tgindex
Fundraising channel of Mogok Federal Students' Union - ABFSU

Fundraising channel of Mogok Federal Students' Union - ABFSU

Статистика

မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ၏ တရားဝင်ရန်ပုံငွေရှာဖွေရေး ချန်နယ်ဖြစ်သည်။

Последний пост
6 мая
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
219
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
319
21 постов
Вовлечённость
145,7%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 6 мая508122

    "ဗကသများအဖွဲ့ချုပ် နှစ် (၉၀) ပြည့် ရန်ပုံငွေကမ်ပိန်း" လာမယ့် မေလ ၈ ရက်နေ့၊ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ် (၉၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသ အမှတ်တရ၊ တော်လှန်ရေးအမှတ်တရ ပစ္စည်းတွေကို ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အမှတ်တရပစ္စည်းကတော့ "ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ပစ်ဖို့"၊ "ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့" ဆိုတဲ့ စာသားပါ အင်္ကျီတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာသားတွေက အဆိုတော်မွန်းအောင်ရဲ့ "သွေးမုန်တိုင်း"ထဲက သီချင်းစာသားတွေဖြစ်ပြီး တော်လှန်ရေးထဲက ပေါ်ထွက်လာတဲ့ သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိက၊ ဩစတြေးလျနဲ့ ထိုင်းနိုင်ငံတွေကို ရောင်းချဖို့ စီစဉ်ထားပြီး နောက်ရက်တွေမှာလည်း ထပ်တိုးလာမယ့် နိုင်ငံတွေရှိပါက ဆက်လက်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ____ နောက်ထပ်ရောင်းချသွားမယ့် ပစ္စည်းတွေနဲ့ ဝယ်ယူနိုင်မယ့် နိုင်ငံအလိုက် ဈေးနှုန်းတွေကိုလည်း နောက်ရက်နောက်ရက်တွေမှာ ဆက်လက်ကြေညာသွားပါမယ်။ အမှတ်တရပစ္စည်းတွေကိုတော့ ABFSU Fundraising နဲ့ Myanmar Student Union - ABFSU ဖေ့ဘုတ်စာမျက်နှာတွေရဲ့ messenger ကတဆင့် မှာယူနိုင်ပါတယ်။ ABFSU Fundraising facebook page https://www.facebook.com/share/1CnRM9ieuk/ Myanmar Student Union - ABFSU facebook page https://www.facebook.com/share/1GpwpBmCE8/ #ABFSU #90thanniversary #Fundraising

