tgindex
mental heal

mental heal is your trusted mental health service, offering a welcoming environment where you’ll feel at home, loved, appreciated, and safe.

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
8
Всего постов
79
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 361
+3 за 5 дн.
Сутки
−2
−0,08%
Неделя
 
Месяц
 
Просмотров на пост
202
40 постов
Вовлечённость
8,6%
к подписчикам
Постов в день
1,1
всего 79
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
129
1/48двое суток
147
1/72трое суток
159

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • 🌿 From Family Trauma to Healthy Love တစ်ခါတလေ ငယ်ဘဝက မိသားစုအတွင်း ကြုံခဲ့ရတဲ့ နာကျင်မှုတွေက ဒီနေ့ရဲ့ Self-Worth, Emotions နဲ့ Relationships တွေအပေါ် သက်ရောက်နေတတ်ပါတယ်။ ဒါပေမယ့်… အတိတ်က ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်ပေးစရာ မလိုပါဘူး။ 🤍 mental heal × Purple Feminists Group တို့ရဲ့ “From Family Trauma to Healthy Love” Healing Circle မှာ ကိုယ့်နာကျင်မှုတွေကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကို ပိုကြင်နာဖို့နဲ့ ပိုကျန်းမာတဲ့ Relationship တွေ တည်ဆောက်ဖို့ အတူတူ လေ့လာကြမယ်။ 📅 5th September 2026 (Saturday) ⏰ 7:00 PM – 9:00 PM (MMT) 💻 Online Healing Circle 🎁 Attendees အတွက် Free Emotional Well-being Check-in လည်း ရရှိမှာပါ။ ပါဝင်ချင်ရင် Comment မှာ “LOVE” လို့ရေးပြီး Registration Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ 🤍 🔗 https://forms.gle/LnKm2ht15FFRDMZV9 သင်ဟာ ဒီခရီးမှာ တစ်ယောက်တည်း မဟုတ်ပါဘူး။ 🌿 #FromFamilyTraumaToHealthyLove #HealingFamilyTrauma #HealthyRelationships #SelfWorth #HealingJourney #MentalHealthMyanmar

  • без подписи

  • 🧩 “ငါတကယ်လိုချင်တာ ဘာလဲ?” လို့ မေးကြည့်ပါ တစ်ခါတလေ ကိုယ်က လူတစ်ယောက်ကို လိုချင်နေတာလို့ ထင်ပေမယ့် တကယ်လိုချင်နေတာက အဲ့ဒီလူဆီက ရချင်တဲ့ လုံခြုံမှု၊ နားလည်မှု၊ ကိုယ့်ကိုချစ်နေသေးတယ်ဆိုတာ သေချာခံစားရမှု ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် “သူ့ကိုလိုချင်တာလား၊ ဒါမှမဟုတ် သူ့ဆီက ရချင်နေတဲ့အရာတစ်ခုခုရှိနေတာလား” လို့ ပြန်မေးကြည့်ပါ။ လူတစ်ယောက်ကို ချစ်လို့ ပိုင်ဆိုင်ချင်မိတာနဲ့ အဲ့ဒီလူဆီကနေ ရချင်တဲ့ လုံခြုံမှုနဲ့ စိတ်ချမှုကို လိုချင်နေတာက မတူပါဘူး။ 🧩 ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း ချစ်ပေးပါ Relationship တစ်ခုထဲကိုပဲ အာရုံစိုက်ရင်း ကိုယ့်သူငယ်ချင်းတွေ၊ ဝါသနာတွေ၊ ရည်မှန်းချက်တွေ၊ ကိုယ်တစ်ယောက်တည်းနေရင်း ပျော်ခဲ့တဲ့အချိန်တွေကို မသိမသာ လျော့လာမိလားဆိုတာ ပြန်ကြည့်ပါ။ သူ့ကိုချစ်ပေးရင်းနဲ့လည်း ကိုယ့်ဘဝကိုလည်း ဆက်ပြီး တည်ဆောက်လို့ရပါတယ်။ သူနဲ့အတူရှိနေဖို့အတွက် ကိုယ့်ဘဝတစ်ခုလုံးကို သူ့ဆီမှာပဲ နှစ်မြုပ်ထားတာမျိုး မလိုအပ်ပါဘူး။ သူနဲ့အတူရှိနေတုန်းလည်း ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်စရာတွေဖန်တီးတာ၊ ကိုယ့်ဝါသနာတွေကို ဆက်ပြီးလုပ်နေတာ၊ ကိုယ့်ရည်မှန်းချက်တွေအတွက်လည်း ကြိုးစားနေသင့်ပါတယ်။ ဒါတွေက သူ့ကိုချစ်တာနည်းသွားတာ မျိုးမဟုတ်ဘဲ ကိုယ့်ဘဝကိုလည်း ချစ်ပေးပြီး တန်ဖိုးထားတတ်တာမျိုးပါပဲ။ 🤍 ငယ်ဘဝမှာ မိဘနဲ့သားသမီး ဆက်ဆံရေးကနေ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ခံစားချက်တွေကို ဘယ်လိုဆက်ဆံခံခဲ့ရလဲဆိုတာတွေက လက်ရှိ relationship မှာ အဆင်မပြေနိုင်တဲ့ သက်ရောက်မှုရှိနေတာဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပိုနားလည်လာပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ Mental Heal မှာ ကျွမ်းကျင်တဲ့ Counselor, Therapist များနဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့အတွက် page ရဲ့ chat box မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်ရှင့်။ အတူတူ ကုစားကြစို့ … mental heal နှင့်အတူ။ ✨ #mentalheal #mentalhealth #mentalhealthawareness #selfawareness #selfcare #relationship #relationship_patterns #childhood_experiences #emotionalhealing #healingjourney

