- Последний пост
- 25 апр. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Piston အက်ကွဲထိခိုက်ပျက်စီးခြင်းမှ ကင်းလွတ်နိုင်ကြပါစေ။ ချစ်ခင်လေးစားစွာဖြင့် သန်းလွင် CEO
без подписи
без подписи
၃။ Valve ထောက်နေခြင်း။ High exhaust temperature နဲ့ကြာရှည်စွာမောင်းတဲ့အခါ ထွက်နေတဲ့ကာဘွန်ချိုးတွေကြောင့် (ဒါမှမဟုတ်) Valve bush တွေ ချောင်နေပြီး alignment out နေတာကြောင့် Intake or Exhaust valve က ပွင့်လျက်အနေအထားနဲ့ ကြပ်ညှပ်နေရင်၎င်း၊ Cotter ကို သေချာ မတပ်ဆင်ထားလို့ Valve ပြုတ်ကျရင်၎င်း၊ Piston အပေါ်တက်လာတဲ့အချိန် အားနဲ့ထိုးခွဲလိုက်သလိုဖြစ်ပြီး ပျက်စီးတတ်ပါတယ်။ ဒါကြောင့် Engine မောင်းနေစဉ်မှာ Cylinder head မှ ကြားနေကျမဟုတ်တဲ့ အသံတွေ ထွက်နေရင် အထူးသတိထားပါ။ Valve က ပြန်မပိတ်နိုင်ဘဲ ပွင့်နေရင် Complete combustion မဖြစ်လို့ Exhaust temperature မြင့်တက်နေမယ်။ Valve အထွက်ဘက် Exhaust pipe အတွင်းက တရှူးရှူးနဲ့အသံထွက်နေတတ်တယ်။ Cylinder head တွေကို ပြန်လည်ပြုပြင် (Recondition) တဲ့အခါ Valves တွေ ပြုတ်မကျအောင် သေချာတပ်ဆင်ပါ။ မီးစက်လို Engine အသေးတွေရဲ့Cylinder head တွေကို Recondition လုပ်ပြီးရင် Cotters တွေ အထိုင်ကျ၊ မကျ စစ်ဆေးဖို့ ရာဘာတူနဲ့ Valve ထိပ်တွေကို လိုက်ရိုက်ကြည့်ပါ။ Valve အထိုင်တွေ ပုံမှန် မဟုတ်ရင် Valve ပွင့်ပြီး ပြန်ကန်တက်မလာဘဲ ထစ်နေတာ၊ Valve က Cylinder head က ပြုတ်ကျလာတာကို တွေ့ရပါလိမ့်မယ်။
без подписи
၂။ Combustion chamber ထဲမှာ ရေ၊ ဆီ ရှိနေခြင်း။ တစ်ခါတစ်ရံ Engine ရပ်ထားစဉ်မှာ Combustion chamber ထဲကို Engine cylinder head, Exhaust valve seat, Cylinder liner တွေကနေ Jacket cooling fresh water ရေတွေ၊ Fuel injector မှ ဆီတွေ ယိုထွက်နေတတ်တယ်။ Engine ကို စနှိုးလိုက်တဲ့အခါ Combustion chamber ထဲမှာမှာ ယိုစိတ်ဝင်ရောက်နေတဲ့ ရေ (သို့) ဆီတွေက Starting air နဲ့အတူ ပြင်းထန်စွာရိုက်ခတ်လို့ အင်ဂျင်အတွင်းက Piston အပါအဝင် စက်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်တတ်တယ်။ ဒါကြောင့် Engine ကို မနှိုးမီ Engine ရဲ့ Indicator cocks အားလုံးကို ဖွင့်ပြီး Turning gear နဲ့ Engine ကို အနည်းဆုံး တစ်ပတ် လှည့်ပေးရတယ်။ ပြီးရင် Indicator cock တွေကို ဖွင့်လျက် Fuel lever ကို Zero position ထားပြီး လောင်စာဆီ မကျွေးဘဲ Starting air နဲ့မှုတ် Blow through