  • без подписи

  • без подписи

  • без подписи

  • 7 мар.390105из mfsu_abfsu

    “အကြံပြုချက်" IMEI မှတ်ပုံမတင်သူဦးရေများပြားလာပါက စစ်ကောင်စီသည် မှတ်ပုံမတင်သူများကို ဖိုက်ဘာအင်တာနက်ပါသုံးမရအောင် blacklistအဖြစ်သတ်မှတ်ပြီး fiber providerရုံးများကို ခိုင်းနိုင်ပါသည် ၊ ယခုအချိန်ရနေသည့်အပိုင်းအခြားလေးတွင် တစ်ယောက်နှင့်တစ်ယောက်အဆက်သွယ်မပြတ်အောင် စီစဉ်ထားသင့်ပါသည်၊ တကယ်ပိတ်ချင်ပါက အာဏာသိမ်းတုန်းကလို အကြောင်းမကြားဘဲ ဖြတ်ချပစ်နိုင်ပါသည်၊ သူတို့လိုချင်သည့်အဓိကအချက်မှာ မိတ်ဆွေ၏ကိုယ်ရေးအချက်အလက်ကိုပဲဖြစ်ပါသည် ၊ အချို့ဒေသများတွင် လိုင်းလုံးဝမရ၊အခွန်ရုံးမရှိသည့်နေရာများတွင် နေထိုင်သူများ၏ဖုန်းများ မည်သို့လုပ်ရမည်နည်း ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်နေကြသော ဖုန်းအဟောင်းဆိုင်များ၊ မသုံးရသေးသော ဖုန်းအသစ်များနှင့် အသုံးပြုနေသော ဖုန်းများ အလုံးမည်မျှမှတ်ပုံတင်ရမည်နည်း ၊ မိတ်ဆွေ၏ပတ်ဝန်းကျင်မြေပြင် သတင်းအချက်အလက်များကိုသာ အမြဲမပြတ်နားစွင့်၍ လကုန်သည်အထိ ဘာမှမလုပ်ဘဲနေလိုက်ကာ မဖြစ်မနေသုံးရန် လိုအပ်ပါက အခွန်ဆောင်ပြီးမှတ်ပုံတင်သုံးနိုင်ပါသည်၊ ထိုသို့အခွန်ဆောင်ပါက စစ်ကောင်စီအား နောက်ထပ်လုပ်ငန်းစဉ်များဆက်လက်လည်ပတ်နိုင်ရန် လူသတ်ရန်ပိုက်ဆံပိုပေးမိသလိုဖြစ်၍ မိတ်ဆွေ၏အချက်အလက်များသည် သန်းခေါင်စာရင်းအကောက်ခံရသလို စစ်ကောင်စီ၏ National Database အတွင်းမှာ သိမ်းဆည်းခံရမည်ဖြစ်၍ မဖျက်ပစ်ဘဲ အမြဲရှိနေမှာဖြစ်ပြီး IMEIမှတ်ပုံတင်သည်ဖြစ် မတင်သည်ဖြစ်စေ တစ်နိုင်ငံလုံးကို သတင်းအမှောင်ချဦးမည်ဆိုပါက မည်သူမျှမစွမ်းဆောင်နိုင်ဦးမည်မဟုတ်ပေ။ ဤဆောင်းပါးရှင်ဖြစ်သော ကျွန်တော်(ကီဘ)သည် ဆိုက်ဘာလုံခြုံရေး(cyber security)ကို လေ့လာနေသူတစ်ဦးဖြစ်ကာ ပညာရှင်အဆင့်မဟုတ်၍ ဝါသနာရှင်တစ်ဦးသက်သက်သာဖြစ်သည်၊ ပြည်ပနိုင်ငံများတွင် ပိုမိုတင်းကျပ်သော ဆိုက်ဘာဥပဒေများရှိသော်လည်း မြန်မာနိုင်ငံတွင် ပြည်သူအချင်းချင်း ဒစ်ဂျစ်တယ်သားကောင်မဖြစ်စေရန်အတွက် ရေးသားထားခြင်းဖြစ်သောကြောင့် အမှားများ၊ချို့ယွင်းချက်များရှိပါက နားလည်ပေးပါရန် ပန်ကြားအပ်ပါသည်ခင်ဗျာ့။ ရေးသားသူ ———— ကီဘ ဆောင်းပါးကဏ္ဍ မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) #MGFSU_ABFSU #IMEI #ဆောင်းပါး

