tgindex
Citta Well-Being Channel

Citta Well-Being Channel

Статистика

Leading Mind To Matter

Последний пост
14 июн. 2025 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
24
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
718
+2 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
339
24 постов
Вовлечённость
47,2%
к подписчикам
Постов в день
0,0
всего 24
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • ကိုယ်တိုင် Massage Oil Bottle လေးကို ဖန်တီးရင်း Self-care လုပ်နိုင်မယ့် နေ့ရက်လေးတစ်ရက်ကို ဖန်တီးကြရအောင်💆‍♀️✨ 🍃ရနံ့တွေဟာ အမှတ်တရတွေ၊ စိတ်ခံစားချက်တွေကို သင့်ဆီခေါ်ဆောင်လာနိုင်တယ်ဆိုတာကို သိပါသလား 💕 🍃မွှေးမြတဲ့ ရနံ့သင်းသင်းလေးတွေ နှာသီးဖျားလေးကို ဖြတ်သွားရင် စိတ်ကြည်လင်မှုတစ်ခုကို ရဖူးကြတယ်မလား💕 စိတ်ကျန်းမာရေးကို စောင့်ရှောက်နိုင်တဲ့နည်းလမ်းများစွာထဲက ရနံ့ကုထုံးကို အသုံးချသွားမယ့် စိတ္တရဲ့ Aromatherapy Workshop လေးမှ ကြိုဆိုပါရစေရှင်✨ ဒီ Workshop လေးမှာဆိုရင် ☁️လူတွေကို အဲ့ဒီလောက်ကို လွှမ်းမိုးနိုင်တဲ့ ရနံ့တွေကို အသုံးပြုပြီး aromatherapy massage oil တစ်ပုလင်းကို အတူတူဖန်တီးလို့ရမယ်။ ☁️နောက်တစ်ဆင့်အနေနဲ့ ကိုယ်တိုင်သဘာဝအဆီအနှစ်တွေကို သုံးပြီး လုပ်ထားတဲ့ Massage Oil လေးနဲ့ Relaxing ဖြစ်စေမယ့် ကိုယ်တိုင်နှိပ်နယ်နည်းတွေကို သင်ယူကြမယ်။ 👀ဒီလိုအဆင့်နှစ်ဆင့်ကို ရနံ့ကုထုံးမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဆရာမ ဒေါ်စုစုမောင် နဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် Massage Point တွေကို ကျွမ်းကျင်စွာ လမ်းညွှန်ပြနိုင်သူ ဆရာနေသစ်တို့မှ Workshop လေးကို ဦးဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 🌸ဒီ Workshop ကို ဘယ်သူတွေ join သင့်လဲ❓ ကိုယ်တိုင်က Aromatherapy နဲ့ပတ်သက်ပြီး လေ့လာနှံ့စပ်ဖူးပြီးသားသူဖြစ်စေ၊ ခုမှစပြီးသဘာဝကုထုံးကိုစထိတွေ့မဲ့သူဖြစ်စေ၊ Stress တွေများပြီးပင်ပန်းနေသူ‌တွေဖြစ်စေ၊ ကိုယ်ပိုင်ရေမွှေးလေးပြုလုပ်ရင်း skincareရင်း စိတ်‌ချမ်း‌မြေ့မှုကို တစ်ပြိုင်တည်း ရယူလိုသူဖြစ်စေ၊ ပျော်ရွှင်ဖို့ကောင်းပြီး အသိပညာတွေမျှဝေဆွေးနွေးနိုင်မဲ့ ဒီ workshop လေးမှာ ပါဝင်နိုင်ပါတယ် 🥰 Workshop Location   - Citta Yangon Office Workshop Date - 28.6.2025 Workshop Time - 2PM - 4PM 💰Fees- for one person Normal Price- 30,000 Ks Special Discount - 25,000 Ks 📝 Limited seats available(  လူနည်းနည်းနှ င့် workshopပို ထိရောက်မှုရှိအောင် လူဦးရေကန့်သတ်ထားပါသည်။) ✨စိတ်ကြည်လင်စရာ ရနံ့အဆီအနှစ်လေးကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် Massage လုပ်ရင်း Quality Day လေးတစ်ရက်ကို ပိုင်ဆိုင်ချင်ရင်တော့ Workshop လေးကို Register လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေနော်✨ Register Link https://forms.gle/WYS8Mp8hLtN27mX38 📩 Workshop အကြောင်းစိတ်ဝင်စားသူတွေအနေနှင့်အသေးစိတ်မေးမြန်းချင်ပါက - Citta messenger CB မှာလာရောက်မေးမြန်းနိုင်ပါသည်။ “စိတ်ကျန်းမာရေးအတွက် စိတ္တ” မှ သင့်ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်ရှင်။ #citta #mental #aromatherapy #Workshop #mindfulness #healing #selfcare

