tgindex
Popular Journal

Popular Journal

Статистика

https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
192
Всего постов
192
Тип
открытый
Язык
my
Категория
Видео
В каталоге с
13 авг.
Подписчики
26 722
−55 за 4 дн.
Сутки
−29
−0,11%
Неделя
 
Месяц
 
Просмотров на пост
556
40 постов
Вовлечённость
2,1%
к подписчикам
Постов в день
27,4
всего 192
Упоминаний
13
каналов
Охват размещения
оценка
1/24сутки в ленте
502
1/48двое суток
575
1/72трое суток
620

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း နေပြည်တော်၊ ဩဂုတ် ၁၅ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ကို မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လှူဒါန်းပစ္စည်းများနှင့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ထို့နောက် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

  • “ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိလွှတ်ပေးရန်” တောင်းဆိုမှုသည် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံမူများအပေါ် သက်ရောက်မှုရှိဟု မြန်မာသံရုံး တုံ့ပြန် ဝါရှင်တန်၊ ဩဂုတ် ၁၅ ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုမှုသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာတရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း မြန်မာသံရုံး (ဝါရှင်တန်) က ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဩဂုတ် ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း X လူမှုကွန်ရက်၌ ဖော်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဒေါ်အောင်ဆန်းစုကြည်အာ/

  • YBS ယာဉ်စီးခများ စက်တင်ဘာ ၁ ရက်မှစတင်ကာ ကျပ် ၆၀၀ ပြောင်းလဲကောက်ခံမည် ရန်ကုန်၊ ဩဂုတ်-၁၅ ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။ စက်တင်ဘာလ ၁ ရက်ကစပြီး ကားခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ " မြို့ထဲက ၂၀၀ ကို ၃၀၀၊ ၄၀၀ ကို ၆၀၀ ပါ။ ယာဉ်ပြင်ဆင်စရိတ်တွေ များလို့လေ။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်။ ယာဉ်ပြင်စရိတ်တွေ တက်တော့ ကားတွေက မပြင်နိုင်တော့ ယာဉ်ထွက်နည်းတာပေါ့။ အရင်တုန်းက ကားအစီးရေ ၄,၀၀၀ လောက် ထွက်တာ၊ အခုက ၃,၂၀၀၊ ၃,၃၀၀ အဲလောက်ပဲ ထွက်နိုင်တယ်၊ အဲဒါကြောင့်။ အဲဒါ ယာဉ်တွေ ပုံမှန် ပြန်ထွက်နိုင်အောင် ဒီလို ပြင်ဆင်စရိတ်တွေ ကာမိအောင်ပါ" ဟု YRTC မှအတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ybs-ယာဉ်စီးခများ-စက်တင်ဘာ-၁/

  • SKD စနစ်ဖြင့် EV (၂)ဘီး၊ (၃)ဘီးထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုခွင့်ပြု SKD စနစ်ဖြင့် EV (၂)ဘီး၊ (၃)ဘီးထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ စက်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၂)ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခု၊ ဝန်ဆောင်မှုကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၂)ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၃) ခု၊ အိမ်ရာအဆောက်အအုံတည် ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁)ခုတို့ကိုခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အ ကောင်အထည်ဖော်တည်ဆောက်ရောင်းချငှားရမ်းခြင်းလုပ်ငန်း၊ နေ ရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် ကုန်တင်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ် ငန်း၊ SKD စနစ်ဖြင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပလတ်စတစ်ပြားနှင့် ပလတ်စတစ်ဘူးခွံအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကိုလည်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။   အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၄၀ ဒသမ ၄၇၄)သန်းနှင့် ငွေကျပ် (၁,၁၇၈,၇၃၁ ဒသမ ၉၂၅)သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃,၃၃၆)ဦးအလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း သိရသည်။

  • SKD စနစ်ဖြင့် EV (၂)ဘီး၊ (၃)ဘီးထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုခွင့်ပြု

  • လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် လမ်းများကိုပြင်ဆင်ပေး ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်အတွက် ရေဘေးကယ်ဆယ်ရေးယာဥ်များသွားလာမှုအဆင်ပြေစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြင် ဆင်ပေးလျက်ရှိကြောင်း သိရသည်။ တလုတ္တော်-လေးမျက်နှာလမ်း၊ ဟင်္သာ တ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင -ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းဦးစီးဌာနမှ ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားလာသော ဟင်္သာတ- ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင- ခြောက်ရွာ-ကျွဲသောင်လမ်းအား လမ်းဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့် ကြီးကြပ်ရေးအဖွဲ့တို့မှ အင်ဂျင်နီယာများ၊ အ လုပ်သမားများက ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ရေကြီးရေလျှံမှုကြောင့် ကားလမ်းများပေါ်တွင် ချိုင့်ပေါက်ကြီးများဖြစ်ပေါ်နေသဖြင့် ရေပြန်လည်ကျဆင်းသွားချိန်တွင် ကျောက်ဖြည့်သဲညှပ်၍ ယာယီလမ်းပေါက်ဖာထေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ Photo-ဧရာဝတီတိုင်းအစိုးရ

  • ​အင်ဒိုနီးရှားမှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်လှုပ်ခတ် ​ဒီနေ့ စနေနေ့ အစောပိုင်းက အင်ဒိုနီးရှားမှာ ပြင်းအား ၇.၇ ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ဆိုပါတယ်။ ​အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က အစပိုင်းမှာ ဆူနာမီလှိုင်းတွေ ဝင်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် အခုတော့ အဲဒီသတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ​အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက လတ်တလောအတည်ပြုထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း နေရာအနှံ့အပြားကို စေလွှတ်ထားပါတယ်။ ကမ်းရိုးတန်းတစ်လျှောက်က ဒေသတချို့မှာ နေထိုင်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။ ​ဒေသခံ ဖခင်တစ်ဦးကတော့ သူ့ရပ်ကွက်ထဲက လူတွေအားလုံး "လန့်ဖျပ်ပြီး တောင်ကုန်းတွေပေါ်ကို ပြေးတက်ခဲ့ကြတယ်" လို့ BBC ကို ပြောပြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်ပြီး အပျက်အစီးတွေ ထပ်ဖြစ်လာမှာကိုလည်း သူတို့ အရမ်းစိုးရိမ်နေကြပါတယ်။ ​အခုလှုပ်သွားတဲ့ မြေပြင်နဲ့ သိပ်မနက်တဲ့ ငလျင်ရဲ့ ဗဟိုချက်က ဖလောရက်စ် (Flores) ကျွန်းရဲ့ မြောက်ဘက်ကမ်းလွန်မှာ ဖြစ်ပါတယ်။ ​အင်ဒိုနီးရှား ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ (SAR) ရဲ့ အပြောအရ အဲဒီ ပြင်းအား ၇.၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး အသက် ၅၄ နှစ်အရွယ် အမျိုးသမီး သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။ "နောက်ထပ် လူနှစ်ယောက်လည်း ဒဏ်ရာရထားပါတယ်" လို့ Maumere ကယ်ဆယ်ရေးရုံးရဲ့ အကြီးအကဲ Fathur Rahman က ပြောပါတယ်။ ​ငလျင်ဒဏ်ခံရတဲ့ နေရာအတော်များများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။

  • 👉ဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်ရေကာတာ ကြံ့ခိုင်ရေး မပြတ်စောင့်ကြည့်ရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား 👉ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်း 👉မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး 👉အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း 👉အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထား၊ ၂၄ နာရီ အကူအညီတောင်းခံနိုင် 👉ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသည့် ဗေဒါပင်များကိုရှင်းလင်း 👉ဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အမှတ် (၁) လေတပ်စခန်းသို့ ပျံသန်းသွားရောက်ခဲ့ပြီး F-16 တိုက်လေယာဉ် ၃ စင်းက ခြံရံလိုက်ပါခဲ့ 👉ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင် 👉မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ 👉မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့် သတ်မှတ်ထား 👉မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည် 👉တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲမည်

  • 🌏🌏 14.8.2026 သတင်းအပြည့်အစုံ 🌏🌏 👉​ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ 👉ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ် ၁၈၀ ဝန်းကျင် ပြန်ကျ 👉မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး 👉တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့တွင် ငွေစာရင်းနှင့်ပတ်သက်သည့် သုံးသပ်ချက်ကိုတင်ပြဆွေးနွေးမည် 👉USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး 👉မြန်မာ-ဗီယက်နမ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး 👉အမြန်လမ်း ၁၁၅ မိုင် DENKO ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ် ကောက်ရထား၊ ပိုင်ရှင်လာရောက်ဆက်သွယ်နိုင် 👉အီရန် New Development Bank သို့ မကြာမီ ဝင်ရောက်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော 👉ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည်

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆိုတင်သွင်းမှုကို ပြည်နယ်လွှတ်တော်အတည်ပြု ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)၌ ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။ " ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေရာများနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများတပ်ဆင်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်"အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်လ(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီလှိုင်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကရင်ပြည်နယ်ရှိ-မြို့မျာ/

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

Popular Journal — tgindex