- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 109
- Всего постов
- 109
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 857
- 1/48двое суток
- 2 128
- 1/72трое суток
- 2 295
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ရေဘေးသင့်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးနှင့်ဆေးပစ္စည်း ကျပ်သိန်း ၃၇၀၀ ကျော်ဖိုး လှူဒါန်း 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟓》 မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဆေးနှင့်ဆေးပစ္စည်းများ၊ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်၍ လှူဒါန်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက ရေဘေးသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အထောက်အကူပြုနိုင်ရန် ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများ လှူဒါန်းရခြင်း 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-15-16
ကျောင်းသားများ ဗဟုသုတတိုးပွားစေရေး စာကြည့်တိုက်အသုံးချမှုနှင့် ဘဝကျွမ်းကျင်မှုသင်ကြားရေး အလေးထားရန် ပညာရေးဝန်ကြီး မှာကြား 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟓》 ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ကျောင်းစာကြည့်တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားကျောင်းသူများ ဖတ်ရှုလေ့လာနိုင်မည့် စာပေများ စနစ်တကျထားရှိပေးရန်နှင့် စာကြည့်တိုက်ချိန်များတွင် ဗဟုသုတတိုးပွားစေမည့် စာပေများကို အမှန်တကယ် ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ သြဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စာကြည့်တိုက်ဆောင်ရွက်ရန် အခက်အခဲရှိသည့် ကျောင်းများတွင် စာကြည့်တိုက်ချိန်အတွင်း အတန်းပိုင်ဆရာ၊ ဆရာမများက မြန်မာ့သမိုင်း၊ အထင်ကရခေါင်းဆောင်ကြီးများအကြောင်းနှင့် မြန်မာ့ပထဝီဝင်ဆိုင်ရာ ဗဟုသုတများကို ကျောင်းသားများအား မျှဝေပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ အလားတူ ကျောင်း.. 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-15-15
MIC အစည်းအဝေးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၄ ခု ခွင့်ပြု၊ အလုပ်အကိုင် ၃၃၀၀ ကျော် ဖန်တီးပေးနိုင်မည် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟓》 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အဆိုပါခွင့်ပြုချက်များမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ၃၃၃၆ ခု ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းနှင့် မြန်မာကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်း ရှိကြောင်း သိရသည်။ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆ ခု၊ ဝန်ဆောင်မှုကဏ္ဍမှ လုပ်ငန်းအသစ် ၂ ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍမှ လုပ်ငန်းအသစ် ၃ ခုနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍမှ လုပ်ငန်းအသစ် ၁ ခု ပါဝင်သည်။ အဓိကအားဖြင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ... 𝗥𝗲𝗮𝗱 𝗠𝗼𝗿.. https://telegra.ph/Myanmar-Hard-Talk-08-15-14
ရခိုင်မှ နေရပ်စွန့်ခွာသူ ၄၂၆,၅၄၅ ဦး စိစစ်ပြီး ၃၀၈,၇၉၇ ဦးတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟓》 ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့ထားသည့် နေရပ်စွန့်ခွာသူစာရင်း ၈၂၈,၈၂၄ ဦးအနက် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ၄၂၆,၅၄၅ ဦးအား စိစစ်ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ စိစစ်မှုများအရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈,၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄,၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိရသူ ၁၁၃,၅၀၇ ဦးတို့ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အမှန်တကယ်နေထိုင်ခဲ့သူများကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စိစစ်ပြီးသူများအား ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက ညှိနှိုင်း၍ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံကို 👇 https://telegra.ph/Myanmar-Hard-Talk-08-15-13 တွင် မူရင်းအတိုင်း ဖော်ပြထားပါသည်။ #mhtnews
