ရှေ့ဆက်တို့အတူ U=U
Статистика- Последний пост
- 19 дек.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
☀️ စိတ်ဖိစီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အပြုသဘောဖြင့် နေထိုင်ခြင်းကသာ ART ဆေးကို ပုံမှန်သောက်သုံးဖို့ စိတ်အားထက်သန်မှုကို ပေးနိုင်ပါတယ်။ 😴 အိပ်ရေးဝအောင် အိပ်ပါ။ နေ့စဉ် ၇-၈ နာရီ ပြည့်အောင် အိပ်စက်အနားယူပါ။။ 🍱 အာဟာရပြည့်စုံမျှတတဲ့ အစားအစာ စားသုံးပါ။ အာဟာရ ပြည့်ဝတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းဓာတ်များကို စားသုံးပေးပါ။ အငန်၊ အချို နဲ့ ဆီများ အများအပြားစားသောက်တာကို ရှောင်ကြဉ်ပါ။ 💢 မိသားစု၊ သူငယ်ချင်းများ နဲ့ နေ့စဉ်ပြောဆိုပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားရယူပါ။ #ART #UequalsU #uequalsumyanmar
ART ကို နေ့စဉ် ပုံမှန်သောက်မှသာ HIV ပိုး ပွားများတာကို ထိန်းထားနိုင်ပြီး ကျန်းကျန်းမာမာနေထိုင်နိုင်မယ် ဆိုတာကိုတော့ သိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဆေးမှန်မှန်သောက်တာက ကျန်းမာရေးအတွက် ပထမခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။ အောက်က နည်းလမ်းတွေကို ထပ်မံ လိုက်နာခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ 🏃♀️ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကျန်းမာသလို စိတ်ကိုလည်း ရွှင်လန်းစေပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စများကို တက်ကြွစွာလုပ်ဆောင်ခြင်း သို့မဟုတ် အကြောလျှော့လေ့ကျင့်ခန်း များ ပြုလုပ်ခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေကို ဆောင်ရွက်နိုင်ပါတယ်။
မသေချာ မရေရာဘဲ ကြိုတင်ပူပန်နေရတဲ့ စိတ်ဒုက္ခက တကယ့်ကို လောင်စရာနော်။ 😱 ဒါကြောင့် HIV ပိုးကူးစက်ခံရနိုင်တဲ့ သံသယဖြစ်ဖွယ် အခြေအနေ လုပ်ထားမိရင် ရဲရဲရင့်ရင့်နဲ့ သွေးစစ်ဖို့ ဆုံးဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ 🩸 အရာအားလုံးမှာ အဖြေရှိပါတယ်။ ပိုး ကူးစက်မခံထားရဘူးဆိုရင် ဆက်လက် ကာကွယ်ဖို့ လုပ်သွားရမယ်။ အကယ်၍ HIV ပိုး ကူးစက်ခံထားရရင်လည်း ဆေးကုသမှုခံယူပြီး သက်တမ်းစေ့ ရှေ့ဆက်နိုင်ဖို့ U=U ဆိုတဲ့ မျှော်လင့်ချက်ရှိနေပါတယ်။ 🤗 အခမဲ့ သွေးစစ်နိုင်မယ့်နေရာတွေကို ပိုမိုသိရဖို့ အခုပဲ လာမေးလိုက်နော်