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • တည်ငြိမ်မှုနဲ့ စီးမျောခြင်း 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐫𝐭 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 🧘🏻‍♀️🎨 ပစ္စုပ္ပန်ကာလမှာ အာရုံစူးစိုက်ပြီး တည်ငြိမ်ခြင်း၊ စိတ်ငြိမ်သက်ခြင်းဆိုတဲ့ အချိန်အခိုက်အတန့်ကို ပိုင်ဆိုင်နိုင်ဖို့ အခုခေတ်မှာ ခက်ခဲနေပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့…

  • တည်ငြိမ်မှုနဲ့ စီးမျောခြင်း 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐫𝐭 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 🧘🏻‍♀️🎨 ပစ္စုပ္ပန်ကာလမှာ အာရုံစူးစိုက်ပြီး တည်ငြိမ်ခြင်း၊ စိတ်ငြိမ်သက်ခြင်းဆိုတဲ့ အချိန်အခိုက်အတန့်ကို ပိုင်ဆိုင်နိုင်ဖို့ အခုခေတ်မှာ ခက်ခဲနေပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ ရင်ဆိုင်ကျော်လွှားနေရတဲ့ အခက်အခဲတွေ၊ ဘေးပတ်ဝန်းကျင်မှ ဖိအားနဲ့ အကြောက်တရားတွေကို တွန်းလှန်နိုင်ပြီး စိတ်ရဲ့ တည်ငြိမ်မှုကို ပိုင်ဆိုင်နိုင်ဖို့ 𝐂𝐢𝐭𝐭𝐚 မှ 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐫𝐭 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို ကျင်းပဖို့ စီစဉ်ထားပါတယ်နော်။ 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐫𝐭 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးဟာ 🧘🏻‍♀️🎨 ကိုယ့်ရဲ့ အသက်ရှူသံကိုတောင် ပြန်လည်သတိထားမိနေစေမယ့် ဆိတ်ငြိမ်ရပ်ဝန်းလေးတစ်ခုမှာ အရောင်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေ၊ ခံစားချက်တွေကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲပစ်ရမှာပဲ ဖြစ်ပါတယ်။ 🧘🏻‍♀️🎨 အရောင်တွေကြား အတက်အကျမြန်ဆန်လှတဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ ခဏတာ ရပ်တန့်သွားမှာ ဖြစ်ပြီး တည်ငြိမ်မှုအနောက်ကို စီးမျောလိုက်ပါကာ မွန်းကြပ်မှုတွေကို လျှော့ချပစ်နိုင်ဖို့ အထောက်အကူများစွာပြုတဲ့ Workshop တစ်ခုပဲ ဖြစ်ပါတယ်။ 🧘🏻‍♀️🎨 စိတ်နှလုံးသားအတွက် အဆိပ်အတောက်ဖြစ်တဲ့ အလောတကြီးနဲ့ စိတ်ပူပန်နေရခြင်းတွေရဲ့ အဝေး စိတ်အေးအေးနဲ့ ပစ္စုပ္ပန်ကာလကိုသာ အာရုံစိုက်နိုင်မယ့် ငြိမ်သက်အေးချမ်းခြင်းကို ရှာဖွေနိုင်ဖို့ Citta ရဲ့ Wellness Counselor ဆရာ၊ ဆရာမများမှလည်း Workshop တစ်လျှောက် ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီ Workshop လေးမှာ အသုံးပြုမယ့် Art Supplies အကုန်လုံးကို Citta မှ ပြင်ဆင်ပေးထားမှာမို့ လူကိုယ်တိုင်သာ အရောက်လှမ်းလာခဲ့ဖို့ပဲ လိုပါတယ်‌နော်…🤗 Workshop တက်ရောက်ဖို့ စာရင်းပေးသွင်းလိုပါက 📌 Register Link for Yangon : https://forms.gle/uNesY4H6EFNV5WzcA 📍Register Link for Mandalay https://forms.gle/BkXkR8WaDKHq539R6 ✅ Fee - 22,000 Ks ✅ Date - 21.6.2025 ✅ Time - 10AM - 12PM Register လုပ်ရာမှ အခက်အခဲရှိပါက 📩 CITTA Consultancy - Psychological Services Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။ #CITTA #mentalhealthmatters #MeditativeArtWorkshop

