tgindex
Thukha Thuta - သုခသုတ

Thukha Thuta - သုခသုတ

Статистика

လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်

Последний пост
22 февр.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
26
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 492
+2 за 3 дн.
Сутки
+5
+0,20%
Неделя
 
Месяц
 
Просмотров на пост
1 047
26 постов
Вовлечённость
42,0%
к подписчикам
Постов в день
0,0
всего 26
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 22 февр.2 13661

    видео или голосовое, без подписи

  • 22 февр.2 11892

    🤍 မိန်းမကိုယ်က အဖြူဆင်းတာ ပုံမှန်ပဲလား 🤔 🙋🏻‍♀️ ညီမလေးတို့ရေ... ကိုယ့်ရဲ့အတွင်းခံမှာ အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အရည်လေးတွေ ပေနေတာမျိုး ကြုံဖူးကြမှာပါ။ ဒါကို အဖြူဆင်းတာ (vaginal discharge) လို့ ခေါ်ပါတယ်။ ဒါဟာ ရှက်စရာမဟုတ်သလို ရောဂါတစ်ခုခု ရနေတာလည်း မဟုတ်ပါဘူးနော်။ ▫️တကယ်တော့ အဖြူဆင်းတယ်ဆိုတာ မိန်းကလေးတိုင်းမှာ ရှိတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် အဖြူဆင်းခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုပါ။ ဒါပေမယ့် မှို၊ ဘက်တီးရီးယားပိုးတွေကြောင့် အဖြူဆင်းခြင်းကတော့ ပုံမှန်မဟုတ်ဘဲ ဆေးကုသဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ပုံမှန်အဖြူဆင်းခြင်းက ဘာလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။ ✅ ဘာကြောင့် ရှိတာလဲ❔ မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားပေးဖို့၊ စိုစွတ်နေစေဖို့နဲ့ ပိုးမွှားတွေကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးတာပါ။ ✅ ဘယ်လိုပုံစံမျိုးက ပုံမှန်လဲ❔ အကြည်ရောင်၊ အဖြူရောင်၊ အရည်ကျဲကျဲ ဒါမှမဟုတ် အနည်းငယ်စေးကပ်ကပ်ရှိခြင်းဟာ ပုံမှန်ပါပဲ။ အတွင်းခံမှာ ခြောက်သွားရင် အဝါရောင်သန်းသွားတတ်ပါတယ်။ အနည်းငယ်အနံ့ရှိပင်မယ့် အနံ့ဆိုးခြင်းမရှိပါဘူး။ 🤍 ကဲ… ညီမလေးတို့ရေ… ဒီလို ပုံမှန်အဖြူဆင်းခြင်းကို စိတ်မပူပါနဲ့နော်။ ဒါဟာ ခန္ဓာကိုယ်က ကျန်းမာအောင် အလုပ်လုပ်နေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်နေ့မှာတော့ ဘယ်လို အဖြူဆင်းတာမျိုးဆိုရင် သတိထားရမလဲဆိုတာ ပြောပြပေးမယ်နော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #YouthHealth #SelfCare #ReproductiveHealth #WhiteDischarge #VaginalDischarge

  • видео или голосовое, без подписи

  • ကလေးငယ်တွေမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါကို ဘယ်လိုကာကွယ်မလဲ❓ 👶🏻 ကလေးငယ်တွေကို နမိုးနီးယားအဆုတ်ရောင်ရောဂါကနေ ကင်းဝေးစေဖို့ ကာကွယ်ပေးနိုင်မယ့် ဒီအချက်လေးတွေကို အတူတူလိုက်နာကြရအောင်။ 👇 🤱🏻 မွေးကင်းစကလေးငယ်တွေကို မိခင်နို့ အစောဆုံးတိုက်ကျွေးခြင်းက ကလေးငယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးပါတယ်။ 💉 သတ်မှတ်ထားတဲ့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်အတိုင်း ကလေးငယ်တွေအတွက် ကာကွယ်ဆေးတွေကို အကြိမ်ပြည့် ထိုးနှံပေးဖို့ မမေ့ပါနဲ့။ 🧼 ဆပ်ပြာနဲ့ လက်ကို စနစ်တကျ ဆေးကြောတဲ့ အလေ့အကျင့်ကလည်း ရောဂါဖြစ်နိုင်ခြေကို အများကြီး လျှော့ချပေးပါတယ်။ 💧 ကလေးငယ်အတွက် သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပါ။ 🌫️ မီးခိုးငွေ့နဲ့ လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Pneumonia

