tgindex
A
@aktpmtанглийский

Sharing construction project management knowledge, tools and techniques

Последний пост
13:57
Последнее чтение
ещё не заходили
Постов за неделю
3
Всего постов
39
Тип
открытый
Язык
английский
В каталоге с
13 авг.
Подписчики
2 846
+2 за 4 дн.
Сутки
+2
+0,07%
Неделя
 
Месяц
 
Просмотров на пост
447
37 постов
Вовлечённость
15,7%
к подписчикам
Постов в день
0,4
всего 39
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
253
1/48двое суток
289
1/72трое суток
312

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 13:5717511

    Computer ထဲမှာ ရှိတဲ့ Files တွေကို Browse လုပ်ရင်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုပ်ခဲ့တဲ့ Weekly Schedule Format လေး တစ်ခုကို တွေ့လို့ ဒီပုံလေး ပြန်ရှယ်လိုက်ပါတယ်။ ဒါက ဆိုက်တွေမှာ Weekly Schedule ကို အလွယ်ဆွဲချင်ရင် ဒီလိုမျိုး Format နဲ့ သုံးလို့ရတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ ကျနော်အခုပုံမှာ ပြထားတဲ့ ပုံစံက ကျနော် ထိုင်းမှာ Planning and Control Engineer အနေနဲ့ လုပ်ခဲ့တုန်းက သုံးခဲ့တဲ့ Format ပါ။ Ratchaburi မှာ ရှိတဲ့ Power Plant Project တည်ဆောက်ရေး စီမံကိန်းအတွက်ပါ။ အဲ့ဒီတုန်းက ကိုယ်က Civil Background ဖြစ်ပေမယ့် တာဝန်ကျတော့ Mechanical Section အောက်မှာ တာဝန်ကျပြီး၊ HVAC works အတွက် Schedule ကို Monitoring လုပ်ရတာ ဖြစ်ပါတယ်။ Client ဘက်က Schedule ကို သုံးပတ်စာ ပေးရမယ်လို့ ဆိုလို့ ကျနော်တို့က 3 Weeks Schedule ဆိုပြီး ခေါင်းစဉ်တပ်ပေမယ့်၊ တကယ်တမ်းတော့ Look Ahead သဘောတရားဆိုရင် One Week Look Ahead ပါပဲ။ ရှေ့တစ်ပတ်စာကိုပဲ Plan လုပ်ပြီး ပေးရတာ ဖြစ်ပါတယ်။ သူ့ Format ထဲမှာ လိုက်လုပ်သင့်တာတွေက (၁) Weeks တွေကို နံပါတ်စဉ် တပ်ပြီး count လုပ်ထားတာပါ။ တကယ်တမ်းတော့ စီမံကိန်းတွေမှာ ဒီဟာက လုပ်ရပါမယ်။ ဥပမာ Monthly Report ပေးရင်လဲ ဒီဟာက Month ဘယ်လောက်အတွက်ဆိုပြီး Cover Page မှာ ပြောရပါမယ်။ ဒီဟာက Reporting မှာ ပါသင့်ပါတယ်။ (၂) Plan နဲ့ Actual ကို ယှဉ်ပြီးတော့ ပြထားပါတယ်။ Scheduling Monitoring and Control အတွက်ဆိုရင် Plan ပဲ ပြောလို့ မရပါဘူး။ ဒီ Plan ကို Tracking လိုက်ဖို့ Actual နဲ့ပါ တွဲပြောဖို့ လိုပါတယ်။ ဒီတော့မှလဲ Variance ကို မြင်မှာဖြစ်ပြီး၊ နောက်ဆက်တွဲ actions ကိုပါ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ (၃) Target Completion Dates တွေ ပါသင့်ပါတယ်။ ယေဘူယျအားဖြင့် Weekly Schedule ဆွဲရင် ရှေ့အပတ် ဘာလုပ်မလဲဆိုတာပဲ ပါကြပြီး၊ ဒီအလုပ်တွေရဲ့ Target က ဘယ်နေ့လဲဆိုတာမျိုးကို မပါတတ်ကြပါဘူး။ တကယ်တမ်းတော့ Work Package Level တစ်ခုချင်းစီရဲ့ Milestones လိုမျိုး Target Dates ပါမှ Overall အရ ဒီဟာက အဆင်ပြေနေမလား ဆိုတာ တွက်လို့ရမှာပါ။ အဲ့ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ Format က Excel နဲ့ ဆိုပေမယ့် ဒီလိုမျိုး ကောင်းကွက်လေးတွေ ရှိနေလို့ ကျနော် ပြန်ရှယ်လိုက်ပါတယ်။ မူရင်း file link ကို Google drive မှာ တင်ပြီး ဖော်ပြပေးထားပါတယ်။ အသုံးလိုမယ့်လူ ကြည့်လို့ရပါတယ်။ https://docs.google.com/spreadsheets/d/1peJHIpPojLGe6PgACtCv73bBkqo71yR1/edit?usp=sharing&ouid=101948647106156745932&rtpof=true&sd=true ခင်မင်လေးစားစွာဖြင့် AKT #WeeklySchedule

  • без подписи

  • MS Project အသုံးပြုကြတဲ့အခါ ဖြစ်တတ်တဲ့ အယူအဆ အလွဲလေးတွေကို ပြောပြထားတာတွေ Page ထဲမှာရော၊ YouTube Channel မှာရော ရှိပါတယ်။ ဒီနေ့မှာလဲ Schedule စဆွဲတဲ့အခါ တော်တော်များများ တွေးတာ လွဲတတ်တဲ့ ကိစ္စလေး တစ်ခုကို ထပ်ရှင်းပြလိုက်ပါတယ်။ Total Duration ကို မြင်တဲ့ အမြင်လေးပါ။ https://youtu.be/gskt20IWKG8 ခင်မင်လေးစားစွာဖြင့် AKT

  • ✅ PSMP Online Course Information – ZOOM Online Class ✅ သင်တန်းစမည့်ရက် - (21-Aug-2026) Friday သင်တန်းအချိန် - 7:30 pm to 9:00 pm (မြန်မာစံတော်ချိန်) Every Friday ၊ အကယ်၍ အလုပ်ရှိလို့ နောက်ကျမယ် ဆိုရင်လဲ အတန်းချိန်ကို မှီသလောက် တက်ပြီး၊ လွတ်သွားသည့်အချိန်ကို Telegram မှာ ပြန်ကြည့်လို့ရအောင် စီစဉ်ထားပေးပါတယ်။ သင်တန်းကြာချိန် - About 7 Weeks (MS Project နဲ့ ပတ်သက်ပြီး သိသင့်သမျှကို Cover ဖြစ်အောင် သင်ပေးပါတယ်) သင်တန်းကြေး - 90,000 Ks for Local Participants & SGD 40 or 120,000 Ks for Overseas Participants ဖြစ်ပါတယ် - (Singapore က အပ်နှံသူတွေ DBS/POSB account ကို လွှဲပေးလို့ရပါတယ်) သင်ကြားရေး နည်းစနစ် - ZOOM ကို အသုံးပြု၍ သင်ကြားမှာ ဖြစ်ပြီး .. သင်တန်းအပ်ရန် ပေးထားသော နာမည်နဲ့ ZOOM ကို Join ပေးရမှာ ဖြစ်ပါတယ်။ Recorded Video ကိုတော့ Telegram group တွင်သာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းအပ်ရန် - Page Messenger or Viber 09763208895 ကနေ တက်မည့်သူရဲ့နာမည်နဲ့ Email address ကို ပေးပေးရမှာ ဖြစ်ပါတယ်။ PSMP အတန်းနဲ့ ပတ်သက်ပြီး အာမခံလို့ ရတာတော့ ဒီအတန်းပြီးသွားတဲ့နောက်မှာ MS Project နဲ့ ပတ်သက်ပြီး သင်တန်းသူ၊ သင်တန်းသားများ ရဲရဲဝင့်ဝင့်သုံးနိုင်သွားစေရပါမယ်။ Interview ဖြေတဲ့အခါပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာ အသုံးပြုတာပဲ ဖြစ်ဖြစ် ကိုယ်က ဦးဆောင်ပြီး လုပ်တတ်သွားပါလိမ့်မယ်။ ဒါက ဒီသင်တန်းက ပေးနိုင်တဲ့ ကောင်းကျိုးတွေ ဖြစ်ပါတယ် ဆိုတဲ့အကြောင်းပါ။ အကယ်၍ ကျနော် ရှင်းပြထားတဲ့ MS Project Lessons တွေ အကြောင်း အကြမ်းဖျဉ်း သိချင်တယ်ဆိုရင်ဖြင့် AKT YouTube Channel မှာကြည့်ရှူပြီး လွတ်လပ်စွာ လေ့လာလို့ရပါတယ်။ ခင်မင်လေးစားစွာဖြင့် AKT #MSProject #Scheduling