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ဘယ်လာရုစ် Belaya Rus ပါတီဥက္ကဋ္ဌအား သီးခြားစီလက်ခံတွေ့ဆုံ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟓》 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများတွင် ယမန်နေ့က သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်၏ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များအပြင် မဲဆန္ဒနယ်များအလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များကို မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းတို့မှတစ်ဆင့် ပြည်သူ့ဆန္ဒများ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်က ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်.... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-15-12
MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)သံတမန်နေအိမ်မှဖယ်ပေးဖိုငြင်းဆန်တဲ့အင်္ဂလန်သံအမတ်ပြုတ်ဦးကျော်စွာလင်းလမ်းအမှု၊ (၂)ဂျပန်-ရုရှားနယ်မြေပိုင်ဆိုင်မှုအငြင်းပွါးမှုကိုသုံးသပ်ခြင်း၊ (၃)မြန်မာမှာနိူင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖိုမှတ်ချက်ပေးတဲ့အမေရိကန်သံအမတ်၊ စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews
MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)သံတမန်နေအိမ်မှဖယ်ပေးဖို့ငြင်းဆန်တဲ့အင်္ဂလန်သံအမတ်ပြုတ်ဦးကျော်စွာလင်းလမ်းအမှု့၊ (၂)ဂျပန်-ရုရှားနယ်မြေပိုင်ဆိုင်မှု့အငြင်းပွါးမှု့ကိုသုံးသပ်ခြင်း၊ (၃)မြန်မာမှာနိူင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့မှတ်ချက်ပေးတဲ့အမေရိကန်သံအမတ်၊ စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews
YBS ယာဉ်စီးခနှုန်းထားများ စက်တင်ဘာ ၁ ရက်မှ စတင်တိုးမြှင့်ကော်ခံမည် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 ယာဉ်အပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူစရိတ်မြင့်တက်လာခြင်း၊ ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်များ တိုးမြင့်လာခြင်းတို့ကြောင့် YBS ယာဉ်စီးခနှုန်းထားများကို စက်တင်ဘာ ၁ ရက်မှစတင်ကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထားသည်။ YRTC ၏ ထုတ်ပြန်ချက်အရ လက်ရှိ ၂၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၃၀၀ ကျပ်သို့လည်းကောင်း၊ ၄၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၆၀၀ ကျပ်သို့လည်းကောင်း ပြောင်းလဲကောက်ခံမည်ဖြစ်သည်။ YPS ကတ်ဖြင့် စီးနင်းမှုများကိုလည်း ယင်းနှုန်းထားများအတိုင်း တပြိုင်နက်တည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ စာရင်းရှိယာဉ် ၅,၃၉၉ စီးရှိသော်လည်း နေ့စဉ်ပြေးဆွဲနိုင်သည့် ယာဉ်မှာ ၃,၃၀၀ စီးခန့်သာရှိကြောင်း သိရသည်။ ယာဉ်များအနက် အသေးစားပြုပြင်ရန် လိုအပ်သည့်ယာဉ် ၁,၀၂၄ စီး၊ အလတ်စားပြုပြင်ရန်လိုအပ်သည့်ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ရန်လိုအပ်သည့် 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-14-26
без подписи
без подписи
POSCO Co.,Ltd မှ ညောင်တုန်းမြို့နယ် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဖိုက်ဘာစက်လှေ လှူဒါန်း 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် POSCO Co.,Ltd က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်အရ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဖိုက်ဘာစက်လှေတစ်စီးကို လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲကို ဩဂုတ် ၁၃ ရက် ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာအုပ်စုရှိ ရေနံဆိပ်ကမ်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လှူဒါန်းသည့် ဖိုက်ဘာစက်လှေမှာ အလျား ၄၀ ပေ၊ အနံ ၆ ပေရှိပြီး တရုတ်နီအင်ဂျင် ၂၅ ကောင် တပ်ဆင်ထားကာ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိသည်ဟုဆိုသည်။ POSCO Co.,Ltd ကိုယ်စား လှူဒါန်းသည့် စက်လှေကို မြို့နယ်သဘာဝဘေးကော်မတီထံ ပေးအပ်ခဲ့ရာ ညောင်တုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးဇော်မိုးဝင်းက လက်ခံရယူခဲ့ပြီး မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်က ဂုဏ်ပြုမှတ်တမ်းလွှာ 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-14-25
