tgindex

Thel in Progress

описание

Thel in Progress 🌱 "I am not perfect yet, but I am growing every day." ✨ Learning ✨ Self-improvement ✨ Glow-up ✨ Becoming the best version of myself

796
подписчиков
Охват к подписчикам
65,3%
ERR
Реакции к просмотрам
0,89%
161 на 29 постов
Пересылки к просмотрам
1,01%
183
Постов в день
0,0
всего 32

Где отзываются чаще

доля реакций к просмотрам
  • 1 авг.တစ်နေ့တာအတွင်း စာ နဲ့ အလုပ်ရယ် တခြားကိုယ်ကြိုက်တဲ့ အရာလေးတွေကို ဘယ်လို စီမံခန့်ခွဲပြီး လုပ်ဖြစ်နေလဲ ဆိုတာ မနက်ဖြန် content အသစ်လေး တင်ပေးမယ်နော် 💕 ရက် ၃၀ အတွင်း ကိုယ်ရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို အမြစ်ဖြတ် မယ့် Challenge 🪷 သိချင်တာလေးတွေ ရှိရင် လာမေးဖို့ @Call_me_thell #ThelinProgress #challenge #timemanagement3,90%
  • 30 июл.How i manifest my job 🔮 အမရဲ့ ပထမဆုံး အလုပ်လေးကို ဘယ်လိုရအောင် manifest ခဲ့လဲ ဆိုတဲ့ အကြောင်းပြောပြပေးမယ် ၊၊ အမ ဆို တစ်နှစ်ကျော်လောက်WFH အလုပ်တွေကို ဆက်တိုက်လျှောက် ခဲ့တာ ကို မှ တစ်ခုမှကို မရခဲ့တာ၊၊ တော်တော် လျှောက်ခဲ့တာ အနည်းဆုံး 20 ကျော် လောက်ရှိမယ် email ကနေဆိုလည်း လျှောက်တာပဲ ၊၊ လျှောက်တာ လျှောက်တာ ရလည်း မရဘူး ၊ ဘာမှ လည်း ပြန် အကြောင်းကြား စာ တစ်ခုမှကို မရခဲ့တာ၊၊ အဲ့တုန်းက ဆို အလုပ်က တအားရချင်လို့ subliminal နားထောင်ကြည့်တယ် အဲ့တာလည်း မရဘူး၊၊ နောက်ပိုင်း CV ကိုလည်း ရေးပေးတဲ့ အကိုဆီမှာ သွားရေး လျှောက်တာ အဲ့ထိလည်း အလုပ်မရသေးဘူး ၊၊ အလုပ်က ရချင်တာ ဘယ်လို manifest လုပ်ရမလဲ မသိဘူးဆိုပြီး စဥ်းစားတာ ၊၊ manifest တဲ့ နည်းလမ်း ပေါင်းစုံကိုလည်း စမ်းလုပ်ကြည့်တယ်၊၊ လိုက်ရှာတယ်၊၊ healing လုပ်တယ်၊၊ နောက်မှ ငါ အဓိဌာန်လေး ဝင်ကြည့်ပါအုံးမယ် ဆိုပြီး ကိုးနဝင်း အဓိဌာန် ဝင်လိုက်တာ အဲ့ဒီ အဓိဠာန် ဝင်ပြီး 3 ရက်လောက်နေတော့ လျှောက်ထားတဲ့ အလုပ်ကနေ First Interview လေးကို စရတာ ၊၊ အဓိဠာန် တစ်ခုတည်းနဲ့ မဟုတ်ဘဲ တခြားဟာလေးပါ လုပ်ကြည့်သေးတာ🔮 ညအိပ်ရာဝင်ခါနီး အိပ်ရာထဲ ရောက်ပြီ ဆိုရင် ငါ အလုပ် ရပြီ ၊ငါအလုပ် ရပြီ ဆိုတာ ကို 3 ခါ,6 ခါ,9 ခါ ဆိုပြီး ရွတ်ပြီးရင် Visualization လုပ်တယ် ၊၊ ကိုယ် အလုပ်လုပ်နေတဲ့ ပုံစံ၊ အလုပ်ရသွားတဲ့ feeling တွေကို ပုံဖော်ကြည့်တယ်၊၊ ရွတ်ပြီးသွားရင် ငါ အခုကောင်းကောင်း အနားယူလို့ရပြီ ၊၊ ဒီနေ့အတွက် အကောင်းဆုံး လုပ်ခဲ့ပြီ၊၊ ငါရဲ့ nervous system အကုန်လုံး အနားယူနိုင်ပါပြီ ၊၊ အဲ့တာကို ညအိပ်ရာဝင်တိုင်း လုပ်တာ ၊၊ အဓိကကတော့ manifest ပြီးတာနဲ့ အဲ့တာကြီးကို စိတ်ထဲ တအားစွဲ မထားနဲ့ စိတ်ထဲ စွဲထားရင် ကိုယ့်ရဲ့ nervous system က ကောင်းကောင်းအနားမယူနိုင်ဘူး ၊၊ ကောင်းကောင်းလည်း အနားယူရမယ်၊၊ manifest လုပ်တယ်၊၊ လုပ်စရာ ရှိတာ လုပ်တယ်၊၊ interview မှာ ဘယ်လို ဖြေရမလဲ အကောင်းဆုံး လေ့ကျင့်တယ် ၊၊ စိတ်ထဲ မှာ အလုပ်ရချင်တာကြီးကို အမြဲ တွေးမထားနဲ့ တွေးလွန်းရင် ရပါ့မလားဆိုတဲ့ စိတ်တွေ ဝင်လာပြီး အလုပ်သိပ်မဖြစ်ဘူး ၊၊ Right time ဆိုတာကည်း လိုသေးတာ ၊ ကိုယ်လိုချင်တဲ့ အရာတွေကိုယ့်ဆီ ရောက်လာဖို့ ကိုယ်ကိုယ်တိုင်ကလည်း အဆင်သင့်ဖြစ်ဖို့ လိုသေးတယ်၊၊ Manifest လုပ်တာကလည်း ကံ၊ဥာဏ်၊ ဝီရိယ သုံးပါလုံး အားစိုက်ဖို့က လိုသေးတာ၊၊ စိတ်ထဲကလည်း တစ်ကယ်ပြင်းပြမှ လိုချင်တယ် ရရင် ယူမှာ မရရင် မယူဘူးဆိုပြီး လည်း လုပ်လို့မရဘူး ၊၊ ဒါကတော့ အမ ဘယ်လို manifest ခဲ့လဲ ဆိုတဲ့ အတွေ့အကြုံလေးပါ ၊၊ လူတိုင်းကတော့ မတူနိုင်တာမို့ အမ လုပ်တာကလည်း အားလုံးနဲ့ ကိုက်ညီ ပြီး ကွက်တိ ဖြစ်လိမ့်မယ်လို့တော့ မပြောဘူးနော်၊၊ ညီမလေးတို့/မောင်လေးတို့ အဆင်ပြေတာလေးတွေကို စမ်းလုပ်ကြည့်လို့ရပါတယ်၊၊ ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းလည်း ကိုယ်လိုချင်တဲ့ အရာတွေ လွယ်ကူမြန်ဆန်စွာ ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💕 ကိုယ့်ရဲ့ ဘဝ ထဲက အလေ့အကျင့်၊အမူအကျင့် ဆိုးတွေကို Detox လုပ်မယ့် 30 Days Challenge အကြောင်းလေး 💕 https://t.me/Thelnprogress/806 သိချင်တာလေးတွေ ရှိရင် လာမေးဖို့ @Call_me_thell #howimanifestmyjob #challenge #ThelinProgress3,06%
  • 3 июл.🌸Fear of Judgement & Overthinking🌿 တစ်ခုခု ဆို အပြောခံရမှာ ကြောက်တဲ့ စိတ် ၊ family relation ဒါမှမဟုတ် အလုပ် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် ပြောဆိုတဲ့ အခါမှာ ကိုယ်ပြောတဲ့ စကားကို သူက ကြိူက်ပါ့မလား ၊ ငါ့ကို ဘယ်လိုမြင်သွားမလဲ ဆိုတဲ့ အတွေးမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ် ၊၊ အများကြီး မဟုတ်တောင် နည်းနည်းတော့ ဝင်တတ်ကြမယ် ထင်ပါတယ် ၊၊ ကျွန်မကတော့ judgement လုပ်ခံရမှာနဲ့ ပတ်သတ်ပြီး အများကြီး overthinking ဖြစ်တတ်တဲ့ သူမျိုးပါ ၊၊ ဒါကြောင့် တစ်ချို့ စကားလုံး တစ်ချို့ ကို ထိန်းပြီးပြောတတ်ပါတယ် ကိုယ့်ကြောင့် သူများ စိတ်မကောင်းရမှာ ၊ အမြင်လွှဲ သွားမှာ စိုးရိမ်တတ်သူပါ၊၊ ဒီနောက်ပိုင်း စကားပြောတဲ့ အခါမှာ ကိုယ့်ဘက်က အရမ်း overthink တွေ ဖြစ်ပြီး စိတ်အခြေအနေ မကောင်းတာမျိုးတွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီ လို ဖြစ်တတ်တဲ့ ကျွန်မကိုယ် ကျွန်မ ပြင်ဖို့ ကြိုးစားကြည့်နေပါတယ်၊၊ ကျွန်မကတော့ ဒီလိုမျိုးလေးတွေ ကိုယ့်ကိုယ်ကို အမြဲ သတိပေးဖြစ်တယ် 🍁တစ်ဖက်လူ ရဲ့ အတွေး အပြုအမူ အပြောအဆို တွေကို ကိုယ်က control မလုပ်နိုင်ဘူး၊၊ အဲ့ဒါက သူတို့ရဲ့ action ၊ ထိန်းချုပ်နိုင်တဲ့ အရာက ကိုယ်ကိုယ်တိုင်ပဲ ရှိတယ် ဒါကြောင့် ကိုယ် ဘယ်လို response လုပ်မလဲ ဆိုတာကို ပဲ ဂရုစိုက်၊၊ 🍁 ကိုယ်ထင်မြင်ယူဆချက် ကိုယ် စဥ်းစားလိုက်တဲ့ အရာတိုင်းက အမှန်တစ်ကယ် ဖြစ်လာတာ မဟုတ်ဘူး၊၊ အဲ့တာက အတွေးပဲ ဖြစ်နေသေးတာ လက်တွေ့ ဖြစ်မလာသေးတဲ့ အရာ ဒါကြောင့်စိုးရိမ်ပူပန်နေဖို့ မလိုဘူး ၊၊ 🍁ပစ္စုပ္ပန် ကိုပဲ အာရုံစိုက် အခုလောလောဆယ် ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို သတိကပ်ကြည့် ၊ အတွေးနဲ့ အာရုံကို လက်ရှိ ပစ္စုပ္ပန် ကို ပြန်ခေါ် 🍁 အရမ်းအတွေးလွန်လာရင် ကိုယ်ဘေးနားမှာ ရှိတဲ့ ပစ္စည်း နာမည်တွေ ပြောပြီး ထိတွေ ကိုင်တွယ် တာမျိုး လုပ်ကြည့် ၊၊ ညဘက် တစ်ခါတစ်လေမှာတော့ အရမ်းအတွေး များလာရင် ဘုရားစာတွေ ကောက်ဆို လိုက်တယ်၊၊ English number, korean number တွေကို ကောက်ဆို ပစ်တာမျိုးလည်း လုပ်လိုက်တယ် ၊၊ ဒီလို နည်းလမ်းတွေ သုံးပြီး အတွေးလွန်တာကို လျော့ချကြည့် ၊၊ချက်ချင်းကြီး မဟုတ်ပေမယ့် အနည်းအကျင်းတော့ စိတ်ကလေး တည်ငြိမ်လာပါလိမ့်မယ် 🌿🌸 #ThelinProgress #Overthinking #fearofjudgement2,87%
  • 8 авг.မင်္ဂလာပါ ရှင့် မတွေ့တာကြာပြီနော် 💕 ဒီဘက်ပိုင်းမှ အလုပ်များနေလို့ စာရေးတဲ့ ဘက်ကို မလှည့်နိုင်တာကြာပြီ၊၊ စာမရေးဖြစ်ပေမယ့် ကျန်တာလေးတွေက တော့ ပုံမှန်အတိုင်းလည်ပတ်နေတာပါပဲ၊၊ ဘာလိုလိုနဲ့ 2026 တောင် 7 လတောင် ကုန်သွားပြီးနော်၊၊ ဒီကြားထဲရော ဘာတွေ လုပ်ဖြစ်နေကြလဲ…2,63%
  • 9 окт. 2025 г.без подписи1,55%
  • 19 апр.без подписи1,35%
  • 7 июл.Hello !! 💥 မင်္ဂလာပါ ရှင့် ဒီနေ့ ကတော့ competition ကို ကြိုက်တဲ့ ညီမလေး/မောင်လေး တွေ အတွက် ကိုယ့်ရဲ့ အရည်အချင်း တွေ ကို ဖော်ပြချင်တဲ့ သူတွေအတွက် Contest လေး တစ်ခုမှာ Thel in Progress အနေနဲ့ cosponsors အနေနဲ့ ပါဝင်ပြီး ကူညီပေးထားတာလေးရှိပါတယ်ရှင့်၊၊ Prize တွေရောပါ စီစဥ်ပေးထားတာမို့ အားလုံး စိတ်ဝင်စားကြမယ် ထင်ပါတယ် 🌿 အသေးစိတ်အချက် အလက် လေးတွေ သိချင်ရင်တော့ အောက်က channel တွေမှာ ဖတ်နိုင်ပါတယ်ရှင့်၊၊ ဒီ page မှာလည်း အသေးစိတ်လေးကို တင်ပေးတဲ့ အခါ reminde လေး လုပ်ပေးပါမယ်ရှင့် 🌱 Here Our Partnership Channel ‼️ Empower Together Youth 🌱 https://t.me/EmpowerTogetherYouth 𝐂𝐨𝐋.