  • ✳️Planning and Scheduling with Microsoft Project (PSMP Course) ZOOM Online Class – 21-Aug-2026 ✳️ Microsoft Project ဆိုတဲ့ Project Scheduling Software ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ Basics to Advanced တက်ရောက်ချင်သူများအတွက် PSMP အတန်းလေး ဒီလ 21-Aug-2026 မှာ ပြန်ဖွင့်ပါမယ်။ အတန်းတက်ဖို့ စောင့်ဆိုင်းနေသူများ စတင်ပြီး အတန်းအပ်လို့ရပြီ ဖြစ်တဲ့အကြောင်းလဲ တခါထဲ ပြောကြားလိုက်ပါတယ်။ ကျနော့်ရဲ့ MS Project ZOOM Online Class အတန်းကို Planning and Scheduling with Microsoft Project (PSMP) လို့ နာမည်ပေးထားပြီး၊ ဒီ အတန်းမှာ MS Project နဲ့ ပတ်သက်ရင် လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် သင်ကြားပေးပါတယ်။ အခု ဖွင့်မယ့် အတန်းဆို Batch 30 အထိတောင် ရောက်ရှိနေပြီမို့ အားလုံးအတွက် အသုံးဝင်တယ်၊ မဝင်ဘူးဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ ပြီးတော့ PSMP အတန်းက Planning Engineer လုပ်ချင်သူတွေသာမက၊ Site Engineers, Coordinator, QS စတဲ့ နယ်ပယ်မျိုးစုံက တက်ရောက်လို့ ရပါတယ်။ ဒါ့အပြင် Civil Engineers တွေတင်မက M&E Engineers, Oil & Gas, Maintenance Engineer, Developers အစရှိသူတွေပါ တက်ရောက်လို့ ရတဲ့ အတန်းဖြစ်ပါတယ်။ ဒီအတန်းမှာ MS Project Software အသုံးပြုပုံကို ပြောပြပေးရုံတင် မဟုတ်ဘဲ၊ နောက်ခံ အနေနဲ့ သိထားရမယ့် Scheduling Theories တွေ၊ လက်တွေ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ စဉ်းစားရမယ့် အချက်တွေကို ပြောပြပေးပါတယ်။ ဥပမာ အနေနဲ့ Project Management Processes တွေက ဘာတွေ ရှိတယ်၊ ဘယ်အဆင့်မှာ ဘာတွေ လုပ်ရမယ် အစရှိတာတွေကိုပါ ရှင်းပြပေးတဲ့ အတန်းဖြစ်ပါတယ်။ အရင်တက်ထားဖူးသူတွေ၊ လက်ရှိတက်နေသူတွေကို သင်တန်းနဲ့ ပတ်သက်ပြီး ကြိုက်သလို မေးမြန်းစုံစမ်းလို့ရပါတယ်။ သင်တန်းကို ZOOM Application သုံးပြီး Live သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် သင်တန်းသူ၊ သင်တန်းသားတွေက ကျနော်နဲ့ အတူ Project Master Schedule တစ်ခုကို အစအဆုံး လိုက်လံဆွဲကြည့်ရမှာပါ။ ဒါကြောင့် သင်တန်းပြီးသွားတဲ့အခါမှာ Construction Projects တွေမှာ ရေးဆွဲရတဲ့ Master Schedule, Construction Schedule, Weekly Schedule အစရှိတာတွေကို စနစ်တကျ ဆွဲတတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆင့်ချင်း သင်ကြားပေးမှာ ဖြစ်လို့ အခြေခံ မရှိလဲ တတ်လို့ ရပါတယ်။ သင်ကြားတဲ့ အပတ်တိုင်းမှာ ကိုယ်သိချင်တာတွေကို အမေးအဖြေ ပြုလုပ်လို့လည်း ရပါတယ်။ အကယ်၍ သင်တန်းချိန်မှာ Live မတက်နိုင်ရင်လည်း Recorded Video ကို Telegram Group မှာ ပြန်တင်ထားပေးပါတယ်။ အဲ့ဒီအတွက် အဆင်ပြေတဲ့အချိန်မှာ ပြန်ကြည့်ပြီး လိုက်လုပ်မယ်ဆိုရင် သင်တန်းတက်တာနဲ့မခြား ကိုယ်က သိမြင်တတ်မြောက်လာမှာ ဖြစ်ပါတယ်။ အဘက်ဘက်က အဆင်ပြေအောင် စီစဉ်ထားပေးပါတယ်။ Telegram Group ဆိုလဲ Life Time Access ဖြစ်ပါတယ်။ Course Outline အနေနဲ့ ဘာတွေပါမှာလဲဆိုပြီး သိချင်သူများ ရှိရင်တော့ အောက်မှာ ခေါင်းစဉ်တစ်ခုချင်းစီ ဖတ်ကြည့်လို့ရပါတယ်။ ဒါတွေက အကြမ်းဖျဉ်း Main ခေါင်းစဉ်တွေ ဖြစ်ပြီး၊ သင်တန်းမှာတော့ Class Participation ပေါ်မူတည်ပြီး ဒီထက်မက သင်ကြားပေးတာ ဖြစ်ပါတယ်။ 📗 Project Management and Scheduling Basics 📗 Creating Project, Tasks (Critical, Non-critical), WBS 📗 Manually Scheduled Vs Auto Scheduled 📗Task Information, Project Information, Project Calendar 📗 Creating Resources and Assigning 📗 Task Usage, Resource Usage, Resource Distribution and Graphical Presentation 📗 Formatting, Table, Outline, Layout 📗 Creating Report, Using Dashboards 📗 Updating, Entering Actual Data, Progress Lines 📗 Preparing S-Curve for Progress Monitoring 📗 Filtering, Grouping, Highlighting 📗 Schedule Analysis (Delay consideration) 📗 Preparing EOT Programme, Variance Comparison သင်တန်းစည်းကမ်း အနေနဲ့ကတော့ Recorded Videos တွေကို တိုက်ရိုက်မပို့ပေးသလို၊ ပြန့်ပွားအောင် လုပ်တာမျိုးကို ခွင့်မပြုပါဘူး။ သင်တန်းဆင်း Certificate ကိုတော့ MS Project နဲ့ Assignment တင်ထားသူများကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရန်အတွက် MS Project 2013 နဲ့ အထက် မိမိ Computer ထဲမှာ ရှိဖို့လိုပြီး၊ မရှိဘူးဆိုရင် သင်တန်းကနေ MS Project 2013/2016 link ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီတဲ့ MS Project version ကို ရှာပြီး ထည့်သွင်း Install လုပ်ထားတာ ကောင်းပါတယ်။ အခုနောက်ပိုင်း စက်တွေမှာ ကိုယ့်ရဲ့ MS Office က 2019 နဲ့ အထက် ဖြစ်နေရင်၊ MS Project 2013 or 2016 သွင်းလို့ မရတော့ပါဘူး။ အဲ့ဒါဆိုရင်တော့ မြန်မာပြည်ကဆိုရင် Computer ဆိုင်တွေမှာ ဖြစ်ဖြစ်၊ စလုံးကဆိုရင် Shopee ကနေ ဖြစ်ဖြစ် MS Project Software ကြိုသွင်းထားတာ ကောင်းပါတယ်။ MS Project ကို Mac Book မှာ တိုက်ရိုက်တင်လို့ မရပါဘူး။