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ကြူးတယ်ပဲဆိုဆို... ကျွန်မ ချစ်သူလေးကို ဂရုစိုက်ပုံလေးတွေ ပြောပြမယ်။ ❤️ သူ့မှာ HIV ကူးစက်ခံထားရတယ်လို့ ဖွင့်ပြောကတည်းက HIV အကြောင်းလေ့လာပြီး အမြဲ အားပေးဖြစ်တယ်။ 💊 ART နေ့တိုင်းသောက်ဖို့ သတိပေးဖြစ်တဲ့အပြင် 🎯 ပိုးကောင်ရေ နှစ်စဉ် ပုံမှန်စစ်ဖို့ လည်းတိုက်တွန်းဖြစ်တယ်။ သူ ပိုးထိန်းထားနိုင်လို့ U=U အခြေအနေဖြစ်သွားတဲ့အခါ ကျွန်မတို့ဆီလည်း ပိုးမကူးတော့ဘူး။ ကျွန်မတို့ဆီ ရောက်လာမယ့် ရင်သွေးလေးဆီလည်း ပိုးမကူးနိုင်တော့ဘူး။ ပျော်စရာမိသားစုဘဝလေးတည်ဆောက်ဖို့ စဉ်းစားရင်း ပျော်နေမိတာ နေ့တိုင်းပဲ။ 👨👩👦 ထိရောက်တဲ့ U=U ကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပါ ပေါင်းထည့်လိုက်တော့ ကျွန်မတို့ရဲ့ ချစ်ခြင်းတရားက ပိုမို လှပ ခိုင်မြဲလာပါတော့တယ်။ 💕 #UequalsU #UequalsUMyanmar
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှာပဲ ကျန်မနေခဲ့ပါနဲ့။ HIV ပိုးကို လိင်ကတစ်ဆင့် မကူးစက်နိုင်တော့တဲ့ U=U အခြေအနေရောက်အောင် ပံ့ပိုးပေးနေတဲ့ ART ကုထုံးအကြောင်းလည်း လေ့လာထားလိုက်ပါဦး။ 👆🏻😉 U=U အကြောင်းပိုသိနိုင်ဖို့ @uequalsumyanmar TikTok Channel လေးကို Follow လုပ်ထားလိုက်နော်။ #UequalsU #UequalsUMyanmar
အရာရာကို အချိန်က ကုစားပေးသွားမှာမို့လို့ HIV ပိုး ကူးစက်ခံထားရရင်လည်း မျှော်လင့်ချက်မဲ့ဖို့ မလိုဘူးနော်။ U=U ဖြစ်သွားတဲ့အထိ အရောက်လှမ်းပြီး ဘဝကို သက်တမ်းစေ့ နေထိုင်လိုက်ပါ။ 🌅 U=U အကြောင်းပိုသိနိုင်ဖို့ @uequalsumyanmar TikTok Channel လေးကို Follow လုပ်ထားလိုက်နော်။ https://bit.ly/3NTDec3 #UequalsU #UequalsUMyanmar
🔹HIV ပိုးကူးစက်ခံရပြီလားဆိုတဲ့ သံသယကြောင့်ပဲ ဖြစ်ဖြစ် 🔹ART ကုထုံးအကြောင်းမေးချင်တာပဲ ဖြစ်ဖြစ် 🔹U=U ဆိုတာကို သေချာ နားမလည်လို့ပဲဖြစ်ဖြစ် 🔹HIV နဲ့ပတ်သက်ပြီး မြိုသိပ်ထားရတာတွေများလို့ ရင်ဖွင့်တိုင်ပင်ဖော်လိုနေရင် ပဲဖြစ်ဖြစ် U=U ကို သတိရပေးနော်။ 💬🙌 ✔️စိတ်ထင့်နေတာတွေကိုမေး၊ ✔️လိုအပ်တာတွေကို ဆွေးနွေးဖို့ အခုပဲ ဒီလင့်ခ်ကိုနှိပ်ပြီး https://bit.ly/443ERZJ မက်ဆင်ဂျာကို လာခဲ့လိုက်ပါတော့။
➡️ မွေးပြီးပြီးချင်း ကလေးကို HIV ကာကွယ်တဲ့ ဆေးရည်နှစ်မျိုးကို စတင်တိုက်ကျွေးရပါမယ်။ ကလေးအသက် ၆ ပတ် အထိ နေ့စဉ် တိုက်ရပါမယ်။ ➡️ မိခင်နို့တိုက်မလား၊ နိုမှုန့်တိုက်မလား ဆိုတာကို ကိုယ်ဝန်စရှိကတည်းက သေချာဆုံးဖြတ်ပြီး ရွေးချယ်ပါ။ မိခင်နို့တိုက်မယ်ဆိုရင် ကလေးအသက် ၆ လ အထိမိခင် နို့တစ်မျိုးတည်း တိုက်ကျွေးပါ။ ရေတောင် မတိုက်ရပါဘူးနော်။ ကလေးအသက် ၆ လ ကနေ တစ်နှစ်အထိ မိခင်နို့နဲ့ဖြည့်စွက်စာ ရောကျွေးလို့ရပါတယ်။ ကလေးအသက် ၁၂ လ ပြည့်ရင် တစ်လအတွင်း မိခင်နို့ကို ဖြတ်ပါ။ ➡️ HIV စစ်ဆေးမှု လမ်းညွှန်ချက်အတိုင်း ကလေးကို သွေးစစ်ဆေးမှု ခံယူပါ။ ကာကွယ်မေတ္တာ ချစ်ခြင်းများစွာနဲ့ ရင်သွေးလေးကို ကြိုဆိုဖို့ အခြားသိလိုတာတွေရှိရင်လည်း လာမေးလိုက်နော်။
HIV ပိုးရှိတဲ့ မိခင်တစ်ဦးက ကိုယ့်ရင်သွေးလေးဆီကို HIV ပိုးမကူးစက်နိုင်အောင် ကာကွယ်လို့ရတယ်ဆိုတာ သိထားပြီးပြီလား။ 🤰👇 ဒီအချက်တွေကို လိုက်နာဖို့တော့ လိုတယ်နော် - ➡️ ကလေးအမေက ကိုယ်ဝန်ဆောင်စဉ် တောက်လျှောက် ART ဆေးကို စွဲစွဲမြဲမြဲ သောက်ပြီး ပိုးကောင်ရေ ထိန်းချုပ်ထားနိုင်ဖို့ လိုတယ်။ ➡️ မီးဖွားတဲ့အခါမှာလည်း ကျွမ်းကျင်ဆရာဝန် ရှိတဲ့နေရာ (ဆေးရုံ) မှာ မီးဖွားရင် အကောင်းဆုံးပါပဲ။
ဆေးက အမြဲမှန်မှန်သောက်တော့ ပိုးကောင်ရေ စစ်တိုင်း Not Detected ပဲ။ နှစ်တွေကြာလာတော့ အနားရှိတဲ့ သူတစ်ယောက်နဲ့ သံယောဇဥ် ဖြစ်တယ်။ ပြောမှပဲ ဖြစ်မယ်ဆိုတော့ ကျွန်မ HIV ရှိတယ်ဆိုတာ ဖွင့်ပြောလိုက်ပါတယ်။ သူကလည်း ကိုယ့်ကို မေတ္တာစစ်နဲ့ ချစ်တဲ့သူဆိုတော့ လက်ခံပေးတယ်။ ဒီသီတင်းကျွတ်မှာ ကျွန်မတို လက်ထပ်ကြတော့မယ်။ ဒီသတင်းကို ရည်းစားဟောင်းက ကြားပြီး လာမေးတယ်။ သူကို ဘာကြောင့် လမ်းခွဲခဲ့တာလဲတဲ့၊ ကျွန်မလည်း အမှန်အတိုင်းပြောလိုက်ပါတယ်။ သူက ငိုတယ်။ သူလက်ခံပေးမှာ တဲ့။ ဝမ်းနည်းပေမယ့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရမယ် မဟုတ်ဘူးလား။ တစ်ကိုယ်တည်း ဖြတ်သန်းရမယ်လို ထင်ထားပေမယ့် ဖူးစာ ဆုံလာရင် HIV လည်း မတားနိုင်ပါဘူး။ ဒါကတော့ မကြာခင်ပဲ သတိုသမီး ဖြစ်တော့မယ့်သူ တစ်ယောက်ရဲ့ ရင်ဖွင့်စကားပဲ ဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံထားရလည်း ဆေးသောက်ရုံနဲ့ ကျန်းမာနိုင်သလို၊ အချစ်သာ စစ်မှန်ရင် HIV ပိုးကလည်း မတားနိုင်ဘူးဆိုတဲ့ အကြောင်းကို အမျိုးတွေ ခွန်အားရစေဖို မျှဝေပေးလိုက်တယ်ဗျာ။
ဆေးသောက်တာ ၁၀ နှစ် ကျော်ပါပြီ။ တက္ကသိုလ်တက်စမှာ နေမကောင်းဖြစ်တော့ အိမ်က ဆေးခန်းတွေ လိုက်ပြရင်း စစ်ကြည့်တော့ HIV ပိုးရှိတာတဲ့။ အဖြေကို လက်မခံနိုင်၊ ကိုယ်တိုင်ကလည်း ဗဟုသုတမရှိတော့ တခြားဟာတွေနဲ့ လျှောက်ပြ လျှောက်ကုတာပေါ့။ အနာနဲ့ ဆေးမတွေ့တော့ ဆေးရုံထိရောက်သွားတော့မှပဲ ART ဆေးက လွဲလို့ တခြားဆေးမရှိဘူးဆိုတာ လက်ခံလိုက်ရတယ်။ ဒီနောက်မှ ဆေးကို မှန်မှန်သောက်ပြီး ကိုယ်ဘဝကို ပြန် အသားကျဖို့ ပြန်တည်ဆောက်ဖို့ ကြိုးစားရတယ်။ ချစ်သူကိုလည်း ပြောမထွက်ရဲတော့ လမ်းခွဲဖို့ပဲ ရွေးလိုက်တယ်။
