tgindex

All Burma Federation Of Student Unions

описание

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။

1 204
подписчиков
Охват к подписчикам
24,3%
ERR
Реакции к просмотрам
0,16%
29 на 33 постов
Пересылки к просмотрам
0,05%
9
Постов в день
1,3
всего 33

Где отзываются чаще

доля реакций к просмотрам
  • 29 июл.အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီနှင့် အိန္ဒိယနိုင်ငံ အစိုးရသို့ အိတ်ဖွင့်ပေးစာ ______________________________ ဒီမိုကရေစီအခွင့်အရေးများကို ကျင့်သုံးနေသော ကျောင်းသားလူငယ်များအပေါ် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ချက်ချင်းရပ် မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဗမာပြည် ကျောင်းသားလှုပ်ရှားမှုတွေအနေနဲ့ ပညာရေး၊ ဂုဏ်သိက္ခာနဲ့ အနာဂါတ်တွေကို ကာကွယ်ဖို့အတွက် လမ်းပေါ်ထွက်လာတဲ့ အိန္ဒိယကျောင်းသားလူငယ်တွေနဲ့ တသားတည်း ရပ်တည်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေအပေါ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနဲ့ တရားလက်လွန် အင်အားသုံးနှိမ်နင်းမှုတွေ ပြုလုပ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ပူမိပါတယ်။ နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေဟာ မျိုးဆက်သစ်တွေရဲ့မကျေနပ်မှုတွေကို ဖြေရှင်းနည်းအစစ်မဟုတ်ဘူး။ ကျောင်းသားတွေဟာ နိုင်ငံတော်ရဲ့ ရန်သူမဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ ပညာရေးနဲ့ အနာဂါတ်တွေအတွက် တာဝန်ရှိတဲ့အင်စတီကျူးရှင်းဆီကနေ တာဝန်ခံမှုတောင်းဆိုနေတဲ့ ပြည်သူတွေဖြစ်တယ်။ ဒါဟာ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေးတခုပဲဖြစ်တယ်။ ပြည်သူလူထုက ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက်နေမှုကို ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်နေသလိုမျိုး ကိုင်တွယ်တာဟာ အစိုးရတရပ်အနေနဲ့ ဒီမိုကရေစီကို ကျင့်သုံးတယ်လို့ မခေါ်ထိုက်ဘူး။ အာရှတိုက်တခွင်က ကျောင်းသားလှုပ်ရှားမှုတွေက ဒီလိုဖိနှိပ်မှုတွေကို ထပ်ခါတလဲလဲကြုံနေရတာဖြစ်တယ်။ ဒီလိုအပြုအမူတွေ ဆုံးခန်းတိုင်ဖို့လိုတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာ၊ နှောင့်ယှက်တာနဲ့ ခြိမ်းခြောက်တာတွေကို ကျနော်တို့အနေနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်တာဟာ လူထုကို ဒေါသပိုထွက်စေပြီး အစိုးရရဲ့ ဒီမိုကရေစီဆိုင်ရာ တရားဝင်မှုနဲ့ ယုံကြည်စိတ်ချရမှုကို ပိုပြီးကျဆင်းစေရုံသာ ရှိပါတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်သူတွေအပေါ် တရားလက်လွန် အင်အားသုံးနှိမ်နင်းမှုတွေ ရပ်ဆိုင်းပေးဖို့၊ ဒီမိုကရေစီအခွင့်အရေးတွေကို ငြိမ်းချမ်းစွာ ကျင့်သုံးရင်း အဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့၊ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲမှု စွပ်စွဲချက်များကို စစ်ဆေးပေးဖို့နဲ့သက်ဆိုင်သူများ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ပေးဖို့ ကျနော်တို့အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကိုလှုံ့ဆော်လိုတယ်။ ကျနော်တို့အနေနဲ့ အာရှတဝှမ်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေရဲ့ တိုက်ပွဲတွေဟာ နက်နက်ရှိုင်းရှိင်း ဆက်စပ်နေတယ်လို့ ယုံကြည်တယ်။ တယောက်က မတရားဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ ကျန်တဲ့သူတွေအနေနဲ့ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ တယောက်နဲ့တယောက် အပြန်အလှန် ကူညီပံ့ပိုးပြီး၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးမျိုးသော တရားမျှတမှုတွေကို ဖွင့်ချသွားမှာဖြစ်တယ်။ ကွာလာလမ်ပူကနေ ဘန်ကောက်အထိ၊ မနီလာကနေ ဂျာကာတာနဲ့ ရန်ကုန်အထိ၊ အိန္ဒိယက ကျောင်းသားတွေ၊ လူငယ်တွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ တော်လှန်ရေး အဓွန့်ရှည်ပါစေ။ မလေးရှား၊ထိုင်း၊ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ ဗမာပြည်မှ ကျောင်းသားလှုပ်ရှားမှုများ ပေးစာကို အောက်ပါ ကျောင်းသားလူငယ်လှုပ်ရှားမှုများမှ ပေးပို့ပါသည်။ Malaysia Liga Mahasiswa Malaysia Thailand Milk Tea Alliance Thailand FemSamyan Fenimism Thalufah Philippines GoodGovPH Indonesia Liga Mahasiswa Indonesia untuk Demokrasi (LMID) Burma All Burma Federation of Student Unions #ABFSU #India1,05%
  • 29 июл.без подписи0,67%
  • 14 янв. 2025 г.без подписи0,64%
  • 29 июл.без подписи0,51%
  • 29 июл.To stand up for your future, demand transparency, and peaceful assembly should never be met with batons, tear gas, and intimidation. Over the past weeks, we have watched an unprecedented wave of courage from India's students and youth. What began as a demand for accountability, systemic reform, and justice has increasingly been met with a heavy-handed state response. From Kuala Lumpur to Bangkok, Manila to Jakarta and Yangon, we stand with the students and youth of India. Long live the resistance!0,50%
  • 5 авг.တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ် သြဂုတ်လ ၅ ရက်၊ ၂၀၂၆ တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သတင်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီသင်တန် ကို တန့်ဆည်မြို့နယ်တနေရာမှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအချိန် ၁ လကြာခဲ့ပါတယ်။ ၁ လကြာတဲ့နောက်မှာတော့ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သင်တန်သားဦးရေ ၃၅ ဦးခန့်ကို သင်တန်းပေးနိုင်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲမှာ ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူ ၃၃ ဦး ရှိပါသည်။ အောင်မြင်သူတွေထဲကမှ အမှတ်အများဆုံး သုံးဦးကို ဆုချီးမြှင့်ခဲ့ပြီး ဆုရရှိသူတွေက သင်တန်းဆင်းပွဲ အမှတ်တရစကား ပြောခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU0,49%
  • 30 июл.ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း မအမရာမောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၆ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း မအမရာမောင် (ခ) စွန်ရဲမေ သည် (၂၈.၀၇.၂၀၂၆) အင်္ဂါနေ့ ည၁ ၁၀ နာရီဝန်းကျင်အချိန်မှာ ကျဆုံးခဲ့ကြောင်း သိရှိရသည့်အတွက် ဗကသများအဖွဲ့ချုပ်အနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။ ရဲဘော် အမရာမောင်သည် တောင်တွင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်မှာလည်း တိုက်ပွဲဝင်လှုပ်ရှားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် မားမားမတ်မတ် လျှောက်လှမ်းရင်း နိုင်ငံရေးအကျဉ်းသူအဖြစ်လည်း ဖြတ်သန်းခဲ့ရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆက်လက်ပါဝင်ခဲ့ပြီး ဖိနှိပ်ခံပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မအမရာမောင်၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် စွန့်လွှတ်ပေးဆပ်မှုများကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက်ထားဂုဏ်ပြု၍ ဤသဝဏ်လွှာကို ပေးပို့ရပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်0,35%
  • 30 июл.без подписи0,31%
  • 27 мар.без подписи0,15%
  • 9 февр.без подписи0,10%
  • 14 авг.без подписи0,00%
  • 14 авг.без подписи0,00%