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • တခြားသူတွေကို စိတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီချင်ကြတဲ့သူတွေ စိတ်ဝင်တစား၊ တက်ရောက်ကြတဲ့ 𝐊𝐡𝐢𝐭𝐭𝐡𝐢𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐞𝐯𝐞𝐥 𝟏) ကို တောင်းဆိုမှုတွေကြောင့် 𝐁𝐚𝐭𝐜𝐡 - 𝟐 ကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါရစေနော်…🎉 🩷Applied…

  • တခြားသူတွေကို စိတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီချင်ကြတဲ့သူတွေ စိတ်ဝင်တစား၊ တက်ရောက်ကြတဲ့ 𝐊𝐡𝐢𝐭𝐭𝐡𝐢𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐞𝐯𝐞𝐥 𝟏) ကို တောင်းဆိုမှုတွေကြောင့် 𝐁𝐚𝐭𝐜𝐡 - 𝟐 ကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါရစေနော်…🎉 🩷Applied Counseling (လက်တွေ့အသုံးချ နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်) ကို စိတ်ဝင်စားပြီး Career အဖြစ် စိတ်ဝင်စားသူတွေသာမကဘဲ Counseling ပိုင်းနဲ့ ဆက်နွယ်နေတဲ့၊ Counseling ပိုင်းကို အခြေခံ စနစ်တကျ သိထားဖို့လိုအပ်တဲ့ သက်ဆိုင်ရာ အလုပ်တွေမှာ လုပ်ကိုင်နေသူများအတွက်လည်း အထောက်အကူများစွာပြုတဲ့ ...... 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐞𝐯𝐞𝐥 𝟏) ကို အခု Batch - 2 မှာ Discount တွေ ရယူရင်း တက်ရောက်နိုင်ပြီပဲ ဖြစ်ပါတယ်။🎉 ▫️Applied Counseling Training (Level 1) ရဲ့ သင်တန်းကြေးမှာ (၁၆၅,၀၀၀) ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး Khitthit Academy ရဲ့ ဖွင့်လှစ်ဖူးတဲ့ အတန်းကို တက်ဖူးသူ သင်တန်းသားဟောင်းများနဲ့ အစောဆုံး လာရောက်အပ်နှံသူများကို (𝟏𝟎%) 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးသွားမယ့်အပြင် (၃) ယောက်စုပြီး တစ်ခါတည်းလာရောက်အပ်နှံပါက (𝟐𝟓%) 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိမှာပဲ ဖြစ်ပါတယ်။ ▫️𝐊𝐡𝐢𝐭𝐭𝐡𝐢𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐞𝐯𝐞𝐥 𝟏) 𝐁𝐚𝐭𝐜𝐡 - 𝟐 ကိုတော့ 🩷 Citta Consultancy ရဲ့ Wellness Counselor တွေဖြစ်ပြီး Mental Health နဲ့ Counseling အပိုင်းတွေမှာ Diploma နဲ့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များစွာကို ရရှိထားတဲ့အပြင် Training အတွေ့အကြုံအပြည့်အဝရှိတဲ့ ဆရာ Nay Thit နဲ့၊ ဆရာမ Eaint Hmu Khin တို့မှ တာဝန်ယူ သင်ကြားပို့ချပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာခေါင်းစဉ်တွေကတော့ 📝 Basic counseling skills training 📝 Ethical considerations 📝 Mental health and psychosocial support 📝 Effective emotional support 📝 Effective communications and Interpersonal Relationships 📝 Self-help and Self-reflections 📝 Self-explorations စတဲ့ Counseling ပိုင်းမှာ အခြေခံသိထားသင့်တဲ့ Topics အစုံအလင်ကို သင်ခန်းစာတွေထဲ ထည့်သွင်းပေးထားပါတယ်နော်။ သင်တန်းကာလ ကြာချိန် ရက်သတ္တပါတ်ပေါင်း (၆) ပတ်တိတိ ကြာမြင့်မှာ ဖြစ်ပြီး တစ်ပတ်ကို (၂) ရက် အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းချိန်တွေကိုတော့ ရုံးချိန်လွတ် ညပိုင်း အားလပ်ချိန် ည (၇) နာရီမှ (၉) နာရီအတွင်း သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Batch - 1 မှာ မတက်ရောက်ဖြစ်ခဲ့ဘူးဆိုရင်လည်း Batch - 2 မှာ သင်တန်းသားလက်ခံဦးရေလေး မပြည့်ခင်လေး အပ်နှံဖို့၊ ဝါသနာတူ၊ Career တူ သူငယ်ချင်းမိတ်ဆွေများကိုလည်း သင်တန်းအကြောင်းလေး မျှဝေရင်း အတူတူအပ်နှံကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် Discount တွေ ရယူဖို့ကိုလည်း မမေ့ပါနဲ့နော်…🙆🏻‍♀️✨ 📌 Register Link : https://forms.gle/u9eFGSeSeUzMkyio9 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐞𝐯𝐞𝐥 𝟏) အပ်နှံရန်နဲ့ Register လုပ်ရာမှ အခက်အခဲရှိပါက စုံစမ်းမေးမြန်းရန်အတွက်📩 Khitthit Academy Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။ #KhitthitAcademy #Counseling #AppliedCounselingTraining #MentalHealthCounseling

