Myanmar National Post
Статистикаသတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 246
- Всего постов
- 272
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 329
- 1/48двое суток
- 377
- 1/72трое суток
- 406
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဩဂုတ် ၁၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် လွှတ်တော်သို့လာရောက်လေ့လာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ ဖွဲ့စည်းပုံနှင့်တာဝန်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များအားမေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူများ၏ ဆန္ဒအား ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်မှဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အာဆီယံပါလီမန်များညီလာခံ (AIPA)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/belaya-rus_02015344070.html
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်
ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်း ဖြစ်ကြောင်း မြန်မာသံရုံး (ဝါရှင်တန်) မှ ထုတ်ပြန် ဝါရှင်တန်၊ သြဂုတ် ၁၅ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြချက်များအပေါ် မြန်မာသံရုံး (ဝါရှင်တန်) က ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်း ဖြစ်ကြောင်း တုန့်ပြန် ထားသည်ကို တွေ့ရသည်။ မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ်တို့ ၃-၈-၂၀၂၆ ရက်တွင် တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း၊ ယင်းဖော်ပြချက်တွင် အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု သော်လည်း “ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့်ခြွင်းချက်မရှိလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်သည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း၊ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/blog-post_15.html
без подписи
без подписи
без подписи
ကမ္ဘာ့စိန်ဈေးကွက် ပျက်သွားပြီးလား ဩဂုတ် - ၁၄ ( သောကြာနေ့ ) ကမ္ဘာ့စိန်ဈေးကွက်က ပျက်သွားပြီလားလို့ မေးလာရင် တစ်ခွန်းတည်းပြောရင် မေးခွန်းက နည်းနည်းပြင်းပေမယ့်၊ လက်ရှိအခြေအနေက တကယ်ကို အကြီးအကျယ် အကျပ်အတည်းဖြစ်နေပါတယ်။ အထူးသဖြင့် သဘာဝစိန် ဈေးကွက်ကို ထိခိုက်နေတာပါ။ ဘာတွေဖြစ်နေတာလဲဆိုရင် ( ၁ ) စိန်ဈေးတွေ သိသိသာသာကျနေလို့ပါ ။ ကမ္ဘာ့အကြီးဆုံး စိန်ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ ဒီဘီးယားရဲ့ ၂၀၂၆ ပထမနှစ်ဝက်အချက်အလက်အရ စိန်ကြမ်း တစ်ကာရက်ရဲ့ ပျမ်းမျှရောင်းဈေး ဟာ တစ်ကာရက် ကန်ဒေါ်လာ ၁၀၅ လောက်ပဲ ရှိပြီး၊ ၂၀၂၅ ပထမနှစ်ဝက်နဲ့ယှဉ်ရင် ၃၂% ကျဆင်းသွားပါတယ်။ ၂၀၂၅ တစ်နှစ်လုံးမှာတောင် ဒီဘီးယားရဲ့ ပျမ်းမျှရောင်းဈေးက တစ်ကာရက် ၁၄၂ ဒေါ်လာ ဖြစ်ပြီး ၂၀၂၄ ထက် ၇% ကျဆင်းခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/blog-post_8437.html
без подписи
без подписи
без подписи
без подписи
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ဘားအံ၊ ဩဂုတ် ၁၄ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း မြစ်ရေများစီးဝင်ပြီး ၎င်းတို့နေအိမ်တွင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့သည့်အတွက် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးသည်။ ဦးစွာ ဘားအံမြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြကြေးမုံဆောင် ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားနေထိုင်ကြစေလိုပြီး သန့်ရှင်းသော သောက်ရေသုံးရေများရရှိရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့်စေတနာရှင်၊အလှူရှင်များက ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တစ်ဦးနှင့်တစ်ဦးခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ချစ်ချစ်ခင်ခင်နေထိုင်သွားကြစေလိုကြောင်း အားပေးစကားများပြောကြားသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/blog-post_852.html
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ မန္တလေး၊ ဩဂုတ် ၁၄ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့) ကို ဩဂုတ်လ ၁၄ ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းအခု ၂၀ ကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/blog-post_501.html
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ဩဂုတ် ၁၄ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/blog-post_377.html
без подписи
без подписи
без подписи
без подписи
PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် နေပြည်တော်၊ ဩဂုတ် ၁၄ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂ဝ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/pdf.html
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ တာမွေ၊ ဩဂုတ် ၁၄ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲကို ယနေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/08/yrtc.html