် လုံးလည်ချာလည်လိုက်ပြီး တိုင်ပတ်နေဦးမှာ။ ဒီလိုနဲ့ အသက် (၁၉) နှစ်မှာ ဘွဲ့ရပြီး ဝန်ကြီးဌာနတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရတဲ့ အလုပ်ကလည်း နေပြည်တော်မှာဆိုတော့ အမေ့အိမ်ကနေ စပြီးလွတ်ခဲ့ပေမယ့် ကိုယ်နေရတဲ့ ဝန်ထမ်းလိုင်းခန်းက လူပျိုဆောင်လိုင်းခန်းဆိုတော့ အခန်းတစ်ခန်းထဲမှာလူခြောက်ယောက် ပေါင်းပြီး နေရတာဆိုတော့ အမေ့အိမ်ထက်တောင် ပိုဆိုးနေသေးတယ်။ အိမ်မှာမှ အချိန်တစ်ခုဆို အားလုံး အိပ်ကြသေးတယ်။ အဆောင်မှာက တစ်ညလုံးမူးတဲ့လူနဲ့ သီချင်းအကျယ်ကြီးဖွင့်တဲ့သူနဲ့ စကားအကျယ်ကြီးပြောတဲ့သူနဲ့ စစရောက်ချင်းပိုပြီး စိတ်ညစ်ရတာပေါ့။ ဒီလိုနဲ့ လစာ တစ်လကို တစ်သောင်းခွဲ နဲ့ တစ်လလုံး လောက်အောင်စားရတာဆိုတော့ အိမ်ပိုင်ဖို့ အိပ်မက်ဆိုတာ ဝေးသထက်ဝေးခဲ့ပါတယ်။ ဒါပေမယ့် လူအများနဲ့နေရတာ အဆင်မပြေတဲ့ အချိန်တိုင်းတော့ အဲဒီအိပ်မက်ကို ပြန်ပြန်မက်ခဲ့တာပါပဲ။ ငါပိုက်ဆံတွေရှိလာတဲ့တစ်နေ့ အိမ်ဝယ်ကိုဝယ်မယ်။ တိုက်ခန်းသေးသေး ကျဥ်းကျဥ်းလေး ဖြစ်ဖြစ်။ တစ်ယောက်ထဲ နားအေးပါးအေး အိပ်လို့ရတဲ့ အိမ်ဖြစ်ရင်ပြီးရောပေါ့။ ကျောထောက်နောက်ခံ ကောင်းတဲ့ လူတွေအတွက်က ကိုယ်ပိုင်အိမ်ဆိုတာ ပူဆာလိုက်ရင် အလွယ်တကူရနိုင်ပေမယ့် ဘဝကို တစ်ကနေ စရတဲ့ လူတွေအတွက် ကတော့ အင်မတန်ကို ခက်ခဲတတ်တာမလို့ ကိုယ်တိုင်လည်း အသက် (၃၃) နှစ် အရွယ်မှာမှ အရစ်ကျစနစ်နဲ့ ကိုယ်ပိုင် အခန်းကျဥ်းလေး တစ်ခန်း ပိုင်ဆိုင်ခဲ့တာပါ။ ကျွန်တော်က ဘယ်လိုတွေကြိုးစားခဲ့လို့၊ ဘယ်လို တွေ ရုန်းကန်ခဲ့လို့၊ ဘဲဥတစ်ခြမ်းပဲ စားခဲ့လို့ကိုယ်ပိုင်အိမ်လေး ရလာတာမလို့ခင်ဗျားတို့လည်း ကြိုးစားကြပါ၊ ဘဲဥတစ်ခြမ်းပဲစားကြပါလို့ အာမချောင်ချင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်တိုင်က ငပျင်းဆိုတော့ ဘဝကို သူများတွေလို နေ့မအိပ် ညမအိပ်လည်း လည်းကြိုးစားခဲ့တာလည်းမဟုတ်ဘူး။ ကျောင်းပြီးလို့ နေပြည်တော်ကအလုပ်ကို သံသေတ္တာတစ်လုံး၊ အဝတ်သုံးစုံနဲ့ စရောက်တဲ့ နေ့ကတည်းက ကျွန်တော် လုပ်သွားတာ နှစ်ခုပဲရှိတယ်။ ပထမ တစ်ခုက