tgindex
Soul Expansion🕉 Spiritual Channel

Soul Expansion🕉 Spiritual Channel

Статистика

Spiritual Visionary

Последний пост
13 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
28
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 634
0 Са 5 дн.
Сутки
−1
−0,06%
Неделя
—
 
Месяц
—
 
Просмотров на пост
185
28 постов
Вовлечённость
11,3%
к подписчикам
Постов в день
0,7
всогО 28
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
67
1/48двое суток
76
1/72трое суток
82

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • ၁၂ရက်နေ့ Solar Eclipse Day ည ၉နာရီ မှာ Kundalini Kriya Yoga အတူလေ့ကျင့်ဖို့ သန့်စင်သော အဖြူရောင် အဝတ်အစား Yoga Mat Video ဖွင့်ရန် Id -9961034132 Password - Kriya Sat Nam ⚖️ KHIN (Soul Expansion) House of Wisdom ☯️

  • 🌟"The Little Star Who Forgot to Shine" 🌟 (တောက်ပဖို့ မေ့လျော့နေခဲ့တဲ့ ကြယ်စုလေး) ဆိုတဲ့ ပုံပြင်လေး ပြောပြမယ်။ ကလေးတွေ အတွက် တင်မဟုတ်ပဲ ၊ လူကြီးတွေပါ ပြန်ပီး awareness ရဖို့ မျှော်လင့်ပါတယ်။ 🌟တခါတုန်းက ကောင်းကင်ယံအထက်က တိမ်တိုက်တွေရဲ့အထက်မှာ Luma လို့ခေါ်တဲ့ ကြယ်ပွင့်လေး တစ်ပွင့် ရှိခဲ့တယ်။ 🌟တခြား ကြယ်တွေက ညစဉ်ညတိုင်း အပြိုင်အဆိုင် တောက်ပနေကြပေမဲ့ Luma ကတော့ တခုခုကြောင့် သူ့ရဲ့အလင်းရောင်ကို ဘယ်လိုထုတ်ရမလဲဆိုတာ မေ့လျော့နေခဲ့တာ‌ပေါ့။ 🌟သူ့ကိုယ်သူ အားမရလို့ ပါးဖောင်းအောင်လုပ်ကြည့်လိုက်၊ မျက်လုံးတွေမှိတ်ပြီး ညှစ်ကြည့်လိုက်၊ "ငါ့အလင်းရောင်လေး ပြန်လာပါတော့" လို့ တိုးတိုးလေး ဆုတောင်းကြည့်လိုက်နဲ့ လုပ်နေလဲ ဘယ်လိုမှ ပြန်မလင်းလာခဲ့ပါဘူး။ နောက်ဆုံးတော့ သူ စိတ်ဓာတ်ကျပီး တိမ်တိုက်အကြီးကြီးတခုရဲ့ နောက်ကွယ်မှာ သွားပုန်းနေခဲ့တော့တာပေါ့။ အဲဒီအချိန်မှာပဲ ဟိုးကမ္ဘာမြေပြင်ဆီကနေ ကလေးမလေး တယောက်ရဲ့ စကားသံကို သူကြားလိုက်ရတယ် - "ငါမအိပ်ခင် ကောင်းကင်မှာ ကြယ်လေးတစ်ပွင့်လောက်ပဲဖြစ်ဖြစ် မြင်လိုက်ရရင် သိပ်ကောင်းမှာပဲ..." အဲဒီ့ ကလေးမလေးရဲ့ စကားသံကို ကြားလိုက်ရတဲ့အခါ Luma ရဲ့ ရင်ထဲမှာ နွေးထွေးတဲ့ မေတ္တာတရားနဲ့ ကူညီချင်စိတ်တွေ ဖြတ်သန်းသွားခဲ့တယ်။ သူဟာ သူ့ရဲ့အလင်းရောင်ကို အတင်းအကျပ် အားစိုက်ပီး ထုတ်ဖို့မလိုတော့ဘဲ သူ့နှလုံးသားထဲက နွေးထွေးမှုကြောင့်တင် သူ့အလိုလို ပြန်လည်တောက်ပလာခဲ့ပါတော့တယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။ 🌟 ဒီနေရာမှာ‌တော့ ကျွန်မက Reiki အကြောင်းပြောပြချင်တာ ဖြစ်လို့ - Reiki စွမ်းအားကို အတင်းအကျပ် ညှစ်ထုတ်လို့မရဘူး။ 🌟 အလင်းဆိုတာ အတင်း အားစိုက်ထုတ်ယူရတာမျိုး မဟုတ်ဘဲ နှလုံးသားထဲက မေတ္တာတရား၊ ချိတ်ဆက်မှု (Connection) နဲ့ သန့်စင်တဲ့ ဆန္ဒကနေ သဘာဝအတိုင်း ထွက်ပေါ်လာတတ်တဲ့အရာ ဖြစ်ပါတယ်။ 🌟 ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ ကျွန်မတို့ရဲ့ အလင်းဟာ သေးသေးလေး ဖြစ်နေပါစေ ၊ တစုံတယောက်ရဲ့ မှောင်မိုက်နေတဲ့ ကမ္ဘာအတွက်တော့ လမ်းပြ မီးအိမ်လေး ဖြစ်သွားနိုင်ပါတယ်။ ကျွန်မ ကလေးတွေနဲ့ အတူ Reiki မီးအိမ်လေးတွေ ထွန်းညှိ့ဖို့ရှိပါတယ်။ Kid Reiki Class ကို မေမေတွေ၊ ဆရာမတွေ နဲ့ ကလေးတွေ အတူ တက်ရောက်ပီး သဘာဝအလင်းရောင်လေးတွေ အတူထွန်းကြရအောင်။ စိတ်ပါဝင်စားတက်ရောက်မယ်ဆို Light လို့ Comment လုပ်ခဲ့ပေးပါ။ Light, Love & Peace To All KHIN (Soul Expansion) House of Wisdom ☯️ Reiki Master Kundalini Kriya Facilitator