  • 7 мар.26945из mfsu_abfsu

    IMEI မှတ်ပုံတင်ခြင်းနှင့်နောက်ဆက်တွဲအကျိုးဆက်များ မြန်မာနိုင်ငံမှာ လက်ရှိလူအပြောများဆုံးဖြစ်နေသည်မှာ IMEI မှတ်ပုံတင်ခြင်းကိစ္စဖြစ်သည် IMEIဆိုသည်မှာ မည်သည်ဖြစ်သနည်း၊ ကျွန်တော်တို့အနေဖြင့် မှတ်ပုံတင်လိုက်မည်ဆိုပါက မည်သို့ဖြစ်လာမည်နည်း၊ မှတ်ပုံမတင်ပါက ပိတ်သိမ်းခြင်းသည် စိုးရိမ်စရာကောင်းမည်‌လား၊ ဤအကြောင်းအရာများကို အတူလေ့လာကြည့်ကြပါမည်။ IMEI(International Mobile Equipment Identity) ဆိုသည်မှာ ဖုန်းတစ်လုံး၏ကိုယ်ပိုင်နံပါတ်တစ်ခုဖြစ်၍ ဖုန်းတစ်လုံးနှင့်တစ်လုံး များသောအားဖြင့် မထပ်နိုင်ပါ အကယ်၍ ထပ်နေပါက တစ်လုံးသည် factory error သို့မဟုတ် ပြန်လည်ပြုပြင်ထားသောအလုံးဖြစ်သည်၊ ပြန်လည်ပြုပြင်ခြင်းဆိုသည်မှာ ဥပမာအားဖြင့် storage 64gbအလုံးကို storage 256gbဆိုပြီး system ပိုင်းကိုပြန်ပြင်၍ ဂျင်းကြီးကြီးထည့်ကာ လိုင်းပေါ်တွင် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ရောင်းနေသော ဖုန်းများဖြစ်သည် အမှန်တကယ်တွင် 64gbပြည့်ပါက ဖုန်းသည်ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ပေ။ *#06# နှိပ်ခြင်းဖြင့် IMEIနံပါတ်များကို စစ်ဆေးနိုင်သည် ကျွန်တော်၏ IMEIသည် 00000... ဖြစ်ပါက ထိုဖုန်းတွင်ကြိုက်ရာ Atomဆင်းကဒ်ထည့်သုံးမည် ဖြစ်သည်၊ အော်ပရေတာများဘက်မှ သူတို့၏ဆင်းကဒ်ကို မည်သည့် IMEI အမျိုးအစားဖြင့်လာချိတ်သည်ကို သိရှိကြသည် သို့သော်မည်သူမည်ဝါဖြစ်ကြောင်းမသိနိုင်ပေ။ အကယ်၍ မိတ်ဆွေသည် IMEIမှတ်ပုံတင်ထားမည်ဆိုပါက အမည် - ကိုကီဘ အသက် - ၂၁ နှစ် မှတ်ပုံတင်နံပါတ် - ပုံရိုက်ဘယ်စောင်း/မေ့မရ(နိုင်)၁၁၂၉၈၄ ဖြစ်နေသည်ကို သိရှိသွားမည်ဖြစ်ပါသည်။ အလားတူ sim cardမှတ်ပုံတင်ခြင်းလည်း ရှိခဲ့သည် sim cardမှတ်ပုံတင်ခြင်းသည်(IMSI)ဖြစ်၍ ဤ sim card(IMSI)ကိုမည်သူပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ပေးခဲ့ကြရသေးသည် သို့သော် ဆင်းကဒ်ဆိုသည်မှာ ပေါပေါများများ ရရှိနိုင်၍ လမ်းဘေးဆိုင်များတွင် မှတ်ပုံတင်ပြီးသား ဆင်းကဒ်များကိုအလွယ်တကူဝယ်ယူရရှိနိုင်သေးသည် သို့သော် ဖုန်းဆိုပါက ခြေရာခံနိုင်ခြင်းသည် ပိုမိုလွယ်ကူလာပါမည်။ မည်သို့ခြေရာခံကြသနည်း။ IMEI(phone)ဘက်တွင် IMEI 00000....သည် 7:00 တွင် SIM 1(Atom) ကိုထည့်သွင်းအသုံးပြုနေသည် IMEI 00000....