- Последний пост
- 23 окт.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Ставки (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
လီဗာပူးလ်ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကတော့ သူခြေစွမ်းပြသခဲ့တဲ့ ဂျာမန်မြေမှာ လီဗာပူးလ်အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်သွားခဲ့ပါတယ်။ နွေရာသီက လေဗာကူဆင်အသင်းကနေ ရောက်ရှိလာပြီးကတည်းက လီဗာပူးလ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုမပြုလုပ်နိုင်လို့ ဝေဖန်မှုတွေခံနေရတဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ ဖရန့်ဖတ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂတ်ပိုနဲ့ ဆိုဘို့ဆလိုင်းတို့ရဲ့သွင်းဂိုးတွေကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် ၃ အဖြစ်ကစားခဲ့တဲ့ပွဲတွေမှာ သွင်းဂိုးပေါင်း ၇၁ ဂိုးအထိရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ချန်ပီယံလိဂ်ပွဲစဉ် ၃ ဒုတိယနေ့ပွဲပြီးရလဒ်များ ဖရန့်ဖတ် ၁ - ၅ လီဗာပူးလ် ဘီလ်ဘာအို ၃ - ၁ ကာရာဘတ် ဂါလာတာစာရေး ၃ - ၁ ဘိုဒိုဂီလင့်မ် ရီးရယ်လ် ၁ - ၀ ဂျူဗင်တပ်စ် ဘိုင်ယန်မြူးနစ် ၄ - ၀ ကလပ်ဘရုဂျက် ချယ်လ်ဆီး ၅ - ၁ အေဂျက်စ် စပို့တင်းလစ္စဘွန်း ၂ - ၁ မာဆေးလ် မိုနာကို ၀ - ၀ စပါး အတ္တလန်တာ ၀ - ၀ ဆလားဗီးယား
နယူးကာဆယ်အသင်းဂိုးသမား နစ်ပုပ်ဟာ ဘင်ဖီကာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးဧရိယာထဲကနေ ကိုက်(၆၀)ကျော်အကွာအဝေးထံ ဘောလုံးရောက်အောင်ပစ်ပြီး အသင်းဖော် ဟာဗေးဘန်းစ် ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
PSG အသင်းဟာ လေဗာကူဆင်အသင်းကို ၇ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၁၉၉၄ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ ပွဲဆက်အနိုင်ရခဲ့ပါတယ်။လက်ရှိချန်ပီယံ PSG အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲစလုံးအနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ စပိန်ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရာ ၇ ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီ ၇ ပွဲမှာ ရီးရယ်လ်နဲ့ ဆီဗီလာအသင်းကို ၂ ကြိမ်စီ၊ဂျီရိုနာ၊ဘီလ်ဘာအိုနဲ့ အက်သလက်တီကိုအသင်းတို့ကို ၁ ကြိမ်စီအနိုင်ရထားတာဖြစ်ပါတယ်။
ချန်ပီယံလိဂ် League Phase ပွဲစဉ် ၃ ရဲ့ပထမနေ့ပွဲစဉ်ကတော့ သွင်းဂိုးပေါင်း ၄၃ ဂိုးအထိရှိခဲ့တဲ့အထိ ဂိုးမြူးခဲ့တာဖြစ်ပါတယ်။အာဆင်နယ်၊PSG၊ဘာစီလိုနာ၊အင်တာမီလန်အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး နာပိုလီအသင်းကတော့ PSV အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပထမနေ့ပွဲပြီးရလဒ်များ အာဆင်နယ် ၄ - ၀ အက်သလက်တီကို လေဗာကူဆင် ၂ - ၇ PSG ဘာစီလိုနာ ၆ - ၁ အိုလံပီယာကို့စ် ကိုပင်ဟေဂင် ၂ - ၄ ဒေါ့မွန် ကိုင်ရတ် ၀ - ၀ ပါဖို့စ် နယူးကာဆယ် ၃ - ၀ ဘင်ဖီကာ PSV ၆ - ၂ နာပိုလီ အူနယွန်း ၀ - ၄ အင်တာမီလန် ဗီလာရီးရယ်လ် ၀ - ၂ မန်စီးတီး
без подписи
без подписи
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ရဲ့ကျန်ရှိနေတဲ့ တိုက်ရိုက်ဝင်ခွင့် ၃ နေရာကို တောင်အာဖရိက၊အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါအသင်းတို့ ရရှိသွားခဲ့ပါတယ်။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အာဖရိကဇုန်ရဲ့၉ သင်းကတော့ အီဂျစ်၊မော်ရိုကို၊တူနီးရှား၊အယ်လ်ဂျီးရီးယား၊ဂါနာ၊ကိတ်ဗာဒီ၊တောင်အာဖရိက၊အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါတို့ပါ။ အကောင်းဆုံးအုပ်စုဒုတိယတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနဲ့ ဂါဘွန်၊ကင်မရွန်းနဲ့ ကွန်ဂိုတို့ကတော့ ပလေးအော့ဖ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လတ်ဗီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲ ၆ ပွဲစလုံး ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့်နိုင်ပွဲရယူကာ ခြေစစ်ပွဲကစားဖို့ ၂ ပွဲကျန်ရှိသေးချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဆွီဒင်အသင်းကတော့ ကိုဆိုဗိုအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် သူတို့ရဲ့ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်တွေဟာ ပျက်ပြယ်ဖို့ နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်အသင်းဟာ နေးရှင်းလိဂ်တုန်းက အုပ်စုထိပ်ဆုံးရခဲ့လို့ ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေးကောင်းတွေရှိနေတယ်လို့ သိရပါတယ်။