Breakthrough Business Coaching
Статистика- Последний пост
- 29 авг. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
သင့်အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုက စတော့ဈေးကွက်တွေ၊ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ပိုမိုကောင်းမွန်မြင့်မားတဲ့ပညာရေးမှာလည်းမဟုတ်ပါဘူး။ တကယ်တမ်း သင့်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုက သင့်ရဲ့ဩဇာညောင်းမှုကို တိုးတက်နိုင်စွမ်းရှိအောင်လုပ်တာဖြစ်ပါတယ်။ 🤩 သင့်လုပ်ငန်းမှာ လူအများလေးစားလိုက်နာရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် အထက်အောက်ဘေးတိုက် ဆက်ဆံရေးတွေမှာ ပြေပြစ်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့သားတွေရဲ့စကားတွေ၊ ပြဿနာတွေကို အမှန်တကယ် နားထောင်ပေးတဲ့ခေါင်းဆောင်ဟာ အဖွဲ့သားတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒီလိုယုံကြည်အသိအမှတ်ပြုမှုတွေရလာတာနဲ့အမျှ သူတို့အပေါ်မှာ သင့်ရဲ့ဩဇာညောင်းမှုကလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ↗ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေအများကြီးရှိပေမဲ့ လူသားဆန်မှုနဲ့ ဆက်ဆံရေးကောင်းတွေကို အခြေခံတဲ့ ဩဇာညောင်းမှုဟာ အရှိးရှင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ ဒါကြောင့် သင့်အဖွဲ့သားတွေကို ရာထူးအာဏာတွေနဲ့ အမိန့်ပေးခိုင်းစေနေတာမျိုးထက် နှလုံးသားနဲ့သာ အရင်းနှီးဆုံးချိတ်ဆက်ပြောဆိုရင်း လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် သင့်အဖွဲ့သားတွေကို ဦးဆောင်လိုက်ပါ။ 🏆 သင့်အနေနဲ့ လက်ရှိသင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို အားမလိုအားမရဖြစ်နေမယ်၊ သင့်အဖွဲ့သားတွေရဲ့ ယုံကြည်လေးစားမှုကို အပြည့်အဝရရှိတယ်လို့ မခံစားရဖူးဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်ထဲက ခေါင်းဆောင်မှုစွမ်းရည်ကို ဖွင့်ထုတ်ပေးမယ့် သင်တန်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 🙌 အဲဒါကတော့ Breakthrough ရဲ့ Master Coach (၅) ယောက်မှ ကမ္ဘာ့နံပါတ် (၁) ခေါင်းဆောင်မှုဂုရုကြီး Dr. John C. Maxwell ရဲ့ သင်ရိုးတစ်ခုဖြစ်တဲ့ "Developing The Leadership Within You" ခေါင်းစဉ်ဖြင့် ဩဂုတ်လ (၂၆) ရက်နေ့မှ စတင်၍ (၅) ညတိုင်တိုင် ဆွေးနွေးပို့ချသွားမယ့် သင်တန်းပဲဖြစ်ပါတယ်။ 🔥 📌သင်ကြားပေးမယ့် Facilitator များနှင့် သင်တန်းရက်အလိုက် ဆွေးနွေးမယ့် အကြောင်းအရာများ Course Title: "Developing The Leader Within You " ▄▄▄▄▄▄▄▄▄ 📌 Day 1 - 26.8.2025 📌 📌 Time - 7:00 PM - 10:00 PM 🟠 Facilitator - U Maung Hein (Business Coach & NLP Trainer) 🔸Topics 🤝 The Definition of Leadership: Influence 🤝 The Key to Leadership: Priorities ▄▄▄▄▄▄▄▄▄ 📌 Day 2 - 27.8.2025 📌 📌 Time - 7:00 PM - 10:00 PM 🟠 Facilitator - U Lin Lin Tun (Business Coach & NLP Master Trainer) 