- Последний пост
- 18 авг. 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကလေးကြီးပြင်းရင့်ကျက်ဖို့ ဘာကပိုအရေးကြီးပါသလဲ၊ ကလေးတွေကို နားလည်နိုင်အောင် အချိန်အခါ ကြည့်ပြီး တဖြည်းဖြည်း ပြောပြထားဖို့လိုပါတယ်။ ၁။ သူများကိုအပြစ်တင်ခြင်းထက် ကိုယ့်ကိုကို စမ်းစစ်တတ်ခြင်းဟာ ပိုအရေးကြီးပါတယ်။ ၂။ ကိုယ်ပိုင်အမြင်ရှိခြင်းဟာ လိမ္မာစွာလိုက်နာခြင်းထက် ပိုအရေးကြီးပါတယ်။ ၃။ ဝါသနာသိရှိခြင်းဟာ အတန်းထဲကရတဲ့ အဆင့်ထက် ပိုအရေးကြီးပါတယ်။ ၄။ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ အမှားအမှန်ခွဲခြားတတ်ခြင်းထက် ပိုအရေးကြီးပါတယ်။ ၅။ Hapiness ပျော်ရွှင်ခြင်းဟာ ပြည့်စုံခြင်းထက် အရေးကြီးပါတယ်။ ၆။ ယုံကြည်ခြင်းဟာ ကိုးကွယ်ခြင်းထက် အရေးကြီးပါတယ်။ ရ။ ကြီးပြင်းရင့်ကျက်ခြင်းဟာ အနိင်အရူံးထက် အရေးကြီးပါတယ်။ #XYZ
без подписи
без подписи
ဘယ်လောက်တော်တဲ့ဆရာနဲ့သင်သင် ဘယ်နှစ်ဘွဲ့ရတဲ့ဆရာနဲ့သင်သင် ကျောင်းသားကိုယ်တိုင် စာလုပ်ချင်စိတ်ရှိရမယ်။ ကျောင်းသားကိုယ်တိုင် စာမလုပ်ရင်စာမရဘူး။ စာသင်တဲ့အခါမှာ နှစ်ပိုင်းရှိပါတယ်။ သင်တဲ့သင်ခန်းစာကိုနားမလည်ရင် သင်တဲ့ဆရာမှာတာဝန်ရှိတယ်။ ဒါက ဆရာ့အပိုင်းပါ။ သင်တဲ့စာကိုနားလည်လိုက်တယ်။ ရှင်းရှင်းလင်းလင်းသိပေမယ့် ကျောင်းသားကိုယ်တိုင်စာမလုပ်လို့ စာမမှတ်မိတာကတော့ ကျောင်းသားတာဝန်ပါ။ ဒါက ကျောင်းသားရဲ့အပိုင်းပါ။ စာဆိုတာ နားလည်တာနဲ့မပြီးဘူး။ မှတ်သားရမယ်။ လေ့ကျင့်ရမယ်။ ရွတ်ဖတ်ရမယ်။ ကျက်မှတ်ရမယ်။ တတ်ပြီးပညာမလေ့လာ မကြာမရှည်ပျောက်တတ်၏တဲ့။ ဘာသာရပ်တစ်ခုကို ဆရာတစ်ယောက်ရဲ့ သင်ချိန်ဟာ တစ်ပတ်မှာ နှစ်ချိန်ဖြစ်ပါတယ်။ သင်လိုက်တဲ့ Topic ရဲ့ Theory ကို နားလည်ရမယ်။ နားမလည်ရင် ဆရာကိုချက်ချင်းမေးရမယ်။ နားလည်သလို မလည်သလို မမဆောင်းလိုလုပ်ရင် အဆုံးသတ်မှာ ကျောင်းသားက နာတယ်။ နားလည်သလိုမလည်သလိုနဲ့ အိမ်ရောက်တော့ စာအုပ်ပုံမှာထားလိုက်တယ်။ နောက်တစ်ပတ်အချိန်ရောက်တော့ ဖုံခါပြိးစာအုပ်ပုံကြားကထုတ်ခဲ့တယ်။. Theory မေးလို့ မသိ Unit မေးလို့ မမှတ်မိ Formula ရေးလို့ မမှန်ရင် တစ်ပတ်တာလုံး မင်း စာမလုပ်တာသေချာပါတယ်။ ဒီတော့ ကိုယ်တိုင်ကြိုးစားပါ ကြိုးစားချင်စိတ်မွေးပါ ဒီလိုမှမဟုတ်တော့ ပိုးကြိုးတွေအခွေခွေကုန်မယ် ဘယ်တော့မှ စောင်းတီးတတ်မှာမဟုတ်ဘူး။ မိဘများကလည်း စာလုပ်ဖို့တိုက်တွန်းပါ ဖုန်းကိုအချိန်နဲ့ပေးပါ အတန်းချိန်မှန်လားလေ့လာပါ စာမေးပွဲမှန်မှန်ဖြေလားဆန်းစစ်ပါ။ ပညာရေးတြိဂံဟာ ဆရာ၊ မိဘ၊ ကျောင်းသားညီမှ သုံးနားညီတြိဂံဖြစ်စမြဲပါ။ အနားမညီဘဲဖြစ်တဲ့ အနားမညီတြိဂံတွေထဲမှာ ပညာရေးတြိဂံမပါဝင်စမြဲပါ။ #နေမင်းခန့်
စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေး အမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ယူတော့မယ်။ အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း.. “ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော” အောင်မိုးတို့ သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ ပြောနေမိတာပါ။ Crd လယ်တွင်းသားစောချစ်
အဲဒီနောက်ကတည်းက အဖေနဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးဟာ ခပ်မှန်မှန်ခပ်တန်းတန်း ဖြစ်သွားပါတယ်။ ပြောစရာ ရှိရင် အမေကတဆင့် ပြောကြဆိုကြပါတယ်။ ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။ နောက်တော့ အဖေ အင်္ဂလိပ်လို စကားလုံးအမှားတွေ ပြောနေတာ အများကြီးကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေ့ါ.. ရှက်စရာကောင်းတယ်။ ကျွန်တော်ဘာမှ မပြောတော့ပါဘူး.. ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများရှေ့မှာ ကိုယ့်အဖေက မပီမသ မမှန်ကန်တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။ လူကြီးလူငယ်ရဲ့ အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက် ပါတယ်။ ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ၀တ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံး တောင် ဖြစ်ချင်ဖြစ်မယ်။ တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာ ဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့ တစ်တန်းတည်း ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည်လိုက်သွားကြတာ။ အောင်မိုးအဖေက လယ်သမား။ လယ်တွေများလို့၊ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။ ဒါပေမယ့် လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိ တာပေ့ါ။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့အထက်တန်းအကျဆုံးပဲ။ ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုး အခန်းမှာပဲ နေကြတယ်။ အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေ၀င်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်၀င်တဲ့ အန ္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ၀င်မေးလိုက်တယ်။ “အဲဒီ ဗိုင်းရပ်စ် ဆိုတာ ပိုးလား” တဲ့။ အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။ “အဲဒီပိုးကောင်းက ဘယ်လို ရောက်လာပြီး ကျွန်ပျူတာထဲကို ဘယ်အပေါက်က ၀င်တာလဲ..အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား..သူ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” .. လို့ မေးတယ်။ ့ ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို ကြည့်လိုက်ကြတယ်။ ကျွန်တော် ဆိုရင် “သွားစမ်းပါ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ၀င်မပြောစမ်းပါနဲ့” လို့ ရှက်စိတ်လွန်ပြီး ပြောမိမှာပါ.. တကယ်လည်း ရှက်စရာကိုး…။ ဒါပေမယ့် အံ့သြစရာ…။ အောင်မိုးက မျက်နှာ မပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး .. “အဲဒါ ငါ့အဖေပဲကွ.၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ် ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန်လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတယ်.. အဲဒီ ကွန်ပျူတာကလည်း အဖေ ၀ယ်ပေးထားတာပေ့ါ.. ပြော အဖေ.. ဘာမှ မဖြစ်ဘူး..အဖေထင်တာ ပြောလို့ရတယ်.. ပြော..” တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့ အဖေကလည်း သူ့သား အားပေးတာ သဘောကျပြီး ပြုံးလို့ ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေ နားလည်အောင် ရှင်းပြတယ်.. ပျော်စရာကြီး။ အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲ။ . ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့ စိတ်နေသဘောကိုလည်း လေးစားမိတယ်။ တကယ်လို့သာ ကျွန်တော်တွေးမိသလို.. သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ.. ။ ၀င်မပြောစမ်းပါနဲ့လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက်စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူ သင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက်ခံနေရတာလေ။ ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့် အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုး အဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေး စော်ကားနေခဲ့မိတာ ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။ “တောင်းပန်ပါတယ် အဖေ..”
