tgindex
╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯

╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯

Статистика

ဒီနေရာလေးကနေ ဗဟုသုတ တစ်စုံတရာ ရရှိနိုင်ကြပါစေ baby တို့ ကိုယ့်အရည်အသွေးကို အမြဲသွေးပြီး စိတ်ထားမြင့်မြတ်တဲ့ လူတော်‌လူကောင်းလေးတွေ ဖြစ်လာဖို့ ကြိုးစားကြရအောင် နော 🍀🍀🍀

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
9
Всего постов
34
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 260
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
276
34 постов
Вовлечённость
21,9%
к подписчикам
Постов в день
1,3
всего 34
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
223
1/48двое суток
255
1/72трое суток
275

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • видео или голосовое, без подписи

  • အစာမစားခင်၊ စားပြီးချိန်တိုင်း လက်ကို ဆပ်ပြာနဲ့​ စင်ကြယ်​အောင်ဆေးကြပါ ! အပြင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ယင်နားစာ​တွေ၊ လုံခြုံ​အောင် မဖုံးအုပ်ထား​သော စားစရာများကို မစားပါနှင့်! အပြင်စာ၊ လမ်း​ဘေးစာ လုံးဝမစားပါနှင့်!

  • သူက " လက်ဖက်ဆီပြန် " လေတဲ့ ဟမ် ဘာလဲ လက်ဖက်ဆီပြန် ဆီလေးနဲ့ သေချာလေး နှပ်ထားတာပြောတာလား ပေါ့ ကိုယ်က မသိလို့ မေးမိတာ ကဲ ကဲ ပရိတ်သတ်ကြီးတို့ကလည်း လက်ဖက်ဆီပြန်‌ က ဘာလဲ ပြောပေးကြပါဦး

  • 12 авг.24412из CalmVibeWithUs

    Join လိုပါက အချိန်မီ join လို့ ရပါတယ်ခင်ဗျာ ဆက်သွယ်ရန် တယ်လီဂရမ်အကောင့် @florawhiterose

  • သင်္ချာသင်ချိန်တွင် အိပ်ငိုက်နေသောအခါ :

  • 10 авг.3094из LSE_Family

    Speaking Level 1 class📥 Speaking only class Batch 11 ပြန်လည်ရောက်ရှိလာပါပြီ Grammarတွေဘာညာခေါင်းရှုပ်ခံကျက်စရာမလိုတော့ဘူးနော်🍸 ဘာတွေသင်မလဲ? _Daily Conversation _Public speaking _Job interview preparation _Accent & Pronunciation Training  ဘယ်လိုလူတွေတက်သင့်လဲ - Speaking ကို ယုံကြည်မှုရှိရှိပြောချင်သူ -လုပ်ငန်းခွင်သုံးစကား‌ပြောချင်သူ - Tourist guide လုပ်ချင်သူ -Speaking သီးသန့်သုံးချင်သူ -အသံထွက် မှန်ကန်အောင်လေ့ကျင့်ချင်သူတွေ -နေ့စဉ်သုံးစကားပြောတွေကို ကျွမ်းကျင်ချင်သူတွေ လူဦးရေ Limit - 15 🗓Class Start Date: (15.8.2026) Time: Saturday & Sunday ( 6 - 7.30Pm) Platform: Zoom & Video record Fees - 20000 Ks သင်တန်းအပ်ရန်- http://t.me/LSE_Family_Telegram 🌟 Channel - https://t.me/LSE_Family ✅ Facebook - https://www.facebook.com/share/1BGcEwpWVZ/

  • နှစ်မျိုးကို အခြေခံထားပါတယ်။ ရိုးရှင်းစွာပြောရရင် 0 နဲ့ 1 ကို Digital Information ကို ကိုယ်စားပြုဖို့ အသုံးပြုနိုင်ပြီး ဒီ Binary Logic တွေကနေ ကွန်ပျူတာတွေရဲ့ အချက်အလက်တွက်ချက်မှုနဲ့ လုပ်ဆောင်မှုတွေကို တည်ဆောက်ထားတာပါ။ ဒါပေမဲ့ ယနေ့ Digital World တစ်ခုလုံးဟာ သုညတစ်လုံးတည်းကြောင့် ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ Binary Mathematics၊ Logic၊ Electronics၊ Semiconductor Technology နဲ့ Computer Engineering စတဲ့ နည်းပညာနယ်ပယ်များစွာ ပေါင်းစပ်ဖွံ့ဖြိုးလာခဲ့တာကြောင့်သာ ယနေ့ခေတ် ကွန်ပျူတာနဲ့ Digital Technology တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သို့သော် ဒီနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ Smartphone တွေ၊ Computer တွေ၊ Internet တွေ၊ Digital Camera တွေ၊ Website တွေ၊ App တွေကနေ စပြီး Digital Information တွေအားလုံးရဲ့ အောက်ခြေမှာ 0 နဲ့ 1 ကို အသုံးပြုတဲ့ စနစ်တွေ ပါဝင်နေကြပါတယ်။ အဲဒီအတွက် လွန်ခဲ့တဲ့ ရာစုနှစ်များစွာက လူသားတွေဟာ “ဘာမှမရှိခြင်း” ကို ဂဏန်းတစ်လုံးအဖြစ် ဘယ်လိုကိုယ်စားပြုမလဲဆိုတဲ့ မေးခွန်းကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပြီး အဲဒီရိုးရှင်းတဲ့ အယူအဆတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ သင်္ချာပညာကို ပြောင်းလဲပေးခဲ့သလို နောက်ဆုံးမှာတော့ ယနေ့ကျွန်တော်တို့ နေထိုင်နေတဲ့ Digital Civilization အထိပါ သက်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် “0” ဆိုတဲ့ ဂဏန်းလေးဟာ တန်ဖိုးမရှိတဲ့ ဂဏန်းတစ်လုံးလို့ ထင်ရပေမဲ့ တကယ်တော့ လူသားတွေရဲ့ သင်္ချာနဲ့ သိပ္ပံပညာကို အဆင့်သစ်တစ်ခုဆီ ရောက်ရှိစေခဲ့တဲ့ အရေးအကြီးဆုံး အယူအဆတွေထဲက တစ်ခု ဖြစ်ပါတယ်။ “ဘာမှမရှိခြင်း” ကို ကိုယ်စားပြုတဲ့ သုညတစ်လုံးက နောက်ဆုံးမှာ အရာအားလုံးကို တွက်ချက်နိုင်တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ပေးခဲ့တယ်ဆိုတာဟာ လူသားတွေရဲ့ ဉာဏ်ပညာနဲ့ စိတ်ကူးစိတ်သန်း ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာကို ပြသနေတဲ့ အံ့ဩစရာ သမိုင်းဝင်ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ Disclaimer: This page provides educational content on history, wildlife, space, science, news and biographies for informational purposes only. While we fact-check all content, information can change over time; please verify facts independently. Any historical conflicts or wildlife behaviors shown are purely for educational context and do not promote violence or hate speech. #KnowledgeIsPower #DoeUnit #factsdaily #FYI #MyanmarKnowledge #Trending #ZERO #ancientknowledge #indiafacts