သည် 9:00 တွင် SIM 2 (U9) ကိုထည့်သွင်းအသုံးပြုနေသည် ထိုအချက်အလက်များသည်မှတ်တမ်းတစ်ခုအနေဖြင့်ရှိနေမှာဖြစ်ပါသည်။ IMSI(sim card)ဘက်တွင် SIM 1(Atom)သည် 7:00 တွင် YouTube server ကိုဝင်ရောက်နေသည် SIM 2 (U9)သည် 9:00 တွင် Telegram server ကိုဝင်ရောက်နေသည် ထိုအချက်အလက်များသည် မှတ်တမ်းတစ်ခုအနေဖြင့်ရှိနေမှာဖြစ်ပြီး မိတ်ဆွေကဖုန်းသုံးလျှင် မည်သည့်နေရာတွင်အများဆုံးရှိနေမည်ဆိုသည်မှာ သိရှိနေဦးမည်ဖြစ်သည် ထပ်တိုးသိရှိနိုင်သည်မှာ sim card (IMSI)တွင်လည်း မတူညီနိုင်သည့် နံပါတ်များရှိနေမှာဖြစ်ပြီး SIM 1(Atom)ကို IMEI 00000... တွင်ထည့်သွင်းအသုံးပြုထားသော်လည်း မိတ်ဆွေသည် ထိုဆင်းကဒ်ဖြင့် အခြားဖုန်းတစ်လုံးထဲတွင် ထည့်သုံးပါက အခြားတစ်လုံး IMEI 11111..... တွင်လည်း ဆင်းကဒ်အတူတူထည့်သွင်းအသုံးပြုထားပါသည် ပေါ်နေမှာဖြစ်ပါသည် ထိုအချက်ကိုကြည့်ခြင်းဖြင့် မတူညီတဲ့ဖုန်းနှစ်လုံး ဆင်းကဒ်အတူတူထည့်သုံးခြင်းက မည်မျှရင်းနှီးမှုရှိကြောင်း ခန့်မှန်းနိုင်ပါမည်။ Cell Tower ဘက်တွင် မိတ်ဆွေသည် ဖုန်းအင်တာနက်သုံးမည်ဆိုပါက IMEI 00000... သည် ဆိပ်ကမ်းနားက towerတိုင်ကို 7:00 တွင်ချိတ်ဆက်ထားပါသည်လို့ ပေါ်နေမှာဖြစ်ပြီး နေရာအတိအကျမသိရှိရသော်လည်း towerတိုင် ဘေးပတ်လည်တွင် ရှာကြည့်ခြင်းဖြင့် မိတ်ဆွေအား‌ခြေရာခံနိုင်ပါသည်၊ အထက်တွင်ဖော်ပြသွားသောအချက်အလက်များအားလုံးကို အစိုးရဘက်မှရယူနိုင်ပါသည်။ လူအများမှားလေ့ရှိသည့်အချက်များ IMEIပိတ်လိုက်ခြင်းသည် ဖုန်းကိုအုတ်ခဲကြီးတစ်ခဲကဲ့သို့ ဘာမှသုံးမရတော့ဘဲဖြစ်စေသည်။ ထိုအချက်သည် မှားပါသည်၊ IMEI သည် cellular network (sim networks)ကို ပိတ်လို့ရသည် ဖုန်းခေါ်ဆိုခြင်း ၊ smsပေးပို့ခြင်း ဆင်းကဒ်ဖြင့် လိုင်းသုံးခြင်း အစရှိသည်တို့သည်သာ သုံးမရတာဖြစ်ပြီး wifiကို အသုံးပြုလို့ရပါသေးသည် အိမ်တိုင်းတွင်သုံးနေသော ဖိုက်ဘာအင်တာနက်နှင့် လိုင်းဖြတ်ခံထားရသော ဒေသများတွင် starlink များကိုအသုံးပြုလို့ရပါသေးသည် ဖုန်းခေါ်ရန် လိုအပ်ပါက လိုင်းပေါ်တွင် ခေါ်လို့ရသည် Bluetooth များလည်းရပြန်သေးသည်။ IMEIမှတ်ပုံတင်ခြင်းဖြင့် ဓာတ်ပုံ၊ဗီဒီယိုများကို အစိုးရဘက်မှ ဝင်ရောက်ကြည့်ရှူနိုင်ခြင်းရှိသည်။ ထိုအချက်သည် မှားပါသည်၊ IMEI နံပါတ်သိရှိသော်လည်း ကန့်သတ်ချက်များစွာရှိ၍ Camera, Microphone, Files and third-party အစရှိသည်တို့ကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ အစိုးရသည် လူ၊ဖုန်း၊ဆင်းကဒ် သုံးခုကိုမှတ်ပုံတင်ဖြင့် သုံးပွင့်ဆိုင်ချိတ်ဆက်၍တွဲချင်နေသော ခြေလှမ်းများကိုအဓိကတွေ့ရသည်။ IMEIမှတ်ပုံတင်ပါကပိတ်သိမ်းခံရမည့်စာရင်းမှလွတ်ကင်းမည်။ ထိုအချက်သည် မှားပါသည်၊ ကျွန်တော်တို့ဘက်မှ IMEIမှတ်ပုံတင်လိုက်ပါသော်လည်း မှတ်ပုံတင်သည့်နေရာတွင် device blocking status ကို allowed ပေးထားရမည်ဖြစ်သောကြောင့် အစိုးရဘက်မှ IMEIမှတ်ပုံတင်ထားသော ဖုန်းများအား အချိန်မရွေး block ပိတ်ပင်တားဆီးခွင့်ရှိသေးသည်။