  • йоС пОдписи

  • 🃏 Cartomancy Playing Cards – Beginner Friendly Sharing ဖဲတစ်ထုတ်ယူခဲ့ရုံနဲ့ စတင်လေ့လာနိုင်ပါတယ်။ ✨ တစ်ရက်တာ Beginner Friendly Sharing 📅 Date: ၈ ရက်နေ့ 🕖 Time: ည ၇:၀၀ နာရီ 💰 Happy Money Energy Exchange: 80,000 KS ဒီ Sharing မှာ သင်ယူရမယ့် အကြောင်းအရာများ 🂡 Playing Cards Cartomancy အခြေခံ ♠️ Suit (Spades, Hearts, Clubs, Diamonds) များ၏ အဓိပ္ပာယ် 🔢 Number Cards & Court Cards ကို နားလည်ခြင်း 🃏 Card Combination အခြေခံ ✨ Beginner Friendly Spread များဖြင့် လက်တွေ့ဖတ်ခြင်း 💬 Q&A နှင့် Practice Guidance လိုအပ်သောပစ္စည်း 🃏 Standard Playing Cards (52 Cards) ဖဲတစ်ထုတ် ဒီ Sharing က ဘယ်သူတွေအတွက်လဲ? Cartomancy ကို အခြေခံကနေ စတင်သင်ယူလိုသူများ Tarot ဖတ်တတ်ပြီး Playing Cards ကို ဆက်လေ့လာချင်သူများ လွယ်ကူရိုးရှင်းတဲ့ Card Reading System ကို စိတ်ဝင်စားသူများ ✨ Beginner Friendly – အတွေ့အကြုံမရှိသေးသူများလည်း တက်ရောက်နိုင်ပါတယ်။