  • အဆန်းပြားဆုံး တီထွင်မှုတွေအကြောင်း ပြောကြမယ်ဆိုရင် လူတော်တော်များများက စမတ်ဖုန်းတွေ၊ အင်တာနက်တွေ၊ ကွန်ပျူတာတွေ ဒါမှမဟုတ် ဒုံးပျံတွေကိုပဲ အရင်ဆုံး ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ တကယ်တော့ လူသားမျိုးနွယ်ရဲ့ သိပ္ပံနဲ့ နည်းပညာသမိုင်းတစ်လျှောက် အရေးအကြီးဆုံး အုတ်မြစ်တွေထဲမှာ မျက်စိရှေ့မှာရှိနေပေမဲ့ အလွန်ရိုးရှင်းလွန်းလို့ သတိမထားမိတတ်တဲ့ ဂဏန်းတစ်လုံးလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ သုည (0) ပါ။ ဒီနေ့မှာ 0 ဆိုတာကို အလွန်ရိုးရှင်းတဲ့ ဂဏန်းတစ်လုံးလို့ ထင်ရပေမဲ့ လူသားသမိုင်းမှာ သုညဆိုတဲ့ အယူအဆ ပေါ်ပေါက်လာခြင်းဟာ သင်္ချာပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သုညဟာ အခြေခံအားဖြင့် ပမာဏမရှိခြင်းကို ကိုယ်စားပြုတဲ့ တန်ဖိုးတစ်ခုဖြစ်သလို ဂဏန်းတစ်ခုရဲ့ နေရာတန်ဖိုးကို သတ်မှတ်ပေးတဲ့ အရေးကြီးတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာ 1 နဲ့ 10 ကို ကြည့်မယ်ဆိုရင် ဂဏန်းနှစ်ခုလုံးမှာ “1” ပါဝင်ပေမဲ့ တန်ဖိုးက လုံးဝမတူပါဘူး။ 10 ထဲက 0 ဟာ ကိုယ်တိုင်တန်ဖိုးမရှိပေမဲ့ 1 ရဲ့ နေရာတန်ဖိုးကို ပြောင်းလဲပေးပြီး 10 ဆိုတဲ့ တန်ဖိုးကို ဖြစ်ပေါ်စေပါတယ်။ အဲဒီလိုပဲ 1၊ 10၊ 100၊ 1,000 ဆိုပြီး သုညတစ်လုံးချင်းစီ ထည့်သွားတာနဲ့ ဂဏန်းရဲ့ တန်ဖိုးဟာ ဆယ်ဆစီ တိုးလာနိုင်ပါတယ်။ ဒါကြောင့် သုညဟာ ဘာမှမရှိခြင်းကို ပြသတဲ့ သင်္ကေတတစ်ခုဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ Place-Value System ကို အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သုညအယူအဆဟာ လူသားသမိုင်းမှာ တစ်နေရာတည်းကနေ ရုတ်တရက် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ရှေးခေတ် ဘေဘီလုံယဉ်ကျေးမှုမှာ Base-60 ဂဏန်းစနစ်ကို အသုံးပြုခဲ့ပြီး ဂဏန်းနေရာတစ်ခုမှာ တန်ဖိုးမရှိကြောင်း ဖော်ပြဖို့ သီးခြားသင်္ကေတတွေကို အသုံးပြုခဲ့ပါတယ်။ မာယာယဉ်ကျေးမှုမှာလည်း သုညကို ကိုယ်စားပြုတဲ့ သင်္ကေတကို သီးခြားအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီရှေးဟောင်းစနစ်တွေက ဒီနေ့ကျွန်တော်တို့ နားလည်ထားတဲ့ “0” လို သုညကို ဂဏန်းတစ်လုံးအဖြစ် သတ်မှတ်ပြီး သင်္ချာတွက်ချက်မှုတွေထဲမှာ စနစ်တကျ အသုံးပြုတဲ့ပုံစံနဲ့တော့ မတူပါဘူး။ ဒီနေရာမှာ အိန္ဒိယသင်္ချာပညာရှင်နဲ့ နက္ခတ္တဗေဒပညာရှင် ဗြဟ္မဂုပ္တ - Brahmaguptaရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးလာပါတယ်။ ခရစ်နှစ် ၆၂၈ ခုနှစ်မှာ Brahmagupta ဟာ သူရေးသားခဲ့တဲ့ “Brahmasphutasiddhanta” ကျမ်းထဲမှာ သုညကို သီးခြားတန်ဖိုးတစ်ခုအဖြစ် သတ်မှတ်ပြီး သုညနဲ့ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း