  • без подписи

  • ကောင်းပြီ .. ကျနော် Construction Project တစ်ခုမှာ ကြုံတွေ့ရနိုင်တဲ့ Stakeholders ၁၂ မျိုးကို ဖော်ပြသွားခဲ့ပါတယ်။ တခြားလည်း ရှိနိုင်ပါသေးတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင်တော့မယ်၊ Management လုပ်တော့မယ်ဆိုရင် Stakeholders တွေရဲ့ သဘောသဘာဝနဲ့ Functions တွေကို နားလည်အောင် လေ့လာထားကြပါ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကြောင်းကို သိမှ Management ပြုလုပ်ဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့အခါ Stakeholders တွေနဲ့ Conflicts ဖြစ်လာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ နောက်ထပ် တစ်ပို့စ်မှာ ထပ်ပြောပေးပါဦးမယ်။ ခင်မင်လေးစားစွာဖြင့် AKT #ProjectStakeholders #ConstructionManagement

  • (၆) Main Contractor ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ Main Contractor ဆိုတာ စီမံကိန်းရဲ့ Scope of Works ကို တည်ဆောက်ပေးရသူကို ဆိုလိုပါတယ်။ အနောက်နိုင်ငံတွေမှာ General Contractor တို့၊ Prime Contractor တို့ အစရှိသဖြင့် ခေါ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Main Con လို့ပဲ အပြောများပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ Main Con ဖြစ်တဲ့သူဟာ Permanent Works ရော၊ Temporary Works ရော လုပ်ပေးရပါတယ်။ အဲ့ဒါလေးကို သေချာ မှတ်ထားဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ တစ်ခါတစ်ရံမှာ Owner ဘက်ကနေ Temporary Works လုပ်ပေးရမယ် ဆိုပြီး ပြောတာလေးတွေ တွေ့နေရပါတယ်။ ဥပမာ အနေနဲ့ Temporary Power ကို ပိုင်ရှင်က ပေးရမယ်တို့ ဘာတို့ပါ။ International Practices မှာ Main Con က အကုန် တာဝန်ယူရမှာပါ။ (၇) Sub-Contractor Main Con ကနေ တစ်ဆင့်ပြန် လုပ်ငန်းပေးပြီး ခိုင်းတဲ့သူကိုတော့ Sub-Contractor လို့ ခေါ်ပါတယ်။ တကယ်တမ်းတော့ Developer ကနေ Main Con ကို အလုပ်အပ်တဲ့ အခါမှာ Main Con ရဲ့ Performance ကို ယုံကြည်လို့ အလုပ်အပ်တာ များပါတယ်။ အဲ့ဒါကြောင့် Main Con က သူကိုယ်တိုင် မလုပ်ဘဲ Sub-Con ပြန်ပေးတယ်ဆိုတာမျိုးကို တစ်ချို့ Developer တွေက မကြိုက်ကြပါဘူး။ အဲ့ဒါကြောင့် နောက်ပိုင်း International Tendering Practices မှာ တင်ဒါတင်ကတည်းက Sub-con သုံးမှာလား၊ မသုံးဘူးလား။ သုံးမှာဆိုရင်လည်း ဘယ်သူကိုတော့ သုံးမယ်ဆိုတာ ကြိုတင်ပြီး Declare လုပ်ထားရတာမျိုး ရှိပါတယ်။ သတိထားဖို့ လိုအပ်ပါတယ်။ (၈) Nominated Sub-Contractor Nominated Sub-Contractor - အတိုကောက် NSC ကတော့ Developer (သို့) Consultant က Sub-Con အနေနဲ့ ရွေးထားတာမျိုးကို ဆိုလိုပါတယ်။ Main Con က ဒီ Sub-Con ကိုတော့ ခေါ်သုံးပေးရမယ်ဆိုပြီး တောင်းဆိုထားတာမျိုးပါ။ အဲ့ဒီမှာလည်း ကဏ္ဍ နှစ်မျိုး ရှိပါတယ်။ တစ်ချို့ NSC တွေက Developer နဲ့ တိုက်ရိုက် စာချုပ်ချုပ်ထားတာ ဖြစ်ပြီး၊ တစ်ချို့ကျတော့လည်း Main Con အောက်ကနေ ပြန်သွားတာမျိုး ဖြစ်ပါတယ်။ NSC ပါလာပြီ ဆိုရင် သူက ဘယ်လိုပုံစံမျိုးနဲ့ စီမံကိန်းထဲမှာ လုပ်မှာလဲ၊ သူ့ရဲ့ Scope of Works က ဘာလဲဆိုတာ သေချာ ရှင်းနေဖို့ လိုပါတယ်။ (၉) Suppliers Construction Project ရဲ့ ယေဘူယျ သဘောက တည်ဆောက်ရေး လုပ်ငန်းတွေမှာ Materials နဲ့ Labor ကို အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Materials ကို Supply ပေးမယ့်လူ လိုသလို၊ Labor ကို Supply ပေးမယ့်သူလည်း လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Suppliers လို့ ခေါ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့်မှာ Reliable ဖြစ်တဲ့ Suppliers တွေ ရှိထားဖို့ လိုပါတယ်။ အခု ပစ္စည်းရမယ်ပြော၊ ပြီးရင် မရတော့ဘူးလို့ ပြောရင် လုပ်ငန်းလုပ်ရတဲ့ ကန်ထရိုက်တာမှာ ပြသနာ တက်မှာ ဖြစ်ပါတယ်။ (၁၀) Authority စီမံကိန်းတစ်ခုမှာ Authority ကလည်း အရေးပါတဲ့ Stakeholders ထဲမှာ ပါဝင်ပါတယ်။ Authority ဆိုတာ Regulatory Body ဖြစ်တဲ့အတွက် သူချထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်၊ သူသတ်မှတ်ထားတဲ့ အတိုင်း ဖြစ်မယ့် လုပ်ငန်းက Passed ဖြစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Authority က ပံ့ပိုးပေးရမယ့် အပိုင်းတွေ ရှိနိုင်တာမို့ သူနဲ့ Coordination လုပ်ဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် စီမံကိန်းရဲ့ Project Manager ဖြစ်သူက ဒီအပိုင်းကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ (၁၁) Adjacent Owners Construction Project တစ်ခု လုပ်တဲ့ အခါမှာ ကိုယ်ရဲ့ ဘေးနားပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့ Communication မလုပ်မဖြစ် လုပ်ရမှာ ဖြစ်ပါတယ်။ မြေတိုင်းတာ၊ လမ်းကို အသုံးပြုတာ၊ ခြံစည်းရိုးခတ်တာ အစရှိသဖြင့် ဒီလုပ်ငန်းတွေမှာ Adjacent Owners တွေနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လုပ်ငန်း မစခင်ကတည်းက ဘေးနားပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ဘယ်သူဆိုတာ သိအောင် စုံစမ်းထားဖို့ လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အဆောက်အဦတွေက ဘယ်လို အခြေအနေမျိုး ရှိတာလဲ ဆိုတာကို မှတ်တမ်းတင်ထားတဲ့ Pre-conditioned Survey လိုဟာမျိုးကို လုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ (၁၂) Users နောက်ဆုံး အနေနဲ့ ကျနော် ပြောချင်တဲ့ Stakeholders ကတော့ စီမံကိန်း ပြီးသွားရင် အသုံးပြုမယ့် Users ဖြစ်ပါတယ်။ ဒီ အသုံးပြုမယ့်သူတွေရဲ့ ထင်မြင်ချက်၊ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Developers တွေက ပို ဂရုစိုက်ရပါ့မယ်။ အကယ်၍သာ အဆောက်အဦ ပြီးသွားပြီး၊ ဒါကို ဈေးကွက်မှာ ရောင်းချတဲ့နေရာမှာ Users က စိတ်မဝင်စားဘူးဆိုရင် စီမံကိန်းက အောင်မြင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် စီမံကိန်း မစခင်ကတည်းက Users တွေ အကြောင်း သိရအောင် Market Analysis, Customer Survey, Feasibility Study, Modeling and Sampling အစရှိတာတွေကို လုပ်ထားဖို့ လိုအပ်ပါတယ်။