  • Money Wound Healing – Part 3 Money Healing အစစ်က Mindset ပြောင်းရုံမဟုတ်ဘူး… Nervous System ကိုပါ လုံခြုံအောင် သင်ယူရပါတယ်။ Part 1 မှာ Money Wound ရဲ့ Root ကို ကြည့်ခဲ့တယ်။ Part 2 မှာ Money နဲ့ပတ်သက်တဲ့ Relationship ကို ပြန်တည်ဆောက်ခဲ့တယ်။ အခု Part 3 မှာ "ငွေကြေးကို လက်ခံနိုင်တဲ့ လူတစ်ယောက်" အဖြစ် ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ အပြုအမူတွေကို တဖြည်းဖြည်း ပြောင်းလဲသွားစေမယ့် Healing ကို လုပ်ကြမယ်။ Money Healing ဆိုတာ... ပိုက်ဆံကို ဆွဲဆောင်တာ မဟုတ်ဘူး။ ပိုက်ဆံရှိနေတဲ့ Reality ကို ခန္ဓာကိုယ်က လုံခြုံတယ်လို့ ခံစားနိုင်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ၁။ သင့်ခန္ဓာကိုယ်က ငွေကို လုံခြုံတယ်လို့ ယုံကြည်ရဲ့လား? တချို့လူတွေက... ငွေဝင်လာတာနဲ့ စိတ်ဖိစီးသွားတယ်။ ဝင်ငွေတိုးလာတာနဲ့ မသိစိတ်က စိုးရိမ်လာတယ်။ အဲဒီနောက်... မလိုတာတွေ ဝယ်ပစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမှားတယ်။ ဒါမှမဟုတ် ငွေကို ပြန်ဆုံးရှုံးသွားတယ်။ ဒါဟာ Financial Management မကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်က "ဒီလောက်ကြွယ်ဝတာ ငါ့အတွက် မလုံခြုံဘူး" လို့ ယုံကြည်နေသေးလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်ဝင်လာတိုင်း... အသက်ကို ဖြည်းဖြည်းရှူပါ။ ခြေဖဝါးကို မြေပြင်ပေါ် ချထားပါ။ ပီးတော့ ကိုယ့်ကိုယ်ကို ပြောပါ "ဒီအခိုက်အတန့်မှာ ငါလုံခြုံပါတယ်။ ငွေကို အေးအေးချမ်းချမ်း လက်ခံနိုင်ပါတယ်။" Healing က ဒီလို ရိုးရှင်းတဲ့ အလေ့အကျင့်တွေကနေ စပါတယ်။ ၂။ ကြွယ်ဝမှုကို ထိန်းထားနိုင်တဲ့ Capacity ကို တည်ဆောက်ပါ ပိုက်ဆံရဖို့ထက်... ပိုက်ဆံကို တည်ငြိမ်စွာ ကိုင်ထားနိုင်ဖို့ ပိုအရေးကြီးပါတယ်။ တချို့လူတွေက... ဝင်ငွေတိုးလာပေမယ့်... အသုံးစရိတ်လည်း တိုးလာတယ်။ အမြဲ သုညကို ပြန်ရောက်နေတယ်။ ဒါဟာ "ငါ ဒီလောက်မထိုက်တန်ဘူး" ဆိုတဲ့ မသိစိတ်ရဲ့ Program ဖြစ်နိုင်ပါတယ်။ Capacity ဆိုတာ... ပိုက်ဆံများလာတဲ့အခါလည်း အေးအေးချမ်းချမ်း နေနိုင်တဲ့ စွမ်းရည်ပါ။ ၃။ ကိုယ့်တန်ဖိုးကို ကိုယ်ကာကွယ်ပါ Money Healing လုပ်နေတဲ့သူဟာ... လူတိုင်းကို ကျေနပ်အောင် မကြိုးစားတော့ဘူး။ အခမဲ့ အလုပ်တွေ အမြဲမလုပ်တော့ဘူး။ ကိုယ့်အချိန်၊ ကိုယ့်စွမ်းအင်နဲ့ ကိုယ့်ပညာကို လေးစားလာတယ်။ သင်က လူတွေကို ကူညီနိုင်တယ်။ ဒါပေမယ့်... ကိုယ့်ကိုယ်ကို မပင်ပန်းစေဘဲ ကူညီနိုင်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Service အတွက် ထိုက်တန်တဲ့ Energy Exchange ကို လက်ခံတာဟာ လောဘ မဟုတ်ပါဘူး။ ဒါဟာ Self-Respect ဖြစ်ပါတယ်။ ၄။ Control ထက် Trust ကို ရွေးချယ်ပါ တစ်ခါတလေ... "ဘယ်တော့ ငွေဝင်မလဲ" "ဘာကြောင့် မဖြစ်သေးတာလဲ" ဆိုပြီး အရမ်းထိန်းချုပ်ချင်စိတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့်... Healing က သင်ပေးတာက... ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးလုပ်ပါ။ ပြီးရင်... ရလဒ်ကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ ယုံကြည်မှုနဲ့ စောင့်နိုင်ဖို့ သင်ယူပါ။ Trust ဆိုတာ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေတာ မဟုတ်ဘူး။ လုပ်သင့်တာကို လုပ်ပြီး... ကြောက်စိတ်ထက် ယုံကြည်မှုကို ရွေးချယ်တာ ဖြစ်ပါတယ်။ Money Healing ရဲ့ အမှန်တကယ် ပြောင်းလဲမှု Healing ဖြစ်လာတဲ့အခါ... ပိုက်ဆံကို မြင်ရင် စိတ်မတုန်တော့ဘူး။ Fees ပြောရင် အားမနာတော့ဘူး။ ပေးကမ်းနိုင်သလို လက်ခံလည်း ရလာတယ်။ ကိုယ့်ရဲ့ Worth ကို သက်သေပြဖို့ ငွေမလိုတော့ဘူး။ အဲဒီအချိန်မှာ... ငွေဟာ စိုးရိမ်စရာ အရာတစ်ခု မဟုတ်တော့ဘဲ၊ ကိုယ့်ရဲ့ တန်ဖိုး၊ ဖန်တီးနိုင်စွမ်းနဲ့ ယုံကြည်မှုတို့ကို သဘာဝကျကျ လဲလှယ်ပေးတဲ့ Energy Exchange တစ်ခု ဖြစ်လာပါတယ်။ 🌿 Daily Money Healing Affirmation **"ငါ့ရဲ့ ခန္ဓာကိုယ်က ကြွယ်ဝမှုကို လုံခြုံစွာ လက်ခံနိုင်ဖို့ နေ့တိုင်း သင်ယူနေပါတယ်။ ငါဟာ ငွေကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ တည်ငြိမ်မှုနဲ့ ကိုင်တွယ်နိုင်သူ ဖြစ်လာနေပါတယ်။ ငါ့ရဲ့ အချိန်၊ စွမ်းအင်နဲ့ ပညာဟာ တန်ဖိုးရှိပြီး၊ ထိုက်တန်တဲ့ Energy Exchange ကို ဝမ်းမြောက်စွာ လက်ခံပါတယ်။ ငါ ဖန်တီးတဲ့ တန်ဖိုးနဲ့အတူ ငွေကြေးဟာ သဘာဝကျစွာ၊ တည်ငြိမ်စွာ၊ ရေရှည်စွာ ငါ့ဘဝထဲကို စီးဆင်းလာနေပါတယ်။"

  • 🌿 Daily Money Healing Affirmation **"ငါ့ရဲ့ ခန္ဓာကိုယ်က ကြွယ်ဝမှုကို လုံခြုံစွာ လက်ခံနိုင်ဖို့ နေ့တိုင်း သင်ယူနေပါတယ်။ ငါဟာ ငွေကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ တည်ငြိမ်မှုနဲ့ ကိုင်တွယ်နိုင်သူ ဖြစ်လာနေပါတယ်။ ငါ့ရဲ့ အချိန်၊ စွမ်းအင်နဲ့ ပညာဟာ တန်ဖိုးရှိပြီး၊ ထိုက်တန်တဲ့ Energy Exchange ကို ဝမ်းမြောက်စွာ လက်ခံပါတယ်။ ငါ ဖန်တီးတဲ့ တန်ဖိုးနဲ့အတူ ငွေကြေးဟာ သဘာဝကျစွာ၊ တည်ငြိမ်စွာ၊ ရေရှည်စွာ ငါ့ဘဝထဲကို စီးဆင်းလာနေပါတယ်။"

