IMH Language School
СтатистикаIMH Language School ကနေ အင်္ဂလိပ်ဘာသာစကားကို ကိုယ့်ဘာသာလေ့လာနေတဲ့သူတွေအတွက် အသုံးဝင်တဲ့ Vocabulary တွေကို ပုံမှန်မျှဝေပေးနေပါတယ်။ Connect with us on Facebook. https://www.facebook.com/ipmakhub.imh/
- Последний пост
- 30 апр. 2025 г.
- Последнее чтение
- ещё не заходили
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Hello..ဒီညမှာတော့ "Expensive (ဈေးကြီးသော)" ဆိုတဲ့ Adjective စကားလုံးကို တစ်ခုထဲပဲပတ်သုံးနေရင် ပျင်းဖို့အရမ်းကောင်းတာမို့လို့ တခြားဘယ်လိုစကားလုံးလေးတွေနဲ့ သုံးရင်ကောင်းမလဲဆိုတာ အောက်မှာအတူတူကြည့်ရအောင်နော်✨ • Pricey [adj.]✅ Meaning: Something is expensive. ဈေးကြီးတာကို ပြောချင်ရင် expensive အစား သုံးလို့ရပါတယ်။ Example: It's a bit pricey but the food is wonderful. ဈေးနည်းနည်းကြီးပေမယ့် အစားအစာကတော့ တကယ်စားလို့ကောင်းတယ်။ • Bougie [slang.] ✅ Meaning: To describe expensive items, activities, or even someone's lifestyle. အလွန်ဈေးကြီးတဲ့ ဇိမ်ခံပစ္စည်း၊ လှုပ်ရှားမှု၊ လူနေမှုဘဝကို ပြောချင်ရင် သုံးလို့ရပါတယ်။ Example: The bougie day spa offered upscale treatments at a premium price. အရမ်းဈေးကြီးတဲ့ Spa က ပရီမီယံစျေးနှုန်းနဲ့ အဆင့်မြင့်ကုသမှုတွေကို ပေးတယ်။ • Steep [adj.]✅ Meaning: (especially of prices) too much, or more than is reasonable. ဈေးက ရှိသင့်ရှိထိုက်တာထက်ကို အရမ်းဈေးကြီးလွန်းတာကို ပြောချင်ရင် သုံးပါတယ်။ Example: The designer shoes had a steep price tag. ဒီဇိုင်နာဖိနပ်တွေက ပုံမှန်ရှိသင့်တာထက်ကို အရမ်းစျေးကြီးတယ်။ • Lavish [adj.]✅ Meaning: Something that is very luxurious and expensive. ဇိမ်ခံပစ္စည်းအပြည့်နဲ့ ဈေးအလွန်ကြီးတာကို ပြောချင်ရင် သုံးပါတယ်။ Example: They threw a lavish wedding with hundreds of guests. ရာချီဧည့်သည်တွေနဲ့အတူ ဇိမ်ခံအပြည့်နဲ့ ခမ်းနားထည်ဝါတဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ကြတယ်။ • Overpriced [adj.]✅ Meaning: Something is too expensive for the value it provides. ရှိသင့်တာထက်ကို အရမ်းဈေးကြီးလွန်းတာကို expensive အစား သုံးလို့ရပါတယ် Example: That restaurant is nice, but the food is overpriced. ဒီစားသောက်ဆိုင်က ကောင်းပေမယ့် အစားအသောက်တွေက ဈေးကြီးလွန်းတယ်။ ကဲ.... Expensive အစား တခြားဘာလေးတွေထပ်သုံးလို့ရလဲဆိုတာကို ထပ်စဉ်းစားမိရင် အောက်က commentလေးမှာ ရေးပေးသွားပါဦး📥 ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello..Long time no see, Dears✨🙆🏻♀️ မတွေ့ရတာကြာပြီဆိုတော့ ဒီနေ့တော့ အားလုံးရဲ့စိတ်ကိုကြည်နူးပျော်ရွှင်စေတဲ့ အပြုအဘောဆောင်တဲ့ "Positive emotions" နဲ့ပတ်သက်တဲ့ စကားလုံးလေးတွေကို လေ့လာကြရအောင်💛🍀 • Fondness [noun.]