လုပ်ပေးရတယ်။ ဒီလို လုပ်ပေးစဉ်မှာ ဂျူတီကျသူ တစ်ယောက်က Indicator cocks မှ ရေ (သို့) ဆီ ထွက်လာသလားဆိုတာကို စောင့်ကြည့်ပေးရမယ်။ တချို့ ဂျူတီကျသူတွေက Air kick လုပ်နေတဲ့အချိန်မှာ Indicator cock က ဘာတွေ ထွက်လာမလဲလို့ စောင့်ကြည့်သူ မရှိဖြစ်နေတတ်တယ်။ သတိထားစေလိုပါတယ်။ ကံဆိုတာ အမြဲကောင်းမနေတတ်ပါဘူး။ ဘာမှ ထွက်မလာရင်တော့ Indicator cock ကို ပြန်ပိတ်ပြီး (Engine test run) အင်ဂျင်နှိုးကြည့်နိုင်ပါတယ်။ တစ်ခုခုထွက်လာရင် ယိုထွက်တဲ့စက်အစိတ်အပိုင်းကို စစ်ဆေးပြုပြင်ပေးရမယ်။ Engine Jacket Cooling Water Expansion tank ရဲ့ရေမျက်နှာပြင်က ရှိသင့်တာထက် နိမ့်ကျနေခြင်းက တစ်နေရာရာကနေ ယိုထွက်နေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။
без подписи
ဒီဇယ်အင်ဂျင် မောင်းနေစဉ်မှာ ပစ်စတင် (Piston) အက်ကွဲရတဲ့ အကြောင်းရင်း သုံးချက်ရှိပါတယ်။ ၁။ အပူမြင့်မားခြင်း။ အင်ဂျင်အတွင်းမှာ ရှိတဲ့ Jacket, Cylinder liner နဲ့Piston ကို အအေးပေးတဲ့ Cooling water & Lubricating oil က မလုံလောက်တဲ့အခါ Piston က Liner နဲ့ ပွတ်တိုက်မှုများပြီး အပူချိန်မြင့်မားလာတဲ့အတွက် အက်ကွဲတာတွေ၊ ပေါက်ထွက်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် အင်ဂျင်ရဲ့ Cooling water & Lubricating oil တို့ရဲ့ အပူချိန်ကို Maker’s manual မှာ ပါတဲ့အတိုင်း အမြဲ ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးတယ်။
“ဘာကြောင့် အင်ဂျင်ရဲ့ပစ်စတင် အက်ကွဲရတာလဲ”
Spare part box တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ‘Good to use’ ဆိုတဲ့ စာတန်းလေးရေးထားတဲ့ spare part အဟောင်းတွေကို တွေ့ဖူးတဲ့သူတွေ အတော်များပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကောင်းနေသေးတယ်လို့ ယူဆရတဲ့ Used spare part ပေါ်မှာ ဒီလိုစာတန်းလေးတွေကို ရေးပြီး Spare part box ထဲ ထည့်ခဲ့ဖူးကြမှာပါ။ ဒီလိုလုပ်ကြတဲ့အကြောင်းရင်းက စက်ပစ္စည်းတစ်ခုကို ပြုပြင်တဲ့အခါ (သို့) RH ပြည့်လို့ Overhaul လုပ်ကြတဲ့အခါ သိပ်မကောင်းဘူးလို့ ယူဆရတဲ့ စက်အစိတ်အပိုင်းတွေကို တွေ့ရင် Spare part အသစ်လည်း ရှိနေတော့ စက်ကို ရေရှည်မှာ ကောင်းအောင်လို့ အဟောင်းနဲ့ အသစ်ကို လဲသုံးလိုက်ကြတယ်။ လဲလိုက်တဲ့ အဟောင်းကို ကြည့်ပြန်တော့လည်း ချို့ယွင်းချက်မတွေ့ရဘဲ ပြန်သုံးလို့ရနိုင်တဲ့ အခြေအနေကြောင့် ‘Good to use’ or ‘Emergency use’ ဆိုတဲ့ စာလေးရေးပြီး Spare part