🔸Topics 🤝 The Foundation of Leadership: Character 🤝 The Ultimate Test of Leadership: Creating Positive Change ▄▄▄▄▄▄▄▄▄ 📌 Day 3 - 28.8.2025 📌 📌 Time - 7:00 PM - 10:00 PM 🟠 Facilitator - U Ko Ko Aung (Business Coach & NLP Master Trainer) 🔸Topics 🤝 The Quickest Way to Gain Leadership: Problem Solving 🤝 The Extra Plus in Leadership: Attitude ▄▄▄▄▄▄▄▄▄ 📌 Day 4 - 29.8.2025 📌 📌 Time - 7:00 PM - 10:00 PM 🟠 Facilitator - U Thiha Myo (Business Coach & NLP Trainer) 🔸Topics 🤝 The Heart of Leadership: Serving People 🤝 The Indispensable Quality of Leadership: Vision ▄▄▄▄▄▄▄▄▄ 📌 Day 5 - 30.8.2025 📌 📌 Time - 7:00 PM - 10:00 PM 🟠 Facilitator - U NL Mung (Business Coach & NLP Master Trainer) 🔸Topics 🤝 The Price Tag of Leadership: Self-Discipline 🤝 The Expansion of Leadership: Personal Growth ▄▄▄▄▄▄▄▄▄ 📌 "Developing The Leader Within You 2.0" သင်တန်းအကြောင်း 📌 📌 Date - 26.8.2025 - 30.8.2025 📌 Time - 7:00 PM - 10:00 PM 💸 Zoom ဖြင့် မူရင်းသင်တန်းကြေး - ၅၉၅,၀၀၀ ကျပ် ကိုမှ 🔰 Early Bird ၄၉၅,၀၀၀ ကျပ် 🔰 နဲ့ ယနေ့ အပ်နှံသူများကို စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄ သင့်အနေနဲ့ "Developing The Leader Within You"သင်တန်းကို တက်ရောက်ရန် စိတ်ဝင်စားပါက Breakthrough Coaching, Training & Consulting ရဲ့ အောက်ပါ ဖုန်းနံပါတ်တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ☎️ 09 765 222 102, ☎️ 09 765 222 104, ☎️ 09 765 222 106, ☎️ 09 765 222 107, ☎️ 09 765 222 108, ☎️ 09 765 222 109, ☎️ 09 760 331 690, ☎️ 09 760 331 691 #Leadership #Development #Breakthrough_Coaching_Myanmar
без подписи
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ ရွေးချယ်မှုတွေဟာ သင့်လုပ်ငန်းကို အောင်မြင်မှုဆီခေါ်ဆောင်သွားနိုင်သလို၊ ရှုံးနိမ့်မှုရဲ့အစဖြစ်စေနိုင်ပါတယ်။ 📢 ✦ ဒီနေ့ ဘယ်အလုပ်ကို အရင်စလုပ်မလဲ ရွေးချယ်တာကစပြီး ✦ ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ✦ လုပ်ငန်းအတွက် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာတွေအထိ ရွေးချယ်မှုတစ်ခုစီတိုင်းက သင့်လုပ်ငန်းရဲ့ အနာဂတ်ကို ပုံဖော်နေပါတယ်။ သင့်အနေနဲ့ အလုပ်ကိုရောက်တာနဲ့ ဆိုရှယ်မီဒီယာကိုပဲ အချိန်ပြည့်ထိုင်သုံးနေမယ်၊ အားတဲ့အချိန်သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲ သွားလာပျော်ပါးစားသောက်နေမယ်ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ သင့်လုပ်ငန်းက တိုးတက်မှုမရှိဘဲ ရပ်တန့်နေမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဈေးကွက်အသစ်တွေရှာဖွေမယ်၊ တခြားစီးပွားပြိုင်ဘက်တွေရဲ့ လုပ်ငန်းတွေကို အချိန်နဲ့အမျှလေ့လာမယ်ဆိုရင်တော့ လုပ်ငန်းက တဖြည်းဖြည်းကြီးထွားလာမှာပါ။ 🤩 အဲဒီလိုမျိုးပဲ သင့်လုပ်ငန်းကို လက်ရှိစနစ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ခေတ်ရဲ့ဝါးမျိုခြင်းကို ခံရမှာဖြစ်ပြီး လုပ်ငန်းတိုင်းရဲ့ နောက်မှာကျန်ရစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ နည်းပညာအသစ်တွေ စမ်းသုံးကြည့်မယ်၊ သင့်အဖွဲ့သားတွေကိုလည်း လက်ရှိအခြေအနေထက် အစစအရာရာမှာ တိုးတက်လာအောင် လေ့ကျင့်ပေးမယ်ဆိုရင်တော့ သင့်လုပ်ငန်းက ပိုပြီးအောင်မြင်လာမှာပါ။ 💡 ဒါကြောင့်... ✔️ ယနေ့ကစပြီး သင့်ရဲ့ရွေးချယ်မှုတိုင်းကို ဂရုတစိုက်သေချာစဉ်းစားပါ။ ✔️ ဘယ်အလုပ်ကို အရင်လုပ်သင့်တယ်၊ ဘယ်ဟာကို နောက်မှလုပ်မယ်ဆိုတာ စီမံခန့်ခွဲပါ။ ✔️ လုပ်ငန်းအတွက် အသစ်အဆန်းတွေ စမ်းသပ်ဖို့ အရဲစွန့်လုပ်ဆောင်ပါ။ သေးငယ်တဲ့ရွေးချယ်မှုတွေကပဲ ကြီးမားတဲ့အောင်မြင်မှုတွေကို ဖန်တီးပေးနိုင်တာမို့လို့ သင့်ဘဝအတွက် နောင်တမရစေရမယ့် ရွေးချယ်မှုကောင်းတစ်ခုဖြစ်ချင်တယ်ဆိုရင် 👇🏻 သင့်ဘဝနဲ့လုပ်ငန်းကို လက်ရှိအခြေအနေကနေ တစ်ဆစ်ချိုး တိုးတက်ပြောင်းလဲသွားစေမယ့် မြန်မာနိုင်ငံမှာ တက်ရောက်သူအများဆုံးနှင့် လူကြိုက်အများဆုံး Personal Development သင်တန်းဖြစ်တဲ့ TLJ သင်တန်းကို ရွေးချယ်တက်ရောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ✨ ⚠️ ပြောင်းလဲဖို့က TLJ နဲ့ဆို ခဏပဲ၊ လာတက်ဖို့သာ နှစ်နဲ့ချီ ကြာကြတာပါ။ ▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်းအသေးစိတ် 🔰 Yangon 📍Location - MICT Park, Main Building, Conference Hall, Hlaing Township, Yangon (Gate 1 Entrance) 📅 ရက်စွဲ - စက်တင်ဘာလ ၄၊ ၅၊ ၆။ ( ကြာသပတေး၊ သောကြာ၊ စနေ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၅၀,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၅၀,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ရပ်ဝေးက လေ့လာလိုသူများအတွက် Zoom ဖြင့် တက်ရောက်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Zoom ဖြင့် မူရင်းသင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် 🔰 Early Bird ၂၀၀,၀၀၀ ကျပ် 🔰 နဲ့ ယနေ့ အပ်နှံသူများကို စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🔰 Mandalay 📍Location - Hotel Sakura Princess အမှတ် (၇/၈-ဘီ) ၊ ၆၇ လမ်း ၊ ၃၂ လမ်း ၊ ၃၃ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 📅 ရက်စွဲ - စက်တင်ဘာလ ၁၂၊ ၁၃၊ ၁၄။ (သောကြာ၊ စနေ၊ တနင်္ဂနွေ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၅၀,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၅၀,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်း စုံစမ်းလိုပါက သို့မဟုတ် သင်တန်း အပ်နှံလိုပါက အောက်ပါ Link က ဖြစ်စေ၊ ဖုန်းနံပါတ်များကို ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Messenger Link m.me/naingwinaungexecutivecoach ☎️ 09 765 222 102, ☎️ 09 765 222 104, ☎️ 09 765 222 106, ☎️ 09 765 222 107, ☎️ 09 765 222 108, ☎️ 09 765 222 109, ☎️ 09 760 331 690, ☎️ 09 760 331 691 #leadership #transformation #TLJ #Breakthrough_Coaching_Myanmar