𝐀 (𝐂𝐨𝐫𝐞 𝐨𝐟 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐚) https://t.me/CoreOfLearningAcademia Thel In Progress https://t.me/Thelnprogress Kate's Canvas https://t.me/kates_canvas1,27%
  • 9 июл.Thel in Progress က cosponsor အဖြစ်ပါဝင်ပေးထားတဲ့ Graphics Designer မောင်လေးတို့/ ညီမလေးတွေအတွက် Skills တွေ ဖော်ထုတ် ပြနိုင်မယ့် ပြိုင်ပွဲလေးပါရှင့်၊၊ ဒီလိုပြိုင်ပွဲလေးတွေ ဝင်ပြိုင်ထားပြီး Portfolio ထဲထည့်ရေးတဲ့ အခါ မျက်နှာပန်း လှတာပေါ့ နော် ပြိုင်ပွဲအသေးစိတ် ဖတ်ရန် 🎖️ https://t.me/CoreOfLearningAcademia/1421 https://t.me/CoreOfLearningAcademia/1426?single #Thelinprogress #MediaPartnership #cosponsor1,21%
  • 18 авг. 2025 г.без подписи1,16%
  • 9 маяA simple way to make your days effective Webinars ✨💻 မနေ့က Challenge Join ပေးခဲ့တဲ့ သူလေးတွေ ကျေးဇူးပါရှင့် 🫶💜 နောက် webinars လေးတွေကြရင်တော့ ကြိုပြီး announce လုပ်ပေးပါမယ်ရှင့် 🫶 #Diasy&Diary #webinar #ASimpleWaytoMakeyourdayseffective1,12%
  • 29 июл.Free Challenge လေး လုပ်ခဲ့တုန်းက review လေးပါ ၊၊ https://t.me/heartandflower_girl/27?single @Call_me_thell ကို အသေးစိတ်လာစုံစမ်းလို့ရတယ်နော်1,10%
  • 4 авг.တစ်နေ့တာကို ဘယ်လို အကျိုးရှိအောင် အချိန် စီမံခန့်ခွဲရမလဲ ? လူတစ်ယောက်က တစ်နေ့တာအတွက်24 နာရီ တူညီတဲ့ အချိန်ရပါတယ်၊၊ အဲ့တာကို ကိုယ့်ကြမှ အချိန်က မလောက် ဖြစ်နေတာမျိုး အလုပ်က မပြီး ဖြစ်နေတာမျိုး ကြုံဖူးကြတယ်မလား ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်နေ့တာ အတွက် to do list မရေးခြင်းနဲ့ High Priority list မထားတာတွေကြောင့် အလုပ်က မပြီးသလိုဖြစ်တာပါ၊၊ To do list ရေးထားရင် ကိုယ့်ရဲ့ စိတ်က ငါဒါတွေ လုပ်ရမယ် ဒါကျန်သေးတယ် ဆိုပြီး စိတ်ထဲက Alert ဖြစ်နေပြီး လုပ်ဖြစ်တာပါ၊၊ ဘာမှ မရေးထားရင် ယောင်ဝါးဝါး နဲ့ ဟို ဟာ လုပ်မှာ လိုလို ဒီဟာ လုပ်မှာ လိုလို နဲ့ ဖြစ်သွားကြတာများပါတယ်၊၊ ဒါကြောင့် တစ်နေ့တာ အတွက် ဘာတွေ လုပ်မလဲ ဆိုတာကို to do list ရေးထားသင့်ပါတယ် ၊၊ မနက် အိပ်ရာနိုးမှ ရေးရေး ၊ ညကတည်းက ရေးရေး ရပါတယ်၊၊ အများအားဖြင့် အမ အပါအဝင် ညအိပ်ရာ မဝင်ခင် to do list ရေးတယ် တစ်ခါတစ်လေ မေ့သွားတဲ့ အခါမှာ ကြ မရေးဖြစ်တော့ ဘူးပေါ့နော်၊၊ အဲ့ဒီနေရာမှာ အဆက်ပျက် သွားတာပဲ အဓိကက ညမရေး ဖြစ်ရင် မနက်မှ ရေးလို့ရတယ် အဲ့တာကို ကိုယ့်ကိုယ်ကို အချိန်နဲ့ ကန့်သတ်ပြီး မနက်မှ ရေးမယ် ညမှ ရေးမယ် ဘာဖြစ်မှ ညာဖြစ်မှ ဆိုပြီး အကြောင်းပြချက်တွေ ပေးကြတယ်၊၊ ပြောရမယ် ဆိုရင် ညအိပ်ရာမဝင်ခင် နဲ့ မနက်ခင်း to do list ရေးတဲ့ အကျင့်က ကောင်းတယ် ဒါပေမယ့် မေ့သွားတဲ့ အခါမှာလည်း ဘယ်ချိန်ဖြစ်ဖြစ် အကြောင်းပြချက်် မပေးဘဲ လုပ်ရမယ့် to do list ကို ချရေးထားတာ ပိုကောင်းတယ် (outfit ရွေးတဲ့ လေသံနဲ့ ဖတ်ရန် 😜) High Priority List လည်း ထားဖို့ လို့တယ် ၊၊ ကိုယ့်အတွက် အရေးကြီးတဲ့ အလုပ်တွေကို အစဥ်လိုက် လုပ်တာမျိူးပေါ့ / တစ်နေ့တာမှာ အရေးကြီးဆုံး အလုပ်ကို ဦးစားပေးလုပ် ဥပမာ Deadline နီးတဲ့ အလုပ်မျိုး ဒီနေ့မှာ တစ်ခါတည်း ပြီးအောင် လုပ်ရမယ့် အလုပ်မျိုး ဆိုပြီးခွဲထားတာကောင်းတယ်၊၊ အရေးကြီး ဆုံးက ထိပ်ဆုံးမှာ ထား အရင်လုပ် ၊၊ အရေးကြီးတဲ့ level အစဥ်လိုက်လေးပေါ့၊၊ အဲ့လိုမျိုးထားတာက ဘယ်ဟာကို လုပ်သင့်တယ် ပိုအာရုံ စိုက်သင့်လဲ ဆိုတာ ပိုပေါ်လွင်တာ၊၊ စိတ်ထဲမှာ လည်း သိနေပေမယ့် စာအုပ်ထဲ ချရေးလိုက်တဲ့ အခါမှာ လုပ်ဖို့ ပိုသေချာ သွားတယ်ဆိုတဲ့ ခံစားချက်မျိုးရတယ်၊၊ အဓိက အချက်က ✅To do list ရေး ✅High Priority List ✅ အရေးကြီးတဲ့အလုပ်ကိုအရင်လုပ် ဒီသုံးချက် လုပ်ထားရင် အချိန်တွေ ပိုထွက်လာလိမ့်မယ်သေချာပေါက်၊၊ တစ်နေ့တာ အလုပ်အကုန် ပြီးမှ ကိုယ်ဝါသနာ ပါတာလေးတွေကို လုပ်ဖို့လည်း အချိိန်ပိုရလာလိမ့်မယ်၊၊ လူတွေက Productive ဖြစ်တယ် Management လုပ်နိုင်တယ်ဆိုတာ ကို နေ့တိုင်း လုပ်နိုင်မယ် ထင်ကြတာ တစ်ကယ်တော့ လေ နေ့တိုင်း မတတ်ကြွ နိုင်ဘူး သိလား / ကိုယ့် မမြင်နိုင်တဲ့ task တွေ လည်း တစ်ခါတစ်လေမှာ ကြိုရောက်လာတတ်တယ်၊၊ အမြဲတမ်းကြီး တစ်သမတ် တည်း မသွားနိုင်ဘူး၊၊ နေ့တိုင်း productive ဖြစ်ဖို့ မလုပ်ဘူး ၊၊ ဒါပေမယ့် တစ်နေ့တာမယ် ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့ရင်ရပြီ 📒 တင်ပေးမယ် ဆိုပြီး အခုမှ တင်ဖြစ်သွားတယ်၊၊ ဖတ်ပေးတဲ့ သူတိုင်းကို ကျေးဇူးပါရှင့် 💕 ကိုယ့်ရဲ့ တစ်နေ့တာကိုလည်း ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🫶 30 Days Life Detox Challenge Joinရန် သိချင်တာလေးတွေ ရှိရင် လာမေးဖို့ @Call_me_thell #ThelinProgress #timemanagement #life #challenge1,00%