  • видео или голосовое, без подписи

  • မိခင်လောင်းတို့ ပထမဆုံးအကြိမ် ဗိုက်အပ်တဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုသလဲ🤰🏻 ✨ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အချိန်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမဲ့ ဒီအချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာဘေးကင်းဖို့အတွက် "စောစောဗိုက်အပ်ဖို့" နဲ့ "လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ဖို့" က အလွန် အရေးကြီးတယ်ဆိုတာကိုလည်း သတိပြုရပါမယ်။ 🌏 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်အရ ကိုယ်ဝန်ပထမ ၃ လ (၁၂ ပတ်) အတွင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးဝန်ထမ်းနဲ့ပြသပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို စတင်ရမှာပါ။ ဒီလိုပထမဆုံးကိုယ်၀န်လာအပ်ချိန်မှာ ကျန်းမာရေးဝန်ထမ်းက အောက်ဖော်ပြပါ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဘာကြောင့် ဒီလိုစစ်ဆေးရတာလဲဆိုတာ လေ့လာကြည့်ရအောင်။ 1️⃣ သွေးစစ်ဆေးခြင်း (Blood Tests) 🩸 မိခင်ရဲ့ သွေးအမျိုးအစားနဲ့ Rh (Negative/Positive) ကို သိထားခြင်းဖြင့် နောက်ဆက်တွဲ သွေးသွင်းရမည့် အခြေအနေတွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ သွေးအားနည်းရောဂါ (Anaemia) ရှိ/မရှိကို သွေးနီဥပမာဏ (Haemoglobin) ကို စစ်ဆေးကြည့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ပါတယ်။ ကူးစက်ရောဂါတွေဖြစ်တဲ့ HIV ရောဂါပိုး၊ ဆစ်ဖလစ် (Syphilis) ပိုး ရှိ/မရှိ စစ်ဆေးကာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဒါဟာ ကလေးဆီ ကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ 2️⃣ ဆီးစစ်ဆေးခြင်း (Urine Test) 🧪 ဆီးထဲမှာ အသားဓာတ် (Protein) ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ (Preeclampsia) ဖြစ်နိုင်ခြေကို သိနိုင်ပါတယ်။ 3️⃣ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း 🩺 ကိုယ်ဝန်ဆောင်သွေးတိုး ရှိ/မရှိ စောင့်ကြည့်ဖို့အတွက် သွေးပေါင်ချိန်တိုင်းတာခြင်းကို ဆောင်ရွက်ပါတယ်။ ကိုယ်ဝန်ပတ်အလိုက် ကိုယ်အလေးချိန်တက်တာ ပုံမှန်ရှိ/မရှိ ကြည့်ဖို့အတွက် ကိုယ်အလေးချိန်တိုင်းတာခြင်းကိုလည်း ဆောင်ရွက်ပါတယ်။ 👩🏻‍⚕️ကဲ.. အခုပြောပြပေးခဲ့တာတွေကတော့ ပထမအကြိမ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှာ ပြုလုပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်တာပါ။ 💡 မေမေတို့အတွက် အကြံပြုခြင်တာကတော့ ဗိုက်အပ်တဲ့အခါ မိမိမှာရှိဖူးတဲ့ ရောဂါအခံတွေ၊ အရင်ကိုယ်ဝန်ရာဇဝင်တွေနဲ့ လက်ရှိသောက်နေတဲ့ ဆေးဝါးတွေကို ကျန်းမာရေးဝန်ထမ်းကို ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ပါ။ 📢 မိခင်ရော ကလေးပါ ကျန်းမာဘေးကင်းဖို့ "ဗိုက်စောစောအပ်ပါ၊ ရက်ချိန်းမှန်မှန်ပြပါ" လို့ သုခသုတမှ တိုက်တွန်းလိုက်ရပါတယ်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #PregnancyCare #AntenatalCare #SafeMotherhood

