tgindex
Yangon Media Group

Yangon Media Group

Статистика

The Official Yangon Media Group Channel owned by YMG.

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
64
Всего постов
74
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
10 475
−18 за 5 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
296
40 постов
Вовлечённость
2,8%
к подписчикам
Постов в день
9,1
всего 74
Упоминаний
4
каналов
Охват размещения
по 17 постам
1/24сутки в ленте
445
1/48двое суток
509
1/72трое суток
548

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • #World_Health မကောင်းသောကိုလက်စထရောလျှော့ချနိုင်မည့် FDAအသိအမှတ်ပြုတစ်နေ့တစ်ကြိမ်သောက်ဆေး +++++++++++++++++++++ Published 15 August 2026 ■ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က မကောင်းတဲ့ ကိုလက်စထရော(LDL-C) လျှော့ချရန်အတွက် လစ်ဖန်ဒရာသောက်ဆေးပြားကို တစ်နေ့တစ်ကြိမ် သောက်သုံးရန် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ■ ယခင်က ထိုးဆေးများဖြင့်သာ ကုသနိုင်ခဲ့တဲ့ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးရန် ထုတ်လုပ်ထားတဲ့ ပထမဆုံးသောက်ဆေး ဖြစ်ပါတယ်။ ■ ဒီဆေးက ကိုလက်စထရော မြင့်မားနေသူများနဲ့ မျိုးရိုးလိုက် ကိုလက်စထရော လွန်ကဲတဲ့ရောဂါ(HeFH)ရှိတဲ့ လူကြီးများအတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့အပြင် ပူးတွဲသုံးစွဲရန် ဖြစ်ပါတယ်။ ■ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးပေးခြင်းဖြင့် အသည်းမှ သွေးအတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောများကို ပိုမိုဖယ်ရှားပေးနိုင်ပါတယ်။ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh04-15-8-2026

  • Digital Smart မီတာအသစ်များ‌လျှောက်ထားခြင်းအတွက် အသုံးပြုနည်းလမ်းညွှန်ချက်

  • #World_Science သက်တမ်းနှစ်ပေါင်း(၃)ထောင်ခန့်ရှိသောလူရုပ်ကြွင်းများအား အယ်ဆာဗေးဒိုး၌တွေ့ရှိ +++++++++++++++++++++ Published 15 August 2026 ■ အယ်ဆာဗေးဒိုးနိုင်ငံမှာ ဘီစီ ၈၅၀ ခန့်က လူရုပ်ကြွင်းများကို ဇူလိုင် ၂၁ ရက်နေ့မှာ တူးဖော်တွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ ■ သက်တမ်းနှစ်ပေါင်း ၃ ထောင်နီးပါးရှိပြီလို့ ယူဆရတဲ့ ရုပ်ကြွင်းများကို ဆန်ဆာဗေးဒိုးမြို့ ဆင်ခြေဖုံးဒေသ အန်တီဂိုကော့စ်ကတ်လန်ရှိ မြှုပ်နှံရာနေရာတစ်ခု မီးတောင်ပြာလွှားများအောက်မှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ■ မီးတောင်ပြာလွှာများကြောင့် အရိုးစုနဲ့ ပတ်ဝန်းကျင်ရှိ ရောဂါမကူးစက်နိုင်တဲ့ သဘာဝပစ္စည်းများကို ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခံအောင် ထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။ ■ လူရုပ်ကြွင်းများနဲ့အတူ ပင်လယ်လိပ်ပုံသဏ္ဍာန်ရှိတဲ့ Usulutan ပုံစံမြေထည်အိုးတစ်လုံးကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ■ အရိုးစုကို မှောက်လျက်အနေအထား မြှုပ်နှံထားတာကို တွေ့ရှိရသဖြင့် သုတေသီများက ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh03-15-8-2026

  • ❗️❗️❗️❗️❗️ ၁၅ ဩဂုတ် ၂၀၂၆ အနိုင်မယူ ဖန်တီးနိုင်စွမ်းရှိသော သူတစ်ယောက်သည် အခြားသူများကို အနိုင်ယူလိုသော ဆန္ဒကြောင့်မဟုတ်ဘဲ၊ အောင်မြင်လိုသော ဆန္ဒကြောင့်သာ ကြိုးစားလုပ်ဆောင်ရန် စိတ်အားထက်သန်တတ်သည်။ အိုင်းန်း ရန်းဒ် ရုရှား-အမေရိကန် စာရေးဆရာမနှင့် ဒဿနိကဗေဒပညာရှင်