စတဲ့ သင်္ချာဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် စည်းမျဉ်းတွေကို စနစ်တကျ ဖော်ပြခဲ့ပါတယ်။ ဥပမာ ၅ ကို သုညနဲ့ ပေါင်းရင် ၅ ပဲဖြစ်မယ်၊ ၅ ထဲက သုညကို နှုတ်ရင်လည်း ၅ ပဲ ကျန်မယ်၊ ၅ ကို သုညနဲ့ မြှောက်ရင်တော့ ၀ ဖြစ်သွားမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို ဒီလိုစနစ်တကျ သတ်မှတ်နိုင်ခြင်းဟာ သင်္ချာသမိုင်းမှာ အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Brahmagupta ကို “သုညကို ပထမဆုံးတွေ့ရှိသူ” လို့ ရိုးရိုးရှင်းရှင်း သတ်မှတ်တာထက် သုညကို သီးခြားဂဏန်းတစ်ခုအဖြစ် သတ်မှတ်ပြီး ၎င်းနဲ့သက်ဆိုင်တဲ့ Arithmetic Rules တွေကို အစောဆုံး စနစ်တကျ ရေးသားဖော်ပြခဲ့သူတွေထဲက အရေးအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးလို့ ဆိုတာက ပိုတိကျပါတယ်။ အိန္ဒိယမှာ ဖွံ့ဖြိုးလာခဲ့တဲ့ Decimal Place-Value System နဲ့ သုညအယူအဆဟာ နောက်ပိုင်းမှာ အစ္စလာမ်ဘာသာထဲကို ပြန့်နှံ့သွားခဲ့ပြီး အဲဒီကနေ ဥရောပဘက်ကို ဆက်လက်ရောက်ရှိလာခဲ့ပါတယ်။ အစ္စလာမ်ခေတ် သင်္ချာပညာရှင်တွေထဲမှာ Al-Khwarizmi လို ပညာရှင်တွေက အိန္ဒိယဂဏန်းစနစ်နဲ့ သင်္ချာပညာရပ်တွေကို လေ့လာအသုံးချပြီး ဆက်လက်ဖွံ့ဖြိုးစေခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Leonardo of Pisa လို့လည်း လူသိများတဲ့ Fibonacci က ၁၂၀၂ ခုနှစ်မှာ ရေးသားခဲ့တဲ့ “Liber Abaci” ကျမ်းက အိန္ဒိယ-အာရဗီ ဂဏန်းစနစ်ကို ဥရောပကုန်သည်တွေနဲ့ ပညာရှင်တွေကြား ပိုမိုကျယ်ပြန့်လာစေခဲ့ပါတယ်။ ဒီလိုနဲ့ ယနေ့ကျွန်တော်တို့ အလွယ်တကူအသုံးပြုနေတဲ့ 0၊ 1၊ 2၊ 3 စတဲ့ ဂဏန်းစနစ်ဟာ ကမ္ဘာတစ်ဝန်းမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့တာပါ။ သုညရဲ့ အရေးပါမှုဟာ ဂဏန်းရေးသားတဲ့နေရာမှာပဲ ရပ်မနေပါဘူး။ သုညဟာ နောက်ပိုင်း Algebra၊ Functions နဲ့ Calculus တို့လို ခေတ်သစ်သင်္ချာရပ်တွေ ဖွံ့ဖြိုးလာရာမှာ အရေးပါတဲ့ အခြေခံအယူအဆတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဥပမာ x = 0 ဆိုတဲ့ သင်္ချာဆိုင်ရာ အခြေအနေဟာ Equation တွေကို လေ့လာရာမှာ အရေးကြီးသလို Function တစ်ခုရဲ့ တန်ဖိုး 0 ဖြစ်တဲ့နေရာတွေ၊ ပြောင်းလဲမှုနှုန်း 0 ဖြစ်တဲ့နေရာတွေကို လေ့လာရာမှာလည်း သုညက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ Physics နဲ့ Engineering တွေမှာလည်း Zero Velocity၊ Zero Acceleration စတဲ့ သဘောတရားတွေကို အခြေအနေတစ်ခု သတ်မှတ်ဖို့ အသုံးပြုကြပါတယ်။ ဒါပေမဲ့ သုညရဲ့ အံ့ဩစရာအကောင်းဆုံး ခရီးစဉ်ကတော့ ယနေ့ခေတ် Digital World အထိ ရောက်လာခြင်းပဲ ဖြစ်ပါတယ်။ ကွန်ပျူတာတွေရဲ့ အခြေခံအဆင့်မှာ အသုံးပြုတဲ့ Binary System ဟာ 0 နဲ့ 1 ဆိုတဲ့ Binary Digits