  • видео или голосовое, без подписи

  • 😷 ကလေးငယ်တွေမှာ အဖြစ်များတဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း သိထားသင့်တဲ့ အချက်လေးတွေ… 🦠 နမိုးနီးယားဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ အဆုတ်ထဲ ရောက်သွားတဲ့အခါ ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နှာချေချောင်းဆိုးရာကနေတစ်ဆင့် ထွက်လာတဲ့ အမှုန်အမွှားလေးတွေကလည်း လေထဲကတစ်ဆင့် ကူးစက်တတ်ပါတယ်။ 💦 📌 ဗိုင်းရပ်စ် (Virus) ကြောင့်ဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်ခြင်းက ရောဂါလက္ခဏာတွေ တဖြည်းဖြည်းချင်း ပြတတ်ပြီး အခြေအနေ သိပ်မပြင်းထန်တတ်ပါဘူး။ 📌 ဘက်တီးရီးယား (Bacteria) ကြောင့်ဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်ခြင်းကတော့ ပိုသတိထားရပါတယ်။ ရောဂါလက္ခဏာက ရုတ်တရက် ပြင်းပြင်းထန်ထန် ဖြစ်တတ်ပြီး ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူမြန်တာမျိုးတွေ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။ ⚠️ ကလေးငယ်တွေမှာ ရုတ်တရက် ကိုယ်ပူကြီးပြီး အသက်ရှူတာ မြန်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်နော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Pneumonia

  • видео или голосовое, без подписи

  • ‼️ဘယ်လိုအခြေအနေတွေမှာ ကလေးငယ်တွေ အဆုတ်ရောင်နမိုးနီးယားရောဂါ ပိုဖြစ်စေနိုင်လဲ❓ 👶🏻 ကျန်းမာတဲ့ကလေးငယ်အများစုဟာ ကိုယ်ခံအားစနစ်ကောင်းတာကြောင့် ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားလျော့နည်းစေတဲ့ အောက်ဖော်ပြပါ အခြေအနေတွေရှိတဲ့ ကလေးငယ်တွေမှာဆိုရင် အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ လေ့လာကြည့်လိုက်ရအောင်။ 💡 👉🏻 အာဟာရချို့တဲ့ တဲ့ကလေးငယ်တွေ 👉🏻 မိခင်နို့တစ်မျိုးတည်း မတိုက်ကျွေးတဲ့ကလေးငယ်တွေ 👉🏻 အခြားရောဂါပိုး ကူးစက်ခံထားရတဲ့ ကလေးငယ်တွေ (ဥပမာ HIV ရောဂါပိုး၊ ဝက်သက်ရောဂါ) 👉🏻 ကာကွယ်ဆေးထိုးနှံထားခြင်းမရှိတဲ့ ကလေးငယ်တွေမှာဆိုရင် အပေါ်ကပြောပြခဲ့သလို ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် အဆုတ်ရောင်နမိုးနီးယားရောဂါက ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ရောဂါဖြစ်နိုင်ခြေ မြင့်တက်နိုင်ပါတယ်။ 💨 နေအိမ်/ ပတ်ဝန်းကျင်မှာ ထင်း/မီးသွေး စတာတွေနဲ့ ထမင်းဟင်းချက်ပြုတ်တာကြောင့် ထွက်လာတဲ့မီးခိုးငွေ့တွေများတာ 🧑‍🧑‍🧒‍🧒 နေအိမ်မှာ နေထိုင်သူလူဦးရေ ထူထပ်များပြားတာ 🚬 မိဘ ဒါမှမဟုတ် အိမ်သားတွေ ဆေးလိပ်သောက်ခြင်းကြောင့် ထွက်လာတဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ စတာတွေကြောင့်လည်း ရောဂါဖြစ်နိုင်ခြေများတာကြောင့် မိဘတွေအနေနဲ့ သတိပြုသင့်ပါတယ်။ 💡နောက်ရက်တွေမှာလည်း ကလေးတွေမှာ တွေ့ရှိရတဲ့ အဆုတ်ရောင်နမိုးနီးယားရောဂါလက္ခဏာတွေအကြောင်း သုခသုတ page မှာ စာဖတ်သူတို့အတွက် ဆက်လက်တင်ဆက်ပေးပါဦးမယ်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Pneumonia