  • 😀😀😀😀 အင်ဒိုနီးရှား အရှေ့ပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန် ယနေ့ စနေနေ့ (သြဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ် (Flores) ကျွန်းအနီးတွင် ပြင်းအား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) နှင့် အင်ဒိုနီးရှား အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ အင်ဒီး (Ende) မြို့၏ အနောက်မြောက်ဘက် ၆၈ ကီလိုမီတာခန့်အကွာ ဖလောရက်စ်ကျွန်း မြောက်ဘက်ကမ်းလွန်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါငလျင်သည် မြေအောက်အနက်ပိုင်း သိပ်မနက်သော နေရာ (Shallow quake) ကို ဗဟိုပြုခဲ့ခြင်းဖြစ်သည်။ ငလျင်ပြင်းအား ကြီးမားသည့်အတွက် ဆူနာမီ (Tsunami) အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပြီး၊ လက်ရှိအချိန်တွင် ဒေသခံ ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည်။

  • ❗️❗️❗️ ၁၅ ဩဂုတ် ၂၀၂၆ အတိုမကြည့်ပါနဲ့ အရှည်ကြည့် 🙏🙏🙏🙏🙏 သံသရာဆိုတာ နိဗ္ဗာန်အထိ သွားရမည့် ခန္ဓာအစဉ်ကို ခေါ်တယ်၊ ထို ခရီးအရှည်ကို ကြည့်တတ်ရင်တစ်ခါတစ်ခါ ကြုံတွေ့ ရတဲ့ အဖြစ်အပျက်တွေဟာ အဆန်းမဟုတ်တော့ဘူး၊ ခရီးစဉ် မပျက်အောင် သွာတတ်တဲ့ အသိဉာဏ်သာ အရေးကြီးတယ်၊ တစ်ဘဝလေး တစ်ခဏလေးမကြည့်နဲ့, နိဗ္ဗာန်အထိ သံသရာဘဝ အရှည်ကြီးကိုကြည့်ပါ။ အရှင်ဇနကာဘိဝံသ

  • #Local_News Digital Smart မီတာအသစ် လျှောက်ထားရာတွင် ပေးသွင်းရမည့်နှုန်းထားများကို အသိပေးကြေညာ ++++++++++++++++ Published 14 August 2026 လျှပ်စစ်မီတာမရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် Digital Smart မီတာအသစ်များကို Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး ပေးသွင်းရမည့် သတ်မှတ်ကြေးနှုန်းထားများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ Digital Smart မီတာအသစ်များ လျှောက်ထားရာတွင် ကြားခံပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေရန်၊ လျှောက်ထားသူများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ ဩဂုတ် ၁၅ ရက်မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်သည်။ ______ ReadMore>>>https://www.facebook.com/share/p/1W1kgpThkq/

  • အင်အားပြင်းငလျင်ဒဏ်ကြောင့် ဂျပန်အဓိကထုတ်လုပ်ရေးပစ္စည်းစက်ရုံများလုပ်ငန်းထိခိုက် ဇူလိုင် ၂၈ ရက်နေ့က ဂျပန်နိုင်ငံ ကူမာမိုတိုမြိုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၁ အဆင့်ငလျင်ကြောင့် ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံများ လုပ်ငန်းရပ်ဆိုင်းထားရပါတယ်။ #Asia_Disaster Published 14 August 2026 #ငလျင် #ဂျပန် #YMG #Yangon_Times #Yangon_Media_Group WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh11-14-8-2026

  • #Daily_News TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ်(တိုက်ရိုက်) Published 14 August 2026 ၁။‌ အွန်လိုင်းမှလျှောက်ထားနိုင်သည့် လျှပ်စစ်မီတာသစ်များအတွက်နှုန်းထားများသတ်မှတ် ၂။ ‌‌စစ်ကိုင်းတွင်စိုက်ပျိုးမြေဧက(၅)သောင်းကျော် ရေကြီးနစ်မြုပ် ၃။‌‌‎ MSME လုပ်ငန်းများအတွက်ချေးငွေများ ထုတ်ချေးပေးမည် ၄။‎ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဂျပန်အဓိကထုတ်လုပ်ရေးပစ္စည်းစက်ရုံများလုပ်ငန်းထိခိုက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh10-14-8-2026