  • အချစ်ခံချင်လွန်းလို့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလား🙍‍♀️❤️‍🩹 ကိုယ်ချစ်ရတဲ့သူဆီက princess treatment တွေ ဘယ်လောက်ရရ၊ နားလည်မှုတွေ ဘယ်လောက်ပေးပေး တစ်ခါတလေမှာ “ငါ လုံလုံလောက်လောက် အချစ်မခံရဘူး” ဆိုပြီး အကြောင်းပြချက်မရှိဘဲ သံသယဝင်မိတာမျိုး ကြုံဖူးလား… ရန်ဖြစ်တာ၊ စကားများတာ၊ ကိုယ်မကြိုက်တဲ့အရာတွေရှိတဲ့အခါ “ငါတို့နှစ်ယောက် ဘယ်လိုညှိနှိုင်းကြမလဲ” ဆိုတာထက် “သူ့စိတ်အတိုင်း လိုက်ညှိပေးရမယ်” သူ့အခြေအနေကို နားလည်ပေးရမယ်” “သူ့မှာလည်း အကြောင်းရှိမှာပါ”ဆိုပြီး ကိုယ့်ဘက်ကပဲ အမြဲတမ်း နားလည်ပေးဖို့ ကြိုးစားနေမိပြီဆိုရင် သူ့ကိုချစ်လို့ ဒီလိုလုပ်နေတာလား… ဒါမှမဟုတ် ဒီဆက်ဆံရေးပျက်သွားမှာကို ကြောက်လို့လား? ဆိုတာ သတိထားပြီး ပြန်စဉ်းစားကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်လို့ နားလည်ပေးတာ၊ ညှိနှိုင်းပေးတာတွေက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့်…💡 “သူမရှိရင် ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားမှာ” “ဒီ relationship ကို ဘယ်လိုပဲဖြစ်ဖြစ် မပျက်အောင် ထိန်းထားရမယ်” ဆိုတဲ့စိတ်ကြောင့် ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်ခံစားချက်တွေကို တဖြည်းဖြည်း ဖိနှိပ်ပြီး သူ့အတွက်ပဲ ကိုယ့်ကိုယ်ကို ပြောင်းလဲနေမိတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေမှန်း မသိ ပျောက်ဆုံးစပြုနေတတ်ပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့က” နာကျင်မှုနဲ့ ခံစားချက်အတက်အကျတွေများမှ အချစ်ကပိုပြင်းထန်တယ်” လို့ မှားယွင်းပြီး ခံစားမိတတ်ပါတယ်။ ဒါဆို…နာကျင်မှုကို ဘာလို့အချစ်လို့ ထင်မိတာလဲ❓ ဒါတွေက တစ်ခါတလေ ကျွန်မတို့ရဲ့ ငယ်ဘဝမှာ ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာ၊ အလေးထားခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ မိဘတွေကလည်း သူတို့တတ်နိုင်သလောက် အရာအားလုံးကို လုပ်ပေးနေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ပြုလုပ်မိခဲ့တဲ့ အပြုအမူတချို့က ကျွန်မတို့အတွက် “အချစ်ဆိုတာ ဘယ်လိုမျိုးလဲ” ဆိုတဲ့ အယူအဆတချို့ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ…💬 မိဘတွေ စိတ်အဆင်ပြေနေတဲ့အချိန်၊ မပင်ပန်းတဲ့နေ့တွေမှာ ကိုယ်ပြောသမျှ နားထောင်ပေးတယ်၊ အလေးထားတယ်၊ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝပေးတယ်။ ဒါပေမယ့် သူတို့အဆင်မပြေတဲ့အချိန်၊ ပင်ပန်းနေတဲ့နေ့တွေမှာတော့ “ဟာကွာ… ဒီကလေး ငြိမ်ငြိမ်နေလို့မရဘူးလား” “မိဘအရိပ်အကဲလည်း ကြည့်ပါဦး” “နင်ပြောချင်တာတွေပဲ ပြောဖို့သိတယ်” ဆိုတဲ့ တုံ့ပြန်မှုတွေ ရှိလာတတ်ပါတယ်။ ဒါဟာ မိဘတွေက မချစ်လို့ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့တော့ “ငါ့ကို ချစ်တယ်ဆိုတာ အမြဲတမ်းတည်ငြိမ်နေမှာမဟုတ်ဘူး။ သူတို့ရဲ့အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်” ဆိုတဲ့ သဘောတရားမျိုးကို မသိလိုက်ဘဲ သင်ယူလာမိနိုင်ပါတယ်။ အဲ့ဒီလို အတွေ့အကြုံတွေကနေ relationship တစ်ခုတည်ဆောက်တဲ့အခါမှာလည်း ဒီနေ့ ကိုယ့်အပေါ် အရမ်းချစ်ပေးလိုက်၊ နောက်နေ့ အေးစက်သွားလိုက်ဖြစ်နေတဲ့ ခံစားချက်အတက်အကျတွေကိုပဲ “အချစ်” လို့ ထင်ယောင်ထင်မှား ဖြစ်မိတတ်ပါတယ်။ တစ်ခါတလေ အေးဆေးတည်ငြိမ်တဲ့ relationship ကိုတောင် ထူးဆန်းသလို၊ ငြီးငွေ့စရာလို ခံစားလာတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဘက်က အတွေးတွေများပြီး “ငါ့ကိုသူက အရင်လိုမချစ်တော့ဘူးလား…” “ငါက အရင်လောက် ဘာလို့အချစ်မခံရတော့တာလဲ…” “ဘာတွေများ မှားသွားလို့လဲ…”ဆိုတဲ့ မေးခွန်းတွေအများကြီးကြားမှာ ကိုယ့်ရဲ့အာရုံတွေက သူ့ဆီမှာပဲ ရှိနေပြီး ကိုယ့်ခံစားချက်၊ ကိုယ့်လိုအပ်ချက်၊ ကိုယ့်ဘဝကိုတောင် မေ့လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ဖို့လိုပါတယ် 🫂 “ငါက ဒီလူကို ချစ်နေတာလား… ဒါမှမဟုတ် သူ့ဆီက အချစ်ကို မဆုံးရှုံးချင်လို့ ကိုယ့်ကိုယ်ကို ဆုံးရှုံးနေတာလား?” ဒါကြောင့် ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ပြန်ရှာရမယ့်အရာက သူ့ဆီက ပိုအချစ်ခံရဖို့ မဟုတ်ပါဘူး။ ကိုယ့်ဆီကိုယ် ပြန်ရှာဖွေပြီး ချစ်ပေးဖို့ပါ။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရပြီး ဆိုရင် ဘယ်လိုပြန်ရှာမလဲ ⁉️ ငယ်ဘဝမှာ ရခဲ့တဲ့အတွေ့အကြုံတွေက ဒီနေ့ ကိုယ့်ရဲ့ relationship တွေကို သက်ရောက်မှုရှိနိုင်ပေမယ့် “ငါငယ်ငယ်ကတည်းက ဒီလိုဖြစ်လာတာဆိုတော့ ပြင်လို့မရတော့ဘူး” ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်က ကိုယ်သင်ယူခဲ့ရတဲ့အရာတွေကို ပြန်နားလည်လာပြီး ကိုယ့်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ပြန်နားထောင်ပေးတတ်လာတာနဲ့အမျှ အရင်က ကိုယ့်ရဲ့ပုံစံတွေကို တဖြည်းဖြည်း ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ရှာတယ်ဆိုတာက အရင်ကဖြစ်ခဲ့တာတွေကို ဖျောက်ပစ်ဖို့မဟုတ်ပါဘူး။ အဲ့ဒီအရာတွေကြောင့် နောက်ထပ် ကိုယ့်ကိုယ်ကို မနာကျင်စေတော့အောင် ပြန်ဂရုစိုက်တတ်လာဖို့ပါ။ 🧩 ကိုယ့်ခံစားချက်ကို အရင် နားထောင်ပေးပါ ငယ်ဘဝမှာ ကိုယ့်ခံစားချက်တွေကို အလေးထားပြီး နားထောင်ပေးခံရမှု နည်းခဲ့ရင် အခုလည်း “ငါကပဲ အတွေးများနေတာပါ” ဆိုပြီး ကိုယ့်ခံစားချက်ကို ကိုယ်တိုင် လျစ်လျူရှုမိတတ်ပါတယ်။ ဒါကြောင့် တစ်ခုခုခံစားလာတဲ့အခါ ချက်ချင်းပြောင်းလဲဖို့ မကြိုးစားဘဲ “ငါဘာကြောင့် ဒီလိုခံစားနေရတာလဲ?” လို့ အရင်ဆုံး ကိုယ့်ခံစားချက်ကို နားထောင်ပေးပါ။