  • видео или голосовое, без подписи

  • ⚠️ သင့်ကလေးအတွက် အန္တရာယ်ရှိတဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါဆိုတာ ဘာလဲ❓ 👩🏻‍⚕️ဒီနေ့မှာတော့ နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း ဒေါက်တာသုတမှ ပြောပြပေးပါရစေ။ နေကောင်းကျန်းမာနေတဲ့ လူတစ်ယောက်ရဲ့ အဆုတ်လေအိတ်လေးတွေဟာ အသက်ရှူသွင်းလိုက်တိုင်းမှာ လေတွေနဲ့ပြည့်နေပင်မယ့် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ရောဂါပိုး ဝင်ရောက်လာတဲ့အခါ အဲ့ဒီလေအိတ်လေးတွေထဲမှာ ပြည်တွေ၊ အရည်တွေနဲ့ပြည့်လာပြီး အဆုတ်ရောင်ရမ်းစေပါတယ်။ ဒီလိုမျိုးအဆုတ်ရောင် နမိုးနီးယားရောဂါဟာ လူကြီးလူငယ်မရွေး ဖြစ်နိုင်ပြီး ပြင်းထန်တဲ့အခါ အသက်အန္တရာယ်အထိ ဆိုးရွားနိုင်ပါတယ်။ 👉🏻 အထူးသဖြင့် ကလေးတွေမှာဆိုရင် အသက် (၅) နှစ်အောက် ကလေးတွေဟာ ကိုယ်ခံအားစနစ် ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ရောဂါအန္တရာယ်ပိုများပါတယ်။ 🌏 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၁၉ ခုနှစ်အချက်အလက်တွေအရ ကမ္ဘာတစ်ဝှမ်းမှာ (၅) နှစ်အောက်ကလေးသေဆုံးမှုရဲ့ (၁၄) ရာခိုင်နှုန်းဟာ အဆုတ်ရောင်နမိုးရီးယားရောဂါကြောင့် သေဆုံးခဲ့ရပါတယ်တဲ့။ ‼️ဒီလိုအန္တရာယ်များတဲ့ နမိုးနီးယားရောဂါအကြောင်း သုခသုတရဲ့ စာဖတ်သူတို့ရော ဘယ်လောက်ထိ သိထားပြီးပြီလဲ။ နောက်ရက်တွေမှာလည်း နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း သုခသုတ page မှာ စာဖတ်သူတို့အတွက် ဆက်လက်တင်ဆက်ပေးပါမယ်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Pneumonia

  • видео или голосовое, без подписи

  • ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဆိုတာ သားဦးကိုယ်ဝန်အတွက်ပဲလား❓ 🤰🏻မိခင်တော်တော်များများက ပထမကိုယ်ဝန်တုန်းက အတွေ့အကြုံရှိထားတော့ နောက်ထပ်ကိုယ်ဝန်တွေမှာ ဆေးခန်းပြဖို့ ပေါ့ဆတတ်ကြပါတယ်။ “ပထမကလေးတုန်းကလည်း အတွေ့အကြုံရှိပြီးသားပဲ၊ အေးဆေးပါ" ဆိုပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူဖို့ ပျက်ကွက်နေတတ်ကြတာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့… ☝🏼 ကိုယ်ဝန်တိုင်းဟာ မတူညီပါဘူး။ ပထမကိုယ်ဝန်မှာ အဆင်ပြေခဲ့ပေမယ့် နောက်ကိုယ်ဝန်မှာ ကျန်းမာရေးအခြေအနေ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေက မိခင်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို အချိန်မီ သိရှိပြီး စောင့်ရှောက်နိုင်ဖို့အပြင် မီးဖွားချိန်မှာ ဘေးကင်းစိတ်ချရစေဖို့ ကူညီပေးနိုင်ပါတယ်။ ✨ ဒါကြောင့် ဘယ်နှစ်ကြိမ်မြောက် ကိုယ်ဝန်ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင်ရော ရင်သွေးလေးပါ ကျန်းမာဘေးကင်းဖို့အတွက် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Care) ပုံမှန်ခံယူဖို့ မမေ့ပါနဲ့နော်။ ❤️ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #AntenatalCare #PregnancyTips #MaternalHealth #Pregnancy #MaternalHealthAwarenessDay