  • 📌Construction Project တစ်ခုမှ ကြုံတွေ့ရမည့် Stakeholders များ အကြောင်း 📌 ဒီဟာလေး ပြောထားဖူးတာ နဲနဲ ကြာပါပြီ။ ဒီနေ့ ဒီအကြောင်းအရာလေးကို ပြန်ပြောချင်တာက တစ်ချို့တွေ Construction Projects လုပ်ကြတဲ့အခါ၊ ဘယ် Stakeholders ကတော့ ဘာတာဝန်ယူထားတယ်၊ ဘယ်သူကိုတော့ ဘာပြောရမယ်ဆိုတာကို သေချာ မသိကြသေးတာ သွားတွေ့ရလို့ပါ။ အထူးသဖြင့် Construction Field ထဲကို အခုမှ စပြီး ဝင်တဲ့ Juniors တွေ ဒီအခေါ်အဝေါ်တွေနဲ့ စိမ်းနေပြီး Consultant ကို မဆိုင်တာတွေ မေးမိတာ .. Client ကိုလဲ မလိုအပ်တာတွေ ပြောမိတာတွေ တွေ့လာမိတာကြောင့် ဖြစ်ပါတယ်။ အရင်ဆုံး Stakeholders ဆိုတာ ဘာလဲ .. ဒါကို ရှင်းပြပါ့မယ်။ Stakeholders ဆိုတာ စီမံကိန်းတစ်ခုလုပ်လို့ အဲ့ဒီ စီမံကိန်းနဲ့ ပါဝင်ပတ်သက်နေသူ၊ ဒီစီမံကိန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရသူတွေကို ခေါ်ပါတယ်။ အဲ့ဒီအတွက် Stakeholders တွေဟာ စီမံကိန်းတိုင်းအတွက် အရေးပါပြီး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရှိပါတယ်။ ဒီထဲမှာမှ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ တွေ့ရမယ် Stakeholders တွေ အကြောင်း တစ်ခုချင်းစီ ပြောပြပါမယ်။ (၁) Developer/Client Developer ဟာ စီမံကိန်းကို အကောင်အထည်ဖော်သူ ဖြစ်ပါတယ်။ ဒီမှာမှ Developer မှာ ပုံစံ အမျိုးမျိုးရှိပါတယ်။ ဥပမာ တစ်ချို့ Developer တွေဟာ Owner အနေနဲ့ ရှိပါတယ်။ Condo တစ်ခုကို ဆောက်တဲ့အခါမှာ Owner တွေဟာ မြေကို ပိုင်တာလား၊ အဆောက်အဦကို ပိုင်တာလား .. ဒီလိုမျိုး ကွဲပြားတာတွေ ရှိပါတယ်။ တစ်ချို့ Developer တွေကျတော့ မြေကို ပိုင်တာ မဟုတ်ဘဲ၊ မြေကို ငှားပြီးမှ ငွေကြေးစိုက်ထုတ်ပြီး စီမံကိန်းကို အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။ Developer ရဲ့ အနေအထားကို သေချာ နားလည်ထားဖို့ လိုပါတယ်။ (၂) Sponsor စီမံကိန်းတစ်ခုအတွက် Sponsor ဆိုတာ ဒီ စီမံကိန်းကြီး အကောင်အထည် ဖော်ဖို့ အတွက် ငွေကြေး စိုက်ထုတ်ပေးသူ ဖြစ်ပါတယ်။ ဒီလိုမျိုး ငွေကြေး စိုက်ထုတ်တယ်ဆိုတဲ့ နေရာမှာလည်း Donor လိုမျိုး ငွေကြေးကို ပေးလိုက်တာလား၊ ဒါမှမဟုတ် Lender လိုမျိုး ငွေကြေးကို အတိုးနှုန်း တစ်ခုနဲ့ ချေးတာလား၊ ဒါမှမဟုတ် ကိုယ်တိုင်က ငွေကြေးရင်းနှီးပြီး ပါဝင်တာလား .. အစရှိသဖြင့် သေချာ သိထားဖို့ လိုပါတယ်။ ဒါ့အပြင် စီမံကိန်း စကတည်းက ဒီ Sponsor ဟာ စီမံကိန်းထဲမှာ ဘယ်လောက် ပါဝင်နေမှာလဲ သိဖို့ လိုပါတယ်။ ဥပမာ အနေနဲ့ Decision Making တွေမှာ Sponsor ဆီက ဆုံးဖြတ်ချက် ယူရမှာလား သေချာ လေ့လာထားရပါမယ်။ (၃) Shareholders အစုရှယ်ယာရှင်ရဲ့ သဘောက Sponsor နဲ့ အနည်းငယ် ကွဲပြားပါတယ်။ စီမံကိန်းတစ်ခုမှာ Sponsor ဆိုရင် ယေဘူယျအားဖြင့် ငွေကြေး စိုက်ထုတ်ပေးဖို့သာ လိုအပ်ပြီး၊ စီမံကိန်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို Management လုပ်ပေးမယ့် သူက သီးသန့် ရှိတတ်ပါတယ်။ ဒါပေမယ့် Shareholders ကတော့ ဒီလိုမျိုး မဟုတ်တတ်ဘဲ စီမံကိန်းကို Management လုပ်ဖို့ ပါဝင်လေ့ ရှိပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ Shareholders ဆိုရင် BOD (Board of Directors) အနေနဲ့ ဖွဲ့စည်းထားတာ ရှိပါတယ်။ (၄) Designers Construction Project နဲ့ ပတ်သက်ပြီး အဓိက ပုံစံများ ထုတ်ဖော်ပေးတဲ့သူကို Designers လို့ ခေါ်ပါတယ်။ Designers ဟာ Developer နဲ့ အရင်ဆုံး ထိတွေ့ရတဲ့ Stakeholder ဖြစ်ပါတယ်။ Designers တွေဟာ သူ့ Discipline နဲ့ သူ ရှိတာ ဖြစ်ပြီး၊ စီမံကိန်းတစ်ခုအတွက် တစ်ယောက်ထဲက ခေါင်းခံပြီး ပုံစံဆွဲပေးတာမျိုး လုပ်ငန်းကြီးတွေမှာ ရှားပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ Architect, Structural, M&E, Interior Decoration, Landscape ဆိုပြီး အခြေခံအားဖြင့် လိုအပ်တဲ့ Designers တွေ ရှိရပါ့မယ်။ (၅) Consultants စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်တဲ့နေရာမှာ Developer အနေနဲ့ မိမိမှာ Management လုပ်ဖို့ Resources မရှိတာ၊ Risk Management သဘောနဲ့ Risk sharing ပြုလုပ်ချင်တာ .. စတဲ့ အကြောင်းအရာတွေကြောင့် Consultant ကို ထားတတ်ကြပါတယ်။ Consultant မှာ စီမံကိန်းကို Developer ကိုယ်စား ကြီးကြပ်ပေးတဲ့ CM (Construction Management) ရှိသလို၊ အလုံးစုံတာဝန်ယူပြီး အကောင်အထည် ဖော်ပေးတဲ့သူလည်း ရှိပါတယ်။ စီမံကိန်းတစ်ခုအတွက် Consultant ထားမယ် ဆိုတဲ့အခါမှာ ဘယ်အချိန်မှာ စပြီး ခန့်ထားမှာလဲ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

