True Sunshine Student's Union
СтатистикаTrue Sunshine For Future Dawei School ကျောင်းသားများသမဂ္ဂ
- Последний пост
- 8 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 454
- 1/48двое суток
- 520
- 1/72трое суток
- 561
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
၈၈၈၈ မမေ့အပ်သော သမိုင်းစာမျက်နှာ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ထိုနေ့တွင် ကျောင်းသားလူငယ်များနှင့် ပြည်သူအများအပြားက ဒီမိုကရေစီရေး၊ လူထုအခွင့်အရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် လှုပ်ရှားခဲ့ကြသည်။ ၈၈၈၈ အရေးအခင်းသည် တစ်ရက်တည်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်မဟုတ်ဘဲ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကြောင့် ဖြစ်ပေါ်လာခဲ့သော လူထုလှုပ်ရှားမှုကြီးတစ်ခု ဖြစ်သည်။ ကျောင်းသားများ၏ လှုပ်ရှားမှုမှစတင်ကာ အလုပ်သမားများ၊ သံဃာတော်များနှင့် ပြည်သူများပါ ပိုမိုပါဝင်လာခဲ့ကြသည်။ ထိုကာလအတွင်း လူအများအပြားသည် အခက်အခဲများ၊ ဖိနှိပ်မှုများနှင့် ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ကြရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေးအခြေအနေမှာ ထပ်မံပြောင်းလဲသွားခဲ့သည်။ ၈၈၈၈ အရေးအခင်းသည် မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ ထိုဖြစ်ရပ်ကို ပြန်လည်လေ့လာခြင်းသည် အတိတ်ကိုသာ ပြန်ကြည့်ခြင်းမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းတွင် ပြည်သူများ၏ အသံ၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် နိုင်ငံရေးအပြောင်းအလဲများ၏ အကျိုးဆက်များကို နားလည်နိုင်ရန် အရေးကြီးသည်။၈၈၈၈အရေးတော်ပုံနေ့မှာစ၍ ပြည်သူလူထုလိုလားတောင်းတအပ်သော စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီအမြန်ဆုံးရရှိပါစေလို့ဆုတောင်းရင်း ၈၈၈၈အရေးတော်ပုံတွင်ပေးဆပ်ခဲ့ကြသော တော်လှန်ရေးသူရဲကောင်းများအပါဝင် ခေတ်အဆက်ဆက်ကပေးဆပ်ခဲ့ကြသော တော်လှန်ရေးသူရဲကောင်းများကိုဂုဏ်ပြုလိုက်ရပါသည်။ #8888 #8_8_1988 #True_Sunshine_Students_Union #TSSU
ဒီနေ့လေးကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ ဝါဆိုလပြည့် ( ဓမ္မစကြာ) အခါတော်နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ကြပြီး ဥပုသ်သီလစောင့်တည်ကြခြင်းဖြင့် ကြည်လင်အေးချမ်းတဲ့ နေ့မြတ်လေးတစ်ရက်ကိုဖြတ်သန်းနိုင်ကြပါစေ လို့ TSSU မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ #True_Sunshine_Students_Union #TSSU
၈၈၈၈အရေးတော်ပုံနေ့အထိမ်းအမှတ် ကဗျာ၊ပိုစတာ၊Project ပြိုင်ပွဲဝင်စာရင်းများကို ဤ Channel တွင်ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ https://t.me/FCTSSU #True_Sunshine_Students_Union #TSSU
ပြိုင်ပွဲအတွက်ပေးပို့ရန်နှင့် သိလိုသည်များမေးမြန်ရန် - @TrueSunshine105bot