  • 17 янв.1 2853

    видео или голосовое, без подписи

  • 17 янв.1 39881

    ပြီးပြည့်စုံတဲ့ မိခင်ကျန်းမာရေးဆိုတာ ဘာလဲ? 🤰✨ မိခင်ကျန်းမာရေးဆိုတာ ကိုယ်ဝန်ဆောင်ကာလတစ်ခုတည်းကိုပဲ ဆိုလိုတာလို့ ထင်နေပါသလား❔ တကယ်တော့ ပြီးပြည့်စုံတဲ့ မိခင်ကျန်းမာရေး ဆိုတာ ကိုယ်ဝန်မဆောင်မီကာလကစလို့... ✅ ကိုယ်ဝန်ဆောင်စဉ် (Pregnancy) ✅ ကလေးမွေးဖွားစဉ် (Childbirth) နဲ့ ✅ မွေးဖွားပြီးနောက်ပိုင်းကာလ (Postpartum period) အထိမိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေမှုကို ဆိုလိုပါတယ်။ ဒီလိုမျိုး ပြည့်စုံတဲ့ ကျန်းမာရေးတစ်ခု ရယူပိုင်ဆိုင်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေကတော့… 1️⃣ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပါ 👉🏻 WHO ရဲ့လမ်းညွှန်ချက်အသစ်အရ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ အနည်းဆုံး (၈) ကြိမ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူဖို့ တိုက်တွန်းထားပါတယ်။ ဒါမှသာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ 2️⃣ အာဟာရပြည့်ဝမှု 👉🏻 ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်ကျွေးချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပြည့်စုံမျှတအောင် စားသုံးရပါမယ်။ 3️⃣ မွေးဖွားပြီးနောက်ဂရုစိုက်မှု 👉🏻 ကလေးမွေးပြီး ပထမ (၂၄)နာရီအတွင်းနဲ့ နောက်ပိုင်း ရက်သတ္တပတ်တွေမှာ မိခင်ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ သွေးသွန်ခြင်းနဲ့ ပိုးဝင်ခြင်း လက္ခဏာတွေကို သတိထားရပါမယ်။ 4️⃣ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု 👉🏻 မိခင်တစ်ဦးရဲ့ စိတ်ကျန်းမာရေးဟာလည်း ကိုယ်ခန္ဓာကျန်းမာရေးကဲ့သို့ အလွန်အရေးကြီးပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ နားလည်ပေးမှု၊ အားပေးမှုတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ✨ မိခင်တိုင်းဟာ ဘေးကင်းလုံခြုံတဲ့ ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားခြင်းအတွေ့အကြုံတွေကို ပိုင်ဆိုင်ခွင့်ရှိပြီး၊ မိသားစုတိုင်းရဲ့ ပျော်ရွှင်မှုဟာ ကျန်းမာတဲ့မိခင်တစ်ဦးကနေ စတင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးပြီးပြည့်စုံတဲ့ မိခင်ကျန်းမာရေးအတွက် နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ အကြံဉာဏ်ရယူဖို့ မမေ့ပါနဲ့နော်။ ❤️ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #MaternalHealth #AntenatalCare #PostnatalCare #Pregnancy #MaternalHealthAwarenessDay