  • Money Wound Healing – Part 2 Healing က Bank Account ထဲမှာမစခင် စိတ်ထဲမှာအရင် စတယ်၊ Money Healing ဆိုတာ ငွေကို ပိုရအောင်လုပ်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ငွေနဲ့ ကိုယ့်ရဲ့ Relationship ကို ကုသတဲ့ Process ဖြစ်ပါတယ်။ လူတော်တော်များများက ပိုက်ဆံလိုချင်ကြတယ်။ ဒါပေမယ့် ပိုက်ဆံကို လက်ခံဖို့ အသင့်မဖြစ်သေးတဲ့ Nervous System နဲ့ အသက်ရှင်နေကြပါတယ်။ ပိုက်ဆံဝင်လာရင် စိုးရိမ်တယ်။ Fees မြှင့်ရမှာ ကြောက်တယ်။ ရလာတဲ့ငွေကို မြန်မြန်ကုန်အောင် သုံးမိတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးလို့ ခံစားပီး အခွင့်အရေးတွေကို ကိုယ်တိုင် ပယ်ချမိတယ်။ ဒါတွေဟာ Money Wound ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ 💱၁။ Financial Honesty – ကိုယ့်ငွေကို ရိုးသားစွာ ကြည့်ရဲဖို့ Healing က အမှန်တရားကို ကြည့်ရဲတဲ့နေ့က စပါတယ်။ လက်ကျန်ငွေ ဘယ်လောက်ရှိလဲ။ အကြွေး ဘယ်လောက်ရှိလဲ။ ဝင်ငွေ ဘယ်က လာနေလဲ။ ထွက်ငွေ ဘယ်နေရာကို စီးနေလဲ။ ဒီအရာတွေကို ကြောက်လို့ မကြည့်ဘဲ ရှောင်နေမယ်ဆိုရင် Healing မဖြစ်နိုင်ပါဘူး။ "Awareness" က Healing ရဲ့ "ပထမဆုံးတံခါး"ပါ။ 💱၂။ Money Story ကို ပြန်ရေးပါ။ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ငယ်ငယ်က ငွေအကြောင်း ဘာတွေ ကြားခဲ့ရလဲ။ ပိုက်ဆံရှိတဲ့သူတွေကို ဘယ်လိုမြင်ခဲ့လဲ။ ငါ့မိသားစုက ငွေကို ချစ်ခဲ့လား၊ ကြောက်ခဲ့လား။ ငါ့ရဲ့ ပထမဆုံး ငွေကြေးနဲ့ပတ်သက်တဲ့ နာကျင်မှုက ဘာလဲ။ အဲဒီအဖြေတွေက ဒီနေ့ သင့် Financial Decisions တွေကို သက်ရောက်နေတတ်ပါတယ်။ Healing ဆိုတာ အတိတ်ကို ဖျက်ပစ်တာ မဟုတ်ဘူး။ အတိတ်ရဲ့ Story ကို အသစ်ပြန်ရေးတာပါ။ 💱၃။ Receiving ကို လေ့ကျင့်ပါ။ တချို့လူတွေက ပေးရတာ အရမ်းလွယ်တယ်။ ဒါပေမယ့်... လက်ဆောင်ယူဖို့ ခက်တယ်။ Fees အပြည့်ယူဖို့ အားနာတယ်။ Praise ရရင် ငြင်းပယ်တယ်။ ဒီလိုဆိုရင် Energy Flow က တစ်ဖက်သတ် ဖြစ်နေပါတယ်။ Receiving ဟာ လောဘ မဟုတ်ဘူး။ Receiving ဟာ ကိုယ့်ရဲ့ Worthiness ကို လက်ခံတာ ဖြစ်ပါတယ်။ 💱🕊️ဒီနေ့ကစပြီး... "ကျေးဇူးတင်ပါတယ်။ ဝမ်းမြောက်စွာ လက်ခံပါတယ်။" ဆိုတဲ့ စကားကို အပြည့်အဝ ပြောကြည့်ပါ။ 💱၄။ Abundance ကို အပြင်မှာ မရှာပါနဲ့ လူအများစုက... "ပိုက်ဆံများလာရင် ပျော်မယ်။" လို့ ထင်ကြတယ်။ ဒါပေမယ့် Healing က ပြောတာက... "ပျော်ရွှင်တတ်လာတဲ့အခါ ကြွယ်ဝမှုကို ပိုမြင်လာမယ်။" နေ့တိုင်း... ကိုယ့်မှာရှိတဲ့ အရာတွေကို သတိထားပါ။ ကျန်းမာတဲ့ ခန္ဓာကိုယ်။ အသက်ရှူနေရတာ။ ကိုယ့်ရဲ့ ပညာ။ ကိုယ့်ရဲ့ အရည်အချင်း။ ချစ်တဲ့သူတွေ။ ဒါတွေဟာလည်း Wealth ပါပဲ။ Abundance ကို မြင်တတ်လာတဲ့စိတ်က Scarcity ကို ဖြည်းဖြည်းချင်း ပျော်ဝင်စေပါတယ်။ 💱၅။ Money Boundary ကို တည်ဆောက်ပါ Money Healing ဆိုတာ ပေးကမ်းတတ်ဖို့တင် မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို ကာကွယ်တတ်ဖို့လည်း ဖြစ်ပါတယ်။ မလိုအပ်တဲ့ Discount တွေ မပေးတော့ပါနဲ့။ အပြစ်ရှိသလို ခံစားပီး အခမဲ့ အလုပ်တွေ မလုပ်တော့ပါနဲ့။ ကိုယ့်ရဲ့ အချိန်၊ Energy နဲ့ Expertise တွေဟာ တန်ဖိုးရှိပါတယ်။ Healthy Boundary ရှိတဲ့သူက Money Flow ကိုလည်း ပိုတည်ငြိမ်စွာ ထိန်းနိုင်ပါတယ်။ 💱Healing ရဲ့ အဆုံးသတ် Money Healing ရဲ့ ရည်ရွယ်ချက်က...ပိုက်ဆံနောက်ကို လိုက်ဖို့ မဟုတ်ဘူး။ ပိုက်ဆံကို ကြောက်နေတဲ့ ကိုယ့်အတွင်းက လူငယ်လေးကို ကုသပေးဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Worth ကို ပြန်တွေ့တဲ့အခါ... ငွေဟာ ဖိအား မဟုတ်တော့ဘူး။ ငွေဟာ သက်သေပြစရာ မဟုတ်တော့ဘူး။ ငွေဟာ Energy Exchange တစ်ခု ဖြစ်လာတယ်။ အဲဒီအချိန်မှာ သင်က ငွေကို မလိုက်တော့ဘဲ... တန်ဖိုးဖန်တီးတဲ့သူတစ်ယောက်အဖြစ် အသက်ရှင်လာပြီး၊ ငွေကလည်း အဲဒီတန်ဖိုးနောက်ကို သဘာဝကျကျ စီးဆင်းလာပါတော့တယ်။ 🌿 Daily Money Healing Affirmation "ငါဟာ ငွေကြေးကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ ယုံကြည်မှုနဲ့ လက်ခံတတ်သူ ဖြစ်လာနေပါတယ်။ ငါ့ရဲ့ တန်ဖိုးဟာ ငါ့ရဲ့ ဝင်ငွေထက် ပိုကြီးမားပါတယ်။ ငါဟာ ပေးကမ်းဖို့လည်း ထိုက်တန်သလို၊ လက်ခံရယူဖို့လည်း ထိုက်တန်ပါတယ်။ ငွေကြေးဟာ ငါဖန်တီးတဲ့ တန်ဖိုးအတွက် သဘာဝကျစွာ စီးဆင်းလာတဲ့ Energy Exchange ဖြစ်ပါတယ်။" Light, Love & Peace To All 🕊️ KHIN (Soul Expansion) House of Wisdom ☯️ #Humanpotentialawakening #moneyhealing #soulexpansion