  • без подписи

  • (၄) Progress Meetings လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ရင် ဘယ်လောက်ပြီးစီးလဲ၊ ဘယ်လောက် တိုးတက်မှု ရှိလဲ၊ ဘယ်လုပ်ငန်းတွေကရော နောက်ကျနေပြီလဲ .. ဒါတွေကို အမြဲမပြတ် ဆွေးနွေးနေဖို့ လိုပါတယ်။ အဲ့ဒါကြောင့် Progress Meetings လုပ်ဖို့ လိုပါတယ်။ Construction Projects တွေရဲ့ ထုံးစံက Progress Meetings ကို တစ်ပတ်တစ်ခါ ပြုလုပ်လေ့ ရှိပါတယ်။ ယေဘူယျအားဖြင့် Progress Meeting မလုပ်ခင်မှာ ကန်ထရိုက်တာ ဘက်ကနေပြီး Weekly report တင်ပေးရပါတယ်။ အဲ့ဒီလိုမျိုး တင်ထားတဲ့ Weekly report ပေါ် အခြေခံပြီး Progress Meeting မှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ (၅) Coordination Meetings တစ်ခါတစ်ရံမှာ စီမံကိန်းဟာ ကြီးရင်ကြီးသလို၊ နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှု များရင်များသလို လုပ်ကိုင်ရတဲ့ အစုအဖွဲ့တွေ များပါတယ်။ ဥပမာ Sub-contractors တွေကိုက အများကြီး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် Coordination လုပ်ဖို့အတွက် Coordination Meetings ဆိုတာ သီးသန့်လုပ်ရပါတယ်။ ဘယ်သူကတော့ ဘယ်နေ့မှာ ဘယ် Area ကို သုံးမယ်၊ ဘယ်သူကတော့ ဘယ်လုပ်ငန်းစဖို့လိုတယ်၊ ဘာပစ္စည်းတွေတော့ ဆိုက်ထဲကို ဘယ်နေ့ရောက်မယ် အစရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ (၆) Management Meetings Management Meetings ဆိုတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အရေးကြီး အကြောင်းအရာတွေ ဆုံးဖြတ်ဖို့ လိုတဲ့အခါ၊ ဒါမှမဟုတ် လုပ်ငန်းက တအားနောက်ကျနေတဲ့ အခါမှာ ခေါ်ဖို့ လိုအပ်ပါတယ်။ အဓိကကတော့ Management ရဲ့ Awareness နဲ့ Support ကို လိုချင်လို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Management Meetings မှာ Contractual Issue တွေ ပြောရတတ်တာမို့ ဒီလိုမျိုး အစည်းအဝေး လုပ်ရင် သေချာပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ တာသွားတာမို့ စကားကို လက်လွှတ်စံပယ် မပြောဖို့လည်း သတိထားရပါမယ်။ (၇) Safety Committee Meetings ဆောက်လုပ်ရေး စီမံကိန်းဆိုတာ အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စတွေ တော်တော်များပါတယ်။ အဲ့ဒါကြောင့် လူတိုင်းက Safety ကို Awareness ဖြစ်နေရပါမယ်။ ဒီလိုမျိုး ဖြစ်ဖို့အတွက် International Construction Projects တွေမှာဆိုရင် လတိုင်းကို Safety Committee Meetings ဆိုတာ ပြုလုပ်လို့ ရှိပါတယ်။ ယေဘူယျအားဖြင့် ဆိုက်ထဲမှာ အလုပ်လုပ်နေတဲ့ Company တိုင်းမှာ သူတို့ရဲ့ Safety Head (ခေါင်းဆောင်) ရှိရပါတယ်။ အဆိုပါ ခေါင်းဆောင်တွေနဲ့ Safety Committee ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အစည်းအဝေးမှာ Safety နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ခဲ့တယ်၊ ဘာတွေတော့ ကြုံတွေ့ရတယ်၊ ရှေ့လာမယ့် လုပ်ငန်းတွေမှာ Safety နဲ့ ပတ်သက်ပြီး ဘာတွေတော့ သတိထားရမယ်ဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တွေ့ကြုံရနိုင်တဲ့ Meetings တွေကို အနည်းငယ်ပြောပြတာ ဖြစ်ပါတယ်။ ဒီဟာတွေ အပြင် တခြားဟာတွေလည်း ရှိနိုင်ပါတယ်။ စီမံကိန်းတစ်ခုရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီလိုမျိုး မီတင်တွေနဲ့ ဆက်စပ်ပြီးမှာ မှတ်ထားရမယ့် ကိစ္စတွေ ရှိပါသေးတယ်။ အဲ့ဒါတွေက မီတင် မစခင်မှာ Agenda ဆိုတာ ပြင်ထားရပါမယ်။ မီတင်လုပ်တဲ့အခါမှာ Meeting Attendance ယူထားရပါမယ်။ အစည်းအဝေး ပြီးသွားရင်လည်း Meeting Minutes ကို သေချာ ရေးထားရမှာ ဖြစ်ပါတယ်။ ဒါလေးတွေကို သတိရစေချင်ပါတယ်။ ခင်မင်လေးစားစွာဖြင့် AKT #Project_Meetings #Communications

  • 📌Construction Project တစ်ခုမှ အမြဲလိုလို ကြုံတွေ့ရတတ်တဲ့ Meetings များ အကြောင်း 📌 ဒီနှစ်ပိုင်းထဲမှာက Project Management Consultant အလုပ်ကို ထဲထဲဝင်ဝင် ပြန်လုပ်နေပါတယ်။ ဒီအလုပ်ကို လုပ်တဲ့အခါ အပတ်စဉ်လိုလို Meetings တွေ တက်ရပါတယ်။ ကိုယ်တိုင်လဲ ဦးဆောင်ပြီး Meetings တွေ လုပ်ရတာ ရှိပါတယ်။ တခါတလေမှာ ဘာတွေ့ရလဲဆိုတော့ Meeting တွေ လုပ်ကြပေမယ့် Meeting ရဲ့ Objectives ကို မရောက်တာတွေ၊ Meeting ရဲ့ Theme ကို မရတာတွေ မြင်လာမိပါတယ်။ အဲ့ဒါကြောင့် အရင်တုန်းက ပြောထားဖူးတဲ့ ပို့စ်လေးတစ်ခုကိုပဲ ပြန်လည်တည်းဖြတ်ပြီး Construction Industry မှာ တွေ့ရတတ်တဲ့ Meetings တွေ အကြောင်းကို ပြန်လည် Sharing လုပ်လိုက်ရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို လက်တွေ့မှာ အကောင်အထည်ဖော်တဲ့အခါ Project Team Member တစ်ယောက် အနေနဲ့ နေ့တဓူ၀ အဓိက လုပ်ရတာက ဘာလဲဆိုရင် Communication and Coordination ပါပဲ။ ဒီလိုမျိုး Communication and Coordination လုပ်ရတဲ့ အချိန်ပမာဏဟာ တကယ်တမ်း တွက်ကြည့်ရင် ကိုယ့်အလုပ်ချိန်ရဲ့ အနည်းဆုံး ၈၀%လောက်တောင် ရှိပါတယ်။ အဲ့ဒါကြောင့် တကယ့် Project အကြီးကြီးတွေဆိုရင် ဒီလိုမျိုး Communication and Coordination လုပ်ဖို့အတွက် Formats တွေချထားတာ၊ Coordinator ဆိုပြီး ရာထူးတစ်ခုပေးပြီး သီးသန့် အလုပ်ခန့်ထားတာတွေ ရှိပါတယ်။ အခု ဒီပို့စ်မှာ ပြောချင်တာက Communication လုပ်ရတဲ့ အထဲမှာ ပါတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်တဲ့ Meetings တွေ အကြောင်း ပြောမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ Communication ပြုလုပ်ဖို့အတွက် အစည်းအဝေး လုပ်ရပါတယ်။ အစည်းအဝေး (Meetings) ပေါင်းများစွာ ရှိတဲ့အထဲမှာမှ ကိုယ်တကယ် သိထားသင့်တဲ့ အစည်းအဝေးတွေကို ကျနော် List လုပ်ပြီး ပြောပါ့မယ်။ ဒါတွေကတော့ (၁) Kick-off Meetings လုပ်ငန်းတစ်ခု အစပြုဖို့ဆိုရင် ကျနော်တို့က Kick-off Meetings လိုပါတယ်။ Kick-off Meetings ကို ယေဘူယျအားဖြင့် Site မှာ ပြုလုပ်ကြတာများပြီး၊ စတင်မယ့် အလုပ်နဲ့ ပတ်သက်ပြီး တကယ်တမ်း အလုပ်လုပ်မယ့် အဖွဲ့နဲ့ မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် တစ်ခါတစ်ရံမှာ အလုပ်အတွက် စာချုပ်ကိစ္စတွေ၊ ဈေးတွေ လာပြောတဲ့သူနဲ့၊ တကယ် အလုပ်လုပ်မယ့်သူက မတူတာတွေ ရှိပါတယ်။ ဥပမာ ပါကေးခင်းဖို့အတွက် လာပြီး Proposal ပြောတုန်းက Marketing အဖွဲ့ဖြစ်နိုင်ပြီး၊ တကယ်တမ်း လာကပ်တော့ Operation Team က လာတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် ဒီ Operation ကို ဦးဆောင်မယ့်သူကတော့ ဘယ်သူဖြစ်တယ်။ သူက အလုပ်ကို ဘယ်လိုလုပ်မယ်၊ ကိုယ့်ဘက်ကတော့ ဘယ်သူနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမယ်၊ အစရှိတဲ့ အကြောင်းအရာတွေကို Kick-off Meetings များမှာ ဆွေးနွေးကြပါတယ်။ (၂) Safety Orientation Meetings Projects အကြီးကြီးတွေမှာ Kick-off meeting ပြီးတာနဲ့ အလုပ်တန်းစလို့ ရတာတော့ မဟုတ်ပါဘူး။ တကယ်တမ်း အလုပ်လာလုပ်မယ့် အဖွဲ့က ဘာကို သင်တန်းတက်ရသေးလည်း ဆိုရင် Safety Orientation Meeting ဆိုတာကို တက်ရပါတယ်။ ဒါက ကိုယ်အခုလုပ်မယ့် Site နဲ့ ပတ်သက်ပြီး Safety ဆိုင်ရာ သိထားသင့်တဲ့ အချက်တွေ၊ In-house rules and regulations တွေကို ရှင်းပြတာ ဖြစ်ပါတယ်။ Project ကို အဓိက Handle လုပ်တဲ့ Main Contractor ရဲ့ Safety Personnel က ရှင်းပြတာ များပါတယ်။ ဒီလိုမျိုး Safety Orientation Meetings ဟာ ကန်ထရိုက်တာတွေပဲ တက်ရမယ် မဆိုလိုပါဘူး။ တကယ်တမ်းတော့ ဆိုက်ထဲမှာ ရှိတဲ့ မည်သူမဆို တက်ရမှာပါ။ Owner’s representatives တွေ တက်ရသလို၊ Consultants တွေလဲ တက်ရပါတယ်။ ယေဘူယျအားဖြင့် Safety Orientation/ Induction လုပ်ပြီးသွားရင် Sticker လေးတွေ ပေးပါတယ်။ ဒီ Sticker လေးတွေကို မြင်သာထင်သာ ဖြစ်မယ့် Helmet မှာ ကပ်ထားရပါတယ်။ (၃) Tool Box Meetings Kick-off meeting လည်း ပြီးသွားပြီ၊ Safety Induction လည်း လုပ်ပြီးသွားပြီ ဆိုပေမယ့် အလုပ်လုပ်မယ့် ရက်တိုင်းရဲ့ မနက်ဘက်မှာ Tool Box Meeting ဆိုတာ ရှိပါသေးတယ်။ Tool Box Meeting ဆိုတာ တစ်နေ့တာ အလုပ်လုပ်မယ့် အလုပ်သမားတိုင်းကို ဒီနေ့အတွက်တော့ ဘာတွေကို သိသင့်တယ်၊ ဘာတွေကို သတိထားရမယ်ဆိုတာကို Highlight လုပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ အနေနဲ့ မနက်၁၀ နာရီမှာ Heavy Lifting ရှိမယ်၊ အဲ့ဒီအချိန်မှာ Tower Crane နားကို မသွားပါနဲ့၊ အစရှိသဖြင့် ဒီလိုမျိုး Remind လုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေ အားလုံးစုဝေးပြီး တက်ရတာ ဖြစ်တဲ့အတွက် ဒီကနေပြီး Headcount ယူတာတွေ ပြုလုပ်ပါတယ်။ ဒါဟာ Emergency Response Plan ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