  • видео или голосовое, без подписи

  • 🙋🏻‍♀️ အမျိုးသမီးတို့ရေ… ဒီနှစ်အတွက် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးပြီးကြပြီလားရှင့် ‼️ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကို ပုံမှန်စစ်ဆေးမှုခံယူပြီးတော့ ကင်ဆာအဆင့်ထိမရောက်အောင် ကြိုတင်ကာကွယ်နိုင်တယ်နော်။ 🦠 သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV လို့ခေါ်တဲ့ Human Papilloma virus ပိုးကြောင့်ဖြစ်ပြီး လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်ပါတယ်။ ဒီ virus ပိုးဟာ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေကို ပုံမှန်မဟုတ်ဘဲ ပြောင်းလဲစေနိုင်ပြီး ကင်ဆာအကြိုအဆင့်ကို ဖြစ်စေပါတယ်။ ပုံမှန်စစ်ဆေး ကုသမှုမရှိပါက နောက်ထပ် (၁၅-၂၀) နှစ်ကြာတဲ့အခါမှာတော့ ကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ HIV ရောဂါပိုးပါ ကူးစက်ခံထားရလျှင် (၅-၁၀) နှစ်အတွင်းမှာ ကင်ဆာအဖြစ် ပြောင်းလဲနိုင်ပါတယ်။ 🧪ဒါကြောင့် လိင်ဆက်ဆံမှုရှိဖူးတဲ့ အမျိုးသမီးတိုင်း အသက် (၃၀)ကျော်လာပြီဆိုရင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ရှိ/မရှိ စစ်ဆေးတဲ့ (Pap smear/ HPV DNA Test) တွေကို နီးစပ်ရာဆေးရုံ/ဆေးခန်းတွေမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးဖို့ (၃ နှစ် သို့မဟုတ် ၅ နှစ်လျှင် တစ်ကြိမ်) လိုအပ်တယ်နော်။ ပုံမှန်စစ်ဆေးခြင်းက ရောဂါကာကွယ်နည်းတစ်ခုဖြစ်တာကြောင့် ယခုလို သားအိမ်ခေါင်းကင်ဆာရောဂါကို သတိပြုကာကွယ်နိုင်ဖို့ သတ်မှတ်ထားတဲ့ ဇန်နဝါရီလလေးမှာ သတိပေးနှိုးဆော်လိုက်တယ်နော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #CervicalCancer #PreventCervicalCancer #CervicalCancerAwarenessMonth

  • видео или голосовое, без подписи

  • ⚠️ မွေးကင်းစကလေးငယ်တွေအတွက် အန္တရာယ်လက္ခဏာများ 👶🏻 ကလေးငယ်တွေကို အိမ်မှာ ပြုစုစောင့်ရှောက်ရတာ လွယ်မလိုနဲ့ ခက်ခဲပါတယ်။ အထူးသဖြင့် မွေးကင်းစကလေးငယ်တွေဆိုရင် သူတို့ဟာသူတို့ အစာလည်းမစားနိုင်၊ ပတ်ဝန်းကျင် ပြင်ပအပူချိန်ကိုလည်း ခန္ဓာကိုယ်ကမထိန်းညှိနိုင်၊ သူတို့ကိုယ်သူတို့ ဘာမှကာကွယ်စောင့်ရှောက်မှု မလုပ်နိုင်သေးတာကြောင့် လူကြီးတွေက သူတို့ကို အချိန်ပြည့် စောင့်ရှောက်ပေးဖို့ လိုအပ်တာပေါ့။ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်တွေလည်း ဒီလိုမျိုးစောင့်ရှောက်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ☝🏼ဒါကြောင့် လူကြီးတွေအနေနဲ့ မွေးကင်းစကလေးငယ်တွေကို အချိန်ပြည့် ပြုစုစောင့်ရှောက်ပေးရုံသာမက မွေးကင်းစကလေးငယ်တွေမှာ ဘယ်လိုလက္ခဏာတွေရှိနေရင် ဆေးရုံ/ဆေးခန်း၊ ကျန်းမာရေးဌာနကို မဖြစ်မနေ ချက်ချင်းသွားဖို့ လိုအပ်တယ်ဆိုတာ သိထားရပါမယ်။ အောက်က အန္တရာယ်လက္ခဏာတွေကို မှတ်ထားကြရအောင်။ ‼️ အသက်ရှူမြန်ခြင်း (သို့) အသက်ရှူသွင်းစဉ် ရင်ဘက်အောင့် ချိုင့်ဝင်ခြင်း ‼️ ဖျားခြင်း (သို့) ကိုယ်အေးစက်နေခြင်း ‼️ တက်ခြင်း ‼️ နို့လုံးဝမစို့ခြင်း ‼️ လှုပ်ရှားမှု မရှိခြင်း ‼️ မှိန်းပြီး နှိုးရခက်ခြင်း ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #NewbornCare #NeonatalCare