  • видео или голосовое, без подписи

  • 9 авг.364182

    BECA ဖြေနေရင်း Undefined ဖြစ်နေတဲ့ ကျောင်းသား/သူ များရှင့် တအားကြီးလည်း စိတ်မပူကြပါနဲ့နော်။ ဒါလေးတွေ တစ်ချက်လုပ်ပေးကြပါရှင့်။ အားလုံး အိုကေမှာ စိုပြေမယ်လို့ မျှော်လင့်ပါတယ်။ Good Luck 🍀

  • 9 авг.347285

    စိုင်းစိုင်း‌ရေးတဲ့ ရည်းစားစာ မဟုတ်ဘူး ဘုန်းကြီးကျောင်းသားရေးတဲ့ရည်းစားစာ😆 ဘုန်းကြီးကျောင်းသားဆိုပြီး အထင်တော့မသေးနဲ့... တောက်မယ့်ဂက်စ်မီး တရွှီးရွှီးဆိုသလိုပဲ...😁😁 အောင်မျိုးက ငယ်ငယ်ကတည်းက စာပေဝါသနာပါတာ... စာရေးလည်းတော်တယ်.. လူပျိုပေါက်အရွယ်ရောက်တော့ စိတ်က လှုပ်ရှားနေပြီ... ရည်စားစာတွေဘာတွေရေးတတ်နေပြီ။ တစ်နေ့တော့ ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကိုရည်းစားစာပေးလိုက်တာ ဟိုကောင်မလေးက ဘုမသိဘမသိနဲ့ သူ့အမေကိုသွားပြလို့ သူ့အမေက ဆရာတော်ကိုလာလျှောက်တယ်။ အောင်မျိုးရေးတဲ့ ရည်းစားစာက.... "ကောင်းကင်ဆိုတာ အာကာသ... တောင်ပြင်ဆိုတာ ဒက္ခိဏ... ကိုယ့်ရင်ထဲမှာ မင်းရှိမှ.။😆 (ဟိုက်😆 "စတုဒီသာ လေးမျက်နှာ... အဋ္ဌဒီသာ ရှစ်မျက်နှာ... ကိုယ့်ရင်ထဲမှာ မင်းမျက်နှာ🤣 "အကြင်သူသည်.... ယော၊ ထိုသူ ဆိုတာ....သော၊ ငါ့ကိုချစ်လျှင် ပြန်၍ပြော..😁😁😁" ဟိုက်😨😨😨 Crd.

  • 9 авг.303132

    တချို့လူတွေက... "ဒီတခါလေးပါ..." "မသိလောက်ဘူး..." "အဆင်ပြေသွားမှာပါ.." ဆိုပြီး မုသားလေးတစ်ခွန်းကို အလွယ်တကူ ပြောတတ်ကြတယ်။ ဒါပေမဲ့… လူတယောက်ရဲ့ ယုံကြည်မှုဆိုတာ အုတ်တစ်ချပ်ချင်းစီနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတစ်လုံးလိုပါပဲ။ တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပေမယ့်... ဖြိုဖျက်ဖို့တော့ စက္ကန့်ပိုင်းပဲ လိုတယ်။ လိမ်ညာမှုတစ်ခုဟာ စကားတစ်ခွန်းထက် ပိုပါတယ်။ အဲဒါဟာ... "ငါ့ကို မယုံနဲ့တော့" ဆိုတဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး ပြောလိုက်တာနဲ့ တူပါတယ်။ တစ်ခါလိမ်ရင် ခွင့်လွှတ်နိုင်သေးတယ်။ နှစ်ခါလိမ်ရင် သံသယဝင်လာတယ်။ အကြိမ်ကြိမ် လိမ်လာတဲ့အခါ... ချစ်ခြင်းတွေ၊ သံယောဇဉ်တွေ၊ ယုံကြည်မှုတွေဟာ တဖြည်းဖြည်း ပြိုကွဲသွားတော့တယ်။ နာကျင်စရာအကောင်းဆုံးက... တစ်နေ့ ကိုယ်အမှန်တရားကို ပြောတဲ့အချိန်မှာတောင် ဘယ်သူမှ မယုံတော့တဲ့ အခြေအနေကို ရောက်သွားခြင်းပဲ။ လူတွေဟာ အမှားလုပ်မိလို့ ခွဲခွာကြတာ မဟုတ်ဘူး… လိမ်ညာမှုတွေကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားလို့ ခွဲခွာကြတာပါ။ 🚶‍♂️ မြန်မာပြည်ရဲ့ လူအများစုရဲ့ စရိုက်က အဓိက လိမ်ညာခြင်းပါပဲ။ လူမှုရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်၊ လုပ်ငန်းခွင်မှာ နေ့စဉ်စရိုက်တခုလိုဖြစ်နေပါပြီ။ နှိမ့်ချမှုတွေ၊ ဝန်ခံမှုတွေ၊ တာဝန်ယူတတ်မှုတွေဆိုတာ လွယ်သယောင်ရှိပေမယ့် တကယ်တော့ သတ္တိလိုအပ်နေတယ်။ ဒါကြောင့်... ခဏတာ အကျိုးအမြတ်တစ်ခုအတွက် ဘဝတစ်သက်လုံး တန်ဖိုးရှိတဲ့ ယုံကြည်မှုကို မလဲလှယ်လိုက်ပါနဲ့။ အမှန်တရားက တစ်ခါတလေ ခါးသီးနိုင်တယ်... ဒါပေမဲ့ ရိုးသားခြင်းကတော့ ဘယ်တော့မှ ရှက်စရာ မဖြစ်ဘူး။ ဘဝရဲ့ဖြစ်တည်မှုအချို့တွေက သင်ယူရတာမျိုးထက် ပြုပြင်ပြောင်းလဲတာမျိုးက ပိုပြီး လူသားပိုဆန်စေပါတယ်။ "လိမ်တာများရင် လူမပြောနဲ့.. ကြိုးတောင် ပြတ်တတ်တယ်" ယုံကြည်မှု ပြတ်သွားတဲ့အခါ... ပြန်ဆက်လို့ ရပေမယ့် အရင်လို ဘယ်တော့မှ မခိုင်မာတော့ဘူး...။ #Crd.

