tgindex
Channel News Independent(CNI)

Channel News Independent(CNI)

Статистика

Offical Telegram account of Channel News Independent (CNI)

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
58
Всего постов
58
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
13 авг.
Подписчики
5 788
−13 за 3 дн.
Сутки
−7
−0,12%
Неделя
 
Месяц
 
Просмотров на пост
206
40 постов
Вовлечённость
3,6%
к подписчикам
Постов в день
8,3
всего 58
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
187
1/48двое суток
214
1/72трое суток
231

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • မြန်မာက အာဆီယံကို အပြတ်ခွာဖို့ မဖြစ်နိုင်ဟု ပြော CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို လျစ်လျူရှုပြီး အိမ်နီးချင်းနှင့် မဟာမိတ်နိုင်ငံများအား ဦးစားပေးလျက် ရှိသော်လည်း အာဆီယံကနေ အပြတ်ခွာရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ ၎င်းက “မဟုတ်ဘူး ဒီလိုဒီလို အာဆီယံကိုလည်း သူက အပြတ်မခွာပါဘူး။ အာဆီယံ ကိုယ်စားလှယ်ကိုသာ သူက မလာနဲ့တော့ပြောတာ။ အာဆီယံကိုတော့ သူက အပြတ်မခွာပါဘူး။ ဘယ် သူတို့ မရမက ဝင်ထားရတဲ့ ဟာကြီး။ အာဆီယံကိုယ်စားလှယ် လာတယ်၊ သွားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေး တောင်းမယ်၊ တခြား အဖွဲ့အစည်းတွေနဲ့ တွေ့မယ်။ အဲဒီဟာကိုပဲ လက်မခံနိုင်တာလေ။ အာဆီယံထဲ သူတို့ပဲဝင်ပြီး ပြောစရာရှိ ပြော မယ်၊ ဆိုမယ်ဆိုတဲ့ဟာမျိုးပေါ့။ အာဆီယံကလည်း တကယ့်တကယ် သိပ် သွားရှိတာမှ မဟုတ်တာ။ အဲဒီတော့ နောက်ဆုတ်ပေးရမှာပဲ အာဆီယံကလည်း” ဟု ပြောသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38236-myanmark-aarseyanko-aapyathkwarhphoet-mahpyitninehu-pyaww

  • ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူတွေ ဘာတွေ ကြုံတွေ့နေလဲ CNI Interview ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်း၊ ဓနုဖြူ၊ ဟင်္သာတ စသည့် ဒေသများတွင် ရေကြီးရေလျှံဖြစ်ကာ ဒေသတွင်းနေ ပြည်သူများ ရေဘေးသင့်နေကြ သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများလည်း ရေနစ်မြုပ်၍ ဧကပေါင်း သောင်းချီ ပျက်စီးလျက်ရှိသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် သမ္မတဦးမင်းအောင်လှိုင်က အလှူခံခဲ့ရာ အလှူရှင်များက ငွေကျပ် ၃၂ ဘီလီယံ‌ကျော် ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ရေဘေးကူညီရေးလုပ်နေသူ ပရဟိတသမား ဦးခင်ဇော်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။ Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/exclusive-interview-2/38246-erarwatetine-raybhayysangpyisuutway-bhartway-kyuantwaenaylell

  • ဩဂုတ်လ ( ၁၄ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ် ******************************************************* - မြန်မာက အာဆီယံကို အပြတ်ခွာဖို့ မဖြစ်နိုင်ဟု ပြော - ဆာဆာကာဝါ လာရောက်မှု စီးပွားရေးအတွက် ဘာမျှော်လင့်လို့ရလဲ - လုံခြုံရေးကင်းမဲ့နေသည့် ခရီးသွားလုပ်ငန်းကို ဘယ်လိုမြှင့်တင်မလဲ - ဝမ်းပျက်ဝမ်းလျှောရောဂါ ပြည်သူများ ဘယ်လိုကာကွယ်သင့်လဲ - အိန္ဒိယသည် ပြင်သစ်၏ တိုက်လေယာဉ်နည်းပညာကို မျက်စိကျနေ - ကက်ရှ်မီးယားအရေး ပါကစ္စတန် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ - အမေရိကန်ဒရုန်းစက်ရုံ တည်ဆောက်ရေး ထိုင်း စဉ်းစားနေ - အိုစီမန်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း ဆွေးနွေး စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။ Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/watch-tv-2/38256-augotel-14-raatnaeaatwatnyanayhkainnsatainnaahceaahcain

  • ဧရာဝတီ FC နဲ့ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ CNI Sport Article ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ပြီးခဲ့တဲ့ရာသီက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ ဧရာဝတီ FC အသင်းဟာ ၂၀၂၆-၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံပြိုင်ပွဲ အုပ်စုအဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ခြေစစ်ပွဲကစားဖို့ ရှိနေပါ တယ်။ ဧရာဝတီ FC အသင်းဟာ ဒီရာသီ မစတင်မီ ကတည်းက အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အမျိုးသမီးလိဂ် ပြိုင်ပွဲ အတွက် သေချာပြင်ဆင်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီရာသီ အမျိုးသမီးလိဂ် ပြိုင်ပွဲရဲ့ ပထမရာသီဝက် အပြီးမှာ အဆင့် ၂ နေရာ ရပ်တည်ခဲ့တဲ့ ဧရာဝတီ FC အသင်း ဟာ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ မယှဉ်ပြိုင်မီ အသင်းလူစာရင်းကို အားဖြည့်တဲ့ အနေနဲ့ ပြည်ပ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့တာပါ။ ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်.........https://cnimyanmar.com/article-2/opinoin/38245-erarwate-fc-nae-aarshaamyoesamee-hkyaanpeyanligpyainepwal-hkyayhcaitpwal

  • ဝမ်းပျက်ဝမ်းလျှောရောဂါ ပြည်သူများ ဘယ်လိုကာကွယ်သင့်လဲ CNI News ၂၀၂၆ ခုနှစ်၊ သြဂုတ် ၁၄ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ပြည်သူများ အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင် ကာကွယ်ရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျန်းမာရေးပညာရှင်များက ထောက်ပြကြသည်။ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ စတင် ဖြစ်ပွားခဲ့သည့် မြို့နယ်သည် လသာ၊ လမ်းမတော် မြို့နယ်များ ဖြစ်ပြီး လတ်တလောတွင် ထိုမြို့နယ်များရှိ လမ်းဘေး မုန့်ဆိုင်များအား ၅ ရက်တိတိ ပိတ်ထားကြောင်း၊ လက်ရှိ ကျောက်တံတားမြို့နယ်တွင် ကူးစက်သူဦးရေ ၁၀ ဦးခန့် ရှိနေပြီဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-health/38242-wampyetwamshawrawgar-pyisuumyarr-bhaallokarkwalsanglell

  • ဆာဆာကာဝါ လာရောက်မှု စီးပွားရေးအတွက် ဘာမျှော်လင့်လို့ရလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံသို့ နီပွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ရောက်ရှိလာပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းကြောင့် မြန်မာ့စီးပွားရေးအတွက် မည်ကဲ့သို့ မျှော်လင့်ချက်များ ရှိလာနိုင်သလဲ ဆိုသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာစောင့်ကြည့်သူများက အကဲခတ်နေကြသည်။ ဂျပန်နိုင်ငံ Nippon Foundation အဖွဲ့ဥက္ကဋ္ဌ ဆာဆာကာဝါသည် ၂၀၂၆ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့တွင် နေပြည်တော်ကို ရောက်ရှိခဲ့ပြီး သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-business/38241-sarsarkarwar-larroutmhu-hceepwarrrayyaatwat-bharmyahaawlanglhoetralell

  • ဘားသက်ဇ်ကို ပြင်သစ်အသင်း ဂိုးနည်းပြသစ်အဖြစ် ခန့်အပ် CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ပြင်သစ်ဂိုးသမားဟောင်း ဘားသက်ဇ်ဟာ လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာကြောင့် ပြင်သစ်အသင်းမှာ နည်းပြဇီဒန်းနဲ့ လက်တွဲ အလုပ်လုပ်ရတော့မယ်လို့ ESPN က ဖော်ပြထားပါတယ်။ ဇီဒန်းဟာ ပြင်သစ်အသင်း နည်းပြချုပ်အဖြစ် ၄ နှစ် စာချုပ်နဲ့ ခန့်အပ်ခြင်းခံထားရတာပါ။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-sport/38240-bharrsaatjko-pyinsaitaasainn-goenaeepyasaitaahpyit-hkanaaut Source: ESPN

