AA Info Desk
описание
https://www.arakanarmy.net https://vk.com/arakanarmyinfodesk
45 848
подписчиков
Охват к подписчикам
13,2%
ERR
Реакции к просмотрам
0,45%
1 449 на 50 постов
Пересылки к просмотрам
0,35%
1 105
Постов в день
6,4
всего 66
Где отзываются чаще
доля реакций к просмотрам- 13 авг.တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် အာရက္ခဒေသနှင့်ထိစပ်လျက်ရှိသော တိုင်း (၃) တိုင်း၊ ပြည်နယ် (၁) ခုတို့နှင့် နယ်မြေထိစပ်နေသည့် နေရာများမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ ထိုးဖောက်ဝင်ရောက်ရန် အားထုတ်လျက်ရှိသော နေရာများထဲမှ တစ်ခုဖြစ်သည့် ရက္ခိုင်-ဧရာဝတီ အစပ်နေရာများ၌ တိုက်ပွဲများမှာ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးဝန်းကျင်ရှိ အာရက္ခတပ်တော်စစ်ကြောင်းများရှိရာ နေရာများသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ယင်းနေ့တစ်ရက်တည်းတွင် နေရာ (၅) နေရာ၌ တိုက်ပွဲများ မှာ တစ်နေ့လုံးနီးပါး တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။ ဩဂုတ်လ (၁၂) ရက်နေ့တွင် သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နှင့် အာရက္ခတပ်တော်တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် နံနက် (၆း၅၃) မှ (၉း၅၃) အချိန်အထိ (၃) နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်းတို့ ၏အားသာချက်ဖြစ်သောလေကြောင်း၊ ဒရုန်း နှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အာရက္ခတပ်တော် စစ်သည်တော်များမှ ခုခံစစ်၊ တန်ပြန်ထိုးစစ်တို့ဖြင့် အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် တပ်လန်ကာ ထွက်ပြေး ဆုတ်ခွာသွားခဲ့သည်။ မိမိတို့ဘက်မှ လိုက်လံရှင်းလင်းခဲ့ရာ ရန့်သူ့အလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁) ၊ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော်၊ စစ်ကြောင်းအချို့သည် ပွိုင့် (၁၀၁) ကုန်း၏ တောင်ဘက် မီတာ (၃၇၃) ခန့်တွင် နံနက် (၇) နာရီမှ နေ့လယ် (၂) နာရီ (၃၉) မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နည်းတူ ပွိုင့် (၁၀၁) ကုန်း၏ အနောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာတွင်လည်း နံနက် (၉) နာရီ (၂၄) မိနစ်မှ နေ့လယ် (၁) နာရီ (၄၀) မိနစ် အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ ယခုတိုက်ပွဲဖြစ်ပွားရာ မလှမ်းမကမ်းနေရာ (၂) ခု၌လည်း ရန်သူမှ မိမိတို့ရှိရာနေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဂျက်၊ Y12 ၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းများဖြန့်ခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယခုတိုက်ပွဲများတွင်လည်း မိမိတို့ဘက်မှ အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ရန်သူ၏ ထိုးစစ်တိုင်းကို တည်ငြိမ်စွာဖြင့် ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားသည်အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ (ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်9,46%
- 14 авг.၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု စာရင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် #AAInfoDesk5,57%
- 14 авг.အာရက္ခပြည်၊ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာနှင့် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ညအချိန် ဗုံးကြဲ၊ အပြစ်မဲ့ပြည်သူ (၈) ဦး သီဆုံး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့များ၌ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ယမန်နေ့ ညသန်းခေါင်၌လည်း ထပ်မံအကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးသည် ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် (၁) ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊ (၂) ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်) (၃) ဦးထွန်းလင်း (၄၆ နှစ်) (၄) မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ (၅) မောင်မင်းဝေခန့် (၃၅ နှစ်)၊ (၆) မဝင်းအိကျော် (၂၆ နှစ်)၊ (၇) မောင်ဉာဏ်လင်းသန့် (၁၂ နှစ်) နှင့် (၈) မောင်နေလင်းသန့် (၇ နှစ်)၊ တို့မှာ နေအိမ်ပေါ်၌ပင် အစုလိုက် အပြုံလိုက် သေဆုံးသွားခဲ့ကြသည်။ ထို့အပြင် ပြည်သူတို့၏ နေအိမ် (၅) လုံးနှင့် သုံးဘီးဆိုင်ကယ် (၁) စီး မှာလည်းပျက်စီးသွားခဲ့သည်။ အခြားသော အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိ ထပ်မံ စုံစမ်းလျက်ရှိသည်။ ထို့အပြင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၀) နာရီ (၅၅) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ အာရက္ခတပ်တော်နှင့် မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် နေ့ညအချိန်မရွေး လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြောင့် အာရက္ခဒေသတစ်ခုလုံး လေကြောင်းရန်ကို "အချိန်ပြည့်" အထူး ဂရုစိုက်ကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။ (ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူများ) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်4,83%
- 13 авг.အာရက္ခပြည်၊ ဂွမြို့ ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ညအချိန် ဗုံးကြဲတိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက် အာရက္ခပြည်၊ ဂွမြို့ နယ်၊ ကိုင်းခုံကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ည (၉) နာရီ အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း ပြည်သူလူထုတို့၏ လူနေအိမ် (၇) လုံးမှာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီကျော် အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဉ် နှင့်ပတ်သက်၍ နောက်ဆုံးရရှိထားသော သတင်းများအရ အပြစ်မဲ့အရပ်သားပြည်သူများသေဆုံးမှုမှာ (၁၆) ဦးအထိ ရှိလာခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း (၁၈) ဦးအထိရှိလာခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော ချင်းပြည်နယ်၊ ဆမီးမြို့ ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ည (၁၁) နာရီ (၂၅) မိနစ်အချိန်မှ (၁၁) နာရီ (၄၀) မိနစ်အထိ (၁၅) မိနစ်ကြာ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆမီးမြို့ ရပ်ကွက် (၂) ရှိ အပြစ်မဲ့အရပ်သားပြည်သူ ဦးနိုင်တင်း၏ နေအိမ်ကို ဗုံးသီးထိမှန်ခဲ့ပြီး ဦးနိုင်တင်း၏ သမီးဖြစ်သူ မမထွီးမေ(မထွေးမေ) (၁၆ နှစ်)မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အပြင် ဦးနိုင်တင်း နှင့် ဇနီး ဒေါ်ပြောင်နွဲ့ အပါအဝင် အသက် (၁၂) ခန့်အရွယ်ရှိကြသော ၎င်းတို့၏ သားသုံးယောက်ဖြစ်ကြသည့် မောင်ခိုင်လင်းအောင်၊ မောင်ထွန်းလင်းနိုင် နှင့် မောင်စိုးမိုးအောင် တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထို့အပြင် ဆမီးမြို့အဝင်ဝ အနီးဝန်းကျင်မှ နောက်ထပ် အပြစ်မဲ့ပြည်သူ (၄) ဦးတို့မှာလည်း ၎င်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဗုံးစများထိမှန်၍ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။ ဓာတ်ပုံ-ဩဂုတ်လ (၁၂) ရက်နေ့ ညတွင် ဆမီးမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသွားကြသည့် အပြစ်မဲ့ပြည်သူများ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်4,62%
- 14 авг.без подписи2,15%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%
- 14 авг.без подписи0,00%