без подписи
ချစ်သူ/ အိမ်ထောင်ဖက် ရှိသူတွေအနေနဲ့ အချင်းချင်း မကျေမလည်ဖြစ်ကြတဲ့အခါ တချို့က ဖြေရှင်းပုံ၊ ဖြေရှင်းနည်း အမှန်ကို မသိကြတဲ့အတွက် အဆင်ပြေအောင် လုပ်ကာမှ ပိုဆိုးသွားတာမျိုးတွေအထိ ဖြစ်တတ်တာမျိုးကို ကြုံဖူးကြမှာပါ။ 👎🏼 ဒီလိုမျိုး စုံတွဲဆက်ဆံရေးတစ်ခုမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေအတွက် NLP Tool တွေကို အသုံးပြုကာ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး Master NLP Practitioner သင်တန်းတက်ရောက်ကြမယ့် လုပ်ငန်းရှင်များနဲ့ လုပ်ငန်းဦးဆောင်သူများအဖို့ သင်တန်းတစ်ခု စီစဉ်ထားပါတယ်။ အဲဒီ "NLP for Lovers" သင်တန်းကို U Lin Lin Tun - Business Coach & NLP Master Trainer မှ ဩဂုတ်လ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မနက် (၉) နာရီ မှ ညနေ (၆) နာရီအထိ Zoom မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ▄▄▄▄▄▄▄▄▄ 👉👉 လုပ်ငန်းမှာရော ဘ၀မှာပါ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုအတွက် အသုံး၀င်တဲ့ နည်းစနစ်တွေကို စနစ်တကျလေ့လာပြီး အသုံးချချင်တယ်ဆိုရင် NLP Certification Training တွေကို တက်ရောက်နိုင်ပါတယ်။ 🏔️🦅 Breakthrough အနေနဲ့ ၂၀၁၆ ခုနှစ်ကစတင်ပြီး ယခုအချိန်အထိ Certified NLP Practitioner, Certified NLP Master Practitioner နှင့် Certified NLP Trainer များစွာကိုပျိုးထောင်ပြီးထားပါပြီ။ သတင်းကောင်းအနေနဲ့ Master NLP Practitioner Triple Certification Training သင်တန်းကို စက်တင်ဘာလအတွင်း ထပ်မံကျင်းပသွားဖို့ရှိပါတယ်။ ⚜️ Master NLP Practitioner Triple Certification Training သင်တန်းကို Part 1 အနေနဲ့ စက်တင်ဘာလ (၄) ရက်နေ့မှ (၇) ရက်နေ့အထိ Zoom ဖြင့်ပြုလုပ်သွားမှာဖြစ်ပြီး ⚜️ Part 2 ကိုတော့ စက်တင်ဘာလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ရန်ကုန်မြို့မှာ In Person ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ▄▄▄▄▄▄▄▄▄ သင့်အနေနဲ့ NLP သင်တန်းများနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုပါက Breakthrough Coaching, Training & Consulting ရဲ့ အောက်ပါ ဖုန်းနံပါတ်တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ☎️ 09 765 222 106, ☎️ 09 765 222 107, ☎️ 09 765 222 108, ☎️ 09 765 222 109, ☎️ 09 765 222 102, ☎️ 09 765 222 104, ☎️ 09 760 331 690, ☎️ 09 760 331 691 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ #NLP #love #success #happiness #Breakthrough_Coaching_Myanmar
без подписи
без подписи
без подписи