  • ❗️ငလျင်အပြီး ကူညီကယ်ဆယ်သူများရဲ့စိတ်ခံစားချက်များသွန်ချရာ အခမဲ့ အစီအစဥ် (Debriefing session for Earthquake Responders )❤️‍🩹 ▫️ငလျင်ဘေးမှာ အဖက်ဖက်ကနေပြီးတော့ ကူညီကယ်ဆယ်ရေးတွေပြုလုပ်ပေးခဲ့ကြတဲ့သူတွေဟာ စိတ်ထိခိုက်စရာဖြစ်ရပ်တွေကို မြင်တွေ့ကြားသိခဲ့ကြရဆုံးသူတွေဖြစ်ပါတယ်။…

  • ❗️ငလျင်အပြီး ကူညီကယ်ဆယ်သူများရဲ့စိတ်ခံစားချက်များသွန်ချရာ အခမဲ့ အစီအစဥ် (Debriefing session for Earthquake Responders )❤️‍🩹 ▫️ငလျင်ဘေးမှာ အဖက်ဖက်ကနေပြီးတော့ ကူညီကယ်ဆယ်ရေးတွေပြုလုပ်ပေးခဲ့ကြတဲ့သူတွေဟာ စိတ်ထိခိုက်စရာဖြစ်ရပ်တွေကို မြင်တွေ့ကြားသိခဲ့ကြရဆုံးသူတွေဖြစ်ပါတယ်။ မြင်တွေ့ကြားသိရတာနဲ့အမျှ ကိုယ့်စိတ်ထဲမှာလည်း နာကျင်မှုတွေ ကျန်နေတတ်ပါတယ်။ ☘️ကူညီကယ်ဆယ်ရေးတွေ ကိုယ့်စိတ်ရှိသလောက်မလုပ်နိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားစိတ်တွေလည်း ရှိနေတတ်ပါတယ်။ ဒီလိုခံစားချက်တွေများလာတဲ့အခါ အလိုလိုနေရင်း စိတ်မကြည်တာ၊ ကိုယ့်ကိုယ်ကိုယ်အားမရတာ စတဲ့ပြဿနာတွေလည်း ကြုံလာရတတ်ပါတယ်။😪 ❤️‍🩹 ဒါကြောင့်အဖက်ဖက်ကနေ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ကြတဲ့သူတွေအတွက် Citta ကနေ Debriefing session for Earthquake Responders ဆိုတဲ့ session ကို အပတ်စဥ်သောကြာေန့တိုင်း အတွက် စီစဉ်ထားပါတယ်။ ▫️ဒီ session ကို Earthquake Crisis မှာ အဖက်ဖက်က ကူညီမှုတွေပြုလုပ်ပေးခဲ့ကြသူတွေ၊ ပြုလုပ်နေဆဲသူတွေ အခမဲ့ပါဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။ လာမဲ့အပတ်သောကြာနေ့ မေလ (16) ရက်နေ့ အစီအစဉ်မှာ ပါဝင်နိုင်ရန် အတွက် အောက်ပါ Link မှာ စာရင်းပေးသွင်းထားလိုက်ပါ။ Register Link https://forms.gle/5CCRakXigRNgcPNv9 #mentalhealth #citta #emergencyresponse #earthquake #earthquakerelief #responders