မိဘတိုင်းက သားသမီးကို ချစ်ပေမဲ့ သားသမီး တိုင်းက မိဘကိုမချစ် ကြပါဘူး ……. မာန်တက်နေတဲ့သား/သမီးများ ဖတ်ရန် အဲဒါ ငါ့အဖေ ( လယ်တွင်းသား စောချစ် ) ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဖေလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့သားအဖ ဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။ အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။ ကျွန်တော်ငယ်ငယ်က အဖေကားမ၀ယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော့် ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ဂုတ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။ အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ၇ တန်းအထိပဲကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာကအလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။ ငွေကလေးစုမိတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေက ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်းကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။ ကျွန်တော်ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်တယ်။ အဖေ၀မ်းသာလွန်းလို့ အိမ်မှာလူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။ တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရဆုံရ ပြောဆို ရတော့ အဖေ့ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။ အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ၀တ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည် သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်းအ၀တ်တွေပဲ ၀တ်တယ်။ သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာ သိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။ ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ် လိုက်သွားတဲ့အခါ သူ့အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။ ကျွန်တော့်မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်တာပြောတော့ ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ်လို့ ပြောတယ်။. ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ မိမိဆန္ဒဖြစ်မိတယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ညနေစာ ထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေအကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေဘာမှ ပြန်မပြောဘူး။ နောက်တစ်နေ့ ကျောင်းကို အဖေကားနဲ့လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။ အဖေက “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။ “အဖေကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက် ပါလို့” အင်္ဂလိပ်လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။ “မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ” ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။ ကျွန်တော်က ဘယ်ခံမလဲ။ “အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင်မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။ နောက်တစ်နေ့ကစပြီး အဖေကျွန်တော့်ကို ကျောင်းလိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။
မြန်မာစကားပုံတွေ ထဲက " ကြောင်ကြာကြာ ရေမငုပ်ဘူး " ဆိုတဲ့ စကားပုံကို သဘောကျတယ်။ အဲဒီ စကားပုံကို သူများတွေ ဘယ်လို အဓိပ္ပာယ်ယူကြလဲမသိပေမယ့် မှားမှားမှန်မှန် ကျွန်တော်တော့ အဓိပ္ပာယ် (၂) မျိုး ဖွင့်ဖြစ်တယ်။ ပထမ တမျိုးက ... အစွမ်း အစရှိတဲ့လူတွေက ဒုက္ခ ရောက်ခဲ့ရင်တောင် ခဏပဲ ... အချိန်တန်ရင် စင်ပေါ်ပြန်ရောက်တာပဲ ဆိုတဲ့ သဘောနဲ့ "မိုတီ" ယူဖြစ်သလို .. ဒုတိယ တမျိုးကတော့ ... အကျင့်မကောင်းတဲ့ လူတွေက ဘယ်လောက်ပဲ ဟန်ဆောင်ပြီး သူတော်ကောင်း လုပ်ပြနေကြပါစေ ... အချိန်တန်ရင် သူတို့ရဲ့ ယုတ်မာတဲ့ အတွင်းစိတ်က ပေါ်လာတတ်တယ် ဆိုတာကို ပြောချင်တဲ့ အခါမှာလည်း သုံးဖြစ်တယ်။ ကျွန်တော်တော့ ကိုယ့်ဟာကို အဓိပ္ပာယ် ဖွင့်ထားတဲ့ အထဲက ပထမတမျိုးကို သဘောကျလို့ အခက်အခဲ ဒုက္ခရောက်တိုင်း "ကြောင်ကြာကြာရေမငုတ်ဘူး" လို့ အားတင်းမိုတီယူပြီး ဒုတိယ တမျိုးထဲကလို ဟန်ဆောင်တတ်တဲ့ လူယုတ်မာ မဖြစ်အောင် သတိထားပြီး နေဖြစ်တယ်။ လူကောင်း မဟုတ်ရင်တောင် လူယုတ်မာ မဖြစ်အောင်တော့ ကြိုးစားရတာပေါ့။ #ဆရာအောင်သင်း_စာပေ #စာပေဗဟုသုတများ #ဗဟုသုတစာပေ #crd_to_owner_with_respectcrd