ကျောင်းသားကဗျာဆရာ/ ဆရာမများ အားလုံးပဲ မင်္ဂလာပါ 👋🏾 ကိုယ့်လူတို့ရဲ့ နာကြည်းမှု၊ ခံစားမှု၊ ခံယူချက်တွေကို စကားလုံးတွေ ပုံရိပ်တွေ အဖြစ် ထုဆစ်ပုံဖော်ပြီး လူအများရင်ထဲအထိ မျှဝေဖြန့်ကြက်နိုင်မယ့် ပြင် Vd လေးတွေဖန်တီးပြီး ပါဝင်နိုင်မယ့် အထူးအခွင့်အရေးတစ်ခု ရောက်ရှိလို့လာပါပြီ။ ✍👀 အဲ့ဒါကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုသမိုင်း၊ ရှစ်ဆယ့်ရှစ်အရေးခင်းမှာ ပြည်သူ့ဆန္ဒကို သွေးနဲ့ရင်းပြီး ရေးထိုးပြခဲ့ကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို တစ်ဖန်ပြန်လည် ထင်ဟပ်စေရန်အတွက် ရှစ်လေးလုံးအထိမ်းအမှတ် အထိမ်းအမှတ် ကဗျာပြိုင်ပွဲ🪶 ၊ Poster ပြိုင်ပွဲ 🔥၊ Project ပြိုင်ပွဲလေးတွေ 🎬 ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ့်လူတို့ရဲ့စိတ်ကူးစိတ်သန်းတွေထည့်သွင်း ရောစပ်ပြီး ဖန်တီးထားတဲ့ ကဗျာတွေ၊ Posterတွေ Project လေးတွေ ပေးပို့ပြီး ပါဝင် ယှဥ်ပြိုင်နိုင်ပါတယ်။ ကျောင်းသားတွေရဲ့အသံဟာ ပြည်သူလူထုရဲ့အသံပါပဲ။ မတရားမှုကို ကဗျာ အနုပညာဖြင့်လည်းကောင်း၊ အသက်သွေးကို စတေး၍သော်လည်းကောင်း တွန်းလှန်မည်။ ဒါဟာ ကျောင်းသားအစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ စစ်မှန်မွန်မြတ်တဲ့ အမွေအနှစ်... ကဗျာပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဥ်းတွေကတော့...💁♂ • စာလုံးပေါင်း-10 • ခေါင်းစဉ်နှင့်ကိုက်ညီမှု-20 • စာအရေးအသားလှပမှု-15 • စာဖတ်သူဆွဲဆောင်နိုင်မှု-15 • စာတစ်ပိုဒ်ချင်းစီအချိတ်အဆက်ရှိမှု-20 • ရသပေးစွမ်းနိုင်မှု-20 Poster ပြိုင်ပွဲအတွက် အမှတ်ပေး စည်းမျဥ်းတွေကတော့...👇 • ခေါင်းစဉ်နှင့်ကိုက်ညီမှု - 30 • ဖန်တီးမှု - 30 • ဒီဇိုင်းနှင့်အလှဆင်မှု - 20 • သေချာရှင်းလင်းစွာဖော်ပြနိုင်မှု - 20 Project ပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဥ်းတွေကတော့...🙇♂ • အကြောင်းအရာ၏ မှန်ကန်မှုနှင့် ပြည့်စုံမှု 20 • ဖွဲ့စည်းပုံနှင့် စနစ်တကျတင်ပြမှု 20 • ဖန်တီးနိုင်စွမ်း (Creativity)20 • အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု (Teamwork) 20 • တင်ပြပုံ (Presentation) နှင့် မေးခွန်းဖြေဆိုနိုင်မှု 20 တွေပဲဖြစ်ပါတယ်။ ကဲ... မွန်မြတ်တဲ့အမွေအနှစ်လက်ဆင့်ကမ်း သယ်ဆောင်သွားမယ့် မျိုးဆက်သစ်ကျောင်းသားလူငယ်တို့ ရဲ့ နှလုံးသားက ပေါက်ပွားလာတဲ့ အနုပညာလက်ရာတိုင်းကို လက်ခံပေးဖို့အတွက် ကျွန်တော်တို့ မျှော်နေပါမယ်။ 📋 Deadline - 4.8.2026 🕛 9:00P.M ပေးပို့ရန်အကောင့် - @TrueSunshine105bot #True_Sunshine_Students_Union #TSSU
မနက်ဖြန် ည ၉နာရီတွင် voting ပိတ်သိမ်းမည်ဖြစ်ပါသည်။ voting ပေးထားသည့် လူဦးရေနှင့် စကားလုပွဲကျင်းပ ပေးမည် မပေးဘူး ဆိုတာကိုထပ်မံကြေငြာသွားပါမည်။ #True_Sunshine_Students_Union #TSSU
без подписи
Voting အမှတ်အရ Project Poster Poem Confirm လိုက်ပါပြီရှင့် #True_Sunshine_Students_Union #TSSU
Voting အမှတ်တွေ ကြည့်ပြီး ကြပြီလား
ဒီနေ့ည ၉နာရီအချိန်တွင် voting ပိတ်ပါမည်။
"ဝမ်းနည်းကြောင်းသ၀ဏ်လွှာ" သဝဏ်လွှာအမှတ်စဉ် - ၀၀၂/ထဆကသ/၂၀၂၆ ရက်စွဲ - ဇူလိုင်လ(၂၂)ရက်နေ့၊၂၀၂၆ခုနှစ် #True_Sunshine_Students_Union #TSSU
Voting အများဆုံးထဲကနေ ရွေးချယ်၍ ပြိုင်ပွဲများ ပြုလုပ်သွားပါမည်။
без подписи
ပြိုင်ပွဲလေးတွေ လာပါမယ်ရှင့် ပြိုင်ကြမယ် မလား 📢
Hello ရဲဘော်တို့ရေ🙊
без подписи
https://www.facebook.com/share/14nmFgNjr3U/ True Sunshine Student's Union ၏ Official Facebook Page လေးဖြစ်ပါတယ်ခင်ဗျာ Follow လေးတွေလုပ်ပေးကြပါအုံးခင်ဗျာ #True_Sunshine_Students_Union #TSSU
без подписи
без подписи