ကိုယ့်ကိုယ်ကို မပျက်စီးအောင် သတိထားပြီးနေတယ်။ ဘယ်နေရာမှာမှ တော်မနေတဲ့ ကိုယ်လို သာမန်လူအတွက်က လူပြိန်းချင်းတူရင်တောင် မပျက်စီးတဲ့ လူပြိန်းက တခြားလူပြိန်းတွေထက် နှာတစ်ဖျားသာတယ် ဆိုတဲ့အတိုင်း လူပြိန်းပေမယ့် မပျက်စီးအောင် နေဖြစ်တယ်။ ဒါမှလည်း ဂျလုံးပလုံးချင်း အတူတူဆိုရင်တောင် သူတို့က ဂျလုံးပလုံး Pro Max ဆို ကိုယ်က ဂျလုံးပလုံး Pro ပေါ့။ လူငယ်သဘာဝ ကျန်တာဆိုးချင်တာ ဆိုးပေမယ့် မူးယစ်ဆေး၊ လောင်းကစားကို တော့ စမ်းသပ်ပြီးတောင် မလုပ်မိအောင် Control ဖြစ်ခဲ့တယ်။ ကိုယ့်မက်နေတဲ့ အိပ်မက်နှစ်ခု အကောင်အထည် ပေါ်လာဖို့က ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ဘူး။ ကိုယ်ကိုယ်ပဲလုပ်ရမှာဆိုတော့ အိပ်မက်တွေ အကောင်ထည်ဖော်ရမယ့် ကိုယ်ကိုယ်တိုင်က ဂျလုံးပလုံး Pro Max ဖြစ်နေလို့မရဘူး။ Pro လောက်ဆို တော်သေးတယ်လို့ တွေးမိပြီး Pro max ဖြစ်စေမယ့် မူးယစ်ဆေးနဲ့ လောင်းကစားကို အဲဒီကတည်းက ရှောင်ခဲ့ပါတယ်။ နောက်တစ်ချက်ကလည်း ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ ဘဝတိုးတက်ဖို့ တစ်ခုမဟုတ် တစ်ခုကို စမ်းတဝါးဝါး လုပ်နေဖြစ်တာလေးတစ်ချက်။ ဝန်ထမ်းလုပ်ရင်းနဲ့ အကျိုးဆောင်လုပ်တယ်။ ငါးလလောက်အထိ အခန်းအရောင်းမပြောနဲ့ အငှားတောင် မရဖူးဘူး။ ထီးဖြူ၊ ဖိနပ်ပါး၊ လိုင်းကားခတွေ အကုန်ခံရင်းနဲ့ နှစ်နှစ်လောက်နေမှ မြေကွက်လေးတစ်ကွက် ကနေ ပွဲခ သိန်းဂဏန်းလေး ရခဲ့ဖူးတယ်။ ပြီးတော့ ဆိုင်ကယ်လေး ဝယ်တယ်။ ရှိထားတဲ့ငွေလေးနဲ့ ဟိုရောင်း ဒီဝယ် သေးသေးလေးတွေ လိုက်လုပ်ကြည့်တယ်။ မြတ်လိုက် ရှုံးလိုက်နဲ့ပါပဲ။ ဒါပေမယ့် တစ်ခုမဟုတ်တစ်ခုကို

  • " လူ့တန်ဖိုး " ဆိုတာ လူရဲ့ အတွင်းထဲမှာပဲရှိတယ်။ လူရဲ့ အတွင်းထဲက " ကိုယ်ကျင့်တရား " က " လူ့တန်ဖိုး " ပဲ။ လူရဲ့အတွင်းထဲက " ကိုယ်ချင်းစာတရား" က " လူ့တန်ဖိုး " ပဲ။ လူရဲ့အတွင်းထဲကမေတ္တာတရား က " လူ့တန်ဖိုး " ပဲ။ လူတစ်ယောက်ရဲ့တန်ဖိုးက အဲဒီလူ ရဲ့အတွင်းမှာပဲရှိတယ်။ အဲဒါကို တန်ဖိုးရှိတဲ့လူအချင်းချင်းပဲ မြင်ရတယ်။ Sint Nyi 5.1.25