✨ Meaning: A feeling of liking or Love for someone. ကိုယ်နဲ့တကယ်ရင်းနှီးသိကျွမ်းတဲ့ တစ်ယောက်ယောက်ကို ကြိုက်နှစ်သက်တာ (သို့မဟုတ်) ချစ်တာကို ဖော်ပြချင်ရင် သူံးပါတယ်။ Example: The look of fondness in her eyes whenever she spoke about her partner revealed the depth of her love for them. ချစ်သူအကြောင်းပြောတိုင်း သူမမျက်လုံးထဲမှာ ချစ်ခင်ကြင်နာမှုနဲ့ သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာရဲ့ အတိမ်အနက်ကို ပေါ်လွင်စေတယ်။ • Elation [noun.]✨ Meaning: An intense feeling of excitement and joy. ကောင်းတဲ့ကိစ္စကြောင့် ပြင်းထန်တဲ့ ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုကို ဖော်ပြချင်ရင် သုံးပါတယ် Example: The runner showed her elation at finishing first as she crossed the first line. အပြေးမယ်က ပထမဂိုးတန်းကို ဖြတ်ကျော်ပြီး အရင်ဆုံးရောက်ခဲ့လို့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ပြသခဲ့ပါတယ်။ • Delight [noun.]✨ Meaning: A strong feeling of pleasure. အရမ်းစိတ်ကြည်နူးသာယာတာကို ဖော်ပြချင်ရင် သုံးလို့ရပါတယ်။ Example: He couldn't hide his delight when he saw Mount Fuji. ဖူဂျီတောင်ကို တွေ့တဲ့အချိန်မှာ စိတ်ကြည်နူးမှုကို သူ မဖုံးကွယ်နိုင်ခဲ့ဘူး။ • Contentment [noun.]✨ Meaning: A feeling of satisfaction and happiness. စိတ်ပျော်ရွှင်ကျေနပ်အားရမှုကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: William finds contentment in reading classic novels. ဝီလျံက ဂန္ထဝင်ဝတ္ထုတွေ ဖတ်ရတာမှာ အရမ်းပျော်ရွှင်ကျေနပ်အားရနေတာကို တွေ့ရတယ်။ • Serenity [noun.]✨ Meaning: A feeling peace and calm. စိတ်တည်ငြိမ်အေးချမ်းမှုကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: Doing meditation gives me a sense of serenity. တရားထိုင်ခြင်းက ငါ့ကို စိတ်တည်ငြိမ်အေးချမ်းစေတယ်။ ကဲ...အပေါ်ကစာလုံးလေးတွေ လေ့လာပြီးရင် တခြားpositive vibeလေးတွေကို ပေးတဲ့စကားလုံးတွေ ထပ်စဉ်းစားမိရင် အောက်က commentလေးမှာ ရေးပေးသွားပါဦး📥 ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello…တနေ့က မတ်လ28ရက်, 2025ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်အား7.72အဆင့်ရှိသော ပြင်းထန်ငလျင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံကိုရိုက်ခတ်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးဆုံးရှူံးမှုများစွာကြောင့် ကျွန်တော်တို့ IMH Team က အားလုံးနဲ့အတူ ထပ်တူများစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအချိန်မှာ မြေပြင်သို့တိုက်ရိုက်မကူနိုင်ခဲ့ရင်တောင် ငွေအားဖြစ်စေ၊ social media တွေကနေ သတင်းစီးဆင်းမှုရှိစေရန်အတွက်ဖြစ်စေ လိုင်းရသောနေရာဒေသများကနေတစ်ဆင့် မှန်ကန်တဲ့သတင်းအချက်အလက်များကို ဝေမျှရှဲပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်။ အထူးသဖြင့် Twitter/X ပေါ်မှာ ငလျင်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ရေးတင်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီစကားလုံးလေးတွေကို ကျွန်တော်တို့ သိသလောက်လေး ဝေမျှပေးချင်ပါတယ်။ • Strike Meaning: To hit