  • BRICS ၏ ဘဏ်ကို ပူးပေါင်းဝင်ရောက်မည်ဟု အီရန်ဗဟိုဘဏ် ပြော CNI International News တီဟီရန်၊ ဩဂုတ် ၁၄ အီရန်နိုင်ငံသည် BRICS အဖွဲ့ဝင် နိုင်ငံများက တည်ထောင်ထားသည့် ဖွံ့ဖြိုးရေးဘဏ်သစ် (New Development Bank - NDB) သို့ မကြာမီ ဝင်ရောက်တော့မည်ဖြစ်ကြောင်း အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒိုလ်နာဆာ ဟမ်မက်တီ (Abdolnaser Hemmati) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် BRICS ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အီရန်နိုင်ငံပိုင် မီဒီယာက ဩဂုတ် ၁၃ ရက်၌ ထိုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38239-brics-eat-bhanko-puupaunggwainroutmaihu-aeraanbahobhan-pyaww Source: ရိုက်တာ

  • လုံခြုံရေးကင်းမဲ့နေသည့် ခရီးသွားလုပ်ငန်းကို ဘယ်လိုမြှင့်တင်မလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများကြောင့် လုံခြုံရေး ကင်းမဲ့နေသည့် ခရီးသွား လုပ်ငန်းကို ဘယ်လိုမြှင့်တင်မလဲ ဆိုသည့်အပေါ် ခရီးသွားလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများ မေးခွန်းထုတ်လျက်ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ခရီးသွား လုပ်ငန်းအနေဖြင့် ကရင်ပြည်နယ်၊ ကျိုက်ထီးရိုးနှင့် ဘားအံမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလော-အောင်ပန်း-တောင်ကြီး- အင်းလေးဒေသများ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်- ပုဂံညောင်ဦး- ပုပ္ပား စသည့် နေရာများတွင်သာ သွားလာ၍ ရနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ပုဂံနှင့် ပုပ္ပားဒေသ၌ ခရီးသွားများကို ပြန်ပေးဆွဲမှုများ မြင့်တက်လာနေခြင်းကြောင့် ပြည်တွင်းခရီးသွားများသည်ပင် သွားလာရန် စိုးရိမ်လာနေကြသည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/all-2/travel/38238-lonehkyuanrayykainnmaenaysany-hkareeswarrlotengaannko-bhaallomyahangtainmalell

  • ချယ်လ်ဆီးမှာ နေရာအတွက် တိုက်ပွဲဝင်ဖို့ ဂျက်ဆန်ဆန္ဒရှိ CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ် ဂျက်ဆန်ဟာ ချယ်လ်ဆီးအသင်းမှာ ဆက်နေပြီး ဒီရာသီ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေပါတယ်။ နီကိုလက်စ်ဂျက်ဆန်ဟာ ချယ်လ်ဆီးအသင်းအတွက် ကစားခဲ့တဲ့ ပထမဆုံး ၂ ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မနှစ်ကနွေရာသီမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ပက်ဒရိုနဲ့ ဒီလပ်တို့ ရောက်ရှိလာမှုကြောင့် ဘိုင်ယန်မြူးနစ်အသင်းထံ အငှားနဲ့ ထွက်ခွာခဲ့ရတာပါ။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-sport/38237-hkyaallseemhar-nayraraatwat-titepwalwainhphoet-gyetsaansandashi Source: Metro

  • မြန်မာက အာဆီယံကို အပြတ်ခွာဖို့ မဖြစ်နိုင်ဟု ပြော CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို လျစ်လျူရှုပြီး အိမ်နီးချင်းနှင့် မဟာမိတ်နိုင်ငံများအား ဦးစားပေးလျက် ရှိသော်လည်း အာဆီယံကနေ အပြတ်ခွာရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ ၎င်းက “မဟုတ်ဘူး ဒီလိုဒီလို အာဆီယံကိုလည်း သူက အပြတ်မခွာပါဘူး။ အာဆီယံ ကိုယ်စားလှယ်ကိုသာ သူက မလာနဲ့တော့ပြောတာ။ အာဆီယံကိုတော့ သူက အပြတ်မခွာပါဘူး။ ဘယ် သူတို့ မရမက ဝင်ထားရတဲ့ ဟာကြီး။ အာဆီယံကိုယ်စားလှယ် လာတယ်၊ သွားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေး တောင်းမယ်၊ တခြား အဖွဲ့အစည်းတွေနဲ့ တွေ့မယ်။ အဲဒီဟာကိုပဲ လက်မခံနိုင်တာလေ။ အာဆီယံထဲ သူတို့ပဲဝင်ပြီး ပြောစရာရှိ ပြော မယ်၊ ဆိုမယ်ဆိုတဲ့ဟာမျိုးပေါ့။ အာဆီယံကလည်း တကယ့်တကယ် သိပ် သွားရှိတာမှ မဟုတ်တာ။ အဲဒီတော့ နောက်ဆုတ်ပေးရမှာပဲ အာဆီယံကလည်း” ဟု ပြောသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38236-myanmark-aarseyanko-aapyathkwarhphoet-mahpyitninehu-pyaww