ဘန်ကောက်တွင် ဂျပန်ခရီးသွားအား တိုက်ခိုက်လုယက်ခဲ့သည့် လူငယ် ၇ ဦး ဖမ်းဆီးခံရ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မက္ကဆန် (Makkasan) Airport Rail Link ဘူတာအနီးတွင် ဂျပန်နိုင်ငံသား ခရီးသွားတစ်ဦးအား တိုက်ခိုက်ကာ ငွေကြေးလုယူခဲ့သည်ဟု သံသယရှိသည့် အသက်မပြည့်သေးသော လူငယ် ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် ညပိုင်းက အသက် ၄၃ နှစ်အရွယ် ဂျပန်ခရီးသွားတစ်ဦးသည် Makkasan Airport Rail Link ဘူတာသို့ သွားရောက်ရန် လမ်းရှာဖွေနေစဉ် လမ်းမှားကာ Asok-Din Daeng လမ်းကြားရှိ အများပြည်သူပိုင် ဥယျာဉ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် ၇ ဦးက ခရီးသွားထံ ချဉ်းကပ်ကာ ငွေတောင်းခဲ့ကြောင်း သိရသည်။ ခရီးသွားက ငြင်းဆန်ခဲ့ပြီးနောက် လူငယ်များက လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ရိုက်နှက်ခြင်းများ ပြုလုပ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် ဂျပန်ခရီးသွားမှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ခရက်ဒစ်ကတ်လည်း ပျောက်ဆုံး.. 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-14-24
အိန္ဒိယ Uttarakhand ပြည်နယ်ရှိ ဥမင်လိုဏ်ခေါင်း မြေပြိုရေဝင်မှုဖြစ်ပွားပြီး အလုပ်သမား ၇ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်၊ Chamoli ခရိုင်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းတစ်ခုတွင် မြေပြိုမှုနှင့် ရေစိမ့်ဝင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ရာ အလုပ်သမား ၇ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁၃ ရက် ညပိုင်းက Chamoli ခရိုင် Mayapur–Pipalkoti ဒေသရှိ Vishnugad-Pipalkoti ရေအားလျှပ်စစ်စီမံကိန်း အောက်တွင် ဆောက်လုပ်နေသည့် ဥမင်လိုဏ်ခေါင်းအတွင်း မြေစာများနှင့် ရေများ ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအချိန်တွင် ဥမင်အတွင်း အလုပ်သမား ၂၂ ဦးခန့် ရှိနေခဲ့ပြီး မြေပြိုမှုကြောင့် အချို့မှာ ပိတ်မိခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ၏ အရေးပေါ်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၁၄ ဦးရှိကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။ ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို.. 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-14-23
အီရန်စစ်ပွဲအတွင်း အမေရိကန်၏ တန်ဖိုးမြင့် MQ-9 Reaper ဒရုန်း ၄၅ စီးခန့် ပျက်စီးဆုံးရှုံးခဲ့ဟုဆို 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 အီရန်နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် “ဒေါမာန်ဟုန်” စစ်ဆင်ရေးကာလအတွင်း အမေရိကန်စစ်တပ်၏ MQ-9 Reaper တိုက်ခိုက်ရေးဒရုန်း အနည်းဆုံး ၄၅ စီး ဆုံးရှုံးခဲ့ကြောင်း Washington Post သတင်းစာက အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာသတင်းများက ဖော်ပြခဲ့သည်။ သတင်းအရ အဆိုပါဆုံးရှုံးမှုသည် စစ်ဆင်ရေးမစတင်မီ အမေရိကန်စစ်တပ်တွင် ရှိထားသည့် Reaper ဒရုန်းအရေအတွက်၏ လေးပုံတစ်ပုံနီးပါး ရှိနိုင်ကြောင်း သိရသည်။ ဆုံးရှုံးခဲ့သည့် ဒရုန်းအချို့မှာ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ သို့မဟုတ် တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ခြင်းမဟုတ်ဘဲ ဒရုန်းထိန်းချုပ်ရေးစနစ်နှင့် မြေပြင်ထိန်းချုပ်သူများအကြား ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ ယခင်ကလည်း အမေရိကန်ကာကွယ်ရေးတာဝန်ရှိသူ... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-08-14-22