  • 7 мар.182из mfsu_abfsu

    без подписи

  • ဒီနေ့မှာဆိုရင် ကျွန်မတို့မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂရဲ့ ဆဋ္ဌမအကြိမ်မြောက် Campaign‌ လေးဖြစ်တဲ့ "ဝါစိမ်းနီပြာ မိုနာလီဆာ" ရဲ့ Campaign ကာလလေး ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ရှင်။ Campaign မှာ ပါဝင်ပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ နောင်ပြုလုပ်မယ့် Campaign လေးတွေမှာလည်း ယခုလိုမျိုး အားတက်သရောနှင့်တက်ကြွစွာပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။ #၀ါစိမ်းနီပြာမိုနာလီဆာ_campaign #MGFSU_ABFSU #MGFSU_Fundraising

  • ဪ ..... ရေကြည်ဖွေးဖွေး၊ ရေကန်ဘေးက သဲပြင်ပါးပါး၊ ခုံတန်းလျားမှာ ခိုငှက်ရပ်နား၊ လူအရှင်းသား လည်ပြန်လှည့်ကြည့်တော့ ဝေးဝါးစိတ်ကူး၊ တစ်ဆူးဆူးနဲ့ ပြောစကားတချို့ ထင်ဟပ်မြင်ယောင်မိပြန်တယ်။ စိမ်းစိုအေးမြ၊ ရှုခင်းလှလှမှာ ဦးမော့မျှော်ရာ၊ တိမ်ပင်လယ်ကို အတွေးသံစဉ်တူ၊ (မင်း)တို့နဲ့အတူ၊ ပြုံးရိပ်သီကုံး၊ ရယ်မဆုံးအောင် ဆိုကာပြောကာ၊ ငေးချင်သေး ..... အတွေးသစ်နဲ့ အိပ်မက်သစ်မှာ ခွန်အားသစ်နဲ့ တိုက်စစ်ထိုးလို့ ဆောင်းစွယ်အလွန်၊ ပန်းတိုင်မွန်သို့ ရောက်ပြီးအလွန်၊ ဆုံပြောချိန်မှာ ရင်ဝယ်စိတ်ထဲမှ အနာဂတ်အထိ (မင်း)တို့ အမြဲရှိနေမယ်။ " ဆိုတဲ့စာလွှာလေးနဲ့အတူ Harry Potter's wandလေး (၁)ခု လက်ခံရရှိထားပါတယ်ရှင့်။ #ဝါစိမ်းနီပြာမိုနာလီဆာ_campaign #MGFSU_ABFSU #MGFSU_Fundraising