  • без подписи

  • မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ စိတ်ဒဏ်ရာ (Generational Trauma) တွေကို ဘယ်လို ကုစားကြမလဲ? 🧬🌱 တစ်ခါတလေ ကိုယ့်ရဲ့ အကြောင်းမဲ့ ကြောက်ရွံ့မှုတွေ၊ ဒေါသတွေ၊ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် မိသားစုထဲမှာ အစဉ်အဆက် ဖြစ်ပျက်နေတဲ့ အဆိပ်သင့်နေတဲ့ အလေ့အထတွေက ကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘဲ မိဘ၊ ဘိုးဘွားတွေဆီကနေ လက်ဆင့်ကမ်း ပါလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို မျိုးရိုးစဉ်ဆက် ပါလာတဲ့ စိတ်ဒဏ်ရာ (Generational Trauma) လို့ ခေါ်ပါတယ်။ ဒီစိတ်ဒဏ်ရာတွေက မျိုးရိုးဗီဇအရရော၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ ပြုစုပျိုးထောင်ပုံတွေကနေတစ်ဆင့်ပါ ကူးစက်လာတတ်ပါတယ်။ ဘိုးဘွားမိဘတွေက မကုစားနိုင်ခဲ့လို့ ကိုယ့်ဆီ ရောက်လာတဲ့ ဒီစိတ်ဒဏ်ရာ သံသရာကို ကိုယ်က ဘယ်လို အဆုံးသတ်ကြမလဲ။ 💭 အသိအမှတ်ပြု လက်ခံခြင်း ပထမဆုံးကတော့ ကိုယ့်မိသားစုထဲမှာ ဘယ်လို Toxic ဖြစ်တဲ့ အလေ့အထတွေရှိနေလဲ ဆိုတာကို သတိထားမိဖို့ပါ။ ဥပမာ - ခံစားချက်ကို မျိုသိပ်တာ၊ ပြဿနာကို အကြမ်းဖက် ဖြေရှင်းတာ၊ စိတ်ပိုင်းဆိုင်ရာ လျစ်လျူရှုတာ၊ အမြဲတမ်း အပြစ်တင်တာတွေပေါ့။ ဒါတွေကို မိသားစုရဲ့ မကုစားရသေးတဲ့ ဒဏ်ရာတွေပါလားလို့ နားလည် လက်ခံလိုက်ခြင်းက အစပါပဲ။ 💭 ကိုယ်ချင်းစာတရားထားခြင်း မိဘတွေကို ဒေါသထွက် အပြစ်တင်ဖို့ထက် သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အဖြေရှာမတွေ့ဘဲ ကိုယ်တတ်နိုင်သလောက် ရုန်းကန်ခဲ့ရတယ်ဆိုတာကို မြင်အောင်ကြည့်ကြည့်လို့ရပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ထောက်ခံခိုင်းတာ မဟုတ်ဘဲ သူတို့ရဲ့အခြေအနေကို နားလည်ပေးလိုက်ခြင်းက ကိုယ့်ရင်ထဲက အမုန်းတရားတွေကို လျော့ကျသွားစေနိုင်ပါတယ်။ 💭 Healthy Boundaries များ သတ်မှတ်ခြင်း မျိုးရိုးစဉ်ဆက် ဒဏ်ရာတွေကို ကုစားရာမှာ Boundaries တွေက အရမ်းအရေးကြီးပါတယ်။ မိသားစုထဲက အဆိပ်သင့်စေတဲ့ အပြုအမူတွေကို ငြင်းဆန်ဖို့၊ ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုကို ထိခိုက်လာရင် မရဘူးလို့ ရဲရဲဝံ့ဝံ့ ပြောတတ်ဖို့ လေ့ကျင့်ရပါမယ်။ မိသားစုကို ချစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကွာအဝေးတစ်ခု ထားတာကလည်း တစ်ကိုယ်ကောင်းဆန်တာမျိုးတော့ မဟုတ်ပါဘူး။ 💭 ကိုယ့်ရဲ့ တုံ့ပြန်ပုံ အလေ့အကျင့်သစ်များ တည်ဆောက်ခြင်း အရင်က ပြဿနာကြုံရင် ဒေါသနဲ့ တုံ့ပြန်တတ်တဲ့ မိသားစုက ဆင်းသက်လာရင် ကိုယ်တိုင်က အဲဒီလို မတုံ့ပြန်ဘဲ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဖြေရှင်းတတ်ဖို့ ကြိုးစားရပါမယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို လျစ်လျူမရှုဘဲ အသိအမှတ်ပြုပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည် ပြုစုပျိုးထောင်ခြင်းစတဲ့ အလေ့အကျင့်သစ်တွေကို အချိန်ယူ တည်ဆောက်ရပါမယ်။ ဒီလို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ စိတ်ဒဏ်ရာတွေကို ကိုယ့်လက်ထက်မှာ ရပ်တန့်ဖို့ ကြိုးစားရတာ အရမ်းကို ခက်ခဲပြီး သတ္တိရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလို ကြိုးစားလိုက်ခြင်းက ကိုယ့်ရဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက် ဒီစိတ်ဒဏ်ရာတွေကို ဆက်လက် ခံစားရတော့မှာ မဟုတ်ပါဘူး။ Generational Trauma တွေကြားမှာ တစ်ယောက်တည်း ရုန်းကန်ရတာ ပင်ပန်းပြီး ဒီသံသရာကနေ ဘယ်လို ရုန်းထွက်ရမလဲ လမ်းပျောက်နေပြီဆိုရင်တော့ mental heal ရဲ့ Professional Counselor တွေနဲ့ လာရောက်ဆွေးနွေးပြီး စနစ်တကျ အတူတူ ကုစားနိုင်ပါတယ်ရှင့်။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုလေး လိုအပ်လာရင် Page Messenger ကနေ အချိန်မရွေး လာရောက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ အတူတူ ကုစားကြစို့ ... mental heal နှင့်အတူ ✨ #mentalhealwithyou #GenerationalTrauma #CycleBreaker #MentalHealthAwareness #TraumaHealing #MentalHealthSupport #FamilyTrauma