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • Luna art 🌕🎨+ Poetry workshop📃 ▫️ခေတ်အဆက်ဆက်ကဗျာစာပေသီချင်းတွေမှာလရောင်ရဲ့ဆွဲငင်မှုတွေအကြောင်း၊လရောင်နဲ့ပတ်သက်ပြီးဖြစ်ပေါ်တဲ့ခံစားချက်အကြောင်းတွေကိုရေးသားဖွဲ့ဆိုခဲ့ကြပါတယ်။ဒါဟာလရောင်ရဲ့စွမ်းအင်ကြီးမားမှုနဲ့လူတွေရဲ့စိတ်ခံစားချက်တွေအပေါ်သက်ရောက်မှု‌တွေကြောင့်ပဲဖြစ်ပါတယ်။ 💭 🌙လရောင်ဟာခံစားချက်တွေပေါ်ထွက်လာအောင်လုပ်နိုင်သလိုပဲဖန်တီးနိုင်စွမ်းတွေကိုလည်းမြင့်တက်လာစေပါတယ်။အထူးသဖြင့် လပြည့်ညတွေရဲ့လရောင်ဟာစိတ်ခံစားချက်တွေကိုပိုမိုနှိုးဆွပေးနိုင်ပါတယ်။❤️ ▫️မကြာခင်မှာရောက်လာတော့မယ့် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ Citta ကနေ လရောင်အ‌ကြောင်းကိုပန်းချီနဲ့ကဗျာဖန်တီးမှုပေါင်းစပ်ပြီး ခံစားချက်တွေကို ကိုင်တွယ်နိုင်မယ့် workshop တစ်ခုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။👏 ဒီ work shop လေးမှာ လရောင်ရဲ့စွမ်းအင်ကိုအသုံးချပြီး ပန်းချီနဲ့ကဗျာဖန်တီးမှုကနေတဆင့် စိတ်တည်ငြိမ်မှုရယူဖို့နဲ့ စိုးရိမ်ပူပန်မှုတွေလျှော့ချဖို့ Citta က counselor တွေက ဦးဆောင်ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။🖌 🙏မြန်မာလူမျိုးတို့ရဲ့အထွဋ်အမြတ်ထားတဲ့ကဆုန်လပြည့်နေအထိမ်းအမှတ် အနေနဲ့ လရောင်‌ရဲ့ အေးချမ်း တည်ငြိမ်တဲ့စွမ်းအင်ကို ရယူနိုင်ဖို့နဲ့ စိတ်ခံစားချက်တွေအပေါ်ကောင်းမွန်တဲ့သက်ရောက်မှုတို့ကိုဖြစ်ပေါ်စေဖို့ mindful luna art + portary workshop လေးမှာ Luna artworks တွေကိုဖန်တီးပုံဖော်ရမှာဖြစ်ပါတယ်။ ..................လရောင်ရဲ့ငြိမ်သက်မှုစွဲငင်မှုအေးချမ်းမှုတို့ကိုအာရုံဖမ်းရင်းထွက်ပေါ်လာတဲ့ ခံစားချက်အတွေးတွေကို ပန်းချီနဲ့ကဗျာစာသားတွေအဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။🖌 ဒီလို “Luna Artwork” တွေကို ဖန်တီးနေတဲ့ ပစ္စုပ္ပန်ကာလရဲ့ အချိန်နဲ့ ပတ်ဝန်းကျင်မှာသာ စိတ်ကို ထည့်ထားကြမှာမို အတိတ်ရဲ့ နောင်တတရားတွေ၊ အနာဂတ်အတွက် ပူပန်မှုအရာတွေကို ခဏတာ မေ့ထားကြရမှာပါ။ ဒါကြောင့် Mindful Luna Art + Poetry Workshop လေးဟာ အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး စိတ်ရဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်မှာပါ။ သတိနဲ့အသိကို ယှဉ်တွဲထားနိုင်ခြင်းဟာလည်း အိပ်စက်မှုကို အားကောင်းစေပါသေးတယ်။ 💭 ပါဝင်သူများဟာ “Luna Artwork” တွေကို ဖန်တီးနေချိန်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုမိုသိရှိလာမယ့်အပြင် ဖော်ပြဖို ခက်ခဲ၊ ဝန်လေးရတတ်တဲ့ ခံစားချက်တွေကို Artwork ပုံစံတစ်ခုထဲသို ထည့်သွင်းလိုက်ရင်း မိမိအတွင်းစိတ်ရဲ့ အမှန်တရားကို ပြန်လည်ရှာဖွေလာနိုင်မှာပဲ ဖြစ်ပါတယ်။❤️‍🩹 ဒီ Workshop လေးမှာ အသုံးပြုမယ့် Art Supplies အကုန်လုံးကို Citta မှ ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ✅️(Noted- ပုံမဆွဲတတ်သူများ ၊ ပန်းချီမရေးဆွဲဖူးသူများလည်း ဝင်ရောက်ပါဝင်နိုင်သော Workshop ဖြစ်ပါတယ်။) ❗️Luna art + Poetry workshop Register လူဦးရေ (၁၅) ဦးသာ ကန့်သတ်ထားသည့်အတွက် အမြန်လေး Register လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။❗️ 👏 Workshop အတွင်း Refreshment အနေဖြင့် (cofe + snacks) များလည်း Citta မှ စီစဥ်ပေးထားပါသည်။ 📌 Register Link for Yangon : https://forms.gle/ADv2cdvkE7BGK3wP7 ✅ Fee - 29,500 Ks ✅ Date - 10th May, 2025 (Saturday) ✅ Time - 10 AM - 1:30 PM ✅ Location - Citta Yangon Office - No.(59),ဓမ္မာရုံလမ်း ၊ ဒုတိယထပ် ၊စမ်းချောင်းမြိုနယ် ၊ ရန်ကုန်မြို။(မြေနီကုန်း ၊ King ပေါက်စီဘေးလမ်း ၊ City Express အပေါ်ထပ်တိုက်ခန်း) 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐋𝐮𝐧𝐚 𝐀𝐫𝐭 + 𝐏𝐨𝐞𝐭𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို Register လုပ်ရာမှ အခက်အခဲရှိပါက 📩 CITTA Consultancy - Psychological Services Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။ #CITTA #mentalhealthmatters #MindfulLunaArtPoetry