  • видео или голосовое, без подписи

  • 9 авг.312213

    Private Gp ထဲတွင် မိမိကြည့်မရသောသူအကြောင်းအား အားရပါးရပြောပြီးသကာလ :

  • 9 авг.283142

    ဒါလေးက လက်ရှိထိုင်းမှာ ဟော့ နေတဲ့သတင်းလေးမို့ တင်ပေးလိုက်တယ်နော်။ထိုင်းလွှတ်‌ေတာ်ခန်းမထဲ မအလ ရောက်လာချိန် ဆန္ဒပြတဲ့အမတ် ရဲ့ သတင်းစာရှင်းလင်းပွဲလေးပါ။

  • 🫧

  • 8 авг.367810

    🎓 ဂျပန်နိုင်ငံတွင် ပညာသင်ကြားရင်း အလုပ်အကိုင်ရရှိနိုင်မည့် Scholarship အခွင့်အရေး OIA အနေဖြင့် ဂျပန်နိုင်ငံရှိ Foundation တစ်ခုမှ ဖွင့်လှစ်ပေးသည့် Care Worker (ဘိုးဘွားစောင့်ရှောက်ရေး) ၂ နှစ် Diploma Scholarship Programme အား စိတ်ဝင်စားသူများအတွက် သတင်းအချက်အလက်အဖြစ် ပြန်လည်မျှဝေပေးအပ်ပါသည်။ 🎓 Scholarship အကျိုးခံစားခွင့်များ ✅ ကျောင်းလခ အပြည့်အဝ ထောက်ပံ့ပေးမည် ✅ ဂျပန်နိုင်ငံသို့ သွားရောက်ရန် လေယာဉ်လက်မှတ်ကုန်ကျစရိတ် ထောက်ပံ့ပေးမည် ✅ (၂) နှစ် သင်တန်းပြီးဆုံးပါက ဂျပန် Specialized Training College မှ Diploma (専門士 – Senmonshi) ရရှိမည် ✅ သင်တန်းပြီးဆုံးပြီးနောက် ဂျပန်နိုင်ငံတွင် Care Worker အဖြစ် (၅) နှစ် လုပ်ကိုင်နိုင်မည် ✅ ဂျပန်နိုင်ငံ၏ သတ်မှတ်ထားသော လစာနှုန်းထားအတိုင်း လစာရရှိမည် ✅ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သူများအတွက် Housing Allowance နှင့် Bonus များ ရရှိနိုင်မည် ✅ အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ တိုးတက်လာသည်နှင့်အမျှ လစာတိုးမြှင့်ခံစားခွင့် ရရှိနိုင်မည် ✅ Further Study Opportunities များ ရရှိနိုင်မည် ✅ ဂျပန်ဘာသာစကား အားနည်းသူများအတွက် Japanese Language Training ကိုလည်း ပံ့ပိုးပေးမည် 📋 လျှောက်ထားရန် အရည်အချင်းများ ✔️ အသက် (၁၈) မှ (၃၀) နှစ်အတွင်း ✔️ အထက်တန်း (High School) သို့မဟုတ် GED အောင်မြင်ပြီးသူ ✔️ JLPT N3 Level ရှိသူ ✔️ Passport ရှိသူ 📩 လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် OIA Facebook Page Messenger မှတစ်ဆင့် အောက်ပါအချက်အလက်များကို ပေးပို့လျှောက်ထားနိုင်ပါသည်။ • အမည် (Full Name) • ဆက်သွယ်ရန် ဖုန်းနံပါတ် • ပညာအရည်အချင်း • JLPT Level • Passport ရှိ/မရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား OIA မှ ပြန်လည်ဆက်သွယ်၍ လျှောက်ထားရေးလုပ်ငန်းစဉ်များကို ဆက်လက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 📌သတိပြုရန် OIA အနေဖြင့် ဤ Scholarship အခွင့်အရေးကို သတင်းအချက်အလက်အဖြစ် မျှဝေပေးခြင်းနှင့် စိတ်ဝင်စားသူများ၏ အချက်အလက်များကို လက်ခံစုစည်းပေးခြင်းသာဖြစ်ပါသည်။ နောက်ဆုံးရွေးချယ်ခြင်းနှင့် Scholarship ပေးအပ်ခြင်းကို သက်ဆိုင်ရာ Foundation မှ ဆောင်ရွက်မည်ဖြစ်ပါသည်။ အဝေးရောက်ဧရာဝတီအသင်း OIA https://www.facebook.com/share/p/1CJfTpHYar/