  • အွန်လိုင်းမှလျှောက်ထားနိုင်သည့် လျှပ်စစ်မီတာသစ်များအတွက် နှုန်းထားများသတ်မှတ် လျှပ်စစ်မီတာအသစ် တပ်ဆင်အသုံးပြုလိုသူတွေအနေနဲ့ လျှပ်စစ်မီတာအသစ်လျှောက်ထားရာမှာ ကြားခံပွဲစားတွေမပါဝင်ဘဲ Website ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပြီး မီတာအမျိုးအစားနဲ့ ဝန်အားအလိုက်ပေးသွင်းရမယ့် နှုန်းထားတွေကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတ်မှတ်အသိပေးထားပါတယ်။ #Local_News Published 14 August 2026 #လျှပ်စစ်မီတာ #အွန်လိုင်း #YMG/SW #Yangon_Times WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh15-14-8-2026

  • စစ်ကိုင်းတွင် စိုက်ပျိုးမြေဧက(၅)သောင်းကျော် ရေကြီးနစ်မြုပ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး စိုက်ပျိုးမြေဧက ငါးသောင်းကျော် ရေကြီးနစ်မြုပ်ခဲ့တယ်လိုစစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက ဩဂုတ်(၁၂)ရက်နေ့က ထုတ်ပြန်ထားပါတယ်။ #Local_News Published 14 August 2026 #စစ်ကိုင်းတိုင်းဒေသကြီး #ရေကြီးရေလျှံ #YMG/NN #Yangon_Times WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh14-14-8-2026

  • MSME လုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးပေးမည် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာစေဖိုအတွက် MSME လုပ်ငန်းရှင်တွေကို ချေးငွေတွေထုတ်ချေးပေးသွားမယ်လို့ နိုင်ငံပိုင်သတင်းစာကတဆင့် ယမန်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်။ #Local_News Published 14 August 2026 #MSME #ချေးငွေ #YMG/SW #Yangon_Times WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh13-14-8-2026

  • без подписи

  • #Local_News ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိသော ရန်ကုန်မှပြန်လာသည့် ကျိုက္ခမီမြို့သူ ဆေးကုသမှုခံယူ ၊ မိသားစု ၉ ဦးကိုလည်း ကျန်းမာရေးဌာနမှ ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ Quarantine ထားရှိ ++++++++++++++++++++++++++++++++ Published 14 August 2026 ■ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်မှ ပြန်လာသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးထံမှ ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းနှင့်ထိတွေ့ခဲ့သည့် ကျိုက္ခမီမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၉ ဦးကို ကျန်းမာရေးဌာနမှ ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ Quarantine ထားရှိကြောင်း သိရသည်။ ■ ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းနေ အသက် ၅၉ နှစ်အရွယ် ဒေါ်ဌေးမွန်သည် မကြာခဏ ဝမ်းသွားနေသဖြင့် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh08-14-8-2026

  • 14 авг.1 74642

    ရန်ကုန်ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောအတွက်သတ်မှတ်ထားသည့် စံနှုန်းအတိုင်း ပြင်ဆင်ကုသပေးနေ ရန်ကုန်ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောအတွက် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပြင်ဆင်ကုသပေးနေတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးကပြောပါတယ်။ #Local_News Published 14 August 2026 #ရန်ကုန်ဆေးရုံကြီး #ဝမ်းပျက်ဝမ်းလျှော #YMG/NN #Yangon_Times WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh12-14-8-2026

  • без подписи

  • без подписи

  • без подписи

  • без подписи

  • #Local_News ငဝန်တာ တာတမံနိမ့်ကျမှုဖြစ်သည့်နေရာတွင် ရေအောက်ချထားသည့် Geo bag များပေါ်သို့ သဲအိတ်များဖို့ခြင်း၊ သဲအိတ်များဖြည့်ခြင်းကို ဆောင်ရွက်လျက် +++++++++++++++++++++++++++++++ Published 14 August 2026 ■ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ■ တာတမံနိမ့်ကျသည့်နေရာတွင် ရေအောက်ချထားသည့် Geo bag များပေါ်သို့ သဲအိတ်များဖို့ခြင်း၊ သဲအိတ်များဖြည့်ခြင်းနှင့် Sheet pile များ၏ နောက်ဘက်တွင် လူအင်အားဖြင့် သဲအိတ်များဖို့ခြင်း၊ ဖြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh07-14-8-2026