  • без подписи

  • 2-Aug-2026 နေ့မှာ ပြန်ဖွင့်ဖို့ ကြေညာထားတဲ့ IPPC Course နဲ့ ပတ်သက်ပြီး တစ်ချို့အချက်တွေကို သင်တန်းအကြောင်း မသိသေးတဲ့သူတွေ အတွက် ပြန်လည်ပြီး ရှင်းပြချင်ပါတယ်။ (၁) IPPC Course ဆိုတာဟာ Construction Project Management နဲ့ ပတ်သက်ရင် တကယ့်လက်တွေ့မှာ အသုံးပြုလို့ရတဲ့ နည်းစနစ်တွေ၊ ပုံစံတွေကို Singapore Construction Industry Practices ကို အခြေခံပြီး ရှင်းပြပေးတဲ့ သင်တန်းဖြစ်ပါတယ်။ သင်တဲ့သူကိုယ်တိုင်ကလဲ ဆောက်လုပ်ရေး လုပ်ငန်းမှာ Construction Project Management လုပ်ခဲ့တဲ့ အတွေ့အကြုံ နှစ်၂၀ကျော်၊ Singapore, Thailand စတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံ ဆယ်နှစ်ကျော်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ သင်ရိုးဖြစ်ပါတယ်။ လက်ရှိလဲ Project Management Consultant အနေနဲ့ အလုပ်လုပ်နေတဲ့သူ ဖြစ်ပါတယ်။ (၂) နောက်ပြီး IPPC Course ဟာ အခုလက်ရှိအချိန်မှာ Construction Project Management နဲ့ ပတ်သက်ရင် လေ့လာလို့ရနိုင်တဲ့ Available အဖြစ်ဆုံး သင်တန်းတွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့ သင်တန်းဖြစ်ပါတယ်။ ဒီအတန်းကို ပြည်တွင်းမှာ ရှိတဲ့သူတွေ သာမက၊ စလုံးမှာ လက်ရှိလုပ်နေတဲ့သူတွေကပါ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်လို့ဆိုပြီး တက်ရောက်နေကြတာလဲ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ ဒီ IPPC သင်တန်း တက်ရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်းဟာ ထောင်ချီပြီး ရှိနေပါတယ်။ အဲ့ဒီအတွက် ဒီနှစ်ချက်ပေါ်ကို အခြေခံပြီး .. သေသေချာချာ ရဲရဲဝင့်ဝင့် အာမခံပြီး ပြောနိုင်တာက IPPC Course ကို လေ့လာရင် Construction Project Management နဲ့ ပတ်သက်ရင် နည်းစနစ်ကျကျနဲ့ မသိသွားစရာ အကြောင်းမရှိပါဘူး။ တစ်ချို့ Construction Company တည်ထောင်ထားတဲ့ လုပ်ငန်းပိုင်ရှင်တွေတောင် IPPC Course ကို တက်ပြီး မိမိတို့ လုပ်ငန်းမှာ ပြန်လည်အသုံးချပြီး လုပ်ငန်းတွေ တိုးတက်နေတာတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် IPPC က ရတဲ့ Knowledge တွေဟာ တခြားသော နယ်ပယ်တွေမှာပါ အသုံးချနိုင်လို့ PMP Exam ဖြေသူတွေလဲ လွယ်ကူအောင်မြင်စွာ ဖြေနိုင်တာတွေ ရှိပါတယ်။ ဒီလိုပဲ .. အခုမှ လုပ်ငန်းခွင် စပြီးတော့ တိုးဝင်မယ့်သူတွေလဲ IPPC Course ကို လေ့လာပြီး တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ ဘာတွေ လုပ်ရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ ကျောင်းတက်နေဆဲ ကျောင်းသားတွေလဲ မိမိတို့ Thesis အတွက်၊ စာတမ်းအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်တဲ့ IPPC Course ကို စိတ်ဝင်စားရင် တက်ရောက်ထားလို့ ရပါတယ်။ အဆုံးသတ် အနေနဲ့ ပြောရရင် IPPC Course ဟာ ဘယ်နယ်ပယ်ကလူ မဆို (M&E သမားတွေအပါ) Construction Project Management နဲ့ ပတ်သက်ပြီး သေချာလေး သိချင်ရင် တက်ရောက်ထားလို့ ရတဲ့ သင်တန်းပဲ ဖြစ်ပါတယ်လို့ ပြန်လည် ရှင်းပြပါရစေ။ https://www.facebook.com/share/p/17yGTQLX55/ ကျေးဇူးတင်ပါတယ် AKT #IPPC