  • без подписи

  • မိသားစုကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကို ခွင့်မလွှတ်နိုင်ရင် ပုန်ကန်မိတာလား ❓ မိသားစုဆိုတာ နွေးထွေးတယ်လို့ ထင်ကြပေမယ့် တကယ်တမ်း လက်တွေ့ဘဝမှာတော့ မိသားစုဆီကဘဲ စိတ်ဒဏ်ရာ ရသွားတဲ့သူတွေ အနည်းနဲ့အများ ရှိကြပါတယ်။ ❤️‍🩹 ဒီလို ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့အခါ မိသားစုက ပြုမူခဲ့တဲ့ မတရားမှုတွေ၊ လျစ်လျူရှုမှုတွေကို လွယ်လွယ် နဲ့ ခွင့်မလွှတ်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ အဲဒီအခါ လူအများစုရဲ့ စိတ်ထဲမှာ "ငါ မိသားစုကို ခွင့်မလွှတ်နိုင်တာ ပုန်ကန်နေတာများလား" ဆိုတဲ့ အပြစ်ရှိတဲ့စိတ်က ဝင်တတ်ပါတယ်။ 💢 "လူကြီးဆိုတာ အမြဲ မှန်တယ်" ဆိုတဲ့ အယူအဆတွေကြောင့် တစ်ခါတစ်လေမှာ ကိုယ့်ဘက်က နာကျင်လို့ တုံ့ပြန်မိလိုက်တာဆိုရင် လူကြီးတွေရဲ့ အမြင်မှာ သူတို့ကို ခွင့်မလွှတ်နိုင်လို့ ပုန်ကန်တယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ ❕ တကယ်တော့ ခွင့်မလွှတ်နိုင်တာဟာ ပုန်ကန်တာ မဟုတ်ပါဘူး။ လူအများစုက ခွင့်လွှတ်လိုက်မှပဲ လူကောင်းတစ်ယောက် ဖြစ်သွားမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အချိန်မတန်သေးဘဲ၊ ခံစားချက်တွေကို အနက်ရှိုင်းဆုံးထဲမှာ ဖိသိပ်ထားပြီး ဇွတ်အတင်း ခွင့်လွှတ်ဖို့ ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို လှည့်စားတာ (Toxic Positivity) ဖြစ်သွားစေပါတယ်။ 💁🏻‍♀️ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ဒဏ်ရာက အနာကျက်သွားတဲ့အခါ အလိုလိုဖြစ်လာတတ်ရဲ့ စိတ်ခံစားချက်တစ်ခုပါ။ အဲ့တာကို အမိန့်ပေးလို့ ရတာ မဟုတ်မှန်း သိထားဖို့တော့ လိုပါတယ်နော်။ ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ်ကို ဘယ်လိုကုစားမလဲ ❓ 📝 အပြစ်ရှိစိတ်ကို လွှတ်ချပါ။ မိသားစုကို ခွင့်မလွှတ်နိုင်သေးလို့ ကိုယ့်ကိုယ်ကို "ငါက လူဆိုးတစ်ယောက်ပဲ" ဆိုပြီး မဆုံးဖြတ်ပါလိုက်ပါနဲ့။ ကိုယ့်ခံစားချက်ကို အရှိကို အရှိတိုင်း အသိအမှတ် ပြုပေးပါ။ 📝 Boundaries တစ်ခု ယူပါ။ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ အမြဲနှိပ်စက်နေတဲ့ ပတ်ဝန်းကျင် နဲ့ ဝေးကွာသွားအောင် နေထိုင်တာကလည်း ကိုယ့်ရဲ့ စိတ်ကို အနားရဖို့အတွက် အရေးကြီးပါတယ်။ 📝 ကိုယ့်ကိုယ်ကို ချစ်ပါ။ မိသားစုဆီကနေ မရခဲ့တဲ့ နားလည်မှု၊ အသိအမှတ်ပြုမှု၊ နွေးထွေးမှုတွေကို ကိုယ့်ကိုယ်ကို ပေးတတ်အောင် ကြိုးစားကြည့်ပါ။ 📝 Counseling ယူကြည့်ပါ။ စိတ်ဒဏ်ရာတွေက အရမ်းနက်ရှိုင်းနေရင် Counseling services ယူပြီး ဆွေးနွေး တိုင်ပင်ကြည့်ပါ။ ဒါကြောင့် မိသားစုနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေကို ဖြေရှင်းနိုင်ဖို့ နဲ့ စိတ်အေးချမ်းမှုကို ပြန်လည်ရရှိဖို့အတွက် mental heal ရဲ့ Counseling Services မှာ ကျွမ်းကျင်သူတဲ့ ဆရာ/ဆရာမများနဲ့အတူ လုံခြုံစိတ်ချစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ အသေးစိတ်ကို Page Messenger ကနေ တစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 📮 အတူတူ ကုစားကြစို့...mental heal နှင့်အတူ ✨ #mental_heal #mentalhealth_service #family_problems #home_where_you_feel_love_appreciated_and_safe