suddenly. ရုတ်တရတ် ဖြစ်ပွားသည်၊ တိုက်သည် ၊လှုပ်ခတ်သည်။ The massive earthquake struck Myanmar on March 28, 2025. မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အင်အားကြီးငလျင်လှုပ်ခတ်ခဲ့သည်။ • Break down Meaning: To stop functioning. လည်ပတ်မှုစနစ်များရပ်တန့်သွားသည်။ Connection systems such as phone operators, Wi-Fi, etc. in Myanmar have broken down due to the earthquake. မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖုန်းအော်ပရေတာများ၊ Wi-Fi ကဲ့သို့သော ချိတ်ဆက်မှုစနစ်များ ရပ်တန့်သွားခဲ့သည်။ • Fall down Meaning: To collapse. ပြိုကျပျက်စီးသည်။ Many buildings have fallen down, leaving people trapped. အဆောက်အအုံများစွာ ပြိုကျသွားခဲ့ပြီး လူများ ပိတ်မိနေခဲ့သည်။ • Look for Meaning: To search. လိုက်လံရှာဖွေသည်။ Rescue teams are looking for people under the rubble. ကယ်ဆယ်ရေးအဖွဲ့များဟာ အုတ်တွေကြားထဲက ပိနေတဲ့လူတွေကို လိုက်လံရှာဖွေနေသည်။ • Call for Meaning: To request urgently. အရေးပေါ်အကူအညီအတွက် တောင်းခံသည်။ We are calling for international aid and humanitarian support for Myanmar. မြန်မာနိုင်ငံအတွက် နိုင်ငံတကာအကူအညီနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ • Cut off Meaning: To disconnect. ပြတ်တောက်သည်။ Some areas such as Sagaing, Mandalay, and Shan states in Myanmar, are cut off from emergency services. စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်ကဲ့သို့ မြန်မာနိုင်ငံ ၏တချို့နေရာများတွင် အရေးပေါ်ဝန်ဆောင်မှုတွေ ပြတ်တောက်နေသည်။ • Pull through Meaning: To recover from a difficult situation. ခက်ခဲသောအခြေအနေကနေ ပြန်လည်နာလန်ထူသည်။ We hope all people in Myanmar will pull through and rebuild their lives. မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး မိမိတို့၏ဘဝများကို ပြန်လည်နာလန်ထူနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။ မြန်မာပြည်သူပြည်သား အားလုံးဘေးကင်းရှင်းပြီး နောက်ဆက်တွဲငလျင်သတင်းများအတွက် အထူးဂရုပြုကြဖို့ remind လုပ်လိုက်ပါတယ်ရှင်။ Let’s stay informed and support those in need! #imhenglish #MyanmarEarthquake #StaySafe #WhatsHappeningInMyanmar
без подписи
без подписи
Hello✨... ဒီည Winnie ကတော့ မိန်းကလေးတွေကြားမှာ အများဆုံးသုံးလေ့ရှိကြတဲ့ Slang(ဗန်းစကား) လေးတွေကို ပြောပြပေးချင်လို့ အောက်မှာအတူတူကြည့်လိုက်ရအောင်နော်🙋🏻♀️ • Slay✅ Meaning: To describe someone who has done exceptionally well or impressed others. ထူးထူးခြားခြားနဲ့ အကောင်းဆုံးလုပ်ပြသွားတာ၊ တခြားသူတွေအံ့ဩသွားလောက်တဲ့အထိ လုပ်ချသွားတာကို ပြောချင်ရင် သုံးပါတယ်။ Example: "Go ahead and slay, queen!" ဆက်သွား...