  • EAOs ၏ တောင်းဆိုချက်ကို ခြေ/ဥအရ အာမခံလျှင် ငြိမ်းချမ်းရေးရလာနိုင် CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs)များ တောင်းဆိုနေသည့် အချက်များကို ခြေ/ဥအရ အာမခံ ပေးနိုင်ခဲ့လျှင် ငြိမ်းချမ်းရေး ရလာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။ လက်ရှိ နိုင်ငံရေး အကျပ်အတည်းနှင့် မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေများအရ ဤနည်း လမ်းသည် အားလုံးလက်ခံနိုင်သော ငြိမ်းချမ်းရေးကို အာမခံနိုင်ခြင်း ရှိ/မရှိအပေါ် ရှုမြင်သုံးသပ်ချက်များ ကွဲပြား လျက်ရှိကြောင်းလည်း ထောက်ပြကြသည်။ Websiteတွင်ဖတ်ရှုရန်.............https://cnimyanmar.com/political-2/politics-local/38208-eaos-eat-taunggsohkyetko-hkyay-uaar-aarmahkanshin-ngyaaimhkyamrayyralarnine

  • ကစားသမားသစ်တွေ ခေါ်ယူဖို့လိုအပ်တယ်လို့ ကာရစ် ပြော CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က နွေရာသီ အပြောင်းအရွှေ့ မပိတ်မီ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်တယ်လို့ အသင်းကို ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လိဒ်စ်အသင်း ဂိုးသမားဟောင်း ဒါလို၊ ချယ်လ်ဆီး အသင်းက အန်ဒရေဆန်းတို့စ်နဲ့ အက်စတွန်ဗီလာအသင်းက တီလီမန်စ်တို့ကို ခေါ်ယူထားပြီး နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာပါ။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-sport/38235-kahcarrsamarrsaittway-hkawyuuhphoetloaauttaallhoet-karrait-pyaww Source: ESPN

  • ကက်ရှ်မီးယားအရေး ပါကစ္စတန် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ CNI International News အစ္စလာမာဘတ်၊ ဩဂုတ် ၁၄ ပါကစ္စတန်နိုင်ငံသည် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် ဩဇာအာဏာ သက်ရောက်ရေး အတွက် ယခင်က မကြုံဖူးသေးသည့် စိန်ခေါ်မှု တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။ ထိုဒေသ၌ အကြမ်းဖက် ဆန္ဒပြမှုများနှင့် ရွေးကောက်ပွဲ သပိတ်မှောက်မှုများကြောင့် ဒေသတွင်း ရွေးကောက်ပွဲများ အနှောင့်အယှက် ဖြစ်ခဲ့ရပြီး ကက်ရှ်မီးယား ဒုက္ခသည်များ၏ နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ကာလရှည်ကြာ ဖြစ်ပွားနေသော အငြင်းပွားမှုကို ပိုမို ပြင်းထန်လာစေခဲ့သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38234-kaatshmeeyarraarayy-parkahchcataan-hceinhkawmhumyarrhpyang-rainsinenayr Source: Nikkei Asia

  • အိုစီမန်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း ဆွေးနွေး CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ အာဆင်နယ်အသင်းဟာ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုစီမန်ကို ခေါ်ယူဖို့ ဂါလာတာစာရေးအသင်းနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်နေတယ်လို့ The Telegraph က ဖော်ပြထားပါတယ်။ အိုစီမန်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က နာပိုလီအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်ထံလာဖို့ နီးစပ်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-sport/38232-aohcemaanko-hkawyuuhphoet-aarsainnaalaasainn-swaynway Source: Metro