  • без подписи

  • "ငါအဆင်ပြေပါတယ်" လို့ ပြောနေတဲ့ နောက်ကွယ်က မိသားစုဒဏ်ရာ 💔 ကျွန်မတို့နေ့စဥ်ဘဝမှာ "ငါအဆင်ပြေပါတယ်" ဆိုတဲ့ စကားလေးကို တချို့လူတွေက နေ့တိုင်းလိုလို ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီစကားရဲ့ နောက်ကွယ်မှာတော့ မပြောဖြစ်ခဲ့တဲ့ ဝမ်းနည်းမှုတွေ၊ ငိုချင်ပေမယ့် မငိုရဲခဲ့တဲ့ ညတွေ၊ နားလည်ပေးမယ့်သူကို စောင့်မျှော်ခဲ့ရတဲ့ ကလေးဘဝတွေ ရှိနေနိုင်ပါတယ် 🥀 တချို့မိသားစုတွေမှာ "မငိုနဲ့"၊ "အဲဒီလောက်ကိစ္စလေးနဲ့ မခံစားနဲ့"၊ "သည်းခံလိုက်" ဆိုတဲ့ စကားတွေကို ကြားရတာ များလွန်းခဲ့ပါတယ်။ အဲ့လိုကြုံတွေ့ခဲ့ရတဲ့သူတွေက အချိန်ကြာလာတဲ့အခါ ကိုယ့်ခံစားချက်ကို ဖွင့်ပြောတာထက် ဖုံးကွယ်ထားတာက ပိုလုံခြုံတယ်လို့ ယုံကြည်လာခဲ့ကြတယ် 🧠💭 အဲဒီလိုနဲ့ ကြီးပြင်းလာတဲ့သူတွေအတွက် "အဆင်မပြေဘူး" လို့ ပြောရတာဟာ အားနည်းတာမဟုတ်ပေမယ့် စိတ်ထဲမှာတော့ အားနည်းလို့ ဝေဖန်ခံရမှာ၊ ငြင်းပယ်ခံရမှာကို ကြောက်နေတတ်ကြပါတယ်။ ဒါကြောင့်သူတို့တွေက ဘယ်လောက်ပဲပင်ပန်းနေပါစေ… ဘယ်လောက်ပဲနာကျင်နေပါစေ… "ငါအဆင်ပြေပါတယ်" လို့ပဲ ပြန်ဖြေလိုက်ကြပါတယ်။ ဒါကသူတို့တွေ လိမ်ညာနေတာ မဟုတ်ပဲ တစ်ချိန်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သင်ယူခဲ့ရတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ် 🥀💭 ဒါပေမယ့် အခုချိန်မှာအသိပေးချင်တာလေးတစ်ခုက ကိုယ့်ကိုယ်ကို "ဒီနေ့တော့ ငါပင်ပန်းနေတယ်။" "ဒီအရာက ငါ့ကို နာကျင်စေတယ်။" "ငါလည်း အကူအညီလိုအပ်တဲ့အချိန် ရှိတယ်။"လို့ပြောခွင့်ပြုလိုက်ပါ 📌 ဒီလို ခွင့်ပြုလိုက်တာက အားနည်းတာမဟုတ်ဘဲ ကိုယ့်စိတ်ကို ပြန်ပြီးဂရုစိုက်ပေးဖို့ စတင်တဲ့ ခြေလှမ်းလေးတစ်ခုပါရှင် 🤍 မိသားစုဒဏ်ရာတွေက ကျွန်မတို့ရဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ ဆက်ဆံရေးတွေကို သက်ရောက်စေနိုင်ပေမယ့် အဲဒီဒဏ်ရာတွေက ဘဝတစ်လျှောက်လုံးကို လိုက်ပြီးဆုံးဖြတ်ပေးရမယ်လို့တော့ မရှိပါဘူးရှင် 📌 ကိုယ့်ကိုယ်ကိုဖြည်းဖြည်းချင်း နားလည်လာတာ၊ ကိုယ့်ခံစားချက်ကို လက်ခံလာတာ၊ လိုအပ်ရင် အကူအညီတောင်းနိုင်တာကလည်း Healing ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲရှင် 🤍 တစ်နေ့နေ့မှာ "ငါအဆင်ပြေပါတယ်" ဆိုတဲ့ စကားက ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ဖို့ မဟုတ်တော့ဘဲ တကယ်ကို စိတ်နှလုံးထဲက ပြောနိုင်တဲ့ စကားဖြစ်လာဖို့ mental healက မျှော်လင့်ပါတယ် 🤍 "သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ" mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍 သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။ https://www.facebook.com/share/1C5Ut5HPWp/ https://www.facebook.com/share/14WWq5fybcK/ "အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်" #mentalheal #FamilyTrauma #HealingTogether See less

  • без подписи

  • ချစ်ခံရပေမယ့် ဘာကြောင့် မလုံခြုံရတာလဲ ❤️‍🩹 ကိုယ့်ကိုတကယ်ချစ်ပေးမယ့်သူ ရှိနေပေမယ့် စိတ်ထဲမှာတော့ “ငါက အချစ်ခံရတဲ့သူတစ်ယောက်ပါ” လို့ မခံစားမိတဲ့ အချိန်တွေရှိနေတတ်ပါတယ်။ “သူ ငါ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား” “တစ်နေ့ကြရင် သူစိတ်က ပြောင်းသွားမှာလား” “ငါ ပိုကောင်းအောင် နေပေးမှပဲ သူက ငါ့ကို တန်ဖိုးထားမှာလား” ဆိုတဲ့ အတွေးတွေကြောင့် သူက ဘယ်လောက်ချစ်ပေးနေပါစေ ကိုယ့်စိတ်ထဲက မသေချာမှုက မပျောက်သွားတတ်ပါဘူး။ တစ်ခါတစ်လေ ဒီလိုအတွေးတွေ ဝင်လာရတာက သူ့ရဲ့ လုပ်ရပ်တွေကြောင့် ဝင်လာမျိုး မဟုတ်တတ်ပါဘူး။ အချစ်ခံရတဲ့အခါမှာတောင် လုံခြုံမှုမရှိ ဖြစ်နေတဲ့ ဒီခံစားချက်တွေဟာ ငယ်ဘဝတုန်းက ကိုယ်သင်ယူခဲ့ရတဲ့ “ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုးလဲ၊ ကိုယ်ဘယ်လိုနေရင် သူတို့လက်ခံမလဲ” ဆိုတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အဲ့ဒီအတွေ့အကြုံတွေထဲမှာ မိဘတွေဆီက ရခဲ့တဲ့ အချစ်ခံရမှု ပုံစံကလည်း အရေးကြီးတဲ့အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။ တစ်ချို့ကလေးတွေက ငယ်ငယ်ကတည်းက ကိုယ်ဖြစ်နေတဲ့အရာ ထက် ကိုယ်ဘယ်လောက်ကောင်းကောင်းလုပ်နိုင်လဲ ဆိုတာနဲ့ တိုင်းတာပြီး အသိအမှတ်ပြုခံရတတ်ပါတယ်။ စာတော်တဲ့အခါ…“တော်တယ်”လို့ ချီးကျူးခံရတယ်။ လိမ္မာတဲ့အခါ…“လိမ္မာတယ်”လို့ ပြောခံရတယ်။ လူကြီးတွေမျှော်လင့်ထားတဲ့ပုံစံအတိုင်း နေနိုင်တဲ့အခါ ကျေနပ်မှုနဲ့ အားပေးမှုကို ပိုရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ကို ထုတ်ပြောတဲ့အခါ၊ ကိုယ်မကြိုက်တာကို ပြောတဲ့အခါမှာတော့… “ဂျီကျလိုက်တာ” “နင်ကပျင်းနေလို့မလား” “မိဘစကားကို နားမထောင်ချင်တာလား” ဆိုတဲ့ တုံ့ပြန်မှုတွေကို ကြားခဲ့ရနိုင်ပါတယ်။ အဲ့ဒီလို အတွေ့အကြုံတွေကနေ မသိလိုက်ဘဲ စိတ်ထဲမှာ ယုံကြည်ချက်တချို့ ကျန်ခဲ့တတ်ပါတယ်။ “ငါက ငါဖြစ်နေတဲ့အတိုင်းပဲဆို မလုံလောက်ဘူး…” “သူများစိတ်ကျေနပ်အောင် နေပေးမှပဲ အချစ်ခံရမယ်…” “ငါ့ရဲ့ အားနည်းချက်တွေကို ပြရင် အချစ်ခံရတာတွေ ဆုံးရှုံးသွားနိုင်တယ်…” ဆိုတဲ့ ယုံကြည်ချက်မျိုးတွေပါ။ အဲ့ဒီယုံကြည်ချက်တွေက ကလေးဘဝမှာပဲ ကျန်ခဲ့တာမဟုတ်ပါဘူး။ နောက်ပိုင်း ကိုယ့်ဘဝထဲက အရေးကြီးတဲ့ဆက်ဆံရေးတွေမှာလည်း ကိုယ်မသိလိုက်ဘဲ ပါလာတတ်ပါတယ်။ ကိုယ့်ကို တကယ်တန်ဖိုးထားပြီး ချစ်ပေးတဲ့သူ ရှိနေရင်တောင် အရင်က သင်ယူခဲ့တဲ့ အချစ်ခံရမှု ပုံစံတွေကြောင့် သူစာပြန်နောက်ကျရင်… “ငါဘာများမှားသွားလဲ” လို့ ကိုယ့်ကိုယ်ကို အရင်စစ်မိတယ်။ သူစိတ်မကြည်မလင် ဖြစ်နေရင် “ငါ့ကြောင့်လား”လို့ တွေးနေမိတတ်တယ်။ ကိုယ့်လိုအပ်ချက်ကို ပြောရမှာ ကြောက်တယ်။ မတူညီတဲ့အမြင်ရှိတာကို ပြောရင် သူ့အချစ်လျော့သွားမယ်လို့ ထင်တတ်တယ်။ အဲ့ဒါကြောင့် အချစ်ကို အေးအေးချမ်းချမ်း ခံစားရမယ့်အစား မဆုံးရှုံးအောင် ကိုယ့်ကိုယ်ကို အမြဲပြင်ဆင်နေမိတတ်ပါတယ်။ ဒီလိုခံစားချက်တွေကို ဘယ်လိုပြန်ရုန်းထွက် နိုင်မလဲ ?🫂 ✨ကိုယ့်ရဲ့ ကြောက်စိတ်ကို နားလည်ပေးပါ။ “ဘာလို့ ငါဒီလောက်စိုးရိမ်နေရတာလဲ” လို့ ကိုယ့်ကို အပြစ်တင်မယ့်အစား ဒီကြောက်စိတ်က လက်ရှိချစ်သူကြောင့် ဖြစ်လာတာလား၊ ဒါမှမဟုတ် အရင်ကတည်းက “အချစ်ခံရဖို့ ဘယ်လိုနေရမလဲ” ဆိုပြီး သင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေကနေ လာတာလားဆိုတာ ပြန်ကြည့်ကြည့်ပါ။ ✨အချစ်ခံရဖို့ ကိုယ့်ကိုယ်ကို အမြဲသက်သေပြနေစရာ မလိုပါဘူး။ အမှားလုပ်မိတဲ့အချိန်၊ အားနည်းတဲ့အချိန်၊ ပြီးပြည့်စုံမရှိနေတဲ့အချိန်တွေမှာတောင် ကိုယ်က ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ လက်ခံပေးပါ။ ကိုယ့်တန်ဖိုးကို သူများရဲ့ ကျေနပ်မှု၊ ချီးကျူးမှုတွေနဲ့ တိုင်းတာဖို့ မလိုပါဘူး။ ✨ ကိုယ့်ရဲ့ အမှန်တကယ်ခံစားချက်တွေကို ဖုံးကွယ်မထားဘဲ ပြောတတ်အောင် လေ့ကျင့်ပါ။ “ငါဒီလိုပြောရင် သူစိတ်ပျက်သွားမလား” “ငါဒီလိုဖြစ်နေရင် သူမချစ်တော့ဘူးလား” ဆိုတဲ့ ကြောက်စိတ်တွေရှိနေရင်တောင် ကိုယ့်ရဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကို တဖြည်းဖြည်း ဖော်ပြတတ်လာခြင်းက လုံခြုံတဲ့အချစ်ရေးကို တည်ဆောက်လာနိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကျွန်မတို့က အချစ်ခံရဖို့ ကိုယ့်ဖြစ်တည်မှုကို ဆုံးရှုံးခံစရာမလိုပါဘူး။ ငယ်ဘဝက ကိုယ်မသိလိုက်ဘဲ သယ်ဆောင်လာခဲ့တဲ့ ခံစားချက်သေးသေးလေးတွေကတောင် နောက်ပိုင်း ကိုယ့်ရဲ့ လူမှုဆက်ဆံရေးတွေနဲ့ ကိုယ့်ကိုယ်ကို မြင်တဲ့ ပုံစံအပေါ် သက်ရောက်လာနိုင်ပါတယ်။ ဒါတွေကို နားလည်ပြီး ကိုယ့်အတွင်းစိတ်က မလုံခြုံမှုတွေကို ဖြည်းဖြည်းချင်း ပြန်တည်ဆောက်ဖို့ဆိုရင် ကျွမ်းကျင်တဲ့ counselor, therapist များနဲ့ဆွေးနွေး တိုင်ပင်ခြင်းကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ mental heal မှာလည်း လာရောက်ဆွေးနွေးနိုင်တဲ့အတွက် counseling ဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက page messenger မှာ ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင့်။ အတူတူ ကုစားကြစို့ … mental heal နှင့်အတူ။✨ #mentalheal #ChildhoodExperiences #AttachmentWounds #EmotionalHealing #HealthyRelationship #MentalHealthAwareness