🩶 လက်ခုပ်သံတွေ၊ ချီးကျူးသံတွေ၊ လူအများရဲ့ ချစ်ခင်မှုတွေကို မက်မောတောင့်တရင် ကဲ့ရဲ့သံ၊ ဆဲဆိုသံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခံနိုင်ရည် မရှိတော့ဘူး။ ပိုပြီး ပြိုလဲရတယ်။ ဒီတော့ အကောင်းတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ အဆိုးတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ သစ်ပင်မှာ လာနားကြတဲ့ ငှက်ကလေးတွေလို ဝင်လာလိုက်၊ ထွက်သွားလိုက် လုပ်နေကြမှာ။ သူတို့နဲ့ လိုက်ပြီး ကိုယ်ဆိုတဲ့ သစ်ပင်ကြီးက ယိမ်းထိုးမနေဖို့ လိုတယ်။ 🩶 “လောကဓံ” ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတာမို့ လူတိုင်းကြုံကြရတဲ့ သဘာဝတရားတွေပါပဲ။ အနည်းနဲ့အများပဲ ကွာကြလိမ့်မယ်။ ရှောင်လွှဲလို့ မရတာဖြစ်လို့ ကိုယ် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုသာ ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ ၄.၅.၂၀၂၅
“အကောင်းဆုံးသော နေထိုင်နည်း” 🔳 တစ်ခါတလေ စိတ်ဓါတ်ကျတဲ့အခါ၊ လမ်းပျောက်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်လာတဲ့အခါ ငါ့ဘဝကို ဘယ်လိုနေရ၊ ထိုင်ရမလဲ ဆိုတဲ့ Guideline တစ်ခုခုကို ပြန်နားထောင်ချင်လာတယ်။ တိုက်ကြည့်ချင်လာတယ်။ ဗုဒ္ဓတရားတော်တွေထဲကနေ ရှာဖွေကြည့်တယ်။ အဲဒီလိုနဲ့ ဒီတရားကို နာမိတယ်။ 🔳 သာဓုတရား ၄ ပါးလို့ ခေါ်ပါတယ်။ သာဓု ရဲ့ အဓိပ္ပါယ်က အကောင်းဆုံး၊ အမြတ်ဆုံးလို့ ဆိုလိုတယ်။ တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုကို ရဖို့ အကောင်းဆုံးနေထိုင်နည်း ၄ ခုလို့ပဲ ဆိုပါတော့။ 🔹️ ၁။ ဘဝရပ်တည်ရေးအတွက် အသိပညာနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ရမယ်။ 🔹️ ၂။ ကိုယ်ရလာတဲ့ ပစ္စည်းဥစ္စာတွေ၊ အခွင့်အရေးတွေကို မျှဝေသုံးစွဲရမယ်။ အများကို အကျိုးပြန်ပြုရမယ်။ 🔹️ ၃။ အောင်မြင်တဲ့အခါ ဘဝင်မမြင့်ဘဲ နှိမ့်ချတတ်ရမယ်။ 🔹️ ၄။ ကျရှုံးမှုတွေနဲ့ ကြုံတဲ့အခါ မတုန်လှုပ်ဘဲ တည်ငြိမ်မှု ရှိရမယ်။ တိုအောင် ချုပ်ပြောရရင်တော့ အတ္တနဲ့ ပရ မျှရမယ်။ အကောင်းအဆိုး လောကဓံတွေနဲ့ ကြုံတဲ့အခါ ဥပေက္ခာတရား ထားနိုင်ရမယ်။ ဒီ ၂ ချက်ပေါ့။ ဒါဆို တန်ဖိုးရှိတဲ့ ဘဝတစ်ခု ရနိုင်ပြီလို့ ဆိုပါတယ်။ 🔳 တစ်ချက်ချင်းစီ ပြောကြည့်ရရင် - 🔹️ ၁။ အတ္တနှင့် ပရ မျှတဖို့ 🩶 မကြာခဏ ရေးဖူးသလို၊ သူများကို ‘တစ်ခုခု’ ပေးချင်တဲ့သူက ကိုယ့်မှာ ပေးစရာ ဘာမှမရှိလို့ မရဘူး။ ပေးစရာ ‘တစ်ခုခု’ ရှိနေအောင် အရင်လုပ်ရတယ်။ သူများရေနစ်တာကို ကယ်မယ့်သူက အရင်ရေနစ်နေလို့တော့ မရဘူးပေါ့။ ခေတ်တွေကလည်း ပြောင်းနေတော့ မနေ့က သိထားတာနဲ့ ဒီနေ့အတွက်က မလုံလောက်တော့ဘူး။ ဒါကြောင့် “အသိပညာနဲ့ ပြည့်စုံအောင်” ဆိုတာမှာ Willingness to learn ဆိုတဲ့ သင်ယူလိုစိတ်ဟာ သိပ်အရေးကြီးတယ်။ အဲဒါ မရှိရင်၊ ကိုယ့်ကိုယ်ကိုယ် လုံလောက်ပြီထင်ပြီး ပိတ်ထားရင် ဒီဘက်ခေတ်မှာ ရပ်တည်ရေးအတွက် ခက်သွားတတ်ပါတယ်။ 🩶 အဲဒီလို ကြိုးစားလို့ ပစ္စည်းတွေ၊ ငွေကြေးတွေ၊ ဥစ္စာဓနတွေ ပိုင်ဆိုင်လာတဲ့အခါ ကိုယ့်တစ်ဖို့တည်းပဲ မစဉ်းစားနဲ့။ လိုအပ်နေသူတွေကို မျှဝေကူညီဖို့ လိုမယ်။ ဒီလိုကူညီတာကလည်း ရသေ့စိတ်ဖြေ မဖြစ်ဖို့ လိုပြန်တယ်။ ဥပမာ ကိုယ်က မတရားတဲ့နည်းနဲ့ ပိုက်ဆံတွေ ရှာခဲ့တယ်။ နာမည်ပျက်မှာ၊ ငရဲကြီးမှာ ကြောက်တယ်။ ဒီတော့ တစ်ဖက်ကနေ ပြန်လှူပေးတယ်။ ရတာက သိန်း ၃ သောင်း၊ ပြန်လှူတာက သိန်း ၃၀၀။ ကိုယ့်ကြောင့် ထမင်းဝသွားတာက တစ်ရက်။ ပျက်ကုန်ကြတဲ့ ဘဝတွေက အများကြီး။ ဒီလိုမဖြစ်ဖို့လည်း လိုသေးတယ်။ တန်ဖိုးရှိတဲ့ လူ့ဘဝရဖို့မှာ သမ္မာအာဇီဝကျကျ အသက်မွေးဖို့ သိပ်အရေးကြီးမှန်း ခရိုနီတွေ၊ အဘတွေ သိပ်ပေါတဲ့၊ သူတို့လုပ်ရပ်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုဒဏ်ကို ကောင်းကောင်းမြင်ထားရတဲ့ မြန်မာနိုင်ငံက လူတစ်ယောက်အနေနဲ့ ပိုပိုပြီး နားလည်လာရပါတယ်။ 🩶 နည်းနည်းဖြည့်ပြောချင်သေးတာက “အခွင့်အရေးကို မျှဝေရမယ်” ဆိုတဲ့စကား။ အတော်လေး သဘောကျစရာ ကောင်းတယ်။ အထူးသဖြင့် ကျွန်တော်တို့လို လူမျိုးကြောင့်၊ မွေးဖွားကြီးပြင်းရာ ဒေသကြောင့်၊ နာမည်ကျော်ကြားမှုကြောင့် အခွင့်အရေးတွေ ပိုရနေတဲ့သူတွေအတွက်ပေါ့။ ဗမာတိုင်းရင်းသား ဖြစ်တယ်။ ရန်ကုန်မှာ မွေးတယ်။ အတိုင်းအတာတစ်ခုထိ ပြည့်စုံတဲ့ မိဘဆီမှာ လူဖြစ်ရတယ်။ ဒါနဲ့တောင် နိုင်ငံတွင်းက လူတော်တော်များများထက် အခွင့်အရေး သာနေပြီ။ 🩶 အဲဒါကို ကိုယ်တော်လို့၊ တတ်လို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်၊ ကိုယ့်လောက်မှ အခွင့်အရေး မရခဲ့လို့ ကိုယ့်လို ဖြစ်မလာတဲ့သူတွေကို ဆရာပြန်လုပ်၊ ငွေရှာ၊ နာမည်တည်ဆောက်တာတွေ တော်သင့်ပြီ။ ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေအတွက်၊ ရန်ကုန်မှာ မမွေးဘဲ ကရင်နီမှာ မွေးတဲ့ကလေးလည်း တူညီသော ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းရစေဖို့အတွက် ကိုယ့်မှာ လက်ရှိရနေတဲ့ အားသာချက်တွေကို အသုံးချသင့်တယ်။ 🩶 ပရဟိတ ဆိုတာ “အများအတွက် ကောင်းမွန်တဲ့ အကြောင်းတရားတွေ ဖန်တီးပေးခြင်း” လို့ အဓိပ္ပါယ်ရတယ်။ အကျိုးပြုတာ မဟုတ်ဘူးနော်။ ကောင်းတဲ့အကြောင်းတရားတွေ ဖန်တီးပေးလိုက်တော့ အကျိုးတရားက သူ့အလိုလို ဖြစ်သွားတာ။ ဒါကြောင့်လည်း နိုင်ငံရေးစနစ် ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် ပရဟိတ လုပ်ပေးလိုက်တာဖြစ်တယ်လို့ နားလည်ထားနိုင်ပါတယ်။ 🔹️ ၂။ နှိမ့်ချတတ်ခြင်းနှင့် မတုန်လှုပ်ခြင်း 🩶 ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာမှု၊ အောင်မြင်မှု၊ ငွေကြေးချမ်းသာမှု၊ နာမည်ကျော်ကြားမှု စတာတွေအပေါ် မာန်တက်တတ်ကြတာ လူ့သဘာဝပါပဲ။ အဲဒီမှာ ပျက်စီးခြင်း၊ မာန်မာန ထောင်လွှားခြင်း၊ အလွဲသုံးခြင်းတွေ စလာတော့တာပဲ ဖြစ်ပါတယ်။ တကယ်က မိုးပေါ် ထောင်ပစ်လိုက်တဲ့ ခဲလုံးလို အချိန်တန်ရင် အောက်ပြန်ကျလာမယ့် အရာတွေချည်းပါပဲ။ ဒါကို နှလုံးသွင်းထားရင် ဒီအရာတွေရဖို့ မဟုတ်တဲ့နည်းနဲ့၊ သူတပါးကို ထိခိုက်စေမယ့်နည်းတွေနဲ့ မကြိုးစားမိတော့ဘူး။ ရလာတုန်းမှာလည်း မာန်မတက်တော့ဘူး။ နှိမ့်ချနိုင်သွားတယ်။ ပြန်ဆုံးရှုံးရတဲ့အခါမှာလည်း လိုတာထက်ပိုပြီး မပူဆွေးရတော့ဘူး။ မတုန်လှုပ်ရတော့ဘူး။ ဒါကြောင့် ဒီနှစ်ခုက ဆက်စပ်နေတယ်လို့ ပြောရတာပါ။ အကောင်းလောကဓံတွေအပေါ် သာယာလွန်းခဲ့တဲ့သူဟာ အဆိုးလောကဓံနဲ့ ကြုံရတဲ့အခါ ဘယ်လိုမှ မတည်ငြိမ်နိုင်ဘူး။
без подписи
“တစ်ဖက်နားနဲ့ပဲ မဆုံးဖြတ်ကြဖို့” 🔳 တော်တော်များများ ဆော့ဖူးကြမဲ့ ဂိမ်းတစ်ခု ရှိတယ်။ လူတွေဝိုင်းဖွဲ့ပြီး ထိုင်လိုက်။ ခပ်ရှည်ရှည် စာကြောင်းတစ်ကြောင်းကို ထိပ်ဆုံးက လူကို ပြောပြလိုက်မယ်။ သူကနေ သူကြားသလို၊ မှတ်မိသလို နောက်တစ်ယောက်ကို တိုးတိုးကလေး ကပ်ပြော။ အဲဒီလူကလည်း သူကြားလိုက်တဲ့အတိုင်း၊ မှတ်မိတဲ့အတိုင်း နောက်တစ်ယောက်ကို ထပ်ပြော။ အဲဒီလိုကနေ တစ်ဆင့် တစ်ဆင့် ပြောသွားလိုက်တာ၊ နောက်ဆုံးလူ ကြားတဲ့စကားနဲ့ မူရင်းစကား ဘယ်လောက်ထိ လွဲသလဲ ဆိုပြီး ဆော့ကြတဲ့ဂိမ်း။ ကြားမှာ အဆင့်များရင် များသလို၊ စာကြောင်းက ရှည်ရင်ရှည်သလို၊ ခက်ရင်ခက်သလို တက်တက်စင်အောင် လွဲကုန်ကြတာ။ ဒါတောင် ခံစားချက်တွေ၊ ဘက်လိုက်မှုတွေ မပါသေးဘူး။ 🔳 လက်တွေ့ဘဝမှာ ပြောကြ၊ ဆိုကြတဲ့အခါမှာလည်း ဒီလိုပဲ။ သူတို့ မြင်လိုက်သလို၊ တွေ့လိုက်သလို၊ သိလိုက်သလိုပဲ တစ်ဖက်လူကို ပြန်ပြောကြတာ။ ပြောသမျှက တကယ့်အမှန် မဟုတ်ဘူး။ တစ်ခါတလေ အဖြစ်မှန်ထက် ပိုသွားမယ်။ တစ်ခါတလေ အဖြစ်မှန်ထက် လိုနေမယ်။ ကိုယ်က သူပြောတဲ့အတိုင်း တရားသေပဲလို့ တစ်ထစ်ချ မှတ်ယူလိုက်လို့ မရဘူး။ အဲဒီဖြစ်စဉ်ထဲမှာ သူကိုယ်တိုင်ပါ ပါနေပြီဆိုရင်တော့ ပိုဆိုးသွားပြီ။ သူ့ကိုယ်သူ အဆိုးပြောထားရင်တောင် နည်းနည်းတော့ ဖော့ပြောတတ်ကြတာ သဘာဝပဲ။ သူနဲ့ ဆန့်ကျင်ဘက်အခြမ်းကိုတော့ ပိုပိုသာသာ ပြောမယ်။ ရစရာမရှိအောင် ပြောမယ်။ စကားကြွယ်ရင် ကြွယ်သလို ဗီလိန်ဖြစ်အောင် လုပ်ပစ်မယ်။ 🔳 ဒါကြောင့် တစ်ဖက်နားနဲ့ မဆုံးဖြတ်မိဖို့ဟာ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ မသိတဲ့၊ နားမလည်နိုင်တဲ့ အခြေအနေတွေ တပုံကြီးပဲလေ။ ဘယ်သူကပဲ ဘာလာပြောပြော အဲဒါ Filtered message (စစ်ထုတ်ထားတဲ့ သတင်းစကား) ဆိုတဲ့ စိတ်အခံလေးနဲ့ နားထောင်တတ်ဖို့ လိုပါတယ်။ လိမ်နေ၊ ညာနေတယ်၊ ကုန်းတိုက်နေတယ် မဟုတ်ပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ ဂိမ်းထဲကလိုပေါ့။ သူလည်း ရိုးရိုးသားသားတော့ သူသိသလို၊ မြင်သလို ပြန်ပြောတာ။ ဒါပေမဲ့ အဖြစ်မှန်နဲ့ကတော့ ဘယ်လိုမဆို ကွဲကိုကွဲပါတယ်။ 🔳 တစ်ဖက်နားနဲ့ပဲ ဆုံးဖြတ်တတ်တဲ့သူတွေဟာ ကုန်းတိုက်ရ၊ သွေးခွဲရလည်း သိပ်လွယ်သလို၊ ဆွပေး၊ အာရုံလွှဲပေးရတာလည်း လွယ်လွန်းပါတယ်။ အသုံးချခံရတာလည်း ခဏခဏ ကြုံရတတ်တယ်။ ဒီလူ့ကို ပြောချင်ပေမဲ့ မပြောရဲလို့ဖြစ်ဖြစ်၊ လူမုန်းများမှာစိုးလို့ဖြစ်ဖြစ် သူတို့ကိုယ်တိုင်မပြောဘူး။ ကိုယ့်ကို လာဆွတယ်။ ကိုယ်ကလည်း တစ်ဖက်နားနဲ့ ဆုံးဖြတ်ပြီး သွားပြောရော။ ပြီးတော့ ကိုယ်ပဲအမှား၊ ကိုယ်ပဲအလွန်၊ ကိုယ်ပဲငပွကြီး ဖြစ်ရတတ်တယ်။ 🔳 ဖေ့စ်ဘွတ်မှာ တစ်ယောက်ယောက်က ရေးသွားတယ်၊ Live လွှင့်သွားတယ်။ သူပဲ အကောင်း။ သူပဲ နစ်နာသူ။ တန်းပြီး မဝန်းရံလိုက်နဲ့ဦး။ တစ်ဖက်လူက ဘာပြန်ဖြေရှင်းမလဲ၊ ကြားလူတွေကရော ဘယ်လိုမြင်သလဲ၊ ခဏစောင့်ပြီး နားထောင်လိုက်ဦး။ ဒါမှ အမှန်နဲ့ ပိုနီးစပ်လိမ့်မယ်။ ခုတော့ တစ်ဖက်နားနဲ့ပဲ ကျွန်တော်တို့က ရစရာမရှိအောင် ကဲ့ရဲ့ဆဲဆို၊ တံဆိပ်တွေကပ်နဲ့ လုပ်နေကြတာ။ စကားလုံးတွေနဲ့၊ လူတွေရဲ့ ကိုယ်ကျင့်သိက္ခာကို သတ်နေကြတာ။ 🔳 လက်တွေ့ဘဝမှာလည်း အဲဒီလို တစ်ဖက်နားနဲ့ ဆုံးဖြတ်မိလို့ ပျက်စီးသွားတဲ့ ဆက်ဆံရေးတွေ ဘယ်လောက်ရှိနေပြီလဲ။ မှားပြီး အထင်လွဲခဲ့မိတာတွေရော ဘယ်လောက်ရှိပြီလဲ။ နောက်မှ ပြန်သိရရင် တော်သေးတယ်။ အမှန်ကို လုံးဝပြန်မသိရတော့ဘဲနဲ့ ဆုံးခန်းတိုင်သွားတဲ့ ပတ်သက်မှုတွေရော ဘယ်လောက်တောင် ရှိခဲ့မလဲ။ 🔳 ဒါကြောင့် အဆုံးအဖြတ် မစောပါနဲ့။ ဘယ်ဇာတ်လမ်းမှာဖြစ်ဖြစ် ဘက် ၃ ဘက် ရှိတယ်ဆိုတာ သတိရပေးပါ။ ကာယကံရှင် နှစ်ဦးနှစ်ဘက်ရယ်၊ အလယ်လူ၊ ဘေးလူတွေရဲ့အမြင်ရယ် ဆိုတဲ့ ၃ ခုပါ။ အဲဒါတွေကို များများနားထောင်ပေးနိုင်လေလေ၊ ကိုယ့်ရဲ့ မှတ်ချက်က အမှန်တရားနဲ့ နီးစပ်လေလေ ဖြစ်ပါတယ်။ ငိုတတ်တဲ့ကလေး မုန့်ပိုစားရတယ် ဆိုတဲ့ စကားရှိသလို၊ ဖြစ်စဉ်တစ်ခုကို နှစ်ဖက်က ပြောကြတဲ့အခါမှာလည်း ပိုပြောတတ်တဲ့သူ၊ စကားပိုကြွယ်တဲ့သူ၊ လူသနားလောက်တဲ့ နေရာမှာ ရှိနေတဲ့သူ၊ လူပိုယုံကြည်တဲ့ နေရာမှာ ရှိနေတဲ့သူ၊ အသံပိုကျယ်တဲ့သူရဲ့ စကားက လူများများဆီ ပိုရောက်တတ်ပါတယ်။ လူများများရဲ့ ရင်ဘတ်ကို ပိုထိတတ်ပါတယ်။ 🔳 The story depends on who is telling it. ဘယ်သူပြောသလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဇာတ်လမ်းတွေကလည်း ကွဲပြားသွားတတ်တယ်တဲ့။ ဒီအတွက် အမှန်တရားနဲ့ နီးစပ်ချင်ရင် များများနားထောင်တတ်တဲ့ အလေ့အကျင့်ရှိဖို့ အရေးကြီးပါတယ်။ ဒေါက်တာ ဖြိုးသီဟ ၂၂.၁၂.၂၀၂၄
без подписи
IEC လူငယ်ရေးရာဌာန၏ လစ်လပ် နေရာများအတွက် ဝန်ထမ်းများခေါ်ယူ ကရင်နီ ၊ ဧပြီ ၂၂ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) လူငယ်ရေးရာဌာနတွင် လစ်လပ်နေသည့် နေရာ( ၁၃)ခုအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း IEC ကဧပြီလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ IEC လူငယ်ရေးရာဌာနအတွက် အထွေထွေညွှန်ကြားရေးမှူး -( ၁)ဦး၊ ညွှန်ကြားရေးမှူး -( ၅)ဦး၊လူ့အရင်းအမြစ်စီမံခန့်ခွဲရေး ဒု-ညွှန်ကြားရေးမှူး-( ၁)ဦး၊စာရင်းကိုင်- (၅)ဦးနှင့် Logistic officer(ရုံးအကူ)- (၁)ဦးစသည့် (၁၃)နေရာ လစ်လပ်နေကြောင်း ဖော်ပြထားသည်။ အဆိုပါနေရာများအတွက် လျှောက်ထားလိုသူများသည် CV ကိုယ်ရေးအကျဥ်း၊ထောက်ခံစာ( ၂)စောင်ကို အီးမေးနှင့်အတူ လူငယ်ရေးရာဌာနရုံး (သို့မဟုတ်) IEC ၏ email သို့ ၂၀၂၅ ခုနှစ်၊ မေလ(၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဆိုထားသည်။ ထိုသို့လျှောက်ထားသူများအနေဖြင့် ကွန်ပျူတာ၊စာစီစာရိုက်၊အီးမေးနှင့် အင်တာနက်ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ လုပ်ငန်းအတွေ့အကြုံရှိသူ၊လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့များနှင့် နေရာဒေသမရွေးတာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။ KPV News Photo-IEC #KarenniPeoplesVoice #IEC #လူငယ်ရေးရာ #ဝန်ထမ်း #ခေါ်ယူ
Freelance အလုပ်နှင့် Work From Home အလုပ်များကို လျောက်ချင်တယ်ဆို အောက်ပါ ဝက်ဆိုဒ် (10)ခုက သင့်ကို အခွင့်အရေး ပေးနိုင်ပါတယ်။ (1) SolidGigs Link: https://solidgigs.com/ (2) All Freelance Writing Link: https://allfreelancewriting.com/freelance-writing-jobs/ (3) Freedom with writing Link: https://www.freedomwithwriting.com/ (4) Freelance Writing Link: https://www.freelancewriting.com/ (5) Find a Writing Job Link: https://freelancewritinggigs.com/ (6) Remote Work Link: https://remote.co/ (7) Remote Jobs Finder Link: https://remote.co/ (8) We Work Remotely Link: https://weworkremotely.com/ (9) Working Nomads Link: https://www.workingnomads.com/jobs (10) Remote Woman Link: https://remotewoman.com/remote-design-jobs/
စိတ်ချမ်းသားချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ ■■■■■■■■■■■■■■■■■■■■■■■■■ နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှ စိတ်ချမ်းသာရမှာပါ သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး။ နေအလင်းရောင် တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင် ညဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ ။ ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင် ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊ လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ။ ဆွဲထားသမျှ ပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့။မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။ ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆိုရင် မသိချင်ယောင်ဆောင်ထားလိုက်ပါ။ တချို့တွေက စေတနာရဲ့ တန်ဖိုးကို နားလည်မှာမဟုတ်ဘူး ။ ဘဝမှာအများကြီးပေးလို့ အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ်။ ဒါပေမဲ့ မေတ္တာနဲ့ မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာက နောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမဲ့အတူတူ မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။ #လူငယ်များအတွက်ဗဟုသုတစာပေများ #ခွန်အားဖြစ်စေသောစာများ #ဘဝစာပေ #ဘဝအတွက်စာပေ #ပြန်လည်မျှဝေသည် #စာပေဗဟုသုတများ