HIV ပိုး ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို သေချာသိပါသလား။ အဖြေမှန်တွေကို ရွေးကြည့်ပေးပါဦး။
Viral Load မှန်မှန်စစ်ပြီး “Not Detected” ဆိုတဲ့ ပန်းတိုင်ဆီ အရောက်သွားလိုက်ကြရအောင်။ 🏆 HIV ပိုးကူးစက်ခံထားရတဲ့သူတွေအနေနဲ့ ART သောက်ပြီးနောက်မှာ Viral Load လို့ခေါ်တဲ့ သွေးထဲမှာရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို မှန်မှန်စစ်သင့်ပါတယ်။ ဒါမှလည်း ကိုယ်သောက်နေတဲ့ဆေးက ထိရောက်မှု ရှိ/မရှိနဲ့ ဆေးသောက် မှန်/မမှန် စစ်ဆေးသိရှိနိုင်မှာပါ။ သိကောင်းစရာများ 👇🏻 🎯 “Not Detected” Viral Load စစ်တဲ့အခါ ဒီလိုအဖြေထွက်ရင်တော့ ပိုးကောင်ရေ အနိမ့်ဆုံးအဆင့်ထိ ထိန်းချုပ်နိုင်သွားပါပြီ။ ART ဆေးကို ဆက်တိုက်ပုံမှန် သောက်သွားပြီး ဒီလို ရလဒ်မျိုး နှစ်ခါဆက်တိုက်ထွက်တယ်ဆိုရင် U=U ဖြစ်ပါပြီ။ ပိုးကို ART ဆေးနဲ့ထိန်းထားတဲ့အနေအထားမို့လို့ ART ကို နေ့စဉ် မပျက်မကွက် သောက်ဖို့ အရေးကြီးပါတယ်။ ဒီလို ပိုးထိန်းထားနိုင်တဲ့ U=U အခြေအနေမှာ မည်သည့်လိင်မှုကိစ္စကနေမဆို HIV ကူးစက်စေခြင်း မရှိတော့ပါဘူး။ 🎯 ပိုးကောင်ရေ ဘယ်ချိန်မှာစစ်မလဲ ART ဆေးသောက်သက်တမ်း အနည်းဆုံး ခြောက်လရှိပြီဆိုရင် စပြီး စစ်လို့ရပါပြီ။ နောက်ပိုင်းတော့ တစ်နှစ်တစ်ကြိမ်စစ်ရပါတယ်။
ကျွန်တော် ART ဆေးသောက်လာတာ ၈နှစ်ကျော်ပြီဗျ။ HIV ပိုးရှိသူမို့လို့ အိမ်ထောင်ပြု ကလေးယူဖို့ ကြောက်နေပေမယ့် ကျွန်တော့်ချစ်သူက နားလည်ပေးခဲ့တယ်။ သူ့ကြောင့် U=U ဆိုတာ သိခဲ့ရပြီး ပိုးထိန်းထားနိုင်ရင် သူ့ဆီကို မကူးနိုင်ဘူးဆိုတာလည်း သိခဲ့ရတယ်။ ကျွန်တော့်ထက်တောင် သူက သေချာ လေ့လာထားသေးတာဗျာ။ အိမ်ထောင်သက်ရလာတော့ ကလေးယူဖို့ တွေးဖြစ်ကြတယ်။ ဘယ်လိုပဲ U=U ပြောပြော အမျိုးသမီးကို ကူးမှာလည်း ကြောက်တယ်၊ ကလေးကူးမှာကိုလည်း ကြောက်တယ်ဗျ။ ဒါပေမယ့်လည်း U=U ဆိုတာ သုတေသနတွေလည်းရှိတယ်။ ရှေ့ဆက်တို့အတူ U=U က Telegram group ထဲ ဝင်မေးတော့လည်း အားပိုရှိလာရော။ အဲဒီမှာ ကလေးယူဖူးတဲ့သူရော၊ ပိုးထိန်းထားပြီး နှစ် ၂၀ ကျော် ဆေးသောက်ပြီး ကျန်းကျန်းမာမာနေနေတဲ့သူတွေရော တွေ့တော့ အားတက်လာတယ်။ ART ဆေးသောက်နေရတယ်ဆိုတာ တခြားသူတွေဆီ ဆက်မကူးဖို့ တာဝန်သိသိ သောက်နေရတယ်ဆိုတာလည်း နားလည်လာတယ်။ နှစ်စဉ် ပိုးကောင်ရေ စစ်ဖို့ အရေးကြီးတယ်ဆိုတာလည်း သိလာတယ်။