  • без подписи

  • ဒီဂရုလေးအတွက် "သူငယ်ချင်းတို့ မှတ်တမ်း အမှတ်တရမှာ ဘာများလိုအပ်လဲ လောကရေစုံ၊ ရေဆန်လမ်းမှာ မျှောပါဆင်းခဲ့ကြတယ်..... ခရီးကြမ်းကြမ်း၊ စိတ်ပမ်းပမ်းမှာ စိတ်ချင်းတူကာ ဆုံခဲ့ကြသလေ...... လှုပ်လှုပ်ရှားရှား၊ တရွေ့ရွေ့နဲ့လည်း ခရီးတစ်ခု ရောက်ခဲ့ပြီလေ.....။ ဪ တို့တွေအကြား စိတ်ကူးနဲ့ စကားက ခပ်များများ..... အရွယ်မရောက်၊ လူငယ်ပေါက်က ဖြစ်ချင်ရေးထက်၊ ဖြစ်သင့်ရေးကို ကြောင့်ကြတွေးတော၊ ဇောတစ်ဖက်နဲ့ လူကြီးက လူငယ်ကို နားမလည် လူငယ်သာ လူကြီးကို နားလည်ရအောင် ခေတ်ကစုတ်ပဲ့လွန်းတယ်။ တစ်နယ်တစ်ခြား၊ မိုင်တွေခြားလည်း စိတ်ချင်းနီးကာ ဖေးမအားပေး အနောက်အရပ်ကို ကျောခိုင်းလို့ အရှေ့အရပ်ကို ဦးတည်၊ တောင်တန်းတွေပမာ မားမားမတ်မတ် ရပ်တည်ကြမယ်လေ။

  • без подписи

  • ချန်နယ်ထဲကသူများအတွက် "ကမ်ပိန်းနောက်ဆုံးရက်မလို့ ချန်နယ်ထဲကသူတွေအားလုံးကို လက်ဆောင်ပေးလိုက်ပါတယ် Ps. Scarfတစ်ထည် ဘယ်လိုခွဲ၀တ်ရမလဲ မမေးရ😌 " ဆိုတဲ့စာလွှာလေးနဲ့အတူ Slytherin scarf လေး (၁)ထည် လက်ခံရရှိထားပါတယ်ရှင့်။ #ဝါစိမ်းနီပြာမိုနာလီဆာ_campaign #MGFSU_ABFSU #MGFSU_Fundraising

  • ဆိုတဲ့စာလွှာလေးနဲ့အတူ Ravenclaw's scarfလေး (၁)ထည် နဲ့ Ravenclaw's girl costume လေး (၁)စုံ လက်ခံရရှိထားပါတယ်ရှင့်။ #ဝါစိမ်းနီပြာမိုနာလီဆာ_campaign #MGFSU_ABFSU #MGFSU_Fundraising

  • без подписи

  • без подписи

  • ဒီအကောင့်ပိုင်ရှင်လေးအတွက် "မွေးနေ့မှာပျော်ရွှင်ပါစေ နောက်ကျနေပြီဆိုပေမဲ့ ဒါလေးမြင်ရင်ပျော်မယ်ထင်ပါတယ် ⭑.ᐟ ချစ်ရတဲ့သူတွေအတွက်ဂုဏ်ယူရတဲ့သူဖြစ်ချင်တာသိပေမဲ့ ဖြေး"ချင်းပဲသွားရအောင် ဒီအရှိန်အတိုင်းလေးပဲ တအားမလောလည်းဖြစ်ပါတယ် ဖြစ်ချင်တာတွေများနေမှာသိပေမဲ့ကိုယ်နဲ့အတူ တစ်ခုချင်းဖြေရှင်းကြမယ်နော် တက်ချင်တဲ့ University , Major issues , Scholarship , Passport n Visa etc..process အားလုံးအဆင်ပြေပြေပြီးသွားမှာပါ ရှေ့‌လျှောက်ပိုကောင်းတဲ့နေ့တွေပဲရောက်လာမှာ Because at eighteen, we’re overflowing with dreams. The future feels wide open. Everything feels possible. Like time is on our side, like we have forever to become who we want to be. It’s hard realizing that growing up isn’t losing ambition… it’s learning that life doesn’t move as quickly as our younger selves believed. Bills, pressure, comparisons, disappointments, responsibilities… they all compress time until it feels like you’re running out of it. Even tho 화이팅!! 할 수 있어 ထပ်ပြီး 태어나주셔서 감사하고 생일을 진심으로 축하합니다.. 나의 소중한 🌼"

  • без подписи

  • без подписи

  • без подписи