  • ဒီ Campaign မှာ... ကလေးဘဝရဲ့စိတ်မပြေလည်မှုတွေကစိတ်ကိုဘယ်လိုထိခိုက်စေတာလဲ? မိသားစု စိတ်ဒဏ်ရာတွေက အခုချိန် အချစ်ရေးနဲ့ ဆက်ဆံရေးတွေအပေါ် ဘယ်လို သက်ရောက်နေလဲ? မိသားစုနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကြားမှာ Healthy Boundaries ဘယ်လို သတ်မှတ်မလဲ? အာရုံစိုက် မခံခဲ့ရတဲ့ နာကျင်မှုတွေအပြီးမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် (Self-Worth) ပြန်လည် တည်ဆောက်ခြင်း နေ့စဉ်အသုံးချနိုင်တဲ့ Healing Practices ဘယ်အချိန်မှာ Professional Counseling ကို ရယူသင့်သလဲ စတဲ့အကြောင်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ဘယ်သူတွေ ပါဝင်သင့်သလဲ ငယ်ဘဝ မိသားစုအတွေ့အကြုံတွေက အခုလက်ရှိ စိတ်ခံစားမှု၊ ကိုယ့်ကိုယ်ကို မြင်တဲ့ပုံစံ (Self-Worth) နဲ့ Relationship တွေအပေါ် သက်ရောက်နေတယ်လို့ ခံစားရသူများ။ မိသားစုအတွင်း အာရုံစိုက်မခံရခြင်း၊ အမြဲဝေဖန်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြား ကြီးပြင်းခဲ့ရပြီး အဲဒီ့အတွေ့အကြုံတွေကို နားလည်ချင်သူများ။ အချစ်ရေး၊လူမှုရေးနဲ့ မိသားစုဆက်ဆံရေးတွေမှာ ပုံစံတူ အခက်အခဲတွေ ထပ်ခါထပ်ခါ ကြုံတွေ့နေရသူများ။ Healthy Boundaries တည်ဆောက်ချင်ပြီး မိသားစုနဲ့ကိုယ့်ကြားစိတ်အေးချမ်းမှုကို ရယူလိုသူများ။ အတိတ်က နာကျင်မှုတွေကို အဆုံးသတ်ပြီး ပိုကျန်းမာတဲ့ Relationship တွေကို တည်ဆောက်ချင်သူများ။ ကိုယ့်ရဲ့ Healing Journey ကို လုံခြုံနွေးထွေးတဲ့ Community တစ်ခုနဲ့အတူ စတင်ချင်သူများ။ Healing Circle "From Family Trauma to Healthy Love" 5th September 2026 (Saturday) 7:00 PM – 9:00 PM (MMT) ဒီ Campaign ဟာ အတိတ်ကို ပြန်လှည့်ကြည့်ဖို့ ဖိအားပေးတာ မဟုတ်ပါဘူး။ ကိုယ့်နာကျင်မှုတွေကို နားလည်လာဖို့၊ ကိုယ့်ကိုယ်ကို ပိုပြီး ကြင်နာလာဖို့၊ ပြီးတော့ ပိုကျန်းမာတဲ့ Relationship တွေကို ရွေးချယ်နိုင်ဖို့ လမ်းလေးတစ်ခုကို အတူတူ လျှောက်ကြည့်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ် Campaign အတွင်း ရရှိနိုင်မည့် အထူးလက်ဆောင်များ ၁။ "Thank You" Digital Gift Cards (တန်ဖိုးရှိသော စိတ်ခွန်အား လက်ဆောင်) မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်ခင်ရသူတွေကို Counseling Session လက်ဆောင်ပေးချင်သူများအတွက် အထူးစီစဉ်ထားတဲ့ Digital Gift Card လေးတွေပါ။ Individual Counseling (၂ ကြိမ်စာ): မိမိကိုယ်တိုင် သို့မဟုတ် ချစ်ရသူတစ်ဦးချင်းစီအတွက် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်။ Extra Touch: ဒီ Gift Card လေးမှာ သင့်ရဲ့ ရင်ထဲက စကားလုံးလေးတွေကိုပါ အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာပါ။ ၂။ Free Healing Circle (အခမဲ့ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ) “From Family Trauma to Healthy Love Healing Circle” ၃။ Special Gift for Attendees Webinar တက်ရောက်သူတိုင်းအတွက် မိမိရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်နိုင်မယ့် "Free Emotional Well-being Check-in" ရလဒ်ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်ချင်တယ်ဆိုရင် Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ“LOVE”လို့ရေးခဲ့ပြီး ကျွန်မတို့ရဲ့ အောက်ပါlinkမှာ စာရင်းပေးသွင်းလိုက်ပါ။ https://forms.gle/LnKm2ht15FFRDMZV9 သင်ဟာ ဒီခရီးမှာ တစ်ယောက်တည်း မဟုတ်ပါဘူး။ #BreakTheCycle #HealingFamilyTrauma #WomenHealingWomen #MentalHealthMyanmar #HealthyRelationships #ChildhoodTrauma #EmotionalHealing #SelfWorth #HealingJourney #TraumaRecovery #MentalWellnessမှာ စာရင်းပေးသွင်းလိုက်ပါ။ သင်ဟာ ဒီခရီးမှာ တစ်ယောက်တည်း မဟုတ်ပါဘူး။ #BreakTheCycle #HealingFamilyTrauma #WomenHealingWomen #MentalHealthMyanmar #HealthyRelationships #ChildhoodTrauma #EmotionalHealing #SelfWorth #HealingJourney #TraumaRecovery #MentalWellness