“စီးပွားရေးနယ်ပယ်ဆိုတာက ပြိုင်ဆိုင်နိုင်မှ အနိုင်ရမယ့် သဘောမှာရှိတယ်။” ဘာလို့ဒီလိုပြောလဲဆိုရင် ဒီနေ့ခေတ်လို သူ့ထက်ငါအပြိုင်တိုးတက်အောင်ကြိုးစားနေတဲ့ အချိန်မှာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ “ငါကတော့ ဘယ်သူ့ကိုမှမပြိုင်ချင်ပါဘူး၊ ဘယ်သူ့ထက်မှလည်း ပိုပြီးအောင်မြင်ဖို့မလိုပါဘူး၊ ငါကအေးဆေးသမားလေ၊ အေးအေးဆေးဆေးလေးပဲ စီးပွားရေးလုပ်ချင်တာ” လို့သာတွေးရင် သေချာတယ် သူ့လုပ်ငန်းကတော့ နောက်ကျကျန်ခဲ့မှာပဲ။ စီးပွားရေးရဲ့ သဘောတရားကဒါပဲ သူ့နောက်မှာနေမလား၊ သူရှေ့မှာ ကြိုရောက်နေမလားဆိုတာ ဆုံးဖြတ်ရမှာ။ ဒီနေရာမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ ရှေ့ကိုအမြဲကြိုရောက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ အမြဲရှေ့မှာနေချင်တယ်ဆိုရင် လုပ်ငန်းရောလူရော ပြောင်းလဲနေဖို့လိုတယ်။ ပြောင်းလဲတယ်ဆိုတာကလည်း တိုးတက်ပြောင်းလဲခြင်းဆိုတဲ့ Transformation ဖြစ်ဖို့လိုတယ်။ ဒီလိုမျိုးစစ်မှန်တဲ့ ပြောင်းလဲခြင်း Transformation ကို ရှာဖွေချင်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ Transformational Leadership Journey (TLJ) သင်တန်းမှာ (၃) ရက်တာ အချိန်ပေးပြီး လာရောက်လေ့လာနိုင်ပါတယ်။ Transformational Leadership Journey (TLJ) သင်တန်းမှာဆိုရင် 👉🏻တိုးတက်ပြောင်းလဲစေတဲ့ ခေါင်းဆောင်မှု (Transformational Leadership) အကြောင်းအရာများ၊ 👉🏻 စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် ဖွံ့ဖြိုးတိုးတက်လိုသူတိုင်းအတွက် အောင်မြင်ပျော်ရွှင်စေဖို့အတွက် NLP အယူအဆများ (Neuro Linguistic Programming Presuppositions) စတဲ့ နည်းလမ်းတွေကို သင်ကြားပေးသွားမှာပါ။ 🎓 TLJ သင်တန်းဟာဆိုရင် မြန်မာနိုင်ငံမှာ သင်တန်းသား တက်ရောက်သူအများဆုံး လုပ်ငန်းဦးဆောင်မှုသင်တန်းတစ်ခုဖြစ်ပြီး မနက် (၉) နာရီမှ ည (၇) နာရီဝန်းကျင်အထိ တခြား သင်တန်းသား Professional များ၊ လုပ်ငန်းဦးဆောင်သူများနဲ့ အတူတူတွေးခေါ်ပြီး ရင်းနှီး မြှုပ်နှံလေ့လာရတဲ့ သင်တန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ⚠️ ပြောင်းလဲဖို့က TLJ နဲ့ဆို ခဏပဲ၊ လာတက်ဖို့သာ နှစ်နဲ့ချီ ကြာကြတာပါ။ ▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်းအသေးစိတ် 🔰 Yangon 📍Location - MICT Park, Main Building, Conference Hall, Hlaing Township, Yangon (Gate 1 Entrance) 📅 ရက်စွဲ - ဩဂုတ်လ ၂၊ ၃၊ ၄။ ( စနေ၊ တနင်္ဂနွေ၊ တနင်္လာ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၂၅,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၂၅,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ရပ်ဝေးက လေ့လာလိုသူများအတွက် Zoom ဖြင့် တက်ရောက်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Zoom ဖြင့် မူရင်းသင်တန်းကြေး - ၅၇၅,၀၀၀ ကျပ် 🔰 Early Bird ၁၇၅,၀၀၀ ကျပ် 🔰 နဲ့ ယနေ့ အပ်နှံသူများကို စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🔰 Mandalay 📅 ရက်စွဲ - ဩဂုတ်လ ၈၊ ၉၊ ၁၀။ (သောကြာ၊ စနေ၊ တနင်္ဂနွေ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၂၅,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၂၅,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်း စုံစမ်းလိုပါက သို့မဟုတ် သင်တန်း အပ်နှံလိုပါက အောက်ပါ Link က ဖြစ်စေ၊ ဖုန်းနံပါတ်များကို ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Messenger Link m.me/TransformationalLeadershipJourney ☎️ 09 765 222 102, ☎️ 09 765 222 104, ☎️ 09 765 222 106, ☎️ 09 765 222 107, ☎️ 09 765 222 108, ☎️ 09 765 222 109, ☎️ 09 760 331 690, ☎️ 09 760 331 691 #leadership #transformation #TLJ #breakthrough_coaching_myanmar
без подписи
без подписи
သင့်ကို ကျောက်တုံးကြီးတစ်ခုလို တစ်နေရာတည်းမှာ ပုံသေနေစေပြီး ဘဝရဲ့အလှည့်အပြောင်းတွေကို လက်မခံနိုင်အောင် ဖန်တီးနေတဲ့ အရာတစ်ခုက သင့်ရဲ့ ပုံသေတွေးတဲ့ စိတ်ပါပဲ။ ပုံသေတွေးတဲ့စိတ်ဟာ လူတစ်ယောက်ရဲ့ အကြီးမားဆုံးသော ရန်သူဖြစ်တယ်။ ဒီစိတ်က သင့်ကို အသစ်အသစ်တွေကို ကြောက်ရွံ့စေပြီး ပြောင်းလဲမှုကို ခုခံတတ်စေတယ်။ "ငါဒီလိုပဲထင်တယ်"၊ "ဒီနည်းကပဲမှန်တယ်" ဆိုတဲ့ အတွေးတွေက သင့်ရဲ့တိုးတက်မှုလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ အတားအဆီးတွေပါပဲ။ တကယ်တော့ ပုံသေတွေးတဲ့စိတ်ဟာ သင့်ရဲ့အတိတ်အတွေ့အကြုံတွေကနေ ဖန်တီးထားတဲ့ မျက်နှာဖုံးတစ်ခုပါ။ ဒီမျက်နှာဖုံးက သင့်ကို အသစ်အသစ်တွေကို မြင်ခွင့်မပေးဘဲ အတိတ်ရဲ့အရိပ်အောက်မှာပဲ ပိတ်မိနေစေတယ်။ ဒါပေမဲ့ လောကကြီးက မရပ်မနားပြောင်းလဲနေတာဖြစ်လို့ သင့်အတွေးတွေကသာ ရှေးရိုးစွဲဖြစ်နေမယ်ဆိုရင် သင့်ဟာ ခေတ်နဲ့တစ်ပြေးညီ မလျှောက်လှမ်းနိုင်တော့ဘဲ နောက်ကျကျန်ရစ်ခဲ့မှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံးလုပ်ရမှာက သင့်ကိုယ်သင် သတိထားမိဖို့ပါ။ "ငါ ပုံသေတွေးနေမိပြီလား" ဆိုတာကို မေးခွန်းထုတ်ပါ။ သင့်ရဲ့အတွေးတွေကို ပြန်လည်ဆန်းစစ်ပါ။ "ဒါပဲမှန်တယ်" ဆိုတဲ့ အတွေးကို "ဒါလည်း ဖြစ်နိုင်တယ်၊ တခြားနည်းလမ်းတွေလည်းရှိနိုင်တယ်" ဆိုတဲ့ အတွေးနဲ့ အစားထိုးပါ။ ပွင့်လင်းတဲ့စိတ်ထားဆိုတာ အနာဂတ်အတွက် သင့်ရဲ့အကောင်းဆုံးလက်နက်ပါ။ ဒီစိတ်ထားက သင့်ကို အသစ်အသစ်တွေကို လေ့လာခွင့်၊ ကြိုးစားခွင့်၊ ပြောင်းလဲခွင့်တွေ ပေးပါလိမ့်မယ်။ ပုံသေတွေးတဲ့စိတ်ကို ဖျက်သိမ်းလိုက်တဲ့အခါ သင့်ရဲ့ဘဝဟာ ပိုမိုကျယ်ပြန့်လာပြီး ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နှက်လာမှာပါ။ “ဦးနိုင်ဝင်းအောင်”(CEO Coach) နှင့် “Breakthrough မှ Coach များ” ရေးသားသော “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြထားပါသည်။ #naingwinaungexecutivecoach #Breakthrough_Publishing_House #Breakthrough_Coaching_Myanmar
без подписи
без подписи
без подписи