  • без подписи

  • Risk Management နဲ့ တကွ .. Method Statement တင်တဲ့ အခါမှာ တွဲတင်ပေးရတဲ့ Risk Assessment ဘယ်လိုလုပ်ရမလဲဆိုတာကို ဥပမာနဲ့ တကွ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ငလျင်လိုမျိုး သဘာ၀ ဘေးဒဏ်တွေ အတွက် ဘာတွေတော့ လုပ်ခဲ့ရမယ်ဆိုတာလဲ ပြောပြပေးပါမယ်။ 👉 Quality and Safety Management (PQP, NCR, ITP, SMS, etc) Construction Project တစ်ခုရဲ့အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ Quality and Safety Management အကြောင်းကို အသေအချာ ရှင်းပြပေးမှာ ဖြစ်ပါတယ်။ 👉 Procurement Management (P.O, Manufacturing Report, Delivery Schedule, etc) ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို အလုပ်လုပ်ကြတဲ့ အခါမှာ လိုအပ်တဲ့ Resources များကို ရှာဖွေတဲ့ Procurement Management အကြောင်းကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ 👉 Performance Monitoring (Periodic Reporting, Progress Charts, etc) Progress Reporting ပြုလုပ်ပုံတွေ၊ Report တစ်ခုမှာ ပါဝင်ရမယ့် အချက်တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ 👉 Project Closure (Punch List, Documentation, T&C, etc) စီမံကိန်း အဆုံးသတ်မှာ ဘာတွေ သတိထားဖို့ လိုသလဲ၊ ဘာတွေတော့ ပြင်ဆင်ရမလဲ ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ 👉 Basic Scheduling with MS Project (Gantt Chart Preparation, Creating and Assigning Resources, Updating the Project, etc) MS Project အသုံးပြုပြီး Schedule တစ်ခုကို ဖန်တီးခြင်း၊ Calendar နဲ့ Resources များ ဖန်တီးခြင်း၊ Schedule ကို Update လုပ်ခြင်းများကို Offline Lessons အနေနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အပေါ်က Course Contents မှာ ဖော်ပြထားတဲ့ ခေါင်းစဉ် တစ်ခုချင်းစီကို ပြောပြတဲ့ အခါမှာ လက်တွေ့ အသုံးပြုပုံများနဲ့ ယှဉ်ပြပြီး ပြောဆိုသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Singapore (LTA Projects based Examples and Lessons) တွေကို သုံးပြီး Local နဲ့ International နှိုင်းယှဉ် ဖော်ပြ ရှင်းလင်း ပေးပါမယ်။ သင်တန်းက Theories တွေ၊ Principles တွေ ပါပေမယ့် ဒါတွေချည်းပဲ လျှောက်ပြောနေမယ့် သင်တန်းမျိုးလည်း မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာ လုပ်ကိုင်ရမယ့် အကြောင်းအရာတွေ၊ နည်းစနစ်တွေ၊ Documents တွေနဲ့ သွားမှာ ဖြစ်ပါတယ်။ ဒီအတန်းက Online အတန်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Zoom Application ကို သုံးပြီး Live Session အနေနဲ့ သင်ပေးမှာ ဖြစ်ပါတယ်။ ပြီးမှ Video file ကို Telegram Group လုပ်ပြီး ပြန်တင်ပေးထားပါမယ်။ IPPC အတန်းဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြီး သင်ကြားပေးခဲ့တဲ့ သင်တန်းဖြစ်ပြီး၊ သင်တန်းသားပေါင်း ထောင်ချီပြီး တက်ရောက်ထားပြီး၊ လက်တွေ့မှာ အသုံးဝင်လှပါတယ်ဆိုတဲ့ Feedback ကောင်းတွေ ရရှိထားတဲ့ သင်တန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်လုပ်ငန်းတွေကို ပိုပြီးတော့ စနစ်တကျနဲ့ Management လုပ်ချင်တယ်၊ International Consultants တွနဲ့ စကားပြောရမယ်ဆိုရင် ကိုယ်ကလည်းပဲ ဒီအကြောင်းအရာတွေကို သေချာသိပါတယ်ဆိုပြီး ရဲရဲဝင့်ဝင့်ပြောချင်တယ် ဆိုရင် အခု IPPC သင်တန်းက အထောက်အကူ ဖြစ်ပါလိမ့်မယ်။ Class Completion Certificate ကိုတော့ သင်တန်းနောက်ဆုံးနေ့မှာ Assessment Exam ကို ဝင်ရောက်ဖြေဆိုသူများကို ပေးအပ်မှာ ဖြစ်ပါတယ်။ သင်တန်းအပ်ဖို့အတွက် အသေးစိတ် Information ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 🗓🗓🗓သင်တန်းစမည့်ရက် ---- 2-Aug-2026 (Sunday) 🔖🔖🔖သင်တန်းအချိန် ---- အပတ်စဉ် တနင်္ဂနွေနေ့ - မနက် ၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ (မြန်မာစံတော်ချိန်) သင်တန်းကာလ ---- About 9 to 10 sessions/weeks (စိတ်ပါဝင်စားစွာနဲ့ တက်ရောက်သူများအတွက် အတန်းချိန်တိုင်းမှာ Face to Face discussion ပြုလုပ်လို့ရပါတယ်) 🏷🏷🏷သင်တန်းကြေး ---- 120,000 ကျပ် (Overseas Participants အတွက်တော့ SGD 60 or 180,000 Ks ကောက်ခံပါတယ်။ ဒီဟာက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများအတွက် အဆင်ပြေလောက်မယ့် ပမာဏ ဖြစ်တာမို့ ပညာရပ်တစ်ခုရဲ့ တန်ဖိုးအနေနဲ့ သဘောထားပြီး အပ်နှံပေးကြဖို့ မေတ္တာရပ်ခံပါတယ်။) 🔖🔖🔖 သင်ကြားမည့် ပုံစံ ---- ZOOM Live Session and Telegram Group (ZOOM record ကို Telegram Group မှာ Backup သဘောမျိုး အနေနဲ့ ပြန်တင်ပေးပါမယ်၊ အကယ်၍ သင်တန်းအချိန် တိုက်နေရင် Telegram Group မှာ ပြန်ကြည့်လို့ရပါတယ်။ ဒါပေမယ့် သင်တန်းနောက်ဆုံးနေ့မှာတော့ Assessment Exam ကို လာရောက် ဖြေဆိုပေးဖို့ လိုပါတယ်) 📞📞📞စာရင်းပေးသွင်းရန် ---- Page Messenger or Viber 09763208895 (သင်တန်းတက်မယ့်သူရဲ့ နာမည်၊ ဆက်သွယ်လို့ရမယ့် နံပါတ်နဲ့ Email address ပေးပေးရန် လိုပါတယ်)။ ခင်မင်လေးစားစွာဖြင့် AKT #IPPC