  • 🌿 Daily Money Healing Affirmation "ငါဟာ ငွေကြေးကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ ယုံကြည်မှုနဲ့ လက်ခံတတ်သူ ဖြစ်လာနေပါတယ်။ ငါ့ရဲ့ တန်ဖိုးဟာ ငါ့ရဲ့ ဝင်ငွေထက် ပိုကြီးမားပါတယ်။ ငါဟာ ပေးကမ်းဖို့လည်း ထိုက်တန်သလို၊ လက်ခံရယူဖို့လည်း ထိုက်တန်ပါတယ်။ ငွေကြေးဟာ ငါဖန်တီးတဲ့ တန်ဖိုးအတွက် သဘာဝကျစွာ စီးဆင်းလာတဲ့ Energy Exchange ဖြစ်ပါတယ်။"

  • Money Wound Healing ဆိုတဲ့ ငွေကြေးဒဏ်ရာကို ကုသခြင်းက ပိုက်ဆံကို ဆွဲဆောင်ဖို့ မဟုတ်ဘူး ကိုယ့်ရဲ့ Worth ထိုက်တန်မှုကို ပြန်လည်ရှာဖွေဖို့ ဖြစ်ပါတယ်။ လူတော်တော်များများက Money Problem လို့ ထင်နေတဲ့အရာတွေဟာ တကယ်တော့ Money Wound ဖြစ်နေတတ်ပါတယ်။ ငွေမဝင်လို့ မဟုတ်ဘူး။ ဝင်လာတဲ့ငွေကို မထိန်းနိုင်လို့ မဟုတ်ဘူး။ အခွင့်အရေး မရလို့လဲ မဟုတ်ပါဘူး။ အတွင်းစိတ်ထဲမှာက - "ငါ မလုံလောက်ဘူး။" "ပိုက်ဆံရဖို့ ခက်ခက်ခဲခဲ ကြိုးစားမှ ရမယ်။" "ကိုယ့်အတွက် သုံးရင် အပြစ်ရှိသလို ခံစားရတယ်။" "အများကြီးရရင် ဆုံးရှုံးရမှာ ကြောက်တယ်။" ဆိုတဲ့ Deepest Believes တွေ ရှိ‌ေနလို့ပါ။ Money Wound ဆိုတာ ငွေကြေးနဲ့ မပတ်သက်ဘဲ Worthiness နဲ့ ပတ်သက်ပါတယ်။ 🔗Money Wound က ဘယ်ကစတာလဲ? တချို့လူတွေက - ငယ်ငယ်က မိသားစု ငွေအခက်အခဲကို မြင်ခဲ့တယ်။ "ပိုက်ဆံက မလွယ်ဘူး။" "လူချမ်းသာတွေက မကောင်းဘူး။" "ငွေရှိရင် ပြဿနာများတယ်။" "အရမ်းတောင်းဆိုရင် လောဘကြီးတယ်။" ဆိုတဲ့ စကားတွေကို ကြားပြီး ကြီးပြင်းလာခဲ့တယ်။ အဲဒီစကားတွေက စိတ်ထဲမှာ Program တခုလို ဖြစ်သွားပီး အရွယ်တခုရောက်လာတော့. အလုပ်ကောင်းတွေ ရှေ့မှာ ရပ်တန့်သွားတယ်။ Service ကောင်းပေးပီး Fees မတောင်းရဲဘူး။ Discount ပဲ ပေးနေတယ်။ Receiving လုပ်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ဒါဟာ Skill မရှိလို့ မဟုတ်ဘူး။ အတွင်းက Money Wound မကုသရသေးလို့ပါ။ 💱Money Healing ဆိုတာ ဘာလဲ? Money Healing ဆိုတာ - ပိုက်ဆံခေါ်တဲ့ Ritual ၊ Manifestation Trick ၊ Energy Healing တခုတွေ မဟုတ်ပါဘူး။ Money Healing ဆိုတာ... ငွေကြေးအပေါ်မှာ ရှိနေတဲ့ Fear၊ Shame၊ Guilt နဲ့ Scarcity ကို ဖြည်းဖြည်းချင်း လွှတ်ချပေးတဲ့ Process ဖြစ်ပါတယ်။ Healing ဖြစ်လာတာနဲ့... ပိုက်ဆံကို မကြောက်တော့ဘူး။ ပိုက်ဆံကို မလိုက်တော့ဘူး။ ပိုက်ဆံကို ထိန်းချုပ်ဖို့ မကြိုးစားတော့ဘူး။ အဲဒီ့အစား - Healthy Relationship တခု တည်ဆောက်လာလိမ့်မယ်။ 🔗Healing မလုပ်ခင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ငွေအကြောင်းပြောရင် ဘယ်လိုခံစားရလဲ? Fees တောင်းတဲ့အခါ အပြစ်ရှိသလို ခံစားရလား? ပိုက်ဆံဝင်လာရင် ပျောက်သွားမှာ ကြောက်လား? အောင်မြင်ရင် လူတွေက မုန်းမယ်လို့ ယုံကြည်ထားလား? "ငါ မထိုက်တန်ဘူး" ဆိုတဲ့ အသံကို ကြားဖူးလား? ဒီမေးခွန်းတွေရဲ့ အဖြေတွေက Money Wound ရဲ့ Root Cause ကို ပြပေးပါတယ်။ Healing ရဲ့ အဆုံးသတ်မှာ... "ငါ ပိုက်ဆံရှိလို့ တန်ဖိုးရှိတာ မဟုတ်ဘူး။ ငါ တန်ဖိုးရှိနေလို့ ပိုက်ဆံက ငါ့ဆီ စီးဆင်းလာတာပါ။" ဆိုတဲ့ Consciousness ကို ရောက်လာပါလိမ့်မယ်။ Self-worth က တိုးလာတာနဲ့... Receiving က ပိုလွယ်လာတယ်။ Pricing က ပိုရှင်းလာတယ်။ Abundance ကို လက်ခံနိုင်လာတယ်။ Money က ရန်သူ မဟုတ်တော့ဘူး။ Energy Exchange တစ်ခု ဖြစ်လာပါတယ်။ 🌿 Daily Money Healing Affirmation "ငါ့ရဲ့ တန်ဖိုးကို ငွေက မသတ်မှတ်ဘူး။ ငါဟာ မွေးဖွားလာကတည်းက တန်ဖိုးရှိပြီးသား ဖြစ်တယ်။ ငါဟာ ပေးကမ်းနိုင်သလို လက်ခံရယူဖို့လည်း ထိုက်တန်တယ်။ ငွေကြေးဟာ ငါ့ဘဝထဲကို လုံခြုံစွာ၊ သဘာဝကျစွာ၊ ချစ်ခြင်းမေတ္တာနဲ့ စီးဆင်းလာနေပါတယ်။" Money Healing က မိမိရဲ့ Bank Account ကို အရင်မပြောင်းလဲနိုင်ပေမဲ့ မိမိရဲ့ Inner Relationship with Money ကို ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒီ Relationship ပြောင်းလဲသွားတဲ့အခါ Financial Reality ကလည်း တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။ (ဒီစာကို Chiron in Taurus Energy - Money Wounds ပေါ် အခြေခံရေးပါတယ်။) Light, Love & Peace To All 🕊️ KHIN (Soul Expansion) #Humanpotentialawakening #moneyhealing #soulexpansion

  • 🌿 Daily Money Healing Affirmation "ငါ့ရဲ့ တန်ဖိုးကို ငွေက မသတ်မှတ်ဘူး။ ငါဟာ မွေးဖွားလာကတည်းက တန်ဖိုးရှိပြီးသား ဖြစ်တယ်။ ငါဟာ ပေးကမ်းနိုင်သလို လက်ခံရယူဖို့လည်း ထိုက်တန်တယ်။ ငွေကြေးဟာ ငါ့ဘဝထဲကို လုံခြုံစွာ၊ သဘာဝကျစွာ၊ ချစ်ခြင်းမေတ္တာနဲ့ စီးဆင်းလာနေပါတယ်။"