ခရီးသွားများထံမှ ငွေတောင်းခံစားသောက်နေသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁၇ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ပတ္တရားမြို့ရှိ ကမ္ဘာလှည့်ခရီးသွားနေရာများတွင် ငွေတောင်းခံစားသောက်နေသည့် ကမ္ဘောဒီးယားနိုင်ငံသား ကလေး ၇ ဦးအပါအဝင် ၁၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြသည်။ ၎င်းတို့အနက် အချို့သော လူကြီးအရွယ်ရှိသူများက ကလေးငယ်များကို ပွေ့ချီကာ ပတ္တရားကမ်းခြေတလျှောက် ခရီးသွားများထံ ချဉ်းကပ်ငွေတောင်းခံနေကြောင်း ဒေသခံများ၏ တိုင်ကြားချက်များအရ ပတ္တရားရဲတပ်ဖွဲ့၊ ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် လူမှုဝန်ထမ်း အရာရှိများသည် သြဂုတ်လ ၁၁ ရက်တွင် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီခံရသူ လူကြီးများတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၉ ဦး ပါဝင်သလို ကလေးငယ်များတွင် ၇ လ၊ ၂ နှစ်နှင့် ၃ နှစ်အရွယ် ကလေးငယ်များနှင့် လမ်းလျှောက်စ ကလေးငယ်များလည်း ပါဝင်သည်ဟု သိရပြီး အဆိုပါ ကမ္ဘောဒီးယားနိုင်ငံသား အချို့သည် ယခင်က တရားစွဲဆိုခံရကာ ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရဖူးကြောင်း အာဏာပိုင်များ၏ ပြောဆိုမှုအရ သိရသည်။
စံခလဘူရီနယ်စပ်ဒေသတွင် မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ
စံခလဘူရီနယ်စပ်ဒေသတွင် မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ
ဖလမ်းတွင် လျှပ်စစ်လိုင်းပြုပြင်ရန် သွားသည့် ဝန်ထမ်းနှစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လျှပ်စစ်မီးလိုင်းများ ပြုပြင်ရန် သွားရောက်သည့် လျှပ်စစ်ဌာန နေ့စားဝန်ထမ်းနှစ်ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ဖလမ်းမြို့နယ်၊ ခေါဒါရ်ကျေးရွာနေ မြို့နယ်လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းများဖြစ်သည့် ကိုဗြောင်လျန်ကိမ်း၊ အသက် ၂၄ နှစ်နှင့် မောင်ငွန်လျန်ထမ်း၊ အသက် ၁၈ နှစ်တို့သည် လျှပ်စစ်မီးလိုင်းများ ပြုပြင်ရန်အတွက် ဒေသအခေါ် ဘုရားကုန်းတောင်ခြေအနီးရှိ ရေလှောင်ကန်သို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး ရေလှောင်ကန်အနီးသို့ ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က ထောင်ထားသည့် မိုင်းတစ်လုံးကို ကိုဗြောင်လျန်ကိမ်းက နင်းမိခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါ ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးကုသမှုပေးနိုင်ရေးအတွက် ဖလမ်းမြို့ ပြည်သူ့ဆေးရုံ (ယာယီ) သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
လျှပ်စစ်မီတာအသစ် တပ်ဆင်လိုသူများ ပေးသွင်းရမည့် အခကြေးငွေများ အသိပေးထုတ်ပြန် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 လျှပ်စစ်ဓာတ်အား အသုံးပြုလိုသော်လည်း မီတာမရရှိသေးသူများအနေဖြင့် မီတာအသစ် လျှောက်ထားနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများကို ထုတ်ပြန်အသိပေးလိုက်သည်။ Website မှတစ်ဆင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လျှောက်ထားမှုများအတွက် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ အပါအဝင် ပေးဆောင်ရမည့် အခကြေးငွေများမှာ ယခင်သတ်မှတ်ထားသည့် နှုန်းထားများအတိုင်းသာ ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ထုတ်ပြန်ထားသည့် နှုန်းထားများအရ အိမ်သုံးမီတာတစ်လုံးအတွက် ကျပ် ၂၅၀,၀၀၀ သတ်မှတ်ထားပြီး အိမ်သုံးပါဝါမီတာများအတွက် (10 kW) ကျပ် ၁,၀၀၀,၀၀၀၊ (20 kW) ကျပ် ၁,၂၃၀,၀၀၀ နှင့် (30 kW) ကျပ် ၁,၄၆၀,၀၀၀ အသီးသီး ပေးသွင်းရမည်ဖြစ်သည်။ စက်မှုသုံးပါဝါမီတာများအတွက်လည်း (10 kW) ကျပ် ၁,၀၇၇,၅၀၀၊ (20 kW) ကျပ် ၁,၃၈၂,၅၀၀ နှင့် (30 kW) ကျပ် ၁,၆၈၇,၅၀၀ တို့ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေးရုံးများတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ယခုစနစ်ကို အသုံးပြုခြင်းဖြင့် အိမ်သုံး၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် မီတာအသစ်များကို ပိုမိုလျင်မြန်စွာ ရရှိစေရန်၊ ကြားခံပွဲစားများ၏ ပါဝင်မှုများကို လျှော့ချနိုင်ရန်နှင့် လျှောက်ထားသူများ၏ အချိန်နှင့် ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ လျှပ်စစ်မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်သည့် စနစ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီတာအသစ် တပ်ဆင်လိုသူများ ပေးသွင်းရမည့် အခကြေးငွေများ အသိပေးထုတ်ပြန်