“လူမှုရေးနယ်ပယ်မှာ စည်းတစ်ခုရှိဖို့လိုသည်” လူတိုင်းမှာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိကြပါတယ်။ တစ်ချို့ဟာ လူသိစေချင်တာဖြစ်တတ်ပြီး၊ တစ်ချို့ဟာ လူမသိစေချင်တဲ့အရာလည်းဖြစ်တတ်ပါတယ်။ ဒါဟာ လူသားတိုင်းရဲ့ သဘာဝပါ။ ဒါကြောင့်ပဲ လူမှုရေးနယ်ပယ်မှာ ပေါင်းသင်းဆက်ဆံရာမှာ စည်းတစ်ခုရှိဖို့ လိုလာတာပါ။ တခါတလေ သိတယ်… ဒါပေမယ့် မသိချင်ယောင် ဆောင်ရတယ်။ တခါတလေ သိတယ်… ဒါပေမယ့် မပြောပဲနေနေရတယ်။ ဒါဟာ “စာနာမှု” ပင်ဖြစ်တယ်။ စာနာတတ်မှုဟာ တစ်စုံတစ်ယောက်ရဲ့ လူဖြစ်နည်းနဲ့ အဆင့်အတန်းကို ပြသနေတဲ့အရာပါ။ မိတ်ဆွေအစစ်တယောက်လို့ ထင်ခဲ့တဲ့သူတစ်ယောက်က ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကို အတင်းတုပ်ပြီး၊ ပုံကြီးချဲ့ပြီး ပြောနေတာကို တွေ့ရရင်… မသိချင်ယောင် ဆောင်နေရတာ၊ မနာတတ်နဲ့လို့ ကိုယ့်ကိုယ်ကို ညှင်းနေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီကိစ္စတွေကို သူမသိသင့်တဲ့သူတွေက သိသွားကြတယ်။ သူတို့ကလည်း ထိခလုတ်ထိခလုတ်၊ ခနဲ့တဲ့တဲ့နဲ့ ပြောလာတယ်။ အဲ့အချိန်မှာတော့ တုံ့ပြန်ချင်ပေမယ့် မပြန်ချင်တော့ဘူး။ ဒါပေမယ့် သီးမခံနိုင်တဲ့ တစ်နေ့မှာ ပြန်ပြောမိရင်တော့ မျက်နှာမကြည့်နိုင်တော့တဲ့အထိ ဖြစ်လာတတ်တယ်။ ဒါကြောင့် ပြောချင်တာက တစ်ခုတည်းပါပဲ… ဘာကြောင့် လူမှုရေးနယ်ပယ်မှာ စည်းတစ်ခု မရှိတာလဲ။ ဘာကြောင့် ပါးစပ်ကို စည်းကမ်းနဲ့ မထိန်းသိမ်းနိုင်တာလဲ။ ဘာကြောင့် သူများရဲ့ဘဝနဲ့ပြဿနာတွေကို ပယ်ပယ်နယ်နယ် ပြောပြီး အရသာခံချင်ရတာလဲ။ စဥ်းစားကြည့်ပါ… တစ်နေ့မှာ ကိုယ်လည်း သူတို့လိုပဲ ကြုံနိုင်တယ်ဆိုတဲ့ အသိနဲ့ တစ်ယောက်ရဲ့ ဝိညာဉ်ကို မထိခိုက်အောင် စည်းတစ်ခုတည်ဆောက်ဖို့ လိုပါတယ်။ ကောင်းတဲ့ ဆက်ဆံရေးဆိုတာ သိတာနဲ့ ပြောတာ မဟုတ်ပါဘူး။ သိတာနဲ့ တုံ့ပြန်ဖို့ မပြုဘဲ နားလည်ဖို့ ကြိုးစားတဲ့ စာနာမှုနဲ့ သတိပေးမှုက စည်းတစ်ခုအဖြစ် ဖြစ်လာရမှာပါ။ လူ့အသိုင်းအဝိုင်းအတွက် မရှိမဖြစ်တဲ့ စည်းတစ်ခု — အဲ့ဒါက စာနာမှုပါ။ တစ်စုံတစ်ယောက်ရဲ့ ဘဝအထဲကို ချိုးဖောက်မတတ်တဲ့ စည်းကမ်းတစ်ခု။ မပြောမိ၊ မထိခိုက်မိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ သက်တံတစ်ခု။ ဒါမျိုးက လူမှုရေးအတွင်းမှာ လိုအပ်ပါတယ်။ အနည်းဆုံး… တစ်ယောက်တည်းမဟုတ်ကြောင်း သတိရဖို့အတွက်… နားလည်မှုနဲ့ စည်းကမ်းအပေါ် တန်ဖိုးထားဖို့အတွက်… စည်းတစ်ခု ချထားဖို့ လိုပါတယ်။ Kh,John(Hantharwaddy)
“ဟီရိနှင့်သြတပ္ပ” 🔳 ဟီရိသြတပ္ပတရား ဆိုတာ လောကကို စောင့်ရှောက်တဲ့ လောကပါလတရားတွေ ဖြစ်ပါတယ်။ လောကအတွင်း ရှင်သန်နေထိုင်ကြတဲ့ လူတွေကြားထဲမှာ ဒီတရား ၂ ပါး ထွန်းကားနေမှသာ အဲဒီလောကဟာ သာယာလှပတယ်လို့ ဆိုလိုချင်တာ ဖြစ်တယ်။ 🔳 ဟီရိဆိုတာ “မဟုတ်တာ လုပ်ရမှာ ရှက်ခြင်း” နဲ့ သြတပ္ပကတော့ “မဟုတ်တာလုပ်ရမှာ ကြောက်ခြင်း” လို့ နားလည်ခဲ့ဖူးပါတယ်။ ပါချုပ်ဆရာတော်ကြီး ဥပမာပေးတာကတော့ ပိုရှင်းတယ်။ မစင်ပေနေတဲ့ ပစ္စည်းတစ်ခုကို ကိုင်မလားဆို မကိုင်ဘူး။ ဘာလို့ မကိုင်တာလဲဆိုတော့ ရွံလို့ မကိုင်တာ။ ကိုယ့်စိတ်ကိုက မကိုင်ချင်လို့ မကိုင်တာ။ မီးအပူပေးထားတဲ့ ပစ္စည်းတစ်ခုကိုရော ကိုင်မလားမေးရင် မကိုင်ဘူး။ ဒါကျတော့ ရွံလို့ မဟုတ်ဘူး။ ကိုင်လိုက်ရင် ကိုယ့်ကို ပူမှာကြောက်လို့ မကိုင်တာ။ ပြောမယ်ဆို ဟီရိသည် အတွင်းထဲက ဖြစ်တည်လာတဲ့ အရှက်တရား။ သြတပ္ပက အပြင်ပတ်ဝန်းကျင်ကို စိုးထိတ်တဲ့ အကြောက်တရား။ 🔳 လူနဲ့ပတ်ဝန်းကျင်၊ အတွင်းနဲ့အပြင်၊ ဟီရိနဲ့ သြတပ္ပ၊ ဒါတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်မှု ရှိနေတာပါ။ လူမှုအဖွဲ့အစည်းရဲ့ စံနှုန်းတွေက တလွဲဖြစ်လာတော့ တလွဲဖြစ်နေတဲ့လူတွေ နေရာပိုရလာတယ်။ ဒီအခါ လူ့အဖွဲ့အစည်းကလည်း တလွဲပိုဖြစ်လာတယ်။ သြတပ္ပတရား ပျက်ယွင်းတော့ ဟီရိတွေပါ ပျက်လာတယ်။ အဲဒီလိုလူတွေ များလာတော့ သြတပ္ပက ပိုပျက်စီးတယ်။ ဒါကြောင့် ကောင်းတဲ့သူကို ချီးမြှောက်၊ မကောင်းတဲ့သူကို ရှုံ့ချတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ပေါ်လာဖို့ လိုအပ်သလို၊ လူသိတာ၊ မသိတာ နောက်ကိစ္စ၊ ကိုယ့်စိတ်ကိုက ဒါမျိုးမလုပ်ချင်တာ၊ ကိုယ့်အဆင့်အတန်းကို နှိမ့်မပစ်ချင်တာ ဆိုတဲ့သူတွေ များများရှိနေဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။ 🔳 လောကကို စောင့်ရှောက်တဲ့ တရားတွေ ပိုမိုထွန်းကားဖို့ လောကကလည်း ပြန်လည်စောင့်ရှောက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒေါက်တာ ဖြိုးသီဟ ၁၇.၉.၂၀၂၃