box ထဲ ထည့်သိမ်းထားလိုက်တတ်ကြတယ်။ ဒီအထိပြဿနာ မရှိသေးပါဘူး။ ပြဿနာက လဲလိုက်တဲ့ Spare part အသစ်အတွက် Requisition မတင်တဲ့အပြင် Spare part ROB list က လက်ကျန်အရေအတွက်မှာ သုံးလိုက်တဲ့ Consumption part ကို လျှော့မရေးလိုက်ဘဲ မူလအတိုင်းထားလိုက်တာက အလွန်ဆိုးဝါးတဲ့ အပြုအမူပါ။ အထူးသဖြင့် New spare part မရှိရင်ပေါ့။ ကိုယ်ကတော့ ကောင်းတာ သုံးလိုက်မယ်။ အဟောင်းကိုတော့ နောက်လူသုံးဆိုတဲ့ စိတ်ဓာတ်ကတော့ ကောင်း၊ မကောင်းလူတိုင်းသိပါတယ်။ ပြန်တွေးကြည့်ပါ။ ကိုယ့်အလှည့်ကျရင် Spare part လဲဖို့ လိုအပ်လို့ Box ကို ဖွင့်ကြည့်လိုက်တဲ့အခါ ‘Good to use’ ဆိုတဲ့ Spare part ကိုပဲ တွေ့ရတဲ့အခါ ဘယ်လိုခံစားရမလဲ။ ဒီလို Spare part မျိုးကို စိတ်မချရလို့၊ မသုံးချင်လို့ ဆိုပြီး စက်ထဲက ဖယ်ထုတ်လိုက်တဲ့ Spare part ကို ဘယ်သူက သုံးချင်ပါ့မလား? ဒီလို ကိုယ်ချင်းစာတရား မထားဘဲ Spare part အသစ် မမှာထားတဲ့ အပြုအမူက အင်မတန်မှ အတ္တကြီးတဲ့သူ၊ ကိုယ့်ဘို့ တစ်ခုတည်း ကြည့်တတ်တဲ့သူတွေလို့ ဆိုချင်ပါတယ်။ ဒီအပြုအမူတွေကို ဘာဆင်ခြေတွေကိုပဲ ပေးပေး၊ ခွင့်လွှတ်စရာ အကြောင်းမရှိပါဘူး။ ဒီအပြုအမူမျိုးလုံးဝ မလုပ်ကြပါနဲ့။ Spare part သုံးစရာရှိရင် ယူသုံးပြီး အစားထိုးဖို့ Spare part မှာစရာရှိတာ မှာလိုက်ပါ။ Spare part အဟောင်းက ကောင်းသေးတယ်ထင်လို့ လွှင့်ပစ်ရမှာ နှမျောရင် ‘Emergency use’ ဆိုပြီး ရေးပေးထားလိုက်ပေါ့။ ကိုယ့်ကြောင့် နောက်လူတွေ ဒုက္ခ မရောက်ပါစေနဲ့။ မလုပ်သင့်တာ လုပ်တဲ့သူတွေကို ပြန်မေးချင်မိတယ်။ "If it is good to use, why don’t you use it, Sir?" မေတ္တာဖြင့် CE သန်းလွင် 22nd. Feb 2025
“Good to use spare parts”
ဒါကြောင့် နောက်ပိုင်းထုတ်တဲ့ Inflatable life jacket တွေမှာ ပေါင်ဂွကြားကနေ ပတ်ရတဲ့ ကြိုးတစ်ချောင်း ပါလာတာကို တွေ့ရပါတယ်။ အသက် မသေဖို့ Life jacket ဝတ်မှ အသက်သေရတာမျိုး မဖြစ်အောင် ဂရုစိုက်ကြပါ။ ချစ်ခင်လေးစားစွာဖြင့် သန်းလွင် CEO
без подписи
без подписи
ခုလို မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကို ပြန်ဆန်းစစ်ကြည့်လို့ သိရတာက Life jacket ကို သေချာဝတ်မထားလို့ပါတဲ့။ Life jacket ကို ကိုယ်မှာပတ်ထားရတဲ့ကြိုးနဲ့ကလစ်တွေကို မှန်ကန်စွာ တပ်ဆင်ထားခြင်းမရှိတဲ့အတွက် Life jacket က ဂတ်စ်ဝင်ပြီး ပွင့်လာတဲ့အခါ ကိုယ်မှာဝတ်ထားတဲ့အတိုင်း ကပ်မနေဘဲ ရေဖေါ့အားနဲ့ ကိုယ်အပေါ်ဘက်ကို ပေါ်တက်လာတော့ ဝတ်ထားသူရဲ့မျက်နှာနဲ့လည်ပင်းကို တွန်းဖိသလိုဖြစ်လာတယ်။ ရေထဲမှာ Life jacket က ချောင်နေတော့ ဘေးကို ရွေ့သွားပြီး နောက်ကျောဘက်ဂုတ်ပိုးကနေ ဖိသလို ဖြစ်သွားတာပါတဲ့။ အဲဒီတော့ မျက်နှာက ရေထဲစိုက်သွားသလို Life jacket ကိုလည်း ချွတ်မရဖြစ်ကုန်တာပေါ့။ ဘာမဟုတ်တဲ့ ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးသွားရတာပါ။
без подписи
၂၊ ၇၊ ၂၀၁၉ နေ့မှာ ကုန်မပါတဲ့ Bulk carrier သင်္ဘောတစ်စီးက အာရှနိုင်ငံတစ်ခုရဲ့ ဆိပ်ကမ်းအနီးမှာ ကျောက်ချထားတယ်။ မုတ်သုန်ရာသီဆိုတော့ မိုးလေတွေ ရှိလို့ လှိုင်းဂယက်နည်းနည်းထနေတယ်။ အချိန်က နံနက်အာရုဏ်တက်စ အမှောင်ရိပ်မကုန်ခင်ပေါ့။ အဲဒီအချိန်မှာ ပြင်ပအတတ်ပညာရှင် လေးဦးက Main Engine ကို ပြုပြင်ဖို့ဆိပ်ကမ်းမှ မော်တော်ဘုတ်နဲ့ ရောက်လာပါတယ်။ သင်္ဘောပေါ်ကနေ Chief officer, Bosun နဲ့ AB တို့က ကြိုးလှေခါး (Pilot ladder) ချပေးတယ်။ လူတွေက မော်တော်ဘုတ်ပေါ်ကနေ သင်္ဘောပေါ်ကို ကြိုးလှေခါးနဲ့ ခိုတက်ကြတာပေါ့။ အခုလို ရေလယ်မှာ ကြိုးလှေခါးနဲ့ တက်လာကြတဲ့သူတွေ အားလုံးလိုလိုက Inflatable life jacket ကို ဝတ်ထားလေ့ရှိကြတယ်။ ရေကြောင်းပြပိုက်လော့တွေ အပါအဝင်ပါပဲ။ မတော်တဆရေထဲပြုတ်ကျရင် ရေနစ် မသေအောင်လို့ပါ။ (သတိထားမိကြရဲ့လား သင်္ဘောသားတို့။ အခုလို ရေလယ်မှာ ကျောက်ချထားတဲ့သင်္ဘောကို အသစ်သွား Join ရတဲ့အခါ ဘာ Life jacket မှ မဝတ်ပဲ ကြိုးလှေခါးက ကုတ်ဖဲ့တက်ကြတဲ့ အဖြစ်ကိုလေ။) ပြင်ပအတတ်ပညာရှင်တွေက သင်္ဘောပေါ်ကို ရေလှိုင်းကြောင့် မော်တော်ဘုတ်ဦးပိုင်း မြောက်တက်လာတဲ့အချိန်မှာမှ ကြိုးလှေခါးကို ဖမ်းဆွဲတက်ရတယ်။ ပထမဆုံးလူက သင်္ဘောပေါ်တက်လာတာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒုတိယလူအလှည့်မှာ ကြိုးလှေခါးကို လှမ်းဆွဲအတက် မော်တော်ဘုတ်ကို ရေလှိုင်းတစ်ချက် ရိုက်ခတ်လာတော့ လူက ဟန်ချက်ပျက်ပြီး ရေထဲကို ပြုတ်ကျသွားတယ်။ မော်တော်ဘုတ်ပေါ်မှ AB က “ရေထဲလူကျသွားပြီ (Man overboard)” လို့ အသံကုန်အော်လိုက်သလို မော်တော်ဘုတ်ကလည်း ချက်ချင်းနောက်ပြန်ဆုတ်မောင်းလိုက်တယ်။ ရေထဲကျသွားသူကို မတိုက်မိအောင် လို့ပါ။ သင်္ဘောပေါ်မှ သင်္ဘောသားတွေက အသက်ကယ်ဘောကွင်းကို လှမ်းပစ်ပေးလိုက်တယ်။ ပဲ့စင်ထက်ကနေလည်း MOB Lifebuoys တွေ ပစ်ချပေးတယ်။ သင်္ဘောပေါ်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ရေထဲဆင်းကယ်ဖို့အတွက် ကယ်ဆယ်ရေးဘုတ် ချဖို့ ပြင်ဆင်ကြတယ်။ ရေထဲကျသွားသူရဲ့Life jacket က အလိုအလျှောက်ပွင့်သွားလို့ ရေပေါ်မှာပေါ်နေတယ်။ ဒါပေမယ့် လေပြည့်သွားတာနဲ့ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ Life jacket က အပေါ်ကြွတက်လာပြီး သူ့ခေါင်းရဲ့အနောက်ဘက် လည်ဂုတ်ကနေ ဖိလိုက်သလို ဖြစ်သွားလို့ မျက်နှာက ရေအောက် ငုံ့လျက်ဖြစ်သွားတယ်။ AB တစ်ယောက်က ပစ်ချလိုက်တဲ့အသက်ကယ်ဘောကွင်းကို လှမ်းကိုင်လိုက်နိုင်ပေမဲ့ Life jacket ကြောင့် မျက်နှာ ရေထဲနစ်နေလို့ ရေမွန်းလာတဲ့အခါ သွေးရူးသွေးတန်း ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် ဘောကွင်းကို လက်လွတ်သွားပြန်တယ်။ အဲဒီအခါမှာ ရေစီးကြောင့် သင်္ဘောကြီးရဲ့ ဘယ်ဘက်ခြမ်းကို ရေထဲ ဦးခေါင်းငုံ့လျက် မျောသွားရာက ရေလှိုင်းက ထပ်ပုတ်လိုက်ပြန်တော့ ဦးခေါင်းက သင်္ဘောကိုယ်ထည်ကို အရှိန်နဲ့ တိုက်မိလိုက်တယ်။ ပြီးတော့ ရေစီးနဲ့အတူ ဆက်လက် မျောပါသွားပါတော့တယ်။ နောက်ငါးမိနစ်လောက်ကြာတဲ့အခါမှ မော်တော်ဘုတ်က ရေထဲမျောသွားတဲ့လူကို ပြန်ဆယ်မိပေမဲ့ ဆေးရုံရောက်တဲ့အခါ အသက်မရှိတော့ပါဘူး။
без подписи
“ဂက်စ်ဘူးပါတဲ့အသက်ကယ်အင်္ကျီရဲ့ အန္တရာယ်” Foam လို့ခေါ်တဲ့ ရေမြှုပ်ဖြည့်အသက်ကယ်အင်္ကျီ (Foam filled life jacket) က ဈေးပေါတော့ သင်္ဘောတိုင်းလိုလိုမှာ ထားတတ်ပေမဲ့ လူသုံးနည်းတဲ့ Rescue boat လို ကယ်ဆယ်ရေးဘုတ်တွေ စီးဖို့အတွက်ကိုတော့ ဈေးကြီးတဲ့ Inflatable life jacket (လေမှုတ်အသက်ကယ်အကျီ) တွေ ထားပေးတာ တွေ့ရတယ်။ ဝတ်ရ၊ ချွတ်ရလွယ်လို့ပါ။ ဒီ Life jacket မှာ ဖိအားပေးထားတဲ့လေ (သို့) ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထည့်ထားတဲ့ ဂက်စ်ဘူးအသေးလေးပါတယ်။ Manual type က ရေထဲခုန်ဆင်းရပြီဆိုမှ ဂတ်စ်ဘူးကို ကြိုးနဲ့ဆောင့်ဆွဲလိုက်ရင် ဗားဖွင့်ပြီး Life jacket ထဲ လေဖြည့်ပေးတယ်။ Automatic type က ရေမျက်နှာပြင်အောက် လေးလက္မရောက်ရင် အလိုအလျှောက် ဂတ်စ်အိုးရဲ့ဗားက ပွင့်ပြီး Life jacket က ဖောင်းပွလာတယ်။ Auto ပွင့်တဲ့ ကိရိယာပျက်ရင် Manual ဖွင့်လို့ရအောင် ကြိုးတပ်ထားပေးတယ်။ လိုအပ်ရင် ပါးစပ်နဲ့လေမှုတ်ထည့်လို့ရအောင်လည်း စီမံထားတယ်။ သိကြတဲ့အတိုင်းပဲ။ သင်္ဘောပေါ်မှာ ရေထဲခုန်ဆင်းရမဲ့ အနေအထားသိပ် မရှိတော့ သင်္ဘောသားအများစုက Inflatable life jacket တွေကို ဝတ်ပြီး အသုံးချဖူးသူနည်းပါးတယ်။ အကြောင်းတိုက်ဆိုင်လို့ ဒီ Life jacket မျိုးကို ဝတ်ရမယ်ဆိုရင် အသက်ဘေးမကြုံရအောင် အောက်ပါအဖြစ်အပျက်ကို သေချာဖတ်စေချင်တယ်။
“ဂက်စ်ဘူးပါတဲ့အသက်ကယ်အင်္ကျီရဲ့ အန္တရာယ်”