  • 🛎လက်တွေ့အသုံးချလို့ရတဲ့ Construction Project Management နည်းစနစ်တွေကို သိရှိသွားနိုင်မယ့် IPPC (Integrated Project Planning and Control) ZOOM Online Class အတန်းသစ်ကို 2-Aug-2026 နေ့ ပြန်ဖွင့်ပါမယ် 🛎 ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်နေသမျှ ကာလပတ်လုံး တက်ထားရင် ဘယ်လိုမှ မမှားနိုင်တဲ့ .. တကယ့်လက်တွေ့မှာ စနစ်ကျကျနဲ့ အသုံးချနိုင်တဲ့ IPPC လို့ နာမည်ပေးထားတဲ့ Construction Project Management အတန်းလေးကို 2-Aug-2026 (Sunday) မှာ ပြန်ဖွင့်ပါမယ်။ ဒီ IPPC အတန်းကနေ ဘာတွေ သိနိုင်မလဲ .. ဘာတွေ ကိုယ့်အတွက် အကျိုးရှိမလဲ ဆိုရင် 📌 ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ Tendering Stage ကနေစပြီး .. လက်တွေ့မှာ လုပ်ရတဲ့ Execution, အဆုံးသတ်ဖြစ်တဲ့ Handing Over အထိ ဘာတွေကိုတော့ သိထားရမယ် .. ဘယ်လိုနည်းတွေနဲ့ အကောင်အထည် ဖော်ရမယ်ဆိုတာ သိလာပါမယ် 📌 ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို Planning ဘယ်လို လုပ်ရမယ် .. ဒီ Planning ကို အထောက်အကူ ဖြစ်ဖို့ ဘာတွေတော့ လုပ်ရမယ် .. လက်တွေ့မှာလဲ ဘယ်လို ထိန်းကျောင်းရမလဲ ဆိုတာ သိလာပါမယ် 📌 ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့ Time, Cost, Scope, Quality, Design, Coordination, Safety အစရှိတဲ့ နယ်ပယ်တွေမှာ ဘာတွေ့တော့ သိထားရမယ် .. ဘယ်လိုနည်းစနစ်တွေကိုတော့ Singapore အစရှိတဲ့ International Construction Industry တွေမှာ သုံးကြတယ် .. အစရှိတာတွေကို သိရပါမယ် အပေါ်က ပြောထားတဲ့ အကြောင်းအရာတွေက အကြမ်းဖျဉ်း ထုတ်နှုတ်ဖော်ပြထားတာသာ ဖြစ်ပြီး အောက်မှာတော့ Course Outline ကို ဖော်ပြထားပေးပါတယ်။ ဒီအကြောင်းအရာတွေဟာ Local မှာပဲ လုပ်လုပ်၊ International မှာပဲလုပ်လုပ် မသိမဖြစ် သိထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ IPPC Course မှာ ပါဝင်မယ့် ခေါင်းစဉ်တွေကတော့ …. 👉 Project Management Principles (Project Vs Operation, Success and Failure Factors, etc) Projects တွေရဲ့ သဘောတရားနဲ့ တကွ Management ပြုလုပ်ရမယ့် လိုအပ်မယ့် အချက်တွေ၊ မဖြစ်မနေ စဉ်းစားရမယ့် ကိစ္စတွေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် သိထားရမယ့် အချက်တွေကို အသေးစိတ် ပြောပြပေးပါတယ်။ 👉 Initiation of a Project (Feasibility Study, SWOT analysis, Pre-conditioned Survey, etc) စီမံကိန်းတစ်ခုရဲ့ အစပျိုးခြင်းအတွက် ဘာတွေတော့ လုပ်ဖို့ လိုတယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ Singapore Construction မှာ သုံးတဲ့ Pre-Conditioned Survey အကြောင်းတွေ၊ တခြား လိုအပ်ချက်တွေပါ ပြောပြပေးမှာ ဖြစ်ပါတယ်။ 👉 Project Planning Details (WBS, Milestones, Constraints, Sequencing, etc) ဒီခေါင်းစဉ်ကိုတော့ အသေးစိတ် သင်ကြားရမှာ ဖြစ်ပြီး Project Planning အတွက် စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ တွက်ချက်ပုံတွေ အကုန်ပါဝင်မှာ ဖြစ်ပါတယ်။ 👉 Scope Management (V.O, Change Procedure, Claims, etc) အလုပ်လုပ်ကြပြီလို့ ပြောကြတဲ့ အခါ ဖြစ်လာနိုင်တဲ့ Changes တွေကို Handle လုပ်ဖို့၊ Variation Procedures ကို သိဖို့၊ Claim လုပ်တတ်ဖို့ အစရှိတာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ 👉 Schedule Management (Activities, Relationships, CPM, Resources Plan, etc) Project တိုင်းမှာ လိုအပ်မယ့် Master Schedule, Updated Schedule, Weekly Schedule ဆွဲခြင်းများကို International Standards အတိုင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ 👉 Cost Management (Estimates, Cost Types, EVM, etc) QS တွေ အနေနဲ့ရော၊ Management Personnel အနေနဲ့ပါ သိသင့်တဲ့ Cost Management and Control ပြုလုပ်ပုံ ကိစ္စများကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်မတန်မှ သိသင်တဲ့ EVM (Earned Value Management) အကြောင်းကို Report ပြုလုပ်ပုံနဲ့ တကွ ပြောပြပေးမှာ ဖြစ်ပါတယ်။ EVM သာ သိရင် ကိုယ့်အတွက် Budget Control လုပ်ရတာ အင်မတန်မှ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ 👉 Contract Management (Contract Types, Rights, Obligations, Dispute Resolution, etc) ဆောက်လုပ်ရေး လုပ်ငန်းသုံး စာချုပ်တစ်စောင်မှာ ပါဝင်သင့်တဲ့ အကြောင်းအရာများကို အသေးစိတ် ရှင်းပြပေးမှာ ဖြစ်ပါတယ်။ စာချုပ်အမျိုးအစား ရွေးတာတွေ .. Terms and Conditions စဉ်းစားတာတွေ ပါဝင်ပါမယ်။ 👉 Running a Construction Project (Site Utilization, Meetings, etc) နေ့တဓူ၀ ဆိုက်ထဲမှာ Operation လုပ်တဲ့အခါ ဘာတွေတော့ ပြုလုပ်ရမယ် ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေမှာ ပြုလုပ်ရမယ့် ကိစ္စတွေလဲ ရှင်းပြပေးမှာ ဖြစ်ပါတယ်။ 👉 Design and Coordination Management (RFI, RFA, DOR, etc) ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ Drawings တွေ၊ Calculations တွေ၊ Submission တွေနဲ့ မကင်းပါဘူး။ ဒါတွေ ဘယ်လိုလုပ်ရမယ်။ တစ်ဦးနဲ့တစ်ဦး Coordination ဘယ်လိုလုပ်ရမယ် ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ 👉 Project Risk Management (Risk Index, RA, Risk Register, etc)

  • без подписи

  • ၂၀၂၆ ဇွန်လကတည်းက စပြီး ပြုလုပ်ပေးနေတဲ့ Project Management System Set-up Training လေးတွေ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ လူငယ်လုပ်ငန်းရှင်တွေ ဦးဆောင်နေတဲ့ Construction Contractors Company တွေ ဖြစ်တဲ့ ITurn Co., Ltd and HYZA Co., Ltd တို့ကို System Set-up Training ပေးဖြစ်တာ ဖြစ်ပါတယ်။ Construction Projects တွေကို လက်တွေ့မြေပြင်မှာ လုပ်ဆောင်တဲ့အခါမှာ ထင်သလောက် မရိုးရှင်းပါဘူး။ ကိုယ့် Organization ရဲ့ Internal Issues တွေ ရှိတတ်သလို၊ အခြားသော External Influencing Factors တွေလဲ အများကြီး ရှိတတ်ပါတယ်။ ကိုယ်တွေက Construction လုပ်ငန်းတွေကို မလုပ်တတ်တာ မဟုတ်ပေမယ့်၊ စနစ်တကျနဲ့ အလေအလွင့် နည်းအေင် လုပ်နိုင်လေလေ ရေရှည်မှာ ကိုယ့်အတွက် အကျိုးရှိလေလေပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကောင်းမွန်တာကတော့ ကိုယ့် Organization မှာ ကြုံတွေ့နေရတဲ့ Issues တွေကို List လုပ်၊ ကိုယ်တွေနဲ့ ကိုက်ညီမယ့် Processes and Procedures တွေကို ပြန်စဉ်းစား၊ ဘယ်လိုမျိုးတော့ စနစ်တစ်ခုနဲ့ သွားရင် ကောင်းမယ်ဆိုပြီး Customized လုပ်တာ အကောင်းဆုံးပါပဲ။ ကျနော် လုပ်ပေးတဲ့ Project Management System Set-up ဆိုတာ Templates တွေကို ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့် Company/ Organization မှာ Bottle Necks ဖြစ်နေတဲ့ နေရာတွေကို ဖော်ထုတ်ပြီး ဒီကနေမှ Systematically Improvement ဖြစ်အောင် ပြုလုပ်တာ ဖြစ်ပါတယ်။ သင်ကြားပေးခဲ့တဲ့ အရာတွေ၊ အားလုံးတိုင်ပင်ထားတဲ့ Procedures တွေကို အကေင်အထည်ဖော်နိုင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါစေလို့လဲ ဆန္ဒမွန်ပြုအပ်ပါတယ်။ ခင်မင်လေးစားစွာဖြင့် AKT #SystemSetUp #CorporateTraining

  • без подписи