လင်မယားကိုလည်းအထူးကျေးဇူးတင်ရှိပါတယ် ကျနော့်ဘဝမှာဘယ်တော့မှ မမေ့နိုင်တဲ့အလုပ်တစ်ခုပါ ဂျပန်တွေပြန်မယ့်နောက်ဆုံးရက်မှာ အမှတ်ရစရာတစ်ခုရှိခဲ့သေးတယ် ကျနော်တို ့ဟာတစ်လလုံးလုံးနေပူကျဲတဲကြီးထဲမှာတနေကုန်လမ်းလျှောက်ခဲ့ရလို့ အသားတွေမည်းသည်းနေကြပါပြီနေပူဒဏ်ဘယ်လောက်ခံရသလဲဆိုရင်ညနေအလုပ်ပြီးလို့ ရေချိုးလိုက်ရင်ကိုယ်ပေါ်ကရေပြားတွေအခြောက်လွန်ပြီးအဖတ်လိုက်ကွာကျတဲ့အထိပါပဲ ဂျပန်တွေဆိုတာလည်းဘုရားစူးဂျပန်လို ့ပြောရမလိုဖြစ်နေပါပြီနေလောင်ပြီးမည်းသည်းနေလိုက်တာ ကြည့်လို့တောင်မကောင်းဘူး ဒါပေမယ့်ကျနော်တို့အားလုံးပျော်ကြပါတယ် အဲလိုနဲ့နောက်ဆုံး ပြန်မယ့်နေ့ကိုရောက်လာပါတယ်လေယာဉ်ချိန်ကညနေကျမှထွက်မှာမို့မနက်ပိုင်းအားနေတဲ့အခါ အချိန်ဖြုန်းဖို့ကျနော်ကြံစည်ရပါတယ် ပထမအိမ်ကိုခေါ်ပြီးထမင်းဖိတ်ကျွေးဖို ့စဉ်းစားပေမယ့် အဆင်မပြေမှာစိုးလို့တခြားတနေရာပို ့ပေးမယ်ဆိုပြီးစီစဉ်တဲ့အခါကမာ္ဘအေးဘုရားလမ်းက ကျောက်မြတ်ရတနာပြတိုက်ကိုခေါ်သွားပြဖို့ဆုံးဖြတ်လိုက်တယ် အဲဒီကိုရောက်ပြီးအထဲဝင် ကြည့်ဖို့ကောင်တာမှာဝင်ကြေးပေးတဲ့အခါနိုင်ငံခြားသားကဒေါ်လာနဲ့ပေးရမယ်လို ့ရေးထားတာတွေ့တာနဲ ့ကျနော်လည်းမှတ်တမ်းထဲမှာဂျပန်နှစ်ယောက်ရဲ့နာမည်ကိုရေးပြီးကောင်တာကစာရေးမလေးကိုကျနော့်အတွက်မြန်မာငွေရယ်သူတို ့နှစ်ယောက်စာ ၆ဒေါ်လာကိုထုတ်ပေးလိုက်တော့ စာရေးမလေးက မြန်မာငွေနဲ့ပေးလို ့ရပါတယ်တဲ့ ဒါနဲ့ကျနော်လည်း မဟုတ်ဘူးလေ နိုင်ငံခြားသား တွေကဒေါ်လာနဲ့ပေးရမှာမဟုတ်ဘူးလားဆိုတော့စာရေးမလေးကကျနော်တို့သုံးယောက်ကို ကြောင်ကြည့်ပြီးဘယ်မှာနိုင်ငံခြားသားပါလို့လဲတဲ့ကျနော်ကဒီမှာသူတို့ကဂျပန်တွေလေ ဆိုပြီးလက်ညိုးပြတော့ကောင်မလေးကဟင်ဂျပန်တွေနဲ့လည်းမတူဘူးမြန်မာတွေပဲအောက်မေ့လို့ ဆိုပြီးရယ်ပါလေရော ကျနော့်မှာသူတို့တကယ်ဂျပန်တွေဆိုတာပါအတော်ပြောယူလိုက်ရ တယ် ကျနော်တို့ရယ်မောပြောဆိုတာကို ဆရာဆူဇူမီးနဲ့ဆာတို့တို့ကဘာ မှနားမလည်ဘဲမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကြည့်နေရှာတယ် သိများ သိရင်စိတ်နာမှာအမှန်ပဲနောက်အမှတ်ရစရာတစ်ခုက စစချင်းဆောက်နဲ့ထွင်းဆိုသလို သူတို့မြန်မာ ပြည်ကိုရောက်ရောက်ချင်းနေ့မှာဖြစ်တာပါလေ့လာရေးခရီးစဉ်မစခင်ပထမဆုံးနေ ့မှာသူတို့ကိုကျနော်ရွှေတိဂုံဘုရားခေါ်သွားတယ် ပြီးတော့ဘယ်ပို ့ရမှန်းမသိတာနဲ့ကြားဖူးနားဝရှိတဲ့ ထောက်ကြန် ့စစ်သင်္ချိုင်းဆိုတာသွားသတိရတယ် ကျနော့်မှာဗွေဆော်ဦး အတွေ့အကြုံဖြစ်လို့ယောင်နနလည်းဖြစ်နေတာပေါ့ဒါနဲ ့ပဲဂျပန်တွေကိုထောက်ကြန့်စစ်သင်္ချိုင်းရှိရာဆီ အမှတ်တရပြမယ်ဆိုပြီးခေါ်သွားမိတယ်ဟိုကိုရောက်လို့အထဲမှာလျှောက်ပတ် ကြည့်ရင်းဆရာဆူဇူမီးကအုတ်ဂူတွေပေါ်မှာကမ္ဗည်းထိုးထားတဲ့စာတွေလိုက်ဖတ်ရင်းမျက်နှာပျက်သွားတယ် ပြီးတော့ကျနော့်ဖက်လှည့်ရင်း မျက်နှာထားတည်တည်နဲ့ဒီနေရာဟာ ဟိုတစ်ချိန်တုန်းက ဂျပန်တွေနဲ့စစ်တိုက်ရင်းကျဆုံးသွားတဲ့စစ်သားတွေကို မြုပ်နှံထားတဲ့နေရာမဟုတ်လားဆိုပြီးမေးတယ် ဟုတ်တယ်ထောက်ကြန် ့စစ်သင်္ချိုင်းဆိုတာဒုတိယကမာ္ဘစစ်ပွဲကြီးတုန်းက မြန်မာပြည်ထဲက နေဂျပန်တွေကိုတိုက်ထုတ်ရင်းကျဆုံးသွားတဲ့အင်္ဂံလိပ်နဲ့မဟာမိတ်တပ်သား တွေကိုဂုဏ်ပြုတဲ့အနေနဲ့အမှတ်တရဆောက်လုပ်ထားတာပဲ ဒါကိုကျနော်သေချာမစဉ်းစားမိလိုက်ဘူး အခုတော့ဆရာဆူဇူမီးက ကျနော့်ကိုအထင်လွဲသွားပြီ အတိတ်ခေတ်က သူတို့လူမျိုး တွေရဲ့အမှားကိုပြဖို့တမင်တကာဒီကိုခေါ်လာတာလို့ထင်သွားတယ် အဲတော့ မှကျနော်လည်းမှားမှန်းသိသွားပြီးသူတို့ကိုမျက်နှာပူစွာနဲ့ အင်း အဲ ဆိုပြီး ဝေ့လည်ကြောင်ပတ်တွေလျှောက်ဖြေနေမိတယ် ဆာတို့ကတော့ဘာမှခံစားရပုံမပေါ်ပါဘူး ဆရာဆူဇူမီးရဲ့အရိပ်အခြေကိုသာကြောက်ကြောက်နဲ့ကြည့်နေရှာတယ် ကျနော်လည်းအားနာနာနဲ့ ဒီကိုတမင်ခေါ်လာတာမဟုတ်ဘူးဆိုတဲ့အကြောင်း အာပေါက်အောင်ရှင်းပြရင်း ရန်ကုန်ကိုအပြန်ကားပေါ်မှာအားလုံးကိုယ်စီတိတ်ဆိတ်လျှက်။ သီဟ ဘူမိဗဒေ ၁၃.၄.၂၀၂၅