အကောင်းဆုံးလုပ်ပြပစ်လိုက်။ • Literally✅ Meaning: To describe 'actually' and use it when we want others to know we're serious, not exaggerating or being metaphorical. တခုခုကို အမှန်တကယ် အလေးအနက်ထားပြီးပြောချင်ရင် သုံးပါတယ်။ Example: "I’m literally obsessed with this song." ငါ တကယ် ဒီသီချင်းကို တော်တော်စွဲနေပြီ။ • Girl math✅ Meaning: To describe the way girls justify their spending habits on unnecessary things. အရမ်းအသုံးမလိုတဲ့ပစ္စည်းတွေအပေါ် သုံးဖြုန်းတာနဲ့ပတ်သက်ပြီး မိန်းကလေးတွေတွက်ချက်တာကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: "Buying something on sale means I actually saved money, not spent it. That’s just girl math." ပစ္စည်းဈေးချတဲ့အချိန်မှာ ဝယ်ပလိုက်တာက ပိုက်ဆံအမှန်တကယ် သုံးဖြုန်းတာမဟုတ်ဘဲ ချွေတာရာရောက်တယ်။ အဲ့ဒါမိန်းကလေးတယောက်ရဲ့တွက်ချက်မှုပဲ။ • It's giving✅ Meaning: To describe someone or something's look or vibe with a positive or negative opinions. ပစ္စည်းတခုခု၊ တစ်ယောက်ယောက်ရဲ့ အသွင်အပြင်၊ တုံ့ပြန်မှုတွေအပေါ်မှာ အကောင်းအဆိုးသုံးသပ်ပြီးပြောကြတဲ့အခါမှာ သုံးပါတယ်။ Example: "This outfit? It’s giving baddie, hot girl energy" ဒီဝတ်စုံလား...ဒါ ခပ်လန်းလန်းဗီလိန်ကောင်မလေးလို ခံစားချက်ပေးတယ်။ • Girl dinner✅ Meaning: meals made of snacks, sides, or small amounts of random foods. အဆာပြေစားစရာတွေ၊ သရေစာမုန့်တွေကို ပြောချင်ရင် သုံးပါတယ်။ Example: "I wasn’t in the mood to cook, so my girl dinner tonight was just chips and ice-cream." ငါ ဟင်းချက်ချင်စိတ်မရှိဘူး...အာ့ကြောင့် ဒီညကတော့ အာလူးကြော်နဲ့ရေခဲမုန့်ပဲအေ။ ⚡ကဲ...အပေါ်က slang လေးတွေ လေ့လာပြီးပြီဆိုရင် "Drip" ဆိုတဲ့ slangလေးကို ထပ်လေ့လာပြီး အောက်ကcmtလေးမှာ ဖြေသွားပေးပါဦး📥။ ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello... ဒီညမှာတော့ Winnie တို့ ပြေးတာကို ပြောချင်ရင် "Run🏃🏻♀️" ဆိုတဲ့ စကားလုံးလေးကို ဒီဟာပဲ သုံးနေမယ်ဆိုရင် နည်းနည်းပျင်းဖိုကောင်းတယ်မလားနော်💤 ဒါဆို အောက်က စကားလုံးလေးတွေကိုလည်း Run အစားသုံးလို့ရပါသေးတယ်👇🏻 • Dash ✅ Meaning: To run quickly and suddenly. (အရှိန်ဖြင့်) ပြေးလွှားသည်။ ရွေ့သွားသည်။ Example: "I had to dash to the store before it closed." ငါ စတိုးဆိုင်မပိတ်ခင် မြန်မြန်ပြေးသွားရမယ်။ • Sprint ✅ Meaning: To run at full speed for a short distance. (အရှိန်ဖြင့်) တဟုန်ထိုး ပြေးသည်။ Example: "He sprinted to the finish line and won the race" သူ တဟုန်ထိုး ပန်းတိုင်ကို ပြေးပြီး ပြိုင်ပွဲကနေအနိုင်ရသွားတယ်။ • Jog✅ Meaning: To run at a slow, steady pace. ဖြည်းဖြည်းနဲ့မှန်မှန် ပြေးသည်။ Example: "She jogs every morning to stay fit." သူမ ကျန်းမာရေးကောင်းနေဖို့ မနက်တိုင်း ပြေးတယ်။ • Scurry✅ Meaning: To run with quick steps. ခပ်မြန်မြန် ပြေးသည်။ Example: "The mouse scurried across the kitchen floor." ကြွက်က မီးဖိုချောင်ကြမ်းပြင်ကနေ ဖြတ်ပြေးသွားတယ်။ • Gallop ✅ Meaning: To run like a horse, moving fast and strong. မြင်းတစ်ကောင်လိုပဲ တဟုန်ထိုး အလျင်အမြန် ပြေးသည်။ Example: "The children galloped across the playground with excitement." ကလေးတွေက စိတ်လှုပ်တရှားဖြင့် ကစားကွင်းကို တဟုန်ထိုးပြေးသွားကြတယ်။ ကဲ...