  • 7 авг.335282

    အမယ် သူတို့လေးတွေတောင်မှ Couple လေးနဲ့ 😂

  • 7 авг.2734из CalmVibeWithUs

    #Toiko Learn Calmly. Achieve Confidently🌱 #calm@CalmVibeWithUs

  • 6 авг.2754из LSE_Family

    English 4 skill Zoom class(B13)📤 အိမ်ထဲမှာနေရင်း English စာ အခြေခံကနေ စနစ်တကျလေ့လာလိုသူများအတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ LSEရဲ့ 4 skill Zoom class + video section လေးကနေ သင်ရဲ့ English စာအားနည်းချက်တွေကို အားသာချက်အခွင့်လမ်းတွေအဖြစ် ပြောင်းလဲပေးပါမယ် ဒီသင်တန်းမှာဆိုရင် -နားထောင်ခြင်း (Listening) နဲ့ ပြောဆိုခြင်း (Speaking)ကို ယုံကြည်မှုအပြည့်နဲ့ płuent ဖြစ်အောင် ဆက်သွယ်ပြောဆိုနိုင်စွမ်း။ - ဖတ်ရှုခြင်း (Reading) နဲ့ ရေးသားခြင်း (Writing) စာသားများ နားလည်နိုင်စွမ်း မြင့်မားခြင်း၊ ရှင်းလင်းထိရောက်စွာ ရေးသားနိုင်စွမ်း။ - နေ့စဉ်သုံး အသုံးအနှုန်းများ (Daily Expressions) အင်္ဂလိပ်စကားပြောရာမှာ မဖြစ်မနေသိထားသင့်တဲ့ နေ့စဉ်သုံး ဝေါဟာရနဲ့ အသုံးအနှုန်းတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင်အထူးခြားတဲ့အားသာချက်တွေကတော့ - လူဦးရေအနည်းငယ် ( 20)ယောက်ဖြင့် ထိရောက်စွာသင်ကြားနိုင်မှာပါပဲဖြစ်ပါတယ် - အိမ်က‌ နေပဲအဆင်ပြေစွာ Zoom မှတစ်ဆင့် သက်သောင့်သက်သာ သင်ကြားနိုင်ပါသည်(လွတ်သွားတဲ့စာတွေအတွက်လည်း video record ဖြင့် ပြန်လည်ကြည့်ရှုနိုင်) ဒီသင်တန်းပြီးတဲ့အခါ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ ယုံကြည်မှုအပြည့်အဝ ရရှိစေမှာပဲဖြစ်ပါတယ် သင်တန်းချိန် 🔜 Friday & Saturday ( 8-9.30pm) Fees- 20000ks start date - 14. 8 .2026 သင်တန်းအပ်နှံရန် - t.me/LSE_Family_Telegram ✔️ Channel link- https://t.me/LSE_Family ⭐ Facebook: https://www.facebook.com/share/1BGcEwpWVZ/ ✨

╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯ — tgindex