အဲဒီလို ငလျင်ကွဲ ချောင်းအတိုင်း လမ်းလျှောက်လိုက်သွားကြရင်း အချိန်ကညနေမှောင်ရီပျိုးလာ တယ် လိုက်ရင်းလိုက်ရင်းနဲ့တောတွေရှင်းသွားပြီး ကွင်းပြင်မို့မို ့ပေါ်ကိုရောက်လာတဲ့အချိန်မှာ ကျနော့်နားထဲအသံတွေစပြီးကြားလာရတယ်လေတိုက်သံတွေ တဟူးဟူးနဲ ့စကားပြောသံလိုလို ဆူဆူညံညံအသံတွေဟာအဝေးကြီးကနေရောက်လာသမျိုးကျနော့်နားထဲကို သဲ့သဲ့လေးဝင်လာ တယ် နေမင်းကြီးကလည်းအတော်ကိုစောင်းနေပြီ ဆွတ်ပျံ ့ကြည်နူးဖွယ်အချိန်မျိုးပေါ့ ကျနော်လည်း အသံတွေကိုနားထောင်ရင်း ရှေ ့မှာဘာရှိမလဲဆိုတာကိုသိချင်ဇောနဲ့ခြေလှမ်းတွေပိုသွက်လာမိ တယ်ကျောက်တန်းမြို ့အကျော်တောင်ဖက်ကနေငလျင်ကွဲချောင်းအတိုင်းဆက်လျှောက်လာတဲ့အခါ ညနေမှောင်ရီးပျိုးလာပြီ နေဝင်တော့မယ် ကျနော်တို ့လုပ်နေတဲ့အလုပ်အဆုံးသတ်ရတော့မယ် အချိန်လည်းဖြစ်တယ်ဂျပန်နှစ်ယောက်နဲ ့ကျနော်စကားသိပ်မပြောဖြစ်တော့ဘဲတိတ်ဆိတ်စွာလျှောက်လာရင်း အသံတွေကြားလာရတယ်လို့ပြောဖူးတယ်ကျနော့်စိတ်ထဲမှာဆူညံသံတွေကြား ရတော့နောက်ထပ်ရွာတစ်ရွာတွေ့ရလိမ့်အုံးမယ်ဆိုပြီးထင်ခဲ့မိတယ် ဒါပေမယ့်သွားရင်းသွားရင်း တောရှင်းသွားပြီးကွင်းပြင်ကျယ်ဖြစ်သွားတယ် နည်းနည်းဆက်သွားလိုက်တဲ့အခါ ရုတ်တရက်တွေ့လိုက်ရတာက ရှေ့တမျော်တခေါ်မှာ ငွေရောင်လွှမ်းတဲ့ပြင်ကျယ်ကြီးဖြစ်နေတယ် အဲဒီငွေရောင်ပြင်ကြီးပေါ်မှာ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတဲ့အရာလေးတွေတွေ့ရပြီးလေတိုက်သံ တွေလည်းကြားနေရတယ် ရေးရေးလေးမြင်နေရတဲ့အဲဒီငွေရောင်မျက်နှာပြင်ကြီးကိုကြည့်ပြီး ကျနော် ခဏလောက် ဇဝေဇဝါဖြစ်နေသေးတယ် နောက်တော့မှဒါဟာပင်လယ်ရေပြင်ကြီးပါလားဆိုတာ သဘောပေါက်သွားတော့တယ်ဟုတ်တယ်ကျနော်တို့အခုကျောက်တန်းမြို ့ရဲ့တောင်ဖက်အစွန်းကပင်လယ်ဝစပ်ကိုရောက်လာတာပါ ပင်လယ်ရေပြင်ပေါ်မှာ လှိုင်းကြက်ခွပ်လေးတွေထနေပြီး လေလေးတဖြူးဖြူးတိုက်နေတယ် ငါးဖမ်းလှေအချို ့ဟာရွက်လွှင့်ပြီး ဟိုဟိုဒီဒီသွားလာနေသလို လှေပေါ်ကလူတွေရဲ့စကားပြောသံကလည်းကမ်းစပ်နားကကျောက်တန်းတွေပေါ်မှာရပ်နေတဲ့ကျနော်တို ့ဆီကိုလေနဲ့အတူရောက်လာတယ် ကျနော်တို့သုံးယောက်ဟာ အဲဒီပင်လယ်စပ်ကျောက်ခုံ ပေါ်ကနေငွေရောင်ရေပြင်ကြီးကိုကြည့်ပြီးစစ်ကိုင်းပြတ်ရွေ့ဟာဒီနေရာမှာဆုံးသွားပြီး ပင်လယ်ထဲကိုထိုးဆင်းသွားတာပါလားဆိုတာကိုတွေးမိပြီး ကျနော့်စိတ်ထဲမှာတစ်ခုခုကိုလွမ်းမိသလိုတောင်ဖြစ်လိုက်သေးတယ် သတိရလို့ဆရာ ဆူဇူမီးကိုလှမ်းကြည့်တော့ သူလည်းပဲရေပြင်ကြီးကိုလှမ်းမျော်ကြည့်ပြီး တစ်ခုခုကိုခံစားနေရတဲ့ပုံပဲ အဲဒီအချိန်မှာသဘာဝတရားကြီးရဲ့ကြီးကျယ်ထူးဆန်းမှုကိုလည်းအံ့သြသင့်မိတယ် တခါတလေကျရင် ကျနော်တို့နေထိုင်တဲ့ကမာ္ဘကြီးဟာဘယ်လိုများဖွဲ ့စည်းတည်ဆောက်ထားလဲဆိုတာသိချင်စိတ် ပြင်းပြမိသလိုသဘာဝတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးဆိုတာကိုလည်းလက်ခံသဘောပေါက် မိတယ် ကျနော်တို့အဲဒီနေရာမှာမိနစ်အနည်းငယ်လောက်ရပ်ကြည့်နေကြပြီး လာလမ်းအတိုင်းပြန်ခဲ့ ကြတယ်အခုဆိုရင်ညကျနော်တို ့ရဲ့လုပ်ငန်းပြီးဆုံးသွားပါပြီမဆိုစလောက်အခက်အခဲလေးအနည်းငယ်ရှိခဲ့ပေမယ့်အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်ပင်ပန်းရကျိုးနပ်တယ်လို ့ဆိုရမှာပေါ့အမှန်တကယ်တော့ ဆရာဆူဇူမီးနဲ့ကျောင်းသားဆာတို့တို ့ဟာစီးပွါးရေးလုပ်ငန်းရှင်သူဌေးတွေမဟုတ်ပါဘူး သူတို့ဒီကိုလာဖို ့အတွက်ပိုက်ဆံစုခဲ့ရပါတယ်ဒါကြောင့်တခြားဂျပန်ဧည့်သည်တွေလိုငွေအများကြီးမသုံးနိုင်ပေမယ့်စိတ်ရင်းစိတ်စေတနာကောင်းပြီးကိုယ်ချင်းစာတရားလည်းရှိသလိုကိုယ်ကျင့်တရား ကောင်းမွန်တာကိုလည်းတွေ့ရပါတယ် ဒီအလုပ်အတွက်ကျနော်ဟာတစ်နေ့ကို၅ဒေါ်လာနှုန်းနဲ့ ရက်၃၀အတွက်ဒေါ်လာ၁၅၀အပြင်နောက်ဆုံးရက်မှာဆရာဆူဇူမီးကကျနော့်ကိုအလုပ်ကြိုးစားတဲ့အတွက်ဆိုပြီးအပိုဆုငွေနောက်ထပ်ဒေါ်လာ၃၀ပေးလို ့အားလုံးစုစုပေါင်းဒေါ်လာ၁၈၀ကိုလုပ်အား ကြေးရရှိခဲ့ပါတယ် သူတို ့လည်းငွေကုန်သလိုအလုပ်ဖြစ်ခဲ့တဲ့အတွက်အကျိုးရှိတယ်လို့ဆိုရမှာပါ အမှန်အတိုင်းပြောရရင်ဂျပန်တွေအခုလိုမျိုးလာလေ့လာတာတရားမဝင်ပါဘူးသူတို ့အနေနဲ့ဒီလိုလာလုပ်ချင်တယ်ဆိုရင်အစိုးရဆီကိုတရားဝင်အကြောင်းကြားပြီးပညာရေးဌာနရဲ့ထောက်ခံချက်နဲ ့ ကျနော်တို့ဘူမိဗေဒဌာနနဲ ့ပူးပေါင်းပြီးလုပ်ဆောင်ရမှာပါဒါပေမယ့်အဲဒီအချိန်တုန်းကအစိုးရရဲ့တင်း ကျပ်မှုတွေများလွန်းတာကြောင့်ဂျပန်တွေဟာဒီမှာဂျပန်ကုမ္ပဏီတစ်ခုနဲ ့ဆက်သွယ်ပြီးတိုးရစ် ဗီဇာနဲ့ရောက်လာတာပါဒါကြောင့်ပြောရမယ်ဆိုရင်ကျနော်တို ့အလုပ်ဟာအန္တရာယ်နည်းနည်းရှိတယ်လို့ထင်ပါတယ်အခန် ့မသင့်ရင်လုံခြုံရေးအကြောင်းပြချက်နဲ့အရေးယူခံရနိုင်ဖွယ်ရှိပါတယ် ဒါပေမယ့်ဒီအလုပ်ဟာဘာအကျိုးအမြတ်မှမပါတဲ့သုတေသနအလုပ်တစ်ခုသာဖြစ်တယ်လို ့ကျနော်ယုံကြည်တာကြောင့်စိုးရိမ်စိတ်မရှိဘဲအကြောက်အလန့်ကင်းကင်းနဲ ့လုပ်ခဲ့တာပါ ပိုက်ဆံရသလိုပညာလည်းရတဲ့အတွက်ဒီအလုပ်လုပ်ခဲ့ရတာအလွန်ကျေနပ် အားရမိပါတယ် အလုပ်ရှာပေးခဲ့တဲ့ ဆရာဦးမျိုးညွန့်ရယ်ဂျပန်ကုမ္ပဏီနဲ့ ဆက်သွယ်ပေးခဲ့တဲ့ အဲဒီအချိန်ဒဂုံ တက္ကသိုလ်ကဆရာမဒေါ်ချိုချိုအေးတို့