  • видео или голосовое, без подписи

  • 👉ဤလှုပ်ရှားမှုသည် ငလျင်ဘေးသင့်ပြည်သူများ၏ စိတ်ခွန်အားတိုးတက်လာစေရန် နှင့် ပြန်လည်ထူထောင်ရေး ခရီးလမ်းတွင် အတူတကွ လက်တွဲလျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ပါသည်။ ကျေးဇူးပြု၍ ဤအချက်အလက်များကို လိုအပ်သူများထံ မျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများနှင့်တကွမြန်မာနိုင်ငံသားအားလုံး စိတ်ပိုင်းဆိုင်ရာ ခွန်အားပြည့်ဝလာပြီး ပျော်ရွှင်သောဘဝများကို ပြန်လည်တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုလျက် — Capstone Education Consulting #mentalhealth #counselling #Capstone_Education_Consulting #Be_A_Capstonian_Be_A_success

  • CAPSTONE ပညာရေး အကြံပေးဝန်ဆောင်မှု (Capstone Education Consulting) နှင့် စိတ္တ-စိတ်ကျန်းမာရေး ဝန်ဆောင်မှု (Citta Consultancy- Psychological Service) တို့ပူးပေါင်းကာ "ငလျင်ဘေးသင့် ပြည်သူများအား "လူတစ်ဦးချင်းစီအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုသက်သာရာရစေရန် နှစ်သိမ့်အကြံပေးမှု" (Individual Counselling Sessions) နှင့် အဖွဲ့လိုက် နှစ်သိမ့်အကြံပေးမှု ( Suport Group Sessions)များအခမဲ့ လှူဒါန်းခြင်း" 👉၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့တွင် စစ်ကိုင်းမြို့၊မန္တလေးမြို့တို့နှင့်တကွ မြန်မာနိုင်ငံဒေသအသီးသီး၌ ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် ငလျင်ကြောင့် စိတ်ထိခိုက်မှုများ နှင့် ဝမ်းနည်းသောကများ ခံစားနေရသည့် ပြည်သူတိုင်းနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း Capstone Education Consulting မှ ကနဦးပြောကြားလိုပါသည်။ ဤကဲ့သို့ ခက်ခဲပင်ပန်းရသောအချိန်တွင် လူတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသည် ကွဲပြားနိုင်ပြီး၊ ထိုလိုအပ်ချက်များကို အသေးစိတ်နားလည်ပေးကာ နှစ်သိမ့်မှုပေးနိုင်ရန် အရေးကြီးကြောင်း ကျွန်ုပ်တို့ အထူးသဘောပေါက်ထားပါသည်။ 👉Citta Consultancy--Psychological Service ( စိတ္တ -------စိတ္တ (Citta) သည် မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးနှင့် အခြား လူမှုဘဝစိတ်ပိုင်းဆိုင်ရာ အကူအညီများကို ပညာရှင်အဆင့် ဝန်ဆောင်မှုပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အခြေစိုက်ကာ နှစ်စဉ်နှစ်တိုင်း လူထု၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အကြံပေးဆွေးနွေးခြင်းနှင့် ကုထုံးနည်းလမ်းများဖြင့် ဖြေရှင်းပေးလျက်ရှိပါသည်။ စိတ္တ၏ အကြံပေးပညာရှင်များသည် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်သူများဖြစ်ကာ၊ လူတိုင်း၏ စိတ်ဒဏ်ရာနှင့် စိုးရိမ်ပူပန်မှုများကို နားလည်ဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။ 👉ယခုအခါတွင် စစ်ကိုင်း၊မန္တလေး နှင့်တကွ ဒေသအသီးသီး၌ လှုပ်ခတ်ခဲ့သော ငလျင်ဘေးဒဏ်ခံစားခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ အမြန်ဆုံးရရှိစေရန် စိတ္တသည် မန္တလေးမြို့တွင် "အကြံပေးပညာရှင်များ လူကိုယ်တိုင်သွားရောက်၍ နှစ်သိမ့်အကြံပေးဆွေးနွေးခြင်း"(on-site therapy sessions) များ နှင့် "အွန်လိုင်းမှတဆင့် အကြံပေးဆွေးနွေးနှစ်သိမ့်ပေးခြင်း"( online therapy sessions) များကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ On site နှင့် Online ရွေးချယ်စရာများ ဖန်တီးပေးခြင်းဖြင့် လူတိုင်းအတွက် သက်တောင့်သက်သာရှိမှု၊ ကိုယ်ရေးကိုယ်တာအချက်အလက်များလုံခြုံမှု (Confidentiality) နှင့် တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးပြီး စိတ်သက်သာရာရစေရန် ရည်ရွယ်ပါသည်။ 👉ထိုစိတ်ခွန်အားအထောက်အပံ့ လုပ်ငန်းစဉ်များသည် ငလျင်ဘေးသင့်ပြည်သူများ၏ စိတ်ထိခိုက်ဝမ်းနည်းရမှုများကို တစ်ဦးချင်းနှင့် မိသားစုအလိုက် အသေးစိတ်ပံ့ပိုးပေးရန် ရည်ရွယ်ပြီး၊ စိတ်ဓာတ်ခိုင်မာစွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။ 👉Capstone Education Consulting ၏ Founder & CEO သည် ငလျင်ပြီး ပထမရက်မှစတင်၍ ငလျင်ဘေးသင့်ပြည်သူများအား အဘက်ဘက်မှ ကူညီလှူဒါန်းခဲ့ပြီး ယခုအခါတွင်လည်း "စိတ္တ (Citta) စိတ်ကျန်းမာရေး အကြံပေးအဖွဲ့"ထံသို့ ဆက်သွယ်ဆွေးနွေးကာ ငလျင်ဘေးသင့်ပြည်သူများ၏ စိတ်ထိခိုက်ရမှုများအတွက်သင့်တော်မည်ဟု ယူဆသော ဝန်ဆောင်မှုများကို လှူဒါန်းဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ငလျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတိုင်း၏ "တစ်ဦးချင်းစီ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ" ကို ထိထိရောက်ရောက် အထူးဂရုစိုက်၍ နှစ်သိမ့်ဖေးမကူညီနိုင်ရန် "လူတစ်ဦးချင်းသီးသန့် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အကြိမ်ရေ ၁၀၀" နှင့် အဖွဲ့လိုက် နှစ်သိမ့်အကြံပေးဆွေးနွေးခြင်း အကြိမ်ရေ ၁၂ ကြိမ်" ကို CAPSTONE EDUCATION CONSULTING မှလှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ အကြိမ်ရေများပြည့်ပြီးနောက်ပိုင်းတွင်လည်း လိုအပ်သလို ပြည်သူများ၏ စိတ်ခွန်အားအတွက် အထောက်အပံ့များ၊ အခြားလိုအပ်မှုများကို အနယ်နယ်အရပ်ရပ်မှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆက်လက်ကူညီပေးသွားရန် CAPSTONE မှရည်ရွယ်ထားပါသည်။ 👉ငလျင်ဒဏ်ကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရပါက အောက်ဖော်ပြပါနေရာများသို့ ဆက်သွယ်ပြီး CAPSTONE မှလှူဒါန်းထားသော "လူတစ်ဦးချင်းသီးသန့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာခြင်းများကိုသက်သာရာရစေရန် နှစ်သိမ့်အကြံပေးမှု" (Individual Mental Health Counselling Sessions) များ နှင့် " အဖွဲ့လိုက် နှစ်သိမ့်အကြံပေးဆွေးနွေးမှု" ( Support Group Sessions). များကို အခမဲ့ရယူနိုင်ပါသည်။ 👉အောက်ပါဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် စိတ္တ (Citta) နှင့် ချိတ်ဆက်နိုင်ပါသည် - - ဖုန်း: 09965121551, 09960989551 - အီးမေးလ်: info@cittaconsultancy.com - အွန်လိုင်းစနစ်: Form ဖြည့်ရန် https://forms.gle/qvF4UfiMZA47G8WdA

Citta Well-Being Channel — tgindex