  • 💛 4 Weeks Happy Money Healing Ritual ငွေကို ပိုကြိုးစားရှာရုံနဲ့ မလုံလောက်ပါဘူး... တစ်ခါတစ်ရံ Money Mindset နဲ့ Money Relationship ကိုလည်း ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီ 4 Weeks Happy Money Healing Ritual မှာ— ✨ Daily Happy Money Ritual ✨ Weekly Money Healing Practice ✨ Money Mindset Transformation ✨ Gratitude & Abundance Practice ✨ Guided Reiki Energy Healing ✨ Weekly Reflection & Integration တို့ကို ၄ ပတ်တိုင်တိုင် အတူလေ့ကျင့်သွားကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ငွေကြေးအောင်မြင်မှုကို အာမခံပေးတဲ့ Program မဟုတ်ပါ။ ရည်ရွယ်ချက်ကတော့ ငွေနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထများကို သတိပြု၊ ပြောင်းလဲပြီး ကျန်းမာတဲ့ Money Mindset နဲ့ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။ 💰 Energy Exchange – 55,000 KS Only 🌿 ကိုယ့်ရဲ့ Money Energy ကို နူးညံ့စွာ ပြန်လည်ညှိနှိုင်းပြီး Abundance ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်... "ပါဝင်မယ်" လို့ Comment ရေးထားပေးပါ။သို့မဟုတ် Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ Start Date - Saturday 19th Every Saturday - Zoom Healing (9:00-10:00 PM ) ✨ Let's build a Happy Money Mindset together.

  • 🌑 Karmic Healing & Dark Energy Clearing Ritual 🌑 📅 July 9 (Thursday) 🕣 8:30 PM (Myanmar Time) ယခုအချိန်မှာ Energy Reading များအရ လူအများစု စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးးအိမ်ထောင်ရေးနှင့် အနာဂတ်လမ်းကြောင်းများ အပေါ် သက်ရောက်သော အနှောင့်အယှက်စွမ်းအင်များ၊ မမြင်ရသော ကံအဟန့်အတားများ၊ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ၊မလိုလားအပ်သော Energy Pattern များကို တွေ့ရှိရပါတယ်။ ထို့ကြောင့် July 9 တွင် Karmic Healing & Dark Energy Clearing Ritual ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ အဟန့်အတားများကို လျော့ပါးစေရန်နှင့် အပြုသဘောဆောင်သော Energy Flow ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။ ပါဝင်မည့်သူများအတွက် ကြိုတင်ပြင်ဆင်ရန် ✨ July 7 မှစ၍ - မေတ္တာသုတ် ၃၇ ခေါက် နေ့စဉ် အဓိဋ္ဌာန်တင် ရွတ်ဆိုပါ။ - အဆင်ပြေပါက July 7, 8, 9 (၃ ရက်) သတ်သတ်လွတ် စားသုံးပေးပါ။ 💱 Healing Ritual Energy Exchange – 65,000 MMK 🌿 July 9 Karmic Healing & Dark Energy Clearing Ritual တွင် ပါဝင်လိုသူများ Comment (သို့) Message မှတစ်ဆင့် စာရင်းကြိုပေးနိုင်ပါပြီ။ အတူတကွ အဟန့်အတားများကို လျော့ပါးစေပြီး ပိုမိုကြည်လင်သော လမ်းကြောင်းအသစ်ကို ကြိုဆိုလိုက်ကြပါစို့။ 🙏

  • 🐍Kundalini Awakening & Chakra Healing Live Knowledge Sharing & Healing Experience Join us for a sacred evening of Kundalini Wisdom, Chakra Awareness, and Energy Healing in a safe and supportive space. 📅 Date: Saturday, July 4 🕣 Time: 8:30 PM – 10:00 PM (Myanmar Time) 💻 Platform: Zoom Live Workshop Zoom ID: 996 103 4132 Password: SatNam Workshop Guidelines 🤍 Please wear White-Coloured Clothing to support a peaceful and harmonious energy field. 📹 Camera ON throughout the session. 🎤 Microphone OFF unless invited to speak. 🙏 Please join with Commitment, Presence, and Respect for yourself, the teachings, and everyone in the circle. 🌿 This workshop is a Safe Space for learning, healing, self-discovery, and spiritual growth. Every participant is welcomed with compassion, confidentiality, and respect. "Awaken Your Inner Energy. Balance Your Chakras. Transform Your Life." 🐍 Light, Love, Peace To All 🕊️ Sat Nam KHIN (Soul Expansion) House of Wisdom ☯️