ဒါဆို အပေါ်ကစကားလုံးလေးတွေ လေ့လာပြီးပြီဆို "𝘿𝙖𝙧𝙩" ဆိုတဲ့ စကားလုံးလေးကို ထပ်လေ့လာ့ပြီး အောက်က comment📥မှာ sentence လေးတွေ တည်ဆောက်ပေးပါဦးနော်🙆🏻♀️ =========================== သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello...Long Time No See, Dears🙆🏻 2025လအစတည်းက Winnie တို့ IMH Language School ဘက်ကနေ ပိုကောင်းမွန်တဲ့ အကြောင်းအရာ၊ knowledge လေးတွေကိုဝေမျှပေးချင်တဲ့အတွက် အချိန်တခုယူခဲ့တာကနေ ဒီနေ့ပြန်လာပါပြီ💃🏻 ဒီနေ့မှာတော့ အားလုံးအတွက်စိတ်ဝင်စားစရာကောင်းတဲ့ "𝘾𝙤𝙘𝙠𝙣𝙚𝙮 𝙍𝙝𝙮𝙢𝙞𝙣𝙜 𝙎𝙡𝙖𝙣𝙜( ကာရန်တူ အင်္ဂလိပ်ဗန်းစကား)"လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်✨ 📜Cockney Rhyming Slangက လန်ဒန်မြို့အရှေ့ပိုင်းကနေစတင်ဆင်းသက်လာပြီးတော့ ဗြိတိသျှယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့ ဗန်းစကားလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို အပျော်သဘောနဲ့ဖြစ်ဖြစ်၊ တခုခုကိုလွမ်းဆွတ်တမ်းတတဲ့အခါတွေမှာပဲဖြစ်ဖြစ် အသုံးပြုလေ့ရှိပါတယ်။ ပိုရှင်းသွားအောင် အောက်က စကားလုံးလေးတွေကို အတူတူကြည့်လိုက်ကြရအောင်👇🏻 • dog and bone ✅ Meaning : Telephone (တယ်လီဖုန်း). Example: My mom is on the dog and bone at the moment. ငါ့အမေ အခု ဖုန်းပြောနေတယ်။ • apples and pears ✅ Meaning: Stairs (လှေကား). Example: Be careful or you will fall down the apples and pears. သတိထားအုန်း မဟုတ်ရင် မင်းလှေကားကနေ ပြုတ်ကျလိမ့်မယ်။ • Scooby-Doo ✅ Meaning: Clue or Idea (သဲလွန်စ/စိတ်ကူးအကြံဉာဏ်) Example: I haven't got a Scooby-Doo. ငါ သဲလွန်စ/အကြံဉာဏ်မရသေးဘူး။ • Barney- Rubble ✅ Meaning: Trouble (ပြဿနာ) Example: I am in a bit of barney-rubble. ငါပြဿနာနည်းနည်းတက်နေတယ်။ • Adam and Eve ✅ Meaning: Believe (ယုံကြည်သည်) Example: I can't Adam and Eve it! ငါ ဒါကို မယုံနိုင်ဘူး။ • Ruby Murray ✅ Meaning: Curry (ဟင်းလျာ) Example: That's the place where you'd go for the best ruby murray in town. အဲဒီနေရာက မြို့ထဲမှာ မင်းမဖြစ်မနေသွားရမယ့် အကောင်းဆုံးဟင်းလျာရှိတဲ့ နေရာပဲ။ ကဲ...အပေါ်က စကားလုံးတွေကို လေ့လာပြီးပြီဆိုရင် "Trouble and Strife " က ဘာအဓိပ္ပာယ်လဲဆိုတာ ဖြေသွားပေးပါဦး❓ =========================== သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