  • From Family Trauma to Healthy Love မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့... တစ်ခါတလေ ကျွန်မတို့ မျက်စိနဲ့ မမြင်ရတဲ့ ဒဏ်ရာတွေက...နှလုံးသားထဲမှာ အချိန်အကြာကြီး လေးလံနေတတ်ပါတယ် ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ မိသားစုအတွင်းရေး နာကျင်မှုတွေ၊ အာရုံစိုက်မခံရတာတွေ၊နားလည်မခံရတာတွေ၊ အမြဲဝေဖန်ခံခဲ့ရတာတွေ ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေက... ဒီနေ့ ကိုယ့်ရဲ့ Relationship၊ ကိုယ့်ကိုယ်ကိုမြင်တဲ့ပုံစံနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို သက်ရောက်နေနိုင်ပါတယ် ဒါပေမယ့်..."ငယ်ဘဝမှာကြုံတွေ့တာတွေက ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်မပေးသလို ကိုယ့်အကြောင်းကို နားလည်လာတဲ့အချိန်ကစပြီး Healing Journeyဟာ စတင်နိုင်ပါတယ်" ဒါကြောင့်မို့လို့ Augustလရဲ့အထူးCampaignအနေနဲ့ "From Family Trauma to Healthy Love" ကို mental heal နဲ့ Purple Feminist Group တို့ကယူဆောင်လာပါပြီ ဒီ Campaign မှာ... ကလေးဘဝရဲ့စိတ်မပြေလည်မှုတွေကစိတ်ကိုဘယ်လိုထိခိုက်စေတာလဲ? မိသားစု စိတ်ဒဏ်ရာတွေက အခုချိန် အချစ်ရေးနဲ့ ဆက်ဆံရေးတွေအပေါ် ဘယ်လို သက်ရောက်နေလဲ? မိသားစုနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကြားမှာ Healthy Boundaries ဘယ်လို သတ်မှတ်မလဲ? အာရုံစိုက် မခံခဲ့ရတဲ့ နာကျင်မှုတွေအပြီးမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် (Self-Worth) ပြန်လည် တည်ဆောက်ခြင်း နေ့စဉ်အသုံးချနိုင်တဲ့ Healing Practices ဘယ်အချိန်မှာ Professional Counseling ကို ရယူသင့်သလဲ စတဲ့အကြောင်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ဘယ်သူတွေ ပါဝင်သင့်သလဲ ငယ်ဘဝ မိသားစုအတွေ့အကြုံတွေက အခုလက်ရှိ စိတ်ခံစားမှု၊ ကိုယ့်ကိုယ်ကို မြင်တဲ့ပုံစံ (Self-Worth) နဲ့ Relationship တွေအပေါ် သက်ရောက်နေတယ်လို့ ခံစားရသူများ။ မိသားစုအတွင်း အာရုံစိုက်မခံရခြင်း၊ အမြဲဝေဖန်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြား ကြီးပြင်းခဲ့ရပြီး အဲဒီ့အတွေ့အကြုံတွေကို နားလည်ချင်သူများ။ အချစ်ရေး၊လူမှုရေးနဲ့ မိသားစုဆက်ဆံရေးတွေမှာ ပုံစံတူ အခက်အခဲတွေ ထပ်ခါထပ်ခါ ကြုံတွေ့နေရသူများ။ Healthy Boundaries တည်ဆောက်ချင်ပြီး မိသားစုနဲ့ကိုယ့်ကြားစိတ်အေးချမ်းမှုကို ရယူလိုသူများ။ အတိတ်က နာကျင်မှုတွေကို အဆုံးသတ်ပြီး ပိုကျန်းမာတဲ့ Relationship တွေကို တည်ဆောက်ချင်သူများ။ ကိုယ့်ရဲ့ Healing Journey ကို လုံခြုံနွေးထွေးတဲ့ Community တစ်ခုနဲ့အတူ စတင်ချင်သူများ။ Healing Circle "From Family Trauma to Healthy Love" 5th September 2026 (Saturday) 7:00 PM – 9:00 PM (MMT) ဒီ Campaign ဟာ အတိတ်ကို ပြန်လှည့်ကြည့်ဖို့ ဖိအားပေးတာ မဟုတ်ပါဘူး။ ကိုယ့်နာကျင်မှုတွေကို နားလည်လာဖို့၊ ကိုယ့်ကိုယ်ကို ပိုပြီး ကြင်နာလာဖို့၊ ပြီးတော့ ပိုကျန်းမာတဲ့ Relationship တွေကို ရွေးချယ်နိုင်ဖို့ လမ်းလေးတစ်ခုကို အတူတူ လျှောက်ကြည့်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ် Campaign အတွင်း ရရှိနိုင်မည့် အထူးလက်ဆောင်များ ၁။ "Thank You" Digital Gift Cards (တန်ဖိုးရှိသော စိတ်ခွန်အား လက်ဆောင်) မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်ခင်ရသူတွေကို Counseling Session လက်ဆောင်ပေးချင်သူများအတွက် အထူးစီစဉ်ထားတဲ့ Digital Gift Card လေးတွေပါ။ Individual Counseling (၂ ကြိမ်စာ): မိမိကိုယ်တိုင် သို့မဟုတ် ချစ်ရသူတစ်ဦးချင်းစီအတွက် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်။ Extra Touch: ဒီ Gift Card လေးမှာ သင့်ရဲ့ ရင်ထဲက စကားလုံးလေးတွေကိုပါ အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာပါ။ ၂။ Free Healing Circle (အခမဲ့ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ) “From Family Trauma to Healthy Love Healing Circle” ၃။ Special Gift for Attendees Webinar တက်ရောက်သူတိုင်းအတွက် မိမိရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်နိုင်မယ့် "Free Emotional Well-being Check-in" ရလဒ်ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်ချင်တယ်ဆိုရင် Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ“LOVE”လို့ရေးခဲ့ပြီး ကျွန်မတို့ရဲ့ From Family Trauma to Healthy Love မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့... တစ်ခါတလေ ကျွန်မတို့ မျက်စိနဲ့ မမြင်ရတဲ့ ဒဏ်ရာတွေက...နှလုံးသားထဲမှာ အချိန်အကြာကြီး လေးလံနေတတ်ပါတယ် ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ မိသားစုအတွင်းရေး နာကျင်မှုတွေ၊ အာရုံစိုက်မခံရတာတွေ၊နားလည်မခံရတာတွေ၊ အမြဲဝေဖန်ခံခဲ့ရတာတွေ ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေက... ဒီနေ့ ကိုယ့်ရဲ့ Relationship၊ ကိုယ့်ကိုယ်ကိုမြင်တဲ့ပုံစံနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို သက်ရောက်နေနိုင်ပါတယ် ဒါပေမယ့်..."ငယ်ဘဝမှာကြုံတွေ့တာတွေက ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်မပေးသလို ကိုယ့်အကြောင်းကို နားလည်လာတဲ့အချိန်ကစပြီး Healing Journeyဟာ စတင်နိုင်ပါတယ်" ဒါကြောင့်မို့လို့ Augustလရဲ့အထူးCampaignအနေနဲ့ "From Family Trauma to Healthy Love" ကို mental heal နဲ့ Purple Feminist Group တို့ကယူဆောင်လာပါပြီ

  • без подписи

  • Graphic Designer (Paid Internship) ခေါ်ယူခြင်း!!! (remote) ဘယ်သူတွေလျှောက်ထားနိုင်မလဲ? တက္ကသိုလ် ကျောင်းသား/သူများနဲ့ ကျောင်းပြီးစ လူငယ်များလျှောက်ထားနိုင်ပါတယ်။ Location - work from home Application deadline - Aug 12, 2026 ----------------------------------------------------------------- Graphic Designer Intern (1 Post) (Paid Internship) - Social media ပေါ်တွင် trend ဖြစ်သည့် attractive ဖြစ်သည့် print, digital designs များ ဖန်တီးနိုင်ရမည်။ - Photoshop, Ai နှင့် အခြား design software များ ကျွမ်း၀င်မှုရှိရပါမည်။ - လေ့လာမှုအားကောင်းပြီး အသင်းအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ရမည်။ စိတ်ပါ၀င်စားလျှင်... mentalhealmm@gmail.com သို့ CV နှင့်အတူ cover letter၊ ကိုယ်ဖန်တီးထားသည့် design များကို တွဲ၍ ပေးပို့လျှောက်ထားလို့ရပါတယ်ရှင်။ Note We would like to seek your understanding that ONLY shortlisted candidates will be notified, and the whole selection process is virtual so do not miss the chance and apply now! #mental_heal #InternshipOpportunity