  • အမေရိကန်ဒရုန်းစက်ရုံ တည်ဆောက်ရေး ထိုင်း စဉ်းစားနေ CNI International News ဘန်ကောက်၊ ဩဂုတ် ၁၄ ထိုင်းနိုင်ငံအတွင်း ဒရုန်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးအတွက် အမေရိကန်၏ အဆိုပြုချက်ကို လေ့လာ သုံးသပ်နေဆဲဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ်ကြီး ဆူရာဆန့် ကွန်ဆီရီ (Surasant Kongsiri)က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းအစိုးရသည် အမေရိကန်အား နိုင်ငံအတွင်း ဒရုန်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ခွင့် ပေးလိုက်ပြီဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ရှင်းလင်းသည့် အနေဖြင့် ဆူရာဆန့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/political-2/politics-local/38231-aamayrikaandaronehcaatrone-taisoutrayy-htine-hcainhcarrnay Source: The Nation

  • ရေဘေးသင့်ဒေသရှိ တောင်သူများ အခက်အခဲများရှိနေ CNI News ၂၀၂၆ ခုနှစ်၊ သြဂုတ် ၁၄ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများ ပြီးဆုံးသွားသည့်တိုင် ရေဘေးသင့်ဒေသများရှိ တောင်သူများသည် အခက်အခဲ အကျပ်အတည်းများ ဆက်လက် ရှိနေနိုင်သေးသည်ဟု တောင်သူ လယ်သမားများနှင့် ဒေသခံပြည်သူများက ထောက်ပြကြသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး ‌လေးမျက်နှာမြို့နယ်တွင် ငဝန်ရေကာတာ တာတမံ ပျက်စီးမှုကြောင့် နီးစပ်ရာ မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၃၀ ကျော် ရေနစ်မြုပ်နေသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-business/38213-raybhayysangdaysashi-taungsuumyarr-aahkaataahkellmyarrshinay

  • အိန္ဒိယသည် ပြင်သစ်၏ တိုက်လေယာဉ်နည်းပညာကို မျက်စိကျနေ CNI International News နယူးဒေလီ၊ ဩဂုတ် ၁၄ အိန္ဒိယသည် ပြင်သစ်၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းနေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။ အိန္ဒိယသည် အဆင့်မြင့် လေယာဉ်နည်းပညာမှအစ အနာဂတ် တိုက်ခိုက်ရေးစနစ်များ ဒီဇိုင်းထွင်ခြင်းနှင့် တည် ဆောက်ခြင်းဆိုင်ရာ စက်မှုလုပ်ငန်းများအထိ အနာဂတ် လေကြောင်းစစ်ဆင်ရေး အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် ရည်မှန်းနေသည်။ Websiteတွင်ဖတ်ရှုရန်..........https://cnimyanmar.com/political-2/politics-local/38230-aindiyasai-pyinsaiteat-titelayyarinnaeepanyarko-myethcikyanay Source: South China Morning Post

  • မြန်မာက အာဆီယံကနေထွက်လျှင် ဘာတွေ ဆုံးရှုံးနိုင်လဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ အာဆီယံအဖွဲ့ဝင်နိုင်ငံမှ မြန်မာနိုင်ငံအနေဖြင့် နုတ်ထွက်မည်ဆိုပါက စီးပွားရေးအပေါ် မည်သည့် သက်ရောက် မှုများ ရှိလာနိုင်လဲဆိုသည့်အပေါ် စီးပွားရေးနှင့်နိုင်ငံရေးအသိုင်းအဝိုင်းကြား မေးခွန်းထုတ်မှုများ ရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း အာဆီယံအထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းခဲ့ သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် အစိုးရ တာဝန်ယူနေပြီ ဖြစ်သည့်အတွက် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး ကိစ္စရပ်များကို မလိုအပ်တော့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ Websiteတွင်ဖတ်ရှုရန်...........https://cnimyanmar.com/political-2/politics-local/38214-myanmark-aarseyankanayhtwatshin-bhartway-soneshoneninelell

  • အာဆီယံတူညီဆန္ဒ ၅ ရပ်ကို မြန်မာစွန့်လွှတ်လိုက်ပြီလား CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ မြန်မာဘက်က အာဆီယံအထူးကိုယ်စားလှယ်အသစ်၏ အခန်းကဏ္ဍ မလိုအပ်တော့ကြောင်း တုံ့ပြန် လိုက်ခြင်းက အာဆီယံတူညီဆန္ဒ ၅ ရပ်ကို စွန့်လွှတ်လိုက်ပြီလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၈ ရက်က နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏ အခန်းကဏ္ဍမှာ ဆက်လက် လိုအပ်ခြင်း ရှိမည်မဟုတ် ကြောင်း ထုတ်ပြန်ခဲ့သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38207-aarseyantuunyesand-5-rautko-myanmarhcwnlwhaatlitepyelarr

Channel News Independent(CNI) — tgindex