🙋🏻♀️Hey Guys... မကြာခင် နာရီပိုင်းအလိုမှာ 2025 နှစ်သစ်ကို ရောက်တော့မှာဆိုတော့ ကိုယ်ချစ်တဲ့သူတွေကို wishပေးမယ်ဆိုရင် Happy New Year ကြီးပဲ ပြောနေမယ်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လေနော်🤔 ဒါကြောင့် ဒီလိုလေးတွေလည်း ပြောလို့ရပါသေးတယ်🙆🏻♀️✨🎇 1) Best wishes for the new year! နှစ်သစ်အတွက် အကောင်းဆုံးဆုမွန်ကောင်း ချွေလိုက်ပါတယ်။ 2) May your new year be filled with joy! နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေနော်။ 3) Cheers to a fresh start! အသစ်အဆန်းတွေနဲ့ ပျော်ပျော်ကြီး စလိုက်ကြစို့။ 4) Wishing you a prosperous new year! နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 5) Here's to new beginning! ကဲ.. အသစ်စတင်ခြင်းဆီသို့ အတူပေါ့။ 6) A wonderful year ahead! ထူးခြားတဲ့ နှစ်သစ်ဖြစ်ပါစေ။ 7) A happy and healthy new year! ပျော်ရွှင်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေ။ 8) Looking forward to a great year ahead! ကောင်းသောနှစ်ကို စောင့်မျှော်နေလျက်ပါနော်။ 9) Endless smiles in 2025! ၂၀၂၅ မှာ အဆုံးမရှိတဲ့အပြုံးတွေနဲ့ ဝေဆာနိုင်ပါစေ။ ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 2025 မှာ ပြန်လည်ဆုံတွေ့မယ်နော်⭐ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello.. မကြာခင် New Yearလည်းရောက်တော့မှာဆိုတော့ New Yearနဲ့ ပတ်သက်နဲ့ vocabulary စကားလုံးတချို့ကို အတူတူ လေ့လာလိုက်ရအောင်🍀✨ 1) New Year's Eve🕛 Meaning: The last day of the year. နှစ်တနှစ်ရဲ့ နောက်ဆုံးရက်(December 31ရက်နေ့) ကို ပြောချင်ရင် သုံးလို့ရပါတယ်။ Eve စကားလုံးကတော့ ညနေခင်း "Evening" စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ Example: Some people choose to spend New Year's Eve quietly at home with family or close friends. လူအချို့ကတော့ နှစ်သစ်ကူးအကြိုနေ့ကို မိသားစု သို့မဟုတ် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အိမ်မှာပဲ တိတ်တဆိတ် ဖြတ်သန်းဖို့ ရွေးချယ်ကြတယ်။ 2) fireworks🎇 Meaning: A small device that explodes to make a display of light and noise. နှစ်သစ်ကူးအကြိုညမှာ အမြဲတွေ့ရတတ်တဲ့ မီးပန်းတွေကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: As the clock struck midnight on New Year's Eve, the sky exploded with colorful fireworks, welcoming the new year with a dazzling display. နှစ်သစ်ကူးအကြိုနေ့ သန်းခေါင်ယံအချိန်ကို ရောက်လာသတာနဲ့ ကောင်းကင်မှာ ရောင်စုံမီးရှူးမီးပန်းများ ဖောက်ကာ နှစ်သစ်ကို ရင်သပ်ရှုမောဖွယ် ကောင်းတဲ့မြင်ကွင်းတွေနဲ့ကြိုဆိုကြတယ်။ 3) Resolution🍀 Meaning: A promise that you make to yourself. နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အမှန်တကယ်ဖြစ်လာအောင် ပြုလုပ်ဖို့အတွက် အစီအစဉ်ကတိရေးဆွဲတာကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: Many people make New Year's resolutions, setting goals for self-improvement in the coming year. လူအတော်များများ နှစ်သစ်ကူးပလန်ချမှတ်ကြပြီး လာမည့်နှစ်မှာ မိမိကိုယ်ကိုယ်တိုးတက်ဖို့အတွက် ပန်းတိုင်တွေချမှတ်ကြတယ်။ 4) Confetti🎉 Meaning: Small pieces of coloured paper that people throw at celebration. ပွဲတော်ရက်တွေမှာ မီးပန်းနဲ့အတူတွဲကာ ဖောက်လေ့ရှိသော ရောင်စုံစက္ကူတွေကို ဖော်ပြချင်ရင် သုံးလို့ရပါတယ်။ Example: The neighbors organized a small outdoor gathering, sharing food and drinks, and throwing confetti at midnight to celebrate the new year together. အိမ်နီးနားချင်းတွေဟာ နှစ်သစ်ကို အစားအသောက်နဲ့ အအေးတွေကို မျှဝေပြီး သန်းခေါင်ယံအချိန်မှာ ရောင်စုံစက္ကူများဖောက်ကာ အတူတူဆင်နွှဲခဲ့ကြတယ်။ 5) A bottle of bubbly🥂 Meaning: A bottle of Champagne ဒီစကားစုလေးကတော့ Champagne တစ်ခွက်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ New Year နှစ်သစ်ကူး ပွဲကျင်းပတဲ့အခါမှာ ရှန်ပိန်သောက်သူ အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့အချိန်မှာ “Bubbly” ဟာ ရှန်ပိန် ကို ဘန်းစကားအနေနဲ့ သုံးလိုက်တာဖြစ်ပြီး တနည်းအားဖြင့် ဖန်ခွက်ထဲမှာ ရှန်ပိန်ပူဖောင်းတွေ ထွက်လာတဲ့ပုံစံကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ Example: Shall we buy a nice bottle of bubbly for the New Year’s party? နှစ်သစ်ကူးပါတီအတွက် ရှန်ပိန်တစ်ပုလင်းကောင်းကောင်းလေး ဝယ်ကြမလား။ ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello... ဒီညမှာတော့ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံး တချို့ကို အတူတူလေ့လာလိုက်ရအောင်👔👨🏻💼 1) Commence [verb.]✅ Meaning: to begin something. စတင်တာကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: The ceremony will commence at 10:00 am, so please be seated by 9:45. အခမ်းအနားကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်၍ ၉ နာရီ ၄၅ မိနစ်တွင် ထိုင်ခုံသို့ ကျေးဇူးပြုရျ်နေရာယူပေးကြပါရှင်။ 2) Conclude [verb.]✅ Meaning: To finish a speech, meeting. စကား၊ မိန့်ခွန်း၊ အစည်းအဝေး ကို ပြီးစီးအဆုံးသတ်တာကို ဖော်ပြချင်ရင် သုံးပါတယ်။ Example: The chairperson thanked everyone for their participation and concluded the meeting. ဥက္ကဋ္ဌက အားလုံးကို ပါဝင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။ 3) Inquire [verb.]✅ Meaning: To ask for information. လုပ်ငန်းအချက်အလက် (သို့မဟုတ်) ဝန်ဆောင်မှုတွေကို မေးမြန်းတဲ့အခါမှာ သုံးလို့ရပါတယ်။ Example: The marketing team inquired about the target audience's preferences to create a more effective advertising campaign. မားကစ်တင်းအဖွဲ့ဟာ ပိုမိုထိရောက်တဲ့ ကြော်ငြာကမ်ပိန်းတစ်ခုဖန်တီးဖို့ ပစ်မှတ်ထားမယ့်သူတွေရဲ့ သဘောကျနှစ်သက်မှုကို မေးမြန်းခဲ့တယ်။ 4) Inform [verb.]✅ Meaning: To tell someone about particular facts. တယောက်ယောက်ကို အကြောင်းအရာ,အချက်အလက်တွေကို ပြောပြတဲ့ အခါမှာ သုံးပါတယ်။ Example: The manager informed her team about the upcoming changes in the company's policies during the weekly meeting. မန်နေဂျာက အပတ်စဉ်အစည်းအဝေးအတွင်း ကုမ္ပဏီရဲ့မူဝါဒတွေမှာ လာမယ့် အပြောင်းအလဲတွေကို သူရဲ့အဖွဲ့အား အသိပေးခဲ့တယ်။ 5) Purchase [verb.]✅ Meaning: To buy something. လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကြိ ဝယ်ယူရတဲ့အခါမှာ သူံးပါတယ်။ Example: The restaurant purchased new tables and chairs for the dining area. စားသောက်ဆိုင်သည် ထမင်းစားခန်းအတွက် စားပွဲနဲ့ ကုလားထိုင်အသစ်တွေကို ဝယ်ယူခဲ့တယ်။ ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish
без подписи
Hello..ဒီနေ့ညမှာတော့ Basic English စကားပြောလေးတွေကို Native English အဖြစ်ဘယ်လိုပြောင်းပြောလို့ရလဲဆိုတာကို အောက်မှာ အတူတူလေ့လာကြရအောင်နော်✨ 1) Oh my God (Basic) >> Holy Moly (Native)✅ Meaning: An exclamation variously expressing disbelief, excitement, or anger. တခုခုကြောင့် မယုံကြည်နိုင်တာ၊ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ စတဲ့အချိန်မှာ ရုတ်တရတ်ထွက်ပေါ်လာတတ်တဲ့ အာမေဋိတ်စကားလုံးဖြစ်ပါတယ်။ Example: Holy moly, this is the most delicious pizza I've ever tasted. ဟာ.. ဒါက ကျွန်တော် စားဖူးသမျှထဲမှာ အရသာအရှိဆုံးပီဇာပဲ။ 2) Excuse me. What did you say? (Basic) >> I'm sorry. Come again? (Native)✅ Meaning: The phrase is a polite way of asking someone to repeat or clarify what they just said. ဒီစကားစုက တစ်စုံတစ်ဦးအား သူတို့ပြောခဲ့တဲ့ အကြောင်းအရာကို ထပ်ပြောခိုင်းတာ သို့မဟုတ် ရှင်းလင်းအောင် ပြန်မေးတဲ့အခါမှာ သုံးပါတယ်။ Example: I'm sorry. Come again? Could you repeat the question, please?" တောင်းပန်ပါတယ်..တချက်လောက်..မေးခွန်းကို ကျေးဇူးပြုရ်ျ ပြန်ပြောပေးလို့ ရနိုင်မလား 3) You are so beautiful (Basic) >> You're drop dead gorgeous. (Native)✅ Meaning: A compliment that expresses admiration for someone's physical or inner appearance. တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်, စိတ်နေသဘောထားလှပမှုကို လေးစားမှုဖြင့် ဖော်ပြတဲ့ ချီးကျူးစကားပြောဆိုရာမှာ သုံးလို့ရပါတယ်။ Example: Everyone at the party was turning heads to look at you. You were drop dead gorgeous. ပါတီမှာရှိတဲ့လူတိုင်းက နင့်ကို ခေါင်းပြန်လှည့်ပြီးတောင် ကြည့်ကြတယ်။ နင် အရမ်းလှတာပဲ။ 4) I decided (Basic) >> I made up my mind (Native)✅ Meaning: It means that you have made a choice or reached a conclusion after considering different options or factors. မတူညီတဲ့ အမြင်တွေ သို့မဟုတ် အကြောင်းရင်းတွေကိုထည့်သွင်းစဉ်းစားပြီးနောက် ရွေးချယ်မှုတစ်ခုကို ပြုလုပ်တဲ့အချိန်မှာ သုံးပါတယ်။ Example: I made up my mind to propose to my girlfriend after realizing that I couldn't imagine my life without her. သူမမပါတဲ့ ကျွန်တော့်ဘဝကို စိတ်ကူးမယဉ်နိုင်မှန်း သိလိုက်ရတဲ့အခါမှာ ကျွန်တော့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ထဲဆုံးဖြတ်လိုက်တယ်။ ============================ သိချင်တာလေးတွေရှိရင် °Leave a comment° မှာ စာလေးချန်ခဲ့ပေးနော်။ 🪄CONNECT WITH US ✨ Facebook • IMH Language School YouTube • IMH Language School #ImhEnglish