  • Chakra Block ဖြစ်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? လူတော်တော်များများက Chakra Block ဆိုတာကို "Energy ပိတ်နေတယ်" လို့ပဲ ပြောကြပါတယ်။ ဒါပေမယ့် Chakra Block ဆိုတာ… ကိုယ့်အတွင်းမှာ ရှိတဲ့ စိတ်ခံစားမှု၊ အတွေးအခေါ်၊ အလေ့အကျင့်တွေက Energy Flow ကို သက်ရောက်‌ေနတဲ့ အခြေအနေတခု ပါ။ ဥပမာ… 🔴 Root Chakra မှာ မလုံခြုံသလို ခံစားရခြင်း၊ အမြဲစိုးရိမ်ပူပန်ခြင်း 🟠 Sacral Chakra မှာ ခံစားချက်တွေကို ဖိနှိပ်ထားခြင်း၊ ပျော်ရွှင်မှုကို မခံစားနိုင်ခြင်း 🟡 Solar Plexus Chakra မှာ ကိုယ့်ကိုယ်ကို မယုံကြည်ခြင်း၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခြင်း 🟢 Heart Chakra မှာ အတိတ်က နာကျင်မှုတွေကို မလွှတ်နိုင်သေးခြင်း 🔵 Throat Chakra မှာ ကိုယ့်ခံစားချက်ကို မပြောနိုင်ခြင်း၊ အမှန်တရားကို ဖော်ပြဖို့ ကြောက်ခြင်း 🟣 Third Eye Chakra မှာ ကိုယ့်အတွင်းအသံကို မယုံကြည်နိုင်ခြင်း ⚪ Crown Chakra မှာ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ချိတ်ဆက်မှု လျော့နည်းသလို ခံစားရခြင်း စတာတွေပေါ့။ Chakra Block ဆိုတာ "အပြစ်တင်စရာ ၊ ရှက်ရွံ့သိမ်ငယ်စရာ" မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်အတွင်းကို ပိုနားလည်ဖို့ လိုအပ်နေတဲ့ အချက်ပြမှုတခုသာ ဖြစ်ပါတယ်။ Kundalini Kriya Yoga နဲ့ Quantum Meditation ရဲ့ ရည်ရွယ်ချက် ကတော့… Energy ကို အတင်းတွန်းတင်ဖို့ မဟုတ်ဘဲ၊ Awareness ကို မြှင့်တင်ပြီး ကိုယ့်အတွင်းက Balance ကို တဖြည်းဖြည်းခြင်း ပြန်လည်ဖော်ဆောင်ဖို့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ✨ Healing က ကိုယ့်ကိုယ်ကို ပြင်ဆင်ခြင်း မဟုတ်ဘူး။ ကိုယ့်အတွင်းမှာ ရှိပြီးသား အလင်းကို ပြန်လည်သတိရလာတဲ့ ခရီးတစ်ခုပါ။ ဒီ July မှာ — July Human Awakening Journey Kundalini Kriya Yoga ကို လေ့ကျင့်ရင်း + Quantum Meditation + Chakra Healing +Consciousness Expansion ကို စတင်သွားမှာဖြစ်ပါတယ်။ 📅 Start Date — July 6 - July 29th 🗓 Monday to Wednesday ⏰ 8:30 PM — 9:30 PM 🌙 July တစ်လလုံး ✨ Total 12 Sessions 💰 Energy Investment - 100,000 KS Energy ကို နိုးထစေခြင်းမှသည် Consciousness ကို ချဲ့ထွင်ခြင်းအထိ ကိုယ့်အတွင်းခရီးတစ်ခုအဖြစ် လေ့လာသွားမယ့် Journey တစ်ခုပါ။ Light, Love, Peace To All Sat Nam KHIN (Soul Expansion) House of Wisdom ☯️

  • йоС пОдписи

  • Kundalini ဆိုတာ ဘာလဲ? “Kundalini ဆိုတာ ထူးဆန်းတဲ့ Energy တစ်ခုလို့ပဲ ထင်နေသေးလား?” Kundalini Kriya Yoga ဆိုတာ Energy ကို လှုပ်ရှားစေတဲ့ Practice တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ — 🐍 အသက်ရှူမှုကို သတိထားလာခြင်း 🐍 ကိုယ့်ခန္ဓာကိုယ်ရဲ့ Energy ကို သိရှိလာခြင်း 🐍 စိတ်နဲ့ Awareness ကို ပိုနက်ရှိုင်းလာခြင်း အတွက် သွားတဲ့ Inner Practice တစ်ခုပါ။ Kundalini Awakening ဆိုတာ အပြင်မှာ တစ်ခုခုကို ရှာဖွေခြင်းမဟုတ်ဘဲ… ကိုယ့်အတွင်းမှာ ရှိနေတဲ့ Energy၊ Awareness နဲ့ ကိုယ့်ရဲ့ အမှန်တရားကို ပြန်တွေ့လာတဲ့ ခရီးတစ်ခုပါ။ ဒီ July မှာ — July Human Awakening Journey Kundalini Kriya Yoga ကို လေ့ကျင့်ရင်း + Quantum Meditation + Chakra Healing +Consciousness Expansion ကို စတင်သွားမှာဖြစ်ပါတယ်။ 📅 Start Date — July 6 - July 29th 🗓 Monday to Wednesday ⏰ 8:30 PM — 9:30 PM 🌙 July တစ်လလုံး ✨ Total 12 Sessions 💰 Energy Investment - 100,000 KS Energy ကို နိုးထစေခြင်းမှသည် Consciousness ကို ချဲ့ထွင်ခြင်းအထိ ကိုယ့်အတွင်းခရီးတစ်ခုအဖြစ် လေ့လာသွားမယ့် Journey တစ်ခုပါ။ Light, Love, Peace To All Sat Nam KHIN (Soul Expansion) House of Wisdom ☯️