အောက်ကအချက်တွေထဲက သင်အမှန်တကယ် လိုချင်တဲ့အရာတွေကို စိတ်ထဲကနေ အမှန်ခြစ်✔️ ကြည့်လိုက်ပါ... ◾ [ ] ကိုယ့်ရဲ့ တန်ဖိုးကိုသိပြီး ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်ချင်တာ။ ◾ [ ] ကိုယ့်ရဲ့ Team/ဝန်ထမ်းတွေရဲ့ လေးစားယုံကြည်မှုကို ရယူချင်တာ။ ◾ [ ] လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေကို ကောင်းကောင်းစီမံခန့်ခွဲတတ်ချင်တာ။ ◾ [ ] ရည်မှန်းချက်တွေ ပိုပြတ်သားပြီး အလုပ်လုပ်ရတာ ပိုပျော်ချင်တာ။ ◾ [ ] ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တာ။ ◾ [ ] ကိုယ့်ရဲ့ဝင်ငွေ ဒါမှမဟုတ် လုပ်ငန်းရဲ့အမြတ်ကို တိုးတက်စေချင်တာ။ အနည်းဆုံး တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး အမှန်ခြစ်ခဲ့တယ်ဆိုရင်... သင်ရှာဖွေနေတဲ့ အဖြေတွေအားလုံး "Transformational Leadership Journey (TLJ)" သင်တန်းမှာ ရှိနေပါတယ်။ ဒီသင်တန်းက သင့်ရဲ့ရည်မှန်းချက်တွေကို အပေါ်ယံမဟုတ်ဘဲ အတွင်းစိတ်ကနေစပြီး အကောင်အထည်ဖော်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ▄▄▄▄▄▄▄▄▄ 🥇 TLJ သင်တန်းရဲ့ ထူးခြားချက်တွေက လက်တွေ့ကျတယ်၊ နိုင်ငံတကာအဆင့်ဖြစ်တယ်၊ သင်တန်းကာလနဲ့ သင်တန်းကာလနောက်ပိုင်း သင်အမှန်တကယ် အကောင်အထည်ဖော်မယ်ဆိုရင် သင်မျှော်မှန်းတဲ့ရလဒ်တွေကို ရစေပါလိမ့်မယ်။ 🥇 ဒါကြောင့်ပဲ TLJ သင်တန်းဟာ မြန်မာနိုင်ငံမှာ (၈) နှစ်တာ ကာလအတွင်း တက်ရောက်သူအများဆုံးနဲ့ လူကြိုက်အများဆုံး Personal Development သင်တန်းအဖြစ် ရပ်တည်လာနိုင်ခဲ့သလို အကြိမ်ပေါင်း အကြိမ် (၁၀၆) ကြိမ်မြောက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ 🎗️ TLJ သင်တန်းရဲ့ (၃) ရက်တာ အပြီးမှာ သင့်ရည်မှန်းချက်များကို ရယူပြီးစိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ စိတ်သစ်၊ လူသစ်၊ ခွန်အားအသစ်၊ အိုင်ဒီယာအသစ်များကို ရရှိလာပါလိမ့်မယ်။ 🎗️ TLJ သင်တန်းကို မြန်မာနိုင်ငံမှာ ပထမဆုံး CEO Coach & NLP Master Trainer ဖြစ်သူ U Naing Win Aung ကိုယ်တိုင် ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ⛳ သင်အမှန်ခြစ်ခဲ့တဲ့ အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် အခုပဲ TLJ ကို ဆက်သွယ်လိုက်ပါ။ ▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်းအသေးစိတ် 🔰 Yangon 📍Location - MICT Park, Main Building, Conference Hall, Hlaing Township, Yangon (Gate 1 Entrance) 📅 ရက်စွဲ - ဩဂုတ်လ ၂၊ ၃၊ ၄။ ( စနေ၊ တနင်္ဂနွေ၊ တနင်္လာ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၂၅,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၂၅,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ရပ်ဝေးက လေ့လာလိုသူများအတွက် Zoom ဖြင့် တက်ရောက်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Zoom ဖြင့် မူရင်းသင်တန်းကြေး - ၅၇၅,၀၀၀ ကျပ် 🔰 Early Bird ၁၇၅,၀၀၀ ကျပ် 🔰 နဲ့ ယနေ့ အပ်နှံသူများကို စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🔰 Mandalay 📍Location - အောင်မြင်ခြင်းဟိုတယ်၊၂၆ လမ်း၊ ၅၇ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ 📅 ရက်စွဲ - ဩဂုတ်လ ၈၊ ၉၊ ၁၀။ (သောကြာ၊ စနေ၊ တနင်္ဂနွေ)။ ⏰ သင်တန်းချိန် - မနက် (၈း၃၀) နာရီ မှ ညနေ (၆:၃၀) နာရီအထိ။ In Person မူရင်းသင်တန်းကြေး - ၆၂၅,၀၀၀ ကျပ်ကိုမှ 🔥 Early Bird ၂၂၅,၀၀၀ ကျပ်🔥 နဲ့ ရအောင် စီစဉ်ပေးထားပါတယ်။ ▄▄▄▄▄▄▄▄▄▄ TLJ သင်တန်းအကြောင်း စုံစမ်းလိုပါက သို့မဟုတ် သင်တန်း အပ်နှံလိုပါက အောက်ပါ Link က ဖြစ်စေ၊ ဖုန်းနံပါတ်များကို ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Messenger Link m.me/naingwinaungexecutivecoach ☎️ 09 765 222 102, ☎️ 09 765 222 104, ☎️ 09 765 222 106, ☎️ 09 765 222 107, ☎️ 09 765 222 108, ☎️ 09 765 222 109, ☎️ 09 760 331 690, ☎️ 09 760 331 691 #Leadership #transformation #tlj #Breakthrough_Coaching_Myanmar
без подписи
ကျွန်တော်တို့အများစုဟာ မနေ့ကအမှားတွေကို ပြန်ပြီးတွေးနေတတ်ကြပါတယ်။ "ငါအဲဒီလိုမလုပ်ခဲ့ရင်"၊ "ငါဒီလိုဆုံးဖြတ်ချက်မချခဲ့ရင်" ဆိုတဲ့အတွေးတွေက လက်ရှိအလုပ်တွေကို အာရုံစိုက်ဖို့ အတားအဆီးဖြစ်စေပါတယ်။ အလားတူပါပဲ၊ အနာဂတ်အတွက် အလွန်အမင်းစိုးရိမ်နေခြင်းကလည်း လက်ရှိအချိန်မှာ သင့်ရဲ့အာရုံကိုပျံ့လွင့်စေပြီး လုပ်နေတဲ့ အလုပ်တွေရဲ့ အရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာ အောင်မြင်သူတွေရဲ့ လျှို့ဝှက်ချက်က"ပစ္စုပ္ပန်မှာနေတတ်ဖို့"ပါပဲ။ သူတို့ဟာ လက်ရှိအလုပ်ကိုသာ အာရုံစိုက်တတ်ကြပါတယ်။ စားပွဲပေါ်က ဖိုင်တစ်ခုကို ဖတ်နေရင် ဒီဖိုင်ကိုပဲ အာရုံစိုက်တတ်တယ်။ အစည်းအဝေးတစ်ခုမှာ ပါဝင်နေရင် ဒီအစည်းအဝေးကိုပဲ အာရုံပြုတတ်တယ်။ ဖောက်သည်တစ်ဦးနဲ့ စကားပြောနေရင် ဒီဖောက်သည်ကိုပဲ အပြည့်အဝအာရုံစိုက်တတ်တယ်။ ဒီလိုအာရုံစိုက်နိုင်မှုက လုပ်ငန်းရှင်တစ်ဦးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရည်အသွေးတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီအလေ့အကျင့်က - ◾ ဆုံးဖြတ်ချက်တွေကို ပိုမိုမြန်ဆန်တိကျစေတယ် ◾ အလုပ်တွေရဲ့ အရည်အသွေးကို မြင့်တက်စေတယ် ◾ ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်စေတယ် ◾ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ် ဒါကြောင့် ဒီနေ့ကစပြီး သင်လုပ်နေတဲ့ အလုပ်တိုင်းမှာ"ပစ္စုပ္ပန်မှာနေပါ"ဆိုတဲ့နည်းလမ်းကို အသုံးချကြည့်ပါ။ ဖုန်းပြောနေရင် ဖုန်းပြောတာကိုပဲ အာရုံစိုက်ပါ။ အစီရင်ခံစာရေးနေရင် အစီရင်ခံစာကိုပဲ အာရုံစိုက်ပါ။ ဖောက်သည်တွေနဲ့ တွေ့နေရင် သူတို့ကိုပဲ အပြည့်အဝအာရုံစိုက်ပါ။ မနေ့ကအမှားတွေကို သင်ခန်းစာယူပြီး မေ့ထားလိုက်ပါ။ အနာဂတ်အတွက် စီမံချက်တွေချမှတ်ပြီး လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ပါ။ ဒီနည်းလမ်းက သင့်ကို ပိုမိုထိရောက်တဲ့ လုပ်ငန်းရှင်တစ်ဦးအဖြစ် ပြောင်းလဲစေမှာပါ။ “ဦးနိုင်ဝင်းအောင်”(CEO Coach) နှင့် “Breakthrough မှ Coach များ” ရေးသားသော “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြထားပါသည်။ #naingwinaungexecutivecoach #Breakthrough_Publishing_House #Breakthrough_Coaching_Myanmar